ကမာၻ႔လူဦးေရအမ်ားဆုံး ၂ႏွစ္ႏုိင္ငံစစ္ပြဲ (သုိ႔) တရုတ္-အိႏၵိယစစ္ပြဲ

Posted on

ေရးသားသူ – ဦးေၾကာင္ႀကီး(မႏၱေလးေဂဇက္)

၁၉၆၂ တြင္ ကဗာ႕ လူဦးေရ အမ်ားဆုံး ႏိုင္ငံႏွစ္ႏုိင္ငံ စစ္မက္ၿဖစ္ပြားခဲ႕သည္။ တရုတ္ – အိႏၵိယ စစ္ပြဲေၾကာင့္ လူ ၂၀၀၀ အသက္ ဆုံးရႈံးခဲ႕ၿပီး မီတာ ၄၂၇၀ (ေပ ၁၄၀၀၀) ပင္လယ္ေရမ်က္ႏွာျပင္အထက္ ခက္ခဲၾကမး္တမ္း ေတာေတာင္ထူထပ္ေသာ ကာရာကုိရမ္ ေတာင္တန္းတြင္ အႏုိင္လုခဲ႕ၾကသည္။

စစ္ပြဲ ေနာက္ခံသမုိင္း

ႏွစ္ႏုိင္ငံအၾကား နယ္စပ္ အျငင္းပြားမႈမွာ အိႏၵိယ ႏွင့္ တရုတ္အၾကား ၿဖစ္ေသာ ၁၉၆၂ စစ္ပြဲ၏ အဓိက အေၾကာင္းအရင္း ၿဖစ္သည္။ ေပၚတူဂီႏုိင္ငံထက္ အနညး္ငယ္ ပုိၾကီးေသာ ထုိေဒသကုိ သူတုိ႕ ထိန္းခ်ဳပ္သည့္ ကက္ရွ္မီးယားအပုိင္းမွ ပုိင္ေၾကာင္း အိႏၵိယ က ခုိင္ခုိင္မာမာ ေျပာဆုိျပီး တရုတ္က ထုိေဒသမွာ ရွင္က်န္းျပည္နယ္ အစိတ္အပုိင္း ၿဖစ္ေၾကာင္း တုံ႕ျပန္သည္။

အျငင္းပြားရျခင္း အဓိက ေရေသာက္ျမစ္ကုိ ၿပန္ၾကည့္လ်င္ ၁၉ရာစု အလယ္ အင္ဒီးယားကုိ အုပ္ခ်ဳပ္ေသာ ၿဗိတိသ်် ႏွင့္ ကြင္တရုတ္ႏုိင္တုိ႕ မိရုိးဖလာ ရွိထားသည့္အတုိင္း တုိင္းျပည္ႏွစ္ခုအၾကား နယ္စပ္သတ္မွတ္ရန္ သေဘာတူခဲ႕ျခင္းမွ ၿဖစ္သည္။ ၁၈၆၄ အထိ ကာရာကုိရမ္ ေတာင္ၾကား ႏွင့္ ပန္ဂြန္ ေရကန္ အနီး အစိတ္အပုိင္းမ်ားသာ သတ္သတ္မွတ္မွတ္ ခြဲထားျပီး က်န္နယ္စပ္မွာ တရားဝင္ နယ္စပ္မ်ဥ္း ပုိင္းျခားမႈ မရွိေပ။

၁၉၆၅ တြင္ ကက္ရွ္မီးယား နယ္ေျမအတြင္းရွိ Aksai ခ်င္း သုံးပုံတပုံ ပါဝင္ေသာ ဂၽြန္ဆင္ နယ္စပ္မ်ဥ္းကုိ ၿဗိတိသွ်တုိ႕ ေရးဆြဲခဲ႕သည္။ ရွင္က်န္းနယ္မွာ ထုိအခ်ိန္တြင္ ပီကင္း ထိန္းခ်ဳပ္မႈေအာက္ မရွိေတာ႕သၿဖင့္ ၿဗိတိသွ်တုိ႕က တရုတ္ႏွင့္ နယ္စပ္မ်ဥ္း ပုိင္းျခားသတ္မႈကုိ တုိင္ပင္ျခင္း မရွိခဲ႕ပါ။ သုိ႕ေပမယ့္ တရုတ္က ရွင္က်န္းနယ္ကုိ ၁၈၇၈ တြင္ ျပန္လည္ သိမ္းပုိက္လုိက္သည္။ တရုတ္တုိ႔ နည္းနည္းၿခင္း ေရွ႕တုိိးကာ ၁၈၉၂တြင္ နယ္စပ္မ်ဥ္း ကုိရာကုိရမ္ ေတာင္ၾကားသုိ႕ ေရာက္လာျပီး အရႈိခ်င္းေဒသ ရွင္က်န္းနယ္သုိ႕ လ်င္ျမန္စြာ ျပန္ေရာက္သြားသည္။

ကာကုိရမ္ ေတာင္တန္းတေလ်ာက္ နယ္ေျမကုိ ပုိင္းျခားေသာ မက္ကာေန-မက္ေဒၚနယ္လ္ နယ္ျခားလုိင္းကုိ ၁၈၉၉ ခုႏွစ္တြင္ ၿဗိတိသွ်တုိ႕ ထပ္မံ အဆုိျပဳခဲ႕ျပီး အိႏၵိယအား ပုိမုိၾကီးမားေသာ ေဝစု ေပးခဲ႕သည္။ အိႏၵိယကုိ အုပ္ခ်ဳပ္ေသာ ၿဗိတိသွ်တုိ႕ အင္ဒူျမစ္ ေရဝပ္ေဒသကုိ ထိန္းခ်ဳပ္မည္ ၿဖစ္ျပီး တရုတ္က တာရင္မ္ျမစ္ ေရဝပ္ပုိင္းကုိ ရယူသည္။ ၿဗိတိသွ်တုိ႕ ေပက်င္းသုိ႕ ေပးပုိ႕ေသာ အဆုိိၿပဳခ်က္ႏွင့္ ေျမပုံကုိ တရုတ္မွ ျပန္ၾကားျခင္း မၿပဳခဲ႕။ အဲဒီအခ်ိန္အတြက္ေတာ႕ ႏွစ္ဖက္စလုံးမွ နယ္ျခားစည္း သတ္မွတ္ခ်က္ သေဘာတူခဲ႕ၾကသည္။

ၿဗိတိသွ် ႏွင့္ တရုတ္ ႏွစ္ဖက္စလုံး မတူညီ ကြဲျပားေသာ နယ္ျခားစည္းမ်ဥ္းကုိ အျပန္အလွန္ အသုံးျပဳခဲ႕ျပီး ထုိေဒသဟာ မ်ားေသာအားၿဖင့္ လူေနထုိင္မႈကင္းမဲ႕ကာ ရာသီခ်ိန္ ကုန္သြယ္မႈ လမ္းေၾကာင္းအၿဖစ္သာ အသုံးျပဳရေသာေၾကာင့္ ဘယ္ဖက္ကမွ စုိးရိမ္ပူပန္မႈ ၾကီးၾကီးမားမား မရွိခဲ႕ေပ။

တရုတ္အတြက္ ၿပည္တြင္းစစ္ စတင္မည့္ ၁၉၁၁တြင္ အဆုံးသတ္ေသာ ကြင္မင္းဆက္ နဲ႕ ေနာက္ဆုံး အင္ပါယာ က်ဆုံးခန္းတုိ႕မွာ ပုိစုိးရိမ္ ပူပန္စရာ ၿဖစ္ေနသည္။ ၿဗိတိန္မွာလည္း မၾကာခင္ ပထမကမာၻစစ္ႏွင့္ ရင္ဆုိင္ရေတာ႕မည္။ ၁၉၄၇ မွာ အင္ဒီးယား လြတ္လပ္ေရးရျပီး အိႏၵိယ တုိက္ငယ္ ေျမပုံမ်ား ျပန္လည္ေရးဆြဲေပမဲ႕ Aksai ခ်င္းအေရး ေျပလည္မႈမရွိ က်န္ရစ္သည္။ တရုတ္ျပည္တြင္းစစ္မွာ ေမာ္စီတုံး နဲ႕ ကူျမဴနစ္မ်ား အႏုိင္မရခင္ ၁၉၄၉ ခုႏွစ္ တုိင္ေအာင္ ေနာက္ထပ္၂ႏွစ္ ဆက္ၿဖစ္ေနခဲ႕သည္။

၁၉၄၇ခုႏွစ္ ပါကစၥတန္ႏုိင္ငံ တည္ေထာင္မႈ၊ ၁၉၅၀ခုႏွစ္ တရုတ္ရဲ႕ တိဘက္ကုိ က်ဴးေက်ာ္ၿပီး ႏုိင္ငံအစိတ္အပုိငး္အၿဖစ္ သြပ္သြင္းမႈ၊ အင္ဒီးယားမွ ပုိင္ဆုိင္သည္ဟု ေၾကျငာေသာ နယ္ေျမမွတဆင့္ ဇင္က်န္း ႏွင့္ တိဘက္ကုိ ဆက္သြယ္သည့္ ကားလမ္းေဖါက္လုပ္မႈတုိ႕က ျပသနာကုိ ပုိရႈပ္ေထြးေစသည္။ ေနာက္တၾကိမ္ တရုတ္တုိ႕၏ က်ဴးေက်ာ္စီးနင္းမႈအျပီး တိဘက္ ဘာသာေရး ႏွင့္ ႏုိင္ငံေရး ေခါင္းေဆာင္ ဒလုိင္လားမား ျပည္ပ ထြက္ေျပးတိမ္းေရွာင္ သြားခ်ိန္ ၁၉၅၉ခုႏွစ္တြင္ ဆက္ဆံေရးမွာ အနိမ့္ဆုံး ေရာက္ရွိခဲ႕သည္။ အင္ဒီးယား ဝန္ၾကီးခ်ဳပ္ ဂ်ာဝါဟာလာ ေနရူး မလုပ္ခ်င္လုပ္ခ်င္ႏွင့္ ဒလုိင္လားမားအား အိႏၵိယ တြင္ အေျခစုိက္ေနထုိင္ခြင့္ ျပဳခဲ႕ျခင္းၿဖင့္ ေမာ္အား အၾကီးအက်ယ္ စိတ္ဆုိးေဒါသ ထြက္ေစသည္။

တရုတ္ – အိႏၵိယ စစ္ပြဲ

၁၉၅၉ ေနာက္ပုိင္း အျငင္းပြားေနေသာ နယ္စပ္မ်ဥ္းတေလ်ာက္ တုိက္ခုိက္မႈမ်ား ၿဖစ္ပြားခဲ႕သည္။ ေထာက္ပံ႕ေရး လမ္းေၾကာင္းကုိ ၿဖတ္ေတာက္ဖုိ႕ တရုတ္ေျမာက္ပုိငး္ ေနရာမ်ားအား ေစာင့္ၾကပ္ ကင္းလွည့္မည့္ နယ္စပ္ ေရွ႕တန္းစခန္းမ်ား တည္ေဆာက္ရန္ ၾကဳိးပမ္းေသာ ေရွ႕သုိ႕ ေပၚလစီကုိ ၁၉၆၁ ခုႏွစ္တြင္ ေနရူး အသက္သြင္းသည္။ တရုတ္တုိ႕မွ ျငင္ျငင္သာသာ တုံ႕ျပန္ခဲ႕ျပီး တဖက္ႏွင့္တဖက္ တုိက္ရုိက္ ရင္ဆိုင္မႈ မလုပ္ဘဲ ရန္ေစာင္ေနၾကသည္။

၁၉၆၂ ေႏြ ႏွင့္ ေဆာငး္ဦး ရာသီတြင္ Aksai ခ်င္းေဒသ၌ နယ္စပ္ ျပသနာ ပုိၿဖစ္လာသည္။ ဂၽြန္လတြင္ တရုတ္စစ္သား ႏွစ္ဆယ္ေက်ာ္ တုိုက္ခုိက္မႈအတြင္း ေသဆုံးခဲ႕သည္။ ဂ်ဴလုိင္လတြင္ အိႏၵိယက သူ႕စစ္တပ္အား မိမိကုိယ္မိမိ ခုခံကြာကြယ္ရုံတင္မက တရုတ္တုိ႕အား ျပန္လည္ေမာင္းထုတ္ရန္ ပစ္ခြင့္ၿပဳလုိက္သည္။ Zhou Enlai မွ ေနရူးအား တရုတ္မွ စစ္ပြဲ မၿဖစ္ခ်င္ေၾကာင္း လူကုိယ္တုိင္ အာမခံ ေျပာထားေပမယ့္ ေအာက္တုိဘာလတြင္ တရူတ္ျပည္လြတ္ေျမာက္ေရးတပ္မေတာ္ (ပီအယ္လ္ေအ) စစ္တပ္ နယ္စပ္တေလ်ာက္ စုရုံးလာသည္။

၁၉၆၂ ေအာက္တုိဘာ ၁၀ တြင္ ပထမအၾကိမ္ အၾကီးအက်ယ္ တုိက္ပြဲ ၿဖစ္ျပီး အိႏၵိယ စစ္သား ၂၅ဦး ႏွင့္ တရုတ္ စစ္သား ၃၃ ဦး က်ဆုံးသည္။ ေအာက္တုိဘာ ၂၀ တြင္ Aksai ခ်င္းေဒသမွ အင္ဒီးယားအား ေမာင္းထုတ္ရန္ ပီအယ္လ္ေအ တရုတ္တပ္ စစ္မ်က္ႏွာ ႏွစ္ဖက္ဖြင့္ တုိက္သည္။ ႏွစ္ရက္အတြင္း နယ္ေျမတခုလုံးအား တရုတ္မွ သိမ္းပုိက္ခဲ႕သည္။ နယ္စပ္ထိန္းခ်ဳပ္မ်ဥ္း ေတာင္ဖက္ ဆယ္မုိင္သုိ႕ တရုတ္ ပီအယ္လ္ေအတပ္မ်ား ေအာက္တုိဘာ ၂၄တြင္ ေရာက္ရွိသည္။ သုံးပတ္ၾကာ အပစ္အခတ္ ရပ္စဲခ်ိန္အတြင္း တရုတ္တပ္မ်ား သူ႕တုိ႕ေနရာ ထိန္းထားရန္ Zhou Enlai အမိန္႕ေပးခဲ႕ျပီး ေနရူးထံ ျငိမ္းခ်မ္းေရး အဆုိျပဳခ်က္ ေပးပုိ႕သည္။ ။

တရုတ္ အဆုိျပဳခ်က္မွာ ႏွစ္ဖက္တပ္ ထိေတြ႕မႈ မရွိေတာ့ပဲ လက္ရွိ ေနရာမ်ားမွ ကီလုိမီတာ ႏွစ္ဆယ္ ေနာက္ဆုတ္ရန္ ၿဖစ္သည္။ တရုတ္တပ္မ်ားသာ သူတုိ႕ မူလ ေနရာသုိ႕ ျပန္လည္ဆုတ္ခြာေပးရန္ ေနရူးမွ တုံ႕ျပန္ျပီး ပုိက်ယ္ျပန္႕ေသာ စစ္မဲ့ဇုံ ထားရန္ ေနရူးမွ ေတာင္းဆုိသည္။ ၁၉၆၂ ႏုိဝင္ဘာ ၁၄ တြင္ Walong ဝါေလာင္ရွိ တရုတ္စခန္းကုိ အင္ဒီးယားတုိ႕ တုိက္ခုိက္ျခင္းၿဖင့္ စစ္ပြဲ ျပန္လည္စတင္သည္။

ေနာက္ထပ္ ရာေပါင္းမ်ားစြာ ေသဆုံးၿပီးေနာက္ အိႏၵိယမွ အေမရိကန္တုိ႕ ဝင္ကူမည့္ သတိေပးခ်က္ေၾကာင့္ ႏုိဝင္ဘာ ၁၉တြင္ ႏွစ္ဖက္စလုံးမွ အပစ္အခတ္ ရပ္စဲေရး တရားဝင္ ေၾကျငာခဲ႕သည္။ တရားမဝင္ သတ္မွတ္ထားေသာ မက္မာဟြန္ နယ္စပ္မ်ဥ္း ေျမာက္ဖက္သုိ႕ လက္ရွိလနရာမွ ၄င္းတုိ႕ ဆုတ္ခြာမည္ဟု တရုတ္ ေၾကျငာသည္။ သုိ႕ေသာ္လည္း ေတာင္တန္းမ်ားထဲ ပိတ္မိေနသည့္ တပ္မ်ား အပစ္အခတ္ ရပ္သည့္သတင္းကုိ ရက္ေပါင္းမ်ားစြာၾကာသည္အထိ မၾကားသိဘဲ ေနာက္ထပ္ ပစ္ခတ္မႈမ်ား လုပ္ေနခဲ႕ၾကသည္။

စစ္ပြဲသည္ တစ္လေလာက္ ၾကာျမင့္ခဲ႕ျပီး အိႏၵိယ စစ္သား ၁၃၈၃ ေယာက္ ႏွင့္ တရုတ္ စစ္သား ၇၂၂ ေယာက္ က်ဆုံးသည္။ ေနာက္ထပ္ အိႏၵိယ ၁၀၄၇ ဦး ႏွင့္ တရုတ္ ၁၆၉၇ ဦး ဒဏ္ရာရၿပီး အင္ဒီးယား စစ္သား ေလးေထာင္နီးပါး အဖမ္းခံရသည္။ ထိခိုက္က်ဆုံးမႈ အမ်ားအျပားမွာ ရန္သူ ပစ္ခတ္မႈထက္ ေပ၁၄၀၀၀ အျမင့္ ျပင္းထန္ဆုိးရြားေသာ ရာသီဥတု အေျခအေနေၾကာင့္ ၿဖစ္သည္။

ေဆးဝါးကုသမႈ အခ်ိန္မွီ မေပးႏိုင္ခင္ ရာသီဥတုဒဏ္ေၾကာင့္ ဒဏ္ရာရ ႏွစ္ဖက္စစ္သားမ်ား ေသဆုံးကုန္သည္။ အဆုံးမွာ Aksai ခ်င္းေဒသကုိ ထိန္းခ်ဳပ္ခြင့္ တရုတ္္ လက္ဝယ္ ရရွိသြားသည္။ ဝန္ၾကီးခ်ဳပ္ေနရူးမွာ ျပည္တြင္း၌ တရုတ္ကုိ က်ဴးေၾကာ္မႈကုိ သူ၏ အင္အားမသုံး ျငိမ္းခ်မ္းစြာ ေၿဖရွင္းမႈ ႏွင့္ တရုတ္ တုိက္ခုိက္မႈ မတုိင္ခင္ လုံေလာက္ေသာ ျပင္ဆင္မႈ ကင္းမဲ႕မႈေၾကာင့္ အျပင္းအထန္ ေဝဖန္ခံခဲ႕ရသည္။

Ref:
https://www.thoughtco.com/the-sino-indian-war-1962-195804


ကမ္ဘာ့လူဦးရေအများဆုံး ၂နှစ်နိုင်ငံစစ်ပွဲ (သို့) တရုတ်-အိန္ဒိယစစ်ပွဲ (unicode)

ရေးသားသူ – ဦးကြောင်ကြီး(မန္တလေးဂေဇက်)

၁၉၆၂ တွင် ကဗာ့ လူဦးရေ အများဆုံး နိုင်ငံနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့သည်။ တရုတ် – အိန္ဒိယ စစ်ပွဲကြောင့် လူ ၂၀၀၀ အသက် ဆုံးရှုံးခဲ့ပြီး မီတာ ၄၂၇၀ (ပေ ၁၄၀၀၀) ပင်လယ်ရေမျက်နှာပြင်အထက် ခက်ခဲကြမ်းတမ်း တောတောင်ထူထပ်သော ကာရာကိုရမ် တောင်တန်းတွင် အနိုင်လုခဲ့ကြသည်။

စစ်ပွဲ နောက်ခံသမိုင်း

နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမှာ အိန္ဒိယ နှင့် တရုတ်အကြား ဖြစ်သော ၁၉၆၂ စစ်ပွဲ၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ပေါ်တူဂီနိုင်ငံထက် အနည်းငယ် ပိုကြီးသော ထိုဒေသကို သူတို့ ထိန်းချုပ်သည့် ကက်ရှ်မီးယားအပိုင်းမှ ပိုင်ကြောင်း အိန္ဒိယ က ခိုင်ခိုင်မာမာ ပြောဆိုပြီး တရုတ်က ထိုဒေသမှာ ရှင်ကျန်းပြည်နယ် အစိတ်အပိုင်း ဖြစ်ကြောင်း တုံ့ပြန်သည်။

အငြင်းပွားရခြင်း အဓိက ရေသောက်မြစ်ကို ပြန်ကြည့်လျင် ၁၉ရာစု အလယ် အင်ဒီးယားကို အုပ်ချုပ်သော ဗြိတိသျ နှင့် ကွင်တရုတ်နိုင်တို့ မိရိုးဖလာ ရှိထားသည့်အတိုင်း တိုင်းပြည်နှစ်ခုအကြား နယ်စပ်သတ်မှတ်ရန် သဘောတူခဲ့ခြင်းမှ ဖြစ်သည်။ ၁၈၆၄ အထိ ကာရာကိုရမ် တောင်ကြား နှင့် ပန်ဂွန် ရေကန် အနီး အစိတ်အပိုင်းများသာ သတ်သတ်မှတ်မှတ် ခွဲထားပြီး ကျန်နယ်စပ်မှာ တရားဝင် နယ်စပ်မျဉ်း ပိုင်းခြားမှု မရှိပေ။

၁၉၆၅ တွင် ကက်ရှ်မီးယား နယ်မြေအတွင်းရှိ Aksai ချင်း သုံးပုံတပုံ ပါဝင်သော ဂျွန်ဆင် နယ်စပ်မျဉ်းကို ဗြိတိသျှတို့ ရေးဆွဲခဲ့သည်။ ရှင်ကျန်းနယ်မှာ ထိုအချိန်တွင် ပီကင်း ထိန်းချုပ်မှုအောက် မရှိတော့သဖြင့် ဗြိတိသျှတို့က တရုတ်နှင့် နယ်စပ်မျဉ်း ပိုင်းခြားသတ်မှုကို တိုင်ပင်ခြင်း မရှိခဲ့ပါ။ သို့ပေမယ့် တရုတ်က ရှင်ကျန်းနယ်ကို ၁၈၇၈ တွင် ပြန်လည် သိမ်းပိုက်လိုက်သည်။ တရုတ်တို့ နည်းနည်းခြင်း ရှေ့တိုးကာ ၁၈၉၂တွင် နယ်စပ်မျဉ်း ကိုရာကိုရမ် တောင်ကြားသို့ ရောက်လာပြီး အရှိုချင်းဒေသ ရှင်ကျန်းနယ်သို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။

ကာကိုရမ် တောင်တန်းတလျောက် နယ်မြေကို ပိုင်းခြားသော မက်ကာနေ-မက်ဒေါ်နယ်လ် နယ်ခြားလိုင်းကို ၁၈၉၉ ခုနှစ်တွင် ဗြိတိသျှတို့ ထပ်မံ အဆိုပြုခဲ့ပြီး အိန္ဒိယအား ပိုမိုကြီးမားသော ဝေစု ပေးခဲ့သည်။ အိန္ဒိယကို အုပ်ချုပ်သော ဗြိတိသျှတို့ အင်ဒူမြစ် ရေဝပ်ဒေသကို ထိန်းချုပ်မည် ဖြစ်ပြီး တရုတ်က တာရင်မ်မြစ် ရေဝပ်ပိုင်းကို ရယူသည်။ ဗြိတိသျှတို့ ပေကျင်းသို့ ပေးပို့သော အဆိုပြုချက်နှင့် မြေပုံကို တရုတ်မှ ပြန်ကြားခြင်း မပြုခဲ့။ အဲဒီအချိန်အတွက်တော့ နှစ်ဖက်စလုံးမှ နယ်ခြားစည်း သတ်မှတ်ချက် သဘောတူခဲ့ကြသည်။

ဗြိတိသျှ နှင့် တရုတ် နှစ်ဖက်စလုံး မတူညီ ကွဲပြားသော နယ်ခြားစည်းမျဉ်းကို အပြန်အလှန် အသုံးပြုခဲ့ပြီး ထိုဒေသဟာ များသောအားဖြင့် လူနေထိုင်မှုကင်းမဲ့ကာ ရာသီချိန် ကုန်သွယ်မှု လမ်းကြောင်းအဖြစ်သာ အသုံးပြုရသောကြောင့် ဘယ်ဖက်ကမှ စိုးရိမ်ပူပန်မှု ကြီးကြီးမားမား မရှိခဲ့ပေ။
တရုတ်အတွက် ပြည်တွင်းစစ် စတင်မည့် ၁၉၁၁တွင် အဆုံးသတ်သော ကွင်မင်းဆက် နဲ့ နောက်ဆုံး အင်ပါယာ ကျဆုံးခန်းတို့မှာ ပိုစိုးရိမ် ပူပန်စရာ ဖြစ်နေသည်။ ဗြိတိန်မှာလည်း မကြာခင် ပထမကမ္ဘာစစ်နှင့် ရင်ဆိုင်ရတော့မည်။ ၁၉၄၇ မှာ အင်ဒီးယား လွတ်လပ်ရေးရပြီး အိန္ဒိယ တိုက်ငယ် မြေပုံများ ပြန်လည်ရေးဆွဲပေမဲ့ Aksai ချင်းအရေး ပြေလည်မှုမရှိ ကျန်ရစ်သည်။ တရုတ်ပြည်တွင်းစစ်မှာ မော်စီတုံး နဲ့ ကူမြူနစ်များ အနိုင်မရခင် ၁၉၄၉ ခုနှစ် တိုင်အောင် နောက်ထပ်၂နှစ် ဆက်ဖြစ်နေခဲ့သည်။

၁၉၄၇ခုနှစ် ပါကစ္စတန်နိုင်ငံ တည်ထောင်မှု၊ ၁၉၅ဝခုနှစ် တရုတ်ရဲ့ တိဘက်ကို ကျူးကျော်ပြီး နိုင်ငံအစိတ်အပိုင်းအဖြစ် သွပ်သွင်းမှု၊ အင်ဒီးယားမှ ပိုင်ဆိုင်သည်ဟု ကြေငြာသော နယ်မြေမှတဆင့် ဇင်ကျန်း နှင့် တိဘက်ကို ဆက်သွယ်သည့် ကားလမ်းဖေါက်လုပ်မှုတို့က ပြသနာကို ပိုရှုပ်ထွေးစေသည်။ နောက်တကြိမ် တရုတ်တို့၏ ကျူးကျော်စီးနင်းမှုအပြီး တိဘက် ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင် ဒလိုင်လားမား ပြည်ပ ထွက်ပြေးတိမ်းရှောင် သွားချိန် ၁၉၅၉ခုနှစ်တွင် ဆက်ဆံရေးမှာ အနိမ့်ဆုံး ရောက်ရှိခဲ့သည်။ အင်ဒီးယား ဝန်ကြီးချုပ် ဂျာဝါဟာလာ နေရူး မလုပ်ချင်လုပ်ချင်နှင့် ဒလိုင်လားမားအား အိန္ဒိယ တွင် အခြေစိုက်နေထိုင်ခွင့် ပြုခဲ့ခြင်းဖြင့် မော်အား အကြီးအကျယ် စိတ်ဆိုးဒေါသ ထွက်စေသည်။

တရုတ် – အိန္ဒိယ စစ်ပွဲ

၁၉၅၉ နောက်ပိုင်း အငြင်းပွားနေသော နယ်စပ်မျဉ်းတလျောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ဖို့ တရုတ်မြောက်ပိုင်း နေရာများအား စောင့်ကြပ် ကင်းလှည့်မည့် နယ်စပ် ရှေ့တန်းစခန်းများ တည်ဆောက်ရန် ကြိုးပမ်းသော ရှေ့သို့ ပေါ်လစီကို ၁၉၆၁ ခုနှစ်တွင် နေရူး အသက်သွင်းသည်။ တရုတ်တို့မှ ငြင်ငြင်သာသာ တုံ့ပြန်ခဲ့ပြီး တဖက်နှင့်တဖက် တိုက်ရိုက် ရင်ဆိုင်မှု မလုပ်ဘဲ ရန်စောင်နေကြသည်။

၁၉၆၂ နွေ နှင့် ဆောင်းဦး ရာသီတွင် Aksai ချင်းဒေသ၌ နယ်စပ် ပြသနာ ပိုဖြစ်လာသည်။ ဂျွန်လတွင် တရုတ်စစ်သား နှစ်ဆယ်ကျော် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ ဂျူလိုင်လတွင် အိန္ဒိယက သူ့စစ်တပ်အား မိမိကိုယ်မိမိ ခုခံကွာကွယ်ရုံတင်မက တရုတ်တို့အား ပြန်လည်မောင်းထုတ်ရန် ပစ်ခွင့်ပြုလိုက်သည်။ Zhou Enlai မှ နေရူးအား တရုတ်မှ စစ်ပွဲ မဖြစ်ချင်ကြောင်း လူကိုယ်တိုင် အာမခံ ပြောထားပေမယ့် အောက်တိုဘာလတွင် တရူတ်ပြည်လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) စစ်တပ် နယ်စပ်တလျောက် စုရုံးလာသည်။

၁၉၆၂ အောက်တိုဘာ ၁၀ တွင် ပထမအကြိမ် အကြီးအကျယ် တိုက်ပွဲ ဖြစ်ပြီး အိန္ဒိယ စစ်သား ၂၅ဦး နှင့် တရုတ် စစ်သား ၃၃ ဦး ကျဆုံးသည်။ အောက်တိုဘာ ၂၀ တွင် Aksai ချင်းဒေသမှ အင်ဒီးယားအား မောင်းထုတ်ရန် ပီအယ်လ်အေ တရုတ်တပ် စစ်မျက်နှာ နှစ်ဖက်ဖွင့် တိုက်သည်။ နှစ်ရက်အတွင်း နယ်မြေတခုလုံးအား တရုတ်မှ သိမ်းပိုက်ခဲ့သည်။ နယ်စပ်ထိန်းချုပ်မျဉ်း တောင်ဖက် ဆယ်မိုင်သို့ တရုတ် ပီအယ်လ်အေတပ်များ အောက်တိုဘာ ၂၄တွင် ရောက်ရှိသည်။ သုံးပတ်ကြာ အပစ်အခတ် ရပ်စဲချိန်အတွင်း တရုတ်တပ်များ သူ့တို့နေရာ ထိန်းထားရန် Zhou Enlai အမိန့်ပေးခဲ့ပြီး နေရူးထံ ငြိမ်းချမ်းရေး အဆိုပြုချက် ပေးပို့သည်။ ။

တရုတ် အဆိုပြုချက်မှာ နှစ်ဖက်တပ် ထိတွေ့မှု မရှိတော့ပဲ လက်ရှိ နေရာများမှ ကီလိုမီတာ နှစ်ဆယ် နောက်ဆုတ်ရန် ဖြစ်သည်။ တရုတ်တပ်များသာ သူတို့ မူလ နေရာသို့ ပြန်လည်ဆုတ်ခွာပေးရန် နေရူးမှ တုံ့ပြန်ပြီး ပိုကျယ်ပြန့်သော စစ်မဲ့ဇုံ ထားရန် နေရူးမှ တောင်းဆိုသည်။ ၁၉၆၂ နိုဝင်ဘာ ၁၄ တွင် Walong ဝါလောင်ရှိ တရုတ်စခန်းကို အင်ဒီးယားတို့ တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲ ပြန်လည်စတင်သည်။

နောက်ထပ် ရာပေါင်းများစွာ သေဆုံးပြီးနောက် အိန္ဒိယမှ အမေရိကန်တို့ ဝင်ကူမည့် သတိပေးချက်ကြောင့် နိုဝင်ဘာ ၁၉တွင် နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်စဲရေး တရားဝင် ကြေငြာခဲ့သည်။ တရားမဝင် သတ်မှတ်ထားသော မက်မာဟွန် နယ်စပ်မျဉ်း မြောက်ဖက်သို့ လက်ရှိလနရာမှ ၎င်းတို့ ဆုတ်ခွာမည်ဟု တရုတ် ကြေငြာသည်။ သို့သော်လည်း တောင်တန်းများထဲ ပိတ်မိနေသည့် တပ်များ အပစ်အခတ် ရပ်သည့်သတင်းကို ရက်ပေါင်းများစွာကြာသည်အထိ မကြားသိဘဲ နောက်ထပ် ပစ်ခတ်မှုများ လုပ်နေခဲ့ကြသည်။

စစ်ပွဲသည် တစ်လလောက် ကြာမြင့်ခဲ့ပြီး အိန္ဒိယ စစ်သား ၁၃၈၃ ယောက် နှင့် တရုတ် စစ်သား ၇၂၂ ယောက် ကျဆုံးသည်။ နောက်ထပ် အိန္ဒိယ ၁၀၄၇ ဦး နှင့် တရုတ် ၁၆၉၇ ဦး ဒဏ်ရာရပြီး အင်ဒီးယား စစ်သား လေးထောင်နီးပါး အဖမ်းခံရသည်။ ထိခိုက်ကျဆုံးမှု အများအပြားမှာ ရန်သူ ပစ်ခတ်မှုထက် ပေ၁၄၀၀၀ အမြင့် ပြင်းထန်ဆိုးရွားသော ရာသီဥတု အခြေအနေကြောင့် ဖြစ်သည်။ ဆေးဝါးကုသမှု အချိန်မှီ မပေးနိုင်ခင် ရာသီဥတုဒဏ်ကြောင့် ဒဏ်ရာရ နှစ်ဖက်စစ်သားများ သေဆုံးကုန်သည်။ အဆုံးမှာ Aksai ချင်းဒေသကို ထိန်းချုပ်ခွင့် တရုတ် လက်ဝယ် ရရှိသွားသည်။ ဝန်ကြီးချုပ်နေရူးမှာ ပြည်တွင်း၌ တရုတ်ကို ကျူးကြော်မှုကို သူ၏ အင်အားမသုံး ငြိမ်းချမ်းစွာ ဖြေရှင်းမှု နှင့် တရုတ် တိုက်ခိုက်မှု မတိုင်ခင် လုံလောက်သော ပြင်ဆင်မှု ကင်းမဲ့မှုကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

Ref:
https://www.thoughtco.com/the-sino-indian-war-1962-195804

Leave a Reply