ကမ္ဘာ့သမိုင်းထဲက ရောမအင်ပါယာ အကြောင်း

Posted on

Written By Academy

ရှေးခေတ်တချိန်ကအကြီးဆုံး ၊ အချမ်းသာဆုံး ၊ သြဇာအရှိဆုံးလူမျိုးမှာရောမလူမျိုးများဖြစ်သည်။















တည်ဆောက်ခဲ့ကြသည် ။









ရောမအင်ပါယာပြိုကွဲသွားသော်လည်း ရောမလူမျိုးများ၏ပိသုကာ ၊ အနုပညာ များ တကမ္ဘာလုံးသို့ ပြန့် နှံခဲ့သည် ။






ကမ္ဘာ့သမိုင်းထဲက ရောမအင်ပါယာ (unicode)

Written By Academy

ရှေးခေတ်တချိန်ကအကြီးဆုံး ၊ အချမ်းသာဆုံး ၊ ဩဇာအရှိဆုံးလူမျိုးမှာရောမလူမျိုးများဖြစ်သည်။

ရော်မန်များသည်အီတလီနိင်ငံ Tiber မြစ်အနီးတွင် Rome မြို့အား ဘီစီ ၇၅၃ အချိန်ကတည်ထောင်ခဲ့ကြသည် ။

ရောမစစ်သူကြီး ဂျူးလီးယက်ဆီဇာ လက်ထက်တွင် ပြည်တွင်းစစ်များကိုအောင်နိုင်ပြီး အင်ပါယာချဲ့ထွင်ရန် အုတ်မြစ်ချပေးခဲ့သည်။

ဘီစီ ၂၇ – အချိန်တွင်ရောမ လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် ပထမဆုံးရောမအင်ပါယာ ဘုရင်ဖြစ်လာသူမှာ Augustus ဖြစ်သည် ။

သမိုင်းအဆိုအရရောမအင်ပါယာချဲ့ထွင်မှုသည် ဘီစီ ၂ – ရာစု ဘုရင် Augustus လက်ထက်မှ စတင်ခဲ့သည် ။

Augustus လက်ထက်တွင် ရှေးခေတ် အီဂျစ်ကမ္ဘာသည် ပြိုကွဲခဲ့ပြီး ရောမ အင်ပါယာ အောက်ကျရောက်ခဲ့ရသည် ။

အင်ပါယာ၏ အမြင့်ဆုံးအချိန်မှာ အေဒီ ၁၁ရ ခုနှစ် ရောမဘုရင် Trajan လက်ထက်ဖြစ်ပြီး သူ၏အင်ပါယာသည်အင်္ဂလန်မှသည်ဥရောပဒေသ ၊
အာဖရိကမြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းဒေသ အထိကျယ်ပြန့်ခဲ့သည် ။

ရောမ အင်ပါယာ သည် နှစ်- ၅၀၀ ခိုင်မြဲခဲ့ပြီး အင်ပါယာ၏ အုပ်ချုပ်ရေး Centre မှာ ရောမမြို့(Rome) ဖြစ်သည် ။

ရောမအင်ပါယာတွင်သူ့ဒေသနှင့်သူ့ဘုရင်ရှိပြီး ထိုဘုရင်များအားလုံးသည်ရောမ ဥပဒေများကို လိုက်နာရသည် ။

လိုအပ်လျှင် အင်ပါယာဘုရင်သည် ဒေသဆိုင်ရာဘုရင်များကိုကူညီသည် ။

သူတို့ထိန်းချုပ်ရာဒေသတွင် ရောမဘုရင်ပုံပါငွေကြေးများကိုသုံးစွဲရသည် ။

ထို့ကြောင့်မည်သူသည် ရောမဘုရင်မှန်း လူတိုင်းသိသည် ။

ရောမအင်ပါယာရှိလူတိုင်းလူတိုင်းသည်လည်း ဥပဒေကိုလိုက်နာရကာ အခွန်ပေးဆောင်ရသည် ။

အစဉ်အလာအရ ရောမလူ့အဖွဲအစည်းတွင် လူတန်းစား- ၂ ခုခွဲခြားထားပြီး လွှတ်တော်အမတ်များနှင့် သူဌေးသူကြွယ်များသည် အထက်တန်းလွှာ
ဖြစ်ကာ ကျွန်များမှာ အခြေခံလူတန်းစား အလွှာ ဖြစ်သည် ။

အစောပိုင်းနှစ်များတွင်ရောမအင်ပါယာချဲ့ထွင်မှုသည် အလွန်လျှင်မြန်ခဲ့သည် ။

စည်းကမ်းကောင်းမွန်ပြီးလေ့ကျင့်ရေးပြည့်ဝသည့် ရောမစစ်သည်များသည်အလျှင်အမြန်ချီတက် သိမ်းပိုက်ပြီးလမ်းများ ၊ နန်းတော်များကို
တည်ဆောက်ခဲ့ကြသည် ။

ရောမများသည်သူတို့ထိန်းချုပ်ရာနေရာများတွင် သူတို့၏လက်တင်ဘာသာစကားကိုသုံးစွဲသည် ။

သူတို့၏ပိသုကာလက်ရာများ ၊ ယဉ်ကျေးမှုအနုပညာများကိုဖြန့်ဝေသည် ။

ရောမအင်ပါယာပြိုကွဲခြင်း

ရောမအင်ပါယာကျယ်ပြန့်လာမှုနှင့်အတူ နယ်မြေများကိုမထိန်းနိင်တော့ဘဲ အေဒီ ၂၈၄ တွင်အင်ပါယာကိုဘုရင် ၄ -ပါးမှ ခွဲပြီးအုပ်ချုပ်လာခဲ့ရသည် ။

အေဒီ ၃၉၈ တွင်အရှေ့ရောမအင်ပါယာနှင့် အနောက်ရောမအင်ပါယာဟူ၍ နှစ်ခြမ်းကွဲသွားခဲ့သည် ။

အရှေ့ရောမအင်ပါယာသည်ချမ်းသာကြွယ်၀ပြီး ယခုတူရကီနိင်ငံ İstanbul ဒေသရှိ Constantinople မှထိန်းချုပ်သည် ။

အနောက်ရောမများသည်မြောက်ပိုင်းမှ Germanic လူမျိုးများ (German , Franks, Alamanni, Goths ) အား တဖြည်းဖြည်းရှုံးနိမ့်ကာ နယ်မြေစွန့်လွှတ်ခဲ့ရသည် ။

အေဒီ ၄၇၆ ခုနှစ် တွင် ရောမဘုရင် Romulus Augustulus နန်းချခံရပြီး ရောမအင်ပါယာပြိုကွဲခဲ့သည် ။

ရောမအင်ပါယာပြိုကွဲသွားသော်လည်း ရောမလူမျိုးများ၏ပိသုကာ ၊ အနုပညာ များ တကမ ၻာလုံးသို့ပြန့်နှံခဲ့သည် ။

ရောမအင်ပါယာပြိုကွဲပြီးပေါ်ထွက်လာသည့် ဘုရင့်နိင်ငံငယ်များသည်လဲ ရောမန်ဥပဒေ အတိုင်း အုပ်ချုပ်ခဲ့ကြသည် ။

ရောမန်တို့၏လက်တင်ဘာသာစာပေ ၊ စကားသည်လဲတခြားဥရောပဘာသာစကားများဖြစ်သည့်ပြင်သစ် ၊ စပိန်များကဲ့သို့ တိုးတက်ထွန်းကားခဲ့သည် ။

ရောမန်များသည် ရောမအင်ပါယာပြိုလ်ကွဲသွားပြီးနောက် အရှေ့ဖက် Constantinople မြို့သို့ရွှေ့ ပြောင်းသွားကြပြီး အင်ပါယာ တဖန်ပြန်လည်ထူထောင်ခဲ့သည် ။

ထိုအင်ပါယာကိုသမိုင်းတွင် Byzantine အင်ပါယာ ဟုခေါ်ပြီး အေဒီ ၁၄၅၃ ခုနှစ်အထိ တည်တံ့ခဲ့သည် ။

Leave a Reply