ဒ႑ာရီမ်ားထဲမွ လူတစ္ပိုင္း တိရစာၦန္တစ္ပုိင္း သတၱ၀ါမ်ား

Posted on

ေရးသားသူ – ေကာင္းစည္သူ (သုတစြယ္စုံ)

သိပၸံပညာရွင္မ်ား၏ ​ေဖာ္ထုတ္ေတြ႕ရွိခ်က္မ်ားအရ မ်ိဳးဗီဇမတူညီေသာ သက္ရွိ သတၱ၀ါမ်ားသည္ တစ္ေကာင္ ႏွင့္တစ္ေကာင္ေပါင္းစပ္ကာ မ်ိဳးပြား၍ မရႏိုင္ပါေခ်။မ်ိဳးဗီဇခ်င္း တူညီသည့္ ၾကက္သည္ ခိုႏွင့္ေပါင္းစပ္လွ်င္ ၾကက္ခိုဟု ေခၚၾကသည့္ ၾကက္တူခိုတူ အေကာင္ငယ္ေလးမ်ား ေပါက္ဖြားေလ့ရွိေသာ္လည္း ၾကက္သည္ မ်ိဳးဗီဇကြဲေသာ ဘဲႏွင့္ မ်ိဳးစပ္၍ မရႏိုင္ပါေခ်။ သက္ရွိသတၱ၀ါမ်ားတြင္ လူသည္ ဦးေႏွာက္ စြမ္းေဆာင္ရည္ အျမင့္မားဆုံး သတၱ၀ါျဖစ္ကာ လူအခ်င္းခ်င္းမွလြဲ၍ အျခားတိရစၦာန္မ်ားႏွင္​့ မ်ိဳးစပ္၍ မရႏိုင္ပါေခ်။

သို႕ေသာ္လည္း စိတ္ကူးဥာဏ္ ဆန္းသစ္ေထြျပားသည့္ လူသတၱ၀ါမ်ားသည္ လူတစ္ပိုင္း တိရစၦာန္တစ္ပိုင္း သတၱ၀ါမ်ားကို ခ်စ္ခင္ေစရန္၊ ေၾကာက္ရြံ႕​ေစရန္၊ အံ့ႀသေစရန္၊အားက်ေစရန္၊ ႀကည္ညိဳေစရန္ စသည္ျဖင့္ ရည္ရြယ္ခ်က္မ်ိဳးစုံျဖင့္ စိတ္ကူး ပုံေဖာ္ခဲ့ၾကသည္။ ကမၻာေပၚရွိ ႏိုင္ငံအသီးသီး၏ ယဥ္ေက်းမႈ အသီးသီးတြင္ လူတစ္ပိုင္း သတၱ၀ါမ်ားကို ႀကားသိႏိုင္ၾကကာ ပုံေဖာ္ ရုပ္ပုံကားခ်ပ္မ်ားမွသည္ တိုးတက္ေခတ္မီေသာ ရုပ္ေသရုပ္ရွင္မ်ားကိုပင္​ ဖန္တီးခဲ့ၾကေပသည္။

ကမၻာတြင္ လူသိမ်ား၊ လူႀကိဳက္မ်ားသည့္ စိတ္ကူးထဲမွ လူတစ္ပိုင္း သတၱ၀ါမ်ားအနက္ ေအာက္ေဖာ္ျပပါ သတၱ၀ါ (၁၀) မ်ိဳးသည္ အထင္ရွားဆုံး ျဖစ္ေပသည္။

လူတစ္ပိုင္း ဆိတ္တစ္ပိုင္း

အခ်ိဳ႕ေသာ ဒ႑ာရီလာ သတၱ၀ါမ်ားသည္ ခႏၶာကိုယ္ အ​ေပၚပိုင္းက လူျဖစ္ျပီး ​ေအာက္ပိုင္းက ဆိတ္သဏၭာန္ ျဖစ္သည္။ ေဖာန္ (Faun)၊ ပန္ (Pan)၊ ေဆတာ (Satyr)၊ ဆလန္းနပ္စ္ (Silenus) ႏွင့္ မေကာင္းဆိုး၀ါး (the Devil) မ်ားသည္ လူသိမ်ား ထင္ရွားေသာ လူတစ္ပုိင္း ဆိတ္တစ္ပိုင္း သတၱ၀ါမ်ား ျဖစ္ၾကသည္။ ​ေဖာန္သည္ သစ္ေတာကို အစိုးရသည့္ ​ေရာမနတ္ဘုရားျဖစ္၍ သိုးအုပ္မ်ားကို ထိန္းေက်ာင္းေပးေသာ ဂရိနတ္ဘုရား ပန္ႏွင့္ သူ၏အေဖာ္ျဖစ္သူ သစ္ေတာနတ္ ​ေဆတာတို႔ႏွင့္ ပတ္သက္ဆက္ႏြယ္မႈရွိသည္။

ဆလန္းနပ္စ္သည္ ၀ိုင္ယမကာကို ​ေစာင့္ေရွာက္သည့္ ဂရိနတ္ဘုရား ျဖစ္ျပီး ေဆတာထက္ ပို၍သက္တမ္းရွည္ၾကာသူ ျဖစ္သည္။

အျခား လူတစ္ပိုင္း ဆိတ္တစ္ပိုင္း သတၱ၀ါတစ္မ်ိဳး ျဖစ္သည့္ Devil ေခၚ မေကာင္းဆိုး၀ါးသည္ ဂရိဒ႑ာရီမ်ားမွ အစခ်ီကာ ဘာသာအမ်ိဳးမ်ိဳး၊ ယဥ္ေက်းမႈအမ်ိဳးမ်ိဳးတြင္ ဘုရားသခင္၏ ရန္သူေတာ္ၾကီး အျဖစ္လည္းေကာင္း၊ မေကာင္းမႈ ဒုစရိုက္တို႔၏ သက္ရွိျပယုဂ္အျဖစ္ လည္းေကာင္း သတ္မွတ္ခံထားရသူ ျဖစ္သည္။

ထို႔အျပင္ ဟိႏၵဴယဥ္ေက်းမႈ ရာဇ၀င္ထဲမွ ဘရာမား နတ္ဘုရား၏ သားျဖစ္သူဘုရင္ ဒက္ရွာ (Daksha)မွာ ​ေခါင္းျဖတ္ကြပ္မ်က္ခံရျပီးသည့္ေနာက္ ၄င္း၏ လူဦးေခါင္းေနရာတြင္ ဆိတ္ဦးေခါင္းတစ္ခုျဖင့္ အစားထုိးခဲ့သည္ဟု ဆိုသည္။

လူတစ္ပိုင္း ငွက္တစ္ပိုင္း

ဂရိႏွင့္ေရာမ ဒ႑ာရီမ်ားတြင္ ဟားပီးစ္ (Harpies) ေခၚ မိစၦာမမ်ားကို ငွက္ခႏၶာႏွင့္ လူမိန္းမ မ်က္ႏွာရွိေသာ ေၾကာက္မက္ဖြယ္ သတၱ၀ါမ်ားအျဖစ္ သရုပ္ေဖာ္ထားျပီး ဂ်ဴးဒ႑ာရီထဲမွ လီလစ္ (Lilith)မွာမူ လူ႕ခႏၶာကိုယ္တြင္ ငွက္အေတာင္ပံႏွင့္ ငွက္ေျခေထာက္မ်ား ပါရွိေသာ နတ္ဆိုးမ ျဖစ္သည္။

ပင္လယ္ခရီးသြား ​ေယာက္်ားမ်ားကို ၄င္းတို႔၏ ထူးျခားအ့ံၾသဖြယ္ သီခ်င္းဆိုသံျဖင့္ အရာအားလံုးကို ​ေမ့ေလ်ာ့ မွင္သက္သြားေအာင္ ညႇိဳ႕ယူ ဖမ္းစားတတ္သည့္ ဂရိဒ႑ာရီလာ ဆိုင္ရန္ (Siren)၊ ရုရွဒ႑ာရီလာ ဆိုင္ရင္ (Sirin) ႏွင့္ အယ္လ္ကိုေနာ့စ္ (Alkonost) တို႔သည္လည္း လူတစ္ပိုင္း ငွက္တစ္ပိုင္း သတၱ၀ါမမ်ား ျဖစ္သည္။

ရုရွရိုးရာပံုျပင္မ်ားထဲမွ ဂမယြန္ (Gamayun) သည္ လူမိန္းမဦးေခါင္းပါရွိေသာ ပု​ေရာဟိတ္ ငွက္တစ္ေကာင္ ျဖစ္ျပီး ဉာဏ္ပညာ ဗဟုသုတ အလြန္ၾကီးမားသည္ဟု ဆုိသည္။

အျခားထင္ရွားသည့္ လူတစ္ပိုင္း ငွက္တစ္ပိုင္း သတၱ၀ါမ်ားမွာ အေရွ႕ေတာင္အာရွ ဒ႑ာရီမ်ားထဲမွ ကိႏၷရီ၊ ကိႏၷရာမ်ား ျဖစ္ျပီး ၄င္းတို႔ကို နတ္သီခ်င္းသည္မ်ားအျဖစ္ လည္းေကာင္း၊ ထာ၀ရသစၥာ ခိုင္ျမဲေသာ ခ်စ္သူမ်ားအျဖစ္လည္းေကာင္း ​ေဖာ္ညႊန္းေလ့ရွိသည္ကို ​ေတြ႔ရွိႏိုင္သည္။

ဂ်ပန္ ဒ႑ာရီလာ ကရုရာ (Karura)သည္ လူခႏၶာကိုယ္၊ ငွက္ဦးေခါင္းႏွင့္ သတၱ၀ါတစ္မ်ိဳးျဖစ္ျပီး ဟိႏၵဴရာဇ၀င္ထဲမွ ဂရုဒါး (Garuda) ေခၚ ဂဠဳန္ကို လူခႏၶာကိုယ္ရွိေသာ ခြန္အားၾကီးမားသည့္ လင္းယုန္ငွက္ၾကီး တစ္မ်ိဳးအျဖစ္ ေဖာ္ျပထားသည္။

အီဂ်စ္နတ္ဘုရားမ်ားတြင္လည္းမြန္တူ (Montu)၊ ဟိုးရပ္စ္ (Horus)၊ ဆီကာ (Seker) ႏွင့္ ရား (Ra) တို႔သည္လည္း လူတစ္ပိုင္း ငွက္တစ္ပိုင္း နတ္ဘုရားမ်ား ျဖစ္ၾကသည္။

လူတစ္ပိုင္း ငါးတစ္ပိုင္း

ဒ႑ာရီလာ အထင္ရွားဆံုး လူတစ္ပိုင္း ငါးတစ္ပိုင္း သတၱ၀ါမ်ားကို ျပပါဆိုလွ်င္ ေရသူမ၊ေရသူထီးမ်ားကို ညႊန္ျပရေပလိမ့္မည္။ ယင္းေရသူမ၊ ​ေရသူထီးမ်ား အေၾကာင္းကို ဥေရာပ၊အာရွ၊ အာဖရိက အပါအ၀င္ ကမၻာတစ္လႊားရွိ ယဥ္ေက်းမႈ အေတာ္မ်ားမ်ားတြင္ ​ေတြ႔ရွိႏိုင္သည္။

ေရသူထီး၊ ​ေရသူမမ်ား ပထမဆံုး ​ေပၚေပါက္လာခဲ့သည္မွာ အဆီးရီးယန္း ဒ႑ာရီတြင္ျဖစ္ျပီး နတ္ဘုရားမ အတာေဂးတစ္ (Atargatis) ေခၚ ဒါဆီတို (Derceto)မွ စတင္ခဲ့သည္။

ဂရိပင္လယ္နတ္ဘုရားျဖစ္သည့္ ထရိုင္တန္ (Triton) သည္ လူခႏၶာကိုယ္ အ​ေပၚပိုင္​းႏွင္​့ ငါးကဲ့သို႔ အေၾကးခြံပါ အျမီးတစ္ခုကို ပိုင္ဆိုင္ထားေသာ ​ေရသူထီးတစ္ဦး ျဖစ္သည္။

အလားတူ သတၱ၀ါမ်ားတြင္ ဖိလစ္ပိုင္ ဒ႑ာရီထဲမွ ဆိုင္ရန္နာ (Sirena) ႏွင့္ ဒိုင္ဆီဘယ္လ္ (Dyesebel)၊ ကင္မရြန္းႏိုင္ငံ ဆာ၀ါရိုးရာ ယဥ္ေက်းမႈမွ ဂ်န္ဂု (Jengu) တို႔ ပါ၀င္ၾကသည္။

မက္ဆိုပိုေတးမီးယန္း လူမ်ိဳးတို႔၏ သားဆုပန္ နတ္ဘုရားျဖစ္ေသာ ဒါဂြန္သည္ လူတစ္ပိုင္း ငါးတစ္ပိုင္း ျဖစ္ျပီး သမၼာက်မ္းစာတြင္လည္း ဒါဂြန္႕အေၾကာင္းကို ​ေဖာ္ျပထားသည္။

ဟိႏၵဴနတ္ဘုရား တစ္ပါးျဖစ္သည့္ ဗိႆႏိုး ၏ကိုယ္ပြား တစ္ခုမွာ လူခႏၶာကိုယ္ ငါးအျမီးႏွင့္ျဖစ္ျပီး မတ္စယာ (Matsya) ဟု အမည္တြင္သည္။

ကြတ္ကၽြန္းစုမ်ား ဒ႑ာရီထဲမွ နတ္ဘုရားႏွင့္ လူသားတို႔၏ဖခင္ လနတ္ေဒ၀တာ အဗာတီ (Avatea)သည္ ထူးထူးျခားျခား ခႏၶာကိုယ္ ညာဘက္ျခမ္းက လူျဖစ္ျပီး ဘယ္ဘက္ျခမ္းက ငါးျဖစ္သည္ဟု ​ေဖာ္ျပထားသည္။

လူတစ္ပိုင္း ​ေျမြတစ္ပိုင္း

အမ်ားအားျဖင့္ ေျမြကို အႏၱရာယ္ရွိေသာ တိရစ ၦာန္တစ္ေကာင္အျဖစ္ ရႈျမင္ၾကေသာ္လည္း ကမ ၻာအႏွံ႔အျပားမွ ဒ႑ာရီမ်ားတြင္မူ ​ေျမြခႏၶာႏွင့္ လူခႏၶာ တြဲစပ္ထားသည့္ ထူးဆန္း သတၱ၀ါအမ်ိဳးမ်ိဳးကို ေတြ႔ရွိႏိုင္ေပသည္။

ဟိႏၵဴ ဒ႑ာရီတြင္ လငပုပ္ဖမ္းသူ အသူရိန္နတ္ၾကီး ကီတု (Ketu)ကို အလြန္တရာ ၾကီးမားေသာ ​ေျမြခႏၶာကိုယ္ ပိုင္ရွင္အျဖစ္ သရုပ္ေဖာ္ထားသည္။

ဂရိဒ႑ာရီထဲမွ ေၾကာက္မက္ဖြယ္ သတၱ၀ါၾကီးမ်ား၏ မိခင္ျဖစ္သူ အခစ္ဒ္နာ (Echidna) သည္ ေခ်ာေမာလွပသည့္ လူမ်က္ႏွာႏွင့္ ေျမြခႏၶာကိုယ္ရွိေသာ ျမစ္ေစာင့္နတ္တစ္ပါး ျဖစ္သကဲ့သို႔ တန္ခိုးၾကီး ဇူးစ္နတ္ဘုရား၏ ေမာင္းမတစ္ဦးျဖစ္သူ လာမီယာ (Lamia)သည္လည္း ၄င္း၏ ခါးေနရာမွစ၍ ေျမြနဂါးတစ္ေကာင္၏ အျမီး သဏၭာန္္ ျဖစ္ေနေၾကာင္း ​ေဖာ္ျပထားသည္။

ဂရိဒ႑ာရီထဲမွပင္ ေဂၚဂြန္ (Gorgon) ညီအစ္မမ်ား ျဖစ္ၾကသည့္ စသီႏို (Stheno)၊ ယူရီရဲလ္ေလး (Euryale)ႏွင့္ မဒူဆာ (Medusa) တို႔သည္ ယင္းတို႔၏ ဦးေခါင္းတြင္ ဆံပင္ေပါက္ရမည့္အစား ​ေျမြမ်ား ရွိေနျခင္းေၾကာင့္ လူသိမ်ား ထင္ရွားၾကသည္။

တရုတ္ဒ႑ာရီလာ ႏု၀ (Nuwa) ႏွင့္ ဖူစီ (Fu Xi) နတ္ေမာင္ႏွမ ႏွစ္ပါးသည္ လူခႏၶာကိုယ္၊ ေျမြအျမီးႏွင့္ ျဖစ္ၾကျပီး ဧရာမ ေနနတ္မင္းတစ္ပါးျဖစ္သည့္ ဇူေလာင္ (Zhulong)သည္ လူမ်က္ႏွာႏွင့္ ​ေျမြခႏၶာကိုယ္ ႐ွိသည္။

ထို႔အျပင္ အီဂ်စ္နတ္ဘုရားမမ်ားျဖစ္သည့္ ေကာကတ္ (Kauket) ႏွင့္ မရက္ဆီဂ်ာ (Meretseger) တို႔သည္လည္း ​ေျမြတစ္ပိုင္း လူတစ္ပိုင္း နတ္ဘုရားမ်ား ျဖစ္ၾကသည္။

လူတစ္ပိုင္း ျမင္းတစ္ပိုင္း

ဂရိဒ႑ာရီထဲမွ စင္ေတာ္ (Centaur) မ်ားသည္ ထင္ရွားေသာ လူတစ္ပိုင္း ျမင္းတစ္ပိုင္း သတၱ၀ါမ်ား ျဖစ္ၾကသည္။ စင္ေတာ္မ်ားတြင္ လူဦးေခါင္း၊ လူကိုယ္လံုး၊ လူ႔လက္မ်ားႏွင့္အတူ ျမင္းခႏၶာကိုယ္ ​ေနာက္ဘက္ပိုင္းႏွင့္ ျမင္းေျခေထာက္မ်ား တြဲစပ္ပါ၀င္ၾကသည္။ စင္ေတာ္အမမ်ားကို စင္ေတာ္ရိုဒ္ (Centauride) ဟုေခၚျပီး ဖိလစ္ပိုင္ ဒ႑ာရီထဲမွ အန္ဂ်ီေတး (Anggitay)သည္ စင္ေတာ္အမ တစ္ေကာင္ျဖစ္သည္။

ဂရိဒ႑ာရီလာ စင္ေတာ္ကဲ့သို႔​ေသာ အျခားသတၱ၀ါတစ္မ်ိဳးမွာ အိုင္ပိုတိန္း (Ipotanes) မ်ားျဖစ္ျပီး ၄င္းတို႔တြင္ ျမင္းနားရြက္မ်ား ရွိၾကသည္ဟု ဆုိသည္။ အစၥလာမ္ဒ႑ာရီထဲမွ အယ္လ္ဘာရက္ (Al-Buraq)၊ ဟိႏၵဴဒ႑ာရီထဲမွ ဟာယာဂရီဗာ (Hayagriva)၊ ဖိလစ္ပိုင္ ရိုးရာပံုျပင္မ်ားထဲမွ တစ္ခ္ဘလန္ (Tikbalang) တို႔အားလံုးသည္ ျမင္းေခါင္းႏွင့္ လူခႏၶာ ကိုယ္ကို ပိုင္ဆိုင္ထားၾက ေသာ ထူးဆန္းသတၱ၀ါမ်ား ျဖစ္ၾကသည္​။

လူတစ္ပိုင္း ငွက္တစ္ပိုင္းဟု အမ်ားက ယူဆထားသည့္ ကိႏၷရီကိႏၷရာ မ်ားကို အခ်ိဳ႕႔ေသာ အိႏၵိယ ဒ႑ာရီမ်ားတြင္ လူတစ္ပိုင္း ျမင္းတစ္ပိုင္း ျဖစ္သည္ဟူ၍ ေဖာ္ျပထားေၾကာင္းကိုလည္​း ေတြ႕ရွိႏိုင္သည္။

လူတစ္ပိုင္း ျခေသၤ့တစ္ပိုင္း

ေတာဘုရင္ ျခေသၤ့ကိုလည္း မ်ားစြာေသာ ဒ႑ာရီမ်ားတြင္ လူခႏၶာကိုယ္ႏွင့္ ပံုစံအမ်ိဳးမ်ိဳး တြဲစပ္ျပီး ထူးဆန္း အံ့ၾသဖြယ္ လူတစ္ပိုင္း ျခေသၤ့တစ္ပိုင္း သတၱ၀ါမ်ားအျဖစ္ ေတြ႔ရွိႏိုင္သည္။

လူဦးေခါင္းႏွင့္ ျခေသၤ့ခႏၶာ ရွိေသာ စဖင့္စ္ (Sphinx) ကို ဂရိ၊ အီဂ်စ္ႏွင့္ အာရွ ဒ႑ာရီမ်ားတြင္ အထင္အရွား ​ေတြ႔ႏိုင္ျပီး တစ္ခါတစ္ရံတြင္ စဖင့္စ္​ခႏၶာကိုယ္၌ အေတာင္ပံမ်ားကိုပါ ထည့္သြင္း သရုပ္ေဖာ္ေလ့ရွိသည္။

မန္တီကိုး (Manticore) သည္ ပါရွန္းဒ႑ာရီထဲမွ စဖင့္စ္ျဖစ္ျပီး လာမာ့စ္စု (Lamassu)ကမူ လူဦးေခါင္း၊ ျခေသၤ့ကိုယ္ႏွင့္ လင္းယုန္ငွက္ အေတာင္ပံမ်ား ပိုင္ဆိုင္ေသာ အဆီးရီးယန္း ဒ႑ာရီလာ နတ္ဘုရားတစ္ပါး ျဖစ္သည္။

အီဂ်စ္စစ္နတ္ဘုရားမ်ားျဖစ္သည့္ မားဟီးစ္ (Maahes) ႏွင့္ ဆက္ခ္မတ္ (Sekhmet)တို႔ ႏွစ္ဦးစလံုးသည္ လူခႏၶာႏွင့္ ျခေသၤ့ဦးေခါင္း ရွိၾကသူမ်ား ျဖစ္ၾကသည္။

ဟိႏၵဴရာဇ၀င္မ်ားတြင္ ဗိႆႏိုးနတ္မင္း၏ ကိုယ္ပြားတစ္ခုျဖစ္ေသာ နာရာစီမာ(Narasima)၏ အဆင္းသ႑ာန္ကို လူခႏၶာကိုယ္၊ ျခေသၤ့မ်က္ႏွာႏွင့္ ေျခသည္း၊ လက္သည္းမ်ား ပါရွိေၾကာင္း ​ေဖာ္ျပထားသည္။

၇။ လူတစ္ပိုင္း ​ေခြးတစ္ပိုင္း

တရုတ္ဒ႑ာရီထဲမွ ပန္ေဂါင္ (Penghou) အမည္ရွိ ရုကၡစိုးနတ္၊ ဂ်ပန္ဒ႑ာရီထဲမွ တန္ဂူ (Tengu)၊ ဂရိႏွင့္ အီဂ်စ္ဒ႑ာရီမ်ားထဲမွ ဆင္ႏိုကပ္ဖလီ (Cynocephaly)၊ ဂရင္းလန္းေဒသ အင္ႏုဒ႑ာရီထဲမွ အက္ဒ္လတ္ (Adlet) တို႔မွာ လူႏွင့္ ​ေခြးခႏၶာ ေပါင္းစပ္ထားေသာ ထူးဆန္းသတၱ၀ါမ်ား ျဖစ္ၾကသည္။

၈။ လူတစ္ပိုင္း ႏြားသိုးတစ္ပိုင္း

အဆီးရီးယန္း ဒ႑ာရီတြင္ လူေခါင္း၊ ျခေသၤ့ကိုယ္ႏွင့္ လင္းယုန္အေတာင္ပံမ်ား ပါ၀င္သည့္ လာမာ့စ္စုကဲ့သို႔ပင္ လူေခါင္း၊ ႏြားသိုးကိုယ္ႏွင့္ လင္းယုန္အေတာင္ပံမ်ား ပါ၀င္သည့္ ေနာက္ထပ္ လာမာ့စ္စု နတ္ဘုရား တစ္မ်ိဳးလည္း ရွိေသးသည္။

​ေရွးေဟာင္း ဂရိပံုျပင္မ်ားထဲမွ မီႏိုေတာ (Minotaur) သတၱ၀ါၾကီးမွာ လူခႏၶာကိုယ္ႏွင့္ ႏြားသိုး ဦးေခါင္း ရွိသည့္ သတၱ၀ါျဖစ္သည္။

လူတစ္ပိုင္း ႏြားသိုးတစ္ပိုင္း ​ေနာက္တစ္မ်ိဳးမွာ တရုတ္ဒ႑ာရီလာ ခ်ီယု (Chi Yu) ေခၚ ေၾကာက္မက္ဖြယ္ သတၱ၀ါၾကီးျဖစ္ျပီး ဟိႏၵဴဒ႑ာရီထဲမွ တံခါးေစာင့္ နႏၵီ (Nandi)မွာလည္း လူခႏၶာ၊ ႏြားသိုး မ်က္ႏွာႏွင့္ ျဖစ္သည္။

အျခား လူတစ္ပိုင္း တိရစၦာန္တစ္ပိုင္းမ်ား

အထက္ေဖာ္ျပပါ သတၱ၀ါမ်ားသာမက ကမၻာ့ေနရာအႏွံ႕အျပားမွ ဒ႑ာရီအသီးသီးတြင္ အျခားေသာ လူတစ္ပိုင္း တိရစၦာန္တစ္ပိုင္း ထူးဆန္းသတၱ၀ါမ်ားစြာ ရွိပါေသးသည္။

ဟိႏၵဴနတ္ဘုရား လူတစ္ပိုင္း ​ေမ်ာက္တစ္ပိုင္း ဟာႏုမာန္ (Hanuman)၊လူတစ္ပိုင္း ဆင္တစ္ပိုင္း နတ္ဘုရား ဂါနီရွာ (Ganesha)၊ လူခႏၶာကိုယ္တြင္ အေတာင္ပံမ်ား ပါရွိသည့္ ဖယ္ရီ(Fairies) ေခၚ နတ္သူငယ္ကေလးမ်ား စသည္တို႔ အပါအ၀င္ အမ်ားအျပား က်န္ရွိေန ေသးသည္။

သဏၭာန္ေျပာင္းသူမ်ား (Shape Shifters)

လူတစ္ပိုင္း တိရစၦာန္တစ္ပိုင္းမ်ားအျပင္ ​ေနာက္ထပ္ထူးျခားေသာ ဒ႑ာရီလာ သတၱ၀ါအမ်ိဳးအစားမွာ သဏၭာန္ေျပာင္း သတၱ၀ါမ်ား ျဖစ္သည္။

ဘရာဇီးလ္ ႐ိုးရာပံုျပင္မ်ားထဲမွ အန္ကန္ေတဒို (Encantado) မ်ားသည္ လူအသြင္ ေျပာင္းလဲႏိုင္သည့္ လင္းပိုင္မ်ားျဖစ္ျပီး ရုပ္သဏၭာန္ ​ေျပာင္းလဲႏိုင္သည့္ ေျမြမ်ားအျဖစ္ တစ္ခါတစ္ရံ ရည္ညႊန္းၾကသည္။

ဥေရာပ ရိုးရာပံုျပင္မ်ားထဲမွ သမန္း၀ံပုေလြ၊ သမန္းေၾကာင္၊ သမန္းေခြး စသည္တို႔သည္လည္း သဏၭာန္ေျပာင္း သတၱ၀ါမ်ား ျဖစ္ၾကေပသည္။

ျမန္မာႏိုင္ငံတြင္လည္း ပါးစပ္ရာဇ၀င္လာ သမန္​းက်ားမ်ားသည္ လျပည့္ လကြယ္ ညမ်ားတြင္ လူမွ က်ားအျဖစ္သို႔ ​ေျပာင္းလဲႏိုင္ၾကသည့္ လူတစ္ပိုင္း က်ားတစ္ပိုင္း သတၱ၀ါဟု အဆို ရွိခဲ့ေပသည္။

ျပင္ပေလာကတြင္ မည္သူမွ် မျမင္ဘူး မေတြ႕ဘူးသည့္ လူတစ္ပိုင္း သတၱ၀ါမ်ားသည္ အမွန္တကယ္ မရွိခဲ့​ေသာ္လည္း လူသားမ်ား၏ စိတ္အာရုံကို ဖမ္းစားရုံႏိုင္မွ်သာမက ယုံၾကည္ကိုးကြယ္မႈမ်ားအထိပင္ ျဖစ္ေစခဲ့ေပသည္။ လူသားမ်ားသည္ ထူးဆန္းေသာ အာရုံကို သာယာတတ္သည့္ သဘာ၀ ရွိၾကသည့္အေလ်ာက္ ယေန႕ေခတ္မွာပင္ လူတစ္ပိုင္း သတၱ၀ါမ်ားကို ရုပ္ရွင္ကားမ်ားတြင္ ေခတ္မီနည္းပညာျဖင့္ ဖန္တီး ျပသေလ့ရွိရာ အလြန္ လူႀကိဳက္မ်ားေသာ သတၱ၀ါမ်ား ျဖစ္လာခဲ့ေပသည္။

ဒိုဘီကဲ့သို႕ေသာ မွင္စာေလးမ်ားသည္ ရုပ္ရွင္ ဇာတ္လမ္းမ်ားတြင္ အလြန္ လူႀကိဳက္မ်ားခဲ့ကာ ေနာင္ႏွစ္ေပါင္း ​ေထာင္ႏွင့္ခ်ီ၍ ၾကာျမင့္ခ်ိန္တြင္ ​ေခတ္မီ နည္းပညာမ်ားျဖင့္ ဖန္တီးျပဳလုပ္ ထားသည့္ လူတစ္ပိုင္း သတၱ၀ါမ်ားကို ေႏွာင္းလူမ်ားက အမွန္ရွိခဲ့သည္ဟုပင္ ထင္ၾကဖြယ္​ ႐ွိ​ေပသည္​။

(၂၀၁၆ ခုႏွစ္ ဇူလိုင္လထုတ္ သုတစြယ္စုံမဂၢဇင္း)
​ေမာင္​သာ ​ေ႐ွး​ေဟာင္​းသု​ေတသန

——————————
ဒဏ္ဍာရီများထဲမှ လူတစ်ပိုင်း သတ္တဝါများ (unicode)

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံ)

သိပ္ပံပညာရှင်များ၏ ​ဖော်ထုတ်တွေ့ရှိချက်များအရ မျိုးဗီဇမတူညီသော သက်ရှိ သတ္တဝါများသည် တစ်ကောင် နှင့်တစ်ကောင်ပေါင်းစပ်ကာ မျိုးပွား၍ မရနိုင်ပါချေ။မျိုးဗီဇချင်း တူညီသည့် ကြက်သည် ခိုနှင့်ပေါင်းစပ်လျှင် ကြက်ခိုဟု ခေါ်ကြသည့် ကြက်တူခိုတူ အကောင်ငယ်လေးများ ပေါက်ဖွားလေ့ရှိသော်လည်း ကြက်သည် မျိုးဗီဇကွဲသော ဘဲနှင့် မျိုးစပ်၍ မရနိုင်ပါချေ။ သက်ရှိသတ္တဝါများတွင် လူသည် ဦးနှောက် စွမ်းဆောင်ရည် အမြင့်မားဆုံး သတ္တဝါဖြစ်ကာ လူအချင်းချင်းမှလွဲ၍ အခြားတိရစ္ဆာန်များနှင်​့ မျိုးစပ်၍ မရနိုင်ပါချေ။

သို့သော်လည်း စိတ်ကူးဥာဏ် ဆန်းသစ်ထွေပြားသည့် လူသတ္တဝါများသည် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများကို ချစ်ခင်စေရန်၊ ကြောက်ရွံ့​စေရန်၊ အံ့ဩစေရန်၊အားကျစေရန်၊ ကြည်ညိုစေရန် စသည်ဖြင့် ရည်ရွယ်ချက်မျိုးစုံဖြင့် စိတ်ကူး ပုံဖော်ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု အသီးသီးတွင် လူတစ်ပိုင်း သတ္တဝါများကို ကြားသိနိုင်ကြကာ ပုံဖော် ရုပ်ပုံကားချပ်များမှသည် တိုးတက်ခေတ်မီသော ရုပ်သေရုပ်ရှင်များကိုပင်​ ဖန်တီးခဲ့ကြပေသည်။

ကမ္ဘာတွင် လူသိများ၊ လူကြိုက်များသည့် စိတ်ကူးထဲမှ လူတစ်ပိုင်း သတ္တဝါများအနက် အောက်ဖော်ပြပါ သတ္တဝါ (၁၀) မျိုးသည် အထင်ရှားဆုံး ဖြစ်ပေသည်။

လူတစ်ပိုင်း ဆိတ်တစ်ပိုင်း

အချို့သော ဒဏ္ဍာရီလာ သတ္တဝါများသည် ခန္ဓာကိုယ် အ​ပေါ်ပိုင်းက လူဖြစ်ပြီး ​အောက်ပိုင်းက ဆိတ်သဏ္ဌာန် ဖြစ်သည်။ ဖောန် (Faun)၊ ပန် (Pan)၊ ဆေတာ (Satyr)၊ ဆလန်းနပ်စ် (Silenus) နှင့် မကောင်းဆိုးဝါး (the Devil) များသည် လူသိများ ထင်ရှားသော လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါများ ဖြစ်ကြသည်။ ​ဖောန်သည် သစ်တောကို အစိုးရသည့် ​ရောမနတ်ဘုရားဖြစ်၍ သိုးအုပ်များကို ထိန်းကျောင်းပေးသော ဂရိနတ်ဘုရား ပန်နှင့် သူ၏အဖော်ဖြစ်သူ သစ်တောနတ် ​ဆေတာတို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်။

ဆလန်းနပ်စ်သည် ဝိုင်ယမကာကို ​စောင့်ရှောက်သည့် ဂရိနတ်ဘုရား ဖြစ်ပြီး ဆေတာထက် ပို၍သက်တမ်းရှည်ကြာသူ ဖြစ်သည်။

အခြား လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါတစ်မျိုး ဖြစ်သည့် Devil ခေါ် မကောင်းဆိုးဝါးသည် ဂရိဒဏ္ဍာရီများမှ အစချီကာ ဘာသာအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးတွင် ဘုရားသခင်၏ ရန်သူတော်ကြီး အဖြစ်လည်းကောင်း၊ မကောင်းမှု ဒုစရိုက်တို့၏ သက်ရှိပြယုဂ်အဖြစ် လည်းကောင်း သတ်မှတ်ခံထားရသူ ဖြစ်သည်။

ထို့အပြင် ဟိန္ဒူယဉ်ကျေးမှု ရာဇဝင်ထဲမှ ဘရာမား နတ်ဘုရား၏ သားဖြစ်သူဘုရင် ဒက်ရှာ (Daksha)မှာ ​ခေါင်းဖြတ်ကွပ်မျက်ခံရပြီးသည့်နောက် ၎င်း၏ လူဦးခေါင်းနေရာတွင် ဆိတ်ဦးခေါင်းတစ်ခုဖြင့် အစားထိုးခဲ့သည်ဟု ဆိုသည်။

လူတစ်ပိုင်း ငှက်တစ်ပိုင်း

ဂရိနှင့်ရောမ ဒဏ္ဍာရီများတွင် ဟားပီးစ် (Harpies) ခေါ် မိစ္ဆာမများကို ငှက်ခန္ဓာနှင့် လူမိန်းမ မျက်နှာရှိသော ကြောက်မက်ဖွယ် သတ္တဝါများအဖြစ် သရုပ်ဖော်ထားပြီး ဂျူးဒဏ္ဍာရီထဲမှ လီလစ် (Lilith)မှာမူ လူ့ခန္ဓာကိုယ်တွင် ငှက်အတောင်ပံနှင့် ငှက်ခြေထောက်များ ပါရှိသော နတ်ဆိုးမ ဖြစ်သည်။

ပင်လယ်ခရီးသွား ​ယောက်ျားများကို ၎င်းတို့၏ ထူးခြားအံ့ဩဖွယ် သီချင်းဆိုသံဖြင့် အရာအားလုံးကို ​မေ့လျော့ မှင်သက်သွားအောင် ညှို့ယူ ဖမ်းစားတတ်သည့် ဂရိဒဏ္ဍာရီလာ ဆိုင်ရန် (Siren)၊ ရုရှဒဏ္ဍာရီလာ ဆိုင်ရင် (Sirin) နှင့် အယ်လ်ကိုနော့စ် (Alkonost) တို့သည်လည်း လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါမများ ဖြစ်သည်။

ရုရှရိုးရာပုံပြင်များထဲမှ ဂမယွန် (Gamayun) သည် လူမိန်းမဦးခေါင်းပါရှိသော ပု​ရောဟိတ် ငှက်တစ်ကောင် ဖြစ်ပြီး ဉာဏ်ပညာ ဗဟုသုတ အလွန်ကြီးမားသည်ဟု ဆိုသည်။

အခြားထင်ရှားသည့် လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါများမှာ အရှေ့တောင်အာရှ ဒဏ္ဍာရီများထဲမှ ကိန္နရီ၊ ကိန္နရာများ ဖြစ်ပြီး ၎င်းတို့ကို နတ်သီချင်းသည်များအဖြစ် လည်းကောင်း၊ ထာဝရသစ္စာ ခိုင်မြဲသော ချစ်သူများအဖြစ်လည်းကောင်း ​ဖော်ညွှန်းလေ့ရှိသည်ကို ​တွေ့ရှိနိုင်သည်။

ဂျပန် ဒဏ္ဍာရီလာ ကရုရာ (Karura)သည် လူခန္ဓာကိုယ်၊ ငှက်ဦးခေါင်းနှင့် သတ္တဝါတစ်မျိုးဖြစ်ပြီး ဟိန္ဒူရာဇဝင်ထဲမှ ဂရုဒါး (Garuda) ခေါ် ဂဠုန်ကို လူခန္ဓာကိုယ်ရှိသော ခွန်အားကြီးမားသည့် လင်းယုန်ငှက်ကြီး တစ်မျိုးအဖြစ် ဖော်ပြထားသည်။

အီဂျစ်နတ်ဘုရားများတွင်လည်းမွန်တူ (Montu)၊ ဟိုးရပ်စ် (Horus)၊ ဆီကာ (Seker) နှင့် ရား (Ra) တို့သည်လည်း လူတစ်ပိုင်း ငှက်တစ်ပိုင်း နတ်ဘုရားများ ဖြစ်ကြသည်။

လူတစ်ပိုင်း ငါးတစ်ပိုင်း

ဒဏ္ဍာရီလာ အထင်ရှားဆုံး လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါများကို ပြပါဆိုလျှင် ရေသူမ၊ရေသူထီးများကို ညွှန်ပြရပေလိမ့်မည်။ ယင်းရေသူမ၊ ​ရေသူထီးများ အကြောင်းကို ဥရောပ၊အာရှ၊ အာဖရိက အပါအဝင် ကမ္ဘာတစ်လွှားရှိ ယဉ်ကျေးမှု အတော်များများတွင် ​တွေ့ရှိနိုင်သည်။

ရေသူထီး၊ ​ရေသူမများ ပထမဆုံး ​ပေါ်ပေါက်လာခဲ့သည်မှာ အဆီးရီးယန်း ဒဏ္ဍာရီတွင်ဖြစ်ပြီး နတ်ဘုရားမ အတာဂေးတစ် (Atargatis) ခေါ် ဒါဆီတို (Derceto)မှ စတင်ခဲ့သည်။

ဂရိပင်လယ်နတ်ဘုရားဖြစ်သည့် ထရိုင်တန် (Triton) သည် လူခန္ဓာကိုယ် အ​ပေါ်ပိုင်​းနှင်​့ ငါးကဲ့သို့ အကြေးခွံပါ အမြီးတစ်ခုကို ပိုင်ဆိုင်ထားသော ​ရေသူထီးတစ်ဦး ဖြစ်သည်။

အလားတူ သတ္တဝါများတွင် ဖိလစ်ပိုင် ဒဏ္ဍာရီထဲမှ ဆိုင်ရန်နာ (Sirena) နှင့် ဒိုင်ဆီဘယ်လ် (Dyesebel)၊ ကင်မရွန်းနိုင်ငံ ဆာဝါရိုးရာ ယဉ်ကျေးမှုမှ ဂျန်ဂု (Jengu) တို့ ပါဝင်ကြသည်။

မက်ဆိုပိုတေးမီးယန်း လူမျိုးတို့၏ သားဆုပန် နတ်ဘုရားဖြစ်သော ဒါဂွန်သည် လူတစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်ပြီး သမ္မာကျမ်းစာတွင်လည်း ဒါဂွန့်အကြောင်းကို ​ဖော်ပြထားသည်။

ဟိန္ဒူနတ်ဘုရား တစ်ပါးဖြစ်သည့် ဗိဿနိုး ၏ကိုယ်ပွား တစ်ခုမှာ လူခန္ဓာကိုယ် ငါးအမြီးနှင့်ဖြစ်ပြီး မတ်စယာ (Matsya) ဟု အမည်တွင်သည်။

ကွတ်ကျွန်းစုများ ဒဏ္ဍာရီထဲမှ နတ်ဘုရားနှင့် လူသားတို့၏ဖခင် လနတ်ဒေဝတာ အဗာတီ (Avatea)သည် ထူးထူးခြားခြား ခန္ဓာကိုယ် ညာဘက်ခြမ်းက လူဖြစ်ပြီး ဘယ်ဘက်ခြမ်းက ငါးဖြစ်သည်ဟု ​ဖော်ပြထားသည်။

လူတစ်ပိုင်း ​မြွေတစ်ပိုင်း

အများအားဖြင့် မြွေကို အန္တရာယ်ရှိသော တိရစ ၦာန်တစ်ကောင်အဖြစ် ရှုမြင်ကြသော်လည်း ကမ ၻာအနှံ့အပြားမှ ဒဏ္ဍာရီများတွင်မူ ​မြွေခန္ဓာနှင့် လူခန္ဓာ တွဲစပ်ထားသည့် ထူးဆန်း သတ္တဝါအမျိုးမျိုးကို တွေ့ရှိနိုင်ပေသည်။

ဟိန္ဒူ ဒဏ္ဍာရီတွင် လငပုပ်ဖမ်းသူ အသူရိန်နတ်ကြီး ကီတု (Ketu)ကို အလွန်တရာ ကြီးမားသော ​မြွေခန္ဓာကိုယ် ပိုင်ရှင်အဖြစ် သရုပ်ဖော်ထားသည်။

ဂရိဒဏ္ဍာရီထဲမှ ကြောက်မက်ဖွယ် သတ္တဝါကြီးများ၏ မိခင်ဖြစ်သူ အခစ်ဒ်နာ (Echidna) သည် ချောမောလှပသည့် လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသော မြစ်စောင့်နတ်တစ်ပါး ဖြစ်သကဲ့သို့ တန်ခိုးကြီး ဇူးစ်နတ်ဘုရား၏ မောင်းမတစ်ဦးဖြစ်သူ လာမီယာ (Lamia)သည်လည်း ၎င်း၏ ခါးနေရာမှစ၍ မြွေနဂါးတစ်ကောင်၏ အမြီး သဏ္ဌာန် ဖြစ်နေကြောင်း ​ဖော်ပြထားသည်။

ဂရိဒဏ္ဍာရီထဲမှပင် ဂေါ်ဂွန် (Gorgon) ညီအစ်မများ ဖြစ်ကြသည့် စသီနို (Stheno)၊ ယူရီရဲလ်လေး (Euryale)နှင့် မဒူဆာ (Medusa) တို့သည် ယင်းတို့၏ ဦးခေါင်းတွင် ဆံပင်ပေါက်ရမည့်အစား ​မြွေများ ရှိနေခြင်းကြောင့် လူသိများ ထင်ရှားကြသည်။

တရုတ်ဒဏ္ဍာရီလာ နု၀ (Nuwa) နှင့် ဖူစီ (Fu Xi) နတ်မောင်နှမ နှစ်ပါးသည် လူခန္ဓာကိုယ်၊ မြွေအမြီးနှင့် ဖြစ်ကြပြီး ဧရာမ နေနတ်မင်းတစ်ပါးဖြစ်သည့် ဇူလောင် (Zhulong)သည် လူမျက်နှာနှင့် ​မြွေခန္ဓာကိုယ် ရှိသည်။

ထို့အပြင် အီဂျစ်နတ်ဘုရားမများဖြစ်သည့် ကောကတ် (Kauket) နှင့် မရက်ဆီဂျာ (Meretseger) တို့သည်လည်း ​မြွေတစ်ပိုင်း လူတစ်ပိုင်း နတ်ဘုရားများ ဖြစ်ကြသည်။

လူတစ်ပိုင်း မြင်းတစ်ပိုင်း

ဂရိဒဏ္ဍာရီထဲမှ စင်တော် (Centaur) များသည် ထင်ရှားသော လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တဝါများ ဖြစ်ကြသည်။ စင်တော်များတွင် လူဦးခေါင်း၊ လူကိုယ်လုံး၊ လူ့လက်များနှင့်အတူ မြင်းခန္ဓာကိုယ် ​နောက်ဘက်ပိုင်းနှင့် မြင်းခြေထောက်များ တွဲစပ်ပါဝင်ကြသည်။ စင်တော်အမများကို စင်တော်ရိုဒ် (Centauride) ဟုခေါ်ပြီး ဖိလစ်ပိုင် ဒဏ္ဍာရီထဲမှ အန်ဂျီတေး (Anggitay)သည် စင်တော်အမ တစ်ကောင်ဖြစ်သည်။

ဂရိဒဏ္ဍာရီလာ စင်တော်ကဲ့သို့​သော အခြားသတ္တဝါတစ်မျိုးမှာ အိုင်ပိုတိန်း (Ipotanes) များဖြစ်ပြီး ၎င်းတို့တွင် မြင်းနားရွက်များ ရှိကြသည်ဟု ဆိုသည်။ အစ္စလာမ်ဒဏ္ဍာရီထဲမှ အယ်လ်ဘာရက် (Al-Buraq)၊ ဟိန္ဒူဒဏ္ဍာရီထဲမှ ဟာယာဂရီဗာ (Hayagriva)၊ ဖိလစ်ပိုင် ရိုးရာပုံပြင်များထဲမှ တစ်ခ်ဘလန် (Tikbalang) တို့အားလုံးသည် မြင်းခေါင်းနှင့် လူခန္ဓာ ကိုယ်ကို ပိုင်ဆိုင်ထားကြ သော ထူးဆန်းသတ္တဝါများ ဖြစ်ကြသည်​။

လူတစ်ပိုင်း ငှက်တစ်ပိုင်းဟု အများက ယူဆထားသည့် ကိန္နရီကိန္နရာ များကို အချို့သော အိန္ဒိယ ဒဏ္ဍာရီများတွင် လူတစ်ပိုင်း မြင်းတစ်ပိုင်း ဖြစ်သည်ဟူ၍ ဖော်ပြထားကြောင်းကိုလည်​း တွေ့ရှိနိုင်သည်။

လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း

တောဘုရင် ခြင်္သေ့ကိုလည်း များစွာသော ဒဏ္ဍာရီများတွင် လူခန္ဓာကိုယ်နှင့် ပုံစံအမျိုးမျိုး တွဲစပ်ပြီး ထူးဆန်း အံ့ဩဖွယ် လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း သတ္တဝါများအဖြစ် တွေ့ရှိနိုင်သည်။

လူဦးခေါင်းနှင့် ခြင်္သေ့ခန္ဓာ ရှိသော စဖင့်စ် (Sphinx) ကို ဂရိ၊ အီဂျစ်နှင့် အာရှ ဒဏ္ဍာရီများတွင် အထင်အရှား ​တွေ့နိုင်ပြီး တစ်ခါတစ်ရံတွင် စဖင့်စ်​ခန္ဓာကိုယ်၌ အတောင်ပံများကိုပါ ထည့်သွင်း သရုပ်ဖော်လေ့ရှိသည်။

မန်တီကိုး (Manticore) သည် ပါရှန်းဒဏ္ဍာရီထဲမှ စဖင့်စ်ဖြစ်ပြီး လာမာ့စ်စု (Lamassu)ကမူ လူဦးခေါင်း၊ ခြင်္သေ့ကိုယ်နှင့် လင်းယုန်ငှက် အတောင်ပံများ ပိုင်ဆိုင်သော အဆီးရီးယန်း ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး ဖြစ်သည်။

အီဂျစ်စစ်နတ်ဘုရားများဖြစ်သည့် မားဟီးစ် (Maahes) နှင့် ဆက်ခ်မတ် (Sekhmet)တို့ နှစ်ဦးစလုံးသည် လူခန္ဓာနှင့် ခြင်္သေ့ဦးခေါင်း ရှိကြသူများ ဖြစ်ကြသည်။

ဟိန္ဒူရာဇဝင်များတွင် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွားတစ်ခုဖြစ်သော နာရာစီမာ(Narasima)၏ အဆင်းသဏ္ဍာန်ကို လူခန္ဓာကိုယ်၊ ခြင်္သေ့မျက်နှာနှင့် ခြေသည်း၊ လက်သည်းများ ပါရှိကြောင်း ​ဖော်ပြထားသည်။

၇။ လူတစ်ပိုင်း ​ခွေးတစ်ပိုင်း

တရုတ်ဒဏ္ဍာရီထဲမှ ပန်ဂေါင် (Penghou) အမည်ရှိ ရုက္ခစိုးနတ်၊ ဂျပန်ဒဏ္ဍာရီထဲမှ တန်ဂူ (Tengu)၊ ဂရိနှင့် အီဂျစ်ဒဏ္ဍာရီများထဲမှ ဆင်နိုကပ်ဖလီ (Cynocephaly)၊ ဂရင်းလန်းဒေသ အင်နုဒဏ္ဍာရီထဲမှ အက်ဒ်လတ် (Adlet) တို့မှာ လူနှင့် ​ခွေးခန္ဓာ ပေါင်းစပ်ထားသော ထူးဆန်းသတ္တဝါများ ဖြစ်ကြသည်။

၈။ လူတစ်ပိုင်း နွားသိုးတစ်ပိုင်း

အဆီးရီးယန်း ဒဏ္ဍာရီတွင် လူခေါင်း၊ ခြင်္သေ့ကိုယ်နှင့် လင်းယုန်အတောင်ပံများ ပါဝင်သည့် လာမာ့စ်စုကဲ့သို့ပင် လူခေါင်း၊ နွားသိုးကိုယ်နှင့် လင်းယုန်အတောင်ပံများ ပါဝင်သည့် နောက်ထပ် လာမာ့စ်စု နတ်ဘုရား တစ်မျိုးလည်း ရှိသေးသည်။

​ရှေးဟောင်း ဂရိပုံပြင်များထဲမှ မီနိုတော (Minotaur) သတ္တဝါကြီးမှာ လူခန္ဓာကိုယ်နှင့် နွားသိုး ဦးခေါင်း ရှိသည့် သတ္တဝါဖြစ်သည်။

လူတစ်ပိုင်း နွားသိုးတစ်ပိုင်း ​နောက်တစ်မျိုးမှာ တရုတ်ဒဏ္ဍာရီလာ ချီယု (Chi Yu) ခေါ် ကြောက်မက်ဖွယ် သတ္တဝါကြီးဖြစ်ပြီး ဟိန္ဒူဒဏ္ဍာရီထဲမှ တံခါးစောင့် နန္ဒီ (Nandi)မှာလည်း လူခန္ဓာ၊ နွားသိုး မျက်နှာနှင့် ဖြစ်သည်။

အခြား လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းများ

အထက်ဖော်ပြပါ သတ္တဝါများသာမက ကမ္ဘာ့နေရာအနှံ့အပြားမှ ဒဏ္ဍာရီအသီးသီးတွင် အခြားသော လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း ထူးဆန်းသတ္တဝါများစွာ ရှိပါသေးသည်။

ဟိန္ဒူနတ်ဘုရား လူတစ်ပိုင်း ​မျောက်တစ်ပိုင်း ဟာနုမာန် (Hanuman)၊လူတစ်ပိုင်း ဆင်တစ်ပိုင်း နတ်ဘုရား ဂါနီရှာ (Ganesha)၊ လူခန္ဓာကိုယ်တွင် အတောင်ပံများ ပါရှိသည့် ဖယ်ရီ(Fairies) ခေါ် နတ်သူငယ်ကလေးများ စသည်တို့ အပါအဝင် အများအပြား ကျန်ရှိနေ သေးသည်။

သဏ္ဌာန်ပြောင်းသူများ (Shape Shifters)

လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းများအပြင် ​နောက်ထပ်ထူးခြားသော ဒဏ္ဍာရီလာ သတ္တဝါအမျိုးအစားမှာ သဏ္ဌာန်ပြောင်း သတ္တဝါများ ဖြစ်သည်။

ဘရာဇီးလ် ရိုးရာပုံပြင်များထဲမှ အန်ကန်တေဒို (Encantado) များသည် လူအသွင် ပြောင်းလဲနိုင်သည့် လင်းပိုင်များဖြစ်ပြီး ရုပ်သဏ္ဌာန် ​ပြောင်းလဲနိုင်သည့် မြွေများအဖြစ် တစ်ခါတစ်ရံ ရည်ညွှန်းကြသည်။

ဥရောပ ရိုးရာပုံပြင်များထဲမှ သမန်းဝံပုလွေ၊ သမန်းကြောင်၊ သမန်းခွေး စသည်တို့သည်လည်း သဏ္ဌာန်ပြောင်း သတ္တဝါများ ဖြစ်ကြပေသည်။

မြန်မာနိုင်ငံတွင်လည်း ပါးစပ်ရာဇဝင်လာ သမန်​းကျားများသည် လပြည့် လကွယ် ညများတွင် လူမှ ကျားအဖြစ်သို့ ​ပြောင်းလဲနိုင်ကြသည့် လူတစ်ပိုင်း ကျားတစ်ပိုင်း သတ္တဝါဟု အဆို ရှိခဲ့ပေသည်။

ပြင်ပလောကတွင် မည်သူမျှ မမြင်ဘူး မတွေ့ဘူးသည့် လူတစ်ပိုင်း သတ္တဝါများသည် အမှန်တကယ် မရှိခဲ့​သော်လည်း လူသားများ၏ စိတ်အာရုံကို ဖမ်းစားရုံနိုင်မျှသာမက ယုံကြည်ကိုးကွယ်မှုများအထိပင် ဖြစ်စေခဲ့ပေသည်။ လူသားများသည် ထူးဆန်းသော အာရုံကို သာယာတတ်သည့် သဘာ၀ ရှိကြသည့်အလျောက် ယနေ့ခေတ်မှာပင် လူတစ်ပိုင်း သတ္တဝါများကို ရုပ်ရှင်ကားများတွင် ခေတ်မီနည်းပညာဖြင့် ဖန်တီး ပြသလေ့ရှိရာ အလွန် လူကြိုက်များသော သတ္တဝါများ ဖြစ်လာခဲ့ပေသည်။ ဒိုဘီကဲ့သို့သော မှင်စာလေးများသည် ရုပ်ရှင် ဇာတ်လမ်းများတွင် အလွန် လူကြိုက်များခဲ့ကာ နောင်နှစ်ပေါင်း ​ထောင်နှင့်ချီ၍ ကြာမြင့်ချိန်တွင် ​ခေတ်မီ နည်းပညာများဖြင့် ဖန်တီးပြုလုပ် ထားသည့် လူတစ်ပိုင်း သတ္တဝါများကို နှောင်းလူများက အမှန်ရှိခဲ့သည်ဟုပင် ထင်ကြဖွယ်​ ရှိ​ပေသည်​။

(၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် သုတစွယ်စုံမဂ္ဂဇင်း)
​မောင်​သာ ​ရှေး​ဟောင်​းသု​တေသန

Leave a Reply