စာေရးစာဖတ္ခက္ခဲလို႔ ေက်ာင္းထြက္ရသူမွ ဘီလ်ံနာျဖစ္လာတဲ့သူ (သုိ႔) ဆာ ရစ္ခ်တ္ဘရင္ဆန္

Posted on

မူရင္းေရးသားသူ – ဗန္းေမာ္သိန္းေဖ

အဂၤလန္နိုင္ငံက စာေရးစာဖတ္ ခက္ခဲတဲ့ ဦးေႏွာက္ခ်ိဳ႕ယြင္းခ်က္ေလးရွိတဲ့ ေကာင္ေလးတေယာက္ဟာ အသက္ ၁၆ ႏွစ္မွာ စာမလိုက္ႏိုင္လို႔ ေက်ာင္းထြက္လိုက္္ၿပီး ကိုယ္ပိုင္စီးပြားေရး စလုပ္တယ္။ သူနဲ႔သူငယ္ခ်င္းတေယာက္ဟာ သူတို႔စုထားတဲ့မံု႔ဖိုးေလးေတြနဲ႔ ေက်ာင္းသားေတြဖတ္ဖို႔ Student ဆိုတဲ့ စာေစာင္ေလးတခုကို ထုတ္ေဝလိုက္တယ္။

စာေစာင္ေလးဟာ အရမ္းေရာင္းေကာင္းၿပီး ေအာင္ျမင္သြားတယ္။ ဒီေအာင္ျမင္မႈက အစျပဳၿပီး ေပါ့သီခ်င္းအယ္ဘမ္ဓါတ္ျပားဆိုင္ေတြ၊ ဗီဒီယိုအေခြငွားဆိုင္ေတြ၊ ေလေၾကာင္းလိုင္း ဖြင့္ရင္း ေနာက္ထပ္ စီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီးထူေထာင္တယ္။

အခုေတာ့ သူဟာ ႏိုင္ငံေပါင္း ၃၀ ေက်ာ္မွာ ကုမၸဏီေပါင္း ၄၀၀ ေက်ာ္နဲ႔ ဖြဲ႕စည္းထားတဲ့ Virgin Group ရဲ႕ပိုင္ရွင္နဲ ့ အဂၤလန္ႏိုင္ငံမွာ အခ်မ္းသာဆံုးအဆင့္ ၄ ျဖစ္တဲ့ ဘီလ်ံနာသူေ႒းႀကီးတေယာက္ ျဖစ္ေနပါၿပီ။ သူ႔နာမည္က ရစ္ခ်တ္ဘရင္ဆန္ (Richard Branson) ပါ။

သူ႔ရဲ႕သတင္းဟာ ယေန႔သတင္းစာ၊ စာေစာင္နဲ႔ အင္တာနက္ေတြမွာ ပ်ံ႕ႏွံ ့ေနပါတယ္။ သူ့ရဲ႕တမူထူးျခားတဲ့ စီးပြားေရး လုပ္နည္းလုပ္ဟန္ေတြဟာ စိတ္ဝင္စားစရာ ေကာင္းလြန္းလို႔ ေရးသားေဖၚျပေပးလိုက္ပါတယ္။

ဘာေၾကာင့္ ကုမၸဏီနာမည္ကို Virgin လို႔ နာမည္ေပးရတာလဲဆိုတဲ့ေမးခြန္းကုိ ရစ္ခ်တ္က ခုလို ျပန္ေျဖခဲ့ပါတယ္။ သူ Virgin Records ေတးသံသြင္းစတူဒီယိုဆိုင္ကို စေထာင္တံုးက သူရဲ႕လုပ္ငန္းပါတနာက ဒီလုပ္ငန္းမ်ိဳးကို အရင္က တခါမွမလုပ္ဖူးၾကလို႔ သူတို႔ ၂ ေယာက္ဟာ virgin ေတြပါပဲလို႔ ေျပာလိုက္တယ္။ (Virginဆိုတာ လိင္မႈကိစၥမွာ အေတြ႕အၾကံဳမရွိေသးတဲ့ လူပိ်ဳ၊ အပ်ိဳစစ္စစ္ေလးေတြကို ေျပာတာပါ)။ ဒါနဲ႔ Virgin ဆိုတဲ့နာမည္ကို ေပးျဖစ္သြားတာပါတဲ့။

ရစ္ခ်တ္ဟာ ဘာေၾကာင့္ Virgin နာမည္ကို သေဘာက်ရတာလဲဆိုတဲ့ လူေတြမသိၾကတဲ့ အလြန္စိတ္ဝင္စားဖြယ္ ေကာင္းတဲ့အေၾကာင္းေလးတခုလဲ ရွိေသးတယ္။ ရစ္ခ်တ္ လူပိ်ဳေပါက္အရြယ္မွာ သူသေဘာက်ေနတဲ့ ေကာင္မေလးက Virgin Islands ဆိုတဲ့ အပန္းေျဖကြ်န္းေလးတခုကို မိသားစုနဲ႔ အလည္သြားတယ္။

ေကာင္မေလးက သူ႔ကို Virgin Islands ကို လိုက္လာရင္ သူခ်စ္ခြင့္ပန္ထားတာကို အေျဖေပးမယ္လို႔ ေျပာခဲ့တယ္။ အမွန္က ေကာင္မေလးက ေနာက္ေျပာလိုက္တာပါ။ ရစ္ခ်တ္ဟာ ဆင္းရဲလို႔ ကြ်န္းကို လိုက္လာဖို ့ ေလယဥ္လက္မွတ္ဖိုး မတတ္ႏိုင္ဘူးဆိုတာ ေကာင္မေလးက သိေနတာကိုး။

အဲဒါကို အခ်စ္စိတ္မြန္ေနတဲ့ ရစ္ခ်တ္က တကယ္ေျပာတာလို႔ ထင္သြားတယ္။ ဒီေတာ့ သူ ဘာလုပ္သလဲ။ သူစုထားတဲ့ ပိုက္ဆံေလးနဲ ့သူငယ္ခ်င္းေတြဆီက ေခ်းငွားလို႔ရတဲ့ ပိုက္ဆံေပါင္းၿပီး Virgin Islands ကိုသြားဖို႔ ေလယဥ္အသြားအျပန္ လက္မွတ္တေစာင္ ဝယ္လိုက္တယ္။

ကံဆိုးခ်င္ေတာ့ သြားမဲ့ရက္ သူ ေလဆိပ္ကို ေရာက္သြားတဲ့အခါ သူစီးမဲ့ေလယာဥ္ဟာ စက္ခြ်တ္ယြင္းေနလို ့ နာရီအေတာ္ၾကာၾကာ ေနာက္က်ျပီးမွ ေလယဥ္ထြက္ႏိုင္မယ္လို႔ ေၾကျငာထားတာကို ေတြ႕လိုက္ရတယ္။ ရစ္ခ်တ္ဟာ ကြ်န္းကို အခ်ိန္မွီေရာက္ခ်င္ေနတယ္။ သူလိုက္လာတာကို ေကာင္မေလးျမင္ေတြ႔ၿပီး အံ့ၾသသြားေစခ်င္လို႔ပါ။

ဒီေတာ့ သူဘာလုပ္သလဲ။ ခ်ာတာေျပးဆြဲေနတဲ့ ေလယဥ္အေသးေလးတစီးကို စီးလံုးငွားလိုက္တယ္။ ေလယဥ္လက္မွတ္ေတာင္ သူမ်ားဆီက ပိုက္ဆံေခ်းငွားၿပီး ဝယ္လာရတဲ့ရစ္ခ်တ္ဟာ ေလယဥ္စီးလံုးငွားရေအာင္ ဘယ္ကပိုက္ဆံရတာလဲလို႔ ေမးခ်င္ၾကမွာပါ။ သူ႔အိပ္ထဲမွာလဲ ဟိုေရာက္ရင္ သံုးဖို႔ပိုက္ဆံေလး နည္းနည္းပဲ ရွိပါတယ္။ ပိုက္ဆံမရွိပဲ သူ ခ်ာတာေလယဥ္ကို စီးလံုးငွါးႏိုင္တာလဲ။ သူ႔လုပ္ပံုဟာ စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။

ေလဆိပ္စားေသာက္ဆိုင္တခုကေန စကၠဴကဒ္ျပားအျဖဴႀကီးႀကီးတခုကို ေတာင္းယူလိုက္ၿပီး အဲဒီေပၚမွာ ခုလိုစာေရးလိုက္တယ္။ “Virgin Islands ကို ခ်က္ျခင္းေလယဥ္ထြက္မယ္။ ေလယဥ္ခ ၂၉ ေဒၚလာထဲပါ” တဲ့။ အဲဒီကဒ္ျပားျဖဴႀကီးကို လက္နဲ႔ ကိုင္ေျမွာက္ျပရင္း ေစာင့္ေနၾကတဲ့ ခရီးသည္ေတြၾကား ေလ်ွာက္သြားလိုက္တယ္။ ကြ်န္းကို အျမန္ေရာက္ခ်င္သူေတြက အလုအယက္ ပိုက္ဆံေပးၿပီး စာရင္းေပးၾကလို႔ ခနေလးနဲ႔ ေလယဥ္တစီးစာ လူျပည့္သြားတယ္။

လူေတြဆီက ေကာက္လို႔ရတဲ့ ပိုက္ဆံေတြနဲ႔ ခ်ာတာေလယဥ္ငွားခ ေပးလိုက္တယ္။ ရစ္ခ်တ္လဲ ကြ်န္းကို ေလယဥ္အလကား စီးခြင့္ရသြားတယ္။ ဒါေလးဟာ သူ႔ဘဝမွာ Virgin နာမည္ကို အၿမဲအမွတ္ရေနေစတယ္။ ဒီအျဖစ္အပ်က္ေလးကို ၾကည့္ျခင္းအားျဖင့္ ရစ္ခ်တ္ဟာ စီးပြားေရးမွာ အရမ္းအကြက္ျမင္တတ္သူမွန္း သိႏိုင္ပါတယ္။

သူေျပာခဲ့တဲ့ စကားေတြထဲက မွတ္သားစရာတခ်ိဳ႕က –

– လူေတြက ေျပာၾကတယ္။ Customer comes first ေစ်းဝယ္သူက ပထမတ့ဲ။ အမွန္က မိမိဝန္ထမ္းေတြက ပထမပါ။ ဝန္ထမ္းေတြကို ဂ႐ုစိုက္ရင္ သူတို႔က ေစ်းဝယ္သူေတြကို ဂ႐ုစိုက္ပါလိမ့္မယ္။

– တကယ္လို႔ သင့္ကို တစံုတေယာက္က အလြန္ေကာင္းတဲ့ အခြင့္အလမ္းႀကီးတခု ကမ္းလွမ္းလာရင္ လုပ္ႏိုင္ မလုပ္ႏိုင္ စဥ္းစားမေနနဲ႔။ အရင္လက္ခံလိုက္ပါ။ ၿပီးမွ ဘယ္လိုလုပ္ရမယ္ဆိုတာ သင္ယူေလ့လာပါ။

– လမ္းေလွ်ာက္တတ္ေအာင္ သင္ယူရာမွာ ဥပေဒအတိုင္း လုပ္ရတာမဟုတ္ဘူး။ ေလွ်ာက္ၾကည့္ရမယ္။ လဲရင္ျပန္ထၿပီး ထပ္ေလွ်ာက္မယ္။ စီးပြားေရးလုပ္တာလဲ ဒီလိုပါပဲ။

– အေကာင္းဆံုးသင္ယူနည္းက လက္ေတြ႕လုပ္ျခင္းပါပဲ။

– က်ရွႈံးလို႔ စိတ္မပ်က္ပါနဲ႔။ အရံႈးကေန သင္ခန္းစာယူၿပီး ဆက္လုပ္ပါ။

– စီးပြားေရး အခြင့္အလမ္းဆိုတာ ဘတ္စ္ကားေတြလိုပါပဲ။ တစီးလြတ္သြားလဲ ေနာက္တစီး လာမွာပါ။

– လုပ္ငန္းလုပ္ရာမွာ ပထမက မိမိဝန္ထမ္း၊ ဒုတိယက ေစ်းဝယ္သူေဖါက္သည္၊ တတိယက ရွယ္ယာအစုရွင္ေတြလို႔ သေဘာထားပါ။

– ဘဝရဲ႕ အခ်ိန္ ၈၀ ရာခိုင္ႏူန္းဟာ အလုပ္လုပ္ရင္း ကုန္ဆံုးရတယ္။ ဒီေတာ့ အလုပ္ကို ေပ်ာ္စရာျဖစ္ေအာင္ ဖန္တီးႏိုင္ရင္ ဘဝမွာ အခ်ိန္ျပည့္ ေပ်ာ္ႏိုင္တာေပါ့။

– ကမာၻႀကီးဟာ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲေနတယ္။ ႀကီးသူက ငယ္သူကို ႏိုင္တဲ့ေခတ္ မဟုတ္ေတာ့ဘူး။ ျမန္သူက ေႏွးသူကို ႏိုင္တဲ့ေခတ္ ျဖစ္သြားၿပီ။

– လြယ္တာကို ခက္ေအာင္လုပ္ဖို႔ လြယ္ပါတယ္။ ဒါေပမဲ့ ခက္တာကို လြယ္ေအာင္လုပ္ဖို႔က်ေတာ့ ခက္ပါတယ္။

– စီးပြားေရးလုပ္ငန္းလုပ္တယ္ဆိုတာ တကယ္ေတာ့ လူေတြရဲ့ဘဝကို တိုးတက္ေအာင္ လုပ္ေပးရင္း ပိုက္ဆံရေနတာပါ။

ဘ၀ နဲ႔ ေအာင္ျမင္မႈ အတြက္ ရစ္ခ်က္ဘရင္ဆန္ ရဲ႕ ေနာက္ထပ္စကားအခ်ဳိ႕

(ဘီလ်ံနာသူေဌးႀကီး ဆာ ရစ္ခ်က္ဘရင္ဆန္ရဲ႕ ႀကဳိးစားခဲ့ပုံေတြ နဲ႔ ဘ၀အေတြ႔အႀကဳံေတြကုိ သိခ်င္ရင္ ဆရာဗန္းေမာ္သိန္းေဖေရးထားတဲ့ “ဆာ ရစ္ခ်က္ ဘရင္ဆန္ – စြန္္႔စြန္႔စားစား စီးပြားေရးသမား” ဆုိတဲ့ စာအုပ္ကုိ ဖတ္ပါ)


စာရေးစာဖတ်ခက်ခဲလို့ ကျောင်းထွက်ရသူမှ ဘီလျံနာဖြစ်လာတဲ့သူ (သို့) ဆာ ရစ်ချတ်ဘရင်ဆန် (unicode)

မူရင်းရေးသားသူ – ဗန်းမော်သိန်းဖေ

အင်္ဂလန်နိုင်ငံက စာရေးစာဖတ် ခက်ခဲတဲ့ ဦးနှောက်ချို့ယွင်းချက်လေးရှိတဲ့ ကောင်လေးတယောက်ဟာ အသက် ၁၆ နှစ်မှာ စာမလိုက်နိုင်လို့ ကျောင်းထွက်လိုက်ပြီး ကိုယ်ပိုင်စီးပွားရေး စလုပ်တယ်။ သူနဲ့သူငယ်ချင်းတယောက်ဟာ သူတို့စုထားတဲ့မုံ့ဖိုးလေးတွေနဲ့ ကျောင်းသားတွေဖတ်ဖို့ Student ဆိုတဲ့ စာစောင်လေးတခုကို ထုတ်ဝေလိုက်တယ်။ စာစောင်လေးဟာ အရမ်းရောင်းကောင်းပြီး အောင်မြင်သွားတယ်။ ဒီအောင်မြင်မှုက အစပြုပြီး ပေါ့သီချင်းအယ်ဘမ်ဓါတ်ပြားဆိုင်တွေ၊ ဗီဒီယိုအခွေငှားဆိုင်တွေ၊ လေကြောင်းလိုင်း ဖွင့်ရင်း နောက်ထပ် စီးပွားရေးလုပ်ငန်းတွေ အများကြီးထူထောင်တယ်။

အခုတော့ သူဟာ နိုင်ငံပေါင်း ၃၀ ကျော်မှာ ကုမ္ပဏီပေါင်း ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Virgin Group ရဲ့ပိုင်ရှင်နဲ့ အင်္ဂလန်နိုင်ငံမှာ အချမ်းသာဆုံးအဆင့် ၄ ဖြစ်တဲ့ ဘီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်နေပါပြီ။ သူ့နာမည်က ရစ်ချတ်ဘရင်ဆန် (Richard Branson) ပါ။ သူ့ရဲ့သတင်းဟာ ယနေ့သတင်းစာ၊ စာစောင်နဲ့ အင်တာနက်တွေမှာ ပျံ့နှံ့နေပါတယ်။ သူ့ရဲ့တမူထူးခြားတဲ့ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေဟာ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ရေးသားဖေါ်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ကုမ္ပဏီနာမည်ကို Virgin လို့ နာမည်ပေးရတာလဲဆိုတဲ့မေးခွန်းကို ရစ်ချတ်က ခုလို ပြန်ဖြေခဲ့ပါတယ်။ သူ Virgin Records တေးသံသွင်းစတူဒီယိုဆိုင်ကို စထောင်တုံးက သူရဲ့လုပ်ငန်းပါတနာက ဒီလုပ်ငန်းမျိုးကို အရင်က တခါမှမလုပ်ဖူးကြလို့ သူတို့ ၂ ယောက်ဟာ virgin တွေပါပဲလို့ ပြောလိုက်တယ်။ (Virginဆိုတာ လိင်မှုကိစ္စမှာ အတွေ့အကြုံမရှိသေးတဲ့ လူပျို၊ အပျိုစစ်စစ်လေးတွေကို ပြောတာပါ)။ ဒါနဲ့ Virgin ဆိုတဲ့နာမည်ကို ပေးဖြစ်သွားတာပါတဲ့။

ရစ်ချတ်ဟာ ဘာကြောင့် Virgin နာမည်ကို သဘောကျရတာလဲဆိုတဲ့ လူတွေမသိကြတဲ့ အလွန်စိတ်ဝင်စားဖွယ် ကောင်းတဲ့အကြောင်းလေးတခုလဲ ရှိသေးတယ်။ ရစ်ချတ် လူပျိုပေါက်အရွယ်မှာ သူသဘောကျနေတဲ့ ကောင်မလေးက Virgin Islands ဆိုတဲ့ အပန်းဖြေကျွန်းလေးတခုကို မိသားစုနဲ့ အလည်သွားတယ်။ ကောင်မလေးက သူ့ကို Virgin Islands ကို လိုက်လာရင် သူချစ်ခွင့်ပန်ထားတာကို အဖြေပေးမယ်လို့ ပြောခဲ့တယ်။ အမှန်က ကောင်မလေးက နောက်ပြောလိုက်တာပါ။ ရစ်ချတ်ဟာ ဆင်းရဲလို့ ကျွန်းကို လိုက်လာဖို့ လေယဉ်လက်မှတ်ဖိုး မတတ်နိုင်ဘူးဆိုတာ ကောင်မလေးက သိနေတာကိုး။

အဲဒါကို အချစ်စိတ်မွန်နေတဲ့ ရစ်ချတ်က တကယ်ပြောတာလို့ ထင်သွားတယ်။ ဒီတော့ သူ ဘာလုပ်သလဲ။ သူစုထားတဲ့ ပိုက်ဆံလေးနဲ့သူငယ်ချင်းတွေဆီက ချေးငှားလို့ရတဲ့ ပိုက်ဆံပေါင်းပြီး Virgin Islands ကိုသွားဖို့ လေယဉ်အသွားအပြန် လက်မှတ်တစောင် ဝယ်လိုက်တယ်။ ကံဆိုးချင်တော့ သွားမဲ့ရက် သူ လေဆိပ်ကို ရောက်သွားတဲ့အခါ သူစီးမဲ့လေယဉ်ဟာ စက်ချွတ်ယွင်းနေလို့ နာရီအတော်ကြာကြာ နောက်ကျပြီးမှ လေယဉ်ထွက်နိုင်မယ်လို့ ကြေငြာထားတာကို တွေ့လိုက်ရတယ်။ ရစ်ချတ်ဟာ ကျွန်းကို အချိန်မှီရောက်ချင်နေတယ်။ သူလိုက်လာတာကို ကောင်မလေးမြင်တွေ့ပြီး အံ့ဩသွားစေချင်လို့ပါ။

ဒီတော့ သူဘာလုပ်သလဲ။ ချာတာပြေးဆွဲနေတဲ့ လေယဉ်အသေးလေးတစီးကို စီးလုံးငှားလိုက်တယ်။ လေယဉ်လက်မှတ်တောင် သူများဆီက ပိုက်ဆံချေးငှားပြီး ဝယ်လာရတဲ့ရစ်ချတ်ဟာ လေယဉ်စီးလုံးငှားရအောင် ဘယ်ကပိုက်ဆံရတာလဲလို့ မေးချင်ကြမှာပါ။ သူ့အိပ်ထဲမှာလဲ ဟိုရောက်ရင် သုံးဖို့ပိုက်ဆံလေး နဲနဲပဲ ရှိပါတယ်။ ပိုက်ဆံမရှိပဲ သူ ချာတာလေယဉ်ကို စီးလုံးငှါးနိုင်တာလဲ။ သူ့လုပ်ပုံဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

လေဆိပ်စားသောက်ဆိုင်တခုကနေ စက္ကူကဒ်ပြားအဖြူကြီးကြီးတခုကို တောင်းယူလိုက်ပြီး အဲဒီပေါ်မှာ ခုလိုစာရေးလိုက်တယ်။ “Virgin Islands ကို ချက်ခြင်းလေယဉ်ထွက်မယ်။ လေယဉ်ခ ၂၉ ဒေါ်လာထဲပါ” တဲ့။ အဲဒီကဒ်ပြားဖြူကြီးကို လက်နဲ့ ကိုင်မြှောက်ပြရင်း စောင့်နေကြတဲ့ ခရီးသည်တွေကြား လျှောက်သွားလိုက်တယ်။ ကျွန်းကို အမြန်ရောက်ချင်သူတွေက အလုအယက် ပိုက်ဆံပေးပြီး စာရင်းပေးကြလို့ ခနလေးနဲ့ လေယဉ်တစီးစာ လူပြည့်သွားတယ်။

လူတွေဆီက ကောက်လို့ရတဲ့ ပိုက်ဆံတွေနဲ့ ချာတာလေယဉ်ငှားခ ပေးလိုက်တယ်။ ရစ်ချတ်လဲ ကျွန်းကို လေယဉ်အလကား စီးခွင့်ရသွားတယ်။ ဒါလေးဟာ သူ့ဘဝမှာ Virgin နာမည်ကို အမြဲအမှတ်ရနေစေတယ်။ ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်းအားဖြင့် ရစ်ချတ်ဟာ စီးပွားရေးမှာ အရမ်းအကွက်မြင်တတ်သူမှန်း သိနိုင်ပါတယ်။

သူပြောခဲ့တဲ့ စကားတွေထဲက မှတ်သားစရာတချို့က –

– လူတွေက ပြောကြတယ်။ Customer comes first ဈေးဝယ်သူက ပထမတဲ့။ အမှန်က မိမိဝန်ထမ်းတွေက ပထမပါ။ ဝန်ထမ်းတွေကို ဂရုစိုက်ရင် သူတို့က ဈေးဝယ်သူတွေကို ဂရုစိုက်ပါလိမ့်မယ်။

– တကယ်လို့ သင့်ကို တစုံတယောက်က အလွန်ကောင်းတဲ့ အခွင့်အလမ်းကြီးတခု ကမ်းလှမ်းလာရင် လုပ်နိုင် မလုပ်နိုင် စဉ်းစားမနေနဲ့။ အရင်လက်ခံလိုက်ပါ။ ပြီးမှ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ယူလေ့လာပါ။

– လမ်းလျှောက်တတ်အောင် သင်ယူရာမှာ ဥပဒေအတိုင်း လုပ်ရတာမဟုတ်ဘူး။ လျှောက်ကြည့်ရမယ်။ လဲရင်ပြန်ထပြီး ထပ်လျှောက်မယ်။ စီးပွားရေးလုပ်တာလဲ ဒီလိုပါပဲ။

– အကောင်းဆုံးသင်ယူနည်းက လက်တွေ့လုပ်ခြင်းပါပဲ။

– ကျရှုံးလို့ စိတ်မပျက်ပါနဲ့။ အရှုံးကနေ သင်ခန်းစာယူပြီး ဆက်လုပ်ပါ။

– စီးပွားရေး အခွင့်အလမ်းဆိုတာ ဘတ်စ်ကားတွေလိုပါပဲ။ တစီးလွတ်သွားလဲ နောက်တစီး လာမှာပါ။

– လုပ်ငန်းလုပ်ရာမှာ ပထမက မိမိဝန်ထမ်း၊ ဒုတိယက ဈေးဝယ်သူဖေါက်သည်၊ တတိယက ရှယ်ယာအစုရှင်တွေလို့ သဘောထားပါ။

– ဘဝရဲ့ အချိန် ၈၀ ရာခိုင်နူန်းဟာ အလုပ်လုပ်ရင်း ကုန်ဆုံးရတယ်။ ဒီတော့ အလုပ်ကို ပျော်စရာဖြစ်အောင် ဖန်တီးနိုင်ရင် ဘဝမှာ အချိန်ပြည့် ပျော်နိုင်တာပေါ့။

– ကမ္ဘာကြီးဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတယ်။ ကြီးသူက ငယ်သူကို နိုင်တဲ့ခေတ် မဟုတ်တော့ဘူး။ မြန်သူက နှေးသူကို နိုင်တဲ့ခေတ် ဖြစ်သွားပြီ။

– လွယ်တာကို ခက်အောင်လုပ်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ခက်တာကို လွယ်အောင်လုပ်ဖို့ကျတော့ ခက်ပါတယ်။

– စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ တကယ်တော့ လူတွေရဲ့ဘဝကို တိုးတက်အောင် လုပ်ပေးရင်း ပိုက်ဆံရနေတာပါ။

(ဘီလျံနာသူဌေးကြီး ဆာ ရစ်ချက်ဘရင်ဆန်ရဲ့ ကြိုးစားခဲ့ပုံတွေ နဲ့ ဘဝအတွေ့အကြုံတွေကို သိချင်ရင် ဆရာဗန်းမော်သိန်းဖေရေးထားတဲ့ “ဆာ ရစ်ချက် ဘရင်ဆန် – စွန့်စွန့်စားစား စီးပွားရေးသမား” ဆိုတဲ့ စာအုပ်ကို ဖတ်ပါ)

Leave a Reply