အသက္ ၂ဝ အရြယ္မွာ သူတို႔ဘာလုပ္ေနၾကသလဲ

Posted on

မူရင္းေရးသားသူ – ႏုိင္းႏုိင္းစေန

အ႐ြယ္ေကာင္းခ်ိန္၊ ငယ္႐ြယ္ႏုပ်ဳိခ်ိန္မွာ ႀကိဳးစား႐ုန္းကန္ပါတဲ့…

အသက္၂ဝဆိုတဲ့အ႐ြယ္ဟာ ႀကီးျပင္းၿပီလား၊
အသက္၂ဝဆိုတဲ့အ႐ြယ္ဟာ စိတ္ကူးအိပ္မက္နဲ႔ ဘယ္ေလာက္ေဝးေနေသးလဲ၊

ေအာင္ျမင္ထင္႐ွားသူတို႔ရဲ႕ အသက္၂ဝအ႐ြယ္ကို ျပန္ၾကည့္ၾကည့္ၾကရေအာင္၊
အဲဒီအ႐ြယ္မွာ သူတို႔ရဲ႕စိတ္ကူးအိပ္မက္နဲ႔ သူတို႔ဘယ္ေလာက္ေဝးေနခဲ့ေသးလဲ…

အသက္၂ဝအ႐ြယ္ အိုဘားမား (အေမရိကန္သမၼတ)

အဲဒီအ႐ြယ္မွာ အိုဘားမားဟာ ေဆးလိပ္အရက္ေသာက္ရင္း ဦးေႏွာက္ေျခာက္စရာေတြကို ေမ့ပစ္ေအာင္ႀကိဳးစားခဲ့တယ္။

၁၉၈၃ခုႏွစ္ ၂၂ႏွစ္အ႐ြယ္အိုဘားမားဟာ ကိုလံဘီယာတကၠသိုလ္ကေန ႏိုင္ငံေရးသိပၸံနဲ႔ေက်ာင္းၿပီးခဲ့တယ္။ အဲဒီမတိုင္ခင္မွာေတာ့ သူဟာ လူမ်ဳိးစုံေသြးေႏွာတဲ့ေနာက္ခံေၾကာင့္ လူ႔အဖဲြ႔အစည္းရဲ႕အသိအမွတ္ျပဳမႈကို အလြယ္တကူမရခဲ့လို႔ ကိုယ့္ကိုယ္ကိုသိမ္ငယ္ခဲ့တယ္။ အဓိပၸာယ္မဲ့တဲ့ေန႔ရက္ေတြကို သူျဖတ္သန္းခဲ့ဖူးတယ္။ ဥပမာ- ေက်ာင္းလစ္တယ္၊ အရက္ေသာက္တယ္၊ ေဆးလိပ္ေသာက္တယ္၊ ဆန္႔က်င္ပုန္ကန္တဲ့ လူငယ္တစ္ဦးလံုးလံုးျဖစ္ခဲ့တယ္။

အတိတ္ကိုျပန္ေျပာင္းေအာင္းေမ့တိုင္း အိုဘားမားက “အဲဒီအလုပ္ကို လုပ္ခဲ့တာဟာ “ငါဘယ္သူလဲ”ဆိုတဲ့ျပႆနာကို ေခါင္းထဲကေနညႇစ္ထုတ္တာပဲ” လို႔ဆိုတယ္။ ၁ႏွစ္အၾကာမွာ အိုဘားမားဟာ ခ်ီကာဂိုကိုသြားၿပီး လူမႈအဖဲြ႔အစည္းမွာပါဝင္အလုပ္လုပ္ခဲ့တယ္။ အဲဒီေနာက္ ဟားဗတ္တကၠသိုလ္မွာ ဥပေဒပညာကိုေလ့လာသင္ယူခဲ့တယ္။

အသက္၂ဝအ႐ြယ္ ပူတင္ (႐ု႐ွားသမၼတ)

ဂ်ဴဒိုေလ့က်င့္တာကိုလက္လႊတ္ၿပီး တကၠသိုလ္ဝင္ခြင့္ေျဖခဲ့တယ္။

လူငယ္လူ႐ြယ္ခ်ိန္ခါမွာ ပူတင္လည္း ဆံုးျဖတ္ခ်က္ေတြေဝခဲ့ဖူးတယ္။ သူ႔ရဲ႕ဂ်ဴဒိုသင္တန္းဆရာက သူ႔ကို ပိုေကာင္းတဲ့အတတ္ပညာေက်ာင္းမွာ ဂ်ဴဒိုပညာကို ဆက္လက္ဆည္းပူးသင္ယူေစခ်င္ခဲ့တယ္။

ဒါေပမယ့္ ပူတင္က တကၠသိုလ္ဝင္ခြင့္ေျဖဖို႔၊ စာေမးပဲြမေအာင္ခဲ့ရင္ စစ္ထဲဝင္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ ၁၉၇၁ ခုႏွစ္ ၁၉ႏွစ္အ႐ြယ္မွာ ပူတင္ဟာ (ယခု) Saint Petersburg State တကၠသိုလ္မွာ ဥပေဒပညာကို ေလ့လာသင္ယူခဲ့တယ္။

“ဒါဟာ ကၽြန္ေတာ့္ဘဝရဲ႕ အေရးႀကီးဆံုးကာလတစ္ခုေပါ့။ ကၽြန္ေတာ့္ကုိ ျပတ္သားတဲ့ေ႐ြးခ်ယ္မႈတစ္ခု ျပဳလုပ္ေစခဲ့တယ္။ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္ ကိုယ္ေမွ်ာ္မွန္းတဲ့ လူ႔ဘဝခရီးသစ္ကိုစမလား၊ ဒါမွမဟုတ္ အ႐ႈံးေပးၿပီး ကိုယ့္ရည္မွန္းခ်က္ေတြပ်က္ျပား တျခားလူစီမံတာကိုပဲ နာခံမလားေပါ့” လို႔ ပူတင္က အတိတ္ကိုျပန္ေျပာင္းရင္း ေျပာခဲ့ပါတယ္။

အသက္၂ဝအ႐ြယ္ ႐ွီက်င့္ဖ်င္ (တ႐ုတ္ျပည္သူ႔သမၼတ)

ပညာ႐ွာတဲ့ လူငယ္အေယာက္တစ္ေသာင္းေက်ာ္ေလာက္နဲ႔ လယ္ထဲဆင္းအလုပ္လုပ္ေနခဲ့တယ္။

႐ွီက်င့္ဖ်င္ရဲ႕ ငယ္႐ြယ္ခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ လယ္ေတာယာေတာထဲမွာပဲ ကုန္ဆံုးခဲ့တယ္။ ၁၉၆၉ခုႏွစ္ အသက္ ၁၆ႏွစ္အ႐ြယ္ ႐ွီွက်င့္ဖ်င္ဟာ ပညာ႐ွာတဲ့ လူငယ္အေယာက္တစ္ေသာင္းေက်ာ္ေလာက္နဲ႔ ေတာ႐ြာဖက္တာဝန္ထမ္းဖို႔ ေစလႊတ္ခံခဲ့ရတယ္။ စစခ်င္းမွာ တျခားလူေတြ ဘယ္လိုမွ မေနႏိုင္ခဲ့ၾကဘူး။

႐ွီက်င့္ဖ်င္ကေတာ့ ပင္ပန္းဒဏ္ကိုခံႏိုင္ရည္႐ွိခဲ့တယ္။ လယ္သမားေတြနဲ႔အတူ ေျမေတြတူးခဲ့ရတယ္။ လယ္ထဲဆင္းခဲ့ရတယ္။ ျပည္သူေတြက သူ႔ကိုထင္ျမင္ခ်က္ေကာင္းေတြ ေပးခဲ့ၾကတယ္။ အသက္ ၂၂ႏွစ္အ႐ြယ္က်မွ ေပက်င္းမွာတကၠသိုလ္တက္ဖို႔ အႀကံျပဳေထာက္ခံခ်က္ရခဲ့တယ္။

အသက္၂ဝအ႐ြယ္ အိုင္းစတိုင္း (သိပၸံပညာ႐ွင္)

အလုပ္႐ွာမရခဲ့လို႔ ေနအိမ္မွာစာလိုက္သင္တဲ့အလုပ္နဲ႔ အသက္ေမြးခဲ့ရတယ္။

၁၉ဝဝခုႏွစ္ ၂၁ႏွစ္အ႐ြယ္အိုင္းစတိုင္းဟာ ETH Zurich (Swiss Federal Institute of Technology Zurich) ကေန ေက်ာင္းၿပီးခဲ့တယ္။ သူဟာ တစ္ခ်ဳိ႕ဘာသာရပ္မွာ စိတ္ဝင္စားမႈမ႐ွိခဲ့လို႔၊ ဆရာေတြအေပၚ ပ်ဴပ်ဴငွာငွာမဆက္ဆံခဲ့လို႔ ေက်ာင္းဆက္တက္ဖို႔ ျငင္းဆန္ခံခဲ့ရတယ္။

ေက်ာင္းၿပီးၿပီေနာက္ သူအလုပ္႐ွာမရခဲ့ဘူး။ ေနအိမ္မွာစာလိုက္သင္တဲ့အလုပ္၊ အစားထိုးဆရာအလုပ္နဲ႔ပဲ အသက္ေမြးဝမ္းခဲ့ရပါတယ္။ ၁၉ဝ၂ခုႏွစ္မွာ ေက်ာင္းေနဖက္သူငယ္ခ်င္းရဲ႕ဖခင္ အကူအညီနဲ႔ ဆြစ္ဇာလန္ဗဟိုအစိုးရမွတ္ပံုတင္မူပိုင္ခြင့္႐ံုးမွာ အလုပ္ရခဲ့ပါတယ္။

အသက္ ၂ဝအ႐ြယ္ မာရင္ (ဂ်က္မား)
(အလီဘာဘာကို စတင္တည္ေထာင္သူ)

အထက္တန္းစာေမးပဲြကို ၃ႀကိမ္တိုင္ေျဖဆိုၿပီးမွ တကၠသိုလ္ဝင္တန္းကိုေအာင္ျမင္ခဲ့တယ္။

၁၉၈၄ခုႏွစ္မွာ အထက္တန္းစာေမးပဲြကို ၃ႀကိမ္ေျမာက္ မာရင္ေျဖဆိုခဲ့ပါတယ္။ အဲဒီေနာက္ တကၠသိုလ္တစ္ခုက လက္မခံခ်င္ ခံခ်င္နဲ႔ သူ႔ကိုလက္ခံခဲ့ပါတယ္။ ၁၉၈၈ခုႏွစ္ ေက်ာင္းၿပီးေတာ့ လွ်ပ္စစ္နည္းပညာေကာလိပ္တစ္ခုမွာ သူေက်ာင္းဆရာလုပ္ခဲ့ပါတယ္။

၁၉၉၅ခုႏွစ္ အသက္ ၃၁ႏွစ္ေရာက္မွ မာရင္ဟာ အေမရိကန္ကိုအမွတ္မထင္ေရာက္ခဲ့ရာက မိတ္ေဆြတစ္ဦးရဲ႕မိတ္ဆက္ေပးမႈနဲ႔ အင္တာနက္ကို စတင္သိ႐ွိခဲ့တာျဖစ္ပါတယ္။

အသက္ ၂ဝအ႐ြယ္ Mark Zuckerberg

အေဆာင္မွာေနရင္း Facebookကို စဖန္တီးခဲ့တယ္။

၂ဝဝ၄ခုႏွစ္ ၂ဝအ႐ြယ္မတ္ခ္မွာ ဟားဗတ္တကၠသိုလ္ရဲ႕ဒုတိယႏွစ္ေက်ာင္းသားတစ္ဦးျဖစ္တယ္။ အဲဒီအခ်ိန္မွာ ပ႐ိုဂရမ္တစ္ခုကို သူစတင္ေရးဆဲြခဲ့တယ္။ သူ႔အေဆာင္ေနသူငယ္ခ်င္းရဲ႕ ေျပာျပခ်က္အရ “ဝက္ဆိုက္ဒ္တစ္ခုကုိ သူစတင္ဖန္တီးခဲ့တယ္။ အဲဒီဝက္ဆိုဒ္မွာ ေယာက္်ားမိန္းမဓာတ္ပံုတစ္ပံုစီတင္ခဲ့တယ္။

ဘယ္ပံု အေဟာ့ဆံုးလည္းဆိုတာကို ၾကည့္႐ႈသူကေ႐ြးလို႔ရတယ္။ ၿပီးေတာ့ ဘယ္သူမဲအမ်ားဆံုးလည္း ေ႐ြးၾကတာေပါ့” လို႔ဆိုတယ္။ လူအမ်ားရဲ႕ေထာက္ခံမႈကိုရၿပီးေနာက္ မတ္ခ္ဟာ သူငယ္ခ်င္းႏွစ္ေယာက္နဲ႔အတူ အခ်ိန္တစ္ပတ္ေလာက္အသံုးျပဳၿပီး ဟားဗတ္ေက်ာင္းသားတို႔ရဲ႕ ဆက္သြယ္မႈကြန္ရက္အျဖစ္ Facebook ကိုတည္ေထာက္လိုက္တယ္။

အသက္ ၂ဝအ႐ြယ္ Audrey Hepburn
(၁၉ရာစု နာမည္ႀကီးဂႏၱဝင္သ႐ုပ္ေဆာင္)

ေၾကာ္ျငာတခ်ဳိ႕႐ိုက္ရင္း ဇာတ္ရံအျဖစ္သ႐ုပ္ေဆာင္ခဲ့တယ္။

၁၉၄၈ခုႏွစ္ ၁၉ႏွစ္အ႐ြယ္ Audreyဟာ နာမည္ႀကီးဘဲေလးအကေက်ာင္းတစ္ေက်ာင္းမွာ ဘဲေလးအကကို သင္ယူခဲ့တယ္။ သူဟာ ေက်ာင္းလခမတတ္ႏိုင္လို႔ ေဟာ္လန္ကိုျပန္သြားရတဲ့အခါလည္း ႐ွိခဲ့တယ္။ ဘဲေလးအကကို လအနည္းငယ္သင္ယူၿပီးတဲ့ေနာက္ ဘဲေလးအကနဲ႔ မသင့္ေတာ္ဘူးလို႔ သတိေပးခံခဲ့ရတယ္။

ေနအိမ္စီးပြားေရးက်ပ္တည္းမႈေၾကာင့္ Audreyဟာ အခ်ိန္ပိုင္းေမာ္ဒယ္တစ္ဦးလုပ္ခဲ့ရတယ္။ အကဝိုင္းတစ္ခ်ဳိ႕နဲ႔ ကျပေဖ်ာ္ေျဖခဲ့ရတယ္။ အသက္ ၂ဝအ႐ြယ္မွာ ဇာတ္ရံသ႐ုပ္ေဆာင္အျဖစ္နဲ႔ ႐ုပ္႐ွင္တစ္ခ်ဳိ႕မွာ သူပါဝင္ခြင့္ရခဲ့တယ္။

အသက္၂ဝအ႐ြယ္ Leo Tolstoy (႐ု႐ွားဂႏၱဝင္စာေရးဆရာ)

ေအးေအးသက္သာတဲ့ဘဝကို ၿငီးေငြ႔လို႔ စစ္ထဲဝင္ခဲ့တယ္။

လီယိုေတာ္စတြိဳင္းကို ႐ု႐ွားအထက္တန္းစားမိသားစုတစ္စုက ေမြးဖြားခဲ့တယ္။ ၁၆ႏွစ္အ႐ြယ္မွာ Kazan တကၠသိုလ္ကို ဝင္ေရာက္ခဲ့တယ္။ ဒါေပမယ့္ အဲဒီတကၠသိုလ္ရဲ႕ ေလွနံဓားထစ္သင္ယူမႈမွာ သူၿငီးေငြ႔ခဲ့တယ္။ ၁၈၄၇ခုႏွစ္ ၁၉ႏွစ္အ႐ြယ္မွာ ေတာ္စတိြဳင္းဟာ သူ႔ေနအိမ္ Yasnaya Polyana ၿခံႀကီးထဲ (အခုေတာ့ ျပတိုက္အျဖစ္ထား႐ွိ) ျပန္လာခဲ့ၿပီး ၿခံမွာအလုပ္လုပ္ကိုင္ရင္း ေက်ာင္းစာေလ့လာသင္ယူမႈေတြကို ကိုယ္တိုင္စီစဥ္ခဲ့တယ္။ ဒါေပမယ့္ အလုပ္ႏွစ္ခုလံုး သူေအာင္ျမင္မႈမရခဲ့ပါဘူး။ ဒီလိုနဲ႔ ေမာ္စကို၊ St. Petersburg လူ႔အသိုင္းအဝိုင္းထဲ သူေရာက္သြားခဲ့ျပန္တယ္။

ဒါေပမယ့္ ေအးေအးသက္သာတဲ့ဘဝကို ၿငီးေငြ႔ခဲ့လို႔ ၁၈၅၁ခုႏွစ္မွာ အစ္ကိုနဲ႔အတူ Caucasus ကိုသြားေရာက္ၿပီး စစ္ထဲဝင္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း စာေရးဖို႔ သူစတင္ႀကိဳးစားခဲ့ပါတယ္။ ျဖတ္သန္းခဲ့တဲ့ သူ႔ဘဝ သူ႔အျပဳအမူေတြကို စတင္စိစစ္သံုးသပ္ခဲ့တယ္။ စစ္ထဲဝင္ၿပီး ေနာက္တစ္ႏွစ္မွာပဲ စစ္ပဲြတစ္ပဲြထဲသူပါဝင္ခဲ့ပါတယ္။ စစ္ပဲြမွာ တိုက္ရည္ခိုက္ရည္ေကာင္းခဲ့သလို သူရဲ႕ပထမဆံုးစာအုပ္ျဖစ္တဲ့ Childhood (ကေလးဘဝ)အမည္ရဝတၳဳကို ေရးသားထုတ္ေဝခဲ့ပါတယ္။

အသက္ ၂ဝအ႐ြယ္ ေမာ့္ရင္
(စာေပႏိုဘယ္လ္ဆုရ တ႐ုတ္စာေရးဆရာ Mo Yan)

ဝါစက္႐ံုယာယီလုပ္သားကေန စစ္ထဲဝင္ခဲ့ပါတယ္။

၁၉၇၅ခုႏွစ္ ၂ဝအ႐ြယ္ေမာ့္ရင္ဟာ ဝါစက္႐ံုမွာယာယီလုပ္သားအျဖစ္ လုပ္ကိုင္ခဲ့တယ္။ အလုပ္စလုပ္ခ်ိန္မွာ အတန္းပညာလိမ္ညာစာရင္းသြင္းခဲ့တယ္။ အလယ္တန္းေအာင္လို႔ဆိုခဲ့ေပမယ့္ ႐ြာနားနီးခ်င္းတစ္ဦးက အျဖစ္မွန္ကိုသိသြားခဲ့လို႔ သူေခါင္းမေမာ့ႏိုင္ေအာင္ျဖစ္ခဲ့ရတယ္။

၁၉၇၆ခုႏွစ္မွာ စစ္ထဲ ေမာ့္ရင္ဝင္ခဲ့ၿပီး စာေတြကိုစတင္ေရးသားခဲ့တယ္။ ၁၉၈၄ခုႏွစ္ ၂၉ႏွစ္အ႐ြယ္မွာ ျပည္သူ႔လႊတ္ေျမာက္ေရးတပ္မေတာ္အႏုပညာေက်ာင္းကို ဝင္ခြင့္ရခဲ့ၿပီးေနာက္ စာေပေလာကထဲ ဝင္ေရာက္ခဲ့တယ္။

အသက္ ၂ဝအ႐ြယ္မွာ သူတို႔ဟာ ဘယ္လို စိတ္႐ႈပ္ေထြးမႈ၊ အခက္အခဲ၊ ဆင္းရဲပင္ပန္းျခင္းေတြ႐ွိခဲ့ပါေစ၊ စိတ္ကူးအိပ္မက္နဲ႔ ေဝးခဲ့ပါေစ သူတို႔ရဲ႕ႀကိဳးစားမႈ၊ ဇဲြလံု႔လ႐ွိမႈနဲ႔ ဒီကေန႔ရဲ႕ေအာင္ျမင္မႈကို သူတို႔ဆြတ္ခူးခဲ့ၾကတယ္။

ကၽြန္မတို႔လူတိုင္းမွာလည္း စိတ္ကူးအိပ္မက္က ႐ွိသင့္ပါတယ္။ တကယ္လို႔မ်ား အဲဒီအိပ္မက္ကို မေတာ္မဆ အေကာင္အထည္ေဖာ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့…..


မူရင္းလင့္ — http://tuyang.bokee.com/met…/visitor/article/2608362/12421/1

ႏုိင္းႏုိင္းစေန


အသက် ၂ဝ အရွယ်မှာ သူတို့ဘာလုပ်နေကြသလဲ (unicode)

မူရင်းရေးသားသူ – နိုင်းနိုင်းစနေ

အရွယ်ကောင်းချိန်၊ ငယ်ရွယ်နုပျိုချိန်မှာ ကြိုးစားရုန်းကန်ပါတဲ့…

အသက်၂ဝဆိုတဲ့အရွယ်ဟာ ကြီးပြင်းပြီလား၊
အသက်၂ဝဆိုတဲ့အရွယ်ဟာ စိတ်ကူးအိပ်မက်နဲ့ ဘယ်လောက်ဝေးနေသေးလဲ၊

အောင်မြင်ထင်ရှားသူတို့ရဲ့ အသက်၂ဝအရွယ်ကို ပြန်ကြည့်ကြည့်ကြရအောင်၊
အဲဒီအရွယ်မှာ သူတို့ရဲ့စိတ်ကူးအိပ်မက်နဲ့ သူတို့ဘယ်လောက်ဝေးနေခဲ့သေးလဲ…

အသက်၂ဝအရွယ် အိုဘားမား (အမေရိကန်သမ္မတ)

အဲဒီအရွယ်မှာ အိုဘားမားဟာ ဆေးလိပ်အရက်သောက်ရင်း ဦးနှောက်ခြောက်စရာတွေကို မေ့ပစ်အောင်ကြိုးစားခဲ့တယ်။

၁၉၈၃ခုနှစ် ၂၂နှစ်အရွယ်အိုဘားမားဟာ ကိုလံဘီယာတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံနဲ့ကျောင်းပြီးခဲ့တယ်။ အဲဒီမတိုင်ခင်မှာတော့ သူဟာ လူမျိုးစုံသွေးနှောတဲ့နောက်ခံကြောင့် လူ့အဖွဲ့အစည်းရဲ့အသိအမှတ်ပြုမှုကို အလွယ်တကူမရခဲ့လို့ ကိုယ့်ကိုယ်ကိုသိမ်ငယ်ခဲ့တယ်။ အဓိပ္ပာယ်မဲ့တဲ့နေ့ရက်တွေကို သူဖြတ်သန်းခဲ့ဖူးတယ်။ ဥပမာ- ကျောင်းလစ်တယ်၊ အရက်သောက်တယ်၊ ဆေးလိပ်သောက်တယ်၊ ဆန့်ကျင်ပုန်ကန်တဲ့ လူငယ်တစ်ဦးလုံးလုံးဖြစ်ခဲ့တယ်။

အတိတ်ကိုပြန်ပြောင်းအောင်းမေ့တိုင်း အိုဘားမားက “အဲဒီအလုပ်ကို လုပ်ခဲ့တာဟာ “ငါဘယ်သူလဲ”ဆိုတဲ့ပြဿနာကို ခေါင်းထဲကနေညှစ်ထုတ်တာပဲ” လို့ဆိုတယ်။ ၁နှစ်အကြာမှာ အိုဘားမားဟာ ချီကာဂိုကိုသွားပြီး လူမှုအဖွဲ့အစည်းမှာပါဝင်အလုပ်လုပ်ခဲ့တယ်။ အဲဒီနောက် ဟားဗတ်တက္ကသိုလ်မှာ ဥပဒေပညာကိုလေ့လာသင်ယူခဲ့တယ်။

အသက်၂ဝအရွယ် ပူတင် (ရုရှားသမ္မတ)

ဂျူဒိုလေ့ကျင့်တာကိုလက်လွှတ်ပြီး တက္ကသိုလ်ဝင်ခွင့်ဖြေခဲ့တယ်။

လူငယ်လူရွယ်ချိန်ခါမှာ ပူတင်လည်း ဆုံးဖြတ်ချက်တွေဝေခဲ့ဖူးတယ်။ သူ့ရဲ့ဂျူဒိုသင်တန်းဆရာက သူ့ကို ပိုကောင်းတဲ့အတတ်ပညာကျောင်းမှာ ဂျူဒိုပညာကို ဆက်လက်ဆည်းပူးသင်ယူစေချင်ခဲ့တယ်။ ဒါပေမယ့် ပူတင်က တက္ကသိုလ်ဝင်ခွင့်ဖြေဖို့၊ စာမေးပွဲမအောင်ခဲ့ရင် စစ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၇၁ ခုနှစ် ၁၉နှစ်အရွယ်မှာ ပူတင်ဟာ (ယခု) Saint Petersburg State တက္ကသိုလ်မှာ ဥပဒေပညာကို လေ့လာသင်ယူခဲ့တယ်။

“ဒါဟာ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံးကာလတစ်ခုပေါ့။ ကျွန်တော့်ကို ပြတ်သားတဲ့ရွေးချယ်မှုတစ်ခု ပြုလုပ်စေခဲ့တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ်မျှော်မှန်းတဲ့ လူ့ဘဝခရီးသစ်ကိုစမလား၊ ဒါမှမဟုတ် အရှုံးပေးပြီး ကိုယ့်ရည်မှန်းချက်တွေပျက်ပြား တခြားလူစီမံတာကိုပဲ နာခံမလားပေါ့” လို့ ပူတင်က အတိတ်ကိုပြန်ပြောင်းရင်း ပြောခဲ့ပါတယ်။

အသက်၂ဝအရွယ် ရှီကျင့်ဖျင် (တရုတ်ပြည်သူ့သမ္မတ)

ပညာရှာတဲ့ လူငယ်အယောက်တစ်သောင်းကျော်လောက်နဲ့ လယ်ထဲဆင်းအလုပ်လုပ်နေခဲ့တယ်။

ရှီကျင့်ဖျင်ရဲ့ ငယ်ရွယ်ချိန်တော်တော်များများဟာ လယ်တောယာတောထဲမှာပဲ ကုန်ဆုံးခဲ့တယ်။ ၁၉၆၉ခုနှစ် အသက် ၁၆နှစ်အရွယ် ရှီွကျင့်ဖျင်ဟာ ပညာရှာတဲ့ လူငယ်အယောက်တစ်သောင်းကျော်လောက်နဲ့ တောရွာဖက်တာဝန်ထမ်းဖို့ စေလွှတ်ခံခဲ့ရတယ်။ စစချင်းမှာ တခြားလူတွေ ဘယ်လိုမှ မနေနိုင်ခဲ့ကြဘူး။ ရှီကျင့်ဖျင်ကတော့ ပင်ပန်းဒဏ်ကိုခံနိုင်ရည်ရှိခဲ့တယ်။ လယ်သမားတွေနဲ့အတူ မြေတွေတူးခဲ့ရတယ်။ လယ်ထဲဆင်းခဲ့ရတယ်။ ပြည်သူတွေက သူ့ကိုထင်မြင်ချက်ကောင်းတွေ ပေးခဲ့ကြတယ်။ အသက် ၂၂နှစ်အရွယ်ကျမှ ပေကျင်းမှာတက္ကသိုလ်တက်ဖို့ အကြံပြုထောက်ခံချက်ရခဲ့တယ်။

အသက်၂ဝအရွယ် အိုင်းစတိုင်း (သိပ္ပံပညာရှင်)

အလုပ်ရှာမရခဲ့လို့ နေအိမ်မှာစာလိုက်သင်တဲ့အလုပ်နဲ့ အသက်မွေးခဲ့ရတယ်။

၁၉ဝဝခုနှစ် ၂၁နှစ်အရွယ်အိုင်းစတိုင်းဟာ ETH Zurich (Swiss Federal Institute of Technology Zurich) ကနေ ကျောင်းပြီးခဲ့တယ်။ သူဟာ တစ်ချို့ဘာသာရပ်မှာ စိတ်ဝင်စားမှုမရှိခဲ့လို့၊ ဆရာတွေအပေါ် ပျူပျူငှာငှာမဆက်ဆံခဲ့လို့ ကျောင်းဆက်တက်ဖို့ ငြင်းဆန်ခံခဲ့ရတယ်။ ကျောင်းပြီးပြီနောက် သူအလုပ်ရှာမရခဲ့ဘူး။ နေအိမ်မှာစာလိုက်သင်တဲ့အလုပ်၊ အစားထိုးဆရာအလုပ်နဲ့ပဲ အသက်မွေးဝမ်းခဲ့ရပါတယ်။ ၁၉ဝ၂ခုနှစ်မှာ ကျောင်းနေဖက်သူငယ်ချင်းရဲ့ဖခင် အကူအညီနဲ့ ဆွစ်ဇာလန်ဗဟိုအစိုးရမှတ်ပုံတင်မူပိုင်ခွင့်ရုံးမှာ အလုပ်ရခဲ့ပါတယ်။

အသက် ၂ဝအရွယ် မာရင် (ဂျက်မား)
(အလီဘာဘာကို စတင်တည်ထောင်သူ)

အထက်တန်းစာမေးပွဲကို ၃ကြိမ်တိုင်ဖြေဆိုပြီးမှ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ခဲ့တယ်။

၁၉၈၄ခုနှစ်မှာ အထက်တန်းစာမေးပွဲကို ၃ကြိမ်မြောက် မာရင်ဖြေဆိုခဲ့ပါတယ်။ အဲဒီနောက် တက္ကသိုလ်တစ်ခုက လက်မခံချင် ခံချင်နဲ့ သူ့ကိုလက်ခံခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ကျောင်းပြီးတော့ လျှပ်စစ်နည်းပညာကောလိပ်တစ်ခုမှာ သူကျောင်းဆရာလုပ်ခဲ့ပါတယ်။ ၁၉၉၅ခုနှစ် အသက် ၃၁နှစ်ရောက်မှ မာရင်ဟာ အမေရိကန်ကိုအမှတ်မထင်ရောက်ခဲ့ရာက မိတ်ဆွေတစ်ဦးရဲ့မိတ်ဆက်ပေးမှုနဲ့ အင်တာနက်ကို စတင်သိရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂ဝအရွယ် Mark Zuckerberg

အဆောင်မှာနေရင်း Facebookကို စဖန်တီးခဲ့တယ်။

၂ဝဝ၄ခုနှစ် ၂ဝအရွယ်မတ်ခ်မှာ ဟားဗတ်တက္ကသိုလ်ရဲ့ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်တယ်။ အဲဒီအချိန်မှာ ပရိုဂရမ်တစ်ခုကို သူစတင်ရေးဆွဲခဲ့တယ်။ သူ့အဆောင်နေသူငယ်ချင်းရဲ့ ပြောပြချက်အရ “ဝက်ဆိုက်ဒ်တစ်ခုကို သူစတင်ဖန်တီးခဲ့တယ်။ အဲဒီဝက်ဆိုဒ်မှာ ယောက်ျားမိန်းမဓာတ်ပုံတစ်ပုံစီတင်ခဲ့တယ်။ ဘယ်ပုံ အဟော့ဆုံးလည်းဆိုတာကို ကြည့်ရှုသူကရွေးလို့ရတယ်။ ပြီးတော့ ဘယ်သူမဲအများဆုံးလည်း ရွေးကြတာပေါ့” လို့ဆိုတယ်။ လူအများရဲ့ထောက်ခံမှုကိုရပြီးနောက် မတ်ခ်ဟာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ အချိန်တစ်ပတ်လောက်အသုံးပြုပြီး ဟားဗတ်ကျောင်းသားတို့ရဲ့ ဆက်သွယ်မှုကွန်ရက်အဖြစ် Facebook ကိုတည်ထောက်လိုက်တယ်။

အသက် ၂ဝအရွယ် Audrey Hepburn
(၁၉ရာစု နာမည်ကြီးဂန္တဝင်သရုပ်ဆောင်)

ကြော်ငြာတချို့ရိုက်ရင်း ဇာတ်ရံအဖြစ်သရုပ်ဆောင်ခဲ့တယ်။

၁၉၄၈ခုနှစ် ၁၉နှစ်အရွယ် Audreyဟာ နာမည်ကြီးဘဲလေးအကကျောင်းတစ်ကျောင်းမှာ ဘဲလေးအကကို သင်ယူခဲ့တယ်။ သူဟာ ကျောင်းလခမတတ်နိုင်လို့ ဟော်လန်ကိုပြန်သွားရတဲ့အခါလည်း ရှိခဲ့တယ်။ ဘဲလေးအကကို လအနည်းငယ်သင်ယူပြီးတဲ့နောက် ဘဲလေးအကနဲ့ မသင့်တော်ဘူးလို့ သတိပေးခံခဲ့ရတယ်။ နေအိမ်စီးပွားရေးကျပ်တည်းမှုကြောင့် Audreyဟာ အချိန်ပိုင်းမော်ဒယ်တစ်ဦးလုပ်ခဲ့ရတယ်။ အကဝိုင်းတစ်ချို့နဲ့ ကပြဖျော်ဖြေခဲ့ရတယ်။ အသက် ၂ဝအရွယ်မှာ ဇာတ်ရံသရုပ်ဆောင်အဖြစ်နဲ့ ရုပ်ရှင်တစ်ချို့မှာ သူပါဝင်ခွင့်ရခဲ့တယ်။

အသက်၂ဝအရွယ် Leo Tolstoy (ရုရှားဂန္တဝင်စာရေးဆရာ)

အေးအေးသက်သာတဲ့ဘဝကို ငြီးငွေ့လို့ စစ်ထဲဝင်ခဲ့တယ်။

လီယိုတော်စတွိုင်းကို ရုရှားအထက်တန်းစားမိသားစုတစ်စုက မွေးဖွားခဲ့တယ်။ ၁၆နှစ်အရွယ်မှာ Kazan တက္ကသိုလ်ကို ဝင်ရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီတက္ကသိုလ်ရဲ့ လှေနံဓားထစ်သင်ယူမှုမှာ သူငြီးငွေ့ခဲ့တယ်။ ၁၈၄၇ခုနှစ် ၁၉နှစ်အရွယ်မှာ တော်စတွိုင်းဟာ သူ့နေအိမ် Yasnaya Polyana ခြံကြီးထဲ (အခုတော့ ပြတိုက်အဖြစ်ထားရှိ) ပြန်လာခဲ့ပြီး ခြံမှာအလုပ်လုပ်ကိုင်ရင်း ကျောင်းစာလေ့လာသင်ယူမှုတွေကို ကိုယ်တိုင်စီစဉ်ခဲ့တယ်။ ဒါပေမယ့် အလုပ်နှစ်ခုလုံး သူအောင်မြင်မှုမရခဲ့ပါဘူး။ ဒီလိုနဲ့ မော်စကို၊ St. Petersburg လူ့အသိုင်းအဝိုင်းထဲ သူရောက်သွားခဲ့ပြန်တယ်။

ဒါပေမယ့် အေးအေးသက်သာတဲ့ဘဝကို ငြီးငွေ့ခဲ့လို့ ၁၈၅၁ခုနှစ်မှာ အစ်ကိုနဲ့အတူ Caucasus ကိုသွားရောက်ပြီး စစ်ထဲဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စာရေးဖို့ သူစတင်ကြိုးစားခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ သူ့ဘဝ သူ့အပြုအမူတွေကို စတင်စိစစ်သုံးသပ်ခဲ့တယ်။ စစ်ထဲဝင်ပြီး နောက်တစ်နှစ်မှာပဲ စစ်ပွဲတစ်ပွဲထဲသူပါဝင်ခဲ့ပါတယ်။ စစ်ပွဲမှာ တိုက်ရည်ခိုက်ရည်ကောင်းခဲ့သလို သူရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ Childhood (ကလေးဘဝ)အမည်ရဝတ္ထုကို ရေးသားထုတ်ဝေခဲ့ပါတယ်။

အသက် ၂ဝအရွယ် မိုရန်
(စာပေနိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ Mo Yan)

ဝါစက်ရုံယာယီလုပ်သားကနေ စစ်ထဲဝင်ခဲ့ပါတယ်။

၁၉၇၅ခုနှစ် ၂ဝအရွယ်မော့်ရင်ဟာ ဝါစက်ရုံမှာယာယီလုပ်သားအဖြစ် လုပ်ကိုင်ခဲ့တယ်။ အလုပ်စလုပ်ချိန်မှာ အတန်းပညာလိမ်ညာစာရင်းသွင်းခဲ့တယ်။ အလယ်တန်းအောင်လို့ဆိုခဲ့ပေမယ့် ရွာနားနီးချင်းတစ်ဦးက အဖြစ်မှန်ကိုသိသွားခဲ့လို့ သူခေါင်းမမော့နိုင်အောင်ဖြစ်ခဲ့ရတယ်။

၁၉၇၆ခုနှစ်မှာ စစ်ထဲ မော့်ရင်ဝင်ခဲ့ပြီး စာတွေကိုစတင်ရေးသားခဲ့တယ်။ ၁၉၈၄ခုနှစ် ၂၉နှစ်အရွယ်မှာ ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်အနုပညာကျောင်းကို ဝင်ခွင့်ရခဲ့ပြီးနောက် စာပေလောကထဲ ဝင်ရောက်ခဲ့တယ်။

အသက် ၂ဝအရွယ်မှာ သူတို့ဟာ ဘယ်လို စိတ်ရှုပ်ထွေးမှု၊ အခက်အခဲ၊ ဆင်းရဲပင်ပန်းခြင်းတွေရှိခဲ့ပါစေ၊ စိတ်ကူးအိပ်မက်နဲ့ ဝေးခဲ့ပါစေ သူတို့ရဲ့ကြိုးစားမှု၊ ဇွဲလုံ့လရှိမှုနဲ့ ဒီကနေ့ရဲ့အောင်မြင်မှုကို သူတို့ဆွတ်ခူးခဲ့ကြတယ်။ ကျွန်မတို့လူတိုင်းမှာလည်း စိတ်ကူးအိပ်မက်က ရှိသင့်ပါတယ်။ တကယ်လို့များ အဲဒီအိပ်မက်ကို မတော်မဆ အကောင်အထည်ဖော်ဖြစ်ခဲ့မယ်ဆိုရင်တော့…..


မူရင်းလင့် — http://tuyang.bokee.com/met…/visitor/article/2608362/12421/1

နိုင်းနိုင်းစနေ

Leave a Reply