ကင္း၀န္မင္းႀကီး၏ အေကာင္အထည္မေပၚခဲ႔သည္႔ စီမံကိန္းမ်ား

Posted on

ေရးသားသူ – မင္းအရိပ္(ေရာင္စုံအခန္းငယ္)

ကုန္းေဘာင္ေခတ္ေႏွာင္းပုိင္းအေႀကာင္းေျပာမည္ဆုိလွ်င္ ကင္း၀န္မင္းႀကီးဦးေကာင္းသည္ မပါမျဖစ္ သည္႔ ပုဂၢိဳလ္တစ္ဦးျဖစ္သည္။ အဂၤလိပ္လက္ေအာက္သုိ႔ ျမန္မာ႔ထီးနန္းက်ဆုံးခဲ႔ရသည္႔ ၁၂၄၇ခုႏွစ္ကုိပင္ ျမန္မာတုိ႔က “ဦးေကာင္းလိမ္ထုတ္ မင္းဆက္ျပဳတ္”ဟူ၍ အမွတ္သညာျပဳခဲ႔ႀကသည္။ ဦးေကာင္းသည္ ကုန္း ေဘာင္မင္းဆက္ ျပဳတ္ခဲ႔ရျခင္း၏ တကယ္႔တရားခံ ဟုတ္၊ မဟုတ္ကုိ ကြ်န္ေတာ္ ျငင္းခ်က္မထုတ္လုိပါ။ ထုိ အရာက သမုိင္းသုေတသီတုိ႔၏ အရာျဖစ္သည္။

ကြ်န္ေတာ္ဖတ္မွတ္ဖူးသည္႔ စာအုပ္၊ စာေပမ်ားအရမူ ဦးေကာင္းသည္ ကုန္းေဘာင္ေခတ္တြင္ ေခတ္မီ မီ ကမၻာႀကည္႔ ႀကည္႔ျမင္ႏုိင္ခဲ႔သည္႔ ႏုိင္ငံေရးသမားတစ္ေယာက္သာ။ သူသည္ အမိန္႔နာခံမႈေကာင္းသည္႔ စစ္ သားေကာင္းတစ္ေယာက္မဟုတ္ခဲ႔သလုိ ႏုိင္ငံအတြက္ တီထြင္ဆန္းသစ္မႈမ်ား ျပဳလုပ္ႏုိင္သည္႔ ပညာရွင္ ေကာင္းတစ္ေယာက္လည္း မဟုတ္ခဲ႔ေခ်။ သူသည္ သူ၏ ႏုိင္ငံကုိ ေခတ္မီတုိးတက္ေစလုိေသာ ဆႏၵရွိျပီး ႀကိဳး စားသေလာက္ အေကာင္အထည္မေပၚခဲ႔သည္႔ ႏုိင္ငံေရးသမားေကာင္းတစ္ေယာက္သာ ျဖစ္ေပသည္။

“ကင္း၀န္မင္းႀကီးႏွင္႔ ပတ္သက္၍ကား ေစတနာရင္းမဆုိးပါ။ မိမိ၏ အႀကံအစည္တုိ႔သည္ အေႀကာင္း အမ်ိဳးမ်ိဳးေႀကာင္႔ လိပ္ပတ္မလည္ျဖစ္ျပီး မိမိအေပၚတြင္ အျပစ္ဖုိ႔လ်က္ က်န္ရစ္ခဲ႔ျခင္းျဖစ္ေလသည္” ဟု အမ်ိဳး သားပညာ၀န္ဦးဖုိးက်ားက သူ၏ ပါေတာ္မူအေရးေတာ္ပုံစာတမ္းတြင္ ေရးသားခဲ႔ပါသည္။

ကင္း၀န္မင္းႀကီးသည္ ႏုိင္ငံေရးသမားတစ္ေယာက္ျဖစ္သည္႔အားေလ်ာ္စြာ ေခတ္မမီေတာ႔ေသာ သက္ ဦးဆံပုိင္ဘုရင္စနစ္အစား စည္းမ်ဥ္းခံဘုရင္စနစ္ျဖင္႔ ေခတ္မီအစုိးရအဖြဲ႔တစ္ဖြဲ႔ ဖြဲ႔လုိခဲ႔သည္။ သူ၏ အႀကံအစည္ ကုိ ေထာက္ခံသူတစ္ဦးမွာ ကုန္းေဘာင္ေခတ္တြင္ ထင္ရွားခဲ႔ေသာ ေရႊျပည္၀န္ႀကီး (ေယာအတြင္း၀န္ဦးဖုိးလႈိင္) ျဖစ္သည္။

ဥေရာပတစ္ခြင္တြင္ လွည္႔လည္ခဲ႔ဖူးေသာ ကင္း၀န္မင္းႀကီးသည္ ၁၈၆၁-၁၈၆၅ခုႏွစ္တြင္ အျခားလႊတ္ ေတာ္၀န္ႀကီးတစ္ဦးျဖစ္သည္႔ မေကြးမင္းႀကီးႏွင္႔ ပူးေပါင္းကာ ႏုိင္ငံအုပ္ခ်ဳပ္ေရးစနစ္ေျပာင္းလဲေရးစာတမ္းတစ္ ေစာင္ တင္သြင္းခဲ႔သည္။ ၎စီမံကိန္းတြင္ ဘုရင္အား သက္ဦးဆံပုိင္ဘုရင္အျဖစ္မွ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒ၏ လက္ေအာက္ခံအႀကီးအကဲအျဖစ္ ထားရွိရန္၊ ဘုရင္ကုိ ႏုိင္ငံ၀န္ထမ္းတစ္ဦးအျဖစ္ လစာသတ္မွတ္ေပး ရန္ႏွင္႔ ၀န္ႀကီးဌာနမ်ားဖြဲ႔စည္းကာ ၀န္ႀကီးမ်ားကုိ ရာထူးဌာနအလုိက္ ခန္႔ထားရန္တုိ႔ ပါ၀င္သည္။

ကင္း၀န္မင္း ႀကီးႏွင္႔ မေကြးမင္းႀကီးတုိ႔သည္ သီေပါမင္းႏွင္႔ စုဖုရားလတ္အား ဥေရာပတစ္ခြင္ လွည္႔လည္ေလ႔လာရန္လည္း စည္းရုံးခဲ႔ႀကရာ သီေပါမင္းက သေဘာတူသေယာင္ေယာင္ ရွိခဲ႔ေသာ္လည္း စုဖုရားလတ္မွ ခြင္႔မျပဳခဲ႔ဟု ဆုိႀက သည္။ ထုိ႔ေနာက္တြင္ ကင္း၀န္မင္းႀကီး၏ ႏုိင္ငံအုပ္ခ်ဳပ္ေရးစနစ္ေျပာင္းလဲေရးစီမံကိန္း မေအာင္ျမင္ေတာ႔ဘဲ ၀န္ႀကီး(၁၄)ပါး ပါ၀င္ေသာ ၀န္ႀကီးအဖြဲ႔ ဖြဲ႔ႏုိင္ျခင္းျဖင္႔သာ အဆုံးသတ္ခဲ႔ရသည္။သုိ႔ေသာ္လည္း ထုိ၀န္ႀကီးအဖြဲ႔ မွာ ဖြဲ႔စည္းျပီးေလးလအႀကာမွာပင္ လာဘ္ေပးလာဘ္ယူမႈမ်ားေႀကာင္႔ နာမည္ပ်က္ခဲ႔ႀကေပသည္။

၁၈၈၀ခုႏွစ္တြင္ ကင္း၀န္မင္းႀကီးဦးေကာင္းသည္ နန္းရင္း၀န္ႀကီး၊ လႊတ္ေတာ္ဥကၠဌ၊ ဖြဲ႔စည္းအုပ္ခ်ဳပ္ ပုံအေျခခံဥပေဒေရးဆြဲေရးေကာ္မတီဥကၠဌ စသျဖင္႔ ရာထူးအမ်ိဳးမ်ိဳးခန္႔ထားျခင္းခံခဲ႔ရေသာ္လည္း နန္းတြင္းတြင္ ႀသဇာႀကီးေနသည္႔ ရေနာင္မင္းသားေမာင္ေမာင္တုတ္ေႀကာင္႔ မည္သည္႔လုပ္ပုိင္ခြင္႔အာဏာမွ် မရရွိခဲ႔ေပ။

၁၈၈၂ခုႏွစ္တြင္ ရေနာင္မင္းသားဂုိဏ္းျဖိဳခြဲခံခဲ႔ရျပီးေနာက္မွ ကင္း၀န္မင္းႀကီး၏ အာဏာအရွိန္အ၀ါ ျပန္ ႀကီးလာခဲ႔ရာ ၁၈၈၃ခုႏွစ္တြင္ ဌာနဆယ္ခုပါေသာ လႊတ္ေတာ္ကုိ ဖြဲ႔စည္းႏုိင္ခဲ႔သည္။ ထုိႏွစ္အတြင္းမွာပင္ ကြ်န္ စနစ္တုိက္ဖ်က္ေရးစီမံကိန္းကုိ ေရးဆြဲကာ မႏၱေလးေရႊျမိဳ႕ေတာ္ရွိ ကြ်န္မ်ားႏွင္႔ ဘုရားကြ်န္မ်ားကုိ သန္းေခါင္စာ ရင္းေကာက္ခံျပီး ကြ်န္ပုိင္ရွင္မ်ားကုိ ကြ်န္၀ယ္စာခ်ဳပ္မ်ား တင္ျပေစခဲ႔သည္။ ကြ်န္မ်ားေရြးႏုတ္ရန္ ရံပုံေငြ တည္ ေထာင္ခဲ႔ျပီး (၁၃၉၄)ေယာက္ေသာ ကြ်န္မ်ားကုိ ျပန္လည္၀ယ္ယူေရြးႏုတ္ႏုိင္ခဲ႔သည္။ သုိ႔ေသာ္ ကြ်န္စနစ္မွာ ပ ေပ်ာက္မသြားဘဲ အျခားနည္းမ်ားျဖင္႔ တည္ရွိျမဲ တည္ရွိေနခဲ႔ျပန္သည္။

၁၈၈၅ခုႏွစ္တြင္ ကင္း၀န္မင္းႀကီးသည္ မႏၱေလးတကၠသုိလ္တည္ေထာင္ေရးစီမံကိန္းကုိ ေရးဆြဲတင္ျပ ခဲ႔သည္။ ထိုတကၠသုိလ္တြင္ ျမန္မာ၊ အဂၤလိပ္၊ ဂ်ာမန္၊ ျပင္သစ္၊ ပါဠိႏွင္႔ အျခားေသာ ဘာသာရပ္အမ်ားအျပား သင္ႀကားေပးသြားမည္ျဖစ္ျပီး ထုိတကၠသုိလ္၏ အဓိပတိအျဖစ္ ျပင္သစ္လူမ်ိဳး ေဒါက္တာဘုိဒန္အား တာ၀န္ေပး ထားျပီးျဖစ္သည္။ သုိ႔ေသာ္ သီေပါမင္းက စာျပဆရာတစ္ဦးကုိ လစာေငြတစ္ရာမွ်သာ ေထာက္ပံ႔ခြင္႔ျပဳခဲ႔ရာ တကၠသုိလ္ဆရာတစ္ဦးအား ထုိမွ်ေလာက္လစာေငြျဖင္႔ ခြင္႔ျပဳရန္မသင္႔ဟု တင္ျပႀကေသာေႀကာင္႔ တည္ေထာင္ အံ႔ဆဲဆဲ မႏၱေလးတကၠသုိလ္စီမံကိန္းသည္လည္း အလုိလုိပင္ နိဌိတံသြားရေလသည္။

ဦးေကာင္း အေကာင္အထည္ေဖာ္ျဖစ္ခဲ႔သည္႔ စီမံကိန္းမွာကား အထက္ျမန္မာႏုိင္ငံေတာ္အတြက္ ခရုိင္ မ်ားခြဲ၍ အုပ္ခ်ဳပ္ေစေသာ အုပ္ခ်ဳပ္ေရးစီမံကိန္းျဖစ္သည္။ အဆုိပါအုပ္ခ်ဳပ္ေရးစီမံကိန္းတြင္ အထက္ျမန္မာႏုိင္ငံ အား ဆယ္ခရုိင္ခြဲကာ ခရုိင္၀န္မ်ားခန္႔အပ္၍ အုပ္ခ်ဳပ္ရန္ျဖစ္ျပီး ၁၈၈၄ခုႏွစ္တြင္ သီေပါမင္းအား အႀကံေပးကာ အေကာင္အထည္ေဖာ္ႏုိင္ခဲ႔သည္။ ထုိသုိ႔ ခရုိင္၀န္မ်ား ခန္႔အပ္ခြဲေ၀အုပ္ခ်ဳပ္ေစျခင္းျဖင္႔ ခရုိင္၀န္မ်ား၊ လႊတ္ေတာ္ ႏွင္႔ ဘုရင္တုိ႔အႀကားတြင္ စနစ္က်ေသာ ဆက္သြယ္ေရးပုံမွန္ျဖစ္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ႔ေလသည္။

ကုိးကား
ေတာင္သမန္ေရႊအင္းက ေလညင္းေဆာ္ေတာ႔ ၁ – ျမသန္းတင္႔

မင္းအရိပ္(ေရာင္စုံအခန္းငယ္)


ကင္း၀န္မင္းႀကီးနဲ႔ ပတ္သတ္လုိ႔ ၿပီိးခဲ့တဲ့ ေဖေဖာ္၀ါရီ ၃ရက္က ဆရာ သန္းျမင့္ဦး(Thant Myint-U) ေရးထားတာေလးကုိလည္း ျပန္လည္မွ်ေ၀လုိပါတယ္။

ယေန႕သည္ ကင္း၀န္မင္းႀကီး (၁၈၂၂ ေဖေဖာ္၀ါရီလ ၃ – ၁၉ ၀၈ ဇြန္လ ၃၀) ၏ ေမြးေန႔ျဖစ္၏။

ကင္း၀န္မင္းႀကီး(ဦးေကာင္း)သည္ ၁၈၇၀ ျပည့္ႏွစ္လြန္ႏွင့္ ၁၈၈၀ အေစာပိုင္းကာလ၌ ဗမာျပည္ (ျမန္မာျပည္)၏ ျပဳျပင္ေျပာင္းလဲေရးေခါင္းေဆာင္တစ္ဦး ျဖစ္ခဲ့သည္။ ပညာရွိသုခမိန္တစ္ဦးသာမက သံတမန္တစ္ဦးျဖစ္သည့္ ကင္း၀န္မင္းႀကီးသည္ သမိုင္း၊ ဥပေဒသိပၸံႏွင့္ စာေပက်မ္းဂန္မ်ားစြာကုိ ျပဳစုေရးသားခဲ့သည္။

ထုိေခတ္ကာလ ရြယ္တူမ်ိဳးဆက္မ်ားကဲ့သို႕ပင္ ကင္း၀န္မင္းႀကီး၏ေမ ွ်ာ္မွန္းခ်က္မွာ စနစ္ေဟာင္းႏွင့္စနစ္သစ္တုိ႔ထံမွ အေကာင္းဆံုးမ်ားကို ယူကာ ေရာေႏွာေပါင္းစပ္ထားသည့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ၿပီး လြတ္လပ္ေသာျမန္မာႏုိင္ငံ ျဖစ္ေပသည္။ ေနာက္ဆံုးေပၚ နည္းပညာႏွင့္ အေတြးအေခၚမ်ားကို ျပည္တြင္းသုိ႔ တင္သြင္းရန္ႏွင့္ တစ္ခ်ိန္တည္းမွာပင္ ရာစုႏွစ္ေပါင္းမ်ားစြာ အဓြန္႔ရွည္တည္တံ့ခဲ့ေသာ ယဥ္ေက်းမႈအစဥ္အလာမ်ားကို ဆက္လက္ထိန္းသိမ္းကာကြယ္ရန္ လိုလားခဲ့၏။

၁၈၇၁ ခုႏွစ္တြင္ ဘုရင္မွ ဥေရာပသို႔ ပထမဦးဆံုးေစလႊတ္သည့္ သံတမန္အဖြဲ႕ကို ကင္း၀န္မင္းႀကီး ဦးေဆာင္ခဲ့သည္။ ထုိသံအဖြဲ႕သည္ ယူေက၊ ျပင္သစ္ႏွင့္ အီတလီႏုိင္ငံတုိ႕တြင္ ရက္သတၲပတ္အေတာ္ၾကာ ကုန္ဆံုးခဲ့ၿပီးေနာက္ ကမၻာ့ဇာတ္ခံုတြင္ ျမန္မာႏုိင္ငံ၏အေျခအေန၊ စက္မႈလုပ္ငန္းမ်ားထြန္းကားျခင္းေၾကာင့္ အင္အားႀကီးထြားလာစျပဳေနေသာ အေနာက္အရပ္ႏွင့္ယွဥ္လ ွ်င္ ျမန္မာႏုိင္ငံ၏ အားနည္းခ်က္၊ ႏုိင္ငံတိုးတက္ေခတ္မီေရးအတြက္ အလ်င္အျမန္ ေဆာင္ရြက္ရန္ လိုအပ္ေနမႈတုိ႕ကုိ နားလည္သေဘာေပါက္မႈႀကီးစြာျဖင့္ ေနရပ္သုိ႔ျပန္လာခဲ့ၾကသည္။

၁၈၇၈ ခုႏွစ္တြင္ မင္းတုန္းမင္းႀကီး နတ္ရြာစံေသာအခါ ကင္း၀န္မင္းႀကီးႏွင့္ အေပါင္းအပါမ်ားသည္ အုပ္ခ်ဳပ္မႈစနစ္ အလံုးစံုျပဳျပင္ေျပာင္းလဲေရးႏွင့္ ႏုိင္ငံ့စီးပြားေရး အလ်င္အျမန္ ဖြံ႔ၿဖိဳးတုိးတက္ေရး ႏွစ္ရပ္အတြက္သာ ရည္ရြယ္ခ်က္ထားကာ ျပဳျပင္ေျပာင္းလဲလုပ္ငန္းေရးလုပ္ငန္းမ်ား ဆက္တုိက္အေကာင္အထည္ေဖာ္ရန္ တြန္းအားေပးႏုိင္ခဲ့သည္။ ဥေရာပ၌ ပညာသင္ၾကားခဲ့သူအခ်ိဳ႕ ပါ၀င္ခဲ့သည့္ ၁၈၇၈ ခုႏွစ္ ျမန္မာအစိုးရသည္ ျမန္မာ့သမိုင္းတြင္ ပညာအတတ္ဆံုးေသာ အစုိးရအဖြဲ႕မ်ားထဲမွ တစ္ဖြဲ႔ျဖစ္ခဲ့သည္။

၁၈၈၀ ျပည့္ႏွစ္ ေရွးရုိးစြဲမ်ား၏ေခါင္းမာမႈ၊ ဆုတ္ယုတ္လာေသာ ႏိုင္ငံတြင္းစီးပြားေရးအေျခအေန၊ ကခ်င္ေတာင္တန္းႏွင့္ ခ်င္းနယ္စပ္ေဒသတေလ ွ်ာက္တြင္ မၿငိမ္မသက္ျဖစ္မႈ၊ ၿဗိတိသ ွ်တုိ႕၏ ေသြးထိုးလွံဳ႕ေဆာ္မႈ၊ အစုိးရအဖြဲ႕အတြင္း ဂိုဏ္းဂဏကြဲမႈ စသည္တုိ႕ အားလံုးေၾကာင့္ ျပဳျပင္ေျပာင္းလဲေရးအစီအစဥ္သည္ တျဖည္းျဖည္းအားနည္းသြားၿပီး ေနာက္ဆံုးတြင္ ပ်က္စီးျခင္းကိန္းသို႕ ဆိုက္ေလေတာ့သည္။

လူအမ်ားက “ဦးေကာင္းလိမ္ထုတ္ သီေပါျပဳတ္”ဟူ၍ ဘုရင္နန္းက်ျခင္းအတြက္ ကင္း၀န္မင္းႀကီးအား အျပစ္ပံုခ်ၾကသည္။ သုိ႔ေသာ္ ျမန္မာႏုိင္ငံလြတ္လပ္ေရးကို ထိန္းသိမ္းႏုိင္မည့္ လက္ေတြ႕က်ေသာနည္းလမ္းကို ရွာေဖြရန္ အားသြန္ခြန္စိုက္ႀကိဳးစားခဲ့သူမွာ ကင္း၀န္မင္းႀကီး တစ္ဦးတည္းသာလ ွ်င္ ျဖစ္၏။ ၁၈၈၅ ခုႏွစ္တြင္ ၿဗိတိသ ွ် နယ္ခ်ဲ႕ တုိ႔ မုခ်၀င္ေရာက္ေတာ့မည္ကို ကင္း၀န္မင္းႀကီး သိရွိသည့္အခါ ျမန္မာႏုိင္ငံကို ၿဗိတိသ ွ်အိႏိၵယ၏ တစ္စိတ္တစ္ပုိင္းအျဖစ္ ထားရွိေသာ္လည္း ျမန္မာမင္းသားအသစ္တစ္ဦး ခန္႔အပ္အုပ္ခ်ဳပ္သည့္ အထိန္းသိမ္းခံႏိုင္ငံအျဖစ္ ရပ္တည္ႏုိင္ရန္ ညွိႏိႈင္းေတာင္းဆိုခဲ့ပါေသးသည္။

ကင္း၀န္မင္းႀကီးသည္ သူ႔ကမာၻႀကီး တစ္စမက်န္ ပ်က္ယြင္းသြားသည္ကို ရင္နာစြာျဖင့္ မ်က္ျမင္ႀကံဳေတြ႕သြားရသည္အထိ အသက္ရွည္ခဲ့ၿပီး ၁၉ ၀၈ခုႏွစ္တြင္ ကြယ္လြန္အနိစၥေရာက္ရွိခဲ့ေလသည္။

(Thant Myint-U)

——————

ကင်းဝန်မင်းကြီး၏ အကောင်အထည်မပေါ်ခဲ့သည့် စီမံကိန်းများ (unicode)

ရေးသားသူ – မင်းအရိပ်

ကုန်းဘောင်ခေတ်နှောင်းပိုင်းအကြောင်းပြောမည်ဆိုလျှင် ကင်းဝန်မင်းကြီးဦးကောင်းသည် မပါမဖြစ် သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အင်္ဂလိပ်လက်အောက်သို့ မြန်မာ့ထီးနန်းကျဆုံးခဲ့ရသည့် ၁၂၄၇ခုနှစ်ကိုပင် မြန်မာတို့က “ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်”ဟူ၍ အမှတ်သညာပြုခဲ့ကြသည်။ ဦးကောင်းသည် ကုန်း ဘောင်မင်းဆက် ပြုတ်ခဲ့ရခြင်း၏ တကယ့်တရားခံ ဟုတ်၊ မဟုတ်ကို ကျွန်တော် ငြင်းချက်မထုတ်လိုပါ။ ထို အရာက သမိုင်းသုတေသီတို့၏ အရာဖြစ်သည်။

ကျွန်တော်ဖတ်မှတ်ဖူးသည့် စာအုပ်၊ စာပေများအရမူ ဦးကောင်းသည် ကုန်းဘောင်ခေတ်တွင် ခေတ်မီ မီ ကမ္ဘာကြည့် ကြည့်မြင်နိုင်ခဲ့သည့် နိုင်ငံရေးသမားတစ်ယောက်သာ။ သူသည် အမိန့်နာခံမှုကောင်းသည့် စစ် သားကောင်းတစ်ယောက်မဟုတ်ခဲ့သလို နိုင်ငံအတွက် တီထွင်ဆန်းသစ်မှုများ ပြုလုပ်နိုင်သည့် ပညာရှင် ကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ချေ။ သူသည် သူ၏ နိုင်ငံကို ခေတ်မီတိုးတက်စေလိုသော ဆန္ဒရှိပြီး ကြိုး စားသလောက် အကောင်အထည်မပေါ်ခဲ့သည့် နိုင်ငံရေးသမားကောင်းတစ်ယောက်သာ ဖြစ်ပေသည်။

“ကင်းဝန်မင်းကြီးနှင့် ပတ်သက်၍ကား စေတနာရင်းမဆိုးပါ။ မိမိ၏ အကြံအစည်တို့သည် အကြောင်း အမျိုးမျိုးကြောင့် လိပ်ပတ်မလည်ဖြစ်ပြီး မိမိအပေါ်တွင် အပြစ်ဖို့လျက် ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်” ဟု အမျိုး သားပညာဝန်ဦးဖိုးကျားက သူ၏ ပါတော်မူအရေးတော်ပုံစာတမ်းတွင် ရေးသားခဲ့ပါသည်။

ကင်းဝန်မင်းကြီးသည် နိုင်ငံရေးသမားတစ်ယောက်ဖြစ်သည့်အားလျော်စွာ ခေတ်မမီတော့သော သက် ဦးဆံပိုင်ဘုရင်စနစ်အစား စည်းမျဉ်းခံဘုရင်စနစ်ဖြင့် ခေတ်မီအစိုးရအဖွဲ့တစ်ဖွဲ့ ဖွဲ့လိုခဲ့သည်။ သူ၏ အကြံအစည် ကို ထောက်ခံသူတစ်ဦးမှာ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန်ဦးဖိုးလှိုင်) ဖြစ်သည်။

ဥရောပတစ်ခွင်တွင် လှည့်လည်ခဲ့ဖူးသော ကင်းဝန်မင်းကြီးသည် ၁၈၆၁-၁၈၆၅ခုနှစ်တွင် အခြားလွှတ် တော်ဝန်ကြီးတစ်ဦးဖြစ်သည့် မကွေးမင်းကြီးနှင့် ပူးပေါင်းကာ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစာတမ်းတစ် စောင် တင်သွင်းခဲ့သည်။ ၎င်းစီမံကိန်းတွင် ဘုရင်အား သက်ဦးဆံပိုင်ဘုရင်အဖြစ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၏ လက်အောက်ခံအကြီးအကဲအဖြစ် ထားရှိရန်၊ ဘုရင်ကို နိုင်ငံဝန်ထမ်းတစ်ဦးအဖြစ် လစာသတ်မှတ်ပေး ရန်နှင့် ဝန်ကြီးဌာနများဖွဲ့စည်းကာ ဝန်ကြီးများကို ရာထူးဌာနအလိုက် ခန့်ထားရန်တို့ ပါဝင်သည်။

ကင်းဝန်မင်း ကြီးနှင့် မကွေးမင်းကြီးတို့သည် သီပေါမင်းနှင့် စုဖုရားလတ်အား ဥရောပတစ်ခွင် လှည့်လည်လေ့လာရန်လည်း စည်းရုံးခဲ့ကြရာ သီပေါမင်းက သဘောတူသယောင်ယောင် ရှိခဲ့သော်လည်း စုဖုရားလတ်မှ ခွင့်မပြုခဲ့ဟု ဆိုကြ သည်။ ထို့နောက်တွင် ကင်းဝန်မင်းကြီး၏ နိုင်ငံအုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးစီမံကိန်း မအောင်မြင်တော့ဘဲ ဝန်ကြီး(၁၄)ပါး ပါဝင်သော ဝန်ကြီးအဖွဲ့ ဖွဲ့နိုင်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။သို့သော်လည်း ထိုဝန်ကြီးအဖွဲ့ မှာ ဖွဲ့စည်းပြီးလေးလအကြာမှာပင် လာဘ်ပေးလာဘ်ယူမှုများကြောင့် နာမည်ပျက်ခဲ့ကြပေသည်။

၁၈၈ဝခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းသည် နန်းရင်းဝန်ကြီး၊ လွှတ်တော်ဥက္ကဌ၊ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဥက္ကဌ စသဖြင့် ရာထူးအမျိုးမျိုးခန့်ထားခြင်းခံခဲ့ရသော်လည်း နန်းတွင်းတွင် ဩဇာကြီးနေသည့် ရနောင်မင်းသားမောင်မောင်တုတ်ကြောင့် မည်သည့်လုပ်ပိုင်ခွင့်အာဏာမျှ မရရှိခဲ့ပေ။

၁၈၈၂ခုနှစ်တွင် ရနောင်မင်းသားဂိုဏ်းဖြိုခွဲခံခဲ့ရပြီးနောက်မှ ကင်းဝန်မင်းကြီး၏ အာဏာအရှိန်အဝါ ပြန် ကြီးလာခဲ့ရာ ၁၈၈၃ခုနှစ်တွင် ဌာနဆယ်ခုပါသော လွှတ်တော်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် ကျွန် စနစ်တိုက်ဖျက်ရေးစီမံကိန်းကို ရေးဆွဲကာ မန္တလေးရွှေမြို့တော်ရှိ ကျွန်များနှင့် ဘုရားကျွန်များကို သန်းခေါင်စာ ရင်းကောက်ခံပြီး ကျွန်ပိုင်ရှင်များကို ကျွန်ဝယ်စာချုပ်များ တင်ပြစေခဲ့သည်။ ကျွန်များရွေးနုတ်ရန် ရံပုံငွေ တည် ထောင်ခဲ့ပြီး (၁၃၉၄)ယောက်သော ကျွန်များကို ပြန်လည်ဝယ်ယူရွေးနုတ်နိုင်ခဲ့သည်။ သို့သော် ကျွန်စနစ်မှာ ပ ပျောက်မသွားဘဲ အခြားနည်းများဖြင့် တည်ရှိမြဲ တည်ရှိနေခဲ့ပြန်သည်။

၁၈၈၅ခုနှစ်တွင် ကင်းဝန်မင်းကြီးသည် မန္တလေးတက္ကသိုလ်တည်ထောင်ရေးစီမံကိန်းကို ရေးဆွဲတင်ပြ ခဲ့သည်။ ထိုတက္ကသိုလ်တွင် မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ပါဠိနှင့် အခြားသော ဘာသာရပ်အများအပြား သင်ကြားပေးသွားမည်ဖြစ်ပြီး ထိုတက္ကသိုလ်၏ အဓိပတိအဖြစ် ပြင်သစ်လူမျိုး ဒေါက်တာဘိုဒန်အား တာဝန်ပေး ထားပြီးဖြစ်သည်။ သို့သော် သီပေါမင်းက စာပြဆရာတစ်ဦးကို လစာငွေတစ်ရာမျှသာ ထောက်ပံ့ခွင့်ပြုခဲ့ရာ တက္ကသိုလ်ဆရာတစ်ဦးအား ထိုမျှလောက်လစာငွေဖြင့် ခွင့်ပြုရန်မသင့်ဟု တင်ပြကြသောကြောင့် တည်ထောင် အံ့ဆဲဆဲ မန္တလေးတက္ကသိုလ်စီမံကိန်းသည်လည်း အလိုလိုပင် နိဌိတံသွားရလေသည်။

ဦးကောင်း အကောင်အထည်ဖော်ဖြစ်ခဲ့သည့် စီမံကိန်းမှာကား အထက်မြန်မာနိုင်ငံတော်အတွက် ခရိုင် များခွဲ၍ အုပ်ချုပ်စေသော အုပ်ချုပ်ရေးစီမံကိန်းဖြစ်သည်။ အဆိုပါအုပ်ချုပ်ရေးစီမံကိန်းတွင် အထက်မြန်မာနိုင်ငံ အား ဆယ်ခရိုင်ခွဲကာ ခရိုင်ဝန်များခန့်အပ်၍ အုပ်ချုပ်ရန်ဖြစ်ပြီး ၁၈၈၄ခုနှစ်တွင် သီပေါမင်းအား အကြံပေးကာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထိုသို့ ခရိုင်ဝန်များ ခန့်အပ်ခွဲဝေအုပ်ချုပ်စေခြင်းဖြင့် ခရိုင်ဝန်များ၊ လွှတ်တော် နှင့် ဘုရင်တို့အကြားတွင် စနစ်ကျသော ဆက်သွယ်ရေးပုံမှန်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။

ကိုးကား
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ၁ – မြသန်းတင့်


ကင်းဝန်မင်းကြီးနဲ့ ပတ်သတ်လို့ ပြိးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်က ဆရာ သန်းမြင့်ဦး(Thant Myint-U) ရေးထားတာလေးကိုလည်း ပြန်လည်မျှဝေလိုပါတယ်။

ယနေ့သည် ကင်းဝန်မင်းကြီး (၁၈၂၂ ဖေဖော်ဝါရီလ ၃ – ၁၉ ၀၈ ဇွန်လ ၃၀) ၏ မွေးနေ့ဖြစ်၏။

ကင်းဝန်မင်းကြီး(ဦးကောင်း)သည် ၁၈၇၀ ပြည့်နှစ်လွန်နှင့် ၁၈၈၀ အစောပိုင်းကာလ၌ ဗမာပြည် (မြန်မာပြည်)၏ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ပညာရှိသုခမိန်တစ်ဦးသာမက သံတမန်တစ်ဦးဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို ပြုစုရေးသားခဲ့သည်။

ထိုခေတ်ကာလ ရွယ်တူမျိုးဆက်များကဲ့သို့ပင် ကင်းဝန်မင်းကြီး၏မေ ွ်ာ္မှန်းချက်မှာ စနစ်ဟောင်းနှင့်စနစ်သစ်တို့ထံမှ အကောင်းဆုံးများကို ယူကာ ရောနှောပေါင်းစပ်ထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်သောမြန်မာနိုင်ငံ ဖြစ်ပေသည်။ နောက်ဆုံးပေါ် နည်းပညာနှင့် အတွေးအခေါ်များကို ပြည်တွင်းသို့ တင်သွင်းရန်နှင့် တစ်ချိန်တည်းမှာပင် ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ခဲ့သော ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန် လိုလားခဲ့၏။

၁၈၇၁ ခုနှစ်တွင် ဘုရင်မှ ဥရောပသို့ ပထမဦးဆုံးစေလွှတ်သည့် သံတမန်အဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်ခဲ့သည်။ ထိုသံအဖွဲ့သည် ယူကေ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ရက်သတ္တပတ်အတော်ကြာ ကုန်ဆုံးခဲ့ပြီးနောက် ကမ္ဘာ့ဇာတ်ခုံတွင် မြန်မာနိုင်ငံ၏အခြေအနေ၊ စက်မှုလုပ်ငန်းများထွန်းကားခြင်းကြောင့် အင်အားကြီးထွားလာစပြုနေသော အနောက်အရပ်နှင့်ယှဉ်လ ွ်င် မြန်မာနိုင်ငံ၏ အားနည်းချက်၊ နိုင်ငံတိုးတက်ခေတ်မီရေးအတွက် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေမှုတို့ကို နားလည်သဘောပေါက်မှုကြီးစွာဖြင့် နေရပ်သို့ပြန်လာခဲ့ကြသည်။

၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောအခါ ကင်းဝန်မင်းကြီးနှင့် အပေါင်းအပါများသည် အုပ်ချုပ်မှုစနစ် အလုံးစုံပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံ့စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရပ်အတွက်သာ ရည်ရွယ်ချက်ထားကာ ပြုပြင်ပြောင်းလဲလုပ်ငန်းရေးလုပ်ငန်းများ ဆက်တိုက်အကောင်အထည်ဖော်ရန် တွန်းအားပေးနိုင်ခဲ့သည်။ ဥရောပ၌ ပညာသင်ကြားခဲ့သူအချို့ ပါဝင်ခဲ့သည့် ၁၈၇၈ ခုနှစ် မြန်မာအစိုးရသည် မြန်မာ့သမိုင်းတွင် ပညာအတတ်ဆုံးသော အစိုးရအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ခဲ့သည်။

၁၈၈၀ ပြည့်နှစ် ရှေးရိုးစွဲများ၏ခေါင်းမာမှု၊ ဆုတ်ယုတ်လာသော နိုင်ငံတွင်းစီးပွားရေးအခြေအနေ၊ ကချင်တောင်တန်းနှင့် ချင်းနယ်စပ်ဒေသတလေ ွ်ာက်တွင် မငြိမ်မသက်ဖြစ်မှု၊ ဗြိတိသ ွ်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ အစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏကွဲမှု စသည်တို့ အားလုံးကြောင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် တဖြည်းဖြည်းအားနည်းသွားပြီး နောက်ဆုံးတွင် ပျက်စီးခြင်းကိန်းသို့ ဆိုက်လေတော့သည်။

လူအများက “ဦးကောင်းလိမ်ထုတ် သီပေါပြုတ်”ဟူ၍ ဘုရင်နန်းကျခြင်းအတွက် ကင်းဝန်မင်းကြီးအား အပြစ်ပုံချကြသည်။ သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်မည့် လက်တွေ့ကျသောနည်းလမ်းကို ရှာဖွေရန် အားသွန်ခွန်စိုက်ကြိုးစားခဲ့သူမှာ ကင်းဝန်မင်းကြီး တစ်ဦးတည်းသာလ ွ်င် ဖြစ်၏။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသ ွ် နယ်ချဲ့ တို့ မုချဝင်ရောက်တော့မည်ကို ကင်းဝန်မင်းကြီး သိရှိသည့်အခါ မြန်မာနိုင်ငံကို ဗြိတိသ ွ်အိန္ဒိယ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထားရှိသော်လည်း မြန်မာမင်းသားအသစ်တစ်ဦး ခန့်အပ်အုပ်ချုပ်သည့် အထိန်းသိမ်းခံနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ညှိနှိုင်းတောင်းဆိုခဲ့ပါသေးသည်။

ကင်းဝန်မင်းကြီးသည် သူ့ကမ္ဘာကြီး တစ်စမကျန် ပျက်ယွင်းသွားသည်ကို ရင်နာစွာဖြင့် မျက်မြင်ကြုံတွေ့သွားရသည်အထိ အသက်ရှည်ခဲ့ပြီး ၁၉ ၀၈ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့လေသည်။

(Thant Myint-U)

Leave a Reply