ကမာၻ႔အႀကီးဆုံး ငွက္ (သုိ႔) ငွက္ကုလားအုတ္ေတြအေၾကာင္း သိေကာင္းစရာ

Posted on

ငွက္ကုလားအုတ္ သည္ အာဖရိက တြင္ေနထိုင္သည့္ ႀကီးမားသည့္ ငွက္ႀကီးမ်ား ျဖစ္သည္။ ငွက္ကုလားအုတ္တို႔သည္ အသက္ရွင္လၽွက္ ရွိေနေသးေသာ ငွက္တို႔ထဲတြင္ အႀကီးဆုံး ျဖစ္ၿပီး ကမၻာေပၚရွိ ငွက္မ်ားထဲတြင္ အႀကီးဆုံးဥ ရွိသည္။ ငွက္ကုလားအုတ္မ်ားသည္ မပ်ံသန္းႏိုင္ၾကေပ။ သို႔ေသာ္လည္း လၽွင္ျမန္စြာ ေျပးႏိုင္ၾကသည္။ ငွက္ကုလားအုတ္တို႔သည္ Struthioniformes မ်ိဳးစစ္တြင္ ပါဝင္သည္။

ငွက္ကုလားအပ္ကို ပ်ံနည္းေမ့ေသာငွက္ဟု အမည္ေပးလၽွင္ မွားမည္မဟုတ္ေခ်။ ငွက္ကုလားအုပ္တြင္ ရွိေသာ ေတာင္ပံ တို႔မွာ အလြန္ေသးငယ္ၾကသျဖင့္ အျခားငွက္မ်ားကဲ့သို႔ ေလထဲ ၌ မပ်ံသန္းႏိုင္ေခ်။ သို႔ရာတြင္ သမိုင္းမတင္မီ ေခတ္အခါက ထိုငွက္မ်ိဳးတြင္ သန္စြမ္းေသာ ေတာင္ပံမ်ားရွိသျဖင့္ ေလထဲတြင္ အျခားငွက္မ်ားနည္းတူ ပ်ံသန္းေနၾကမည္ဟု ေတြးေတာရေပ သည္။

ငွက္ကုလားအုပ္သည္ အေကာင္ႀကီး၍ အလြန္သန္မာ သျဖင့္ ေႏွာင့္ယွက္မည့္ရန္သူ နည္းပါးေသာေၾကာင့္၎၊ အစာ ေရစာကို ခရီးေဝးသို႔ သြားေရာက္မရွိမေဖြရဘဲ လြယ္လင့္တကူ ႏွင့္ ရႏိုင္ေသာေၾကာင့္၎၊ အေတာင္ပံမ်ားကို အသုံးနည္းလာ သည္။ သို႔ျဖစ္၍ ယခုအခါ မပ်ံသန္းႏိုင္ေတာ့ဟု ယူဆရေလ သည္။ ငွက္ကုလားအုပ္သည္ ပ်ံသန္းနည္းကို ေမ့ၿပီဟုဆိုရ မည္ျဖစ္ေသာ္လည္း အလြန္သန္မာ ေတာင့္တင္းေသာ ေျခမ်ား ရွိသျဖင့္ အေျပးျမန္ေသာ အာရပ္ျမင္းကိုပင္ ေၾကာေအာင္ ေျပးႏိုင္ေလသည္။

ကမၻာေပၚတြင္ ယခုအခါ၌ ေတြ႕ေသာ ငွက္တို႔တြင္ ငွက္ ကုလားအုပ္သည္ အႀကီးဆုံးငွက္မ်ိဳး ျဖစ္သည္။ အာဖရိက တိုက္ႏွင့္ အာေရဗ်ႏိုင္ငံတြင္ရွိေသာ သဲကႏၲာရမ်ားသည္ ငွက္ ကုလားအုပ္တို႔၏ မူလ က်က္စားရာေဒသ ျဖစ္ေပသည္။ ထိုသဲကႏၲာရမ်ားတြင္ ငွက္ကုလားအုပ္မ်ားကို ျမင္းက်ားႏွင့္ ေတာဆိတ္အုပ္မ်ားထဲ၌ တစ္ခါတစ္ရံ ထူးဆန္းစြာ ေတြ႕ရတတ္သည္။ အမ်ားအားျဖင့္ ငွက္ ကုလားအုပ္မ်ားသည္ အဖိုတစ္ေကာင္ႏွင့္ အမ ၅ ေကာင္မွ ၆ ေကာင္အထိ ပါဝင္ေသာ အုပ္မ်ားဖြဲ႕၍ ေနေလ့ရွိၾကသည္။

ငွက္ကုလားအုပ္တြင္ ေတာင္ပံႏွင့္ အၿမီးဟူ၍ မည္မည္ရရ မရွိေခ်။ ေက်ာကုန္းကလည္း မို႔ေမာက္ေနသည့္အျပင္ ရွည္လ်ား၍ ေကာက္ေနေသာ လည္တံသည္လည္း အထက္သို႔ ထိုး ထြက္ေန၏။ ထို႔အျပင္ သန္မာေသာေျခတံရွည္မ်ားႀကီးမ်ား ရွိသည္။ ထို႔ေၾကာင့္ ငွက္ကုလားအုပ္ကို တကိုယ္လုံးၿခဳံ၍ၾကည့္လိုက္လၽွင္ ငွက္စင္စစ္ျဖစ္သည္ဟု မဆိုသာႏိုင္ေအာင္ အဆစ္အပိုင္းမ်ား ေျပျပစ္ေခ်ာေမာျခင္း မရွိေခ်။ အ႐ြယ္ေရာက္ေသာ ငွက္ကုလား အုပ္ဖို၏ အရပ္အေမာင္းမွာ အရပ္ရွည္ရွည္ လူတစ္ေယာက္ ထက္ပင္ ျမင့္မားသည္။ ငွက္ကုလားအုပ္သည္ ေျခဖ်ားမွ ဦးစြန္းတိုင္ေအာင္ ၇ ေပမွ ၈ ေပ အထိ ရွိ၍ ကိုယ္အေလးခ်ိန္မွာ ေပါင္ ၁၅ဝ မွ ေပါင္ ၃ဝဝ အထိ ရွိသည္။

ငွက္အဖို၏ ကိုယ္မွာ မည္းနက္ေသာ အေမႊးအေတာင္တို႔ ဖုံးအုပ္ေနသည္။ အလြန္ေသးငယ္ေသာ အေတာင္ပံႏွင့္ အၿမီးတို႔မွာ ဆြတ္ဆြတ္ျဖဴသည္။ ေတာင္ပံေမႊးႏွင့္အၿမီးတို႔မွာ အလြန္ လွပသျဖင့္ လူတို႔သည္ ေဈးႀကီးေပး၍ ဝယ္ယူသုံးစြဲၾကသည္။ ငွက္ကုလားအုပ္၏ ထူးျခားခ်က္တရပ္မွာ ေျခေခ်ာင္း ၂ ခုသာ ပါရွိျခင္း ျဖစ္သည္။ သို႔ရာတြင္ ေနရင္းအရပ္ျဖစ္ေသာ သဲကႏၲာရေပၚတြင္ အလြန္ျမန္စြာေျပးႏိုင္ေသာ ေျခဖဝါးမ်ား ရွိသည္။ လမ္းေလၽွာက္ေနသည့္အခါ ငွက္ကုလားအုပ္သည္ လူမ်ားဟန္လုပ္၍ လွမ္းသကဲ့သို႔ တစ္လွမ္းခ်င္း စိပ္စိပ္ႏွင့္ မွန္မွန္လွမ္း၍ သြားတတ္သည္။ ေျပးရမည္ဆိုလၽွင္ တစ္နာရီလၽွင္ မိုင္ ၃ဝ ေက်ာ္ႏႈန္းျဖင့္ ေျပးႏိုင္စြမ္းရွိသည္။

ငွက္ကုလား အုပ္မတို႔တြင္ ၫို မႈိင္းမႈိင္း အေမႊးအေတာင္ရွိ၍ အဖိုတို႔ေလာက္ အရပ္မျမင့္ေခ်။ အဖိုတို႔ထက္ အမမ်ားသည္ စိတ္ေကာင္းပို၍ ရွိေလသည္။ အဖိုတို႔သည္ အမမ်ား ကိုယ့္ဖက္ပါေအာင္ ျမဴရာမွအစ အခ်င္းခ်င္း သတ္ပုတ္တတ္ၾကသည္။ အမမ်ားသည္ သဲကို ယက္ေကာ္ထုတ္ထားေသာ အသိုက္ က်င္းတစ္ခုထဲ၌ ၅ ေကာင္ျဖစ္ေစ၊ ၆ ေကာင္ျဖစ္ေစ ဝိုင္း၍ အုခ်ၾကသည္။ တစ္ခါတစ္ရံ အမတစ္ေကာင္က ေန႔အခါ၌ ဥမ်ားေပၚတြင္ ဝပ္ေလ့ရွိ၏။ သို႔ေသာ္ အမ်ားအားျဖင့္ အမတို႔သည္ ဥမ်ားကို အုခ်ၿပီးေနာက္ အေကာင္မ်ား ေပါက္လာေအာင္ ဂ႐ုတစိုက္ႏွင့္ ဥမ်ားေပၚတြင္ ဝပ္ေနေလ့ မရွိၾကေခ်။

သဲကႏၲာရတြင္း ျဖစ္သည့္အေလ်ာက္ ေနပူရွိန္ျပင္းျပလြန္း၍သာ ဥမ်ားမွ အေကာင္ငယ္မ်ား ေပါက္လာၾကေလသည္။ အမအမ်ားပိုင္ ဥက်င္းတစ္က်င္းထဲတြင္ ဥေပါင္း၂ဝ ေက်ာ္ ၃ဝ အထိ ရွိတတ္ေသာ္လည္း ေပါက္ခါ စငွက္ကေလးတို႔အား ဥမ်ားကိုခြဲ၍ ေကၽြးေမြးေလ့ရွိသျဖင့္ တၿမဳံတြင္ အေကာင္ေလးေပါင္း ၂ဝ ထက္ပို၍ မရွိၾကေခ်။ ညတြင္ အစာရွာထြက္ေလ့ရွိေသာ ေခြးအကဲ့သို႔ သားရဲတို႔၏ ရန္ကို စိုးရိမ္ရသျဖင့္ ငွက္ကုလားအုပ္ အဖိုသည္ ဥမ်ားေပၚ၌ တညလုံးဝပ္၍ ေစာင့္ေရွာက္ေလသည္။ ငွက္ကုလားအုပ္သည္ ၾကက္ဥထက္ ၁၈ ဆခန္႔ အ႐ြယ္ရွိ၍ ဥတစ္လုံးတစ္လုံးလၽွင္ ၃ ေပါင္ခန္႔ ေလးသည္။ ဥမ်ားမွာ စားေကာင္းေသာလည္း မိနစ္ ၄ဝ မၽွၾကာေအာင္ ျပဳတ္မွ က်က္သည္။

ငွက္ကုလားအုပ္အဖိုသည္ ငွက္မႏွင့္ ငွက္ကေလးတို႔အား ေကာင္းမြန္စြာ ထိန္းသိမ္းေစာင့္ေရွာက္သည္။ သူတို႔အား ေႏွာင့္ယွက္လၽွင္ အလြန္သန္မာေသာ ေျခတို႔ျဖင့္ ေရွ႕သို႔ျဖစ္ေစ၊ ေဘးသို႔ျဖစ္ေစ ကန္ေက်ာက္တတ္သည္။ လူပင္ျဖစ္ေစ၊ ျမင္းပင္ျဖစ္ေစ ယင္းသို႔ အကန္ခံရလၽွင္ ေသတတ္သည္။ မိတ္လိုက္ခ်ိန္၌ အဖိုသည္ လည္တံကိုပြလာေစ၍ ႏႈတ္သီးကို က်ပ္တည္းစြာ ပိတ္လ်က္ ႏြားသိုးေအာ္သံကဲ့သို႔ ေအာ္တတ္သည္။

ငွက္ကုလားအုပ္မ်ားကို ခရစ္ ၁၈၅ဝ ျပည့္ႏွစ္ေလာက္မွစ၍ လူတို႔ ေမြးျမဴထားၾကသည္။ ထိုစဥ္အခါက အာဖရိကတိုက္ ေျမာက္ပိုင္းရွိ ျပင္သစ္ပိုင္ အယ္လဂ်ီးယားနယ္ႏွင့္ အအဂၤလိပ္ပိုင္ ေတာင္ပိုင္းနယ္မ်ားတြင္ ငွက္ကုလားအုပ္တို႔ကို အေမႊးအေတာင္ မ်ားအတြက္ ေမြးျမဴၾကေလသည္။ ယခုအခ်ိန္တြင္ အေမရိကန္ ျပည္ေထာင္စုႏွင့္ ဩစေၾတလ်တိုက္မ်ား၌ ငွက္ကုလားအုပ္ ေမြးျမဴသည့္ လုပ္ငန္းထြန္းကားလ်က္ရွိသည္။ အေမရိကန္ ျပည္ေထာင္စုတြင္ ကာလီဖိုးနီးယား၊ အယ္ရီဇိုးနား၊ တက္ဆက္ ႏွင့္ ဖေလာရီဒါျပည္မ်ား၌ ထိုငွက္မ်ားကို ေမြးျမဴၾကသည္။

ငွက္ကုလားအုပ္ကိုယ္မွ အေကာင္းဆုံး၊အလွဆုံးအေမႊးအေတာင္ တို႔ကို တစ္ႏွစ္လၽွင္ ႏွစ္ႀကိမ္က် ၫွပ္ေလ့ရွိသည္။ ယင္းတို႔ အေမႊးအေတာင္ တို႔ကို ၫွပ္ယူၿပီးေနာက္ မၾကာမီအတြင္း အေမႊး သစ္မ်ား ထြက္လာျပန္သည္။ ဥမွ ေပါက္ခါစငွက္ကေလးမွာ ၾကက္မတန္းကေလး အ႐ြယ္ရွိ၍ ၆ လအတြင္း အ႐ြယ္ေရာက္သည့္ ငွက္ႀကီးနီးပါးအထိရွိလာသည္။ ၆ လသားအ႐ြယ္ ငွက္မ်ားမွ အေမႊးအေတာင္မ်ား ၫွပ္ယူ ရရွိႏိုင္ေသာ္လည္း ငွက္မတို႔သည္ အသက္ ၄ ႏွစ္ခန္႔ ရွိမွ အ႐ြယ္ေရာက္ရွိလာသည္။

ငွက္ကုလားအုပ္အခ်ိဳ႕သည္ အႏွစ္ ၁ဝဝ အထိပင္ အသက္ရွည္ၾကသျဖင့္ ငွက္ကုလားအုပ္ သည္ အလြန္သက္တမ္းရွည္ေသာ ငွက္မ်ိဳးျဖစ္သည္ဟု ဆိုရေပ မည္။ ငွက္ကုလားအုပ္ကဲ့သို႔ မပ်ံတတ္ေသာ အျခားငွက္မ်ိဳး မ်ားမွာ ေတာင္အေမရိကတိုက္၌ ေတြ႕ရေသာ ရီးငွက္၊ အေမရိကန္ ငွက္ကုလားအုပ္၊ ဩစေၾတလ်တိုက္၌ ေတြ႕ရေသာ အီးမ်ဴးႏွင့္ ကက္ေဆြရီငွက္မ်ိဳးတို႔ ျဖစ္ၾကသည္။ ငွက္ကုလား အုပ္၊ ရီးႏွင့္ အီးမ်ဴးငွက္တို႔မွာ လြင္ျပင္မ်ားတြင္ က်က္စား၍ ကက္ေဆြရီငွက္မွ သစ္ေတာမ်ား၌ က်က္စားေလသည္။

Via : ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၃)
Myanmar Wikipedia


ကမ္ဘာ့အကြီးဆုံး ငှက် (သို့) ငှက်ကုလားအုတ်တွေအကြောင်း သိကောင်းစရာ (unicode)

ငှက်ကုလားအုတ် သည် အာဖရိက တွင်နေထိုင်သည့် ကြီးမားသည့် ငှက်ကြီးများ ဖြစ်သည်။ ငှက်ကုလားအုတ်တို့သည် အသက်ရှင်လျှက် ရှိနေသေးသော ငှက်တို့ထဲတွင် အကြီးဆုံး ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ငှက်များထဲတွင် အကြီးဆုံးဥ ရှိသည်။ ငှက်ကုလားအုတ်များသည် မပျံသန်းနိုင်ကြပေ။ သို့သော်လည်း လျှင်မြန်စွာ ပြေးနိုင်ကြသည်။ ငှက်ကုလားအုတ်တို့သည် Struthioniformes မျိုးစစ်တွင် ပါဝင်သည်။

ငှက်ကုလားအပ်ကို ပျံနည်းမေ့သောငှက်ဟု အမည်ပေးလျှင် မှားမည်မဟုတ်ချေ။ ငှက်ကုလားအုပ်တွင် ရှိသော တောင်ပံ တို့မှာ အလွန်သေးငယ်ကြသဖြင့် အခြားငှက်များကဲ့သို့ လေထဲ ၌ မပျံသန်းနိုင်ချေ။ သို့ရာတွင် သမိုင်းမတင်မီ ခေတ်အခါက ထိုငှက်မျိုးတွင် သန်စွမ်းသော တောင်ပံများရှိသဖြင့် လေထဲတွင် အခြားငှက်များနည်းတူ ပျံသန်းနေကြမည်ဟု တွေးတောရပေ သည်။

ငှက်ကုလားအုပ်သည် အကောင်ကြီး၍ အလွန်သန်မာ သဖြင့် နှောင့်ယှက်မည့်ရန်သူ နည်းပါးသောကြောင့်၎င်း၊ အစာ ရေစာကို ခရီးဝေးသို့ သွားရောက်မရှိမဖွေရဘဲ လွယ်လင့်တကူ နှင့် ရနိုင်သောကြောင့်၎င်း၊ အတောင်ပံများကို အသုံးနည်းလာ သည်။ သို့ဖြစ်၍ ယခုအခါ မပျံသန်းနိုင်တော့ဟု ယူဆရလေ သည်။ ငှက်ကုလားအုပ်သည် ပျံသန်းနည်းကို မေ့ပြီဟုဆိုရ မည်ဖြစ်သော်လည်း အလွန်သန်မာ တောင့်တင်းသော ခြေများ ရှိသဖြင့် အပြေးမြန်သော အာရပ်မြင်းကိုပင် ကြောအောင် ပြေးနိုင်လေသည်။

ကမ္ဘာပေါ်တွင် ယခုအခါ၌ တွေ့သော ငှက်တို့တွင် ငှက် ကုလားအုပ်သည် အကြီးဆုံးငှက်မျိုး ဖြစ်သည်။ အာဖရိက တိုက်နှင့် အာရေဗျနိုင်ငံတွင်ရှိသော သဲကန္တာရများသည် ငှက် ကုလားအုပ်တို့၏ မူလ ကျက်စားရာဒေသ ဖြစ်ပေသည်။ ထိုသဲကန္တာရများတွင် ငှက်ကုလားအုပ်များကို မြင်းကျားနှင့် တောဆိတ်အုပ်များထဲ၌ တစ်ခါတစ်ရံ ထူးဆန်းစွာ တွေ့ရတတ်သည်။ အများအားဖြင့် ငှက် ကုလားအုပ်များသည် အဖိုတစ်ကောင်နှင့် အမ ၅ ကောင်မှ ၆ ကောင်အထိ ပါဝင်သော အုပ်များဖွဲ့၍ နေလေ့ရှိကြသည်။

ငှက်ကုလားအုပ်တွင် တောင်ပံနှင့် အမြီးဟူ၍ မည်မည်ရရ မရှိချေ။ ကျောကုန်းကလည်း မို့မောက်နေသည့်အပြင် ရှည်လျား၍ ကောက်နေသော လည်တံသည်လည်း အထက်သို့ ထိုး ထွက်နေ၏။ ထို့အပြင် သန်မာသောခြေတံရှည်များကြီးများ ရှိသည်။ ထို့ကြောင့် ငှက်ကုလားအုပ်ကို တကိုယ်လုံးခြုံ၍ကြည့်လိုက်လျှင် ငှက်စင်စစ်ဖြစ်သည်ဟု မဆိုသာနိုင်အောင် အဆစ်အပိုင်းများ ပြေပြစ်ချောမောခြင်း မရှိချေ။ အရွယ်ရောက်သော ငှက်ကုလား အုပ်ဖို၏ အရပ်အမောင်းမှာ အရပ်ရှည်ရှည် လူတစ်ယောက် ထက်ပင် မြင့်မားသည်။ ငှက်ကုလားအုပ်သည် ခြေဖျားမှ ဦးစွန်းတိုင်အောင် ၇ ပေမှ ၈ ပေ အထိ ရှိ၍ ကိုယ်အလေးချိန်မှာ ပေါင် ၁၅ဝ မှ ပေါင် ၃ဝဝ အထိ ရှိသည်။

ငှက်အဖို၏ ကိုယ်မှာ မည်းနက်သော အမွှေးအတောင်တို့ ဖုံးအုပ်နေသည်။ အလွန်သေးငယ်သော အတောင်ပံနှင့် အမြီးတို့မှာ ဆွတ်ဆွတ်ဖြူသည်။ တောင်ပံမွှေးနှင့်အမြီးတို့မှာ အလွန် လှပသဖြင့် လူတို့သည် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲကြသည်။ ငှက်ကုလားအုပ်၏ ထူးခြားချက်တရပ်မှာ ခြေချောင်း ၂ ခုသာ ပါရှိခြင်း ဖြစ်သည်။ သို့ရာတွင် နေရင်းအရပ်ဖြစ်သော သဲကန္တာရပေါ်တွင် အလွန်မြန်စွာပြေးနိုင်သော ခြေဖဝါးများ ရှိသည်။ လမ်းလျှောက်နေသည့်အခါ ငှက်ကုလားအုပ်သည် လူများဟန်လုပ်၍ လှမ်းသကဲ့သို့ တစ်လှမ်းချင်း စိပ်စိပ်နှင့် မှန်မှန်လှမ်း၍ သွားတတ်သည်။ ပြေးရမည်ဆိုလျှင် တစ်နာရီလျှင် မိုင် ၃ဝ ကျော်နှုန်းဖြင့် ပြေးနိုင်စွမ်းရှိသည်။

ငှက်ကုလား အုပ်မတို့တွင် ညို မှိုင်းမှိုင်း အမွှေးအတောင်ရှိ၍ အဖိုတို့လောက် အရပ်မမြင့်ချေ။ အဖိုတို့ထက် အမများသည် စိတ်ကောင်းပို၍ ရှိလေသည်။ အဖိုတို့သည် အမများ ကိုယ့်ဖက်ပါအောင် မြူရာမှအစ အချင်းချင်း သတ်ပုတ်တတ်ကြသည်။ အမများသည် သဲကို ယက်ကော်ထုတ်ထားသော အသိုက် ကျင်းတစ်ခုထဲ၌ ၅ ကောင်ဖြစ်စေ၊ ၆ ကောင်ဖြစ်စေ ဝိုင်း၍ အုချကြသည်။ တစ်ခါတစ်ရံ အမတစ်ကောင်က နေ့အခါ၌ ဥများပေါ်တွင် ဝပ်လေ့ရှိ၏။ သို့သော် အများအားဖြင့် အမတို့သည် ဥများကို အုချပြီးနောက် အကောင်များ ပေါက်လာအောင် ဂရုတစိုက်နှင့် ဥများပေါ်တွင် ဝပ်နေလေ့ မရှိကြချေ။

သဲကန္တာရတွင်း ဖြစ်သည့်အလျောက် နေပူရှိန်ပြင်းပြလွန်း၍သာ ဥများမှ အကောင်ငယ်များ ပေါက်လာကြလေသည်။ အမအများပိုင် ဥကျင်းတစ်ကျင်းထဲတွင် ဥပေါင်း၂ဝ ကျော် ၃ဝ အထိ ရှိတတ်သော်လည်း ပေါက်ခါ စငှက်ကလေးတို့အား ဥများကိုခွဲ၍ ကျွေးမွေးလေ့ရှိသဖြင့် တမြုံတွင် အကောင်လေးပေါင်း ၂ဝ ထက်ပို၍ မရှိကြချေ။ ညတွင် အစာရှာထွက်လေ့ရှိသော ခွေးအကဲ့သို့ သားရဲတို့၏ ရန်ကို စိုးရိမ်ရသဖြင့် ငှက်ကုလားအုပ် အဖိုသည် ဥများပေါ်၌ တညလုံးဝပ်၍ စောင့်ရှောက်လေသည်။ ငှက်ကုလားအုပ်သည် ကြက်ဥထက် ၁၈ ဆခန့် အရွယ်ရှိ၍ ဥတစ်လုံးတစ်လုံးလျှင် ၃ ပေါင်ခန့် လေးသည်။ ဥများမှာ စားကောင်းသောလည်း မိနစ် ၄ဝ မျှကြာအောင် ပြုတ်မှ ကျက်သည်။

ငှက်ကုလားအုပ်အဖိုသည် ငှက်မနှင့် ငှက်ကလေးတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သည်။ သူတို့အား နှောင့်ယှက်လျှင် အလွန်သန်မာသော ခြေတို့ဖြင့် ရှေ့သို့ဖြစ်စေ၊ ဘေးသို့ဖြစ်စေ ကန်ကျောက်တတ်သည်။ လူပင်ဖြစ်စေ၊ မြင်းပင်ဖြစ်စေ ယင်းသို့ အကန်ခံရလျှင် သေတတ်သည်။ မိတ်လိုက်ချိန်၌ အဖိုသည် လည်တံကိုပွလာစေ၍ နှုတ်သီးကို ကျပ်တည်းစွာ ပိတ်လျက် နွားသိုးအော်သံကဲ့သို့ အော်တတ်သည်။

ငှက်ကုလားအုပ်များကို ခရစ် ၁၈၅ဝ ပြည့်နှစ်လောက်မှစ၍ လူတို့ မွေးမြူထားကြသည်။ ထိုစဉ်အခါက အာဖရိကတိုက် မြောက်ပိုင်းရှိ ပြင်သစ်ပိုင် အယ်လဂျီးယားနယ်နှင့် အအင်္ဂလိပ်ပိုင် တောင်ပိုင်းနယ်များတွင် ငှက်ကုလားအုပ်တို့ကို အမွှေးအတောင် များအတွက် မွေးမြူကြလေသည်။ ယခုအချိန်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဩစတြေလျတိုက်များ၌ ငှက်ကုလားအုပ် မွေးမြူသည့် လုပ်ငန်းထွန်းကားလျက်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် ကာလီဖိုးနီးယား၊ အယ်ရီဇိုးနား၊ တက်ဆက် နှင့် ဖလောရီဒါပြည်များ၌ ထိုငှက်များကို မွေးမြူကြသည်။

ငှက်ကုလားအုပ်ကိုယ်မှ အကောင်းဆုံး၊အလှဆုံးအမွှေးအတောင် တို့ကို တစ်နှစ်လျှင် နှစ်ကြိမ်ကျ ညှပ်လေ့ရှိသည်။ ယင်းတို့ အမွှေးအတောင် တို့ကို ညှပ်ယူပြီးနောက် မကြာမီအတွင်း အမွှေး သစ်များ ထွက်လာပြန်သည်။ ဥမှ ပေါက်ခါစငှက်ကလေးမှာ ကြက်မတန်းကလေး အရွယ်ရှိ၍ ၆ လအတွင်း အရွယ်ရောက်သည့် ငှက်ကြီးနီးပါးအထိရှိလာသည်။ ၆ လသားအရွယ် ငှက်များမှ အမွှေးအတောင်များ ညှပ်ယူ ရရှိနိုင်သော်လည်း ငှက်မတို့သည် အသက် ၄ နှစ်ခန့် ရှိမှ အရွယ်ရောက်ရှိလာသည်။

ငှက်ကုလားအုပ်အချို့သည် အနှစ် ၁ဝဝ အထိပင် အသက်ရှည်ကြသဖြင့် ငှက်ကုလားအုပ် သည် အလွန်သက်တမ်းရှည်သော ငှက်မျိုးဖြစ်သည်ဟု ဆိုရပေ မည်။ ငှက်ကုလားအုပ်ကဲ့သို့ မပျံတတ်သော အခြားငှက်မျိုး များမှာ တောင်အမေရိကတိုက်၌ တွေ့ရသော ရီးငှက်၊ အမေရိကန် ငှက်ကုလားအုပ်၊ ဩစတြေလျတိုက်၌ တွေ့ရသော အီးမျူးနှင့် ကက်ဆွေရီငှက်မျိုးတို့ ဖြစ်ကြသည်။ ငှက်ကုလား အုပ်၊ ရီးနှင့် အီးမျူးငှက်တို့မှာ လွင်ပြင်များတွင် ကျက်စား၍ ကက်ဆွေရီငှက်မှ သစ်တောများ၌ ကျက်စားလေသည်။

Via : မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
Myanmar Wikipedia

Leave a Reply