တေယာ ၃လက္နဲ႔တူတဲ့ လုပ္ငန္းခြင္ ၃မ်ိဳး

Posted on

ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္းတစ္ရာ ႏွစ္ရာေလာက္တုန္းက နာမည္ႀကီး တူရိယာလုပ္တဲ့ ပညာ႐ွင္ႀကီးတစ္ေယာက္က တေယာကေလး ၃လက္ လုပ္ခဲ့ပါသတဲ့။ သစ္ပင္ႀကီးတစ္ပင္တည္းက ရတဲ့ သစ္သားနဲ႕ တစ္ခ်ိန္တည္းမွာ တေယာ ၃လက္ လံုးကို တစ္ၿပိဳင္တည္း လုပ္ခဲ့တာမို႕ တေယာကေလးေတြဟာ တစ္လက္နဲ႔ တစ္လက္ ထပ္တူလို႔ မဆိုႏုိင္တဲ့တိုင္ သာမန္လူေတြဆိုရင္ မခြဲျခားႏုိင္ေအာင္ တူပါသတဲ့။ တူရိယာပညာ႐ွင္ႀကီးက အဲဒီတေယာကေလး ၃လက္ကို ဆိုင္ႀကီးတစ္ဆုိင္မွာ တင္ေရာင္းတယ္။

ပထမတေယာကေလးကို တေယာထိုးၿပီး အသက္ေမြး၀မ္းေက်ာင္းေနသူ တေယာပညာ႐ွင္ တစ္ေယာက္က ၀ယ္သြားတယ္။ သူ႕မွာ အျခား တေယာေတြ အမ်ားႀကီး ႐ွိေပမယ့္ ဒီတေယာကေလးကေတာ့ အသံမတူဘူးဆိုၿပီး သင့္ေတာ္တဲ့ ပြဲေတြမွာ ေန႕တိုင္းလိုလို လူေတြကို ေဖ်ာ္ေျဖဖို႕ သံုးတယ္။ ႏွစ္ေပါင္းၾကာေတာ့ တေယာကေလးလည္း သံုးပါမ်ားလြန္းေတာ့ ပ်က္သြားပါသတဲ့။ တေယာပ်က္ကေလးကို တေယာပညာ႐ွင္က အပ်က္အစီးေတြထားတဲ့ စတိုခန္းထဲမွာ ထည့္ထားတယ္။

ဒုတိယတေယာကေလးကို လာ၀ယ္တဲ့သူကေတာ့ သူေဌးကေလး။ တေယာထိုးတတ္လို႕ ၀ယ္တာမဟုတ္ဘူး။ ဂီတ ၀ါသနာပါတယ္၊ တေယာသံကို ႏွစ္ၿခိဳက္တယ္၊ တူရိယာပညာ႐ွင္ႀကီးရဲ႕ လက္ရာကိုလည္း ေလးစားတယ္။ ဒါေၾကာင့္ ေနာင္အခါ အခ်ိန္ရရင္ တေယာထိုး သင္ျဖစ္ခ်င္လည္း သင္ျဖစ္မွာ၊ အဲဒီအခါ သံုးျဖစ္ခ်င္ သံုးရတာေပါ့ဆိုၿပီး ေငြပိုေနလို႕ ၀ယ္ထားတဲ့ သေဘာပါပဲ။

ဒါေပမယ့္ သူေဌးကေလးက သူေဌးႀကီးသာ ျဖစ္လာတယ္၊ တေယာထိုးသင္တဲ့ဆီ မေရာက္ဘူး။ ေနာက္ဆံုး ေသသာသြားတယ္။ သူ၀ယ္ထားတဲ့ တေယာကေလးကို သံုးၿပီး တစ္ခါမွ ပီပီျပင္ျပင္ တေယာထိုးမသြားႏုိင္ခဲ့ဘူး။ တေယာကေလးကေတာ့ ဗူးထဲမွာ အသစ္အတုိင္း ႐ွိေနပါသတဲ့။ ေ႐ွးေဟာင္းလက္ရာဆိုၿပီး တန္ဖိုးေတြေတာင္ တက္ေနေသးသတဲ့။

ေနာက္ဆံုးက်န္ေနတဲ့ တေယာကေလးကိုေတာ့ ၀ါသနာ႐ွင္ လူငယ္ တစ္ေယာက္က ၀ယ္သြားပါသတဲ့။ သူ႕ခမ်ာ တေယာကေလးကို ႀကိဳက္ေပမယ့္ ပထမ ႏွစ္ေယာက္လို ခ်က္ခ်င္း မ၀ယ္ႏိုင္႐ွာဘူး။ ေငြမျပည့္လို႕ ေစ်းကိုလည္း ဆစ္ေသးတယ္။ စုထားတဲ့ေငြေတြ ႐ွိသမွ် သြား႐ွာထုတ္လာရတဲ့အျပင္ သူငယ္ခ်င္းေတြဆီကလည္း ေခ်းငွားလာရ ေသးတယ္။ ေနာက္ဆံုးေတာ့ ၀ယ္ႏုိင္သြားတယ္ဆိုပါေတာ့။

အဲဒီ ဆင္းရဲသားလူငယ္က တေယာကေလးကို အင္မတန္ တန္ဖိုးထားတယ္။ ေငြမေလာက္လို႕ ဗူးကေလးေတာင္ မ၀ယ္ႏိုင္ေပမယ့္ ေန႕စဥ္ တယုတယ မပ်က္ေအာင္ ကိုင္တယ္။ ေနာက္ေတာ့ ႏိုင္ငံသိ ကမာၻသိ တေယာပညာ႐ွင္ႀကီး တစ္ေယာက္ျဖစ္လာတဲ့အထိ တေယာကေလးကို သံုးသြားတယ္။ အခုေတာ့ အဲဒီ တတိယ တေယာကေလးကို ျပတိုက္ႀကီးတစ္ခုမွာ တေယာပညာ႐ွင္ႀကီး ဘယ္သူဘယ္၀ါ တစ္သက္လံုး သံုးခဲ့တဲ့ တေယာကေလး ဆိုၿပီး အေရးတယူ ျပသထားပါသတဲ့။

အလုပ္၀င္စ လူငယ္ေတြလည္း အဲဒီ တေယာကေလး ၃လက္လိုဘဲ လုပ္ငန္းခြင္ ၃မ်ိဳးကို ေရာက္သြားႏုိင္ပါတယ္။ ပထမ လုပ္ငန္းခြင္မ်ိဳးကေတာ့ ကိုယ့္လို အရည္အခ်င္းမ်ိဳးေတြ ႐ွိေနတဲ့ သူေတြ အမ်ားအျပားနဲ႕ အတူတြဲၿပီး အလုပ္ေတြ မအားမလပ္ေအာင္ လုပ္ရတဲ့ ပတ္၀န္းက်င္မ်ိဳးပါ။ အလုပ္သာမ်ားတာ၊ ဘာမွ ႀကီးပြားတိုးတက္ဖို႕ေတာ့ လမ္းမ႐ွိဘူး။ အလုပ္႐ွင္ကလည္း ကိုယ့္ကို ဘာမွ ထူးထူးျခားျခား တန္ဖိုးထားတာ မဟုတ္ဘူး။ ကိုယ္မ႐ွိလည္း ဒီအလုပ္ေတြကို အျခားသူကို ခိုင္းမွာဘဲ။ လုပ္ရည္ကိုင္ရည္ နည္းနည္းေတာ့ ကြာခ်င္ကြာမယ္၊ ဒါေပမယ့္ စကားထဲ ထည့္ေျပာရေလာက္တဲ့ စြမ္းေဆာင္ခ်က္မ်ိဳး ထုတ္မျပႏုိင္တဲ့ လုပ္ငန္းခြင္မ်ိဳးပါ။ `

ဒီလုပ္ငန္းခြင္မ်ိဳးမွာဘဲ တစ္သက္လံုး က်င္လည္ေနမယ္ဆိုရင္ေတာ့ ပထမ တေယာကေလး ပ်က္ေတာ့ စတိုခန္းထဲ ေရာက္သြားသလို ဆံျဖဴသြားက်ိဳး မ်က္စိမႈန္လာတဲ့အခါ လူရာသြင္း ခံရေတာ့မွာ မဟုတ္ဘူး။ တစ္နည္းအားျဖင့္ အဲဒီအလုပ္မ်ိဳးက ၾကံႀကိတ္စက္နဲ႕ တူတယ္။ ၾကံေခ်ာင္းကို ဒီအတိုင္းႀကိတ္၊ ႏွစ္ခ်ိဳးခ်ိဳးၿပီးႀကိတ္၊ ေလးခ်ိဳးခ်ိဳးၿပီးႀကိတ္၊ ႐ွစ္ခ်ိဳးခ်ိဳးၿပီးႀကိတ္၊ ႀကိတ္လို႕ၿပီးရင္ေတာ့ အမိႈက္ပံုးထဲ ပစ္လုိက္သလို အဲဒီအလုပ္က လူေတြလည္း ႐ွိသမွ် ကာယၪဏအင္အားေတြ ကုန္တဲ့အခါ အသက္ျပည့္လို႕ အၿငိမ္းစားေပးတယ္ဆိုၿပီး ထုတ္ပစ္ခံရမွာဘဲ။ အဲဒီအခါမွာ အ႐ြယ္ေကာင္းတုန္းက စုထားေဆာင္းထားတာ မ႐ွိလို႕ကေတာ့ အခန္႕မသင့္ရင္ စားရမဲ့ ေသာက္ရမဲ့ ခိုကိုးရာမဲ့ ျဖစ္သြားတတ္တယ္။

ဒုတိယလုပ္ငန္းခြင္မ်ိဳးကေတာ့ လူတကာ လိုခ်င္ၾကတဲ့ လခေကာင္း အလုပ္ေကာင္းလုိ႕ အမ်ားသိထားၾကတဲ့ အလုပ္ေတြကို ဆိုလိုပါတယ္။ ဘာမွလည္း ပင္ပင္ပန္းပန္း မလုပ္ရဘူး။ အဖြဲ႕အစည္းရဲ႕ အ႐ွိန္နဲ႕ မွိန္းၿပီး ေတာက္ေတာက္ေျပာင္ေျပာင္ ေနႏုိင္ သြားႏုိင္တယ္။ ဒါေပမယ့္ သူေဌးတစ္ခါမွ ထိုးမသြားတဲ့ တေယာလို တစ္သက္လံုး ကိုယ္စြမ္းၪဏ္စြမ္း ထုတ္ခြင့္ မရဘဲ ျဖစ္တတ္တယ္။

အသိုင္းအ၀ိုင္း အားကိုးနဲ႕ အသက္ႀကီးလာတဲ့အခါ ဘယ္ရာထူးမွာ ဘယ္ႏွႏွစ္ တာ၀န္ထမ္းေဆာင္ ခဲ့သူႀကီးလို႕ အမ်ားအျမင္မွာ ဂုဏ္တင့္ေပမယ့္ ကိုယ့္ဖာသာ အေတြ႕အၾကံဳ မယ္မယ္ရရ မ႐ွိမွန္း သိေနလို႕ အသက္ႀကီးေလ အတုအေယာင္ႀကီး တစ္ေယာက္လို၊ လူျဖစ္က်ိဳး မနပ္ခဲ့သလို ခံစားရေလ ျဖစ္တတ္တယ္။ ဘာဘဲျဖစ္ျဖစ္ ေနတတ္ရင္ေတာ့ ေကာင္းတဲ့ လုပ္ငန္းခြင္မ်ိဳးပါဘဲ။

တတိယလုပ္ငန္းခြင္မ်ိဳးကေတာ့ လက္႐ွိအခ်ိန္မွာ ဘယ္သူမွ မလုပ္ခ်င္တဲ့ လုပ္ငန္းငယ္ကေလးေတြ ျဖစ္ေနေပမယ့္ ေနာင္အခါ ထိပ္တန္းကို ေရာက္ႏိုင္တဲ့ အလားအလာ ႐ွိေနတဲ့ အလုပ္ေတြ ျဖစ္ပါတယ္။ အဲဒီအလုပ္မ်ိဳးက ဆြဲေဆာင္မႈေတာ့ မ႐ွိတတ္ဘူး။ လစာကမေကာင္း၊ ခံစားခြင့္က မ႐ွိရတဲ့အထဲ ပိတ္ရက္ေတြမွာလည္း အလုပ္လုပ္ရတတ္ေသးတယ္။ အဖြဲ႕အစည္းက ေသးတဲ့အတြက္ ဘယ္မွာလုပ္တယ္ဆိုၿပီး ဂုဏ္ယူလို႕လည္း မရဘူး။ အျခား အရည္အခ်င္း ႐ွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြလည္း မခန္႕ထားႏိုင္ ျဖစ္တတ္တယ္။

ဒါေပမယ့္ ကိုယ့္လက္ထဲမွာ အဖြဲ႕အစည္းရဲ႕ အေကာင္းအဆိုးကို ဖန္တီးႏုိင္စြမ္း ႐ွိတယ္။ ကိုယ့္ရဲ႕ လုပ္ရည္ကိုင္ရည္ကိုလည္း တန္ဖိုးထားၿပီး အသိအမွတ္ျပဳတယ္။ ဆင္းရဲသား လူငယ္က ႏုိင္ငံသိ ကမာၻသိ တေယာပညာ႐ွင္ႀကီး တက္ျဖစ္သလို လုပ္ငန္းငယ္ ကေလးက ကမာၻသိ လုပ္ငန္းႀကီး ျဖစ္လာလို႕ကေတာ့ ကိုယ့္အတြက္ အစစအရာရာ မပူပင္ရေတာ့ ႐ံုတင္ မကဘူး။ နာမည္ပါႀကီးမယ့္ အေနအထားျဖစ္တယ္။

တကယ္ေတာ့ လက္ေတြ႕ အလုပ္လုပ္တဲ့အခါ အလုပ္တစ္ခုကို တစ္သက္လံုး လုပ္စရာ မလိုပါဘူး။ ပိုေကာင္းတဲ့ အလုပ္ေတြ႕ရင္ ေျပာင္းလုပ္ၾကတာပါဘဲ။ အေရးႀကီးတာက ဘယ္လို အလုပ္မ်ိဳးက ကိုယ္နဲ႕ သင့္ေတာ္သလဲ။ ကိုယ့္အတြက္ အေကာင္းဆံုးျဖစ္မလဲ။ အဲဒီလို အလုပ္မ်ိဳးရေအာင္ ဘယ္လို လုပ္ရမလဲ ဆိုတာ အၿမဲေလ့လာၿပီး လိုအပ္တာေတြကို ေလ့လာ ျဖည့္ဆည္းေနဖို႕ပါဘဲ။

ၾကံႀကိတ္စက္လို အလုပ္မ်ိဳးမွာ အေတြ႕အၾကံဳယူ၊ သူေဌးရဲ႕ တေယာလို အလုပ္မ်ိဳးကေန အိုစာမင္းစာ စုေဆာင္းၿပီး ကမာၻေက်ာ္မယ့္ လူငယ္ရဲ႕ တေယာနဲ႕ တူတဲ့ အလုပ္မ်ိဳးကို ႐ွာလုပ္ႏုိင္ရင္ ေကာင္းမွာဘဲလို႕ စဥ္းစားမိပါတယ္။

ဆရာသုတ
JOB seekers Journal


တယော ၃လက်နဲ့တူတဲ့ လုပ်ငန်းခွင် ၃မျိုး (unicode)

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာ နှစ်ရာလောက်တုန်းက နာမည်ကြီး တူရိယာလုပ်တဲ့ ပညာရှင်ကြီးတစ်ယောက်က တယောကလေး ၃လက် လုပ်ခဲ့ပါသတဲ့။ သစ်ပင်ကြီးတစ်ပင်တည်းက ရတဲ့ သစ်သားနဲ့ တစ်ချိန်တည်းမှာ တယော ၃လက် လုံးကို တစ်ပြိုင်တည်း လုပ်ခဲ့တာမို့ တယောကလေးတွေဟာ တစ်လက်နဲ့ တစ်လက် ထပ်တူလို့ မဆိုနိုင်တဲ့တိုင် သာမန်လူတွေဆိုရင် မခွဲခြားနိုင်အောင် တူပါသတဲ့။ တူရိယာပညာရှင်ကြီးက အဲဒီတယောကလေး ၃လက်ကို ဆိုင်ကြီးတစ်ဆိုင်မှာ တင်ရောင်းတယ်။

ပထမတယောကလေးကို တယောထိုးပြီး အသက်မွေးဝမ်းကျောင်းနေသူ တယောပညာရှင် တစ်ယောက်က ဝယ်သွားတယ်။ သူ့မှာ အခြား တယောတွေ အများကြီး ရှိပေမယ့် ဒီတယောကလေးကတော့ အသံမတူဘူးဆိုပြီး သင့်တော်တဲ့ ပွဲတွေမှာ နေ့တိုင်းလိုလို လူတွေကို ဖျော်ဖြေဖို့ သုံးတယ်။ နှစ်ပေါင်းကြာတော့ တယောကလေးလည်း သုံးပါများလွန်းတော့ ပျက်သွားပါသတဲ့။ တယောပျက်ကလေးကို တယောပညာရှင်က အပျက်အစီးတွေထားတဲ့ စတိုခန်းထဲမှာ ထည့်ထားတယ်။

ဒုတိယတယောကလေးကို လာဝယ်တဲ့သူကတော့ သူဌေးကလေး။ တယောထိုးတတ်လို့ ဝယ်တာမဟုတ်ဘူး။ ဂီတ ဝါသနာပါတယ်၊ တယောသံကို နှစ်ခြိုက်တယ်၊ တူရိယာပညာရှင်ကြီးရဲ့ လက်ရာကိုလည်း လေးစားတယ်။ ဒါကြောင့် နောင်အခါ အချိန်ရရင် တယောထိုး သင်ဖြစ်ချင်လည်း သင်ဖြစ်မှာ၊ အဲဒီအခါ သုံးဖြစ်ချင် သုံးရတာပေါ့ဆိုပြီး ငွေပိုနေလို့ ဝယ်ထားတဲ့ သဘောပါပဲ။ ဒါပေမယ့် သူဌေးကလေးက သူဌေးကြီးသာ ဖြစ်လာတယ်၊ တယောထိုးသင်တဲ့ဆီ မရောက်ဘူး။ နောက်ဆုံး သေသာသွားတယ်။ သူဝယ်ထားတဲ့ တယောကလေးကို သုံးပြီး တစ်ခါမှ ပီပီပြင်ပြင် တယောထိုးမသွားနိုင်ခဲ့ဘူး။ တယောကလေးကတော့ ဗူးထဲမှာ အသစ်အတိုင်း ရှိနေပါသတဲ့။ ရှေးဟောင်းလက်ရာဆိုပြီး တန်ဖိုးတွေတောင် တက်နေသေးသတဲ့။

နောက်ဆုံးကျန်နေတဲ့ တယောကလေးကိုတော့ ဝါသနာရှင် လူငယ် တစ်ယောက်က ဝယ်သွားပါသတဲ့။ သူ့ခမျာ တယောကလေးကို ကြိုက်ပေမယ့် ပထမ နှစ်ယောက်လို ချက်ချင်း မဝယ်နိုင်ရှာဘူး။ ငွေမပြည့်လို့ ဈေးကိုလည်း ဆစ်သေးတယ်။ စုထားတဲ့ငွေတွေ ရှိသမျှ သွားရှာထုတ်လာရတဲ့အပြင် သူငယ်ချင်းတွေဆီကလည်း ချေးငှားလာရ သေးတယ်။ နောက်ဆုံးတော့ ဝယ်နိုင်သွားတယ်ဆိုပါတော့။ အဲဒီ ဆင်းရဲသားလူငယ်က တယောကလေးကို အင်မတန် တန်ဖိုးထားတယ်။ ငွေမလောက်လို့ ဗူးကလေးတောင် မဝယ်နိုင်ပေမယ့် နေ့စဉ် တယုတယ မပျက်အောင် ကိုင်တယ်။ နောက်တော့ နိုင်ငံသိ ကမ္ဘာသိ တယောပညာရှင်ကြီး တစ်ယောက်ဖြစ်လာတဲ့အထိ တယောကလေးကို သုံးသွားတယ်။ အခုတော့ အဲဒီ တတိယ တယောကလေးကို ပြတိုက်ကြီးတစ်ခုမှာ တယောပညာရှင်ကြီး ဘယ်သူဘယ်ဝါ တစ်သက်လုံး သုံးခဲ့တဲ့ တယောကလေး ဆိုပြီး အရေးတယူ ပြသထားပါသတဲ့။

အလုပ်ဝင်စ လူငယ်တွေလည်း အဲဒီ တယောကလေး ၃လက်လိုဘဲ လုပ်ငန်းခွင် ၃မျိုးကို ရောက်သွားနိုင်ပါတယ်။ ပထမ လုပ်ငန်းခွင်မျိုးကတော့ ကိုယ့်လို အရည်အချင်းမျိုးတွေ ရှိနေတဲ့ သူတွေ အများအပြားနဲ့ အတူတွဲပြီး အလုပ်တွေ မအားမလပ်အောင် လုပ်ရတဲ့ ပတ်ဝန်းကျင်မျိုးပါ။ အလုပ်သာများတာ၊ ဘာမှ ကြီးပွားတိုးတက်ဖို့တော့ လမ်းမရှိဘူး။ အလုပ်ရှင်ကလည်း ကိုယ့်ကို ဘာမှ ထူးထူးခြားခြား တန်ဖိုးထားတာ မဟုတ်ဘူး။ ကိုယ်မရှိလည်း ဒီအလုပ်တွေကို အခြားသူကို ခိုင်းမှာဘဲ။ လုပ်ရည်ကိုင်ရည် နည်းနည်းတော့ ကွာချင်ကွာမယ်၊ ဒါပေမယ့် စကားထဲ ထည့်ပြောရလောက်တဲ့ စွမ်းဆောင်ချက်မျိုး ထုတ်မပြနိုင်တဲ့ လုပ်ငန်းခွင်မျိုးပါ။ `

ဒီလုပ်ငန်းခွင်မျိုးမှာဘဲ တစ်သက်လုံး ကျင်လည်နေမယ်ဆိုရင်တော့ ပထမ တယောကလေး ပျက်တော့ စတိုခန်းထဲ ရောက်သွားသလို ဆံဖြူသွားကျိုး မျက်စိမှုန်လာတဲ့အခါ လူရာသွင်း ခံရတော့မှာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် အဲဒီအလုပ်မျိုးက ကြံကြိတ်စက်နဲ့ တူတယ်။ ကြံချောင်းကို ဒီအတိုင်းကြိတ်၊ နှစ်ချိုးချိုးပြီးကြိတ်၊ လေးချိုးချိုးပြီးကြိတ်၊ ရှစ်ချိုးချိုးပြီးကြိတ်၊ ကြိတ်လို့ပြီးရင်တော့ အမှိုက်ပုံးထဲ ပစ်လိုက်သလို အဲဒီအလုပ်က လူတွေလည်း ရှိသမျှ ကာယဉဏအင်အားတွေ ကုန်တဲ့အခါ အသက်ပြည့်လို့ အငြိမ်းစားပေးတယ်ဆိုပြီး ထုတ်ပစ်ခံရမှာဘဲ။ အဲဒီအခါမှာ အရွယ်ကောင်းတုန်းက စုထားဆောင်းထားတာ မရှိလို့ကတော့ အခန့်မသင့်ရင် စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်သွားတတ်တယ်။

ဒုတိယလုပ်ငန်းခွင်မျိုးကတော့ လူတကာ လိုချင်ကြတဲ့ လခကောင်း အလုပ်ကောင်းလို့ အများသိထားကြတဲ့ အလုပ်တွေကို ဆိုလိုပါတယ်။ ဘာမှလည်း ပင်ပင်ပန်းပန်း မလုပ်ရဘူး။ အဖွဲ့အစည်းရဲ့ အရှိန်နဲ့ မှိန်းပြီး တောက်တောက်ပြောင်ပြောင် နေနိုင် သွားနိုင်တယ်။ ဒါပေမယ့် သူဌေးတစ်ခါမှ ထိုးမသွားတဲ့ တယောလို တစ်သက်လုံး ကိုယ်စွမ်းဉဏ်စွမ်း ထုတ်ခွင့် မရဘဲ ဖြစ်တတ်တယ်။ အသိုင်းအဝိုင်း အားကိုးနဲ့ အသက်ကြီးလာတဲ့အခါ ဘယ်ရာထူးမှာ ဘယ်နှနှစ် တာဝန်ထမ်းဆောင် ခဲ့သူကြီးလို့ အများအမြင်မှာ ဂုဏ်တင့်ပေမယ့် ကိုယ့်ဖာသာ အတွေ့အကြုံ မယ်မယ်ရရ မရှိမှန်း သိနေလို့ အသက်ကြီးလေ အတုအယောင်ကြီး တစ်ယောက်လို၊ လူဖြစ်ကျိုး မနပ်ခဲ့သလို ခံစားရလေ ဖြစ်တတ်တယ်။ ဘာဘဲဖြစ်ဖြစ် နေတတ်ရင်တော့ ကောင်းတဲ့ လုပ်ငန်းခွင်မျိုးပါဘဲ။

တတိယလုပ်ငန်းခွင်မျိုးကတော့ လက်ရှိအချိန်မှာ ဘယ်သူမှ မလုပ်ချင်တဲ့ လုပ်ငန်းငယ်ကလေးတွေ ဖြစ်နေပေမယ့် နောင်အခါ ထိပ်တန်းကို ရောက်နိုင်တဲ့ အလားအလာ ရှိနေတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ အဲဒီအလုပ်မျိုးက ဆွဲဆောင်မှုတော့ မရှိတတ်ဘူး။ လစာကမကောင်း၊ ခံစားခွင့်က မရှိရတဲ့အထဲ ပိတ်ရက်တွေမှာလည်း အလုပ်လုပ်ရတတ်သေးတယ်။ အဖွဲ့အစည်းက သေးတဲ့အတွက် ဘယ်မှာလုပ်တယ်ဆိုပြီး ဂုဏ်ယူလို့လည်း မရဘူး။ အခြား အရည်အချင်း ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း မခန့်ထားနိုင် ဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ့်လက်ထဲမှာ အဖွဲ့အစည်းရဲ့ အကောင်းအဆိုးကို ဖန်တီးနိုင်စွမ်း ရှိတယ်။ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း တန်ဖိုးထားပြီး အသိအမှတ်ပြုတယ်။ ဆင်းရဲသား လူငယ်က နိုင်ငံသိ ကမ္ဘာသိ တယောပညာရှင်ကြီး တက်ဖြစ်သလို လုပ်ငန်းငယ် ကလေးက ကမ္ဘာသိ လုပ်ငန်းကြီး ဖြစ်လာလို့ကတော့ ကိုယ့်အတွက် အစစအရာရာ မပူပင်ရတော့ ရုံတင် မကဘူး။ နာမည်ပါကြီးမယ့် အနေအထားဖြစ်တယ်။

တကယ်တော့ လက်တွေ့ အလုပ်လုပ်တဲ့အခါ အလုပ်တစ်ခုကို တစ်သက်လုံး လုပ်စရာ မလိုပါဘူး။ ပိုကောင်းတဲ့ အလုပ်တွေ့ရင် ပြောင်းလုပ်ကြတာပါဘဲ။ အရေးကြီးတာက ဘယ်လို အလုပ်မျိုးက ကိုယ်နဲ့ သင့်တော်သလဲ။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ။ အဲဒီလို အလုပ်မျိုးရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ အမြဲလေ့လာပြီး လိုအပ်တာတွေကို လေ့လာ ဖြည့်ဆည်းနေဖို့ပါဘဲ။ ကြံကြိတ်စက်လို အလုပ်မျိုးမှာ အတွေ့အကြုံယူ၊ သူဌေးရဲ့ တယောလို အလုပ်မျိုးကနေ အိုစာမင်းစာ စုဆောင်းပြီး ကမ္ဘာကျော်မယ့် လူငယ်ရဲ့ တယောနဲ့ တူတဲ့ အလုပ်မျိုးကို ရှာလုပ်နိုင်ရင် ကောင်းမှာဘဲလို့ စဉ်းစားမိပါတယ်။

ဆရာသုတ
JOB seekers Journal

Leave a Reply