အာလူးစားသူမ်ား ပန္းခ်ီကား ဘာလို႔ နာမည္ၾကီးတာလဲ?

Posted on

ဘာသာျပန္ဆုိ ေရးသားသူ – မုိးရွင္း (I.M.T)

အာလူးစားသူမ်ား ဆုိတဲ့ပန္းခ်ီကားကုိ ၁၈၈၅ခုႏွစ္ -ဧၿပီလမွာ ဒတ္ခ်္လူမ်ိဳး ကမာၻေက်ာ္ပန္းခ်ီဆရာၾကီးဗင္းဆင့္ဗန္ဂိုးလ္ ကေရးဆြဲခဲ့တာပါ။အခုေလာေလာဆယ္မွာေတာ့ ဒီပန္းခ်ီကားဟာ နယ္သာလန္နုိင္ငံအမ္စတာဒမ္ၿမိဳ႔က ဗင္းဆင့္ဗန္ဂိုးလ္ၿပတိုက္မွာရွိပါတယ္။

ဒီပန္းခ်ီကားဟာ စားပြဲတစ္ခုရဲ့ပတ္လည္မွာ အာလူးစားေနၾကတဲ့ ေတာင္သူလယ္သမား ငါးေယာက္ရဲ့ပံုကိုေရးဆြဲထားတဲ့ ဆီေဆးပန္ခ်ီကားတစ္ခ်ပ္ပါ။ သံုးေယာက္ကမိန္းကေလးေတြၿဖစ္ၿပီး က်န္တဲ့ႏွစ္ေယာက္ကေတာ့ ေယာကၤ်ားေလးေတြပါ။

ဒီပန္းခ်ီက ေတာင္သူလယ္သမားငါးေယာက္ရဲ့ ညစာကိုလက္ေတြ႔ဆန္ဆန္သဘာ၀က်က် ေဖာ္ၿပခ်င္တာပါ။ သူတို႔ငါးေယာက္ထဲက အမ်ားစုက အာလူးစားေနၾကတယ္။

ညာဘက္ က အမ်ိဳးသမီးၾကီးကေကာ္ဖီေရာင္နဲ႔ဆင္တဲ့ လက္ဖက္ရည္ၾကမ္းေတြကို ငွဲ႔ေနတယ္။ သူတို႔အားလံုးဦးထုပ္ေတြ၊ ေခါင္းစည္းေတြ၊ ထူၿပီးရွည္တဲ့ အ၀တ္အစားေတြ၀တ္ဆင္ ထားၾကတယ္။သူတို႔ေတြကအားလံုး အေမွာင္ခန္းေလးထဲမွာရွိေနၾကတယ္။

တစ္ခုတည္းေသာအလင္းေရာင္က မ်က္ႏွာၾကက္ထုတ္တန္းမွာတြဲေလာင္းခ်ထားတဲ့ မီးအိမ္ေလးကေနၿဖာက်ေနတာပါ။ ဒီမီးအိမ္ေလးကပန္ခ်ီကားရဲ့  အလယ္တည့္တည့္ေလာက္မွာ ရွိေနပါတယ္။ ၿပီးေတာ့ ဒီမီးအိမ္ေလးေၾကာင့္ပဲ တစ္ခန္းလံုးလင္းေနတာပါ။

ပန္းခ်ီကားကအေမွာင္ေတြဆန္တဲ့ အေရာင္ေတြသံုးထားေပမဲ့ ေတာင္သူလယ္သမားေတြရဲ့မ်က္နွာကေတာ့ ေတာက္ပေနၿပီးသူတို႔ရဲ့စိတ္ထဲကေရာယွက္ေနတဲ့အတြင္းစိတ္ခံစားမႈေတြကိုေဖာ္ၿပေနပါတယ္။ သူတို႔မ်က္ႏွာအမူအရာေတြဟာ တစ္ခုခုကိုအေလးအနက္ထားၿပီး တည္ၿငိမ္ေနတာ ကိုေတြ႔ရတယ္။

ေနာက္တစ္ခ်က္ အေနနဲ႔ သူတို႔ေတြ မေပ်ာ္ရႊင္ၾကဘူးဆိုတာကိုလည္း သူတို႔မ်က္ႏွာေတြကေဖာ္ၿပေနတယ္။ သူတို႔ရဲ့မ်က္ႏွာေပၚမွာတစ္ခုခုကိုစိတ္ထဲမွာ  အေကာင္းနဲ႔အဆိုးဒြန္တြဲၿပီးဒြဟၿဖစ္ေနပံု ၊ တစ္ခုခုကိုမယံုၾကည္တဲ့ပံုမ်ိဳးေတြလည္းေပၚေနတယ္။

သူတို႔ေတြအားလံုးတစ္ေယာက္နဲ႔တစ္ေယာက္ စကားေၿပာမေနၾကဘူး။ သူတို႔အေတြးကမၻာေလးနဲ႔ သူတို႔တစ္ခုခုကိုေတြးေနၾကတယ္။ သူတို႔ေတြမွာၾကမ္းတမ္းတဲ့ပံုစံေတြရွိေနတယ္။ ဒါကလည္းလယ္သမားေတြရဲ့အထင္ရွားဆံုး ၀ိေသသလကၡဏာတစ္ခုကိုပံုေဖာ္ထားတာပါ။

သူတို႔အာလူးစားဖို႔ ဆန္႔ထုတ္ထားတဲဲ့ လက္ေတြကိုၾကည့္ၿခင္းအားၿဖင့္ သူတို႔အားလံုးဟာပိန္ၿပီးအသားအေရေတြလည္း ၾကမ္းတမ္းေနတာကိုေတြ႔ရပါတယ္။ ဒါေပမဲ့သူတို႔ရဲ့ပံုစံေတြဟာ တမင္သက္သက္ပံုေဖာ္ယူထားတဲ့ ပံုမေပါက္ပဲနဲ႔အရမ္းကိုသဘာ၀ဆန္ေနပါတယ္။

ဗန္ဂိုးလ္ဟာဒီပန္းခ်ီကားမွာ ဆင္းရဲသားေတာင္သူေတြရဲ့ဆင္းရဲၾကမ္းတမ္းတဲ့သာမန္ဘ၀ေလးကို ပံုေဖာ္ခ်င္တယ္ဆိုတာ သိသာပါတယ္။

အေရာင္အသံုးၿပဳပံု၊အထားအသိုအခင္းအက်င္းနဲ႔ ့ပန္းခ်ီကားအေပၚသက္ေရာက္မႈ ပန္းခ်ီကားတစ္ခုလံုးကို အၿဖဴအမည္းပဲအသံုးၿပဳထားပါတယ္။ အဓိကအသံုးၿပဳထားတဲ့အေရာင္ေတြကလည္း ၿငိဳးငယ္ၿခင္း၊ စိတ္ဓာတ္က်ၿခင္းေတြကို ေဖာ္ၿပတဲ့ အညိဳေရာင္ အနက္ေရာင္လိုမ်ိဳး အေရာင္မွိန္မွိန္ေတြက ိုအဓိကအသံုးၿပဳထားပါတယ္။

ေၿမၾကီးအေရာင္နဲ႔ ဆင္တ ဲ့အညိဳေရာင္ေတြဟာ လယ္သမားေတြရဲ့ေနေလာင္တဲ့မ်က္ႏွာနဲ႔ ၾကမ္းတမ္းမႈေတြကို အဓိကပံုေဖာ္ေပးပါတယ္။

သူတို႔ေတြဟာတစ္ေန႔တစ္ေန႔ ေနရာင္ေအာက္မွာ အလုပ္လုပ္ၾကရတဲ့အတြက္အညိဳေရာင္ကိုအဓိကအသံုးၿပဳၿပီး သူတို႔ရဲ့ပံုကိုပံုေဖာ္ထားတာၿဖစ္ပါတယ္။ ဒီအေရာင္ေတြေၾကာင့္ပဲ ပန္းခ်ီကားဟာလည္း အရမ္းကိုသဘာ၀ဆန္ေနပါတယ္။

ဒီပန္းခ်ီကားဟာ လက္ေတြ႔ဆန္ၿပီး နည္းနည္းေလးမ ွခ်ဲ႔ကားထားၿခင္းမရွိတဲ့ ပံုေပါက္ေနပါတယ္။ လယ္သမ်ားေတြရဲ့ ေန႔စဥ္ဘ၀ကိုလည္း ကြင္းကြင္းကြက္ကြက္ ျမင္ေစပါတယ္။ သူတို႔ေတြရဲ့မ်က္ႏွာေတြကိုလည္း အေသးစိတ္ၾကည့္ၾကည့္လိုက္ပါ။

အေပၚကမီးအိမ္ရဲ့အလင္းေရာင္အလုိက္ မ်က္နွာေပၚမွာေမွာင္တဲ့အၿခမ္းက ေမွာင္ေနပါတယ္။ အရမ္းကိုအေသးစိတ္ပါတယ္။ ဒီပန္းခ်ီကားရဲ့ အထားအသိုအခင္းအက်င္းကလဲ လံုး၀ကိုစနစ္ၾကပါတယ္။

သူတို႔ေတြေနရာယူထားတာကိုၾကည့္ ၿခင္းအားၿဖင့္ ပန္းခ်ီကားဟာႏွစ္ဘက္မွ်တာကိုေတြ႔ရပါတယ္။ စားပြဲရဲ့တစ္ဘက္တစ္ခ်က္မွာမ်က္နွာခ်င္းဆိုင္ ထုိင္ေနတဲ့ လူႏွစ္ေယာက္ဆီရွိတယ္။

အလယ္ကေက်ာေပးထားတဲ့ ေကာင္မေလးက ထိုႏွစ္ဖြဲ႔ကို အလယ္ကေန ႏွစ္ၿခမ္းခြဲထား သေယာင္ၿဖစ္ေနတယ္။ သူတို႔အားလံုးဟာ
ေပါင္းစည္းတဲ့ပံုလည္းေပါက္တယ္။

သူတို႔အားလံုးဟာအရမ္းကပ္ကပ္ၾကီးလဲ ထိုင္မေနၾကဘူး။ သက္ေတာင့္သက္သာလည္း ျဖစ္တဲ့ပံုေပၚတယ္။ ပန္းခ်ီကားတစ္ခုလံုးမွာအလဟသေနရာမပါဘူး။ ေနရာအားလံုးကို မ်ွတတဲ့ပံုစံၿဖစ္ေအာင္ ဆြဲထားတယ္။

မ်က္ႏွာက်က္ကလဲ လယ္သမားေတြနဲ႔အရမ္းကိုနီးကပ္ေနတယ္။ အခန္းကအရမ္းကိုေသးၿပီးေတာ့ ေဟာင္းႏြမ္းစုတ္ၿပတ္ေနတယ္။
ထုိင္ေနတဲ့သူတို႔ေတြကိုစာဖတ္သူစိတ္ထဲမွာ မတ္တပ္တစ္ခ်က္ေလာက္ရပ္ခိုင္းၾကည့္လုိက္ပါ။

အမိုးကအရမ္းနိမ့္ေနေတာ့ သက္ေတာက္သက္သာေတာ့ရွိမွာ မဟုတ္ေလာက္ဘူးေနာ္။ ဒီအမိုးနိမ့္နိမ့္ေလးလုပ္ထားတဲ့ အခ်က္ကပဲ
ပန္းခ်ီကားကိုတိတ္ဆိတ္ၿပီး ေအးေအးစက္စက္ၿဖစ္ေနေစတယ္။

ပန္းခ်ီကားရဲ့သဘာ၀က်မႈ

ဒီပန္းခ်ီကားမွာပါ၀င္တဲ့ လူေတြ၊ေနရာေတြ ၊ပစၥည္းေတြအရာအားလံုးဟာ တိက်ၿပီးမွန္ကန္တဲ့အၿပင္ အရမ္းကို သဘာ၀ဆန္ပါတယ္။ လယ္သမားေတြရဲ့ခႏၶာကိုယ္အစိတ္ပိုင္းေတြက အစအပိုအလိုမရွိပီၿပင္ေအာင္ အေသခ်ာကိုေရးဆြဲထားတာကိုေတြ႔ရပါတယ္။

လယ္သမားေတြရဲ့ပံုစံနဲ႔အာလူးေတြ၊ ခြက္ေတြ၊ စားပြဲေတြကိုလည္းသံုးဖက္ၿမင္ပံုစံနဲ႔ ဆြဲထားတာကိုလည္းေတြ႔ရပါတယ္။ ဒီလုိအခ်က္ေတြကလည္း ဒီပန္းခ်ီကားကို ၿပည့္စံုေအာင္ေထာက္ပံ့ေပးေနပါတယ္။

အသံုးၿပဳထားတဲ့အေရာင္ေတြကလဲ ေနရာအလိုက္မွန္ကန္မႈရွိၿပီး လက္ေတြ႔အရမ္းဆန္ပါတယ္။ အလုပ္ၾကမ္းေတြကို ေနေရာင္ေအာက္မွာ လုပ္ထားရတာကိုလဲသိသာေအာင္ မ်က္ႏွာနဲ႔လက္ေတြကို ေၿမၾကီးေရာင္ဆန္တဲ့ အညိဳေရာင္ကိုသံုးထားပါတယ္။

ပန္းခ်ီကားရဲ့တစ္ခုတည္းေသာ အလင္းေရာင္ကိုလည္း ထုတ္တန္းမွာ ဆြဲထားတဲ့မီးအိမ္ေလးကေနယူထားပါတယ္။ ဒါအၿပင္ အလင္းအေမွာင္ အသံုးၿပဳၿခင္းကလည္း အထင္ၾကီးေလာက္ပါတယ္။

လူေတြအေပၚမွာထင္ရွားေအာင္ ေရးဆြဲထားၿခင္းကေနာက္ခံအေရာင္ေတြနဲ႔လည္း ကြဲၿပားေနေစပါတယ္။

ျပင္ပလက္ေတြ႔ ဘ၀မွာ လယ္သမားမိသားစု ထမင္း၀ိုင္းတစ္ခုကိုသြားလည္လို႔ အၿပင္မွာၿမင္ရတဲ့ အတိုင္းၿဖစ္ေအာင္ အၿပစ္ရွာမရေအာင္ေရးဆြဲထားတာပါ။

အေရာင္မွိန္မွိန္ေတြအသံုးၿပဳထားၿခင္းကလဲ ဆင္းရဲသားမိသားစုရဲ့ဘ၀ကို ပီပီၿပင္ၿပင္ေဖာ္ၿပေနပါတယ္။ ပတ္၀န္းက်င္သြင္ၿပင္အေၿခအေန၊ သူတို႔ေတြရဲ့စိတ္ခံစားမႈေတြကိုလည္း အေရာင္ေတြနဲ႔စနစ္တက်ေဖာ္ၿပခဲ့တာပါ။

ဒါေၾကာင့္လည္းပဲဒီပန္းခ်ီကား ၾကည့္လိုက္သူတိုင္းကို တကယ့္သဘာ၀ဆန္တဲ့ လယ္သမားေတြရဲ့ ေန႔တဒူ၀ဘ၀ကို ၿမင္သာေစတာပါ။
ဒီပန္းခ်ီကားကအရမ္းကိုၿပည့္စံုလြန္းလို႔လည္း ကမာၻေက်ာ္ခဲ့တာပါ။

ကြ်န္ေတာ္လည္းအစကဒါတြမသိခဲ့ပါဘူး။ အင္တာနက္မွ linkတစ္ခုက ေဆာင္းပါးေလးကိုဖတ္ရင္း ဒီပန္းခ်ီကားရဲ့အႏွစ္သာရကိုခံစားမိတာပါ။ ကြ်န္ေတာ္သိသလို ကြ်န္ေတာ့္စာကိုအၿမဲဖတ္တဲ့သူေတြလည္း သိေအာင္မွ်ေ၀ခ်င္တဲ့ စိတ္ေၾကာင့္ အဲဒိlink ကစာကိုဘာသာၿပန္ၿပီး ကြ်န္ေတာ့္ခံစားခ်က္ေတြပါ ထည့္ၿပီး ဆီေလ်ာ္ေအာင္ၿပန္လည္ေရးလိုက္တာပါ။

ဗင္ဂိုးလ္းကိုေလးစားတဲ့စိတ္ေၾကာင့္ ဘာသာၿပန္ရင္းနဲ႔ေတာင္ ၾကက္သီးေတြထေနပါတယ္။ ဒီပန္းခ်ီကားကေတာ့ကြ်န္ေတာ့္အၾကိဳက္ဆံုး
ပန္းခ်ီကားတစ္ခ်ပ္ၿဖစ္သြားပါၿပီ။

မုိးရွင္း (I.M.T)


အာလူးစားသူများ ပန်းချီကား ဘာလို့ နာမည်ကြီးတာလဲ? (unicode)

ဘာသာပြန်ဆို ရေးသားသူ – မိုးရှင်း (I.M.T)

အာလူးစားသူများ ဆိုတဲ့ပန်းချီကားကို ၁၈၈၅ခုနှစ် -ဧပြီလမှာ ဒတ်ခ်ျလူမျိုး ကမ္ဘာကျော်ပန်းချီဆရာကြီးဗင်းဆင့်ဗန်ဂိုးလ် ကရေးဆွဲခဲ့တာပါ။အခုလောလောဆယ်မှာတော့ ဒီပန်းချီကားဟာ နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့က ဗင်းဆင့်ဗန်ဂိုးလ်ပြတိုက်မှာရှိပါတယ်။

ဒီပန်းချီကားဟာ စားပွဲတစ်ခုရဲ့ပတ်လည်မှာ အာလူးစားနေကြတဲ့ တောင်သူလယ်သမား ငါးယောက်ရဲ့ပုံကိုရေးဆွဲထားတဲ့ ဆီဆေးပန်ချီကားတစ်ချပ်ပါ။ သုံးယောက်ကမိန်းကလေးတွေဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ယောင်္ကျားလေးတွေပါ။

ဒီပန်းချီက တောင်သူလယ်သမားငါးယောက်ရဲ့ ညစာကိုလက်တွေ့ဆန်ဆန်သဘာဝကျကျ ဖော်ပြချင်တာပါ။ သူတို့ငါးယောက်ထဲက အများစုက အာလူးစားနေကြတယ်။

ညာဘက် က အမျိုးသမီးကြီးကကော်ဖီရောင်နဲ့ဆင်တဲ့ လက်ဖက်ရည်ကြမ်းတွေကို ငှဲ့နေတယ်။ သူတို့အားလုံးဦးထုပ်တွေ၊ ခေါင်းစည်းတွေ၊ ထူပြီးရှည်တဲ့ အဝတ်အစားတွေဝတ်ဆင် ထားကြတယ်။သူတို့တွေကအားလုံး အမှောင်ခန်းလေးထဲမှာရှိနေကြတယ်။

တစ်ခုတည်းသောအလင်းရောင်က မျက်နှာကြက်ထုတ်တန်းမှာတွဲလောင်းချထားတဲ့ မီးအိမ်လေးကနေဖြာကျနေတာပါ။ ဒီမီးအိမ်လေးကပန်ချီကားရဲ့  အလယ်တည့်တည့်လောက်မှာ ရှိနေပါတယ်။ ပြီးတော့ ဒီမီးအိမ်လေးကြောင့်ပဲ တစ်ခန်းလုံးလင်းနေတာပါ။

ပန်းချီကားကအမှောင်တွေဆန်တဲ့ အရောင်တွေသုံးထားပေမဲ့ တောင်သူလယ်သမားတွေရဲ့မျက်နှာကတော့ တောက်ပနေပြီးသူတို့ရဲ့စိတ်ထဲကရောယှက်နေတဲ့အတွင်းစိတ်ခံစားမှုတွေကိုဖော်ပြနေပါတယ်။ သူတို့မျက်နှာအမူအရာတွေဟာ တစ်ခုခုကိုအလေးအနက်ထားပြီး တည်ငြိမ်နေတာ ကိုတွေ့ရတယ်။

နောက်တစ်ချက် အနေနဲ့ သူတို့တွေ မပျော်ရွှင်ကြဘူးဆိုတာကိုလည်း သူတို့မျက်နှာတွေကဖော်ပြနေတယ်။ သူတို့ရဲ့မျက်နှာပေါ်မှာတစ်ခုခုကိုစိတ်ထဲမှာ  အကောင်းနဲ့အဆိုးဒွန်တွဲပြီးဒွဟဖြစ်နေပုံ ၊ တစ်ခုခုကိုမယုံကြည်တဲ့ပုံမျိုးတွေလည်းပေါ်နေတယ်။

သူတို့တွေအားလုံးတစ်ယောက်နဲ့တစ်ယောက် စကားပြောမနေကြဘူး။ သူတို့အတွေးကမ္ဘာလေးနဲ့ သူတို့တစ်ခုခုကိုတွေးနေကြတယ်။ သူတို့တွေမှာကြမ်းတမ်းတဲ့ပုံစံတွေရှိနေတယ်။ ဒါကလည်းလယ်သမားတွေရဲ့အထင်ရှားဆုံး ဝိသေသလက္ခဏာတစ်ခုကိုပုံဖော်ထားတာပါ။

သူတို့အာလူးစားဖို့ ဆန့်ထုတ်ထားတဲ့ လက်တွေကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံးဟာပိန်ပြီးအသားအရေတွေလည်း ကြမ်းတမ်းနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့သူတို့ရဲ့ပုံစံတွေဟာ တမင်သက်သက်ပုံဖော်ယူထားတဲ့ ပုံမပေါက်ပဲနဲ့အရမ်းကိုသဘာဝဆန်နေပါတယ်။

ဗန်ဂိုးလ်ဟာဒီပန်းချီကားမှာ ဆင်းရဲသားတောင်သူတွေရဲ့ဆင်းရဲကြမ်းတမ်းတဲ့သာမန်ဘ၀လေးကို ပုံဖော်ချင်တယ်ဆိုတာ သိသာပါတယ်။

အရောင်အသုံးပြုပုံ၊အထားအသိုအခင်းအကျင်းနဲ့ပန်းချီကားအပေါ်သက်ရောက်မှု ပန်းချီကားတစ်ခုလုံးကို အဖြူအမည်းပဲအသုံးပြုထားပါတယ်။ အဓိကအသုံးပြုထားတဲ့အရောင်တွေကလည်း ငြိုးငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို ဖော်ပြတဲ့ အညိုရောင် အနက်ရောင်လိုမျိုး အရောင်မှိန်မှိန်တွေက ိုအဓိကအသုံးပြုထားပါတယ်။

မြေကြီးအရောင်နဲ့ ဆင်တ ဲ့အညိုရောင်တွေဟာ လယ်သမားတွေရဲ့နေလောင်တဲ့မျက်နှာနဲ့ ကြမ်းတမ်းမှုတွေကို အဓိကပုံဖော်ပေးပါတယ်။

သူတို့တွေဟာတစ်နေ့တစ်နေ့ နေရာင်အောက်မှာ အလုပ်လုပ်ကြရတဲ့အတွက်အညိုရောင်ကိုအဓိကအသုံးပြုပြီး သူတို့ရဲ့ပုံကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဒီအရောင်တွေကြောင့်ပဲ ပန်းချီကားဟာလည်း အရမ်းကိုသဘာဝဆန်နေပါတယ်။

ဒီပန်းချီကားဟာ လက်တွေ့ဆန်ပြီး နည်းနည်းလေးမ ွချဲ့ကားထားခြင်းမရှိတဲ့ ပုံပေါက်နေပါတယ်။ လယ်သများတွေရဲ့ နေ့စဉ်ဘဝကိုလည်း ကွင်းကွင်းကွက်ကွက် မြင်စေပါတယ်။ သူတို့တွေရဲ့မျက်နှာတွေကိုလည်း အသေးစိတ်ကြည့်ကြည့်လိုက်ပါ။

အပေါ်ကမီးအိမ်ရဲ့အလင်းရောင်အလိုက် မျက်နှာပေါ်မှာမှောင်တဲ့အခြမ်းက မှောင်နေပါတယ်။ အရမ်းကိုအသေးစိတ်ပါတယ်။ ဒီပန်းချီကားရဲ့ အထားအသိုအခင်းအကျင်းကလဲ လုံးဝကိုစနစ်ကြပါတယ်။

သူတို့တွေနေရာယူထားတာကိုကြည့် ခြင်းအားဖြင့် ပန်းချီကားဟာနှစ်ဘက်မျှတာကိုတွေ့ရပါတယ်။ စားပွဲရဲ့တစ်ဘက်တစ်ချက်မှာမျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူနှစ်ယောက်ဆီရှိတယ်။

အလယ်ကကျောပေးထားတဲ့ ကောင်မလေးက ထိုနှစ်ဖွဲ့ကို အလယ်ကနေ နှစ်ခြမ်းခွဲထား သယောင်ဖြစ်နေတယ်။ သူတို့အားလုံးဟာ
ပေါင်းစည်းတဲ့ပုံလည်းပေါက်တယ်။

သူတို့အားလုံးဟာအရမ်းကပ်ကပ်ကြီးလဲ ထိုင်မနေကြဘူး။ သက်တောင့်သက်သာလည်း ဖြစ်တဲ့ပုံပေါ်တယ်။ ပန်းချီကားတစ်ခုလုံးမှာအလဟသနေရာမပါဘူး။ နေရာအားလုံးကို မျှတတဲ့ပုံစံဖြစ်အောင် ဆွဲထားတယ်။

မျက်နှာကျက်ကလဲ လယ်သမားတွေနဲ့အရမ်းကိုနီးကပ်နေတယ်။ အခန်းကအရမ်းကိုသေးပြီးတော့ ဟောင်းနွမ်းစုတ်ပြတ်နေတယ်။
ထိုင်နေတဲ့သူတို့တွေကိုစာဖတ်သူစိတ်ထဲမှာ မတ်တပ်တစ်ချက်လောက်ရပ်ခိုင်းကြည့်လိုက်ပါ။

အမိုးကအရမ်းနိမ့်နေတော့ သက်တောက်သက်သာတော့ရှိမှာ မဟုတ်လောက်ဘူးနော်။ ဒီအမိုးနိမ့်နိမ့်လေးလုပ်ထားတဲ့ အချက်ကပဲ
ပန်းချီကားကိုတိတ်ဆိတ်ပြီး အေးအေးစက်စက်ဖြစ်နေစေတယ်။

ပန်းချီကားရဲ့သဘာဝကျမှု

ဒီပန်းချီကားမှာပါဝင်တဲ့ လူတွေ၊နေရာတွေ ၊ပစ္စည်းတွေအရာအားလုံးဟာ တိကျပြီးမှန်ကန်တဲ့အပြင် အရမ်းကို သဘာဝဆန်ပါတယ်။ လယ်သမားတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေက အစအပိုအလိုမရှိပီပြင်အောင် အသေချာကိုရေးဆွဲထားတာကိုတွေ့ရပါတယ်။

လယ်သမားတွေရဲ့ပုံစံနဲ့အာလူးတွေ၊ ခွက်တွေ၊ စားပွဲတွေကိုလည်းသုံးဖက်မြင်ပုံစံနဲ့ ဆွဲထားတာကိုလည်းတွေ့ရပါတယ်။ ဒီလိုအချက်တွေကလည်း ဒီပန်းချီကားကို ပြည့်စုံအောင်ထောက်ပံ့ပေးနေပါတယ်။

အသုံးပြုထားတဲ့အရောင်တွေကလဲ နေရာအလိုက်မှန်ကန်မှုရှိပြီး လက်တွေ့အရမ်းဆန်ပါတယ်။ အလုပ်ကြမ်းတွေကို နေရောင်အောက်မှာ လုပ်ထားရတာကိုလဲသိသာအောင် မျက်နှာနဲ့လက်တွေကို မြေကြီးရောင်ဆန်တဲ့ အညိုရောင်ကိုသုံးထားပါတယ်။

ပန်းချီကားရဲ့တစ်ခုတည်းသော အလင်းရောင်ကိုလည်း ထုတ်တန်းမှာ ဆွဲထားတဲ့မီးအိမ်လေးကနေယူထားပါတယ်။ ဒါအပြင် အလင်းအမှောင် အသုံးပြုခြင်းကလည်း အထင်ကြီးလောက်ပါတယ်။

လူတွေအပေါ်မှာထင်ရှားအောင် ရေးဆွဲထားခြင်းကနောက်ခံအရောင်တွေနဲ့လည်း ကွဲပြားနေစေပါတယ်။

ပြင်ပလက်တွေ့ ဘဝမှာ လယ်သမားမိသားစု ထမင်းဝိုင်းတစ်ခုကိုသွားလည်လို့ အပြင်မှာမြင်ရတဲ့ အတိုင်းဖြစ်အောင် အပြစ်ရှာမရအောင်ရေးဆွဲထားတာပါ။

အရောင်မှိန်မှိန်တွေအသုံးပြုထားခြင်းကလဲ ဆင်းရဲသားမိသားစုရဲ့ဘဝကို ပီပီပြင်ပြင်ဖော်ပြနေပါတယ်။ ပတ်ဝန်းကျင်သွင်ပြင်အခြေအနေ၊ သူတို့တွေရဲ့စိတ်ခံစားမှုတွေကိုလည်း အရောင်တွေနဲ့စနစ်တကျဖော်ပြခဲ့တာပါ။

ဒါကြောင့်လည်းပဲဒီပန်းချီကား ကြည့်လိုက်သူတိုင်းကို တကယ့်သဘာဝဆန်တဲ့ လယ်သမားတွေရဲ့ နေ့တဒူဝဘဝကို မြင်သာစေတာပါ။
ဒီပန်းချီကားကအရမ်းကိုပြည့်စုံလွန်းလို့လည်း ကမ္ဘာကျော်ခဲ့တာပါ။

ကျွန်တော်လည်းအစကဒါတွမသိခဲ့ပါဘူး။ အင်တာနက်မှ linkတစ်ခုက ဆောင်းပါးလေးကိုဖတ်ရင်း ဒီပန်းချီကားရဲ့အနှစ်သာရကိုခံစားမိတာပါ။ ကျွန်တော်သိသလို ကျွန်တော့်စာကိုအမြဲဖတ်တဲ့သူတွေလည်း သိအောင်မျှဝေချင်တဲ့ စိတ်ကြောင့် အဲဒိlink ကစာကိုဘာသာပြန်ပြီး ကျွန်တော့်ခံစားချက်တွေပါ ထည့်ပြီး ဆီလျော်အောင်ပြန်လည်ရေးလိုက်တာပါ။

ဗင်ဂိုးလ်းကိုလေးစားတဲ့စိတ်ကြောင့် ဘာသာပြန်ရင်းနဲ့တောင် ကြက်သီးတွေထနေပါတယ်။ ဒီပန်းချီကားကတော့ကျွန်တော့်အကြိုက်ဆုံး
ပန်းချီကားတစ်ချပ်ဖြစ်သွားပါပြီ။

မိုးရှင်း (I.M.T)

Leave a Reply