ပရ​ေဆးတစ္​ဖံု မွ ျဖစ္လာတဲ့ ကမာၻေက်ာ္ ကုိကာကုိလာအခ်ိဳရည္​ ရဲ႕ သမုိင္းေၾကာင္း

Posted on

​ေဂ်ာ္​ဂ်ီယာျပည္​နယ္​ အတၱလန္​တာ ဂ်က္​​ေကာ့​ေဆး​ဆိုင္​တြင္​ ကိုကာကိုလာ တစ္​ခြက္​ကို ဆင္​့ ၅၀ ႏွင္​့ ​ေရာင္​းသည္​။ ယ​ေန႔ ​ေပါက္​​ေစ်းႏွင္​့ဆိုလ်ွင္​ တစ္​​ေဒၚလာနီးပါး ႐ွိသည္​။ ထိုစဥ္​က ၁၈၈၆။ တစ္​​ေန႔ ခြက္​ သံုးဆယ္​သာ ​ေရာင္​းရသည္​။ ယ​ေန႔ တစ္​စကၠန္​႔လ်ွင္​ ကိုကာကိုလာ ခြက္​​ေပါင္​း တစ္​​ေသာင္​းႏွစ္​​ေထာင္​​ေက်ာ္​ ​ေရာင္​း​ေနရသည္​။

ကိုကာကိုလာ၏ ဇာတ္​လမ္​းသည္​လည္း တစ္​​ေန႔သ၌ ဤသို႔ စတင္​ခဲ့​ေလသည္​။ သူ႔အမည္​က ဂြၽန္​စတစ္​(John Stith Pemberto)။ ​ေဆးဆရာလည္​း ဟုတ္​၊ ဟိုစပ္​စပ္​ ဒီစပ္​စပ္​ တီတြင္​သူလည္​း ဟုတ္​သည္​။ ကိုကာ အရြက္​​ေတြမွာ ကိုကင္းဓာတ္​ ပါသည္​။ ကိုလာ အခြံမာသီးႏွင္​့ လက္​ဖက္​​ေျခာက္​ ​ေပါင္​းလိုက္​လ်ွင္​ အရသာႏွင္​့ အနံ႔အသက္​ ပို​ေကာင္​းသြားသည္​။

အရက္​နည္​းနည္​းထည္​့၊ အရက္​၏ ခါးသက္​သက္​ အရာသာကို သၾကားႏွင္​့ဖံုး၊ ၿပီးရင္​ အားလံုး အိုးတစ္​အိုးထဲ ထည္​့က်ိဳ။ သို႔ႏွင္​့ ပထမဆံုး ကိုကာကိုလာ တစ္​အိုးကို ဂြၽန္​စတစ္၏ ဓာတ္​ခြဲခန္​းမွာ စီမံ​ေဖာ္​စပ္​ခဲ့သည္​။

အဆိုပါ ဓာတ္​ခြဲခန္​းထဲမွာပင္​ အသည္​းအားတိုး​ေဆးႏွင္​့ ဆံပင္​ဆိုး​ေဆးတို႔ကိုလည္​း သူကိုယ္​တိုင္​ ​ေဖာ္​စပ္​ခဲ့ဖူးသည္​။ တကယ္​​ေတာ့ သူ႔ရည္​ရြယ္​ခ်က္​က ကိုကာကိုလာကို အခ်ိဳရည္​သက္​သက္​ ​ေသာက္​ဖို႔မဟုတ္​ခဲ့။ တက္​ႂကြလန္​းဆန္​း​ေစဖို႔ အား​ေဆးတစ္​ခု အ​ေနႏွင္​့ သံုးစြဲဖို႔ျဖစ္​သည္​။

ထိုစဥ္​က အလားတူ ​ေဆးမ်ိဳး​ေတြ မ႐ွိမဟုတ္​။ ခြန္​အားတိုး​ေဆး၊ လန္​းဆန္​းတက္​ႂကြ​ေဆး၊ အားျဖည္​့​ေဆး၊ ဟို​ေဆး သည္​​ေဆး ​ေဆးမ်ိဳးစံု ထုတ္​လုပ္​​ေရာင္​းခ်ၿပီး အလုပ္​ျဖစ္​​ေနသူ​ေတြ အနမတဂၢ ႐ွိသည္​။

သည္​လို ​ေဆး​ေဖာ္​နည္​း​ေတြမွာလည္​း အမ်ားအားျဖင္​့ အရက္​ႏွင္​့ နာကိုးတစ္​ (Narcotic) အခ်ိဳးအစား အ​ေတာ္​မ်ားမ်ား ပါဝင္​တတ္​သည္​။ အတိုခ်ံဳး​ေျပာရရင္​ ဂြၽန္​စတစ္ တစ္​​ေယာက္​လည္​း အမ်ားနည္​းတူ ​ေဆးတစ္​ဖံုတည္​းႏွင္​့ ပြ​ေပါက္​တိုးခ်င္​သည္​။

ပြဲဦးထြက္​ ပထမႏွစ္​ ​ေၾကာ္​ျငာစရိတ္​ ၇၃.၉၆ ​ေဒၚလာ အကုန္​အက် ခံလိုက္​သည္​့အတြက္​ ​ေဒၚလာ ၅၀ ဖိုး အ​ေရာင္​းတက္​လာသည္​။ ပစၥည္​း​ေကာင္​း​ေလး သူ႔မွာ ႐ွိ​ေသာ္​လည္​း မားကက္​တင္​းကိစၥကို မကြၽမ္​းက်င္​​ေသာ​ေၾကာင္​့ ​ေဒသတြင္​းမွာပဲ ​ေရာင္​းခ်​ေနရသည္​။

ဂြၽန္​စတစ္မွာ ကင္​ဆာ​ေရာဂါကလည္​း စြဲကပ္​လာသည္​။ ​ေဝဒနာသက္​သာဖို႔ ​ေမာ္​ဖိန္​းကို မျပတ္​ သံုးစြဲ​ေနရသည္​။ ​ေနာက္​ဆံုး သူ႔လုပ္​ငန္​းကို ကယ္​မ​ ​ေပးမည္​့ သူရဲ​ေကာင္​းတစ္​​ေယာက္​ ရလာသည္​။ အမည္​က ကင္​ဒလာ။ သူက ​ေဒၚလာ တစ္​​ေထာက္​့ႏွစ္​ရာ ႏွင္​့ ကိုကာကိုလာ ႐ွယ္​ယာတစ္​ခု ဝယ္​ယူခဲ့သည္​။

၁၈၈၈ ခုႏွစ္​တြင္​ အသက္​ ၅၅ ႏွစ္​႐ွိ ဂြၽန္​စမစ္​ ကြယ္​လြန္​​ေသာအခါ ကင္​​ဒလာ( Asa Griggs Candler) က ကိုကာကိုလာ လုပ္​ငန္​းတစ္​ခုလံုးကို ​ေဒၚလာ ႏွစ္​​ေထာင္​့သံုးရာႏွင္​့ ဝယ္​ယူလိုက္​သည္​။ ၁၈၉၂ ခုႏွစ္​တြင္​ ကိုကာကိုလာ အမွတ္​တံဆိပ္​ မွတ္​ပံုတင္​ကာ နမူနာမ်ား ျဖန္​႔​ေဝ​ေၾကာ္​ျငာသည္​။

နာရီ၊ ျပကၡဒိန္​၊ ​ေဆးပစၥည္​း ကိရိယာမ်ား၌ ကိုကာကိုလာ တံဆိပ္​ ႐ိုက္​ႏွိပ္​ၿပီး ျဖန္႔ခ်ိသည္​။ နာမည္​ႀကီး ​ေအာ္​ပရာ အဆို​ေတာ္​မ​်ားႏွင္​့လည္း ​ေၾကာ္​ျငာသည္​။ ယ​ေန႔အခ်ိန္​တြင္​ ကိုကုကိုလာအတြက္​ ​ေၾကာ္​ျငာအသံုးစရိတ္​မွာ ႏွစ္​စဥ္​ ​ေဒၚလာ တစ္​ဘီလ်ံပင္​ ႐ွိ​ေလသည္​။

ကုိကာကုိလာ ေၾကာ္ျငာမ်ား

၁၈၉၅ ခုႏွစ္​တြင္​ ခ်ီကာဂို၊ ဒယ္​လပ္​၊ ​ေလာ့စ္​အိန္​ဂ်ယ္​လိစ္​ ၿမိဳ႕ႀကီး​ေတြမွာ ကိုကာကိုလာ စက္​ရံုတည္​သည္​။ ​ေစ်းကြက္​ က်ယ္​ျပန္​႔လာ​ေသာ္​လည္း ကိုကာကိုလာ ပုလင္​းသြတ္​ မရ​ေသး​ေပ။ Syrup ​ေခၚ ခြၽဲပ်စ္​ပ်စ္​ အရည္​ကို ​ေဆာ္​ဒါႏွင္​့ ​ေရာ​ေသာက္​ၾကရသည္​။ ​ဝယ္​ယူရႏိုင္ရာ အမ်ားစုမွာလည္​း ​ေဆး​ဆိုင္​မ်ား ျဖစ္​သည္​။

ကိုကာကိုလာကို ပုလင္​းသြတ္​ဖို႔ စိတ္​ကူးရသူမွာ မစၥစၥပီမွ စီးပြား​ေရးသမား ဘီဒင္​ဟမ္​ ျဖစ္​သည္​။ ဘီဒင္​ဟမ္​က သူ႔အိမ္​၌ စတင္​ ပုလင္​းသြတ္​ ​ေရာင္​းခ်ခဲ့​ေသာ္​လည္​း ​ေဒသ​ေစ်းကြက္​ထက္​ မပို။ ကင္​ဒလာကလည္​း ပုလင္​းသြတ္​ကိစၥကို စိတ္​မဝင္​စား။

၁၈၉၉ ခုႏွစ္​တြင္​ ခ်က္​တန္​ႏိုဂါမွ ​ေ႐ွ႕​ေနႏွစ္​ဦး ကင္​ဒလာဆီ ​ေရာက္​လာသည္​။ သူတို႔က ကိုကာကိုလာ Syrup တစ္​ဂါလံကို တစ္​​ေဒၚလာႏွင္​့ ဝယ္​ယူကာ ပုလင္​းသြတ္​​ေရာင္​းခ်လိုၾကသည္​။

ကုမၸဏီ စည္​းမ်ဥ္​း စည္​းကမ္​းမ်ားကို ပုလင္​းသြတ္​စက္​ရံုက လိုက္​နာမည္​။ သို႔ျဖင္​့ အ​ေရာင္​းအဝယ္​ တည္​့သြားကာ ကင္​ဒလာက ပုလင္​းသြတ္​ ​ေရာင္​းခ်ခြင္​့ လိုင္​စင္​​ေပးလိုက္​​ေလသည္​။ ဤတြင္​ ကိုကာကိုလာလည္​း ကမၻာပတ္​သြား​ေတာ့သည္​။

၁၉၁၆ ခုႏွစ္​တြင္​ ဇနီးျဖစ္​သူ ကင္​ဆာ​ေရာဂါ ျဖစ္​လာသည္​့အတြက္​ ကင္​ဒလာတစ္​​ေယာက္​ အၾကပ္​အတည္​း ျဖစ္​ခဲ့ရသည္​။ ကိုကာကိုလာ ကုမၸဏီကို ​ေဒၚလာ ၂၅ မီလ်ံႏွင္​့ ဝယ္ယူလို​ေၾကာင္း ကမ္​းလွမ္​းခံရ​ေသာ္​လည္း ျငင္​းပယ္​ကာ ဇနီးသည္​၏ ဆႏၵအတိုင္​း သားသမီးမ်ားလက္​ထဲသို႔ လႊဲအပ္​ခဲ့သည္​။

သို႔​ေသာ္​လည္​း သားသမီးမ်ားက သူတို႔ ​ေမ်ွာ္​မွန္​းထားသလို မလိမၼာၾကဘဲ မိဘမ်ားကိုပင္​ အသိမ​ေပး​ေတာ့ဘဲ ကုမၸဏီကို တစ္​ခါတည္​း ​ေရာင္​းစားပစ္​လိုက္​ၾက​ေတာ့သည္​။

ယ​ေန႔ အခ်ိန္​တြင္​ကား ကိုကာကိုလာ ​ေဖာ္​ျမဴလာသည္​ အတၱလန္​တာ ဘဏ္​တိုက္​ တစ္​တိုက္​၏ လ်ွိဳ႕ဝွက္​အခန္​း တစ္​ခန္​းထဲတြင္​ လံုျခံဳစြာ အိပ္​​ေပ်ာ္​လ်က္​ ႐ွိ​ေပသည္​။

ဆရာႏိုင္​ဦး၏ ​ေရးသားမႈကို Ko Kyel Sin (ဗဟုသုတၾကယ္​စင္​ဂ႐ု)မွ စာ႐ိုက္​တင္​ပါသည္​


ပရ​ဆေးတစ်​ဖုံ မှ ဖြစ်လာတဲ့ ကမ္ဘာကျော် ကိုကာကိုလာအချိုရည်​ ရဲ့ သမိုင်းကြောင်း (unicode)

​ဂျော်​ဂျီယာပြည်​နယ်​ အတ္တလန်​တာ ဂျက်​​ကော့​ဆေး​ဆိုင်​တွင်​ ကိုကာကိုလာ တစ်​ခွက်​ကို ဆင်​့ ၅၀ နှင်​့ ​ရောင်​းသည်​။ ယ​နေ့ ​ပေါက်​​ဈေးနှင်​့ဆိုလျှင်​ တစ်​​ဒေါ်လာနီးပါး ရှိသည်​။ ထိုစဉ်​က ၁၈၈၆။ တစ်​​နေ့ ခွက်​ သုံးဆယ်​သာ ​ရောင်​းရသည်​။ ယ​နေ့ တစ်​စက္ကန်​႔လျှင်​ ကိုကာကိုလာ ခွက်​​ပေါင်​း တစ်​​သောင်​းနှစ်​​ထောင်​​ကျော်​ ​ရောင်​း​နေရသည်​။

ကိုကာကိုလာ၏ ဇာတ်​လမ်​းသည်​လည်း တစ်​​နေ့သ၌ ဤသို့ စတင်​ခဲ့​လေသည်​။ သူ့အမည်​က ဂျွန်​စတစ်​(John Stith Pemberto)။ ​ဆေးဆရာလည်​း ဟုတ်​၊ ဟိုစပ်​စပ်​ ဒီစပ်​စပ်​ တီတွင်​သူလည်​း ဟုတ်​သည်​။ ကိုကာ အရွက်​​တွေမှာ ကိုကင်းဓာတ်​ ပါသည်​။ ကိုလာ အခွံမာသီးနှင်​့ လက်​ဖက်​​ခြောက်​ ​ပေါင်​းလိုက်​လျှင်​ အရသာနှင်​့ အနံ့အသက်​ ပို​ကောင်​းသွားသည်​။

အရက်​နည်​းနည်​းထည်​့၊ အရက်​၏ ခါးသက်​သက်​ အရာသာကို သကြားနှင်​့ဖုံး၊ ပြီးရင်​ အားလုံး အိုးတစ်​အိုးထဲ ထည်​့ကျို။ သို့နှင်​့ ပထမဆုံး ကိုကာကိုလာ တစ်​အိုးကို ဂျွန်​စတစ်၏ ဓာတ်​ခွဲခန်​းမှာ စီမံ​ဖော်​စပ်​ခဲ့သည်​။

အဆိုပါ ဓာတ်​ခွဲခန်​းထဲမှာပင်​ အသည်​းအားတိုး​ဆေးနှင်​့ ဆံပင်​ဆိုး​ဆေးတို့ကိုလည်​း သူကိုယ်​တိုင်​ ​ဖော်​စပ်​ခဲ့ဖူးသည်​။ တကယ်​​တော့ သူ့ရည်​ရွယ်​ချက်​က ကိုကာကိုလာကို အချိုရည်​သက်​သက်​ ​သောက်​ဖို့မဟုတ်​ခဲ့။ တက်​ကြွလန်​းဆန်​း​စေဖို့ အား​ဆေးတစ်​ခု အ​နေနှင်​့ သုံးစွဲဖို့ဖြစ်​သည်​။

ထိုစဉ်​က အလားတူ ​ဆေးမျိုး​တွေ မရှိမဟုတ်​။ ခွန်​အားတိုး​ဆေး၊ လန်​းဆန်​းတက်​ကြွ​ဆေး၊ အားဖြည်​့​ဆေး၊ ဟို​ဆေး သည်​​ဆေး ​ဆေးမျိုးစုံ ထုတ်​လုပ်​​ရောင်​းချပြီး အလုပ်​ဖြစ်​​နေသူ​တွေ အနမတဂ္ဂ ရှိသည်​။

သည်​လို ​ဆေး​ဖော်​နည်​း​တွေမှာလည်​း အများအားဖြင်​့ အရက်​နှင်​့ နာကိုးတစ်​ (Narcotic) အချိုးအစား အ​တော်​များများ ပါဝင်​တတ်​သည်​။ အတိုချုံး​ပြောရရင်​ ဂျွန်​စတစ် တစ်​​ယောက်​လည်​း အများနည်​းတူ ​ဆေးတစ်​ဖုံတည်​းနှင်​့ ပွ​ပေါက်​တိုးချင်​သည်​။

ပွဲဦးထွက်​ ပထမနှစ်​ ​ကြော်​ငြာစရိတ်​ ၇၃.၉၆ ​ဒေါ်လာ အကုန်​အကျ ခံလိုက်​သည်​့အတွက်​ ​ဒေါ်လာ ၅၀ ဖိုး အ​ရောင်​းတက်​လာသည်​။ ပစ္စည်​း​ကောင်​း​လေး သူ့မှာ ရှိ​သော်​လည်​း မားကက်​တင်​းကိစ္စကို မကျွမ်​းကျင်​​သော​ကြောင်​့ ​ဒေသတွင်​းမှာပဲ ​ရောင်​းချ​နေရသည်​။

ဂျွန်​စတစ်မှာ ကင်​ဆာ​ရောဂါကလည်​း စွဲကပ်​လာသည်​။ ​ဝေဒနာသက်​သာဖို့ ​မော်​ဖိန်​းကို မပြတ်​ သုံးစွဲ​နေရသည်​။ ​နောက်​ဆုံး သူ့လုပ်​ငန်​းကို ကယ်​မ​ ​ပေးမည်​့ သူရဲ​ကောင်​းတစ်​​ယောက်​ ရလာသည်​။ အမည်​က ကင်​ဒလာ။ သူက ​ဒေါ်လာ တစ်​​ထောက်​့နှစ်​ရာ နှင်​့ ကိုကာကိုလာ ရှယ်​ယာတစ်​ခု ဝယ်​ယူခဲ့သည်​။

၁၈၈၈ ခုနှစ်​တွင်​ အသက်​ ၅၅ နှစ်​ရှိ ဂျွန်​စမစ်​ ကွယ်​လွန်​​သောအခါ ကင်​​ဒလာ( Asa Griggs Candler) က ကိုကာကိုလာ လုပ်​ငန်​းတစ်​ခုလုံးကို ​ဒေါ်လာ နှစ်​​ထောင်​့သုံးရာနှင်​့ ဝယ်​ယူလိုက်​သည်​။ ၁၈၉၂ ခုနှစ်​တွင်​ ကိုကာကိုလာ အမှတ်​တံဆိပ်​ မှတ်​ပုံတင်​ကာ နမူနာများ ဖြန်​႔​ဝေ​ကြော်​ငြာသည်​။

နာရီ၊ ပြက္ခဒိန်​၊ ​ဆေးပစ္စည်​း ကိရိယာများ၌ ကိုကာကိုလာ တံဆိပ်​ ရိုက်​နှိပ်​ပြီး ဖြန့်ချိသည်​။ နာမည်​ကြီး ​အော်​ပရာ အဆို​တော်​မ​်ားနှင်​့လည်း ​ကြော်​ငြာသည်​။ ယ​နေ့အချိန်​တွင်​ ကိုကုကိုလာအတွက်​ ​ကြော်​ငြာအသုံးစရိတ်​မှာ နှစ်​စဉ်​ ​ဒေါ်လာ တစ်​ဘီလျံပင်​ ရှိ​လေသည်​။

၁၈၉၅ ခုနှစ်​တွင်​ ချီကာဂို၊ ဒယ်​လပ်​၊ ​လော့စ်​အိန်​ဂျယ်​လိစ်​ မြို့ကြီး​တွေမှာ ကိုကာကိုလာ စက်​ရုံတည်​သည်​။ ​ဈေးကွက်​ ကျယ်​ပြန်​႔လာ​သော်​လည်း ကိုကာကိုလာ ပုလင်​းသွတ်​ မရ​သေး​ပေ။ Syrup ​ခေါ် ချွဲပျစ်​ပျစ်​ အရည်​ကို ​ဆော်​ဒါနှင်​့ ​ရော​သောက်​ကြရသည်​။ ​ဝယ်​ယူရနိုင်ရာ အများစုမှာလည်​း ​ဆေး​ဆိုင်​များ ဖြစ်​သည်​။

ကိုကာကိုလာကို ပုလင်​းသွတ်​ဖို့ စိတ်​ကူးရသူမှာ မစ္စစ္စပီမှ စီးပွား​ရေးသမား ဘီဒင်​ဟမ်​ ဖြစ်​သည်​။ ဘီဒင်​ဟမ်​က သူ့အိမ်​၌ စတင်​ ပုလင်​းသွတ်​ ​ရောင်​းချခဲ့​သော်​လည်​း ​ဒေသ​ဈေးကွက်​ထက်​ မပို။ ကင်​ဒလာကလည်​း ပုလင်​းသွတ်​ကိစ္စကို စိတ်​မဝင်​စား။

၁၈၉၉ ခုနှစ်​တွင်​ ချက်​တန်​နိုဂါမှ ​ရှေ့​နေနှစ်​ဦး ကင်​ဒလာဆီ ​ရောက်​လာသည်​။ သူတို့က ကိုကာကိုလာ Syrup တစ်​ဂါလံကို တစ်​​ဒေါ်လာနှင်​့ ဝယ်​ယူကာ ပုလင်​းသွတ်​​ရောင်​းချလိုကြသည်​။

ကုမ္ပဏီ စည်​းမျဉ်​း စည်​းကမ်​းများကို ပုလင်​းသွတ်​စက်​ရုံက လိုက်​နာမည်​။ သို့ဖြင်​့ အ​ရောင်​းအဝယ်​ တည်​့သွားကာ ကင်​ဒလာက ပုလင်​းသွတ်​ ​ရောင်​းချခွင်​့ လိုင်​စင်​​ပေးလိုက်​​လေသည်​။ ဤတွင်​ ကိုကာကိုလာလည်​း ကမ္ဘာပတ်​သွား​တော့သည်​။

၁၉၁၆ ခုနှစ်​တွင်​ ဇနီးဖြစ်​သူ ကင်​ဆာ​ရောဂါ ဖြစ်​လာသည်​့အတွက်​ ကင်​ဒလာတစ်​​ယောက်​ အကြပ်​အတည်​း ဖြစ်​ခဲ့ရသည်​။ ကိုကာကိုလာ ကုမ္ပဏီကို ​ဒေါ်လာ ၂၅ မီလျံနှင်​့ ဝယ်ယူလို​ကြောင်း ကမ်​းလှမ်​းခံရ​သော်​လည်း ငြင်​းပယ်​ကာ ဇနီးသည်​၏ ဆန္ဒအတိုင်​း သားသမီးများလက်​ထဲသို့ လွှဲအပ်​ခဲ့သည်​။
သို့​သော်​လည်​း သားသမီးများက သူတို့ ​မျှော်​မှန်​းထားသလို မလိမ္မာကြဘဲ မိဘများကိုပင်​ အသိမ​ပေး​တော့ဘဲ ကုမ္ပဏီကို တစ်​ခါတည်​း ​ရောင်​းစားပစ်​လိုက်​ကြ​တော့သည်​။

ယ​နေ့ အချိန်​တွင်​ကား ကိုကာကိုလာ ​ဖော်​မြူလာသည်​ အတ္တလန်​တာ ဘဏ်​တိုက်​ တစ်​တိုက်​၏ လျှို့ဝှက်​အခန်​း တစ်​ခန်​းထဲတွင်​ လုံခြုံစွာ အိပ်​​ပျော်​လျက်​ ရှိ​ပေသည်​။

ဆရာနိုင်​ဦး၏ ​ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်​စင်​ဂရု)မှ စာရိုက်​တင်​ပါသည်​

Leave a Reply