‎မပုပ္ခႏၶာ‬ ရဟႏၱာ

Posted on

ေမာင္သာ(ေရွးေဟာင္းသုေတသန)

(Photos : အျဖဴေရာင္ နွလံုးသား )

အဂၤပူသည္ ဧရာ၀တီတိုင္းေဒသႀကီးအတြင္း၊ ဟသၤာတ ခရိုင္အတြင္းရွိ ၿမိဳ႕ငယ္ေလးျဖစ္သည္။ထို႕အတူပင္ ျမန္မာ့သမိုင္းတြင္ ထင္ရွားခဲ့ သည့္ ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ အႏိုင္ရရွိခဲ့သည့္ မြန္ဘုရင္ သုရွင္တကာရြတ္ပိ တပ္ဆုတ္ခဲ့ၿပီး ကြယ္ လြန္ခဲ့သည့္ အရပ္ လည္းျဖစ္ေပသည္။

သုရွင္တကာရြတ္ပိကို စစ္သူရဲေက်ာ္ထင္ေနာ္ရထာစစ္ဆင္ခဲ့သည့္ အလြန္ ထင္ရွားေသာေနာင္ရိုးတိုက္ပြဲ ႏွင့္ ဆက္စပ္ခဲ့ ေသာ မြန္မင္းတစ္ပါးဟု သိရွိထားၾကသည္။သုရွင္တကာရြတ္ပိသည္ ေတာင္ငူဘုရင္ တပင္ေရႊထီး၏ ရာဇ ပရိယာယ္ အတြင္း ေထာင္ေခ်ာက္မိကာ မိမိ၏ လက္ရုံး ဗညားေလာႏွင့္ ဗညားက်န္းတို႕ကို ဖယ္ရွား သတ္ျဖတ္ခဲ့သျဖင့္ စစ္ကို ေအာင္ႏိုင္ရန္ မစီမံႏိုင္ ေတာ့ဘဲ ျပည္သို႕ထြက္ေျပးခဲ့ရၿပီးေနာက္ အဂၤပူတြင္ ကြယ္လြန္ခဲ့ေသာ မြန္မင္းတစ္ပါးျဖစ္သည္။

အဂၤပူသည္ ဟသၤာတၿမိဳ႕မွ ၂၄ မိုင္ကြာေ၀းသည္။ၿမိဳ႕ေပၚရပ္ကြက္ သုံးခုသာရွိ သည့္ ၿမိဳ႕ငယ္တစ္ခုျဖစ္ေသာ္လည္း သမိုင္း ၀င္ ေရႊဆံေတာ္ ေစတီေတာ္ျမတ္တည္ရွိရာၿမိဳ႕၊မြန္မင္းသုရွင္တကာရြတ္ပိ ကြယ္လြန္ခဲ့သည့္ ၿမိဳ႕၊ ပ်ံလြန္ခဲ့သည္မွစ၍ ယေန႕တိုင္ မပုပ္မသိုးေသာ ခႏၶာကိုယ္ၾကြင္းက်န္ေနသည့္ အရွင္သူျမတ္ ေလးပါးတို႕၏ ရုပ္ခႏၶာမ်ားကိုယေန႕တိုင္ ဖူးျမင္ႏိုင္သည့္ ၿမိဳ႕၊ ျမန္မာ ႏိုင္ငံ ဗုဒၶသာသနာေတာ္တြင္ ဒြါရဂိုဏ္း စတင္တည္ေထာင္ခဲ့ရာၿမိဳ႕၊ဂ၀ံၿမိဳ႕ ေဟာင္းတစ္ခုကို ေတြ႕ရွိထားသည့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ထင္ ရွားသည္။

အဂၤပူၿမိဳ႕မွ သမိုင္း၀င္ ေရႊဆံေတာ္ျမတ္ ေဂါပက အဖြဲ႕ဥကၠ႒ ဦးသိန္းမင္းႏွင့္ ေဆာင္းပါးရွင္ ေဒၚခ်ိဳေမာ္တို႕၏ ဖိတ္ၾကားခ်က္ အရ အဂၤပူၿမိဳ႕သို႕ ကၽြန္ေတာ္ ေရာက္ရွိခဲ့ပါသည္။အဂၤပူသို႕ေရာက္ရွိေနခိုက္ သူရွင္တကာရြတ္ပိ၏ အုတ္ဂူႏွင့္ အကြ ေနရာ အေတာ္ မ်ားမ်ားသို႕ လိုက္လံပို႕ေဆာင္ေပးခဲ့ပါသည္။ ယင္းတို႕အနက္ အဂၤပူၿမိဳ႕တြင္ တည္ရွိေနသည့္ ပ်ံလြန္ေတာ္မူခ်ိန္မွစ၍ ယေန႕တိုင္ မပုပ္ မသိုး ရုပ္ခႏၶာ ၾကြင္းက်န္ေနသည့္ အရွင္သူျမတ္မ်ားအား ကၽြန္ေတာ္ အထူးစိတ္၀င္စားမိခဲ့ပါသည္။

ထို႕ေၾကာင့္လည္း အဂၤပူသို႕ေရာက္ရွိခိုက္ ထိုဆရာေတာ္ႀကီးေလးပါး၏ ရုပ္အေလာင္းမ်ားကို ေဒသခံမ်ားလိုက္ပါလ်က္ ကၽြန္ေတာ္သြား ေရာက္ ဖူးေမွ်ာ္ခဲ့ပါ သည္။ ရန္ကုန္အဂၤပူ ကားလမ္းေပၚရွိ ကန္ဆည္အမည္ရွိ ေက်းရြာေလးသည္ ျမန္မာႏိုင္ငံတြင္ ထင္ရွားေက်ာ္ၾကားေသာ ရြာတစ္ရြာ မဟုတ္ေသာ္လည္း ထူးျခားေသာ ေက်းရြာတစ္ရြာဟုကား ဆိုႏိုင္ေပသည္။

ရန္ကုန္မွလာလွ်င္ အဂၤပူသို႕မေရာက္မီသုံးမိုင္အလိုတြင္ ပန္းတင္ေက်းရြာအုပ္စု၊ကန္ဆည္ရြာတည္ရွိသည္။ အဂၤပူ ၿမိဳ႕၏ ေျမာက္ဘက္ ရန္ကုန္အဂၤပူ ကတၱရာလမ္းမႀကီး၏ ေဘးတြင္ရွိသည့္ ကန္ဆည္သည္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားျဖင့္ အသက္ ေမြးၾက သည့္ ေတာင္သူလယ္သမားမ်ားေနထိုင္သည့္ ေက်းရြာငယ္တစ္ရြာမွ်သာ ျဖစ္ေသာ္လည္း သဘာ၀ကို ဆန္႕က်င္လ်က္ ေသ ဆုံးၿပီး သည့္တိုင္ မပုပ္မသိုးၾကြင္းက်န္ေနသည့္ ဆရာေတာ္တစ္ပါး၏ ရုပ္ကလပ္ေတာ္ရွိေနသည့္အတြက္ ထူးျခားသည္ဟု ဆိုရျခင္း ျဖစ္ေပ သည္။

ေလာက၌ ရွိရွိသမွ်ေသာ သက္ရွိသတၱ၀ါတို႕၏ ရုပ္ခႏၶာမ်ားသည္ ကြယ္လြန္ခ်ိန္မွစ၍ တစ္စတစ္စ ပုပ္သိုးပ်က္စီးၾကရၿပီး ေနာက္ဆုံးတြင္အရိုးႏွင့္သြားမ်ားသာ က်န္ရွိၿမဲျဖစ္သည္။ သို႕ေသာ္လည္း ကြယ္လြန္ခ်ိန္မွစ၍ ရုပ္အေလာင္းအား ဓာတုေဗဒေဆးမ်ား စိမ္ထားျခင္း၊ ထိုးထားျခင္းစသည့္ မည္သည့္ ျပဳျပင္မႈတစ္စုံတစ္ရာမွ မျပဳလုပ္ဘဲ မပုပ္မသိုးက်န္ရွိေနသည့္ လူသားခႏၶာမ်ားကို သိပၸံ ပညာကမည္သို႕ယူဆ သုံးသပ္မည္ကို မသိရွိေသာ္လည္း ေထရ၀ါဒ ဗုဒၶဘာသာအလိုအရ အာသေ၀ါတရားေလးပါး ကုန္ခမ္းသည့္ ရဟႏၱာပုဂၢိဳလ္မ်ား၏ ရုပ္ခႏၶာမ်ားသည္ ယင္းပုဂၢိဳလ္မ်ားက မကြယ္လြန္မီအဓိ႒ာန္မႈျပဳခဲ့ပါက မပုပ္မသိုးၾကြင္းက်န္ေနေလ့ရွိသည္ဟု မွတ္သားခဲ့ဖူးပါသည္။

မာန္လည္ ဆရာေတာ္၊ စြန္းလြန္းဆရာေတာ္၊ စမ္းက် ဆရာေတာ္၊ ကုံလုံ ဆရာေတာ္၊ အာလိန္ငါးဆင့္ ဆရာေတာ္ စသည္ျဖင့္ ပ်ံလြန္ေတာ္မူခ်ိန္မွစ၍ွ ယခုအခ်ိန္အထိ ပကတိ ရုပ္ခႏၶာအတိုင္းၾကြင္းက်န္ေနသည့္ ပုဂၢိဳလ္ထူးဆရာေတာ္အရွင္သူျမတ္မ်ား၏ ရုပ္ အေလာင္းမ်ားအား ျမန္မာႏိုင္ငံအတြင္း ယေန႕တိုင္ျမင္ေတြ႕ဖူးေမွ်ာ္ႏိုင္ၾကသည္။ အခ်ိဳ႕ေသာႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ား၏ ရုပ္ အေလာင္းမ်ားကို ေႏွာင္းလူမ်ားၾကည့္ရႈႏိုင္ရန္ ေခတ္မီနည္းပညာမ်ားျဖင့္ ေဆးထိုးေဆးစိမ္ကာ မပုပ္မသိုးမပ်က္စီးေအာင္ ျပဳလုပ္ ထားျခင္းမ်ား၊ ေဆးတကၠသိုလ္မ်ားတြင္ ဆရာ၀န္ေလာင္းမ်ား ခႏၶာေဗဒပညာရပ္ကို သင္ယူႏိုင္ရန္ ရုပ္အေလာင္းမ်ားအား ေဖာ္မယ္ လင္ ေဆးစိမ္၍ မပုပ္သိုး မပ်က္စီးရန္ စီမံထားျခင္းမ်ားရွိခဲ့ေသာ္လည္း ျမန္မာႏိုင္ငံမွ ဆရာေတာ္ႀကီးမ်ား၏ ယေန႕တိုင္ မပုပ္မသိုး၊ မပ်က္မစီး ၾကြင္းက်န္ေနသည့္ ရုပ္အေလာင္းမ်ားသည္ကား မည္သည့္စီရင္မႈ တစ္ခုကိုမွ် ျပဳလုပ္ထားျခင္းမရွိဘဲ ပကတိအတိုင္း က်န္ ရွိေနသည္မွာအလြန္ အံ့ႀသဘြယ္ပင္ျဖစ္ေပသည္။

ထိုသို႕ မပုပ္သိုး မပ်က္စီးေသာ ရုပ္ခႏၶာမ်ားၾကြင္းက်န္ေနသည့္ ပုဂၢိဳလ္မ်ားအားလုံးသည္ ေထရ၀ါဒဗုဒၶဘာသာ၀င္ ရဟန္း ေတာ္မ်ားသာ ျဖစ္ႀကၿပီး လူ၀တ္ေၾကာင္မ်ားမဟုတ္သည္မွာလည္း ထူးျခားမႈတစ္ရပ္ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္သာမက ထိုင္းႏိုင္ငံ ရေနာင္းခရိုင္သို႕ ကၽြန္ေတာ္ ေရာက္ရွိခဲ့စဥ္က မီးမေလာင္ဘုန္းႀကီးဟု ေခၚဆိုၾကသည့္ မပုပ္မသိုးၾကြင္းက်န္ေနသည့္ ဗုဒၶဘာသာ၀င္ ရဟန္းေတာ္ႀကီးတစ္ပါး၏ ရုပ္ကလပ္ေတာ္ကို ဖူးေတြ႕ခဲ့ရဖူးပါသည္။

ပုသိမ္မုံရြာ ကားလမ္းေပၚရွိ အဂၤပူၿမိဳ႕နယ္အပိုင္၊ ပိႏၷဲကြင္းရြာတြင္ ဆရာေတာ္ႀကီးသုံးပါး၏ ရုပ္ကလပ္မ်ားသည္ ယေန႕တိုင္ မပုပ္မသိုး ၾကြင္းက်န္လ်က္ရွိေနသည္။ ၁၂၇၀ ျပည့္ႏွစ္တြင္ ပ်ံလြန္ခဲ့ေသာ ပထမဆရာေတာ္ ဦးကလ်ာဏ(ေရႊေတာင္)၊ ၁၃၀၆ ခုႏွစ္ တြင္ပ်ံလြန္ခဲ့သည့္ ဒုတိယ ဆရာေတာ္ ဦး၀ါယမ(ဒႆေျမာင္၊ဟသၤာတ) ႏွင့္ ၁၃၁၄ ခုႏွစ္ တြင္ပ်ံလြန္ခဲ့သည့္ တတိယ ဆရာေတာ္ ဦးစႏၵ(မီးနင္း၊ ဟသၤာတ)တို႕၏ ရုပ္အေလာင္းေတာ္မ်ားကို ကၽြန္ေတာ္ ဖူးေမွ်ာ္ခဲ့ရပါသည္။

ပိႏၷဲကြင္းရြာဘုန္းေတာ္ႀကီးေက်ာင္း၀င္း အတြင္းရွိ စံေက်ာင္းေတာ္တစ္ခုအတြင္း ဆရာေတာ္ႀကီးသုံးပါး၏ ရုပ္အေလာင္းမ်ားကို အပူေဇာ္ခံထားရွိသည္။ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းတည္းတြင္ အစဥ္အဆက္ သီတင္းသုံးခဲ့ၾကေသာ ဆရာေတာ္သုံးပါးလုံးသည္ ပ်ံလြန္ေတာ္မူၾကခ်ိန္တြင္ မပုပ္မသိုးေသာ ရုပ္ခႏၶာမ်ားၾကြင္းက်န္ေနသည္မွာ အလြန္ထူးျခားလွေပသည္။ ထိုဆရာေတာ္ႀကီးမ်ား၏ ရုပ္အေလာင္းေတာ္မ်ားအား ယခုအခါ တြင္ ေရႊမ်ား ခ်ထားသည္ကို ေတြ႕ ျမင္ခဲ့ရသည္။

ယခုအခါတြင္ သစ္သားေက်ာင္းေလးတစ္ခုအျဖစ္ တည္ရွိေနသည့္ ဆရာေတာ္ႀကီးမ်ား သီတင္းသုံးခဲ့သည့္ ေက်ာင္းေဟာင္း ေလး ေပၚတြင္ ဆရာေတာ္ ႀကီးမ်ား စႀကၤ ံေလွ်ာက္ခဲ့သည့္ ေနရာကို ေၾကြျပားမ်ားခင္းလ်က္ ထိန္းသိမ္းထားသည္ကိုျမင္ၾကရ ေပ သည္။ လိုက္လံရွင္းျပခဲ့ေသာ ဆရာေတာ္က ေရွးေဟာင္းရုပ္ပြားေတာ္မ်ား အပူေဇာ္ခံထားသည္ကို ဓာတ္မီးျဖင့္ ထိုးျပခဲ့သည္။

ကန္ဆည္ရြာတြင္ ဖူးျမင္ခဲ့ရေသာ ဆရာေတာ္ႀကီး ဘဒၵႏၱ ဂုဏ၀ံသ၏ရုပ္အေလာင္းေတာ္ကို မွန္ေခါင္းတြင္ထည့္သြင္း အပူ ေဇာ္ခံထားရွိသည္။ အေလာင္းေတာ္ကို ေရႊခ်ထားျခင္းမရွိသျဖင့္ ေျခာက္ေနေသာမူလအသားအေရအတိုင္း ဖူးေမွ်ာ္ခဲ့ရသည့္အျပင္ ေမးဖ်ားတြင္ ေပါက္ေနသည့္ အျဖဴေရာင္ မုတ္ဆိတ္ေမြးမ်ားကိုပင္ ျမင္ေတြ႕ခဲ့ရသည္။

လြန္ခဲ့ေသာ ခုႏွစ္ႏွစ္၊ ၂၀၁၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ငါးရက္တြင္ ဆရာေတာ္ႀကီးဘဒၵႏၱဂုဏ၀ံသ ပ်ံလြန္ခဲ့ရာ ဆရာေတာ္ ႀကီး ၏ရုပ္ကလပ္အား မီးသၿဂိဳလ္လိုသူ ႏွင့္ မသၿဂိဳလ္လိုသူမ်ားအၾကား အျငင္းပြားခဲ့ၾကသည္။ဆရာေတာ္ႀကီး၏ သီလ သမာဓိဂုဏ္ကို ယုံၾကည္ၾကသူမ်ားက ဆရာေတာ္၏ ရုပ္ကလပ္အား မီးသၿဂိဳလ္ျခင္း မျပဳလိုခဲ့ၾကပါေခ်။ ဆရာေတာ္ႀကီး၏ သီလသမာဓိ ဂုဏ္ကို ယုံၾကည္ၾကေသာ္လည္း အခ်ိဳ႕ ဒကာဒကာမမ်ားက မီးသၿဂၤ ိဳလ္လိုခဲ့ၾကသည္။

အျငင္းပြားမႈမ်ား ျဖစ္ပြားခဲ့သျဖင့္ ဆရာေတာ္ႀကီး၏ ရုပ္အေလာင္းကို မီးမသၿဂၤ ိဳလ္လိုသူမ်ားက ေဒသအာဏာပိုင္မ်ားထံ ဆရာေတာ္၏ ရုပ္ကလပ္အား မည္သည့္ ေဆးမွ် မစီရင္ဘဲ ၁၀ ရက္ခန္႕ထားခြင့္ျပဳပါရန္ ပန္ၾကားခဲ့ၾကသည္။ အာဏာပိုင္မ်ား၏ ခြင့္ျပဳ ခ်က္ျဖင့္ ဆရာေတာ္၏ ရုပ္ကလပ္အား ဆရာေတာ္ ပ်ံလြန္ခဲ့သည့္ ကုတင္ေပၚမွာပင္ မည္သည့္ပေယာဂမွ မပါရွိေစဘဲ ၁၀ ရက္အထိ ထားရွိခဲ့ရာ ရုပ္ခႏၵာသည္ မပုပ္သိုးရုံသာမက မည္သည့္ အနံ႕မွ မထြက္၊ မည္သို႕မွ်ေျပာင္းလဲလာျခင္းမရွိသည့္အတြက္ ဆရာေတာ္၏ ရုပ္အေလာင္းအားမီးသၿဂိဳလ္ျခင္းမျပဳရန္ဆုံးျဖတ္ခဲ့ၾကသည္ဟု ဆရာေတာ္အား ပ်ံလြန္ေတာ္မူခ်ိန္အထိအနီးကပ္ျပဳစုခဲ့ၾကေသာ ဦးၾကည္၀င္းႏွင့္ဦးစိုးသန္း ညီအစ္ကို ႏွစ္ဦးက ကၽြန္ေတာ္တို႕အား ရွင္းျပခဲ့သည္။

ဆရာေတာ္ပ်ံလြန္ၿပီးေနာက္၏ ရုပ္အေလာင္းအားစံေက်ာင္းေပၚရွိ ကုတင္ေပၚမွ ဆရာေတာ္ တရားအားထုတ္ခဲ့သည့္ ဂူ အတြင္းသို႕ေျပာင္းေရႊ႕ကာ တစ္ႏွစ္ေက်ာ္ထားရွိခဲ့ၿပီးေနာက္မွ စံေက်ာင္းေတာ္ေပၚသို႕ျပန္လည္ေျပာင္းေရႊ႕ခဲ့သည္။ ယခုအခါ တြင္ စံေက်ာင္းအသစ္ေဆာက္လုပ္ကာ ဆရာေတာ္ႀကီး၏ ရုပ္ကလပ္ေတာ္ကို အပူေဇာ္ခံထားရွိသည္။ ဆရာေတာ္ႀကီး၀တ္ရုံထားေသာ သကၤန္းေတာ္မ်ားကိုလည္း တစ္လလွ်င္တစ္ႀကိမ္ လဲလွယ္ေပးလ်က္ရွိသည္ဟု သိရွိရသည္။ သကၤန္းေတာ္ လဲလွယ္ေပးခ်ိန္တြင္ ဆရာေတာ္ႀကီး၏ ရုပ္အေလာင္းကို ဆရာေတာ္ ရုပ္ကလပ္ထားရွိရာ စံေက်ာင္းအတြင္းမွာပင္ အလွဴရွင္တစ္ဦးလွဴဒါန္းထားသည့္ ေခတ္မီ အလူမီနီယမ္ ကုတင္ေပၚသို႕ ေျပာင္းေရႊ႕ၿပီး လဲလွယ္ေပးသည္ဟု သိရွိရသည္။

ကန္ဆည္ေက်းရြာ၊ ဘုရားႀကီးတိုက္ ပဓာနနာယကဆရာေတာ္ ဘဒၵ ႏၱဂုဏ၀ံသသည္ပ်ံလြန္ေတာ္မမူမီက မဟာဒြါရနိကာယ ႀသ၀ါဒ ဆရာေတာ္ႀကီးျဖစ္ၿပီး ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕(မဟာဒြါရ) ဥကၠ႒ ဆရာေတာ္အျဖစ္လည္း တာ၀န္ယူခဲ့သည္။ ဘဒၵ ႏၱဂုဏ၀ံသေလာင္းလ်ာ ေမာင္ေက်ာ္လွအား အဂၤပူၿမိဳ႕နယ္ ၊ ပန္းတင္ေက်းရြာအုပ္စု ေဇာင္းတန္းရြာ တစ္ဘက္ကမ္း၊ ေရလဲရြာတြင္ခမည္းေတာ္ ဓာတ္ဗိေႏၵာဆရာႀကီးဦးသာေအးႏွင့္မယ္ေတာ္ေဒၚေရႊစို တို႕က ၁၂၇၃ ခုႏွစ္၊နေတာ္လဆန္း ၁၄ ရက္တြင္ ဖြားျမင္ခဲ့သည္။ေမြးခ်င္းမ်ားမရွိေသာ တစ္ဦးတည္းေသာသားျဖစ္သည္။ ေမာင္ေက်ာ္လွသည္ေလာကီအတန္းပညာ ဆ႒မတန္းေအာင္ ျမင္ၿပီးေနာက္ အသက္ ၁၂ ႏွစ္ အရြယ္ ၁၂၈၅ ခုႏွစ္တြင္ သာမေဏ၀တ္ခဲ့ကာ ရွင္ဂုဏ၀ံသ ဟုဘြဲ႕အမည္တြင္ ခဲ့သည္။သက္ေတာ္ ၁၉ ႏွစ္တြင္ရဟန္းျဖစ္ေတာ္မူသည္။

၁၃၀၁ ခုႏွစ္အထိ ဗုဒၶစာေပမ်ားကို သင္ယူခဲ့ၿပီးေနာက္ ကန္ဆည္ရြာဘုရားႀကီးတိုက္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ပဓာန နာယက ဆရာေတာ္တစ္ပါးအျဖစ္ သီတင္းသုံးခဲ့သည္။ဆရာေတာ္သည္ သံဃာေတာ္မ်ား၏ တာ၀န္ႏွစ္ရပ္ျဖစ္သည့္ ဂႏၶဓူရ ႏွင့္ ၀ိပႆနာဓူရ ႏွစ္ပါးကိုသာက်င့္သုံးေဆာင္ရြက္ခဲ့သည္။စာေပပို႕ခ်ျခင္း ဟူသည့္ ဂႏၳဓူရ ႏွင့္ ၀ိပႆနာ တရားက်င့္ႀကံအားထုတ္ျခင္း ဟူသည့္ ၀ိပႆနာဓူရ ႏွစ္ပါးသည္သာ ဆရာေတာ္ႀကီး၏ နိစၥဓူ၀ တာ၀န္ျဖစ္ခဲ့သည္။

၁၃၄၇ ခုႏွစ္မွစ၍ ဓမၼာႏုဓမၼ မဟာဒြါရ ဂိုဏ္း၏ အႏုနာယက ဆရာေတာ္ႏွင့္ အဂၤပူၿမိဳ႕နယ္ သံဃနာယကအဖြဲ႕(မဟာဒြါရ) ဥကၠ႒ဆရာေတာ္ အျဖစ္လည္းေကာင္း၊၁၃၇၀ ျပည့္ႏွစ္မွစ၍ မဟာဒြါရဂိုဏ္းႀသ၀ါဒစရိယ ႏွင့္ ႏိုင္ငံေတာ္ ႀသ၀ါဒစရိယ ဆရာေတာ္ အျဖစ္လည္းေကာင္း တာ၀န္ယူ ေဆာင္ရြက္ခဲ့သည္။

ဆရာေတာ္ႀကီးသည္ သက္ေတာ္ ၁၀၀ ေရာက္ရွိလာသည္အထိ မည္သည့္ ေရာဂါေ၀ဒနာမွမျဖစ္ပြားခဲ့ဘဲ ၁၃၇၂ ခုႏွစ္ တန္ ေဆာင္မုန္းလျပည့္ေက်ာ္ ၁၄ ရက္(ခရစ္ႏွစ္ ၅၊၁၂၊၂၀၁၀)တြင္ ဘ၀ဇာတ္သိမ္းေတာ္မူခဲ့သည္။အသက္အရြယ္ႀကီးရင့္လာခ်ိန္တြင္ မိမိ အခန္းတည္းမာွပင္ သီတင္းသုံးခဲ့သည္။တပည့္ ဒကာဒကာမမ်ား လာေရာက္ဖူးေမွ်ာ္ခ်ိန္တြင္လည္း မိမိအခန္းအတြင္းတြင္သာ ေတြ႕ ဆုံေလ့ရွိၿပီး ဧည့္သည္မ်ားလာေရာက္သည့္ အခ်ိန္တိုင္း အခန္းအတြင္းမည္သူမွ် မရွိေသာ္လည္း “မဆိုင္သူေတြထြက္ၾက” ဟုေျပာ ေလ့ ရွိခဲ့ေၾကာင္း ဦးစိုးသန္းက ရွင္းျပခဲ့သည္။

ဆရာေတာ္ႀကီးသည္ ပ်ံလြန္ေတာ္ မမူမီ ႏွစ္အနည္းငယ္တြင္ လမ္းမေလွ်ာက္ႏိုင္ငေတာ့ဘဲ အခန္းအတြင္းမွာပင္ သီတင္း သုံးေနထိုင္ခဲ့သည္။ေထရ ၀ါဒဗုဒၶ ဘာသာတြင္ အာသေ၀ါ ေလးပါးကုန္စင္ေတာ္မူေသာ ရဟႏၱာပုဂၢိဳလ္မ်ားသည္ ပရိနိဗၺာန္ျပဳလွ်င္ ေနာင္တစ္ဖန္ ပဋိသေႏၶ ျပန္လည္ေနရျခင္း မရွိေတာ့သျဖင့္ ထာ၀ရ မေသေတာ့သည့္ ပုဂၢိဳလ္မ်ားအျဖစ္သို႕ ေရာက္ရွိသြားၾကသည္။ ထိုသို႕ ေနာင္ တစ္ဖန္ ပဋိသေႏၶမေနရျခင္းကိုပင္ ဗုဒၶဘာသာ၀င္တို႕၏ ရည္မွန္းခ်က္ပန္းတိုင္ နိဗၺာန္ေရာက္သည္ဟုဆိုၾကျခင္းျဖစ္သည္။ နိဗၺာန္ သည္ ဘုံဌာန၊ တည္ေနရာတစ္ခု မဟုတ္ဘဲ ဘ၀တစ္ဖန္ျဖစ္ပ်က္ သံသရာမွ ခ်ဳပ္ၿငိမ္းသြားျခင္းကို နိဗၺာန္ေရာက္ျခင္းဟု ဆိုလိုျခင္း ပင္ျဖစ္သည္။

ရဟႏၱာ အရွင္သူျမတ္မ်ားသည္ တစ္ဘ၀ နိဂုံးခ်ဳပ္ၾကၿပီးေနာက္ မည္သည့္အခါမွ မေသၾကေတာ့သကဲ့သို႕ ၾကြင္းက်န္ သည့္ ရုပ္ခႏၶာသည္လည္း အဓိဌာန ျပဳထားပါက မပုပ္မသိုး က်န္ရွိေနေၾကာင္း ဆရာေတာ္ႀကီးမ်ား၏ ေဟာၾကားမႈကို နာၾကားခဲ့ ရဖူးပါသည္။ ထို႕ေၾကာင့္ ထိုရဟႏၱာပုဂၢိဳလ္ အရွင္သူျမတ္မ်ားသည္ နာမ္ခႏၶာသာမက ရုပ္ခႏၶာလည္း မေသေတာ့ပါေခ်။

ကန္ဆည္ရြာ ဘုရားႀကီးတိုက္သည္ အက်ယ္အ၀န္းဧရိယာ ေျခာက္ဧကရွိၿပီး ေက်ာင္းတိုက္အတြင္း၌ ဆရာေတာ္ သီတင္း သုံးေနထိုင္ခဲ့သည့္ ေရွးေဟာင္းသုံးထပ္ေက်ာင္းႀကီးတစ္ခုရွိသည္။ႏွစ္ကာလ ၾကာျမင့္ၿပီျဖစ္သည့္အတြက္ယင္းေက်ာင္းႀကီး သည္ အိုမင္းပ်က္စီးေနကာ အမိုးမ်ား၊ ေလွကားမ်ား မရွိေတာ့ပါေခ်။ ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားအႀကားတြင္ရွိေနသျဖင့္ ထိုေက်ာင္းအိုႀကီး ဆီသို႕ ကၽြန္ေတာ္တို႕ အနီးကပ္ မသြားေရာက္ႏိုင္ခဲ့ဘဲ အေ၀းမွပင္ ဓာတ္ပုံမ်ားရိုက္ကူးခဲ့ရသည္။ေက်ာင္းႀကီး၀န္းက်င္တြင္ ကၽြန္း ပင္မ်ားစိုက္ ပ်ိဳးထားသည္။

ေက်ာင္းအိုႀကီးႏွင့္ မလွမ္းမကမ္းတြင္သက္တမ္း ႏွစ္ ၁၀၀ ေက်ာ္ေနၿပီျဖစ္သည့္ သစ္သား ေက်ာင္းေဆာင္ တစ္ေဆာင္ကို ေတြ႕ရွိ ခဲ့ရသည္။ ေက်ာင္းေဆာင္အတြင္း ဗုဒၶရုပ္ပြားေတာ္မ်ားကို ဖူးျမင္ခဲ့ရရာ ျမန္မာသကၠရာဇ္ ၁၁၆၆ ခုႏွစ္က လွဴဒါန္းထားေသာ ရုပ္ပြားေတာ္မ်ားျဖစ္ေၾကာင္း အလွဴကမၺည္းမ်ားကို ဖတ္ရႈခဲ့ရသည္။ယင္းေရွးေဟာင္းရုပ္ပြားေတာ္မ်ားအား ဘုရားႀကီးေက်ာင္းတိုက္ က ထိန္းသိမ္းေစာင့္ေရွာက္ထားသည္။
အခ်ိဳ႕ေသာ ေၾကးဆင္းတုေတာ္မ်ားအား မသမာသူမ်ား၏ ခိုးယသြားခဲ့ၾကသျဖင့္ က်န္ရွိေနသည့္ ေရွးေခတ္လက္ရာ ရုပ္ပြားေတာ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ထားသည္။အခ်ိဳ႕ေသာ ရုပ္ထုမ်ားသည္လည္း ေခါင္းမ်ားက်ိဳးျပတ္ေနသည္ကို ေတြ႕ျမင္ခဲ့ရသည္။

ထူးျခားေသာ ဆရာေတာ္ႀကီးတစ္ပါး၏ ရုပ္ၾကြင္းတည္ရွိရာ ဘုရားႀကီးတိုက္အတြင္း ဆရာေတာ္ႀကီး၏ ရုပ္အေလာင္းႏွင့္ အတူ ေရွးေဟာင္း အေဆာက္အဦမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ထားျခင္းသည္ အဂၤပူၿမိဳ႕ငယ္ေလး၏သမိုင္း မွတ္တမ္းတစ္စိတ္ တစ္ပိုင္းကိုပါ ထိန္းသိမ္းထားၿပီးျဖစ္ေပေတာ့သည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
ဂမၻီရ မဂၢဇင္း


‎မပုပ်ခန္ဓာ‬ ရဟန္တာ (unicode)

မောင်သာ(ရှေးဟောင်းသုတေသန)

(Photos : အဖြူရောင် နှလုံးသား )

အင်္ဂပူသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း၊ ဟင်္သာတ ခရိုင်အတွင်းရှိ မြို့ငယ်လေးဖြစ်သည်။ထို့အတူပင် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့ သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ အနိုင်ရရှိခဲ့သည့် မွန်ဘုရင် သုရှင်တကာရွတ်ပိ တပ်ဆုတ်ခဲ့ပြီး ကွယ် လွန်ခဲ့သည့် အရပ် လည်းဖြစ်ပေသည်။

သုရှင်တကာရွတ်ပိကို စစ်သူရဲကျော်ထင်နော်ရထာစစ်ဆင်ခဲ့သည့် အလွန် ထင်ရှားသောနောင်ရိုးတိုက်ပွဲ နှင့် ဆက်စပ်ခဲ့ သော မွန်မင်းတစ်ပါးဟု သိရှိထားကြသည်။သုရှင်တကာရွတ်ပိသည် တောင်ငူဘုရင် တပင်ရွှေထီး၏ ရာဇ ပရိယာယ် အတွင်း ထောင်ချောက်မိကာ မိမိ၏ လက်ရုံး ဗညားလောနှင့် ဗညားကျန်းတို့ကို ဖယ်ရှား သတ်ဖြတ်ခဲ့သဖြင့် စစ်ကို အောင်နိုင်ရန် မစီမံနိုင် တော့ဘဲ ပြည်သို့ထွက်ပြေးခဲ့ရပြီးနောက် အင်္ဂပူတွင် ကွယ်လွန်ခဲ့သော မွန်မင်းတစ်ပါးဖြစ်သည်။

အင်္ဂပူသည် ဟင်္သာတမြို့မှ ၂၄ မိုင်ကွာဝေးသည်။မြို့ပေါ်ရပ်ကွက် သုံးခုသာရှိ သည့် မြို့ငယ်တစ်ခုဖြစ်သော်လည်း သမိုင်း ဝင် ရွှေဆံတော် စေတီတော်မြတ်တည်ရှိရာမြို့၊မွန်မင်းသုရှင်တကာရွတ်ပိ ကွယ်လွန်ခဲ့သည့် မြို့၊ ပျံလွန်ခဲ့သည်မှစ၍ ယနေ့တိုင် မပုပ်မသိုးသော ခန္ဓာကိုယ်ကြွင်းကျန်နေသည့် အရှင်သူမြတ် လေးပါးတို့၏ ရုပ်ခန္ဓာများကိုယနေ့တိုင် ဖူးမြင်နိုင်သည့် မြို့၊ မြန်မာ နိုင်ငံ ဗုဒ္ဓသာသနာတော်တွင် ဒွါရဂိုဏ်း စတင်တည်ထောင်ခဲ့ရာမြို့၊ဂဝံမြို့ ဟောင်းတစ်ခုကို တွေ့ရှိထားသည့် မြို့တစ်မြို့အဖြစ် ထင် ရှားသည်။

အင်္ဂပူမြို့မှ သမိုင်းဝင် ရွှေဆံတော်မြတ် ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းမင်းနှင့် ဆောင်းပါးရှင် ဒေါ်ချိုမော်တို့၏ ဖိတ်ကြားချက် အရ အင်္ဂပူမြို့သို့ ကျွန်တော် ရောက်ရှိခဲ့ပါသည်။အင်္ဂပူသို့ရောက်ရှိနေခိုက် သူရှင်တကာရွတ်ပိ၏ အုတ်ဂူနှင့် အကွ နေရာ အတော် များများသို့ လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ ယင်းတို့အနက် အင်္ဂပူမြို့တွင် တည်ရှိနေသည့် ပျံလွန်တော်မူချိန်မှစ၍ ယနေ့တိုင် မပုပ် မသိုး ရုပ်ခန္ဓာ ကြွင်းကျန်နေသည့် အရှင်သူမြတ်များအား ကျွန်တော် အထူးစိတ်ဝင်စားမိခဲ့ပါသည်။

ထို့ကြောင့်လည်း အင်္ဂပူသို့ရောက်ရှိခိုက် ထိုဆရာတော်ကြီးလေးပါး၏ ရုပ်အလောင်းများကို ဒေသခံများလိုက်ပါလျက် ကျွန်တော်သွား ရောက် ဖူးမျှော်ခဲ့ပါ သည်။ ရန်ကုန်အင်္ဂပူ ကားလမ်းပေါ်ရှိ ကန်ဆည်အမည်ရှိ ကျေးရွာလေးသည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ရွာတစ်ရွာ မဟုတ်သော်လည်း ထူးခြားသော ကျေးရွာတစ်ရွာဟုကား ဆိုနိုင်ပေသည်။

ရန်ကုန်မှလာလျှင် အင်္ဂပူသို့မရောက်မီသုံးမိုင်အလိုတွင် ပန်းတင်ကျေးရွာအုပ်စု၊ကန်ဆည်ရွာတည်ရှိသည်။ အင်္ဂပူ မြို့၏ မြောက်ဘက် ရန်ကုန်အင်္ဂပူ ကတ္တရာလမ်းမကြီး၏ ဘေးတွင်ရှိသည့် ကန်ဆည်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက် မွေးကြ သည့် တောင်သူလယ်သမားများနေထိုင်သည့် ကျေးရွာငယ်တစ်ရွာမျှသာ ဖြစ်သော်လည်း သဘာဝကို ဆန့်ကျင်လျက် သေ ဆုံးပြီး သည့်တိုင် မပုပ်မသိုးကြွင်းကျန်နေသည့် ဆရာတော်တစ်ပါး၏ ရုပ်ကလပ်တော်ရှိနေသည့်အတွက် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်ပေ သည်။

လောက၌ ရှိရှိသမျှသော သက်ရှိသတ္တဝါတို့၏ ရုပ်ခန္ဓာများသည် ကွယ်လွန်ချိန်မှစ၍ တစ်စတစ်စ ပုပ်သိုးပျက်စီးကြရပြီး နောက်ဆုံးတွင်အရိုးနှင့်သွားများသာ ကျန်ရှိမြဲဖြစ်သည်။ သို့သော်လည်း ကွယ်လွန်ချိန်မှစ၍ ရုပ်အလောင်းအား ဓာတုဗေဒဆေးများ စိမ်ထားခြင်း၊ ထိုးထားခြင်းစသည့် မည်သည့် ပြုပြင်မှုတစ်စုံတစ်ရာမှ မပြုလုပ်ဘဲ မပုပ်မသိုးကျန်ရှိနေသည့် လူသားခန္ဓာများကို သိပ္ပံ ပညာကမည်သို့ယူဆ သုံးသပ်မည်ကို မသိရှိသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာအလိုအရ အာသဝေါတရားလေးပါး ကုန်ခမ်းသည့် ရဟန္တာပုဂ္ဂိုလ်များ၏ ရုပ်ခန္ဓာများသည် ယင်းပုဂ္ဂိုလ်များက မကွယ်လွန်မီအဓိဋ္ဌာန်မှုပြုခဲ့ပါက မပုပ်မသိုးကြွင်းကျန်နေလေ့ရှိသည်ဟု မှတ်သားခဲ့ဖူးပါသည်။

မာန်လည် ဆရာတော်၊ စွန်းလွန်းဆရာတော်၊ စမ်းကျ ဆရာတော်၊ ကုံလုံ ဆရာတော်၊ အာလိန်ငါးဆင့် ဆရာတော် စသည်ဖြင့် ပျံလွန်တော်မူချိန်မှစ၍ှ ယခုအချိန်အထိ ပကတိ ရုပ်ခန္ဓာအတိုင်းကြွင်းကျန်နေသည့် ပုဂ္ဂိုလ်ထူးဆရာတော်အရှင်သူမြတ်များ၏ ရုပ် အလောင်းများအား မြန်မာနိုင်ငံအတွင်း ယနေ့တိုင်မြင်တွေ့ဖူးမျှော်နိုင်ကြသည်။ အချို့သောနိုင်ငံများမှ ခေါင်းဆောင်များ၏ ရုပ် အလောင်းများကို နှောင်းလူများကြည့်ရှုနိုင်ရန် ခေတ်မီနည်းပညာများဖြင့် ဆေးထိုးဆေးစိမ်ကာ မပုပ်မသိုးမပျက်စီးအောင် ပြုလုပ် ထားခြင်းများ၊ ဆေးတက္ကသိုလ်များတွင် ဆရာဝန်လောင်းများ ခန္ဓာဗေဒပညာရပ်ကို သင်ယူနိုင်ရန် ရုပ်အလောင်းများအား ဖော်မယ် လင် ဆေးစိမ်၍ မပုပ်သိုး မပျက်စီးရန် စီမံထားခြင်းများရှိခဲ့သော်လည်း မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၏ ယနေ့တိုင် မပုပ်မသိုး၊ မပျက်မစီး ကြွင်းကျန်နေသည့် ရုပ်အလောင်းများသည်ကား မည်သည့်စီရင်မှု တစ်ခုကိုမျှ ပြုလုပ်ထားခြင်းမရှိဘဲ ပကတိအတိုင်း ကျန် ရှိနေသည်မှာအလွန် အံ့ဩဘွယ်ပင်ဖြစ်ပေသည်။

ထိုသို့ မပုပ်သိုး မပျက်စီးသော ရုပ်ခန္ဓာများကြွင်းကျန်နေသည့် ပုဂ္ဂိုလ်များအားလုံးသည် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်း တော်များသာ ဖြစ်ကြပြီး လူဝတ်ကြောင်များမဟုတ်သည်မှာလည်း ထူးခြားမှုတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ ရနောင်းခရိုင်သို့ ကျွန်တော် ရောက်ရှိခဲ့စဉ်က မီးမလောင်ဘုန်းကြီးဟု ခေါ်ဆိုကြသည့် မပုပ်မသိုးကြွင်းကျန်နေသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်ကြီးတစ်ပါး၏ ရုပ်ကလပ်တော်ကို ဖူးတွေ့ခဲ့ရဖူးပါသည်။

ပုသိမ်မုံရွာ ကားလမ်းပေါ်ရှိ အင်္ဂပူမြို့နယ်အပိုင်၊ ပိန္နဲကွင်းရွာတွင် ဆရာတော်ကြီးသုံးပါး၏ ရုပ်ကလပ်များသည် ယနေ့တိုင် မပုပ်မသိုး ကြွင်းကျန်လျက်ရှိနေသည်။ ၁၂၇၀ ပြည့်နှစ်တွင် ပျံလွန်ခဲ့သော ပထမဆရာတော် ဦးကလျာဏ(ရွှေတောင်)၊ ၁၃၀၆ ခုနှစ် တွင်ပျံလွန်ခဲ့သည့် ဒုတိယ ဆရာတော် ဦးဝါယမ(ဒဿမြောင်၊ဟင်္သာတ) နှင့် ၁၃၁၄ ခုနှစ် တွင်ပျံလွန်ခဲ့သည့် တတိယ ဆရာတော် ဦးစန္ဒ(မီးနင်း၊ ဟင်္သာတ)တို့၏ ရုပ်အလောင်းတော်များကို ကျွန်တော် ဖူးမျှော်ခဲ့ရပါသည်။

ပိန္နဲကွင်းရွာဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ စံကျောင်းတော်တစ်ခုအတွင်း ဆရာတော်ကြီးသုံးပါး၏ ရုပ်အလောင်းများကို အပူဇော်ခံထားရှိသည်။ဘုန်းကြီးကျောင်း တစ်ကျောင်းတည်းတွင် အစဉ်အဆက် သီတင်းသုံးခဲ့ကြသော ဆရာတော်သုံးပါးလုံးသည် ပျံလွန်တော်မူကြချိန်တွင် မပုပ်မသိုးသော ရုပ်ခန္ဓာများကြွင်းကျန်နေသည်မှာ အလွန်ထူးခြားလှပေသည်။ ထိုဆရာတော်ကြီးများ၏ ရုပ်အလောင်းတော်များအား ယခုအခါ တွင် ရွှေများ ချထားသည်ကို တွေ့ မြင်ခဲ့ရသည်။

ယခုအခါတွင် သစ်သားကျောင်းလေးတစ်ခုအဖြစ် တည်ရှိနေသည့် ဆရာတော်ကြီးများ သီတင်းသုံးခဲ့သည့် ကျောင်းဟောင်း လေး ပေါ်တွင် ဆရာတော် ကြီးများ စင်္ကြ ံလျှောက်ခဲ့သည့် နေရာကို ကြွေပြားများခင်းလျက် ထိန်းသိမ်းထားသည်ကိုမြင်ကြရ ပေ သည်။ လိုက်လံရှင်းပြခဲ့သော ဆရာတော်က ရှေးဟောင်းရုပ်ပွားတော်များ အပူဇော်ခံထားသည်ကို ဓာတ်မီးဖြင့် ထိုးပြခဲ့သည်။

ကန်ဆည်ရွာတွင် ဖူးမြင်ခဲ့ရသော ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏဝံသ၏ရုပ်အလောင်းတော်ကို မှန်ခေါင်းတွင်ထည့်သွင်း အပူ ဇော်ခံထားရှိသည်။ အလောင်းတော်ကို ရွှေချထားခြင်းမရှိသဖြင့် ခြောက်နေသောမူလအသားအရေအတိုင်း ဖူးမျှော်ခဲ့ရသည့်အပြင် မေးဖျားတွင် ပေါက်နေသည့် အဖြူရောင် မုတ်ဆိတ်မွေးများကိုပင် မြင်တွေ့ခဲ့ရသည်။

လွန်ခဲ့သော ခုနှစ်နှစ်၊ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ငါးရက်တွင် ဆရာတော်ကြီးဘဒ္ဒန္တဂုဏဝံသ ပျံလွန်ခဲ့ရာ ဆရာတော် ကြီး ၏ရုပ်ကလပ်အား မီးသဂြိုလ်လိုသူ နှင့် မသဂြိုလ်လိုသူများအကြား အငြင်းပွားခဲ့ကြသည်။ဆရာတော်ကြီး၏ သီလ သမာဓိဂုဏ်ကို ယုံကြည်ကြသူများက ဆရာတော်၏ ရုပ်ကလပ်အား မီးသဂြိုလ်ခြင်း မပြုလိုခဲ့ကြပါချေ။ ဆရာတော်ကြီး၏ သီလသမာဓိ ဂုဏ်ကို ယုံကြည်ကြသော်လည်း အချို့ ဒကာဒကာမများက မီးသင်္ဂြ ိဳလ်လိုခဲ့ကြသည်။

အငြင်းပွားမှုများ ဖြစ်ပွားခဲ့သဖြင့် ဆရာတော်ကြီး၏ ရုပ်အလောင်းကို မီးမသင်္ဂြ ိဳလ်လိုသူများက ဒေသအာဏာပိုင်များထံ ဆရာတော်၏ ရုပ်ကလပ်အား မည်သည့် ဆေးမျှ မစီရင်ဘဲ ၁၀ ရက်ခန့်ထားခွင့်ပြုပါရန် ပန်ကြားခဲ့ကြသည်။ အာဏာပိုင်များ၏ ခွင့်ပြု ချက်ဖြင့် ဆရာတော်၏ ရုပ်ကလပ်အား ဆရာတော် ပျံလွန်ခဲ့သည့် ကုတင်ပေါ်မှာပင် မည်သည့်ပယောဂမှ မပါရှိစေဘဲ ၁၀ ရက်အထိ ထားရှိခဲ့ရာ ရုပ်ခန္ဒာသည် မပုပ်သိုးရုံသာမက မည်သည့် အနံ့မှ မထွက်၊ မည်သို့မျှပြောင်းလဲလာခြင်းမရှိသည့်အတွက် ဆရာတော်၏ ရုပ်အလောင်းအားမီးသဂြိုလ်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့ကြသည်ဟု ဆရာတော်အား ပျံလွန်တော်မူချိန်အထိအနီးကပ်ပြုစုခဲ့ကြသော ဦးကြည်ဝင်းနှင့်ဦးစိုးသန်း ညီအစ်ကို နှစ်ဦးက ကျွန်တော်တို့အား ရှင်းပြခဲ့သည်။

ဆရာတော်ပျံလွန်ပြီးနောက်၏ ရုပ်အလောင်းအားစံကျောင်းပေါ်ရှိ ကုတင်ပေါ်မှ ဆရာတော် တရားအားထုတ်ခဲ့သည့် ဂူ အတွင်းသို့ပြောင်းရွှေ့ကာ တစ်နှစ်ကျော်ထားရှိခဲ့ပြီးနောက်မှ စံကျောင်းတော်ပေါ်သို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ယခုအခါ တွင် စံကျောင်းအသစ်ဆောက်လုပ်ကာ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို အပူဇော်ခံထားရှိသည်။ ဆရာတော်ကြီးဝတ်ရုံထားသော သင်္ကန်းတော်များကိုလည်း တစ်လလျှင်တစ်ကြိမ် လဲလှယ်ပေးလျက်ရှိသည်ဟု သိရှိရသည်။ သင်္ကန်းတော် လဲလှယ်ပေးချိန်တွင် ဆရာတော်ကြီး၏ ရုပ်အလောင်းကို ဆရာတော် ရုပ်ကလပ်ထားရှိရာ စံကျောင်းအတွင်းမှာပင် အလှူရှင်တစ်ဦးလှူဒါန်းထားသည့် ခေတ်မီ အလူမီနီယမ် ကုတင်ပေါ်သို့ ပြောင်းရွှေ့ပြီး လဲလှယ်ပေးသည်ဟု သိရှိရသည်။

ကန်ဆည်ကျေးရွာ၊ ဘုရားကြီးတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒ န္တဂုဏဝံသသည်ပျံလွန်တော်မမူမီက မဟာဒွါရနိကာယ ဩဝါဒ ဆရာတော်ကြီးဖြစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌ ဆရာတော်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဘဒ္ဒ န္တဂုဏဝံသလောင်းလျာ မောင်ကျော်လှအား အင်္ဂပူမြို့နယ် ၊ ပန်းတင်ကျေးရွာအုပ်စု ဇောင်းတန်းရွာ တစ်ဘက်ကမ်း၊ ရေလဲရွာတွင်ခမည်းတော် ဓာတ်ဗိန္ဒောဆရာကြီးဦးသာအေးနှင့်မယ်တော်ဒေါ်ရွှေစို တို့က ၁၂၇၃ ခုနှစ်၊နတော်လဆန်း ၁၄ ရက်တွင် ဖွားမြင်ခဲ့သည်။မွေးချင်းများမရှိသော တစ်ဦးတည်းသောသားဖြစ်သည်။ မောင်ကျော်လှသည်လောကီအတန်းပညာ ဆဋ္ဌမတန်းအောင် မြင်ပြီးနောက် အသက် ၁၂ နှစ် အရွယ် ၁၂၈၅ ခုနှစ်တွင် သာမဏေဝတ်ခဲ့ကာ ရှင်ဂုဏဝံသ ဟုဘွဲ့အမည်တွင် ခဲ့သည်။သက်တော် ၁၉ နှစ်တွင်ရဟန်းဖြစ်တော်မူသည်။

၁၃၀၁ ခုနှစ်အထိ ဗုဒ္ဓစာပေများကို သင်ယူခဲ့ပြီးနောက် ကန်ဆည်ရွာဘုရားကြီးတိုက်ဘုန်းတော်ကြီးကျောင်းတွင်ပဓာန နာယက ဆရာတော်တစ်ပါးအဖြစ် သီတင်းသုံးခဲ့သည်။ဆရာတော်သည် သံဃာတော်များ၏ တာဝန်နှစ်ရပ်ဖြစ်သည့် ဂန္ဓဓူရ နှင့် ဝိပဿနာဓူရ နှစ်ပါးကိုသာကျင့်သုံးဆောင်ရွက်ခဲ့သည်။စာပေပို့ချခြင်း ဟူသည့် ဂန္ထဓူရ နှင့် ဝိပဿနာ တရားကျင့်ကြံအားထုတ်ခြင်း ဟူသည့် ဝိပဿနာဓူရ နှစ်ပါးသည်သာ ဆရာတော်ကြီး၏ နိစ္စဓူ၀ တာဝန်ဖြစ်ခဲ့သည်။

၁၃၄၇ ခုနှစ်မှစ၍ ဓမ္မာနုဓမ္မ မဟာဒွါရ ဂိုဏ်း၏ အနုနာယက ဆရာတော်နှင့် အင်္ဂပူမြို့နယ် သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌဆရာတော် အဖြစ်လည်းကောင်း၊၁၃၇၀ ပြည့်နှစ်မှစ၍ မဟာဒွါရဂိုဏ်းဩဝါဒစရိယ နှင့် နိုင်ငံတော် ဩဝါဒစရိယ ဆရာတော် အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ဆရာတော်ကြီးသည် သက်တော် ၁၀၀ ရောက်ရှိလာသည်အထိ မည်သည့် ရောဂါဝေဒနာမှမဖြစ်ပွားခဲ့ဘဲ ၁၃၇၂ ခုနှစ် တန် ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်(ခရစ်နှစ် ၅၊၁၂၊၂၀၁၀)တွင် ဘဝဇာတ်သိမ်းတော်မူခဲ့သည်။အသက်အရွယ်ကြီးရင့်လာချိန်တွင် မိမိ အခန်းတည်းမာွပင် သီတင်းသုံးခဲ့သည်။တပည့် ဒကာဒကာမများ လာရောက်ဖူးမျှော်ချိန်တွင်လည်း မိမိအခန်းအတွင်းတွင်သာ တွေ့ ဆုံလေ့ရှိပြီး ဧည့်သည်များလာရောက်သည့် အချိန်တိုင်း အခန်းအတွင်းမည်သူမျှ မရှိသော်လည်း “မဆိုင်သူတွေထွက်ကြ” ဟုပြော လေ့ ရှိခဲ့ကြောင်း ဦးစိုးသန်းက ရှင်းပြခဲ့သည်။

ဆရာတော်ကြီးသည် ပျံလွန်တော် မမူမီ နှစ်အနည်းငယ်တွင် လမ်းမလျှောက်နိုင်ငတော့ဘဲ အခန်းအတွင်းမှာပင် သီတင်း သုံးနေထိုင်ခဲ့သည်။
ထေရ ဝါဒဗုဒ္ဓ ဘာသာတွင် အာသဝေါ လေးပါးကုန်စင်တော်မူသော ရဟန္တာပုဂ္ဂိုလ်များသည် ပရိနိဗ္ဗာန်ပြုလျှင် နောင်တစ်ဖန် ပဋိသန္ဓေ ပြန်လည်နေရခြင်း မရှိတော့သဖြင့် ထာဝရ မသေတော့သည့် ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်ရှိသွားကြသည်။ ထိုသို့ နောင် တစ်ဖန် ပဋိသန္ဓေမနေရခြင်းကိုပင် ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ရောက်သည်ဟုဆိုကြခြင်းဖြစ်သည်။ နိဗ္ဗာန် သည် ဘုံဌာန၊ တည်နေရာတစ်ခု မဟုတ်ဘဲ ဘဝတစ်ဖန်ဖြစ်ပျက် သံသရာမှ ချုပ်ငြိမ်းသွားခြင်းကို နိဗ္ဗာန်ရောက်ခြင်းဟု ဆိုလိုခြင်း ပင်ဖြစ်သည်။

ရဟန္တာ အရှင်သူမြတ်များသည် တစ်ဘ၀ နိဂုံးချုပ်ကြပြီးနောက် မည်သည့်အခါမှ မသေကြတော့သကဲ့သို့ ကြွင်းကျန် သည့် ရုပ်ခန္ဓာသည်လည်း အဓိဌာန ပြုထားပါက မပုပ်မသိုး ကျန်ရှိနေကြောင်း ဆရာတော်ကြီးများ၏ ဟောကြားမှုကို နာကြားခဲ့ ရဖူးပါသည်။ ထို့ကြောင့် ထိုရဟန္တာပုဂ္ဂိုလ် အရှင်သူမြတ်များသည် နာမ်ခန္ဓာသာမက ရုပ်ခန္ဓာလည်း မသေတော့ပါချေ။

ကန်ဆည်ရွာ ဘုရားကြီးတိုက်သည် အကျယ်အဝန်းဧရိယာ ခြောက်ဧကရှိပြီး ကျောင်းတိုက်အတွင်း၌ ဆရာတော် သီတင်း သုံးနေထိုင်ခဲ့သည့် ရှေးဟောင်းသုံးထပ်ကျောင်းကြီးတစ်ခုရှိသည်။နှစ်ကာလ ကြာမြင့်ပြီဖြစ်သည့်အတွက်ယင်းကျောင်းကြီး သည် အိုမင်းပျက်စီးနေကာ အမိုးများ၊ လှေကားများ မရှိတော့ပါချေ။ ချုံနွယ်ပိတ်ပေါင်းများအကြားတွင်ရှိနေသဖြင့် ထိုကျောင်းအိုကြီး ဆီသို့ ကျွန်တော်တို့ အနီးကပ် မသွားရောက်နိုင်ခဲ့ဘဲ အဝေးမှပင် ဓာတ်ပုံများရိုက်ကူးခဲ့ရသည်။ကျောင်းကြီးဝန်းကျင်တွင် ကျွန်း ပင်များစိုက် ပျိုးထားသည်။

ကျောင်းအိုကြီးနှင့် မလှမ်းမကမ်းတွင်သက်တမ်း နှစ် ၁၀၀ ကျော်နေပြီဖြစ်သည့် သစ်သား ကျောင်းဆောင် တစ်ဆောင်ကို တွေ့ရှိ ခဲ့ရသည်။ ကျောင်းဆောင်အတွင်း ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်ခဲ့ရရာ မြန်မာသက္ကရာဇ် ၁၁၆၆ ခုနှစ်က လှူဒါန်းထားသော ရုပ်ပွားတော်များဖြစ်ကြောင်း အလှူကမ္ဗည်းများကို ဖတ်ရှုခဲ့ရသည်။ယင်းရှေးဟောင်းရုပ်ပွားတော်များအား ဘုရားကြီးကျောင်းတိုက် က ထိန်းသိမ်းစောင့်ရှောက်ထားသည်။
အချို့သော ကြေးဆင်းတုတော်များအား မသမာသူများ၏ ခိုးယသွားခဲ့ကြသဖြင့် ကျန်ရှိနေသည့် ရှေးခေတ်လက်ရာ ရုပ်ပွားတော်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။အချို့သော ရုပ်ထုများသည်လည်း ခေါင်းများကျိုးပြတ်နေသည်ကို တွေ့မြင်ခဲ့ရသည်။

ထူးခြားသော ဆရာတော်ကြီးတစ်ပါး၏ ရုပ်ကြွင်းတည်ရှိရာ ဘုရားကြီးတိုက်အတွင်း ဆရာတော်ကြီး၏ ရုပ်အလောင်းနှင့် အတူ ရှေးဟောင်း အဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းသည် အင်္ဂပူမြို့ငယ်လေး၏သမိုင်း မှတ်တမ်းတစ်စိတ် တစ်ပိုင်းကိုပါ ထိန်းသိမ်းထားပြီးဖြစ်ပေတော့သည်။

မောင်သာ(ရှေးဟောင်းသုတေသန)
ဂမ္ဘီရ မဂ္ဂဇင်း

Leave a Reply