ပန္းခ်ီကားမ်ားက ေျပာျပေသာ အင္ပါယာမ်ားရဲ႕ သံသရာ

Posted on

ေရးသားသူ – ျမေလးသွ်င္

တန္ဖိုးမျဖတ္ႏိုင္ေသာ ပန္းခ်ီကားေတြသည္ ဖန္တီးထားေသာအႏုပညာရွင္၏ အရည္အခ်င္းကို ျမင္ရႏိုင္သလို သမိုင္းေခတ္စနစ္ႏွင့္ သံသရာကိုပါ မီးေမာင္းထိုးျပေနပါသည္။ ပန္းခ်ီကားမ်ားတြင္ သမိုင္းရိွပါသည္။ ထိုသမိုင္းကို ေဖာ္ထုတ္ရန္ သမိုင္းသုေတသီမ်ား၏ အလုပ္ျဖစ္သြားေၾကာင္း စာအုပ္တစ္အုပ္ထဲတြင္ ဖတ္လိုက္ရပါသည္။

ဆရာ ေက်ာ္၀င္းထုတ္ေ၀သည့္ “The Waves magazine” ၏ September 2010 စာအုပ္တြင္“ပန္းခ်ီကားမ်ားက ေျပာျပေသာ အင္ပါယာမ်ား၏ ေန၀င္ခ်ိန္ႏွင့္ ေနထြက္ခ်ိန္” စာအုပ္ေခါင္းစဥ္ျဖင့္ ဖတ္လိုက္ရျခင္း ျဖစ္ပါသည္။ ထိုေခါင္းစဥ္ျဖင့္ စာအုပ္အဖံုးတြင္ ျမင္လိုက္ရကတည္းက စာအုပ္ကိုအေတာ္ေလး သေဘာက်မိပါသည္။ စာအုပ္ထဲတြင္ ပန္းခ်ီပံုမ်ားပါေသာ္လည္း အျဖဴအမဲအေရာင္ျဖစ္ေသာေၾကာင့္ အင္တာနက္တြင္ ပန္းခ်ီပံုမ်ားရွာေဖြရာမွ ျပန္လည္ မွ်ေ၀လိုက္ပါသည္။

မူရင္းေဆာင္းပါးကိုေရးသားသူမွာ ဟားဗတ္ တကၠသိုလ္မွ သမိုင္းပါေမာကၡႏွင့္ စတင္းဖို ့(ဒ) တကၠသိုလ္၊ Hoover Institution ၏ အဆင့္ျမင့္အဖဲြ ့၀င္ နီး(လ)ဖာကူဆန္ (Niall Ferguson) ၏ သေဘာထားအျမင္ ျဖစ္ပါသည္။

“The Waves magazine”တြင္ ဘာသာျပန္သူမွာ ၀င္းေနာင္ ျဖစ္ပါသည္။ ၀င္းေနာင္သည္ ဆရာေက်ာ္၀င္း၏ ကေလာင္ခဲြတစ္ခုျဖစ္ပါသည္။

မဟာ အင္အားႀကီးႏိုင္ငံမ်ား၏ ဘ၀စက္၀န္းကို ပံုေဆာင္ျပရာတြင္ အင္ပါယာျဖစ္စဥ္ (The Course of Empire) ပန္းခ်ီကားတဲြမ်ားထက္ ပို၍ေကာင္းမြန္ ပီျပင္သည္မ်ိဳးမရိွဟ ဆိုႏိုင္ပါလိမ့္မည္။ ပန္းခ်ီကား ငါးခ်ပ္ပါေသာ အဆိုပါ ပန္းခ်ီတဲြႀကီးကို နယူးေယာ့ သမိုင္းအစည္းအရံုးတြင္ ခ်ိတ္ဆဲြထားပါသည္။ လက္ရာရွင္မွာ ၁၉ ရာစု ပန္းခ်ီေက်ာ္ ေတာမတ္ကိုး(လ) ျဖစ္သည္။ ကိုး(လ)မွာ ဟတ္ဆင္နဒီဂိုဏ္း (Hudson River School) ကို စတင္ထူေထာင္သူတစ္ဦးျဖစ္ၿပီး၊ ၁၉ ရာစု အေမရိကန္ရႈခင္း ပန္းခ်ီကို စြန္ ့ဦး တီထြင္ခဲ့သူတစ္ဦးလည္း ျဖစ္သည္။ ပန္းခ်ီကားထဲက သမိုင္း ဟူ၍ ဆရာေက်ာ္၀င္းက စဆိုထားပါသည္။

ပန္းခ်ီကားငါးခ်ပ္လံုး၏ ေနာက္ခံရႈခင္းမွာ ေကာင္းကင္ယံကို ထိုးထြက္လွ်က္ရိွေသာ ေက်ာက္ျဖာစြန္းႀကီးတစ္ခုေအာက္ရိွ၊ မဟာျမစ္ႀကီးတစ္စင္း၏ ျမစ္၀တစ္ခုျဖစ္သည္။

The Savage Stage

ပထမ ပန္းခ်ီကားကို “အရိုင္းေခတ္” (The Savage Stage) ဟု အမည္ေပးထားသည္။ စိမ္းလန္းစုိျပည္ေသာ ကႏၲာရတစ္ခု၏ ျမင္ကြင္း ျဖစ္ပါသည္။ ဤေျမေပၚတြင္ မွီတင္းေနထိုင္ၾကေသာ သဘာ၀၏ ေပးစာကမ္းစာကို ရွာေဖြစားေသာက္ရင္း၊ အသက္ဆက္ရပ္တည္ၾကရသည့္ အမဲလိုက္မုဆိိုးတစ္စု၏ သမိုင္းဦးအေျခအေနကို သရုပ္ေဖာ္ထားသည္။ မုန္တိုင္းထန္ေသာ အရုဏ္ဦးတစ္ခုမွ သူတို ့တစ္ေတြ၏ ရုန္းကန္လွဳပ္ရွားမႈ သရုပ္သကန္ ျဖစ္ပါသည္။ အင္ပါယာအႀကိဳကာလ၏ ရႈျမင္ကြင္း ဟု ဆိုႏိုင္ပါလိမ့္မည္။

The Arcadian or Pastoral State

ဒုတိယပန္းခ်ီကား၏ အမည္မွာ “The Arcadian or Pastoral State” ျဖစ္ရာ “ေက်းလက္ဘ၀ရႈခင္း” ဟု အႏွစ္ခ်ဳပ္ ဘာသာျပန္ႏိုင္ပါလိမ့္မည္။ ဤျမင္ကြင္းတြင္မူ အေျခခ်ေနထိုင္ၾကသူမ်ားမွာ ေတာခုတ္ၿပီး ၊ ေတာင္ယာစိုက္သူက စိုက္ေနၾကသည္။ ႀကီးမားခန္ ့ထည္သည္ႏွင့္အမွ် ေၾကာ့ရွင္းလွပေသာ၊ ေခါမနတ္ဘုရားေက်ာင္းႀကီးမ်ားကို တည္ေဆာက္ေနၾကသည္ကိုလည္း ေတြ ့ရသည္။ “အင္ပါယာေနထြက္ခ်ိန္” ကုိ သရုပ္ထင္ထားေသာ ပန္းခ်ီကားျဖစ္ပါသည္။

The Consummation of Empire

တတိယပန္းခ်ီကားကိုမူ “အင္ပါယာ ထေျမာက္ေအာင္ျမင္ၿပီးျပည့္စံုျခင္း” (The Consummation of Empire) ဟု အမည္ေပးထားသည္။ ျမင္ကြင္းတစ္ခုလံုး ႀကီးက်ယ္ခမ္းနားသည့္ စက်င္ေက်ာက္ အေဆာက္အအံုႀကီးမ်ားျဖင့္ လႊမ္းၿခံဳလွ်က္ ရိွသည္ကိုေတြ ့ရသည္။ ယခင္ဇာတ္ကြက္ေဟာင္းမွ “တင္းတိမ္ေရာင့္ရဲမွဳ” ကိုသာေဟာေသာ လယ္သမား ဒႆန ဆရာမ်ားေနရာတြင္ ဇာတ္ကြတ္သစ္မွ ဇာတ္လိုက္သစ္မ်ား အစားထုိးေနရာယူလာသည္ကိုလည္း ေတြ ့ရသည္။

၀တ္ေကာင္းစားလွႏွင့္ ကုန္သည္အုပ္စုမ်ား၊ ၿမိဳ ့ႀကီးသား စားသံုးသူသစ္မ်ားႏွင့္ ေခတ္သစ္၏ အာဏာပိုင္သစ္မ်ား ျဖစ္ပါသည္။ ဤတတိယ ပန္းခ်ီကားမွာ အားလံုးထဲတြင္ အႀကီးဆံုးလည္းျဖစ္ေလရာ၊ ဘ၀စက္၀န္းတစ္ခုလံုး၏ ဇာတ္ထြတ္ပိုင္းကို တင္စားေဖာ္က်ဴးလိုဟန္ ရိွပါသည္။ “အင္ပါယာ မြန္းတည့္ခ်ိန္” ဟု ဆိုႏိုင္ပါလိမ့္မည္။

Destruction

ၿပိဳလဲပ်က္စီးျခင္း (Destruction) အမည္ေပးထားေသာ စတုတၳပန္းခ်ီကား။

ၿမိဳ ့ေတာ္ႀကီး တစ္ခုလံုး မီးဟုန္းဟုန္းေတာက္ေနသည့္ ျမင္ကြင္းျဖစ္သည္။ ၿပိဳေတာ့မေယာင္ မွဳန္မိွဳင္းအံု႕ ဆိုင္းလ်က္ရိွေသာ ဆည္းဆာေအာက္တြင္ လုယက္ သတ္ျဖတ္ ႏွိပ္စက္ကလူျပဳေနၾကေသာ က်ဴးေက်ာ္သူမ်ား၊ သူတို႕အႏၲရယ္မွ ထိတ္လန္ ့တၾကား ထြက္ေျပးေနၾကေသာ ၿမိဳ ့ျပႏိုင္ငံသားမ်ား..။
“အင္ပါယာ ေန၀င္ခ်ိန္” ကို လွစ္ျပလိုက္ေသာ ပန္းခ်ီကားဟု နားလည္ရပါသည္။

Desolation

ပဥၥမေျမာက္ႏွင့္ေနာက္ဆံုး ပန္းခ်ီကား.. အနိ႒ာရံုျမင္ကြင္း” (Desolation) ျဖစ္ေတာ့သည္။ သက္ရိွအရာဆို၍ ဘာတစ္ခုမွ မျမင္ရေလေတာ့ပါ။ ၿပိဳက်ပ်က္စီးေနေသာ တိုင္လံုးႀကီးမ်ားႏွင့္ ေတာထေနေသာ ႏွင္းဆီရိုင္းမ်ား၊ အိုင္ဗီြးႏြယ္ပင္မ်ားကိုသာ ေတြ ့ရေတာ့သည္။ ယခင္ၾကက္ပ်ံမက် စည္ကားခဲ့ေသာ ၿမိဳ ့ျပႏိုင္ငံႀကီးကား မရိွေတာ့။ ဖုန္ဆိုးေျမအတိသာ က်န္ရစ္ေတာ့သည္။ “အင္ပါယာအလြန္” ရႈခင္း လည္း ျဖစ္ပါသည္။

၁၈၃၀ ျပည့္လြန္ႏွစ္မ်ား၏ အလယ္ေလာက္တြင္ စတင္စိတ္ကူးသေႏၶတည္ခဲ့ေသာ ကိုး(လ)၏ ဆိုခဲ့ပါ “ငါးေစာင္တဲြ ပန္းခ်ီကားခ်ပ္” ႀကီးတြင္ အလြန္ရွင္းလင္းပီျပင္ေသာ အမွာစကားတစ္ရပ္ ရိွသည္ဟု ထင္ပါသည္။ ” မည္မွ်ပင္ ႀကီးက်ယ္ ခမ္းနားသည္ျဖစ္ေစ၊ အင္ပါယာအားလံုးတြင္ ေလွ်ာက်ေနာက္ဆံုး ပ်က္သုဥ္းျခင္းျဖင့္သာ နိဂံုးခ်ဳပ္ရမည္ဆိုေသာ စီရင္ခ်က္ ခ်မွတ္ၿပီးသား ျဖစ္သည္။” ဆိုသည့္ သမိုင္းအမွာစကားျဖစ္ပါသည္။

ရာစုႏွစ္မ်ားႏွင့္ခ်ီ၍ပင္ သမိုင္းပညာရွင္မ်ား၊ ႏိုင္ငံေရး သေဘာတရားေရးပညာရွင္မ်ား၊ မႏုႆပညာရွင္မ်ားႏွင့္ လူထု၏အစိတ္အပိုင္းအမ်ားစုအေနႏွင့္ အင္ပါယာမ်ားႏွင့္ ပက္သက္လွ်င္ ဆိုခဲ့ပါ သံသရာစက္၀န္းပံုစံအတိုင္းသာ စဥ္းစားေလ့ရိွခဲ့ၾကသည္။

ဂ်ာမန္သမိုင္းဆရာ ေအာ့(စ)၀ဲ(လ္ဒ္) စပင္ဂလာကလည္း အေနာက္၏ က်ဆံုးခန္း က်မ္းတြင္ “သမိုင္းမွာ ရာသီစက္၀န္းလိုပင္ျဖစ္သည္” သည္ ဟုေရးခဲ့သည္။ သူ၏အလိုအရ ၁၉ ရာစုမွာ အေနာက္၏ ေဟမႏၲရာသီ ဟု ဆိုသည္။ ရုပ္၀ါဒႏွင့္ သံသယ၀ါဒ တို ့၏ေအာင္ပဲြ၊ ဆိုရွယ္လစ္၀ါဒ၊ ပါလီမန္စနစ္ႏွင့္ ေငြေၾကးတို ့၏ေအာင္ပဲြ ဟု ဆိုပါသည္။ သို ့ေသာ္ ဤေအာင္ပဲြမ်ားမွာ တာ၀ရမဟုတ္၊ ရာသီစက္၀န္းလို အနိစၥသေဘာသာ ျဖစ္သည္ဟု မွတ္ခ်က္ျပဳခဲ့သည္။ ၿဗိတိသွ်သမိုင္းပညာရွင္ အာႏိုးတိြဳင္ဘီ၏ ” ယဥ္ေက်းမွဳမ်ား၏ ေလာကလံုးဆိုင္ရာသီအိုရီ” တြင္လည္း၊ စိန္ေခၚမွဳ၊ တုံ ့ျပန္မွဳ ၊ မိမိကိုယ္ကို အဆံုးစီရင္မွဳ ဆိုေသာ သံသရာစက္၀န္းတစ္ခုကို အဆိုျပဳတင္ျပထားသည္။ ဆိုခဲ့ၿပီးေသာ သမိုင္းအျမင္အားလံုးမွာ တစ္ခုႏွင့္တစ္ခု ထပ္တူမက်ေသာ္လည္း၊ ၎တို ့အားလံုး တူညီစြာ လက္ခံထားၾကသည္မွာ “သမိုင္းတြင္ ‘ရစ္သမ္’ ရိွသည္” ဆိုေသာ အယူအဆပင္ ျဖစ္ပါသည္။

အင္ပါယာေတြသည္ သမိုင္းတပါတ္လည္တက္သည္ဟုလည္းၾကားဖူးပါသည္။ ဆရာေနဇင္လတ္စာအုပ္ထဲတြင္ Hyper Power, Great Power, Super Power…အစရိွသျဖင့္ ကမာၻ ့ႏိုင္ငံမ်ား ၏ Power အေၾကာင္း ရွင္းျပရာ၌ “Hyper Power ကို မဟာအင္အားလြန္ႏိုင္ငံဟု သတ္မွတ္သည္။ စစ္ေအးေခတ္အၿပီး အေမရိကန္တစ္ႏိုင္ငံတည္းသာ ဤအဆင့္တြင္ရိွသည္။ ယခင္ သမိုင္းတြင္ ဂရိအင္ပါယာ၊ တရုတ္အင္ပါယာ၊ ပါရွင္းအင္ပါယာ၊ ေရာမအင္ပါယာႏွင့္ ၿဗိတိသွ် အင္ပါယာတို ့ရိွခဲ့ဖူးသည္” ဟုမွတ္သားရပါသည္။

ထိုသို ့ေသာ သမိုင္းသံသရာလည္ပံုကို ပန္းခ်ီကားမ်ားျဖင့္ အနက္အဓိပၸာယ္ ေဖာ္ျပသည္မွာ အလြန္လွပ ၍ အေၾကာင္းအရာကိုပါ စိတ္ထဲစဲြေနေစပါသည္။ Product Life Cycle ပံုစံျဖင့္ ဇယားတြင္ ပန္းခ်ီကားမ်ား ထည့္ၾကည့္ေသာအခါ ပိုၿပီး အသက္၀င္လာပါသည္။

လူဘ၀အျဖစ္ကို ၾကည့္မည္ဆိုပါကလည္း ေမြးဖြားျခင္း၊ ဖြံ ၿဖိဳးႀကီးထြားျခင္း၊ ရင့္က်က္ေသာအခ်ိန္ေရာက္ေသာအခါ၌ အထြဋ္အထိပ္သို ့ေရာက္ျခင္း၊ ထို ့ေနာက္ အိုျခင္းနာျခင္း၊ ေသျခင္း အစရိွေသာ လူ ့ဘ၀သံသရာကို ေတြ ့ျမင္ႏိုင္သကဲ့သုိ ့ဘ၀သံသရာစက္၀န္းႀကီးကို ဘက္စံုေထာင့္စံုက ျမင္ႏိုင္ရန္ သမိုင္းပညာရွင္မ်ားႏွင့္အႏုပညာရွင္မ်ားက ေဖာ္ညႊန္းျပသေသာ ပန္းခ်ီကားႏွင့္ေဆာင္းပါးမ်ားကို ကိုယ္တိုင္ႏွစ္သက္၍ စုစည္းတင္ျပလိုက္ရပါသည္။

ေယာနိေသာမနာသီကာရျဖင့္
ေလးစားလွ်က္
ျမေလးသွ်င္


ပန်းချီကားများက ပြောပြသော သံသရာ (unicode)

ရေးသားသူ – မြလေးသျှင်

တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားတွေသည် ဖန်တီးထားသောအနုပညာရှင်၏ အရည်အချင်းကို မြင်ရနိုင်သလို သမိုင်းခေတ်စနစ်နှင့် သံသရာကိုပါ မီးမောင်းထိုးပြနေပါသည်။ ပန်းချီကားများတွင် သမိုင်းရှိပါသည်။ ထိုသမိုင်းကို ဖော်ထုတ်ရန် သမိုင်းသုတေသီများ၏ အလုပ်ဖြစ်သွားကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်လိုက်ရပါသည်။

ဆရာ ကျော်ဝင်းထုတ်ဝေသည့် “The Waves magazine” ၏ September 2010 စာအုပ်တွင်“ပန်းချီကားများက ပြောပြသော အင်ပါယာများ၏ နေဝင်ချိန်နှင့် နေထွက်ချိန်” စာအုပ်ခေါင်းစဉ်ဖြင့် ဖတ်လိုက်ရခြင်း ဖြစ်ပါသည်။ ထိုခေါင်းစဉ်ဖြင့် စာအုပ်အဖုံးတွင် မြင်လိုက်ရကတည်းက စာအုပ်ကိုအတော်လေး သဘောကျမိပါသည်။ စာအုပ်ထဲတွင် ပန်းချီပုံများပါသော်လည်း အဖြူအမဲအရောင်ဖြစ်သောကြောင့် အင်တာနက်တွင် ပန်းချီပုံများရှာဖွေရာမှ ပြန်လည် မျှဝေလိုက်ပါသည်။

မူရင်းဆောင်းပါးကိုရေးသားသူမှာ ဟားဗတ် တက္ကသိုလ်မှ သမိုင်းပါမောက္ခနှင့် စတင်းဖို့(ဒ) တက္ကသိုလ်၊ Hoover Institution ၏ အဆင့်မြင့်အဖွဲ့ဝင် နီး(လ)ဖာကူဆန် (Niall Ferguson) ၏ သဘောထားအမြင် ဖြစ်ပါသည်။

“The Waves magazine”တွင် ဘာသာပြန်သူမှာ ဝင်းနောင် ဖြစ်ပါသည်။ ဝင်းနောင်သည် ဆရာကျော်ဝင်း၏ ကလောင်ခွဲတစ်ခုဖြစ်ပါသည်။

မဟာ အင်အားကြီးနိုင်ငံများ၏ ဘဝစက်ဝန်းကို ပုံဆောင်ပြရာတွင် အင်ပါယာဖြစ်စဉ် (The Course of Empire) ပန်းချီကားတွဲများထက် ပို၍ကောင်းမွန် ပီပြင်သည်မျိုးမရှိဟ ဆိုနိုင်ပါလိမ့်မည်။ ပန်းချီကား ငါးချပ်ပါသော အဆိုပါ ပန်းချီတွဲကြီးကို နယူးယော့ သမိုင်းအစည်းအရုံးတွင် ချိတ်ဆွဲထားပါသည်။ လက်ရာရှင်မှာ ၁၉ ရာစု ပန်းချီကျော် တောမတ်ကိုး(လ) ဖြစ်သည်။ ကိုး(လ)မှာ ဟတ်ဆင်နဒီဂိုဏ်း (Hudson River School) ကို စတင်ထူထောင်သူတစ်ဦးဖြစ်ပြီး၊ ၁၉ ရာစု အမေရိကန်ရှုခင်း ပန်းချီကို စွန့်ဦး တီထွင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ပန်းချီကားထဲက သမိုင်း ဟူ၍ ဆရာကျော်ဝင်းက စဆိုထားပါသည်။

ပန်းချီကားငါးချပ်လုံး၏ နောက်ခံရှုခင်းမှာ ကောင်းကင်ယံကို ထိုးထွက်လျှက်ရှိသော ကျောက်ဖြာစွန်းကြီးတစ်ခုအောက်ရှိ၊ မဟာမြစ်ကြီးတစ်စင်း၏ မြစ်ဝတစ်ခုဖြစ်သည်။

ပထမ ပန်းချီကားကို “အရိုင်းခေတ်” (The Savage Stage) ဟု အမည်ပေးထားသည်။ စိမ်းလန်းစိုပြည်သော ကန္တာရတစ်ခု၏ မြင်ကွင်း ဖြစ်ပါသည်။ ဤမြေပေါ်တွင် မှီတင်းနေထိုင်ကြသော သဘာ၀၏ ပေးစာကမ်းစာကို ရှာဖွေစားသောက်ရင်း၊ အသက်ဆက်ရပ်တည်ကြရသည့် အမဲလိုက်မုဆိုးတစ်စု၏ သမိုင်းဦးအခြေအနေကို သရုပ်ဖော်ထားသည်။ မုန်တိုင်းထန်သော အရုဏ်ဦးတစ်ခုမှ သူတို့တစ်တွေ၏ ရုန်းကန်လှုပ်ရှားမှု သရုပ်သကန် ဖြစ်ပါသည်။ အင်ပါယာအကြိုကာလ၏ ရှုမြင်ကွင်း ဟု ဆိုနိုင်ပါလိမ့်မည်။

ဒုတိယပန်းချီကား၏ အမည်မှာ “The Arcadian or Pastoral State” ဖြစ်ရာ “ကျေးလက်ဘဝရှုခင်း” ဟု အနှစ်ချုပ် ဘာသာပြန်နိုင်ပါလိမ့်မည်။ ဤမြင်ကွင်းတွင်မူ အခြေချနေထိုင်ကြသူများမှာ တောခုတ်ပြီး ၊ တောင်ယာစိုက်သူက စိုက်နေကြသည်။ ကြီးမားခန့်ထည်သည်နှင့်အမျှ ကြော့ရှင်းလှပသော၊ ခေါမနတ်ဘုရားကျောင်းကြီးများကို တည်ဆောက်နေကြသည်ကိုလည်း တွေ့ရသည်။ “အင်ပါယာနေထွက်ချိန်” ကို သရုပ်ထင်ထားသော ပန်းချီကားဖြစ်ပါသည်။

တတိယပန်းချီကားကိုမူ “အင်ပါယာ ထမြောက်အောင်မြင်ပြီးပြည့်စုံခြင်း” (The Consummation of Empire) ဟု အမည်ပေးထားသည်။ မြင်ကွင်းတစ်ခုလုံး ကြီးကျယ်ခမ်းနားသည့် စကျင်ကျောက် အဆောက်အအုံကြီးများဖြင့် လွှမ်းခြုံလျှက် ရှိသည်ကိုတွေ့ရသည်။ ယခင်ဇာတ်ကွက်ဟောင်းမှ “တင်းတိမ်ရောင့်ရဲမှု” ကိုသာဟောသော လယ်သမား ဒဿန ဆရာများနေရာတွင် ဇာတ်ကွတ်သစ်မှ ဇာတ်လိုက်သစ်များ အစားထိုးနေရာယူလာသည်ကိုလည်း တွေ့ရသည်။ ဝတ်ကောင်းစားလှနှင့် ကုန်သည်အုပ်စုများ၊ မြို့ကြီးသား စားသုံးသူသစ်များနှင့် ခေတ်သစ်၏ အာဏာပိုင်သစ်များ ဖြစ်ပါသည်။ ဤတတိယ ပန်းချီကားမှာ အားလုံးထဲတွင် အကြီးဆုံးလည်းဖြစ်လေရာ၊ ဘဝစက်ဝန်းတစ်ခုလုံး၏ ဇာတ်ထွတ်ပိုင်းကို တင်စားဖော်ကျူးလိုဟန် ရှိပါသည်။ “အင်ပါယာ မွန်းတည့်ချိန်” ဟု ဆိုနိုင်ပါလိမ့်မည်။

ပြိုလဲပျက်စီးခြင်း (Destruction) အမည်ပေးထားသော စတုတ္ထပန်းချီကား။

မြို့တော်ကြီး တစ်ခုလုံး မီးဟုန်းဟုန်းတောက်နေသည့် မြင်ကွင်းဖြစ်သည်။ ပြိုတော့မယောင် မှုန်မှိုင်းအုံ့ ဆိုင်းလျက်ရှိသော ဆည်းဆာအောက်တွင် လုယက် သတ်ဖြတ် နှိပ်စက်ကလူပြုနေကြသော ကျူးကျော်သူများ၊ သူတို့အန္တရယ်မှ ထိတ်လန့်တကြား ထွက်ပြေးနေကြသော မြို့ပြနိုင်ငံသားများ..။
“အင်ပါယာ နေဝင်ချိန်” ကို လှစ်ပြလိုက်သော ပန်းချီကားဟု နားလည်ရပါသည်။

ပဥ္စမမြောက်နှင့်နောက်ဆုံး ပန်းချီကား.. အနိဋ္ဌာရုံမြင်ကွင်း” (Desolation) ဖြစ်တော့သည်။ သက်ရှိအရာဆို၍ ဘာတစ်ခုမှ မမြင်ရလေတော့ပါ။ ပြိုကျပျက်စီးနေသော တိုင်လုံးကြီးများနှင့် တောထနေသော နှင်းဆီရိုင်းများ၊ အိုင်ဗွီးနွယ်ပင်များကိုသာ တွေ့ရတော့သည်။ ယခင်ကြက်ပျံမကျ စည်ကားခဲ့သော မြို့ပြနိုင်ငံကြီးကား မရှိတော့။ ဖုန်ဆိုးမြေအတိသာ ကျန်ရစ်တော့သည်။ “အင်ပါယာအလွန်” ရှုခင်း လည်း ဖြစ်ပါသည်။

၁၈၃၀ ပြည့်လွန်နှစ်များ၏ အလယ်လောက်တွင် စတင်စိတ်ကူးသန္ဓေတည်ခဲ့သော ကိုး(လ)၏ ဆိုခဲ့ပါ “ငါးစောင်တွဲ ပန်းချီကားချပ်” ကြီးတွင် အလွန်ရှင်းလင်းပီပြင်သော အမှာစကားတစ်ရပ် ရှိသည်ဟု ထင်ပါသည်။ ” မည်မျှပင် ကြီးကျယ် ခမ်းနားသည်ဖြစ်စေ၊ အင်ပါယာအားလုံးတွင် လျှောကျနောက်ဆုံး ပျက်သုဉ်းခြင်းဖြင့်သာ နိဂုံးချုပ်ရမည်ဆိုသော စီရင်ချက် ချမှတ်ပြီးသား ဖြစ်သည်။” ဆိုသည့် သမိုင်းအမှာစကားဖြစ်ပါသည်။

ရာစုနှစ်များနှင့်ချီ၍ပင် သမိုင်းပညာရှင်များ၊ နိုင်ငံရေး သဘောတရားရေးပညာရှင်များ၊ မနုဿပညာရှင်များနှင့် လူထု၏အစိတ်အပိုင်းအများစုအနေနှင့် အင်ပါယာများနှင့် ပက်သက်လျှင် ဆိုခဲ့ပါ သံသရာစက်ဝန်းပုံစံအတိုင်းသာ စဉ်းစားလေ့ရှိခဲ့ကြသည်။

ဂျာမန်သမိုင်းဆရာ အော့(စ)ဝဲ(လ်ဒ်) စပင်ဂလာကလည်း အနောက်၏ ကျဆုံးခန်း ကျမ်းတွင် “သမိုင်းမှာ ရာသီစက်ဝန်းလိုပင်ဖြစ်သည်” သည် ဟုရေးခဲ့သည်။ သူ၏အလိုအရ ၁၉ ရာစုမှာ အနောက်၏ ဟေမန္တရာသီ ဟု ဆိုသည်။ ရုပ်ဝါဒနှင့် သံသယဝါဒ တို့၏အောင်ပွဲ၊ ဆိုရှယ်လစ်ဝါဒ၊ ပါလီမန်စနစ်နှင့် ငွေကြေးတို့၏အောင်ပွဲ ဟု ဆိုပါသည်။ သို့သော် ဤအောင်ပွဲများမှာ တာဝရမဟုတ်၊ ရာသီစက်ဝန်းလို အနိစ္စသဘောသာ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ ဗြိတိသျှသမိုင်းပညာရှင် အာနိုးတွိုင်ဘီ၏ ” ယဉ်ကျေးမှုများ၏ လောကလုံးဆိုင်ရာသီအိုရီ” တွင်လည်း၊ စိန်ခေါ်မှု၊ တုံ့ပြန်မှု ၊ မိမိကိုယ်ကို အဆုံးစီရင်မှု ဆိုသော သံသရာစက်ဝန်းတစ်ခုကို အဆိုပြုတင်ပြထားသည်။ ဆိုခဲ့ပြီးသော သမိုင်းအမြင်အားလုံးမှာ တစ်ခုနှင့်တစ်ခု ထပ်တူမကျသော်လည်း၊ ၎င်းတို့အားလုံး တူညီစွာ လက်ခံထားကြသည်မှာ “သမိုင်းတွင် ‘ရစ်သမ်’ ရှိသည်” ဆိုသော အယူအဆပင် ဖြစ်ပါသည်။

အင်ပါယာတွေသည် သမိုင်းတပါတ်လည်တက်သည်ဟုလည်းကြားဖူးပါသည်။ ဆရာနေဇင်လတ်စာအုပ်ထဲတွင် Hyper Power, Great Power, Super Power…အစရှိသဖြင့် ကမ္ဘာ့နိုင်ငံများ ၏ Power အကြောင်း ရှင်းပြရာ၌ “Hyper Power ကို မဟာအင်အားလွန်နိုင်ငံဟု သတ်မှတ်သည်။ စစ်အေးခေတ်အပြီး အမေရိကန်တစ်နိုင်ငံတည်းသာ ဤအဆင့်တွင်ရှိသည်။ ယခင် သမိုင်းတွင် ဂရိအင်ပါယာ၊ တရုတ်အင်ပါယာ၊ ပါရှင်းအင်ပါယာ၊ ရောမအင်ပါယာနှင့် ဗြိတိသျှ အင်ပါယာတို့ရှိခဲ့ဖူးသည်” ဟုမှတ်သားရပါသည်။

ထိုသို့သော သမိုင်းသံသရာလည်ပုံကို ပန်းချီကားများဖြင့် အနက်အဓိပ္ပာယ် ဖော်ပြသည်မှာ အလွန်လှပ ၍ အကြောင်းအရာကိုပါ စိတ်ထဲစွဲနေစေပါသည်။ Product Life Cycle ပုံစံဖြင့် ဇယားတွင် ပန်းချီကားများ ထည့်ကြည့်သောအခါ ပိုပြီး အသက်ဝင်လာပါသည်။

လူဘဝအဖြစ်ကို ကြည့်မည်ဆိုပါကလည်း မွေးဖွားခြင်း၊ ဖွံ ဖြိုးကြီးထွားခြင်း၊ ရင့်ကျက်သောအချိန်ရောက်သောအခါ၌ အထွဋ်အထိပ်သို့ရောက်ခြင်း၊ ထို့နောက် အိုခြင်းနာခြင်း၊ သေခြင်း အစရှိသော လူ့ဘဝသံသရာကို တွေ့မြင်နိုင်သကဲ့သို့ဘဝသံသရာစက်ဝန်းကြီးကို ဘက်စုံထောင့်စုံက မြင်နိုင်ရန် သမိုင်းပညာရှင်များနှင့်အနုပညာရှင်များက ဖော်ညွှန်းပြသသော ပန်းချီကားနှင့်ဆောင်းပါးများကို ကိုယ်တိုင်နှစ်သက်၍ စုစည်းတင်ပြလိုက်ရပါသည်။

ယောနိသောမနာသီကာရဖြင့်
လေးစားလျှက်
မြလေးသျှင်

Leave a Reply