လူသားမ်ားရန္က ကင္းေဝးေနေသးတဲ့ ကမ႓ာ့ အလွဆံုးေနရာမ်ား

Posted on

Via : သုတၾကယ္စင္

၉။ The forest lake, Russia

႐ုရွားႏိုင္ငံ Tyumen ေဒသ သစ္ေတာတြင္းမွာရွိတဲ့ ေရအိုင္ဟာ သာမန္လူေတြ ေရာက္ရွိလည္ပတ္လို႔ မျဖစ္ႏိုင္တာေၾကာင့္ ယခုထက္တိုင္ ေတာအုပ္အလယ္မွာ လွပစြာ တည္ရွိေနပါတယ္။

အဆိုပါေရအိုင္ဆီကို သြားခ်င္တယ္ဆိုရင္ ေတာအစပ္ကေန ၆-၇ ရက္ေလာက္ လူသူရိကၡာ အျပည့္အစံုနဲ႔သြားမွ ေရာက္ရွိႏိုင္ပါတယ္။ အဲဒါေၾကာင့္ အဲဒီေရအိုင္ရဲ႕ အလွတရားကို ေလယာဥ္မွတဆင့္ ေဝဟင္ကသာ ၾကည့္ရွဳ႕ႏိုင္ပါတယ္။

၈။ Tepui, Venezuela

ေတာင္အေမရိတိုက္ ေျမာက္ပိုင္း ႏိုင္ငံျဖစ္တဲ့ ဗင္နီဇြဲလား Tepui ေဒသမွျပတ္ေရြ႕ ေတာင္တန္းေတြဟာ ယေန႔ထက္တိုင္ လူသားေတြ လာေရာက္ေျခခ်ျခင္းမရွိေသးတဲ့အတြက္ သဘာဝအတိုင္း အလြန္လွပစြာ တည္ရွိေနေသးတဲ့ ကမ႓ာႀကီးရဲ႕ေနရာေဒသ တစ္ခုျဖစ္ပါတယ္။

အလြန္လွပတဲ့ ျပတ္ေရြ႕ေတာင္တန္းေတြရွိတဲ့ အဆိုပါေနရာကို ” Home of the Gods”ဆိုၿပီးေဒသခံ ဗင္နီဇြဲယားေတြက သမုတ္ၾကပါတယ္။

၇။ Honokohau Falls, Maui

အေမရိကန္ျပည္ေထာင္စုရဲ႕ ကမ္းေဝးျပည္နယ္တစ္ခုျဖစ္တဲ့ ဟာဝိုင္အီကၽြန္း Maui မွာရွိတဲ့ ေရတံခြန္ဟာ ကမ႓ာ့အလွဆံုး ေရတံခြန္မ်ားထဲက တစ္ခုျဖစ္ပါတယ္။ ေပ၁၁၀၀ ေလာက္အျမင့္ကေန အဆင့္ဆင့္က်ဆင္းေနတဲ့ ေရတံခြန္လမ္းေၾကာင္းမွာ အၿမဲစိမ္းေနတဲ့ သစ္ေတာမ်ားရွိတာေၾကာင့္ အဲဒီရွဳ႕ခင္းဟာ ျမင္ရတဲ့သူတိုင္းကို ရင္သပ္ရွဳ႕ေမာျဖစ္ေစပါတယ္။

ဒါေပမယ့္ အဲဒီေရတံခြန္ဆီကို ခရီးသြားမ်ားသြားေရာက္လည္ပတ္ဖို႔အတြက္ ဟာဝိုင္အီျပည္နယ္အစိုးရက ခြင့္မျပဳေသးပါဘူး။

၆။ The Amazon rainforest

ကမ႓ာေပၚမွာ အေကာင္းအတိုင္းက်န္ရွိေနေသးတဲ့ အၿမဲစိမ္း မိုးသစ္ေတာေတြရွိတဲ့ ေဒသဟာ ေတာင္အေမရိကတိုက္က အေမဇုန္သစ္ေတာေတြပဲျဖစ္ပါတယ္။ ေန႔စဥ္သစ္ေတာျပဳန္းတီးမွဳ႕ဟက္တာ သိန္းခ်ီရွိေနေပမဲ့ အခုထက္ထိ အေမဇုန္ေတာရဲ႕ အတြင္းပိုင္းထဲကို လူေတြသြားေရာက္ ႏိုင္ျခင္းမရွိေသးပါဘူး။

ၾကမ္းတမ္းလြန္းလွတဲ့ ရာသီဥတုနဲ႔ သားရဲတိရိစၧာန္မ်ားရဲ႕ အႏၲာရာယ္အျပင္ ၊ ႐ိုင္းစိုင္းလြန္းလွတဲ့ လူ႐ိုင္းမ်ိဳးႏြယ္စုေတြ ရွင္သန္ေနထိုင္ၾကတာေၾကာင့္ျဖစ္ပါတယ္။ အဲဒါေၾကာင့္ လူေတြ မေတြ႕မျမင္ရေသးတဲ့ သဘာဝရဲ႕ အလွတရားေတြဟာ အေမဇုန္ေတာတြင္းမွာ အေျမာက္အမ်ားပဲ လူားတို႔ရဲ႕ အေႏွာက္အယွက္ ကင္းစြာ တည္ရွိေနၾကပါတယ္။

၅။ Gangkhar Puensum, Bhutan

တိဗက္ကုန္းျမင့္၊ ဟိမဝႏၲာ ေတာင္တန္းေတြနဲ႔ ဆက္စပ္ေနတဲ့ ဘူတန္ႏိုင္ငံ ေျမာက္ဘက္ျခမ္းက Gangkhar Puensum ႏွင္းေတာင္တန္းေတြဟာ သူတို႔ရဲ႕ အလွတရားေၾကာင့္ ကမ႓ာေက်ာ္ပါတယ္။

ဒါေပမယ့္ အနီးအနားဝင္းက်င္မွာ လူေနထိုင္တဲ့ ရြာေတြ ၊ ခရီးေထာက္စခန္းေတြ မရွိတဲ့ အတြက္ အလည္အပတ္ခရီးသြားဖို႔ မျဖစ္ႏိုင္ေသးပါဘူး။

၄။ Tsingy de Bemaraha, the ’stone forest’ of Madagascar

အာဖရိကေတာင္ပိုင္း မာဒါဂတ္စကာကၽြန္းမွာ တည္ ရွိတဲ့ ေက်ာက္တံုးသစ္ေတာဟာ အလြန္လွပတဲ့ ကမ႓ာႀကီးရဲ႕ သဘာဝအလွတစ္ခုပါ။ လြန္ခဲ့တဲ့ႏွစ္သန္းေပါင္းမ်ားစြာကတည္းက ေရေအာက္မီးေတာင္ကၽြန္းစုမ်ားေပါက္ကြဲမွဳ႕ေၾကာင့္ ေရေပၚကၽြန္းတစ္ခုျဖစ္လာတဲ့ မာဒါဂတ္စကာ ကၽြန္းရဲ႕ အတြင္းပိုင္းက်က်မွာတည္ရွိေနတဲ့ ထံုးေက်ာက္ လွိဳေျမာင္ ခ်ိဳင့္ဝွမ္းတစ္ခုျဖစ္ပါတယ္။

ႏွစ္ေပါင္းသန္းခ်ီ မိုးေရတိုက္စားခံရမွဳ႕ေၾကာင့္ အတြင္း ထံုးေက်ာက္တန္းမ်ားသာ က်န္ရွိေတာ့တဲ့ အဆိုပါထံုးေက်ာက္ သစ္ေတာဟာ ခရီးသြားေတြ သြားေရာက္ဖို႔အတြက္ အလြန္ၾကမ္းတမ္းလြန္းလွပါတယ္။

ေစာက္နက္တဲ့ ေခ်ာက္ေတြဟာ ေပ၂၀၀ ေလာက္နက္ၿပီး ဝကၤပါလိုရွဳပ္ေထြးလွတဲ့ ထံုးေက်ာက္လွိဳဏ္ဂူေတြျပည့္ေနပါတယ္။ အဲဒါေၾကာင့္လူသားေတြရဲ႕ဖ်က္ဆီးမွဳ႕ဒဏ္ကင္းေဝးၿပီး သဘာဝအတိုင္းလွပစြာ တည္ရွိေနပါတယ္။

၃။ Kerguelen Islands

ကမ႓ာ့ကုန္းေျမတိုက္ႀကီးမ်ားနဲ႔ အလွမ္းေဝးလွ ေတာင္ပိုင္း သမုဒၵရာ ကၽြန္းစု မ်ားျဖစ္တဲ့ Kerguelen Islands ေတြဟာ ထူးဆန္းအံ့ၾသဖြယ္ရာ သဘာဝ အလွတရားေတြ တည္ရွိေနတဲ့ ကမ႓ာ့ေနရာေဒသျဖစ္ပါတယ္။

ျပင္သစ္ကိုလိုနီ ျဖစ္ခဲ့ဖူးတဲ့ အဆိုပါကၽြန္းစုဟာ လူေနထိုင္မွဳ႕က်ဲပါးၿပီး ကမ႓ာ့အျခားေနရာေဒသမ်ားနဲ႔ ဆက္သြယ္ေရး အလြန္ခက္ခဲလွပါတယ္။

အဲဒါေၾကာင့္ ခရီးသြားလုပ္ငန္းအတြက္ အေျခခံအေဆာက္အဦးမ်ား တည္ေဆာက္ႏိုင္ျခင္းမရွိတာေၾကာင့္ ကမ႓ာလွည့္ခရီးသြားေတြ သြားေရာက္လည္ပတ္မႈ့အလြန္နည္းပါးလွပါတယ္။ ဒါေပမယ့္အဲဒီကၽြန္းစုေတြရဲ႕ အလွတရားကေတာ့ ကမ႓ာေက်ာ္လွပါတယ္။

၂။ Rock Islands, Palau

ဖီလစ္ပိုင္ကၽြန္းစု ေတြရဲ႕ အေရွ႕ဘက္မွာ သီးျခားတည္ရွိေနတဲ့Rock Islands, Palau ဟာ အလြန္လွပတဲ့ ေရေပၚေရေအာက္ရွဳ႕ခင္းမ်ားရဲ႕ အဏၰဝါ အလွတရားေၾကာင့္ အလြန္ေက်ာ္ၾကားလွပါတယ္။

ဒါေပမယ့္ သြားလာေရး နဲ႔ ဆက္သြယ္ေရး ခက္ခဲမွဳ႕ေတြေၾကာင့္ ခရီးသြားလုပ္ငန္းေတြဟာ အဆိုပါကၽြန္းစုေတြကို လက္ေရွာင္ေလ့ရွိတဲ့အတြက္ ယခုထက္တိုင္ ပံုစံမပ်က္ သဘာဝအတိုင္းလွပစြာ တည္ရွိေနပါတယ္။

၁။ Dallol, Ethiopia

ကမ႓ာ့အလွဆံုး လူေနထိုင္လို႔မရတဲ့ ကႏၲာရတစ္ခု လုိျဖစ္ေနပါတယ္။ အာဖရိကတိုက္ အီသီယိုးပီးယား ႏိုင္ငံမွာတည္ရွိပါတယ္။

သိပ္သည္းဆျပင္းထန္လွတဲ့ အယ္ကာလိုင္း ဆားဓာတ္ေတြျပည့္ေနတဲ့ အဆိုပါေနရာေဒသဟာ သာမာန္သက္ရွိေတြ ေနထိုင္ရွင္သန္ဖို႔အတြက္ သင့္ေတာ္မွဳ႕မရွိပါဘူး။

ဆားေပါက္ေနတဲ့ ေရအိုင္ငယ္ေတြ မ်ားစြာရွိၿပီး ဒီေဒသရဲ႕ေျမမ်က္ႏွာသြင္ျပင္ဟာ ၾကာသပေတးၿဂိဳလ္ ဂ်ဴပီတာရဲ႕ မ်က္ႏွာျပင္နဲ႔ ဆင္တယ္လို႔ သိပၸံပညာရွင္မ်ားက ဆိုပါတယ္။ ဘာပဲေျပာေျပာ လွတာကေတာ့ ေတာ္ေတာ္လွတဲ့ေနရာလို႔ေျပာရပါလိမ့္မယ္။


လူသားများရန်ကကင်းဝေးနေသေးတဲ့ ကမ႓ာ့ အလှဆုံးနေရာများ (unicode)

The forest lake, Russia

ရုရှားနိုင်ငံ Tyumen ဒေသ သစ်တောတွင်းမှာရှိတဲ့ ရေအိုင်ဟာ သာမန်လူတွေ ရောက်ရှိလည်ပတ်လို့ မဖြစ်နိုင်တာကြောင့် ယခုထက်တိုင် တောအုပ်အလယ်မှာ လှပစွာ တည်ရှိနေပါတယ်။ အဆိုပါရေအိုင်ဆီကို သွားချင်တယ်ဆိုရင် တောအစပ်ကနေ ၆-၇ ရက်လောက် လူသူရိက္ခာ အပြည့်အစုံနဲ့သွားမှ ရောက်ရှိနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီရေအိုင်ရဲ့ အလှတရားကို လေယာဉ်မှတဆင့် ဝေဟင်ကသာ ကြည့်ရှု့နိုင်ပါတယ်။

Tepui, Venezuela

တောင်အမေရိတိုက် မြောက်ပိုင်း နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလား Tepui ဒေသမှပြတ်ရွေ့ တောင်တန်းတွေဟာ ယနေ့ထက်တိုင် လူသားတွေ လာရောက်ခြေချခြင်းမရှိသေးတဲ့အတွက် သဘာဝအတိုင်း အလွန်လှပစွာ တည်ရှိနေသေးတဲ့ ကမ႓ာကြီးရဲ့နေရာဒေသ တစ်ခုဖြစ်ပါတယ်။ အလွန်လှပတဲ့ ပြတ်ရွေ့တောင်တန်းတွေရှိတဲ့ အဆိုပါနေရာကို ” Home of the Gods”ဆိုပြီးဒေသခံ ဗင်နီဇွဲယားတွေက သမုတ်ကြပါတယ်။

Honokohau Falls, Maui

အမေရိကန်ပြည်ထောင်စုရဲ့ ကမ်းဝေးပြည်နယ်တစ်ခုဖြစ်တဲ့ ဟာဝိုင်အီကျွန်း Maui မှာရှိတဲ့ ရေတံခွန်ဟာ ကမ႓ာ့အလှဆုံး ရေတံခွန်များထဲက တစ်ခုဖြစ်ပါတယ်။ ပေ၁၁၀၀ လောက်အမြင့်ကနေ အဆင့်ဆင့်ကျဆင်းနေတဲ့ ရေတံခွန်လမ်းကြောင်းမှာ အမြဲစိမ်းနေတဲ့ သစ်တောများရှိတာကြောင့် အဲဒီရှု့ခင်းဟာ မြင်ရတဲ့သူတိုင်းကို ရင်သပ်ရှု့မောဖြစ်စေပါတယ်။ ဒါပေမယ့် အဲဒီရေတံခွန်ဆီကို ခရီးသွားများသွားရောက်လည်ပတ်ဖို့အတွက် ဟာဝိုင်အီပြည်နယ်အစိုးရက ခွင့်မပြုသေးပါဘူး။

The Amazon rainforest

ကမ႓ာပေါ်မှာ အကောင်းအတိုင်းကျန်ရှိနေသေးတဲ့ အမြဲစိမ်း မိုးသစ်တောတွေရှိတဲ့ ဒေသဟာ တောင်အမေရိကတိုက်က အမေဇုန်သစ်တောတွေပဲဖြစ်ပါတယ်။
နေ့စဉ်သစ်တောပြုန်းတီးမှု့ဟက်တာ သိန်းချီရှိနေပေမဲ့ အခုထက်ထိ အမေဇုန်တောရဲ့ အတွင်းပိုင်းထဲကို လူတွေသွားရောက် နိုင်ခြင်းမရှိသေးပါဘူး။ ကြမ်းတမ်းလွန်းလှတဲ့ ရာသီဥတုနဲ့ သားရဲတိရိစ္ဆာန်များရဲ့ အန္တာရာယ်အပြင် ၊ ရိုင်းစိုင်းလွန်းလှတဲ့ လူရိုင်းမျိုးနွယ်စုတွေ ရှင်သန်နေထိုင်ကြတာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေ မတွေ့မမြင်ရသေးတဲ့ သဘာဝရဲ့ အလှတရားတွေဟာ အမေဇုန်တောတွင်းမှာ အမြောက်အများပဲ လူားတို့ရဲ့ အနှောက်အယှက် ကင်းစွာ တည်ရှိနေကြပါတယ်။

Gangkhar Puensum, Bhutan

တိဗက်ကုန်းမြင့်၊ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ ဘူတန်နိုင်ငံ မြောက်ဘက်ခြမ်းက Gangkhar Puensum နှင်းတောင်တန်းတွေဟာ သူတို့ရဲ့ အလှတရားကြောင့် ကမ႓ာကျော်ပါတယ်။ ဒါပေမယ့် အနီးအနားဝင်းကျင်မှာ လူနေထိုင်တဲ့ ရွာတွေ ၊ ခရီးထောက်စခန်းတွေ မရှိတဲ့ အတွက် အလည်အပတ်ခရီးသွားဖို့ မဖြစ်နိုင်သေးပါဘူး။

Tsingy de Bemaraha, the ’stone forest’ of Madagascar

အာဖရိကတောင်ပိုင်း မာဒါဂတ်စကာကျွန်းမှာ တည်
ရှိတဲ့ ကျောက်တုံးသစ်တောဟာ အလွန်လှပတဲ့ ကမ႓ာကြီးရဲ့ သဘာဝအလှတစ်ခုပါ။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက ရေအောက်မီးတောင်ကျွန်းစုများပေါက်ကွဲမှု့ကြောင့် ရေပေါ်ကျွန်းတစ်ခုဖြစ်လာတဲ့ မာဒါဂတ်စကာ ကျွန်းရဲ့ အတွင်းပိုင်းကျကျမှာတည်ရှိနေတဲ့ ထုံးကျောက် လှိုမြောင် ချိုင့်ဝှမ်းတစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်းသန်းချီ မိုးရေတိုက်စားခံရမှု့ကြောင့် အတွင်း ထုံးကျောက်တန်းများသာ ကျန်ရှိတော့တဲ့ အဆိုပါထုံးကျောက် သစ်တောဟာ ခရီးသွားတွေ သွားရောက်ဖို့အတွက် အလွန်ကြမ်းတမ်းလွန်းလှပါတယ်။ စောက်နက်တဲ့ ချောက်တွေဟာ ပေ၂၀၀ လောက်နက်ပြီး ဝင်္ကပါလိုရှုပ်ထွေးလှတဲ့ ထုံးကျောက်လှိုဏ်ဂူတွေပြည့်နေပါတယ်။ အဲဒါကြောင့်လူသားတွေရဲ့ဖျက်ဆီးမှု့ဒဏ်ကင်းဝေးပြီး သဘာဝအတိုင်းလှပစွာ တည်ရှိနေပါတယ်။

Kerguelen Islands

ကမ႓ာ့ကုန်းမြေတိုက်ကြီးများနဲ့ အလှမ်းဝေးလှ တောင်ပိုင်း သမုဒ္ဒရာ ကျွန်းစု များဖြစ်တဲ့ Kerguelen Islands တွေဟာ ထူးဆန်းအံ့ဩဖွယ်ရာ သဘာဝ အလှတရားတွေ တည်ရှိနေတဲ့ ကမ႓ာ့နေရာဒေသဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အဆိုပါကျွန်းစုဟာ လူနေထိုင်မှု့ကျဲပါးပြီး ကမ႓ာ့အခြားနေရာဒေသများနဲ့ ဆက်သွယ်ရေး အလွန်ခက်ခဲလှပါတယ်။ အဲဒါကြောင့် ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အဦးများ တည်ဆောက်နိုင်ခြင်းမရှိတာကြောင့် ကမ႓ာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်မှု့အလွန်နည်းပါးလှပါတယ်။ ဒါပေမယ့်အဲဒီကျွန်းစုတွေရဲ့ အလှတရားကတော့ ကမ႓ာကျော်လှပါတယ်။

Rock Islands, Palau

ဖီလစ်ပိုင်ကျွန်းစု တွေရဲ့ အရှေ့ဘက်မှာ သီးခြားတည်ရှိနေတဲ့Rock Islands, Palau ဟာ အလွန်လှပတဲ့ ရေပေါ်ရေအောက်ရှု့ခင်းများရဲ့ အဏ္ဏဝါ အလှတရားကြောင့် အလွန်ကျော်ကြားလှပါတယ်။ ဒါပေမယ့် သွားလာရေး နဲ့ ဆက်သွယ်ရေး ခက်ခဲမှု့တွေကြောင့် ခရီးသွားလုပ်ငန်းတွေဟာ အဆိုပါကျွန်းစုတွေကို လက်ရှောင်လေ့ရှိတဲ့အတွက် ယခုထက်တိုင် ပုံစံမပျက် သဘာဝအတိုင်းလှပစွာ တည်ရှိနေပါတယ်။

Dallol, Ethiopia

ကမ႓ာ့အလှဆုံး လူနေထိုင်လို့မရတဲ့ ကန္တာရတစ်လုဖြစ်ပါတယ်။ အာဖရိကတိုက် အီသီယိုးပီးယား နိုင်ငံမှာတည်ရှိပါတယ်။ သိပ်သည်းဆပြင်းထန်လှတဲ့ အယ်ကာလိုင်း ဆားဓာတ်တွေပြည့်နေတဲ့ အဆိုပါနေရာဒေသဟာ သာမာန်သက်ရှိတွေ နေထိုင်ရှင်သန်ဖို့အတွက် သင့်တော်မှု့မရှိပါဘူး။ ဆားပေါက်နေတဲ့ ရေအိုင်ငယ်တွေ များစွာရှိပြီး ဒီဒေသရဲ့မြေမျက်နှာသွင်ပြင်ဟာ ကြာသပတေးဂြိုလ် ဂျူပီတာရဲ့ မျက်နှာပြင်နဲ့ ဆင်တယ်လို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။ ဘာပဲပြောပြော လှတာကတော့ တော်တော်လှတဲ့နေရာလို့ပြောရပါလိမ့်မယ်။

Leave a Reply