ေရွးေဟာင္းဂရိႏိုင္ငံေတာ္ႀကီးကို လႊမ္းမိုးႏို္င္ခဲ့တဲ့ ေနနတ္ဘုရားရဲ႕ ေက်ာင္းေတာ္

Posted on

The Oracle of Delphi 

Via : Mr. Myanmar Travel & Tours

ဂရိႏိုင္ငံႏွင့္ ဂရိလူမ်ိဳးဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ နာမည္ႀကီးပါတယ္။ အဲ့ဒီအေၾကာင္းရင္းမ်ားထဲက တစ္ခုကေတာ့ ဂရိနတ္ဘုရားမ်ားေၾကာင့္ျဖစ္မယ္လို႔ဆိုႏိုင္ပါတယ္။ ခရစ္ေတာ္မေပၚမီ ဂရိႏိုင္ငံမွာ နတ္ဘုရားမ်ားကိုးကြယ္ခဲ့ၾကၿပီး ထိုနတ္ဘုရားမ်ားကိုရည္စူးကာ ဘုရားေက်ာင္းေဆာင္မ်ားစြာေဆာက္လုပ္ခဲ့ၾကပါတယ္။ ထိုေက်ာင္းမ်ားထဲမွာ နာမည္အႀကီးဆံုးထဲကတစ္ခုကေတာ့ Delphi ဘုရားေက်ာင္း/ Temple of Apollo လို႔ေခၚတဲ့ ေနနတ္ဘုရား အပိုလိုကို အဓိကထားကိုးကြယ္တဲ့ ဘုရားေက်ာင္းပဲျဖစ္ပါတယ္။

Delphi ဘုရားေက်ာင္းဟာ ဂ၇ိႏိုင္ငံအထက္အလယ္ပိုင္းရွိ Parnassus ေတာင္တန္းရဲ႕ အေနာက္ေတာင္ေစာင္းမွာ တည္ရွိပါတယ္။ အလြန္သာယာလွပတဲ့ေနရာတစ္ခုပါ။ ေရွးေဟာင္းေခတ္ရဲ႕ အေရးပါတဲ့ေနရာတစ္ခုအျဖစ္ UNESCO အသိအမွတ္ျပဳထားပါတယ္။ အျခားဘုရားေက်ာင္းမ်ားထက္ ထူးျခားတာကေတာ့ Omphalos of Delphi လို႔ေခၚတဲ့ ဂရိလူမ်ိဳးတို႔၏ယံုၾကည္မႈအရ ကမာၻ႔အလယ္ဗဟိုဟုသတ္မွတ္ထားေသာ ေက်ာက္တံုးျဖင့္ျပဳလုပ္ထားေသာ အထိမ္းအမွတ္ေနရာရွိတဲ့အခ်က္ပါ။

Delphi ဟာ အေၾကာင္း (၂)မ်ိဳးေၾကာင့္ နာမည္ႀကီးပါတယ။ နာမည္ႀကီးေစတဲ့အေၾကာင္းအရာတစ္ခုကေတာ့ Pythian Games လို႔ေခၚတဲ့ Olympic Games လိုမ်ိဳး ကစားပြဲမ်ားက်င္းပေပးတဲ့အတြက္ျဖစ္ပါတယ္။ ဇူးစ္နတ္ဘုရားဂုဏ္ျပဳက်င္းပတဲ့ Olympic Games က်င္းပၿပီး ၂ႏွစ္အၾကာမွာက်င္းပပါတယ္။ အိုလင္းပစ္ကစားပြဲကဲ့သို႔ပဲ ေလးႏွစ္တစ္ခါက်င္းပၿပီး ကြဲျပားတာကေတာ့ ဂီတႏွင့္ကခုန္ျခင္း ၿပိဳင္ပြဲမ်ားပါထည့္သြင္းက်င္းပျခင္းပဲျဖစ္ပါတယ္။ အႏိုင္ရရွိသူမ်ားဟာ အပိုလိုနတ္ဘုရားပိုင္ဆိုင္သည္ဟု အဆိုရွိေသာ မည္သည့္အခါမွ မညိႈးႏြမ္းသည့္ Laurel ပန္းေခြကိုရရွိပါတယ္။

Delphi ရဲ႕ ဒုတိယနာမည္ေက်ာ္ေစတဲ့အေၾကာင္းရင္းျဖစ္တဲ့ စိတ္၀င္စားဖို႔အရမ္းေကာင္းတဲ့ သမိုင္းေၾကာင္းကိုေျပာရမယ္ဆိုရင္ေတာ့……..

အရင္က ထိုေနရာဟာ အပိုလိုပိုင္ဆိုင္တဲ့နယ္ေျမမဟုတ္ပါဘူး.. ကမာၻနတ္ဘုရားမ ဂိုင္ရာ (Gaia) ပိုင္ဆိုင္တဲ့ နယ္ေျမပါ။ တစ္ေန႔မွာ ဂရိနတ္ဘုရားတို႔ရဲ႕ထိပ္ေခါင္ျဖစ္တဲ့ ဇူးစ္ (Zeus) ဟာ သူ႔ရဲ႕မိခင္ျဖစ္တဲ့ ဂိုင္ရာ (ကမာၻႀကီး)ရဲ႕ အလယ္ဗဟိုခ်က္ကို ရွာေဖြလိုတဲ့စိတ္ျဖစ္လာပါသတဲ့။ အဲ့ဒါနဲ႔ ဇူးစ္ဟာ ကမာၻ႕ေဘးအစြန္းဆံုးက်တဲ့ေနရာကေန သိမ္းငွက္ႏွစ္ေကာင္ကို အရွိန္အတူတူပ်ံသန္းေစပါတယ္။

ငွက္ႏွစ္ေကာင္ျဖတ္သန္းသြားတဲ့ေနရာမွာ ခဲလံုးကိုအေပၚသို႔ပစ္ၾကည့္ကာ ခဲလံုးျပန္ၾကတဲ့ေနရာကို ဂိုင္ရာရဲ႕ ဗဟိုခ်က္မျဖစ္တယ္လို႔ယူဆကာ Python ေျမြႀကီးက ေစာင့္ေရွာက္ထားပါတယ္။ ေနနတ္ဘုရား အပိုလိုဟာ လူေတြနဲ႔ဆက္သြယ္လိုတဲ့ဆႏၵျဖစ္တဲ့အေလွ်ာက္ Oracle ရွိတဲ့ Delphi ေနရာကို ေစာင့္ေရွာက္တဲ့ Python ေျမြႀကီးကို အႏိုင္ယူဟာ သိမ္းပိုက္ေအာင္ႏိုင္ခဲ့တဲ့အထိမ္းအမွတ္အေနနဲ႔ အပိုလိုဘုရားေက်ာင္းက ဗ်ာဒိတ္ေပးသူဟာ Pythia လို႔အမည္တြင္ပါတယ္။ ဂိုင္ရာရဲ႕နယ္ေျမျဖစ္ခဲ့တဲ့အေလွ်ာက္ Oracle ဟာ မိန္းကေလးျဖစ္ေနပါတယ္။ အပိုလိုဟာ ေယာက်ာ္းနတ္ဘုရားျဖစ္ေသာ္လည္း မိန္းကေလးျဖစ္တဲ့ Pythia ကိုသာ သူ႔ရဲ႕ ဗ်ာဒိတ္ေပးပုဂၢိဳလ္အျဖစ္ထားခဲ့ပါတယ္။

အပိုလိုဟာ ဗ်ာဒိတ္/ ေရွ႕ျဖစ္ကို ေဟာႏိုင္ရျခင္းအေၾကာင္းရင္းကေတာ့ အပိုလိုနတ္ဘုရားပိုင္ဆိုင္တဲ့ ဂုဏ္သတၱိမ်ားထဲမွာ အမွန္တရားႏွင့္ အနာဂတ္ကိုႀကိဳျမင္ႏိုင္ျခင္းတို႔ပါ၀င္ေနျခင္းေၾကာင္းျဖစ္ပါတယ္။ သူ႔ရဲ႕အျခားအစြမ္းသတၱိေတြကေတာ့ ဂီတ၊ ေပ်ာက္ကင္းသက္သာေစျခင္း၊ ေနမင္းႏွင့္ အလင္း၊ ကပ္ေရာဂါ၊ ပ်ိဳ႕လကၤာစီကုံးစပ္ဆိုျခင္း တို႔ျဖစ္ပါတယ္။ အပိုလိုဟာ ေကာင္းကင္နတ္ဘုရား Zeus ႏွင့္ Titan နတ္ဘုရားမ Leto တို႔၏ သားျဖစ္ၿပီး လနတ္ဘုရားမ Artemis ႏွင့္ အမႊာေမာင္ႏွမပါ။

Zeus ရဲ႕ မိဖုရားျဖစ္တဲ့ Hera ဟာ ဇူးစ္ရဲ႕ရင္ေသြးကိုလြယ္ထားရတဲ့ Leto ကို မနာလိုတဲ့အတြက္ ပင္လယ္ႏွင့္ဆက္စပ္ေသာ၊ ေနေရာင္ေရာက္ေသာ မည္သည့္ေနရာမဆိုမွာ မီးဖြားခြင့္မေပးရဘူးလို႔ အမိန္႔ထုတ္ထားပါတယ္။ Leto ဟာမီးဖြားဖို႔ ေနရာရွာရင္းကေန Python နဲ႔ ေတြ႔တဲ့အခါ Leto ကို ေျမြႀကီးက မတရားက်င့္ဖို႔ႀကိဳးစားဖူးပါတယ္။ မိခင္အတြက္ ကလဲ့စားေခ်တဲ့အေနႏွင့္ အပိုလိုဟာ Python ကိုသတ္ခဲ့တယ္လို႔လဲအဆိုရွိပါတယ္။ အခ်ိဳ႕ကေတာ့ Oracle ကို Apollo ရွာမေတြ႔ေအာင္ ျပဳလုပ္တဲ့အတြက္လို႔ဆိုပါတယ္။

ေရွးေဟာင္းဂရိျပည္မွာ Oracle ေတြဟာေခတ္စားခဲ့ပါတယ္။ ႏိုင္ငံအႀကီးအကဲကစလို႔သာမန္လူခ်မ္းသာတို႔အထိ အၾကံဥာဏ္လိုတဲ့အခါ နတ္ေတြနဲ႔ဆက္သြယ္ႏိုင္တယ္လို႔ယံုၾကည္တဲ့ ဒီအၾကားအျမင္ရလူေတြဆီကို သြားေမးေလ့ရွိပါတယ္။ Pythia နဲ႔အၿပိဳင္ အျခား Oracle ၅ေယာက္ရွိခဲ့ၿပီး Pythia ဟာနာမည္အေက်ာ္ဆံုး၊ အရွိန္အ၀ါအႀကီးဆံုးနဲ႔ အစြမ္းအထက္ဆံုးျဖစ္ပါတယ္။ မွန္ကန္တဲ့ေဟာခ်က္မ်ားကိုထုတ္ႏိုင္တဲ့အတြက္ အနယ္နယ္အရပ္ရပ္ ႏိုင္ငံရပ္ျခားကေနပါ တကူးတကလာေရာက္ေမးျမန္းၾကတယ္လို႔ဆိုပါတယ္။

Pythia ဟာဘာလို႔ၾသဇာအင္အားႀကီးရသလဲဆိုရင္ အဲ့ဒီေခတ္တုန္းက လာေရာက္ေမးျမန္းသူေတြဟာ နယ္ခ်ဲ႔ရန္ စစ္တိုက္ရန္ (ဒါမွမဟုတ္) ဘာသာေရးအေၾကာင္းအရာ စသည္ျဖင့္ လာေမးၾကတဲ့လူေတြမ်ားပါတယ္။ ဒီလိုေမးခ်င္ရင္လဲ ပူေဇာ္ပသမႈျပဳလုပ္ေပးရတဲ့အတြက္ သာမန္လူတို႔ေတာ္ရံုမေမးႏိုင္ၾကပါဘူး။ နယ္ခ်ဲ႔ရန္ Oracle ကအႀကံေပးလိုက္ၿပီဆိုပါစို႔ သူေျပာတဲ့အတိုင္း စစ္ပြဲေအာင္ႏိုင္ခဲ့လို႔ရွိရင္ နယ္ခ်ဲ႔လို႔ရတဲ့ေနရာကို ဗ်ာဒိတ္ေပးပုဂၢိဳလ္ဟာ တစ္စိတ္တစ္ေဒသပိုင္ဆိုင္တယ္လို႔ သတ္မွတ္ၾကပါတယ္။ Delphi ေပးတဲ့ဗ်ာဒိတ္ေတြဟာလဲမွန္ကန္တာမ်ားတဲ့အတြက္ သူ႔ရဲ႕ ၾသဇာအာဏာဟာလဲ နယ္ခ်ဲ႔ႏိုင္တာနဲ႔အမွ်ႀကီးမားလာတယ္လို႔ဆိုႏိုင္ပါတယ္။

အပိုလိုနဲ႔ဆက္သြယ္ေျပာဆိုႏိုင္တဲ့အစြမ္းရွိတာဟာ ဗ်ာဒိတ္ေပးရန္ ေရြးေကာက္ခံရတဲ့မိန္းကေလးရဲ႕ အစြမ္းေၾကာင့္မဟုတ္ပဲ အဲ့ဒီနားကေျမအက္ကြဲေၾကာင္းကထြက္တဲ့ Methane ကဲ့သို႔ဓါတ္ေငြ႕တစ္မ်ိဳးေၾကာင့္ျဖစ္တယ္လို႔ယခုေခတ္ပညာရွင္ဆိုပါတယ္။ ဘုရာေက်ာင္းေဆာက္ၿပီး Oracle ရယ္လို႔မျဖစ္လာခင္က သိုးထိန္းတစ္ေယာက္ဟာ သိုးမ်ားလန္႔တာကို သတိထားမိၿပီး ေျမအက္ကြဲေၾကာင္းေနရာနားကို သြားရင္းဓါတ္ေငြ႔ရႈမိကာ ေရွ႕ျဖစ္အေၾကာင္းေတြကိုထူးဆန္းစြာေျပာဆိုတယ္လို႔ဆိုပါတယ္။ ေနာက္ပိုင္းဟာ လူေတာ္ေတာ္မ်ားမ်ား အဲ့ဒီေျမအက္ကြဲေၾကာင္းနားသြားကာ ဓါတ္ေငြ႔ရႈကာ စကားမ်ားေလွ်ာက္ေျပာၾကတာမ်ားလာၿပီးေနာက္ တစ္ေယာက္ကိုသာလွ်င္ ထိုကဲ့သို႔ျပဳလုပ္ခြင့္ေပးမည္ဆိုေသာ စည္းကမ္းျဖစ္လာပါတယ္။ အဲ့လိုနဲ႔ပဲ အဲ့ဒီအက္ေၾကာင္းေပၚအုပ္ကာ ဂိုင္ရာအတြက္ ဘုရားေက်ာင္းေဆာက္ၿပီးေနာက္ပိုင္း အပုိလိုဟာ သူ႔ကိုယ္စား ဗ်ာဒိတ္ေပးတဲ့သူအလိုရွိတဲ့အတြက္ အဲ့ေနရာကိုသိမ္းခဲ့တာျဖစ္ပါတယ္။

Delphi ဟာဗ်ာဒိတ္မေပးခင္ ထုံးနည္းအခမ္းအနားမ်ားႏွင့္ ျပင္ဆင္မႈျပဳလုပ္ရတယ္လို႔ဆိုပါတယ္.. အပိုလို၏ကိုယ္စားျပဳသစ္ပင္ဟု သတ္မွတ္ေသာ Laurel/ Bay သစ္ရြက္မ်ားကိုစား၊ ဘုရားေက်ာင္းအတြင္းရွိမြန္ျမတ္ေသာေရအိုင္မွေရကိုေသာက္၊ Laurel သစ္ရြက္ျဖင့္ျပဳလုပ္ေသာ ေခါင္းေဆာင္းကို ၀တ္ကာ ေျမအက္ကြဲေၾကာင္းေပၚတည့္တည့္ရွိ Laurel အရြက္ျဖင့္ ဆင္ယင္ထားေသာ သံုးေခ်ာင္းေထာက္ခံုေပၚတြင္ ထိုင္ၿပီး ဓါတ္ေငြ႔ကိုရႈပါတယ္။ ဓါတ္ေငြ႔ရႈၿပီး ခဏအၾကာ မိန္းေမာသလိုျဖစ္ၿပီး အသင့္ျဖစ္မွ အျခားဘုန္းႀကီးတစ္ပါးက Pythia ကိုေမးျမန္းလိုသူအား အထဲသို႔တစ္ဦးခ်င္း ဦးေဆာင္ေခၚယူလာတာပါ။ ေမးခြန္းေမးတဲအခါ Pythia က လူနားမလည္ႏိုင္တဲ့စကားမ်ိဳးေတြကို ျပန္ေျပာပါတယ္။ ထိုစကားကို ေမးျမန္းသူအားဦးေဆာင္ေခၚသြင္းလာခဲ့ေသာ ဘုန္းႀကီးမွ ဘာသာျပန္ဆိုေပးပါတယ္။ အေျဖေတြဟာမ်ားေသာအားျဖင့္ ႏွစ္ခြျဖစ္တဲ့အေျဖမ်ိဳးေတြပါ။ အေျခအေန အခ်ိန္အခါနဲ႔ မိမိဘယ္လို အနက္ေကာက္ခ်င္လဲေပၚမူတည္ၿပီး ဖြင့္ဆိုခ်က္အနည္းငယ္ကြာျခားႏိုင္ပါတယ္။

Delphi ဟာ ဂရိလူမ်ိဳးတို႔အင္အားအလြန္ေကာင္းေနတဲ့အခ်ိန္ျဖစ္တဲ့ 1600 BC ၀န္းက်င္မွာ လြန္စြာအရွိန္အ၀ါႀကီးခဲ့တယ္လို႔ဆိုပါတယ္။ ဂရိတို႔ဟာ ထိုအခ်ိန္မွာ ေျမထဲပင္လယ္ေဒသႏွင့္ ပင္လယ္နက္ေဒသတို႔ကို သိမ္းပိုက္ေအာင္ျမင္ေနတဲ့အခ်ိန္ပါ။ Delphi ဟာ ခရစ္ယာန္ဘာသာအင္အားေကာင္းလာမွသာ သူ႔ရဲ႕အရွိန္အ၀ါဟာလည္းေမွးမွိန္သြားတာပါ။ ေအဒီ ၄ရာစုခန္႔ကေျပာခဲ့ေသာ Oracle ရဲ႕ဗ်ာဒိတ္တစ္ခုကေတာ့ ခရစ္ယာန္ဘာသာဟာႀကီးထြားလာတာနဲ႔အမွ် ဒီဘုရားေက်ာင္းရဲ႕ တန္ခိုးဟာလဲက်ဆင္းလာၿပီး အပိုလိုနတ္ဘုရားရဲ႕ ျမင့္ျမတ္တဲ့တန္ခိုးအစြမ္းသတၱိစီးဆင္းမႈကို ေႏွာင့္ယွက္ေနတယ္လို႔ဆိုပါတယ္။

ရိုမန္အင္ပါယာအင္အားႀကီးလာၿပီးေနာက္ Theodosius ဘုရင္ဟာ ခရစ္ယာန္ဘာသာ၀င္ဘုရင္အေနနဲ႔ လူေတြ ဂရိနတ္ဘုရားမ်ားကို ကိုးကြယ္ေနတာကို ခြင့္မျပဳသင့္ဘူးလို႔ ခံယူၿပီးအေလွ်ာက္မွာ Delphi ဘုရားေက်ာင္းကို ပိတ္လိုက္ရန္အမိန္႔ခ်ခဲ့ပါတယ္။ Delphi ရဲ႕ အာဏာက်ဆင္းလာတာဟာ ခရစ္ယာန္ဘာသာသက္သက္ေၾကာင့္မဟုတ္ပဲ ေရွ႕ျဖစ္ေဟာတမ္းထုတ္တဲ့ေနရာမွာ မရွိမျဖစ္လိုတဲ့ မိန္းေမာေစတဲ့ဓါတ္ေငြ႔ထြက္အားနည္းလာလို႔ လို႔လဲေကာက္ခ်က္ဆြဲၾကပါတယ္။

ဒါကေတာ့ တစ္ခ်ိန္က ၾသဇာႀကီးမားခဲ့တဲ့ The Oracle of Delphi အေၾကာင္းပါ။ ေရွးေခတ္သမိုင္းေၾကာင္းႏွင့္ လူေနမႈအဖြဲ႔အစည္းမ်ားအေၾကာင္းကို စိတ္၀င္စားသူမ်ားအေနနဲ႔ ဂရိႏိုင္ငံဟာ မသြားမျဖစ္သြားသင့္တဲ့ ႏိုင္ငံမ်ားထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္

Mr. Myanmar Travel & Tours


ရှေးဟောင်းဂရိနိုင်ငံတော်ကြီးကို လွှမ်းမိုးန်ိုင်ခဲ့တဲ့ နေနတ်ဘုရားရဲ့ ကျောင်းတော် (unicode)

Via : Mr. Myanmar Travel & Tours

ဂရိနိုင်ငံနှင့် ဂရိလူမျိုးဟာ အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီးပါတယ်။ အဲ့ဒီအကြောင်းရင်းများထဲက တစ်ခုကတော့ ဂရိနတ်ဘုရားများကြောင့်ဖြစ်မယ်လို့ဆိုနိုင်ပါတယ်။ ခရစ်တော်မပေါ်မီ ဂရိနိုင်ငံမှာ နတ်ဘုရားများကိုးကွယ်ခဲ့ကြပြီး ထိုနတ်ဘုရားများကိုရည်စူးကာ ဘုရားကျောင်းဆောင်များစွာဆောက်လုပ်ခဲ့ကြပါတယ်။ ထိုကျောင်းများထဲမှာ နာမည်အကြီးဆုံးထဲကတစ်ခုကတော့ Delphi ဘုရားကျောင်း/ Temple of Apollo လို့ခေါ်တဲ့ နေနတ်ဘုရား အပိုလိုကို အဓိကထားကိုးကွယ်တဲ့ ဘုရားကျောင်းပဲဖြစ်ပါတယ်။

Delphi ဘုရားကျောင်းဟာ ဂရိနိုင်ငံအထက်အလယ်ပိုင်းရှိ Parnassus တောင်တန်းရဲ့ အနောက်တောင်စောင်းမှာ တည်ရှိပါတယ်။ အလွန်သာယာလှပတဲ့နေရာတစ်ခုပါ။ ရှေးဟောင်းခေတ်ရဲ့ အရေးပါတဲ့နေရာတစ်ခုအဖြစ် UNESCO အသိအမှတ်ပြုထားပါတယ်။ အခြားဘုရားကျောင်းများထက် ထူးခြားတာကတော့ Omphalos of Delphi လို့ခေါ်တဲ့ ဂရိလူမျိုးတို့၏ယုံကြည်မှုအရ ကမ္ဘာ့အလယ်ဗဟိုဟုသတ်မှတ်ထားသော ကျောက်တုံးဖြင့်ပြုလုပ်ထားသော အထိမ်းအမှတ်နေရာရှိတဲ့အချက်ပါ။

Delphi ဟာ အကြောင်း (၂)မျိုးကြောင့် နာမည်ကြီးပါတယ။ နာမည်ကြီးစေတဲ့အကြောင်းအရာတစ်ခုကတော့ Pythian Games လို့ခေါ်တဲ့ Olympic Games လိုမျိုး ကစားပွဲများကျင်းပပေးတဲ့အတွက်ဖြစ်ပါတယ်။ ဇူးစ်နတ်ဘုရားဂုဏ်ပြုကျင်းပတဲ့ Olympic Games ကျင်းပပြီး ၂နှစ်အကြာမှာကျင်းပပါတယ်။ အိုလင်းပစ်ကစားပွဲကဲ့သို့ပဲ လေးနှစ်တစ်ခါကျင်းပပြီး ကွဲပြားတာကတော့ ဂီတနှင့်ကခုန်ခြင်း ပြိုင်ပွဲများပါထည့်သွင်းကျင်းပခြင်းပဲဖြစ်ပါတယ်။ အနိုင်ရရှိသူများဟာ အပိုလိုနတ်ဘုရားပိုင်ဆိုင်သည်ဟု အဆိုရှိသော မည်သည့်အခါမှ မညှိုးနွမ်းသည့် Laurel ပန်းခွေကိုရရှိပါတယ်။

Delphi ရဲ့ ဒုတိယနာမည်ကျော်စေတဲ့အကြောင်းရင်းဖြစ်တဲ့ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ သမိုင်းကြောင်းကိုပြောရမယ်ဆိုရင်တော့……..

အရင်က ထိုနေရာဟာ အပိုလိုပိုင်ဆိုင်တဲ့နယ်မြေမဟုတ်ပါဘူး.. ကမ္ဘာနတ်ဘုရားမ ဂိုင်ရာ (Gaia) ပိုင်ဆိုင်တဲ့ နယ်မြေပါ။ တစ်နေ့မှာ ဂရိနတ်ဘုရားတို့ရဲ့ထိပ်ခေါင်ဖြစ်တဲ့ ဇူးစ် (Zeus) ဟာ သူ့ရဲ့မိခင်ဖြစ်တဲ့ ဂိုင်ရာ (ကမ္ဘာကြီး)ရဲ့ အလယ်ဗဟိုချက်ကို ရှာဖွေလိုတဲ့စိတ်ဖြစ်လာပါသတဲ့။ အဲ့ဒါနဲ့ ဇူးစ်ဟာ ကမ္ဘာ့ဘေးအစွန်းဆုံးကျတဲ့နေရာကနေ သိမ်းငှက်နှစ်ကောင်ကို အရှိန်အတူတူပျံသန်းစေပါတယ်။

ငှက်နှစ်ကောင်ဖြတ်သန်းသွားတဲ့နေရာမှာ ခဲလုံးကိုအပေါ်သို့ပစ်ကြည့်ကာ ခဲလုံးပြန်ကြတဲ့နေရာကို ဂိုင်ရာရဲ့ ဗဟိုချက်မဖြစ်တယ်လို့ယူဆကာ Python မြွေကြီးက စောင့်ရှောက်ထားပါတယ်။ နေနတ်ဘုရား အပိုလိုဟာ လူတွေနဲ့ဆက်သွယ်လိုတဲ့ဆန္ဒဖြစ်တဲ့အလျှောက် Oracle ရှိတဲ့ Delphi နေရာကို စောင့်ရှောက်တဲ့ Python မြွေကြီးကို အနိုင်ယူဟာ သိမ်းပိုက်အောင်နိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ အပိုလိုဘုရားကျောင်းက ဗျာဒိတ်ပေးသူဟာ Pythia လို့အမည်တွင်ပါတယ်။ ဂိုင်ရာရဲ့နယ်မြေဖြစ်ခဲ့တဲ့အလျှောက် Oracle ဟာ မိန်းကလေးဖြစ်နေပါတယ်။ အပိုလိုဟာ ယောက်ျားနတ်ဘုရားဖြစ်သော်လည်း မိန်းကလေးဖြစ်တဲ့ Pythia ကိုသာ သူ့ရဲ့ ဗျာဒိတ်ပေးပုဂ္ဂိုလ်အဖြစ်ထားခဲ့ပါတယ်။

အပိုလိုဟာ ဗျာဒိတ်/ ရှေ့ဖြစ်ကို ဟောနိုင်ရခြင်းအကြောင်းရင်းကတော့ အပိုလိုနတ်ဘုရားပိုင်ဆိုင်တဲ့ ဂုဏ်သတ္တိများထဲမှာ အမှန်တရားနှင့် အနာဂတ်ကိုကြိုမြင်နိုင်ခြင်းတို့ပါဝင်နေခြင်းကြောင်းဖြစ်ပါတယ်။ သူ့ရဲ့အခြားအစွမ်းသတ္တိတွေကတော့ ဂီတ၊ ပျောက်ကင်းသက်သာစေခြင်း၊ နေမင်းနှင့် အလင်း၊ ကပ်ရောဂါ၊ ပျို့လင်္ကာစီကုံးစပ်ဆိုခြင်း တို့ဖြစ်ပါတယ်။ အပိုလိုဟာ ကောင်းကင်နတ်ဘုရား Zeus နှင့် Titan နတ်ဘုရားမ Leto တို့၏ သားဖြစ်ပြီး လနတ်ဘုရားမ Artemis နှင့် အမွှာမောင်နှမပါ။

Zeus ရဲ့ မိဖုရားဖြစ်တဲ့ Hera ဟာ ဇူးစ်ရဲ့ရင်သွေးကိုလွယ်ထားရတဲ့ Leto ကို မနာလိုတဲ့အတွက် ပင်လယ်နှင့်ဆက်စပ်သော၊ နေရောင်ရောက်သော မည်သည့်နေရာမဆိုမှာ မီးဖွားခွင့်မပေးရဘူးလို့ အမိန့်ထုတ်ထားပါတယ်။ Leto ဟာမီးဖွားဖို့ နေရာရှာရင်းကနေ Python နဲ့ တွေ့တဲ့အခါ Leto ကို မြွေကြီးက မတရားကျင့်ဖို့ကြိုးစားဖူးပါတယ်။ မိခင်အတွက် ကလဲ့စားချေတဲ့အနေနှင့် အပိုလိုဟာ Pytho ကိုသတ်ခဲ့တယ်လို့လဲအဆိုရှိပါတယ်။ အချို့ကတော့ Oracle ကို Apollo ရှာမတွေ့အောင် ပြုလုပ်တဲ့အတွက်လို့ဆိုပါတယ်။

ရှေးဟောင်းဂရိပြည်မှာ Oracle တွေဟာခေတ်စားခဲ့ပါတယ်။ နိုင်ငံအကြီးအကဲကစလို့သာမန်လူချမ်းသာတို့အထိ အကြံဥာဏ်လိုတဲ့အခါ နတ်တွေနဲ့ဆက်သွယ်နိုင်တယ်လို့ယုံကြည်တဲ့ ဒီအကြားအမြင်ရလူတွေဆီကို သွားမေးလေ့ရှိပါတယ်။ Pythia နဲ့အပြိုင် အခြား Oracle ၅ယောက်ရှိခဲ့ပြီး Pythia ဟာနာမည်အကျော်ဆုံး၊ အရှိန်အဝါအကြီးဆုံးနဲ့ အစွမ်းအထက်ဆုံးဖြစ်ပါတယ်။ မှန်ကန်တဲ့ဟောချက်များကိုထုတ်နိုင်တဲ့အတွက် အနယ်နယ်အရပ်ရပ် နိုင်ငံရပ်ခြားကနေပါ တကူးတကလာရောက်မေးမြန်းကြတယ်လို့ဆိုပါတယ်။

Pythia ဟာဘာလို့ဩဇာအင်အားကြီးရသလဲဆိုရင် အဲ့ဒီခေတ်တုန်းက လာရောက်မေးမြန်းသူတွေဟာ နယ်ချဲ့ရန် စစ်တိုက်ရန် (ဒါမှမဟုတ်) ဘာသာရေးအကြောင်းအရာ စသည်ဖြင့် လာမေးကြတဲ့လူတွေများပါတယ်။ ဒီလိုမေးချင်ရင်လဲ ပူဇော်ပသမှုပြုလုပ်ပေးရတဲ့အတွက် သာမန်လူတို့တော်ရုံမမေးနိုင်ကြပါဘူး။ နယ်ချဲ့ရန် Oracle ကအကြံပေးလိုက်ပြီဆိုပါစို့ သူပြောတဲ့အတိုင်း စစ်ပွဲအောင်နိုင်ခဲ့လို့ရှိရင် နယ်ချဲ့လို့ရတဲ့နေရာကို ဗျာဒိတ်ပေးပုဂ္ဂိုလ်ဟာ တစ်စိတ်တစ်ဒေသပိုင်ဆိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ Delphi ပေးတဲ့ဗျာဒိတ်တွေဟာလဲမှန်ကန်တာများတဲ့အတွက် သူ့ရဲ့ ဩဇာအာဏာဟာလဲ နယ်ချဲ့နိုင်တာနဲ့အမျှကြီးမားလာတယ်လို့ဆိုနိုင်ပါတယ်။

အပိုလိုနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့အစွမ်းရှိတာဟာ ဗျာဒိတ်ပေးရန် ရွေးကောက်ခံရတဲ့မိန်းကလေးရဲ့ အစွမ်းကြောင့်မဟုတ်ပဲ အဲ့ဒီနားကမြေအက်ကွဲကြောင်းကထွက်တဲ့ Methane ကဲ့သို့ဓါတ်ငွေ့တစ်မျိုးကြောင့်ဖြစ်တယ်လို့ယခုခေတ်ပညာရှင်ဆိုပါတယ်။ ဘုရာကျောင်းဆောက်ပြီး Oracle ရယ်လို့မဖြစ်လာခင်က သိုးထိန်းတစ်ယောက်ဟာ သိုးများလန့်တာကို သတိထားမိပြီး မြေအက်ကွဲကြောင်းနေရာနားကို သွားရင်းဓါတ်ငွေ့ရှုမိကာ ရှေ့ဖြစ်အကြောင်းတွေကိုထူးဆန်းစွာပြောဆိုတယ်လို့ဆိုပါတယ်။ နောက်ပိုင်းဟာ လူတော်တော်များများ အဲ့ဒီမြေအက်ကွဲကြောင်းနားသွားကာ ဓါတ်ငွေ့ရှုကာ စကားများလျှောက်ပြောကြတာများလာပြီးနောက် တစ်ယောက်ကိုသာလျှင် ထိုကဲ့သို့ပြုလုပ်ခွင့်ပေးမည်ဆိုသော စည်းကမ်းဖြစ်လာပါတယ်။ အဲ့လိုနဲ့ပဲ အဲ့ဒီအက်ကြောင်းပေါ်အုပ်ကာ ဂိုင်ရာအတွက် ဘုရားကျောင်းဆောက်ပြီးနောက်ပိုင်း အပိုလိုဟာ သူ့ကိုယ်စား ဗျာဒိတ်ပေးတဲ့သူအလိုရှိတဲ့အတွက် အဲ့နေရာကိုသိမ်းခဲ့တာဖြစ်ပါတယ်။

Delphi ဟာဗျာဒိတ်မပေးခင် ထုံးနည်းအခမ်းအနားများနှင့် ပြင်ဆင်မှုပြုလုပ်ရတယ်လို့ဆိုပါတယ်.. အပိုလို၏ကိုယ်စားပြုသစ်ပင်ဟု သတ်မှတ်သော Laurel/ Bay သစ်ရွက်များကိုစား၊ ဘုရားကျောင်းအတွင်းရှိမွန်မြတ်သောရေအိုင်မှရေကိုသောက်၊ Laurel သစ်ရွက်ဖြင့်ပြုလုပ်သော ခေါင်းဆောင်းကို ဝတ်ကာ မြေအက်ကွဲကြောင်းပေါ်တည့်တည့်ရှိ Laurel အရွက်ဖြင့် ဆင်ယင်ထားသော သုံးချောင်းထောက်ခုံပေါ်တွင် ထိုင်ပြီး ဓါတ်ငွေ့ကိုရှုပါတယ်။ ဓါတ်ငွေ့ရှုပြီး ခဏအကြာ မိန်းမောသလိုဖြစ်ပြီး အသင့်ဖြစ်မှ အခြားဘုန်းကြီးတစ်ပါးက Pythia ကိုမေးမြန်းလိုသူအား အထဲသို့တစ်ဦးချင်း ဦးဆောင်ခေါ်ယူလာတာပါ။ မေးခွန်းမေးတဲအခါ Pythia က လူနားမလည်နိုင်တဲ့စကားမျိုးတွေကို ပြန်ပြောပါတယ်။ ထိုစကားကို မေးမြန်းသူအားဦးဆောင်ခေါ်သွင်းလာခဲ့သော ဘုန်းကြီးမှ ဘာသာပြန်ဆိုပေးပါတယ်။ အဖြေတွေဟာများသောအားဖြင့် နှစ်ခွဖြစ်တဲ့အဖြေမျိုးတွေပါ။ အခြေအနေ အချိန်အခါနဲ့ မိမိဘယ်လို အနက်ကောက်ချင်လဲပေါ်မူတည်ပြီး ဖွင့်ဆိုချက်အနည်းငယ်ကွာခြားနိုင်ပါတယ်။

Delphi ဟာ ဂရိလူမျိုးတို့အင်အားအလွန်ကောင်းနေတဲ့အချိန်ဖြစ်တဲ့ 1600 BC ဝန်းကျင်မှာ လွန်စွာအရှိန်အဝါကြီးခဲ့တယ်လို့ဆိုပါတယ်။ ဂရိတို့ဟာ ထိုအချိန်မှာ မြေထဲပင်လယ်ဒေသနှင့် ပင်လယ်နက်ဒေသတို့ကို သိမ်းပိုက်အောင်မြင်နေတဲ့အချိန်ပါ။ Delphi ဟာ ခရစ်ယာန်ဘာသာအင်အားကောင်းလာမှသာ သူ့ရဲ့အရှိန်အဝါဟာလည်းမှေးမှိန်သွားတာပါ။ အေဒီ ၄ရာစုခန့်ကပြောခဲ့သော Oracle ရဲ့ဗျာဒိတ်တစ်ခုကတော့ ခရစ်ယာန်ဘာသာဟာကြီးထွားလာတာနဲ့အမျှ ဒီဘုရားကျောင်းရဲ့ တန်ခိုးဟာလဲကျဆင်းလာပြီး အပိုလိုနတ်ဘုရားရဲ့ မြင့်မြတ်တဲ့တန်ခိုးအစွမ်းသတ္တိစီးဆင်းမှုကို နှောင့်ယှက်နေတယ်လို့ဆိုပါတယ်။

ရိုမန်အင်ပါယာအင်အားကြီးလာပြီးနောက် Theodosius ဘုရင်ဟာ ခရစ်ယာန်ဘာသာဝင်ဘုရင်အနေနဲ့ လူတွေ ဂရိနတ်ဘုရားများကို ကိုးကွယ်နေတာကို ခွင့်မပြုသင့်ဘူးလို့ ခံယူပြီးအလျှောက်မှာ Delphi ဘုရားကျောင်းကို ပိတ်လိုက်ရန်အမိန့်ချခဲ့ပါတယ်။ Delphi ရဲ့ အာဏာကျဆင်းလာတာဟာ ခရစ်ယာန်ဘာသာသက်သက်ကြောင့်မဟုတ်ပဲ ရှေ့ဖြစ်ဟောတမ်းထုတ်တဲ့နေရာမှာ မရှိမဖြစ်လိုတဲ့ မိန်းမောစေတဲ့ဓါတ်ငွေ့ထွက်အားနည်းလာလို့ လို့လဲကောက်ချက်ဆွဲကြပါတယ်။

ဒါကတော့ တစ်ချိန်က ဩဇာကြီးမားခဲ့တဲ့ The Oracle of Delphi အကြောင်းပါ။ ရှေးခေတ်သမိုင်းကြောင်းနှင့် လူနေမှုအဖွဲ့အစည်းများအကြောင်းကို စိတ်ဝင်စားသူများအနေနဲ့ ဂရိနိုင်ငံဟာ မသွားမဖြစ်သွားသင့်တဲ့ နိုင်ငံများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်

Mr. Myanmar Travel & Tours

Leave a Reply