လူေတြရဲ႕ရင္ထဲက က်င္းႀကီးတစ္က်င္း

Posted on

Via : ၿငိမ္းဆုေဝ

တစ္ခါက လူတစ္ေယာက္ဟာ ျခံ အက်ယ္ႀကီး တစ္ျခံကို ေစ်း သက္သက္ သာသာ နဲ႕ ရခဲ့တယ္။ အေၾကာင္းကေတာ့ ျခံၾကီးရဲ႕ ေထာင့္ တစ္ေနရာမွာ ေျမက်င္းႀကီး အႀကီးႀကီး တစ္ခု ရိွေနတယ္။ အဲဒီအတြက္ ေၾကာင့္ ေစ်းသက္သက္သာသာနဲ႕ ရတာလို႕ အိမ္ျခံေျမ အက်ိဳးေဆာင္က ေျပာခဲ့တယ္။

အိမ္ဝယ္တဲ့ လူကေတာ့ အဆင္ေျပတဲ့ အခ်ိန္ ဒီက်င္းႀကီးကို ေျမျပန္ဖို႕ လိုက္မယ္ဆိုတဲ့ အေတြးနဲ႕ ျခံအက်ယ္ႀကီး ကို ေက်ေက်နပ္နပ္နဲ႕ ဝယ္ခဲ့တယ္။ ဝယ္ျပီး ပထမ တစ္ႏွစ္မွာ အိမ္ေဆာက္ဖို႕ လုပ္ေနရတာနဲ႕ ျခံ ေထာင့္ကက်င္း ႀကီးကို ေျမမဖို႕ နိုင္ခဲ့ဘူး။

ဒုတိယ တစ္ႏွစ္မွာ ျခံ ပိုင္ရွင္ဟာ အိမ္ေထာင္ျပဳ လိုက္တဲ့အတြက္ မဂၤလာ ေဆာင္ စရိတ္ေတြနဲ႕ အကုန္အက် မ်ားသြားလုိ႕ ေျမဖို႕ တဲ့ ကိစၥကို မလုပ္ နိုင္ခဲ့ျပန္ဘူး။

တတိယ နွစ္ေရာက္လို႕ ျခံေထာင့္ကို သြားၾကည့္မိတဲ့အခါ က်င္းထဲကို မိုးေရေတြ ဝင္လို႕ ေရအိုင္ငယ္ေလး တစ္ခု ျဖစ္စျပဳေနျပီ။ ဒါနဲ႕ ျခံပိုင္ရွင္က ဒီ က်င္းကို ေျမ ျမန္ျမန္ ဖို႕ မွ ျဖစ္မယ္လို႕ ေတြးလိုက္မိတယ္။ ဒါေပမယ့္ သူ႕ မိန္းမွာ ကိုယ္ဝန္ ရိွေနျပီဆိုတဲ့ သတင္းကို ၾကားလိုက္ရေတာ့ မိန္းမ အတြက္ ေငြကုန္ေၾကးက်ရိွလာတဲ့အခါ ေျမဖို႕ ဖို႕ မလုပ္နိုင္ခဲ့ျပန္ဘူး။

စတုတၳႏွစ္မွာ ျခံပိုင္ရွင္ဟာ ကေလးေလးရိွလာတဲ့အတြက္ ကေလးအတြက္ အကုန္အက်ေတြ ရိွေနျပန္ေတာ့ ေျမဖို႕ဖို႕ ကိစၥကို ေမ့ေနမိျပန္တယ္။

အိမ္ဝယ္ျပီး ၅ ႏွစ္ေျမာက္တဲ့ အခ်ိန္မွာေတာ့ ျခံပိုင္ရွင္ဟာ မိသားစု တစ္ဖက္ အလုပ္ကိစၥေတြ တစ္ဖက္နဲ႕ သူ႕ ျခံေထာင့္က ေျမက်င္းႀကီး ကိစၥကို လံုးဝ ေမ့သြားခဲ့တယ္။

၆ ႏွစ္ေျမာက္တဲ့ေန႕မွာ ျခံပိုင္ရွင္ အလုပ္မွာ ရိွေနတုန္း မိန္းမ လုပ္တဲ့သူဆီက အေရးႀကီး ဖုန္းဝင္လာခဲ့တယ္။ သူတို႕ရဲ႕ ေတာက္ေတာက္ေျပးတတ္ကာစ ကေလးေလးဟာ အထိန္းမိန္းမ သတိမထားမိလုိက္တဲ့အခ်ိန္ ျခံေထာင့္က ေရကန္ႀကီးထဲ ျပဳတ္က်သြားတယ္ဆိုတဲ့ သတင္းပါ။

သူ႕ အိမ္မွာ ေရကန္မရိွပါဘူးဆိုျပီး မယံုၾကည္နိုင္ျခင္းေတြနဲ႕ အိမ္ကို အေျပး ျပန္လာတဲ့ ျခံပိုင္ရွင္ဟာ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ သူ ေျမဖို႕ ဖို႕ ေမ့ေလ်ာ့ခဲ့တဲ့ ေျမက်င္းႀကီးက သူ႕ ကေလးရဲ႕ အသက္ကို ယူသြားေၾကာင္း သိလိုက္ရပါတယ္။

ခုခ်ိန္မွာေတာ့ မယံုၾကည္နိုင္ျခင္း ဝမ္းနည္း ျခင္းေတြနဲ႕ ငိုေၾကြးရံုကလြဲလို႕ သူ ဘာမွ မလုပ္နိုင္ေတာ့ပါဘူး။

လူေတြရဲ႕ ရင္ထဲမွာ ငါ ဒါေလး လုပ္လိုက္တာ ဘယ္သူမွ သိမွာ မဟုတ္ဘူးဆိုတဲ့ မေကာင္းမႈကို လက္ခံခ်င္တဲ့ က်င္းႀကီးေတြ ရိွေနတတ္ၾကပါတယ္။ လမ္းေဘးမွာ အမႈိုက္ပစ္လိုက္တာကအစ ကိုယ့္ အိပ္ထဲမွားပါလာတဲ့ သူငယ္ခ်င္းရဲ႕ ေဘာပင္ကို ျပန္မေပးတာအဆံုးေပါ့။

အဲဒီက်င္းထဲကို မေကာင္းမႈေတြက မိုးေရစက္ေတြလိုပဲ တစ္ျဖည္းျဖည္း စုစု လာပါတယ္။ မေကာင္းမႈ အကုသိုလ္ ဆိုတာ မီးကို ကိုင္သလုိ အခုကိုင္ အခုပူတာမ်ိဳးမဟုတ္ပဲ စု ထားျပီးမွ ဝဋ္ဆိုတဲ့ တန္ျပန္သက္ေရာက္မႈ ေရာက္လာတတ္တာမ်ိဳးပါ။

ဒီေလာက္ေလး လုပ္တာနဲ႕ေတာ့ ဘာမွ မျဖစ္ပါဘူး။ ဒီကိစၥကေတာ့ ဘယ္သူမွ မသိေလာက္ပါဘူး။ သူမ်ားေတြလဲ လုပ္ေနၾကတာပဲ ငါ တစ္ေယာက္ထဲနဲ႕ေတာ့ ဘာမွ ထူးမသြားပါဘူးဆိုတဲ့ စိတ္နဲ႕ မေကာင္းမႈေတြ လုပ္ရင္း ကိုယ့္ကိုကိုယ္ လိမ္ညာေနမိျပီဆိုရင္ေတာ့ က်င္းထဲမွာ ေရေတြ ဝင္စ ျပဳေနပါျပီ။

အခ်ိန္မွီ ေျမဖို႕ ျပဳျပင္ဖို႕ ေႏွာင့္ေႏွးေနမယ္ဆိုရင္ ကိုယ္တန္ဖိုးထားတဲ့ အရာတစ္ခု ဆံုးရံႈးသြားမွ ေနာင္တရရတဲ့ အျဖစ္မ်ိဳး ႀကံဳေတြ႕ရနိုင္ပါတယ္။

ေနာင္တ အမ်ိဳးမ်ိဳးမွ ကင္းရွင္းနုိင္ၾကပါေစ။


လူတွေရဲ့ရင်ထဲက ကျင်းကြီးတစ်ကျင်း (unicode)

Via : ငြိမ်းဆုဝေ

တစ်ခါက လူတစ်ယောက်ဟာ ခြံ အကျယ်ကြီး တစ်ခြံကို ဈေး သက်သက် သာသာ နဲ့ ရခဲ့တယ်။ အကြောင်းကတော့ ခြံကြီးရဲ့ ထောင့် တစ်နေရာမှာ မြေကျင်းကြီး အကြီးကြီး တစ်ခု ရှိနေတယ်။ အဲဒီအတွက် ကြောင့် ဈေးသက်သက်သာသာနဲ့ ရတာလို့ အိမ်ခြံမြေ အကျိုးဆောင်က ပြောခဲ့တယ်။

အိမ်ဝယ်တဲ့ လူကတော့ အဆင်ပြေတဲ့ အချိန် ဒီကျင်းကြီးကို မြေပြန်ဖို့ လိုက်မယ်ဆိုတဲ့ အတွေးနဲ့ ခြံအကျယ်ကြီး ကို ကျေကျေနပ်နပ်နဲ့ ဝယ်ခဲ့တယ်။
ဝယ်ပြီး ပထမ တစ်နှစ်မှာ အိမ်ဆောက်ဖို့ လုပ်နေရတာနဲ့ ခြံ ထောင့်ကကျင်း ကြီးကို မြေမဖို့ နိုင်ခဲ့ဘူး။

ဒုတိယ တစ်နှစ်မှာ ခြံ ပိုင်ရှင်ဟာ အိမ်ထောင်ပြု လိုက်တဲ့အတွက် မင်္ဂလာ ဆောင် စရိတ်တွေနဲ့ အကုန်အကျ များသွားလို့ မြေဖို့ တဲ့ ကိစ္စကို မလုပ် နိုင်ခဲ့ပြန်ဘူး။

တတိယ နှစ်ရောက်လို့ ခြံထောင့်ကို သွားကြည့်မိတဲ့အခါ ကျင်းထဲကို မိုးရေတွေ ဝင်လို့ ရေအိုင်ငယ်လေး တစ်ခု ဖြစ်စပြုနေပြီ။ ဒါနဲ့ ခြံပိုင်ရှင်က ဒီ ကျင်းကို မြေ မြန်မြန် ဖို့ မှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် သူ့ မိန်းမှာ ကိုယ်ဝန် ရှိနေပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတော့ မိန်းမ အတွက် ငွေကုန်ကြေးကျရှိလာတဲ့အခါ မြေဖို့ ဖို့ မလုပ်နိုင်ခဲ့ပြန်ဘူး။

စတုတ္ထနှစ်မှာ ခြံပိုင်ရှင်ဟာ ကလေးလေးရှိလာတဲ့အတွက် ကလေးအတွက် အကုန်အကျတွေ ရှိနေပြန်တော့ မြေဖို့ဖို့ ကိစ္စကို မေ့နေမိပြန်တယ်။
အိမ်ဝယ်ပြီး ၅ နှစ်မြောက်တဲ့ အချိန်မှာတော့ ခြံပိုင်ရှင်ဟာ မိသားစု တစ်ဖက် အလုပ်ကိစ္စတွေ တစ်ဖက်နဲ့ သူ့ ခြံထောင့်က မြေကျင်းကြီး ကိစ္စကို လုံးဝ မေ့သွားခဲ့တယ်။

၆ နှစ်မြောက်တဲ့နေ့မှာ ခြံပိုင်ရှင် အလုပ်မှာ ရှိနေတုန်း မိန်းမ လုပ်တဲ့သူဆီက အရေးကြီး ဖုန်းဝင်လာခဲ့တယ်။ သူတို့ရဲ့ တောက်တောက်ပြေးတတ်ကာစ ကလေးလေးဟာ အထိန်းမိန်းမ သတိမထားမိလိုက်တဲ့အချိန် ခြံထောင့်က ရေကန်ကြီးထဲ ပြုတ်ကျသွားတယ်ဆိုတဲ့ သတင်းပါ။

သူ့ အိမ်မှာ ရေကန်မရှိပါဘူးဆိုပြီး မယုံကြည်နိုင်ခြင်းတွေနဲ့ အိမ်ကို အပြေး ပြန်လာတဲ့ ခြံပိုင်ရှင်ဟာ အိမ်ပြန်ရောက်တဲ့အချိန်မှာ သူ မြေဖို့ ဖို့ မေ့လျော့ခဲ့တဲ့ မြေကျင်းကြီးက သူ့ ကလေးရဲ့ အသက်ကို ယူသွားကြောင်း သိလိုက်ရပါတယ်။ ခုချိန်မှာတော့ မယုံကြည်နိုင်ခြင်း ဝမ်းနည်း ခြင်းတွေနဲ့ ငိုကြွေးရုံကလွဲလို့ သူ ဘာမှ မလုပ်နိုင်တော့ပါဘူး။

လူတွေရဲ့ ရင်ထဲမှာ ငါ ဒါလေး လုပ်လိုက်တာ ဘယ်သူမှ သိမှာ မဟုတ်ဘူးဆိုတဲ့ မကောင်းမှုကို လက်ခံချင်တဲ့ ကျင်းကြီးတွေ ရှိနေတတ်ကြပါတယ်။ လမ်းဘေးမှာ အမှိုက်ပစ်လိုက်တာကအစ ကိုယ့် အိပ်ထဲမှားပါလာတဲ့ သူငယ်ချင်းရဲ့ ဘောပင်ကို ပြန်မပေးတာအဆုံးပေါ့။

အဲဒီကျင်းထဲကို မကောင်းမှုတွေက မိုးရေစက်တွေလိုပဲ တစ်ဖြည်းဖြည်း စုစု လာပါတယ်။ မကောင်းမှု အကုသိုလ် ဆိုတာ မီးကို ကိုင်သလို အခုကိုင် အခုပူတာမျိုးမဟုတ်ပဲ စု ထားပြီးမှ ဝဋ်ဆိုတဲ့ တန်ပြန်သက်ရောက်မှု ရောက်လာတတ်တာမျိုးပါ။

ဒီလောက်လေး လုပ်တာနဲ့တော့ ဘာမှ မဖြစ်ပါဘူး။ ဒီကိစ္စကတော့ ဘယ်သူမှ မသိလောက်ပါဘူး။ သူများတွေလဲ လုပ်နေကြတာပဲ ငါ တစ်ယောက်ထဲနဲ့တော့ ဘာမှ ထူးမသွားပါဘူးဆိုတဲ့ စိတ်နဲ့ မကောင်းမှုတွေ လုပ်ရင်း ကိုယ့်ကိုကိုယ် လိမ်ညာနေမိပြီဆိုရင်တော့ ကျင်းထဲမှာ ရေတွေ ဝင်စ ပြုနေပါပြီ။

အချိန်မှီ မြေဖို့ ပြုပြင်ဖို့ နှောင့်နှေးနေမယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခု ဆုံးရှုံးသွားမှ နောင်တရရတဲ့ အဖြစ်မျိုး ကြုံတွေ့ရနိုင်ပါတယ်။

နောင်တ အမျိုးမျိုးမှ ကင်းရှင်းနိုင်ကြပါစေ။

Leave a Reply