ပ်င္းရိျခင္းကုိ အႏုိင္ယူႏုိင္သည္႔ ဂ်ပန္တုိ႔၏ နည္းစနစ္တစ္ခု

Posted on

ဘာသာျပန္သူ – မင္းအရိပ္

လူေတာ္ေတာ္မ်ားမ်ားဟာ ရည္မွန္းခ်က္အသစ္ (ဒါမွမဟုတ္) စိန္ေခၚမႈအသစ္တစ္ခုခုကုိ အခါအား ေလ်ာ္စြာ ခ်မွတ္အေကာင္အထည္ေဖာ္ေလ႔ရွိႀကပါတယ္။ ဒါေပမယ္႔လည္း မေအာင္ျမင္ဘဲ က်ရႈံးမႈနဲ႔ အဆုံးသတ္ ရေလ႔ရွိတာ မ်ားေနျပန္တယ္။ အဲဒီအခါ ေတာ္ေတာ္မ်ားမ်ား ေျပာတတ္ႀကတာက ဒီအခ်ိန္မွာ ငါ အဆင္သင္႔ျဖစ္ မေနေသးလုိ႔ပါ။ ေနာက္တစ္ပတ္၊ ေနာက္တစ္လ၊ ေနာက္တစ္ႏွစ္က်ရင္ ေအာင္ျမင္ေအာင္ ျပန္လုပ္မယ္တဲ႔။ ဒါ ေပမယ္႔ ဘာမွ ထပ္ျပီး အေကာင္အထည္မေပၚလာခဲ႔ႀကပါဘူး။

ကြ်န္ေတာ္တုိ႔ဟာ အစပုိင္းမွာ ဇြဲနဘဲေကာင္းေကာင္းနဲ႔ အေကာင္အထည္ေဖာ္ေလ႔ရွိႀကေပမယ္႔ အနည္း ငယ္ေလာက္ ႀကိဳးပမ္းအားထုတ္ျပီးရင္ေတာ႔ ကြ်န္ေတာ္တုိ႔ကုိယ္ ကြ်န္ေတာ္တုိ႔ လုံေလာက္ျပီလုိ႔ ထင္တတ္သြား ႀကတယ္။ အဲဒီလုိနဲ႔ပဲ ကြ်န္ေတာ္တုိ႔ရဲ႕ ရည္မွန္းခ်က္ေတြအေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ တျဖည္းျဖည္း တုံ႔ေႏွးသြား ႀကရေတာ႔တာပါပဲ။

ဘာေႀကာင္႔ ဒီလုိျဖစ္ရသလဲ။ ဘာလုိ႔လဲဆုိေတာ႔ ကြ်န္ေတာ္တုိ႔ဟာ ျမန္ျမန္နဲ႔ မ်ားမ်ား လုိခ်င္လုိ႔ပါပဲ။ ဆုိ လုိတာက အခ်ိန္တုိအတြင္းမွာ ရည္မွန္းခ်က္ကုိ အေကာင္အထည္ေဖာ္ခ်င္မိႀကလုိ႔ပါ။ တာ၀န္အသစ္ေတြကုိ ထမ္းေဆာင္ဖုိ႔ အားနည္းက်လုိ႔ပါ။ အက်င္႔ေဟာင္းေတြကုိ ျပင္ဖုိ႔ ခက္ခဲသလုိ အက်င္႔အသစ္ေတြ ေမြးျမဴဖုိ႔ ခက္ခဲ ႀကလုိ႔ပါပဲ။

ခုိင္ဇံ (သုိ႔မဟုတ္) တစ္မိနစ္သေဘာတရား

ဂ်ပန္လူမ်ိဳးေတြမွာ ခုိင္ဇံလုိ႔ ေခၚတဲ႔ အေလ႔အထတစ္ခုရွိပါတယ္။ တစ္မိနစ္သေဘာတရားလုိ႔လဲ ေခၚ ႀကတယ္။ ဒီအေလ႔အထရဲ႕ အဓိကအႏွစ္သာရကေတာ႔ ေန႔စဥ္ေန႔တုိင္း သတ္မွတ္ထားတဲ႔ အခ်ိန္အတိအက်မွာ ကုိယ္ေလ႔လာသင္ယူခ်င္တဲ႔အရာ (ဒါမွမဟုတ္) ကုိယ္လုပ္ခ်င္တဲ႔အရာကုိ တစ္မိနစ္တည္းသာ လုပ္ဖုိ႔ပါပဲ။ ေသ ခ်ာတာကေတာ႔ ဘယ္လုိလူမ်ိဳးအတြက္မဆုိ ဒီလုိလုပ္ဖုိ႔ လြယ္ကူျပီး အရမ္းပ်င္းတဲ႔လူေတြေတာင္ တစ္မိနစ္ ေတာ႔ လုပ္ႏုိင္ႀကတာခ်ည္းပါပဲ။ ေန႔စဥ္ေန႔တုိင္းမွာ တစ္စုံတစ္ခုကုိ တစ္နာရီ၊ နာရီ၀က္ စသျဖင္႔လုပ္ဖုိ႔ အခက္အ ခဲရွိႏုိင္ေပမယ္႔ စကၠန္႔(၆၀)ေလာက္ပဲ လုပ္တဲ႔အခါ ဘာအမွားမွမျဖစ္ဘဲ အာရုံစူးစုိက္ႏုိင္ဖုိ႔ ေသခ်ာပါတယ္။

သည္လုိလုပ္ရင္းနဲ႔ အရင္က ကြ်န္ေတာ္တုိ႔အေနနဲ႔ ႏွစ္သက္ဖြယ္ေကာင္းမယ္လုိ႔ မထင္ခဲ႔တဲ႔ အလုပ္ေတြ ဟာ ကြ်န္ေတာ္တုိ႔အတြက္ ေပ်ာ္ရႊင္မႈနဲ႔ စိတ္ေက်နပ္မႈေတြ ျဖစ္ေပၚလာေစေႀကာင္း ေတြ႔လာရမွာပါ။ ဒီလုိနဲ႔ အခ်ိန္နည္းနည္းခ်င္းစီတုိးသြားလုိက္ရင္ ျပည္႔စုံတဲ႔ လမ္းေႀကာင္းေပၚကုိ ေရာက္ရွိလာမွာျဖစ္ျပီး ရလာဒ္ေကာင္း ေတြရေအာင္ စြမ္းေဆာင္လာႏုိင္ႀကမွာလဲ ျဖစ္ပါတယ္။

တစ္မိနစ္သေဘာတရားဟာ ကြ်န္ေတာ္တုိ႔ရဲ႕ ကုိယ္ပုိင္အစြမ္းအစေတြအေပၚ ကြ်န္ေတာ္တုိ႔ကုိယ္တုိင္ မယုံႀကည္ျဖစ္ေနမႈအေပၚ အႏုိင္ယူလုိက္ျပီး မလုံမလဲျဖစ္မႈေတြ၊ အကူအညီကင္းမဲ႔သလုိ ခံစားေနရမႈေတြထံမွ ကြ်န္ေတာ္တုိ႔ကုိ လြတ္ေျမာက္ေစမွာ ျဖစ္ပါတယ္။ အဲဒီလုိခံစားလာရျပီဆုိရင္ ကြ်န္ေတာ္တုိ႔ သတ္မွတ္ထားတဲ႔ အခ်ိန္တစ္မိနစ္ကေန နည္းနည္းခ်င္းစီတုိးလုိ႔ရပါျပီ။ ဒါေပမယ္႔ အစပုိင္းမွာ ငါးမိနစ္ခန္႔သာ တုိးသြားဖုိ႔ လုိျပီး ေနာက္ပုိင္းက်မွသာ နာရီ၀က္၊ တစ္နာရီ စသျဖင္႔ တုိးသြားရမွာျဖစ္ပါတယ္။ ဒီလုိနည္းနဲ႔ တစ္မိနစ္သေဘာတရား ရဲ႕ တုိးတက္မႈအေျခအေနကုိ ကြ်န္ေတာ္တုိ႔မ်က္စိေရွ႕မွာတင္ ေတြ႔ျမင္လာရမွာပါ။

ကြ်န္ေတာ္တုိ႔လုိအပ္တာက ကြ်န္ေတာ္တုိ႔ဘာလုိခ်င္တယ္ဆုိတာကုိ ရွင္းရွင္းလင္းလင္းသေဘာေပါက္ ဖုိ႔ပါပဲ။ အဲဒီေနာက္မွာေတာ႔ ခုိင္ဇံသေဘာတရားကုိ အသုံးျပဳျပီး လုိခ်င္တာရေအာင္ လုပ္ႏုိင္ႀကျပီျဖစ္ပါတယ္။

https://brightside.me/article/a-japanese-technique-for-overcoming-laziness-11255/ ကုိ ဆီေလ်ာ္ သလုိ ဘာသာျပန္ပါတယ္။

မင္းအရိပ္ (ေရာင္စုံအခန္းငယ္)

———————

ပျင်းရိခြင်းကို အနိုင်ယူနိုင်သည့် ဂျပန်တို့၏ နည်းစနစ်တစ်ခု (unicode)

ဘာသာပြန်သူ – မင်းအရိပ်

လူတော်တော်များများဟာ ရည်မှန်းချက်အသစ် (ဒါမှမဟုတ်) စိန်ခေါ်မှုအသစ်တစ်ခုခုကို အခါအား လျော်စွာ ချမှတ်အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ဘဲ ကျရှုံးမှုနဲ့ အဆုံးသတ် ရလေ့ရှိတာ များနေပြန်တယ်။ အဲဒီအခါ တော်တော်များများ ပြောတတ်ကြတာက ဒီအချိန်မှာ ငါ အဆင်သင့်ဖြစ် မနေသေးလို့ပါ။ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်ကျရင် အောင်မြင်အောင် ပြန်လုပ်မယ်တဲ့။ ဒါ ပေမယ့် ဘာမှ ထပ်ပြီး အကောင်အထည်မပေါ်လာခဲ့ကြပါဘူး။

ကျွန်တော်တို့ဟာ အစပိုင်းမှာ ဇွဲနဘဲကောင်းကောင်းနဲ့ အကောင်အထည်ဖော်လေ့ရှိကြပေမယ့် အနည်း ငယ်လောက် ကြိုးပမ်းအားထုတ်ပြီးရင်တော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ လုံလောက်ပြီလို့ ထင်တတ်သွား ကြတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ တဖြည်းဖြည်း တုံ့နှေးသွား ကြရတော့တာပါပဲ။

ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ မြန်မြန်နဲ့ များများ လိုချင်လို့ပါပဲ။ ဆို လိုတာက အချိန်တိုအတွင်းမှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်မိကြလို့ပါ။ တာဝန်အသစ်တွေကို ထမ်းဆောင်ဖို့ အားနည်းကျလို့ပါ။ အကျင့်ဟောင်းတွေကို ပြင်ဖို့ ခက်ခဲသလို အကျင့်အသစ်တွေ မွေးမြူဖို့ ခက်ခဲ ကြလို့ပါပဲ။

ခိုင်ဇံ (သို့မဟုတ်) တစ်မိနစ်သဘောတရား

ဂျပန်လူမျိုးတွေမှာ ခိုင်ဇံလို့ ခေါ်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ တစ်မိနစ်သဘောတရားလို့လဲ ခေါ် ကြတယ်။ ဒီအလေ့အထရဲ့ အဓိကအနှစ်သာရကတော့ နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ကိုယ်လေ့လာသင်ယူချင်တဲ့အရာ (ဒါမှမဟုတ်) ကိုယ်လုပ်ချင်တဲ့အရာကို တစ်မိနစ်တည်းသာ လုပ်ဖို့ပါပဲ။ သေ ချာတာကတော့ ဘယ်လိုလူမျိုးအတွက်မဆို ဒီလိုလုပ်ဖို့ လွယ်ကူပြီး အရမ်းပျင်းတဲ့လူတွေတောင် တစ်မိနစ် တော့ လုပ်နိုင်ကြတာချည်းပါပဲ။ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ခုကို တစ်နာရီ၊ နာရီဝက် စသဖြင့်လုပ်ဖို့ အခက်အ ခဲရှိနိုင်ပေမယ့် စက္ကန့်(၆၀)လောက်ပဲ လုပ်တဲ့အခါ ဘာအမှားမှမဖြစ်ဘဲ အာရုံစူးစိုက်နိုင်ဖို့ သေချာပါတယ်။

သည်လိုလုပ်ရင်းနဲ့ အရင်က ကျွန်တော်တို့အနေနဲ့ နှစ်သက်ဖွယ်ကောင်းမယ်လို့ မထင်ခဲ့တဲ့ အလုပ်တွေ ဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေ ဖြစ်ပေါ်လာစေကြောင်း တွေ့လာရမှာပါ။ ဒီလိုနဲ့ အချိန်နည်းနည်းချင်းစီတိုးသွားလိုက်ရင် ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး ရလာဒ်ကောင်း တွေရအောင် စွမ်းဆောင်လာနိုင်ကြမှာလဲ ဖြစ်ပါတယ်။

တစ်မိနစ်သဘောတရားဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပေါ် ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်ဖြစ်နေမှုအပေါ် အနိုင်ယူလိုက်ပြီး မလုံမလဲဖြစ်မှုတွေ၊ အကူအညီကင်းမဲ့သလို ခံစားနေရမှုတွေထံမှ ကျွန်တော်တို့ကို လွတ်မြောက်စေမှာ ဖြစ်ပါတယ်။ အဲဒီလိုခံစားလာရပြီဆိုရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချိန်တစ်မိနစ်ကနေ နည်းနည်းချင်းစီတိုးလို့ရပါပြီ။ ဒါပေမယ့် အစပိုင်းမှာ ငါးမိနစ်ခန့်သာ တိုးသွားဖို့ လိုပြီး နောက်ပိုင်းကျမှသာ နာရီဝက်၊ တစ်နာရီ စသဖြင့် တိုးသွားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်မိနစ်သဘောတရား ရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်တို့မျက်စိရှေ့မှာတင် တွေ့မြင်လာရမှာပါ။

ကျွန်တော်တို့လိုအပ်တာက ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက် ဖို့ပါပဲ။ အဲဒီနောက်မှာတော့ ခိုင်ဇံသဘောတရားကို အသုံးပြုပြီး လိုချင်တာရအောင် လုပ်နိုင်ကြပြီဖြစ်ပါတယ်။

https://brightside.me/article/a-japanese-technique-for-overcoming-laziness-11255/ ကို ဆီလျော် သလို ဘာသာပြန်ပါတယ်။

Leave a Reply