ကမာၻ႔အေကာင္းဆုံး ေရငုပ္သေဘၤာမ်ားအေၾကာင္း

Posted on

By ခ်စ္ေဖ (ေတာင္တြင္းေျမ)
Via : The Irrawaddy

တိုးတက္ေျပာင္းလဲလာတဲ့ နည္းပညာေခတ္နဲ႔အတူ ႏိုင္ငံတႏိုင္ငံရဲ႕ေရတပ္အတြက္ အေရးႀကီးဆုံးက ေရေပၚ သေဘၤာေတြထက္ ေရငုပ္သေဘၤာေတြက အေရးပါလာပါတယ္။

ဒါကလည္း စိတ္ထဲ ေတြးၾကည့္လိုက္႐ုံနဲ႔ ပုံမွန္သေဘၤာေတြထက္ ေရငုပ္သေဘၤာေတြက အသာရေနတာ အမွန္ပါ။ ဒီေတာ့ က်ေနာ္က လက္ရွိႏိုင္ငံတကာမွာ သုံးေနတဲ့ ေရငုပ္သေဘၤာေတြထဲက အေကာင္းဆုံးသေဘၤာေတြအေၾကာင္းကို ေျပာျပခ်င္ ပါတယ္။

အရင္ဆုံး ေရငုပ္သေဘၤာေတြရဲ႕ျမန္ႏႈန္းနဲ႔ ပတ္သက္တဲ့ knot အေၾကာင္းကို ရွင္းျပခ်င္ပါတယ္။ တိုင္းတာေရး အသုံးျပဳအ မွတ္အသားပါ။ မီတာ၊ မိုင္ကဲ့သို႔ ျဖစ္ပါတယ္။ ေရမိုင္လို႔ ဆိုရင္လည္း ရပါတယ္။

1 knot ဟာ တနာရီ ၁.၁၅၁ မိုင္ႏႈန္းနဲ႔ ညီ ပါတယ္။ ISO စနစ္မွာေတာ့ knot ကို kn အျဖစ္ပဲ အတိုေကာက္ သုံးပါတယ္။ အ ခု 1 knot မွာ ဘယ္ေလာက္ ျမန္ႏႈန္းရွိတယ္ဆိုတာ သိၿပီဆိုေတာ့ ေအာက္မွာ ဆက္ၾကည့္လို႔ အဆင္ေျပပါၿပီ။

(၁) Virginia Class (အေမရိကန္)

ေနာက္ဆုံးေပၚ နည္းပညာေတြ သုံးႏိုင္ေအာင္ ဖန္တီးထားလို႔ အခုလို ကမၻာ့အေကာင္းဆုံးအျဖစ္ သတ္မွတ္လိုက္တာပါ။

ေလ ဆာနည္းပညာနဲ႔ တည္ေနရာရွာေဖြစနစ္ေတြ၊ အကြာအေဝးတိုင္းစနစ္ကို လၽွပ္စစ္နည္းပညာနဲ႔ တိုင္းတာပုံစံေတြ၊ ၾကည္လင္မႈ အေကာင္းဆုံး ပတ္လည္ ကင္မရာစနစ္ေတြ၊ အာ႐ုံခံစနစ္အစုံ ပါရွိတာ ေတြ႕ရပါတယ္။

၇ စီးပဲ ထုတ္လုပ္ အသုံးျပဳေနတာ ျဖစ္ ၿပီး 25 knot ႏႈန္းနဲ႔ သြားႏိုင္ပါတယ္။

Mk48 ေတာ္ပီဒို ၄ လုံး၊ Tomahawak ဒုံးလက္နက္ ၁၀၉ လုံး ပါရွိ တပ္ဆင္ထားပါ တယ္။

(၂) Akula II Class (႐ုရွ)


အစီးေရ ၉ စီး ဖန္တီးထုတ္လုပ္ထားတာျဖစ္ေပမယ့္ အခုေတာ့ ၆ စီးက အသုံးျပဳလို႔ မရေတာ့ဘူးလို႔ သိရပါတယ္။

ေရ ေအာက္မွာ 33 knot နဲ႔ သြားၿပီး ေရေပၚမွာေတာ့ 12 knotပဲ သြားႏိုင္ပါတယ္။

အေမရိကန္ ေရငုပ္သေဘၤာေတြရဲ႕ ေရေအာက္မွာ ဆူညံသံထြက္တတ္ျခင္း အားနည္းခ်က္ကို အေကာင္းဆုံး ျပင္ဆင္ထုတ္ လုပ္ထားတဲ့ ေမာ္ဒယ္လို႔ သိရပါတယ္။

ေတာ္ပီဒို ၄လုံး ထည့္ထားၿပီး အျခား ဒုံးက်ည္ ၄၀ ေလာက္ ပါရွိပါတယ္။ ေရျမႇဳပ္ဗုံး ၄၂ လုံး ခ်ႏိုင္တယ္လို႔လည္း သိရပါတယ္။

(၃) Seawolf Class (အေမရိကန္)


Los Angeles ေမာ္ဒယ္ေတြနဲ႔ ဆင္တူၿပီး ေနာက္ဆုံးထုတ္လုပ္ထားတဲ့ ေမာ္ဒယ္ပါ။ ၃ စီးပဲ ဖန္တီး အသုံးျပဳေနတာပါ။

ေရ ေအာက္မွာ 35 knot ႏႈန္းနဲ႔ သြားႏိုင္ၿပီး ေရေပၚမွာေတာ့ 18 knot ႏႈန္းပဲ သြားပါတယ္။

ေတာ္ပီဒို ၈လုံး တပ္ဆင္ထားၿပီး အျခား ဒုံးက်ည္ ၅၀ ေလာက္ထိေအာင္ ထည့္သြင္း ဖန္တီးထားတယ္လို႔ သိရပါတယ္။

(၄) Astute Class (အဂၤလန္)


အဂၤလန္ပိုင္ ေရငုပ္သေဘၤာေတြထဲမွာ အႀကီးဆုံးနဲ ႏ်ဴလက္နက္ တပ္ဆင္ထားတဲ့ေမာ္ဒယ္ပါ။

သိရသေလာက္ အစီးေရ ၅ စီး ဖန္တီးထုတ္လုပ္ဖို႔ အစီအစဥ္ရွိေပမယ့္ လက္ရွိမွာေတာ့ ၁စီးပဲ သုံးေနတာ ေတြ႕ရပါတယ္။

29 knot ႏႈန္းနဲ႔ သြားႏိုင္ပါတယ္။ Harpoon အမည္ရွိ သေဘၤာဖ်က္ဒုံးက်ည္ေတြလည္း ပါရွိသလို ေတာ္ပီဒို ၃၈ လုံး ထည့္ထားတာ ေတြ႕ရၿပီး Tomahawk တာ ေဝးပစ္ဒုံးေတြလည္း ပါပါတယ္။

(၅) Type 093 Shang Class (တ႐ုတ္)


ကနဦး Type 093 ေမာ္ဒယ္ ၅စီးကို ေအာင္ျမင္ေအာင္ ဖန္တီးႏိုင္ခဲ့ၿပီး စုစုေပါင္း အစီးေရ ၈ စီးထိေအာင္ ဖန္တီးခဲ့တာ သိရ ေပမယ့္ အခုေတာ့ ၃စီးပဲ သုံးေနတာ ေတြ႕ရပါတယ္။

ရက္ေပါင္း ၈၀ ေလာက္ ေရငုပ္ႏိုင္တယ္လို႔ သိရၿပီး ေရေအာက္မွာ 35 knot ႏႈန္းနဲ႔ သြားႏိုင္ပါတယ္။

ေတာ္ပီဒို ၆လုံး တပ္ဆင္ထားတာ ေတြ႕ရၿပီး YJ-82 အမည္ရွိ သေဘၤာဖ်က္ဒုံးေတြလည္း ပါရွိ ပါတယ္။

(၆) Trafalgar Class (အဂၤလန္)

ဖန္တီးထုတ္လုပ္ထားမႈ စုစုေပါင္း ၇စီး ရွိေပမယ့္ လက္ရွိမွာေတာ့ ၆စီးကိုပဲ သုံးေနတာ ေတြ႕ရပါတယ္။

ေရထဲမွာ ရက္ေပါင္း ၉၀ ေလာက္ထိေအာင္ ငုပ္ေနႏိုင္တယ္လို႔ သိရသလို ေရေပၚမွာတင္ 30 knot ႏႈန္းနဲ႔ သြားႏိုင္ပါတယ္။

Harpoon ေရေပၚပစ္ ဒုံးက်ည္ေတြ၊ ေတာ္ပီဒို ၅လုံး၊ Sonar 2076 အမည္ရွိ ဒုံးေတြ အပါအဝင္ Tomahawk ဒုံးက်ည္ေတြ၊ Spearfish ေတာ္ပီဒို ေတြ တပ္ဆင္ပါရွိတာ ေတြ႕ရပါတယ္။

(၇) Sierra Class (႐ုရွ)

တည္ေဆာက္ထုတ္လုပ္ခ်ိန္မွာ ၄စီး ဖန္တီးခဲ့ေပမယ့္ လက္ရွိမွာေတာ့ ၂ စီး ကိုပဲ သုံးေနတယ္လို႔ သိရပါတယ္။

ေရေပၚမွာ 10 knot ႏႈန္းနဲ႔ သြားႏိုင္ၿပီး ေရေအာက္မွာေတာ့ 32 knot ႏႈန္းနဲ႔ သြားပါတယ္။

Samson ဒုံးက်ည္ေတြ တပ္ဆင္ထားတယ္၊ ေတာ္ပီဒို ၄ လုံးပါတယ္၊ Stallion ေရငုပ္သေဘၤာဖ်က္ ဒုံးက်ည္နဲ႔ Starfish ဗုံးေတြ ပါတယ္လို႔ သိရပါတယ္။

 

(၈) Victor III Class (႐ုရွ)

႐ုရွစစ္တပ္က သူ႕ရဲ႕စစ္စြမ္းအားကို တိုးျမႇင့္ဖို႔ အခုလိုေမာ္ဒယ္မ်ိဳး ၄၈ စီးထိေအာင္ ထုတ္လုပ္ အသုံးျပဳေနပါတယ္။

ေတာ္ပီ ဒို လက္နက္က်ည္၁၈ လုံး ပါတယ္၊ Stallion ဒုံးက်ည္ ၂လုံး၊ Samppson ဒုံးက်ည္ ၂ လုံး၊ ေရျမႇဳပ္ဗုံး ၆ လုံးနဲ႔ Starfish ေရ ငုပ္သေဘၤာဖ်က္ဒုံး ၂လုံး ပါရွိပါတယ္။

တိုက္ခိုက္ေရး ဦးစားေပး အသုံးျပဳဖို႔ ဖန္တီးထားတဲ့ ေရငုပ္သေဘၤာ ျဖစ္ပါတယ္။

(၉) Rubis Class (ျပင္သစ္)

လက္ရွိ အခ်ိန္ထိေအာင္ Rubis လို ေမာ္ဒယ္မ်ိဳး ၆ စီးပဲ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

ေရေအာက္မွာ 25 knot ႏႈန္း နဲ႔သြားႏိုင္ေပမယ့္ ေရေပၚမွာေတာ့ တျခားေရငုပ္သေဘၤာေတြကို မီေလာက္ေအာင္ မျမန္ပါဘူးလို႔ ဆိုပါတယ္။ ျပင္သစ္စစ္ တပ္ကေတာ့ အဆိုပါ ေရငုပ္သေဘၤာမွာ ႏ်ဴလက္နက္ တပ္ဆင္ထားၿပီး ပစ္ခတ္ဖို႔ သုံးမွာပါ။

ဒီေမာ္ဒယ္ဟာ လည္ပတ္သြား လာေနရင္း ခ်ိတ္ဆက္ ဆီျဖည့္ႏိုင္တဲ့ ေမာ္ဒယ္မ်ိဳး ျဖစ္ပါတယ္။

(၁၀) Los Angeles Class (အေမရိကန္)

အေမရိကန္ေရတပ္မွာ တိုက္ခိုက္ဖို႔ထက္ အျခားေရငုပ္သေဘၤာေတြကို ေျခရာခံဖို႔၊ အျခား ေထာက္လွမ္းေရးလုပ္ငန္းေတြ အ တြက္ အဓိက သုံးပါတယ္။

ေရေအာက္မွာ တနာရီကို 33 knot ႏႈန္းနဲ႔ သြားႏိုင္ၿပီး ေရျပင္ေပၚမွာေတာ့ 20 kont ႏႈန္းနဲ႔ပဲ သြား ႏိုင္ပါတယ္။

လက္ရွိကမၻာမွာ အဆိုပါ Los Angeles Class အစီးေရ ၆၂ စီး ရွိၿပီး အသုံးျပဳေနတဲ့ အစီးေရကေတာ့ ၄၄ စီး ထဲ ရွိတယ္လို႔ သိရပါတယ္။

By ခ်စ္ေဖ (ေတာင္တြင္းေျမ)
Via : The Irrawaddy


ကမ္ဘာ့အကောင်းဆုံး ရေငုပ်သင်္ဘောများ (unicode)

By ချစ်ဖေ (တောင်တွင်းမြေ)
Via : The Irrawaddy

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်နဲ့အတူ နိုင်ငံတနိုင်ငံရဲ့ရေတပ်အတွက် အရေးကြီးဆုံးက ရေပေါ် သင်္ဘောတွေထက် ရေငုပ်သင်္ဘောတွေက အရေးပါလာပါတယ်။

ဒါကလည်း စိတ်ထဲ တွေးကြည့်လိုက်ရုံနဲ့ ပုံမှန်သင်္ဘောတွေထက် ရေငုပ်သင်္ဘောတွေက အသာရနေတာ အမှန်ပါ။ ဒီတော့ ကျနော်က လက်ရှိနိုင်ငံတကာမှာ သုံးနေတဲ့ ရေငုပ်သင်္ဘောတွေထဲက အကောင်းဆုံးသင်္ဘောတွေအကြောင်းကို ပြောပြချင် ပါတယ်။

အရင်ဆုံး ရေငုပ်သင်္ဘောတွေရဲ့မြန်နှုန်းနဲ့ ပတ်သက်တဲ့ knot အကြောင်းကို ရှင်းပြချင်ပါတယ်။ တိုင်းတာရေး အသုံးပြုအ မှတ်အသားပါ။ မီတာ၊ မိုင်ကဲ့သို့ ဖြစ်ပါတယ်။ ရေမိုင်လို့ ဆိုရင်လည်း ရပါတယ်။

1 knot ဟာ တနာရီ ၁.၁၅၁ မိုင်နှုန်းနဲ့ ညီ ပါတယ်။ ISO စနစ်မှာတော့ knot ကို kn အဖြစ်ပဲ အတိုကောက် သုံးပါတယ်။ အ ခု 1 knot မှာ ဘယ်လောက် မြန်နှုန်းရှိတယ်ဆိုတာ သိပြီဆိုတော့ အောက်မှာ ဆက်ကြည့်လို့ အဆင်ပြေပါပြီ။

(၁) Virginia Class (အမေရိကန်)
နောက်ဆုံးပေါ် နည်းပညာတွေ သုံးနိုင်အောင် ဖန်တီးထားလို့ အခုလို ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်တာပါ။ လေ ဆာနည်းပညာနဲ့ တည်နေရာရှာဖွေစနစ်တွေ၊ အကွာအဝေးတိုင်းစနစ်ကို လျှပ်စစ်နည်းပညာနဲ့ တိုင်းတာပုံစံတွေ၊ ကြည်လင်မှု အကောင်းဆုံး ပတ်လည် ကင်မရာစနစ်တွေ၊ အာရုံခံစနစ်အစုံ ပါရှိတာ တွေ့ရပါတယ်။ ၇ စီးပဲ ထုတ်လုပ် အသုံးပြုနေတာ ဖြစ် ပြီး 25 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Mk48 တော်ပီဒို ၄ လုံး၊ Tomahawak ဒုံးလက်နက် ၁၀၉ လုံး ပါရှိ တပ်ဆင်ထားပါ တယ်။

(၂) Akula II Class (ရုရှ)
အစီးရေ ၉ စီး ဖန်တီးထုတ်လုပ်ထားတာဖြစ်ပေမယ့် အခုတော့ ၆ စီးက အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။ ရေ အောက်မှာ 33 knot နဲ့ သွားပြီး ရေပေါ်မှာတော့ 12 knotပဲ သွားနိုင်ပါတယ်။

အမေရိကန် ရေငုပ်သင်္ဘောတွေရဲ့ ရေအောက်မှာ ဆူညံသံထွက်တတ်ခြင်း အားနည်းချက်ကို အကောင်းဆုံး ပြင်ဆင်ထုတ် လုပ်ထားတဲ့ မော်ဒယ်လို့ သိရပါတယ်။ တော်ပီဒို ၄လုံး ထည့်ထားပြီး အခြား ဒုံးကျည် ၄၀ လောက် ပါရှိပါတယ်။ ရေမြှုပ်ဗုံး ၄၂ လုံး ချနိုင်တယ်လို့လည်း သိရပါတယ်။

(၃) Seawolf Class (အမေရိကန်)
Los Angeles မော်ဒယ်တွေနဲ့ ဆင်တူပြီး နောက်ဆုံးထုတ်လုပ်ထားတဲ့ မော်ဒယ်ပါ။ ၃ စီးပဲ ဖန်တီး အသုံးပြုနေတာပါ။ ရေ အောက်မှာ 35 knot နှုန်းနဲ့ သွားနိုင်ပြီး ရေပေါ်မှာတော့ 18 knot နှုန်းပဲ သွားပါတယ်။ တော်ပီဒို ၈လုံး တပ်ဆင်ထားပြီး အခြား ဒုံးကျည် ၅၀ လောက်ထိအောင် ထည့်သွင်း ဖန်တီးထားတယ်လို့ သိရပါတယ်။

(၄) Astute Class (အင်္ဂလန်)
အင်္ဂလန်ပိုင် ရေငုပ်သင်္ဘောတွေထဲမှာ အကြီးဆုံးနဲ နျူလက်နက် တပ်ဆင်ထားတဲ့မော်ဒယ်ပါ။ သိရသလောက် အစီးရေ ၅ စီး ဖန်တီးထုတ်လုပ်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိမှာတော့ ၁စီးပဲ သုံးနေတာ တွေ့ရပါတယ်။ 29 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Harpoon အမည်ရှိ သင်္ဘောဖျက်ဒုံးကျည်တွေလည်း ပါရှိသလို တော်ပီဒို ၃၈ လုံး ထည့်ထားတာ တွေ့ရပြီး Tomahawk တာ ဝေးပစ်ဒုံးတွေလည်း ပါပါတယ်။

(၅) Type 093 Shang Class (တရုတ်)
ကနဦး Type 093 မော်ဒယ် ၅စီးကို အောင်မြင်အောင် ဖန်တီးနိုင်ခဲ့ပြီး စုစုပေါင်း အစီးရေ ၈ စီးထိအောင် ဖန်တီးခဲ့တာ သိရ ပေမယ့် အခုတော့ ၃စီးပဲ သုံးနေတာ တွေ့ရပါတယ်။ ရက်ပေါင်း ၈၀ လောက် ရေငုပ်နိုင်တယ်လို့ သိရပြီး ရေအောက်မှာ 35 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ တော်ပီဒို ၆လုံး တပ်ဆင်ထားတာ တွေ့ရပြီး YJ-82 အမည်ရှိ သင်္ဘောဖျက်ဒုံးတွေလည်း ပါရှိ ပါတယ်။

(၆) Trafalgar Class (အင်္ဂလန်)
ဖန်တီးထုတ်လုပ်ထားမှု စုစုပေါင်း ၇စီး ရှိပေမယ့် လက်ရှိမှာတော့ ၆စီးကိုပဲ သုံးနေတာ တွေ့ရပါတယ်။ ရေထဲမှာ ရက်ပေါင်း ၉၀ လောက်ထိအောင် ငုပ်နေနိုင်တယ်လို့ သိရသလို ရေပေါ်မှာတင် 30 knot နှုန်းနဲ့ သွားနိုင်ပါတယ်။ Harpoon ရေပေါ်ပစ် ဒုံးကျည်တွေ၊ တော်ပီဒို ၅လုံး၊ Sonar 2076 အမည်ရှိ ဒုံးတွေ အပါအဝင် Tomahawk ဒုံးကျည်တွေ၊ Spearfish တော်ပီဒို တွေ တပ်ဆင်ပါရှိတာ တွေ့ရပါတယ်။

(၇) Sierra Class (ရုရှ)
တည်ဆောက်ထုတ်လုပ်ချိန်မှာ ၄စီး ဖန်တီးခဲ့ပေမယ့် လက်ရှိမှာတော့ ၂ စီး ကိုပဲ သုံးနေတယ်လို့ သိရပါတယ်။ ရေပေါ်မှာ 10 knot နှုန်းနဲ့ သွားနိုင်ပြီး ရေအောက်မှာတော့ 32 knot နှုန်းနဲ့ သွားပါတယ်။ Samson ဒုံးကျည်တွေ တပ်ဆင်ထားတယ်၊ တော်ပီဒို ၄ လုံးပါတယ်၊ Stallion ရေငုပ်သင်္ဘောဖျက် ဒုံးကျည်နဲ့ Starfish ဗုံးတွေ ပါတယ်လို့ သိရပါတယ်။

(၈) Victor III Class (ရုရှ)
ရုရှစစ်တပ်က သူ့ရဲ့စစ်စွမ်းအားကို တိုးမြှင့်ဖို့ အခုလိုမော်ဒယ်မျိုး ၄၈ စီးထိအောင် ထုတ်လုပ် အသုံးပြုနေပါတယ်။ တော်ပီ ဒို လက်နက်ကျည်၁၈ လုံး ပါတယ်၊ Stallion ဒုံးကျည် ၂လုံး၊ Samppson ဒုံးကျည် ၂ လုံး၊ ရေမြှုပ်ဗုံး ၆ လုံးနဲ့ Starfish ရေ ငုပ်သင်္ဘောဖျက်ဒုံး ၂လုံး ပါရှိပါတယ်။ တိုက်ခိုက်ရေး ဦးစားပေး အသုံးပြုဖို့ ဖန်တီးထားတဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

(၉) Rubis Class (ပြင်သစ်)
လက်ရှိ အချိန်ထိအောင် Rubis လို မော်ဒယ်မျိုး ၆ စီးပဲ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ရေအောက်မှာ 25 knot နှုန်း နဲ့သွားနိုင်ပေမယ့် ရေပေါ်မှာတော့ တခြားရေငုပ်သင်္ဘောတွေကို မီလောက်အောင် မမြန်ပါဘူးလို့ ဆိုပါတယ်။ ပြင်သစ်စစ် တပ်ကတော့ အဆိုပါ ရေငုပ်သင်္ဘောမှာ နျူလက်နက် တပ်ဆင်ထားပြီး ပစ်ခတ်ဖို့ သုံးမှာပါ။ ဒီမော်ဒယ်ဟာ လည်ပတ်သွား လာနေရင်း ချိတ်ဆက် ဆီဖြည့်နိုင်တဲ့ မော်ဒယ်မျိုး ဖြစ်ပါတယ်။

(၁၀) Los Angeles Class (အမေရိကန်)
အမေရိကန်ရေတပ်မှာ တိုက်ခိုက်ဖို့ထက် အခြားရေငုပ်သင်္ဘောတွေကို ခြေရာခံဖို့၊ အခြား ထောက်လှမ်းရေးလုပ်ငန်းတွေ အ တွက် အဓိက သုံးပါတယ်။ ရေအောက်မှာ တနာရီကို 33 knot နှုန်းနဲ့ သွားနိုင်ပြီး ရေပြင်ပေါ်မှာတော့ 20 kont နှုန်းနဲ့ပဲ သွား နိုင်ပါတယ်။

လက်ရှိကမ္ဘာမှာ အဆိုပါ Los Angeles Class အစီးရေ ၆၂ စီး ရှိပြီး အသုံးပြုနေတဲ့ အစီးရေကတော့ ၄၄ စီး ထဲ ရှိတယ်လို့ သိရပါတယ်။

Leave a Reply