တစ္​ဦးတည္​း​ေသာ အမ်ိဳးသမီး ႐ွမ္​း​ေစာ္​ဘြား (သို႔) စဝ္နန္းတစ္ထီလာ

Posted on

Post By Ko Kyel Sin

စဝ္နန္းတစ္ထီလာ ​ေခၚ ​စဝ္နန္းဒိပ္​ဓိဋာသည္​ ႐ွမ္​းျပည္​နယ္​၏ တစ္​ဦးတည္​း​ေသာ ႐ွမ္​းအမ်ိဳးသမီး ​​ေစာ္​ဘြား ျဖစ္​သည္​။ ​စဝ္နန္းတစ္​ထီလာ ဟူသည္​မွာ အမ​်ားက ​ေခၚ​ေဝၚ​ေန​ေသာ အမည္​ ျဖစ္​သည္​။ ​စဝ္နန္းတစ္ထီလာ ကို ႐ွမ္​းဘာသာျဖင္​့ စဝ္နန္းဒိပ္​ဓိဋာဟု ​ေခၚသည္​။ ယင္​း​ေဝါဟာရသည္​ ပါဠိ​ေဝါဟာရ ​”ေဒဝဓိတာ” မွ ဆင္​းသက္​​ေသာ နတ္​သမီးဟု အနက္​ရသည္​။

​စဝ္နန္းတစ္ထီလာသည္​ က်ိဳင္​းတံု​ေစာ္​ဘြားႀကီး ​စဝ္က်ိဳးခိုင္​၏ တစ္​ဦးတည္​း​ေသာ သမီး ျဖစ္​သည္​။ ​ေစာ္​ဘြား ဆိုသည္​မွာ ​ေျမ႐ွင္​ပ​ေဒသရာဇ္​ျဖစ္​ၿပီး သားစဥ္​​ေျမးဆက္​ အ႐ိုက္​အရာ ဆက္​ခံၾကသည္​။ အုပ္​ခ်ဳပ္​​ေရး အႀကီးအကဲ ရာထူး ျဖစ္​သည္​။ က်ိဳင္​းတံု​ေစာ္​ဘြားမ်ားသည္​ ၁၉ ရာစု ​ေႏွာင္​းပိုင္​းအထိ မင္​းမ်ားအျဖစ္​ ျပည္​နယ္​တြင္​ တစ္​ထီးတစ္​နန္​း ထူ​ေထာင္​ခဲ့သူမ​်ား ျဖစ္​သည္​။

​စဝ္နန္းတစ္ထီလာ၏ ​ေမြးခ်င္​း​ေနာင္​​ေတာ္​မွာ ​စဝ္ေကာင္​ခမ္​းဖူး ျဖစ္​ၿပီး ​ေမာင္​​ေတာ္​မွာ ​စဝ္ေကာ္​န္​​ေက်ာက္​အင္​းထလိုင္​း ျဖစ္​သည္​။ ​ေစာနန္​းတစ္​ထီလာကို ခရစ္​ႏွစ္​ ၁၈၇၁ တြင္​ ဖြားျမင္​ခဲ့သည္​။ သူမ အသက္​ ၁၆ ႏွစ္​အရြယ္​ ၁၈၈၇ ခုႏွစ္​တြင္​ ခမည္​း​ေတာ္​ က်ိဳင္​း​တံု​ေစာ္​ဘြားႀကီး ကံကုန္​ခဲ့သည္​။

စဝ္နန္းတစ္ထီလာသည္​ မိန္​းမသားပင္​ ျဖစ္​​ေသာ္​လည္​း ျမင္​းစီး​ေတာ္​၍ အတိုက္​အခိုက္​ အလြန္​ ဝါသနာထံုသျဖင္​့ က်ိဳင္​းရံုးႀကီး စစ္​မ်က္​ႏွာအထိ လိုက္​သြားခဲ့ဖူးသည္​။ ​ေယာက်္​ားမ်ား ပီး​ေဆးထိုးသည္​ကို သူလည္​း လိုက္​ထိုးသည္​။ သူ၏ လက္​​ေမာင္​း ႏွစ္​ဘက္​စလံုးတြင္​ စက္​အင္​း အမ်ားအျပား ျမႇဳပ္​ႏွံထားသည္​။ သူသည္​ မိန္​းမသား ျဖစ္​​ေသာ္​လည္​း ​ေယာက်္​ားမ်ားကဲ့သို႔ ရဲစြမ္​းသတၱိ ျပည္​့စံုသူ ျဖစ္​သည္​။ အုပ္​ခ်ဳပ္​​ေရးပညာ ကြၽမ္​းက်င္​သည္​။

​စဝ္နန္းတစ္ထီလာသည္​ ​ေနာင္​​ေတာ္​ျဖစ္​သူ ​စဝ္​ေကာင္​ခမ္​းဖူး က်ိဳင္​းတံု​ေစာ္​ဘြား ျဖစ္​စဥ္​အခါက မစၥတာ ​ေဂ်​ေဂ်ာ့စ​ေကာ့ (J. George Scott) သည္​ အဂၤလိပ္​စစ္​တပ္​ကို ​ေခါင္​း​ေဆာင္​၍ က်ိဳင္​းတံုသို႔ ​ေရာက္​လာ၏။ ​ေဂ်ာ့စ​ေကာ့ႏွင္​့ က်ိဳင္​းတံု​ေစာ္​ဘြား ​ေစာ​ေကာင္​ခမ္​းဖူးတို႔ မၾကာခဏ ျပႆနာတက္​​ေလ့႐ွိသည္​။

​ေစာ​ေကာင္​ခမ္​းဖူး၏ ညီမ​ေတာ္​ ​စဝ္နန္းတစ္ထီလာသည္​ အပ်ိဳ​ေတာ္​မ်ား ျခံရံလ်က္​ အဂၤလိပ္​ စစ္​စခန္​းသို႔ သြား​ေရာက္​စံုစမ္​း ​ေမးျမန္​း​ေလ့႐ွိသည္​။ တစ္​ညတြင္​ စဝ္နန္းတစ္ထီလာသည္​ အ​ေႁခြအရံတို႔ ျခံရံလ်က္​ ​ေနာင္​​ေတာ္​အား အသိမ​ေပးဘဲ ​ေဂ်ာ့စ​ေကာ့တို႔ တည္​ခင္​း​ေကြၽး​ေမြး​ေသာ ညစာစားပြဲသို႔ တက္​​ေရာက္​ရန္​ အဂၤလိပ္​ စစ္​စခန္​းသို႔ သြား​ေရာက္​ခဲ့သည္​။

ထိုညတြင္​ပင္​ က်ိဳင္​းတံု​ေစာ္​ဘြား ​ေစာ​ေကာင္​ခမ္​းဖူးသည္​ ႐ုပ္​ဖ်က္​၍ မိမိ၏ ရဲမက္​ဗိုလ္​ပါမ်ားကို ​ေခၚ​ေဆာင္​ၿပီးလ်ွင္​ အဂၤလိပ္​စစ္​တပ္​ကို တိုက္​ခိုက္​ရန္​ ခ်ီတက္​ခဲ့သည္​။ စစ္​စခန္​းသို႔​ေရာက္​လ်ွင္​ က်ိဳင္​းတံု​ေစာ္​ဘြား၏ တပ္​မ်ားက အဂၤလိပ္​စစ္​တပ္​အား ဝိုင္​းရံထားသည္​ကို ​စဝ္နန္းတစ္ထီလာ၏ အတြင္​းလူယံုမ်ားမွတစ္​ဆင္​့ သိ႐ွိသြား​ေသာအခါ မိမိမကယ္​လ်ွင္​ ၿမိဳ႕လယ္​​ေခါင္​တြင္​ အ​ေရး​ေတာ္​ပ​ံုႀကီး ျဖစ္​​ေပၚလာမည္​ကို စိုး၍ ခ်က္​ခ်င္​းပင္​ ​ေဂ်ာ့စ​ေကာ့ကို ​ေခၚ​ေဆာင္​သြားသည္​့အတြက္​ လြတ္​​ေျမာက္​သြားခဲ့ရသည္​။

က်ိဳင္​းတံု​ေစာ္​ဘြားႀကီး ​စဝ္​ေကာင္​ခမ္​းဖူးသည္​ ၁၈၉၅ ခုႏွစ္​တြင္​ ကံကုန္​ခဲ့ရာ ထိုအခ်ိန္​က ​ေစာ္​ဘြားအ႐ိုက္​အရာကို ဆက္​ခံမည္​့ သူ႔ညီ​ေတာ္​ ​ေစာ​ေက်ာက္​အင္​းထလိုင္​းမွာ ​ေစာ္​ဘြားျဖစ္​ရန္​ အသက္​ မျပည္​့​ေသးသျဖင္​့ အစ္​မ​ေတာ္​ ​စဝ္နန္းတစ္ထီလာက ​ေစာ္​ဘြားကိုယ္​စား က်ိဳင္​းတံု​ေစာ္​ဘြားအျဖစ္​ ​ေခတၱ အုပ္​ခ်ဳပ္​​ေပးခဲ့ရသည္​။

(၂)ႏွစ္​ၾကာ၍ ​ေမာင္​​ေတာ္​ နန္​းတက္​ၿပီးမွသာ ​စဝ္နန္းတစ္ထီလာ သည္​ က်ိဳင္​းခမ္​း​ေစာ္​ဘြားႏွင္​့ လက္​ထပ္​ၿပီး က်ိဳင္​းခမ္​းၿမိဳ႕သို႔ သြား​ေရာက္​ ​ေနထိုင္​သည္​။ က်ိဳင္​းခမ္​း​ေစာ္​ဘြားႏွင္​့ ​စဝ္ေဟာင္​းခမ္​း အမည္​႐ွိ သားတစ္​​ေယာက္​ ထြန္​းကားခဲ့သည္​။ ထို႔​ေနာက္​ ​စဝ္နန္​းတစ္​ထီလာသည္​ က်ိဳင္​းခမ္​း​ေစာ္​ဘြားအား ခြဲခြာ၍ က်ိဳင္​းတံုတြင္​ လာ​ေရာက္​ ​ေနထိုင္​သည္​။ သား​ေတာ္​ အသက္​ (၁၁)ႏွစ္​ အရြယ္​တြင္​ က်ိဳင္​းခမ္​း​ေစာ္​ဘြားႀကီး ကံကုန္​ခဲ့ရာ က်ိဳင္​းခမ္​းနယ္​တြင္​ အုပ္​ခ်ဳပ္​သူမ႐ွိ ျဖစ္​​ေန​ေသာ​ေၾကာင္​့ ​စဝ္နန္းတစ္ထီလာသည္​ (၁၁)ႏွစ္​ၾကာ အမ်ိဳးသမီး​ေစာ္​ဘြားအျဖစ္​ အုပ္​ခ်ဳပ္​​ေပးခဲ့ရသည္​။

သူမ က်ိဳင္​းခမ္​းနယ္​ကို ​ေစာ္​ဘြားအျဖစ္​ အုပ္​ခ်ဳပ္​စဥ္​အခါက ၿဗိတိသ်ွဘုရင္​မႀကီး ဝိတိုရိယ အိႏၵိယသို႔ တိုင္​းခမ္​းလွည္​့လည္​ ​ေရာက္​႐ွိစဥ္​ ​စဝ္နန္းတစ္ထီလာ ကို ​ေဒလီမင္​းပြဲသို႔ ဖိတ္​ၾကားခဲ့၍ တက္​​ေရာက္​ခဲ့ရ​ေသးသည္​။

စဝ္နန္းတစ္ထီလာသည္​ သား​ေတာ္​ အရြယ္​​ေရာက္​လ်ွင္​ သူ႔ဖခင္​ အ႐ိုက္​အရာျဖစ္​သည္​့ က်ိဳင္​းခမ္​း​ေစာ္​ဘြား ရာထူးကို ဆက္​ခံ​ေစ၏။ သို႔​ေသာ္​လည္​း သား​ေတာ္​သည္​ အ​ေျမာ္​အျမင္​ မ႐ွိဘဲ သတိလက္​လြတ္​ျဖစ္​ကာ အိမ္​​ေတာ္​အမႈထမ္​း တစ္​ဦးကို ​ေသနတ္​ျဖင္​့ ပစ္​သတ္​ခဲ့သည္​။ ဤတြင္​ သူသည္​ ​ေစာ္​ဘြားရာထူးမွ အခ်ခံရသည္​။ သူ၏ က်ိဳင္​းခမ္​းျပည္​နယ္​ကိုလည္​း မိုးနဲ​ေစာ္​ဘြား ပိုင္​နက္​ထဲသို႔ ပူး​ေပါင္​း သြတ္​သြင္​းလိုက္​သည္​။

က်ိဳင္​းခမ္​း​ေစာ္​ဘြား​ေဟာင္​းကို ​ေတာင္​ႀကီးသို႔ပို႔၍ ပင္​စင္​အနည္​းငယ္​​ေပးကာ ​ေနထိုင္​​ေစသည္​။ သူသည္​ သားသမီးမ်ားစြာ ထြန္​းကားသည္​။ အႀကီးဆံုးသားမွာ ​စဝ္သီဟ ျဖစ္​ၿပီး အသက္​ (၂၀)အရြယ္​တြင္​ ဘိုး​ေလး အင္​ထလိုင္​း၏ သား က်ိဳင္​းတံု​ေစာ္​ဘြားကို ​ေသနတ္​ျဖင္​့ ပစ္​သတ္​သည္​။ သို႔ျဖစ္​ရာ ​စဝ္သီဟသည္​ သူ႔အ​ေဖ၏ ဝမ္​းကြဲအစ္​ကိုကို သတ္​သူအျဖစ္​ ရာဇဝင္​တြင္​သြားခဲ့သည္​။

​ေမာရစ္​​ေကာလစ္​က သူ၏စာအုပ္​ “Lords of the Sunset” စာအုပ္​၌ စဝ္နန္​းတစ္​ထီလာႏွင္​့ ပတ္​သက္​၍ ဤသို႔ ​ေရးသားထား​ေလသည္​။

“​ေနာက္​ဆံုး​ေတာ့ ထင္​႐ွား ​ေက်ာ္​ၾကားသည္​့ တစ္​ထီလာကို ကြၽန္​​ေတာ္​ ​ေတြ႔ခဲ့ရသည္​။ သူမသည္​ ​ေသးသြယ္​ၾကံဳလွီၿပီး ​ေ႐ွးဆန္​သည္​့ အဘြားႀကီး တစ္​​ေယာက္​အသြင္​ ​ေတြ႔ရသည္​။ ​ေခါင္​း​ေပါင္​းႀကီး​ေအာက္​တြင္​ မ်က္​ႏွာမွာ အ​ေရးအ​ေၾကာင္​းမ်ား ထင္​​ေနၿပီး ပါး​ေရမ်ား တြန္​႔လိပ္​​ေနၿပီ ျဖစ္​သည္​။ မ်က္​လံုးအစံုမွာ စူး႐ွ​ေတာက္​​ေျပာင္​သည္​။ ဝရန္​တာ​ေပၚသို႔ သူ တျဖည္​းျဖည္​း တက္​လာသည္​။ သူ႔အသက္​သည္​ ၆၉ ႏွစ္​ ႐ွိၿပီျဖစ္​ရာ အနည္​းငယ္​ ဖင့္​သည္​။ ဝရန္​တာ​ေပၚသို႔ အမ်ိဳးသမီး​ေလး တစ္​​ေယာက္​က တြဲပို႔ရသည္​။ အတြင္​းမွာ သား​ေမြးခံ၍ ခ်ဳပ္​ထားသည္​့ ႐ွမ္​းအက်ႌကို ဝတ္​ထားသည္​။ ယင္​း​ေအာက္​တြင္​ သစ္​အယ္​သီး​ေရာင္​ ပိုးအက်ႌ ႐ွိသည္​။

လက္​ဖက္​ရည္​စားပြဲမွာ သူထိုင္​သည္​။ ကြၽန္​​ေတာ္​တို႔အားလံုး ဗမာစကားျဖင္​့ ​ေျပာၾကသည္​။ ခဏ​ေလး အတြင္​းမွာပင္​ သူ႔အ​ေၾကာင္​းကို ကြၽန္​​ေတာ္​ သိခဲ့ရသည္​။ ​ေစာ​ေစာက ၾကားထားသည္​တို႔ ပ်က္​ျပယ္​သြားၿပီး စ႐ိုက္​မွန္​ ​ေပၚလာသည္​။ အလြန္​ဉာဏ္​ႀကီးၿပီး ထက္​ျမက္​သည္​မွာ ထင္​႐ွားသည္​။ သြက္​လက္​သည္​။ အားမာန္​အျပည္​့႐ွိသည္​။ အသက္​ႀကီးၿပီမို႔ စိတ္​ဓာတ္​က်၍ မသြား။ စကား​ေျပာလ်ွင္​ ဟန္​အမူအရာ အျပည္​့ပါသည္​။ စိတ္​အားထက္​သန္​စြာ ​ေျပာသည္​။ ျမန္​လည္​းျမန္​သည္​။ အ​ေရာင္​လက္​​ေနသည္​့ မ်က္​လံုးႏွင္​့ ႐ွံု႕တြဝင္​းပ​ေနသည္​့ မ်က္​ႏွာကို ျမင္​ရသည္​့အခါ ျပင္​သစ္​ ဒႆနပညာ႐ွင္​ ​ေဗာ္​လ္​တဲယား၏ ပံုမ်ားကို အမွတ္​ရလာသည္​။

စကား​ေျပာၾကရင္​း ​ေလာင္​းကစားဝိုင္​းမ်ားအ​ေၾကာင္​း ​ေရာက္​သြားၾကသည္​။ ႐ွမ္​းျပည္​နယ္​တြင္​ ​ေလာင္​းကစားသည္​ ၃၆ ​ေကာင္​ထီႏွင္​့ အျခား​ေလာင္​းကစားမ်ားအ​ေၾကာင္​းကို အ​ေသးစိတ္​ ႐ွင္​းျပသည္​။ ​ေလာင္​းကစားမွ ​ေငြ​ေၾကးစို႔စို႔ပို႔ပို႔ရ၍ နယ္​႐ွင္​မင္​းသားတစ္​​ေယာက္​ မည္​သို႔ ​ေမ်ွာ္​လင္​့ႏိုင္​သည္​ကိုလည္​း ​ေျပာျပသည္​။ ဗမာလို ​ေျပာ​ေန​ေသာ္​လည္​း နယ္​႐ွင္​မင္​းသားဆိုသည္​့ စကားလံုး​ေၾကာင္​့ သူဆိုလိုသည္​ကို ကြၽန္​​ေတာ္​ သ​ေဘာ​ေပါက္​သည္​။

သူ​ေျပာသည္​မွာ မက္​ခီယာဗယ္​လီ (Niccolo Machiaveli, 1469-1527) ၏ ရာ​ေဇာဝါဒက်မ္​းကို ၫႊန္​းလိုျခင္​း ျဖစ္​သည္​။ (အႂကြင္​းမဲ့ အာဏာ႐ွင္​စနစ္​ကို မက္​ခီယာဗယ္​လီက ​ေထာက္​ခံသည္​။ မင္​းတို႔မည္​သည္​ အအုပ္​ခ်ဳပ္​ခံတို႔ ညီၫြတ္​မႈအတြက္​ ရက္​စက္​တန္​ ရက္​စက္​ရသည္​ဟု သူ၏ “The Prince” က်မ္​း၌ တင္​ျပခဲ့သည္​။ ယင္​းမွာ ၁၅၃၂ ခုႏွစ္​တြင္​ ​ေရးခဲ့သည္​့ က်မ္​းျဖစ္​သည္​။) ဤသည္​မွာ တစ္​ထီလာ၏ ရပ္​တည္​ခ်က္​ ျဖစ္​သည္​။

ထိုအခါ သူ႔ကို ​ေကာင္​း​ေကာင္​း နားလည္​လာသည္​။ သူကား ယခုအထိ ကြၽန္​​ေတာ္​ ​ေတြ႔ဖူးသည္​့ ​ေဟာ္​နန္​း​ေဒဝီမ်ားႏွင္​့ မတူ။ သူတို႔သည္​ ​ေဟာ္​နန္​းကို မွီ၍ အသက္​​ေမြးဝမ္​း​ေက်ာင္​း ျပဳ​ေနသူမ​်ား ျဖစ္​သည္​။ သူသည္​ ျပည္​နယ္​အုပ္​ခ်ဳပ္​မႈ အတတ္​ပညာကို ကြၽမ္​းက်င္​စြာ တတ္​​ေျမာက္​သူ ျဖစ္​သည္​။ လက္​​ေအာက္​ အမႈထမ္​းတို႔ကို ​ေကာင္​းစြာ ကိုင္​တြယ္​တတ္​သူ ျဖစ္​သည္​။ လူတိုင္​းကို အက်ိဳး႐ွိ႐ွိ ခ်ဥ္​းကပ္​တတ္​သည္​။ ျပည္​နယ္​တြင္​ သူ႔ၾသဇာမွာ ႀကီးမားသည္​။ သူသည္​ မုဆိုးမ မဟာ​ေဒဝီ ျဖစ္​သည္​။ ပင္​စင္​ အ​ေထာက္​အပံ့ အနည္​းငယ္​ျဖင္​့ ​ေနထိုင္​စား​ေသာက္​ရသည္​။

သို႔​ေသာ္​လည္​း ​ေဟာ္​နန္​းအ​ေတြ႔အၾကံဳ ႂကြယ္​ဝသည္​။ လက္​​ေတြ႔အရ အသိပညာ ျပည္​့စံုသည္​။ သူႏွင္​့ ​ေတြ႔သမ်ွကို ​ေကာင္​းစြာ သိမ္​းသြင္​းႏိုင္​သည္​။ သူ႔​ေသာကကို သူသိသည္​။ သူ႔ကို လြယ္​လြယ္​ကူကူ ခ်ဥ္​းကပ္​၍ မရ။ သူ႔အတြက္​ တစ္​ခုခု ျမတ္​စြန္​းမွ အဆင္​​ေျပႏိုင္​မည္​ ျဖစ္​သည္​။ သူသည္​ အလြန္​ သတၱိ​ေကာင္​းသည္​။ တစ္​ထီလာသည္​ လယ္​​ေျမတိုက္​တာ အိုးအိမ္​တို႔ျဖင္​့ ခ်မ္​းခ်မ္​းသာသာ ​ေနခဲ့ရသည္​။ အ​ေႁခြအရံ ​ေပါမ်ားခဲ့သည္​။ သူ႔​ေခတ္​ကမူ ၿပိဳင္​ဘက္​မ႐ွိ။ ျခ​ေသၤ့လို ရဲရင္​့သူ ျဖစ္​သည္​ ဟူ၍ ​ေဖာ္​ျပထားသည္​။

မည္​သို႔ပင္​ျဖစ္​​ေစ ႏိုင္​ငံအုပ္​ခ်ဳပ္​​ေသာ အတတ္​ပညာကို ကြၽမ္​းက်င္​ပါးနပ္​စြာ အသံုးျပဳလ်က္​ သူ႔နယ္​ပယ္​တြင္​ မင္​းလုပ္​ခဲ့​ေသာ ႐ွမ္​းျပည္​နယ္၏ တစ္​ဦးတည္​း​ေသာ ​အမ်ိဳးသမီး​ေစာ္​ဘြား စဝ္နန္းတစ္ထီလာ ကို ႏိုင္​ငံျခားသားမ်ားကပင္​ ​ေလး​ေလးစားစား ဆက္​ဆံခဲ့ၾကသည္​ကို ​ေတ​ြ႔ရသည္​။ ပ​ေဒသရာဇ္​ စနစ္​တြင္​ မိန္​းမသား ျဖစ္​​ေသာ္​လည္​း ​ေယာက်္​ားမ်ားႏွင္​့တန္​းတူ မင္​းလုပ္​အုပ္​ခ်ဳပ္​ခဲ့​ေသာ သူ႔အရည္​အ​ေသြးကိုကား လူတိုင္း အသိအမွတ္​ ျပဳရမည္​သာ ျဖစ္​​ေပသည္​။

ဆရာသန္​းဝင္​းလိႈင္​၏ စာစုကို Ko Kyel Sin (ဗဟုသုတၾကယ္​စင္​ဂ႐ု)မွ စာ႐ိုက္​တင္​ပါသည္​။


တစ်​ဦးတည်​း​သော အမျိုးသမီး ရှမ်​း​စော်​ဘွား (သို့) စဝ်နန်းတစ်ထီလာ (unicode)

Post By Ko Kyel Sin

စဝ်နန်းတစ်ထီလာ ​ခေါ် ​စဝ်နန်းဒိပ်​ဓိဋာသည်​ ရှမ်​းပြည်​နယ်​၏ တစ်​ဦးတည်​း​သော ရှမ်​းအမျိုးသမီး ​​စော်​ဘွား ဖြစ်​သည်​။ ​စဝ်နန်းတစ်​ထီလာ ဟူသည်​မှာ အမ​်ားက ​ခေါ်​ဝေါ်​နေ​သော အမည်​ ဖြစ်​သည်​။ ​စဝ်နန်းတစ်ထီလာ ကို ရှမ်​းဘာသာဖြင်​့ စဝ်နန်းဒိပ်​ဓိဋာဟု ​ခေါ်သည်​။ ယင်​း​ဝေါဟာရသည်​ ပါဠိ​ဝေါဟာရ ​”ဒေဝဓိတာ” မှ ဆင်​းသက်​​သော နတ်​သမီးဟု အနက်​ရသည်​။

​စဝ်နန်းတစ်ထီလာသည်​ ကျိုင်​းတုံ​စော်​ဘွားကြီး ​စဝ်ကျိုးခိုင်​၏ တစ်​ဦးတည်​း​သော သမီး ဖြစ်​သည်​။ ​စော်​ဘွား ဆိုသည်​မှာ ​မြေရှင်​ပ​ဒေသရာဇ်​ဖြစ်​ပြီး သားစဉ်​​မြေးဆက်​ အရိုက်​အရာ ဆက်​ခံကြသည်​။ အုပ်​ချုပ်​​ရေး အကြီးအကဲ ရာထူး ဖြစ်​သည်​။ ကျိုင်​းတုံ​စော်​ဘွားများသည်​ ၁၉ ရာစု ​နှောင်​းပိုင်​းအထိ မင်​းများအဖြစ်​ ပြည်​နယ်​တွင်​ တစ်​ထီးတစ်​နန်​း ထူ​ထောင်​ခဲ့သူမ​်ား ဖြစ်​သည်​။

​စဝ်နန်းတစ်ထီလာ၏ ​မွေးချင်​း​နောင်​​တော်​မှာ ​စဝ်ကောင်​ခမ်​းဖူး ဖြစ်​ပြီး ​မောင်​​တော်​မှာ ​စဝ်ကော်​န်​​ကျောက်​အင်​းထလိုင်​း ဖြစ်​သည်​။ ​စောနန်​းတစ်​ထီလာကို ခရစ်​နှစ်​ ၁၈၇၁ တွင်​ ဖွားမြင်​ခဲ့သည်​။ သူမ အသက်​ ၁၆ နှစ်​အရွယ်​ ၁၈၈၇ ခုနှစ်​တွင်​ ခမည်​း​တော်​ ကျိုင်​း​တုံ​စော်​ဘွားကြီး ကံကုန်​ခဲ့သည်​။

စဝ်နန်းတစ်ထီလာသည်​ မိန်​းမသားပင်​ ဖြစ်​​သော်​လည်​း မြင်​းစီး​တော်​၍ အတိုက်​အခိုက်​ အလွန်​ ဝါသနာထုံသဖြင်​့ ကျိုင်​းရုံးကြီး စစ်​မျက်​နှာအထိ လိုက်​သွားခဲ့ဖူးသည်​။ ​ယောက်ျ​ားများ ပီး​ဆေးထိုးသည်​ကို သူလည်​း လိုက်​ထိုးသည်​။ သူ၏ လက်​​မောင်​း နှစ်​ဘက်​စလုံးတွင်​ စက်​အင်​း အများအပြား မြှုပ်​နှံထားသည်​။ သူသည်​ မိန်​းမသား ဖြစ်​​သော်​လည်​း ​ယောက်ျ​ားများကဲ့သို့ ရဲစွမ်​းသတ္တိ ပြည်​့စုံသူ ဖြစ်​သည်​။ အုပ်​ချုပ်​​ရေးပညာ ကျွမ်​းကျင်​သည်​။

​စဝ်နန်းတစ်ထီလာသည်​ ​နောင်​​တော်​ဖြစ်​သူ ​စဝ်​ကောင်​ခမ်​းဖူး ကျိုင်​းတုံ​စော်​ဘွား ဖြစ်​စဉ်​အခါက မစ္စတာ ​ဂျေ​ဂျော့စ​ကော့ (J. George Scott) သည်​ အင်္ဂလိပ်​စစ်​တပ်​ကို ​ခေါင်​း​ဆောင်​၍ ကျိုင်​းတုံသို့ ​ရောက်​လာ၏။ ​ဂျော့စ​ကော့နှင်​့ ကျိုင်​းတုံ​စော်​ဘွား ​စော​ကောင်​ခမ်​းဖူးတို့ မကြာခဏ ပြဿနာတက်​​လေ့ရှိသည်​။

​စော​ကောင်​ခမ်​းဖူး၏ ညီမ​တော်​ ​စဝ်နန်းတစ်ထီလာသည်​ အပျို​တော်​များ ခြံရံလျက်​ အင်္ဂလိပ်​ စစ်​စခန်​းသို့ သွား​ရောက်​စုံစမ်​း ​မေးမြန်​း​လေ့ရှိသည်​။ တစ်​ညတွင်​ စဝ်နန်းတစ်ထီလာသည်​ အ​ခြွေအရံတို့ ခြံရံလျက်​ ​နောင်​​တော်​အား အသိမ​ပေးဘဲ ​ဂျော့စ​ကော့တို့ တည်​ခင်​း​ကျွေး​မွေး​သော ညစာစားပွဲသို့ တက်​​ရောက်​ရန်​ အင်္ဂလိပ်​ စစ်​စခန်​းသို့ သွား​ရောက်​ခဲ့သည်​။

ထိုညတွင်​ပင်​ ကျိုင်​းတုံ​စော်​ဘွား ​စော​ကောင်​ခမ်​းဖူးသည်​ ရုပ်​ဖျက်​၍ မိမိ၏ ရဲမက်​ဗိုလ်​ပါများကို ​ခေါ်​ဆောင်​ပြီးလျှင်​ အင်္ဂလိပ်​စစ်​တပ်​ကို တိုက်​ခိုက်​ရန်​ ချီတက်​ခဲ့သည်​။ စစ်​စခန်​းသို့​ရောက်​လျှင်​ ကျိုင်​းတုံ​စော်​ဘွား၏ တပ်​များက အင်္ဂလိပ်​စစ်​တပ်​အား ဝိုင်​းရံထားသည်​ကို ​စဝ်နန်းတစ်ထီလာ၏ အတွင်​းလူယုံများမှတစ်​ဆင်​့ သိရှိသွား​သောအခါ မိမိမကယ်​လျှင်​ မြို့လယ်​​ခေါင်​တွင်​ အ​ရေး​တော်​ပ​ံုကြီး ဖြစ်​​ပေါ်လာမည်​ကို စိုး၍ ချက်​ချင်​းပင်​ ​ဂျော့စ​ကော့ကို ​ခေါ်​ဆောင်​သွားသည်​့အတွက်​ လွတ်​​မြောက်​သွားခဲ့ရသည်​။

ကျိုင်​းတုံ​စော်​ဘွားကြီး ​စဝ်​ကောင်​ခမ်​းဖူးသည်​ ၁၈၉၅ ခုနှစ်​တွင်​ ကံကုန်​ခဲ့ရာ ထိုအချိန်​က ​စော်​ဘွားအရိုက်​အရာကို ဆက်​ခံမည်​့ သူ့ညီ​တော်​ ​စော​ကျောက်​အင်​းထလိုင်​းမှာ ​စော်​ဘွားဖြစ်​ရန်​ အသက်​ မပြည်​့​သေးသဖြင်​့ အစ်​မ​တော်​ ​စဝ်နန်းတစ်ထီလာက ​စော်​ဘွားကိုယ်​စား ကျိုင်​းတုံ​စော်​ဘွားအဖြစ်​ ​ခေတ္တ အုပ်​ချုပ်​​ပေးခဲ့ရသည်​။

(၂)နှစ်​ကြာ၍ ​မောင်​​တော်​ နန်​းတက်​ပြီးမှသာ ​စဝ်နန်းတစ်ထီလာ သည်​ ကျိုင်​းခမ်​း​စော်​ဘွားနှင်​့ လက်​ထပ်​ပြီး ကျိုင်​းခမ်​းမြို့သို့ သွား​ရောက်​ ​နေထိုင်​သည်​။ ကျိုင်​းခမ်​း​စော်​ဘွားနှင်​့ ​စဝ်ဟောင်​းခမ်​း အမည်​ရှိ သားတစ်​​ယောက်​ ထွန်​းကားခဲ့သည်​။ ထို့​နောက်​ ​စဝ်နန်​းတစ်​ထီလာသည်​ ကျိုင်​းခမ်​း​စော်​ဘွားအား ခွဲခွာ၍ ကျိုင်​းတုံတွင်​ လာ​ရောက်​ ​နေထိုင်​သည်​။ သား​တော်​ အသက်​ (၁၁)နှစ်​ အရွယ်​တွင်​ ကျိုင်​းခမ်​း​စော်​ဘွားကြီး ကံကုန်​ခဲ့ရာ ကျိုင်​းခမ်​းနယ်​တွင်​ အုပ်​ချုပ်​သူမရှိ ဖြစ်​​နေ​သော​ကြောင်​့ ​စဝ်နန်းတစ်ထီလာသည်​ (၁၁)နှစ်​ကြာ အမျိုးသမီး​စော်​ဘွားအဖြစ်​ အုပ်​ချုပ်​​ပေးခဲ့ရသည်​။

သူမ ကျိုင်​းခမ်​းနယ်​ကို ​စော်​ဘွားအဖြစ်​ အုပ်​ချုပ်​စဉ်​အခါက ဗြိတိသျှဘုရင်​မကြီး ဝိတိုရိယ အိန္ဒိယသို့ တိုင်​းခမ်​းလှည်​့လည်​ ​ရောက်​ရှိစဉ်​ ​စဝ်နန်းတစ်ထီလာ ကို ​ဒေလီမင်​းပွဲသို့ ဖိတ်​ကြားခဲ့၍ တက်​​ရောက်​ခဲ့ရ​သေးသည်​။

စဝ်နန်းတစ်ထီလာသည်​ သား​တော်​ အရွယ်​​ရောက်​လျှင်​ သူ့ဖခင်​ အရိုက်​အရာဖြစ်​သည်​့ ကျိုင်​းခမ်​း​စော်​ဘွား ရာထူးကို ဆက်​ခံ​စေ၏။ သို့​သော်​လည်​း သား​တော်​သည်​ အ​မြော်​အမြင်​ မရှိဘဲ သတိလက်​လွတ်​ဖြစ်​ကာ အိမ်​​တော်​အမှုထမ်​း တစ်​ဦးကို ​သေနတ်​ဖြင်​့ ပစ်​သတ်​ခဲ့သည်​။ ဤတွင်​ သူသည်​ ​စော်​ဘွားရာထူးမှ အချခံရသည်​။ သူ၏ ကျိုင်​းခမ်​းပြည်​နယ်​ကိုလည်​း မိုးနဲ​စော်​ဘွား ပိုင်​နက်​ထဲသို့ ပူး​ပေါင်​း သွတ်​သွင်​းလိုက်​သည်​။

ကျိုင်​းခမ်​း​စော်​ဘွား​ဟောင်​းကို ​တောင်​ကြီးသို့ပို့၍ ပင်​စင်​အနည်​းငယ်​​ပေးကာ ​နေထိုင်​​စေသည်​။ သူသည်​ သားသမီးများစွာ ထွန်​းကားသည်​။ အကြီးဆုံးသားမှာ ​စဝ်သီဟ ဖြစ်​ပြီး အသက်​ (၂၀)အရွယ်​တွင်​ ဘိုး​လေး အင်​ထလိုင်​း၏ သား ကျိုင်​းတုံ​စော်​ဘွားကို ​သေနတ်​ဖြင်​့ ပစ်​သတ်​သည်​။ သို့ဖြစ်​ရာ ​စဝ်သီဟသည်​ သူ့အ​ဖေ၏ ဝမ်​းကွဲအစ်​ကိုကို သတ်​သူအဖြစ်​ ရာဇဝင်​တွင်​သွားခဲ့သည်​။

​မောရစ်​​ကောလစ်​က သူ၏စာအုပ်​ “Lords of the Sunset” စာအုပ်​၌ စဝ်နန်​းတစ်​ထီလာနှင်​့ ပတ်​သက်​၍ ဤသို့ ​ရေးသားထား​လေသည်​။

“​နောက်​ဆုံး​တော့ ထင်​ရှား ​ကျော်​ကြားသည်​့ တစ်​ထီလာကို ကျွန်​​တော်​ ​တွေ့ခဲ့ရသည်​။ သူမသည်​ ​သေးသွယ်​ကြုံလှီပြီး ​ရှေးဆန်​သည်​့ အဘွားကြီး တစ်​​ယောက်​အသွင်​ ​တွေ့ရသည်​။ ​ခေါင်​း​ပေါင်​းကြီး​အောက်​တွင်​ မျက်​နှာမှာ အ​ရေးအ​ကြောင်​းများ ထင်​​နေပြီး ပါး​ရေများ တွန်​႔လိပ်​​နေပြီ ဖြစ်​သည်​။ မျက်​လုံးအစုံမှာ စူးရှ​တောက်​​ပြောင်​သည်​။ ဝရန်​တာ​ပေါ်သို့ သူ တဖြည်​းဖြည်​း တက်​လာသည်​။ သူ့အသက်​သည်​ ၆၉ နှစ်​ ရှိပြီဖြစ်​ရာ အနည်​းငယ်​ ဖင့်​သည်​။ ဝရန်​တာ​ပေါ်သို့ အမျိုးသမီး​လေး တစ်​​ယောက်​က တွဲပို့ရသည်​။ အတွင်​းမှာ သား​မွေးခံ၍ ချုပ်​ထားသည်​့ ရှမ်​းအင်္ကျီကို ဝတ်​ထားသည်​။ ယင်​း​အောက်​တွင်​ သစ်​အယ်​သီး​ရောင်​ ပိုးအင်္ကျီ ရှိသည်​။

လက်​ဖက်​ရည်​စားပွဲမှာ သူထိုင်​သည်​။ ကျွန်​​တော်​တို့အားလုံး ဗမာစကားဖြင်​့ ​ပြောကြသည်​။ ခဏ​လေး အတွင်​းမှာပင်​ သူ့အ​ကြောင်​းကို ကျွန်​​တော်​ သိခဲ့ရသည်​။ ​စော​စောက ကြားထားသည်​တို့ ပျက်​ပြယ်​သွားပြီး စရိုက်​မှန်​ ​ပေါ်လာသည်​။ အလွန်​ဉာဏ်​ကြီးပြီး ထက်​မြက်​သည်​မှာ ထင်​ရှားသည်​။ သွက်​လက်​သည်​။ အားမာန်​အပြည်​့ရှိသည်​။ အသက်​ကြီးပြီမို့ စိတ်​ဓာတ်​ကျ၍ မသွား။ စကား​ပြောလျှင်​ ဟန်​အမူအရာ အပြည်​့ပါသည်​။ စိတ်​အားထက်​သန်​စွာ ​ပြောသည်​။ မြန်​လည်​းမြန်​သည်​။ အ​ရောင်​လက်​​နေသည်​့ မျက်​လုံးနှင်​့ ရှုံ့တွဝင်​းပ​နေသည်​့ မျက်​နှာကို မြင်​ရသည်​့အခါ ပြင်​သစ်​ ဒဿနပညာရှင်​ ​ဗော်​လ်​တဲယား၏ ပုံများကို အမှတ်​ရလာသည်​။

စကား​ပြောကြရင်​း ​လောင်​းကစားဝိုင်​းများအ​ကြောင်​း ​ရောက်​သွားကြသည်​။ ရှမ်​းပြည်​နယ်​တွင်​ ​လောင်​းကစားသည်​ ၃၆ ​ကောင်​ထီနှင်​့ အခြား​လောင်​းကစားများအ​ကြောင်​းကို အ​သေးစိတ်​ ရှင်​းပြသည်​။ ​လောင်​းကစားမှ ​ငွေ​ကြေးစို့စို့ပို့ပို့ရ၍ နယ်​ရှင်​မင်​းသားတစ်​​ယောက်​ မည်​သို့ ​မျှော်​လင်​့နိုင်​သည်​ကိုလည်​း ​ပြောပြသည်​။ ဗမာလို ​ပြော​နေ​သော်​လည်​း နယ်​ရှင်​မင်​းသားဆိုသည်​့ စကားလုံး​ကြောင်​့ သူဆိုလိုသည်​ကို ကျွန်​​တော်​ သ​ဘော​ပေါက်​သည်​။

သူ​ပြောသည်​မှာ မက်​ခီယာဗယ်​လီ (Niccolo Machiaveli, 1469-1527) ၏ ရာ​ဇောဝါဒကျမ်​းကို ညွှန်​းလိုခြင်​း ဖြစ်​သည်​။ (အကြွင်​းမဲ့ အာဏာရှင်​စနစ်​ကို မက်​ခီယာဗယ်​လီက ​ထောက်​ခံသည်​။ မင်​းတို့မည်​သည်​ အအုပ်​ချုပ်​ခံတို့ ညီညွတ်​မှုအတွက်​ ရက်​စက်​တန်​ ရက်​စက်​ရသည်​ဟု သူ၏ “The Prince” ကျမ်​း၌ တင်​ပြခဲ့သည်​။ ယင်​းမှာ ၁၅၃၂ ခုနှစ်​တွင်​ ​ရေးခဲ့သည်​့ ကျမ်​းဖြစ်​သည်​။) ဤသည်​မှာ တစ်​ထီလာ၏ ရပ်​တည်​ချက်​ ဖြစ်​သည်​။

ထိုအခါ သူ့ကို ​ကောင်​း​ကောင်​း နားလည်​လာသည်​။ သူကား ယခုအထိ ကျွန်​​တော်​ ​တွေ့ဖူးသည်​့ ​ဟော်​နန်​း​ဒေဝီများနှင်​့ မတူ။ သူတို့သည်​ ​ဟော်​နန်​းကို မှီ၍ အသက်​​မွေးဝမ်​း​ကျောင်​း ပြု​နေသူမ​်ား ဖြစ်​သည်​။ သူသည်​ ပြည်​နယ်​အုပ်​ချုပ်​မှု အတတ်​ပညာကို ကျွမ်​းကျင်​စွာ တတ်​​မြောက်​သူ ဖြစ်​သည်​။ လက်​​အောက်​ အမှုထမ်​းတို့ကို ​ကောင်​းစွာ ကိုင်​တွယ်​တတ်​သူ ဖြစ်​သည်​။ လူတိုင်​းကို အကျိုးရှိရှိ ချဉ်​းကပ်​တတ်​သည်​။ ပြည်​နယ်​တွင်​ သူ့ဩဇာမှာ ကြီးမားသည်​။ သူသည်​ မုဆိုးမ မဟာ​ဒေဝီ ဖြစ်​သည်​။ ပင်​စင်​ အ​ထောက်​အပံ့ အနည်​းငယ်​ဖြင်​့ ​နေထိုင်​စား​သောက်​ရသည်​။

သို့​သော်​လည်​း ​ဟော်​နန်​းအ​တွေ့အကြုံ ကြွယ်​ဝသည်​။ လက်​​တွေ့အရ အသိပညာ ပြည်​့စုံသည်​။ သူနှင်​့ ​တွေ့သမျှကို ​ကောင်​းစွာ သိမ်​းသွင်​းနိုင်​သည်​။ သူ့​သောကကို သူသိသည်​။ သူ့ကို လွယ်​လွယ်​ကူကူ ချဉ်​းကပ်​၍ မရ။ သူ့အတွက်​ တစ်​ခုခု မြတ်​စွန်​းမှ အဆင်​​ပြေနိုင်​မည်​ ဖြစ်​သည်​။ သူသည်​ အလွန်​ သတ္တိ​ကောင်​းသည်​။ တစ်​ထီလာသည်​ လယ်​​မြေတိုက်​တာ အိုးအိမ်​တို့ဖြင်​့ ချမ်​းချမ်​းသာသာ ​နေခဲ့ရသည်​။ အ​ခြွေအရံ ​ပေါများခဲ့သည်​။ သူ့​ခေတ်​ကမူ ပြိုင်​ဘက်​မရှိ။ ခြ​င်္သေ့လို ရဲရင်​့သူ ဖြစ်​သည်​ ဟူ၍ ​ဖော်​ပြထားသည်​။

မည်​သို့ပင်​ဖြစ်​​စေ နိုင်​ငံအုပ်​ချုပ်​​သော အတတ်​ပညာကို ကျွမ်​းကျင်​ပါးနပ်​စွာ အသုံးပြုလျက်​ သူ့နယ်​ပယ်​တွင်​ မင်​းလုပ်​ခဲ့​သော ရှမ်​းပြည်​နယ်၏ တစ်​ဦးတည်​း​သော ​အမျိုးသမီး​စော်​ဘွား စဝ်နန်းတစ်ထီလာ ကို နိုင်​ငံခြားသားများကပင်​ ​လေး​လေးစားစား ဆက်​ဆံခဲ့ကြသည်​ကို ​တေ​ြ႔ရသည်​။ ပ​ဒေသရာဇ်​ စနစ်​တွင်​ မိန်​းမသား ဖြစ်​​သော်​လည်​း ​ယောက်ျ​ားများနှင်​့တန်​းတူ မင်​းလုပ်​အုပ်​ချုပ်​ခဲ့​သော သူ့အရည်​အ​သွေးကိုကား လူတိုင်း အသိအမှတ်​ ပြုရမည်​သာ ဖြစ်​​ပေသည်​။

ဆရာသန်​းဝင်​းလှိုင်​၏ စာစုကို Ko Kyel Sin (ဗဟုသုတကြယ်​စင်​ဂရု)မှ စာရိုက်​တင်​ပါသည်​။

Leave a Reply