ကမၻာ့သမိုင္​းဝင္​ စစ္ပြဲမ်ားအ​ေၾကာင္​း မွတ္​စုအခ်ိဳ႕

Posted on

အေစာဆံုး စစ္လက္နက္

သစ္သားလွံ အက်ိဳးတစ္ခု ျဖစ္သည္။ ၁၉၁၁ ခုႏွစ္ ဧျပီလ အဂၤလန္္ကြၽန္း၊ အက္ဆက္ျပည္နယ္တြင္ ​ေတြ႕ခဲ့သည္။ လွံက်ိဳးသက္တမ္းမွာ သိပၸံနည္းျဖင့္္ စစ္ေဆးႏိုင္သည့္ သက္တမ္းထက္ပင္ ​ေက်ာ္လြန္ေနေသးသည္ဟု ဆိုသည္။ ပညာရွင္မ်ားက ထိုလွံက်ိဳးကို ခရစ္​ေတာ္​မ​ေပၚမီ ႏွစ္ေပါင္း ၂ သိန္းခန္႔မွ စစ္လက္နက္တစ္​ခု ျဖစ္သည္ဟု ခန္႔မွန္းၾကသည္။

အရွည္ၾကာဆံုး စစ္ပြဲ

ကမၻာသမိုင္းတြင္ ျဖစ္​ပြား​ေသာ စစ္ပြဲၾကီးမ်ားအနက္ ကာလအရွည္ၾကာဆံုး စစ္ပြဲမွာ အဂၤလန္ႏွင့္ ျပင္သစ္တို႔ ျဖစ္ပြားခဲ့ၾကေသာ ႏွစ္တရာစစ္ပြဲ ျဖစ္သည္။ သကၠရာဇ္ ၁၃၃၈ မွ ၁၄၅၃ ထိ ၁၁၅ ႏွစ္တိုင္တိုင္​ ျဖစ္​ပြားခဲ့သည္​။

ထို႔အတူ ျပတ္ေတာင္း ျပတ္ေတာင္း ျဖစ္ပြားခဲ့ေသာ ခရူးဆိတ္စစ္ပြဲမွာလည္း ပထမခရူးဆိတ္စစ္ပြဲ (၁၀၉၆-၁၁၀၄) မွ န၀မ ခရူးဆိတ္စစ္ပြဲ (၁၂၇၀-၁၂၉၁) အထိ သက္တမ္းအားျဖင့္ ၁၆၅ ႏွစ္ ၾကာျမင့္ခဲ့သည္ဟု ဆိုႏုိင္သည္။

အတိုဆံုး စစ္ပြဲ

ကမၻာအတိုဆံုးစစ္ပြဲမွာ ျဗိတိန္ႏိုင္ငံႏွင့္ အာဖရိကတိုက္မွ ဇန္ဇီဘာ (ယခု တန္ဇန္နီးယားႏိုင္ငံ၏ တစ္​စိတ္တစ္​​ေဒသ) တို႔ ျဖစ္ပြားေသာစစ္ပြဲ ျဖစ္သည္။ ၁၈၉၆ ခုႏွစ္ ၾသဂုတ္​လ ၂၇ ရက္ေန႔ နံနက္ ၉ နာရီ ၂ မိနစ္မွ ၉ နာရီ ၄၀ မိနစ္ အထိသာ ၾကာသည္။

ျဗိတိသွ်ေရေၾကာင္းဗိုလ္ခ်ဴပ္ ဟယ္ရီဟုိး၀ပ္ေရာ္ဆင္ ဦးစီးေသာ ျဗိတိသွ်ေရတပ္ဖြဲ႔သည္ ကိုယ့္ကိုယ္ကို ဘုရင္ေျမွာက္ျပီး နန္းတက္ေနေသာ ဆူလတန္ဆစ္ခါလစ္ကို နန္းေတာ္မွထြက္၍ လက္နက္ခ်ရန္​ ရာဇသံ​ေပးသည္။ မလိုက္နာေသာေၾကာင့္ တပ္ဖြဲ႕မွ ၃၈ မိနစ္ၾကာ အေျမွာက္မ်ားျဖင့္ ပစ္ခတ္ျပီးေသာအခါမွ လက္နက္ခ်သည္။

အေသအေပ်ာက္ အမ်ားဆံုး စစ္ပြဲ

စစ္အတြင္းေသဆံုးၾကေသာ လူသားတို႔၏ အေရအတြက္ႏွင့္ တိုင္းတာမည္ဆိုလွ်င္​ ကမၻာ​ေပၚတြင္​ အ​ေသအ​ေပ်ာက္​ အမ်ားဆံုး စစ္ပြဲမွာ ဒုတိယကမၻာစစ္ၾကီး (၁၉၃၉-၁၉၄၅) ျဖစ္သည္။ ဒုတိယကမၻာစစ္ၾကီးအတြင္း ေသဆံုးၾကရေသာ စစ္သည္ႏွင့္ အရပ္သား စုစုေပါင္းမွာ ၅၆ သန္း ၄ သိန္း ခန္႔ရွိမည္ဟု ခန္႔မွန္းၾကသည္။ ယင္းတို႔အနက္ ဆိုဗီယက္ျပည္ေထာင္စု တစ္ခုတည္း၏ အေသအေပ်ာက္မွာ ၂၆ သန္း ၆ သိန္း ရွိသည္ဟု ဆိုသည္။ တ႐ုတ္​ႏိုင္​ငံသား ၇ သန္​း ၈ သိန္​း စစ္​ပြဲအတြင္​း အသတ္​ခံခဲ့ရသည္​။

လူဦးေရ အခ်ိဳးအစားအရ စစ္ဒဏ္အခံရဆံုး ႏိုင္ငံမွာ ပိုလန္ႏိုင္ငံ ျဖစ္သည္။ စစ္အတြင္း ပိုလန္လူမ်ိဳး ၆၀၂၈၀၀၀ ခန္႔ ​ေသဆံုးခဲ့ရာ ထုိပမာဏမွာ ႏိုင္​ငံလူဦးေရ စုစုေပါင္းျဖစ္​​ေသာ ၃၅၁၀၀၀၀၀၀ ၏ ၁၇.၂% ပင္ ျဖစ္​သည္​။ ပထမကမၻာစစ္အတြင္း တိုက္ပြဲတြင္ က်ဆံုးေသာဦးေရမွာ ကိုးသန္းေက်ာ္ (၉၇၀၀၀၀၀၀) ဦးသာရွိျပီး ဒုတိယကမၻာစစ္အတြင္း တို္က္ပြဲတြင္ က်ဆံုးေသာဦးေရမွာ ၁၅ သန္းေက်ာ္ (၁၅၆၀၀၀၀၀) ဦးခန္႔ ရွိသည္။

အဆိုးရြားဆံုး ျပည္တြင္းစစ္

သမိုင္းစဥ္တြင္ လူအေသအေပ်ာက္ အမ်ားဆံုး ျပည္တြင္းစစ္မွာ တရုတ္ျပည္တြင္ မန္ခ်ဴးအစိုးရလက္ထက္ ၁၈၅၁ ခုႏွစ္မွ ၁၈၆၄ ခုႏွစ္အထိ ျဖစ္ပြားခဲ့ေသာ တိုင္ပင္သူပုန္ထသမွ် ျဖစ္သည္။ ထုိကာလအတြင္း ​ေသဆံုးသူ စုစုေပါင္းမွာ သန္း ၂၀ မွ သန္း ၃၀ ခန္႔ အတြင္းရွိမည္ဟု ခန္႔မွန္းထားၾကသည္။

စရိတ္အၾကီးဆံုး စစ္ပြဲ

ဒုတိယကမၻာစစ္ၾကီး၏ ကုန္က်စရိတ္မွာ ကမၻာေပၚတြင္ျဖစ္ျပီးသမွ် စစ္ပြဲအားလံုး ကုန္က်စရိတ္ စုစုေပါင္း အေမရိကန္ေဒၚလာ ၁.၆ ထရီလီယံ(သန္းေပါင္း ၁၅၀၀၀၀၀၀) ရွိမည္ဟု သိရသည္။ ဒုတိယကမၻာစစ္အတြင္း ဆိုဗီယက္ျပည္ေထာင္စု၏ ကုန္က်စရိတ္မွာ ေဒၚလာသန္းေပါင္း ၂၈၀၀၀၀ ရွိျပီး အေမရိကန္ျပည္ေထာင္စု၏ ကုန္က်စရိ္တ္မွာ သန္းေပါင္း ၅၃၀၀၀၀ ရွိသည္ဟု ခန္႔မွန္းသည္။

ေသြးေခ်ာင္းအစီးဆံုး တိုက္ပြဲ

သမိုင္းစဥ္တြင္ စစ္သည္အ​ေသအ​ေပ်ာက္​ အမ်ားဆံုး တိုက္ပြဲမွာ ပထမကမၻာစစ္အတြင္း ၁၉၁၆ ခုႏွစ္၊ ဇူလိုင္လ (၁) ရက္ေန႔မွ ႏို၀င္ဘာလ (၁၉) ရက္ေန႔အထိ ျဖစ္ပြားခဲ့ေသာ “ဆြမ္း” တိုက္ပြဲ ျဖစ္သည္။ ထုိတုိက္ပြဲတြင္ ႏွစ္ဦးႏွစ္ဘက္ က်ဆံုးသူေပါင္း (၁)သန္းေက်ာ္ (၁၀၄၃၈၉၆) ရွိသည္။ မဟာမိတ္တို႔ဘက္မွ က်ဆံုးသူဦး​ေရ ၆၂၃၉၀၇ ဦးရွိျပီး ဂ်ာမနီဘက္မွ က်ဆံုးသူဦးေရ ၄၁၉၉၈၉ ဦး ရွိသည္ဟု ဆိုသည္။

အရပ္သားမ်ား အပါအ၀င္ လူအေသအေပ်ာက္ အမ်ားဆံုး တိုက္ပြဲမွာ ဒုတိယကမၻာစစ္အတြင္း ျဖစ္ပြားခဲ့ေသာ “စတာလင္ဂရက္” တိုက္ပြဲ ျဖစ္သည္။ ထိုတိုက္ပြဲတြင္ ႏွစ္ဦးႏွစ္ဘက္ က်ဆံုးသူ စုစုေပါင္း တသန္းသံုးသိန္း ခန္႔ ရွိမည္ဟု ခန္႔မွန္းထားသည္။ ဂ်ာမန္ဗိုလ္ခ်ဴပ္ၾကီး ဖီးမာရွယ္ “ဖရက္ဒရစ္ဖြန္ ပါလပ္” က ၁၉၄၃ ခုႏွစ္၊ ေဖေဖၚ၀ါရီလ ၂ ရက္ေန႔တြင္ လက္နက္ခ်ျခင္းျဖင့္ ထုိတုိက္ပြဲ ျပီးဆံုးခဲ့သည္။

အၾကီးဆံုး ​ေရေၾကာင္းတိုက္ပြဲ

သမိုင္းစဥ္တြင္ သေဘၤာႏွင့္ေလယာဥ္ အေရအတြက္ အမ်ားဆံုး ပါ၀င္တိုက္ခိုက္ခဲ့ေသာ ​ေရေၾကာင္းတိုက္ပြဲမွာ ဖိလစ္ပိုင္ ကြၽန္းစုအနီး ျဖစ္ပြားခဲ့သည့္ ဓလတီပင္လယ္ေကြ႕ တိုက္ပြဲျဖစ္သည္။ ထုိတိုက္ပြဲတြင္ စစ္သေဘၤာ ၂၃၁ စီးႏွင့္ေလယာဥ္ ၁၉၉၆ စင္းတို႔ ပါ၀င္တုိက္ခိုက္ခဲ့ၾကသည္။

ဒုတိယကမၻာစစ္အတြင္း ၁၉၄၄ ခုႏွစ္၊ ​ေအာက္တိုဘာလ ၂၂ ရက္ေန႔မွ ၂၇ ရက္ထိ တုိက္ခိုက္ခဲ့ၾကျခင္း ျဖစ္သည္။ ထုိတိုက္ပြဲၾကီးတြင္ မဟာမိတ္စစ္သေဘၤာ ၁၆၆ စီး ၊ စစ္ေလယာဥ္ ၁၂၈၀ စင္းတို႔ႏွင့္ ဂ်ပန္စစ္သေဘၤာ ၆၅ စီး ၊ စစ္ေလယာဥ္ ၇၁၆ စင္းတို႔ ရင္ဆိုင္တိုက္ခိုက္ခဲ့ၾကသည္။ ဂ်ပန္စစ္သေဘၤာ ၂၆ စင္းႏွင့္ အေမရိကန္ စစ္သေဘၤာ ၆ စင္း နစ္ျမဳပ္​ခဲ့သည္။

ပထမကမၻာစစ္အတြင္း ၁၉၁၆ ခုႏွစ္၊ ​ေမလ ၃၁ ရက္ေန႕တြင္ ျဗိတိသွ်စစ္သေဘၤာ ၁၅၀ စီးႏွင့္ ဂ်ာမန္စစ္သေဘၤာ ၁၀၁ စီးတို႔သည္ ဂ်ဴလင္းေရေၾကာင္း တိုက္ပြဲၾကီးတြင္ ရင္ဆိုင္တိုက္ခိုက္ခဲ့ၾကသည္။ ထုိတိုက္ပြဲၾကီးတြင္ ျဗိတိသွ်စစ္သေဘၤာ ၁၄ စီးႏွင့္ စစ္သည္ ၆၀၉၇ ဦး ဆံုးရႈံးခဲ့ျပီး ဂ်ာမန္ဘက္မွ စစ္သေဘၤာ ၁၁ စီးႏွင့္ စစ္သည္ ၁၅၄၅ ဦး ဆံုးရႈံးခဲ့သည္။

အၾကီးဆံုး ​ေရေၾကာင္းခ်ီ စစ္ဆင္မႈ

ဒုတိယကမၻာစစ္အတြင္း ၁၉၄၄ ခုႏွစ္​၊ ဇြန္လ ၆ ရက္ေန႕တြင္​ ျပင္​သစ္​ “ေနာ္မန္ဒီ” ကမ္​း႐ိုးတန္းတေလွ်ာက္ ထိုးစစ္ဆင္ခဲ့ေသာ မဟာမိတ္တို႔၏ ၾကည္း ၊ ေရ ၊ ေလ စစ္ဆင္မႈသည္ သမိုင္းတြင္ အၾကီးဆံုး ​ေရေၾကာင္းခ်ီ စစ္ဆင္မႈ ျဖစ္သည္။ ပထမ သံုးရက္အတြင္း သေဘၤာ ၇၄၅ စီးသည္ သ​ေဘၤာအုပ္စုအျဖစ္ ဖြဲ႕စည္းျပီး ကမ္းထိုးယာဥ္ ၄၀၆၆ စီး၏ အကူအညီျဖင့္ စစ္သည္ေပါင္း ၁၈၅၀၀၀ ဦးႏွင့္ ယာဥ္ေပါင္း ၂၀၀၀၀ ကို သယ္ယူ ပို႔ေဆာင္ေပးခဲ့သည္။

ထုိးစစ္ဆင္မႈတြင္​ေလထီးစစ္သည္ ၁၈၀၀၀ ကို ​ေလယာဥ္ ၁၀၈၇ စင္းမွ ခ်ေပးခဲ့သည္။ တပ္မ ၄၂ ခုကို ​ေလေၾကာင္းမွ ​ေလယာဥ္ ၁၃၁၇၅ စင္းျဖင့္ အကူအညီေပးခဲ့သည္။ တစ္​လအတြင္း စစ္သည္ ၁၁၆၀၀၀၀ ၊ စစ္ယာဥ္ေပါင္း ၂၀၀၀၀၀ ႏွင့္ လက္နက္ပစၥည္း တန္ခ်ိန္ ၈၄၀၀၀၀ ကို ဥေရာပကမ္းေျခသို႔ အေရာက္ ပို႔ေဆာင္ေပးႏိုင္ခဲ့သည္။

အၾကီးဆံုး ​ေလေၾကာင္းခ်ီ စစ္ဆင္မႈ

အၾကီးဆံုး ​ေလေၾကာင္းခ်ီ စစ္ဆင္မႈမွာ ၁၉၄၄ ခုႏွစ္၊ စက္တင္ဘာလ ၁၇ ရက္ေန႔တြင္ နယ္သာလန္ႏိုင္ငံ အင္ဟမ္အနီး ၊ အဂၤလိပ္ႏွင့္ အေမရိကန္တပ္မ ၃ ခု (စစ္သည္၃၄၀၀၀) ကို ေလယာဥ္အစီး ၂၈၀၀၊ စက္မဲ့ေလယာဥ္ ၁၆၀၀ တို႔ျဖင့္ ​ေလေၾကာင္းမွ ​ေပးပုိ႔တုိက္ပြဲ၀င္ခဲ့ျခင္း ျဖစ္သည္။

အၾကီးဆံုး ဆုတ္ခြာမႈ

သမိုင္းစဥ္တြင္ အႀကီးဆံုး ဆုတ္ခြာမႈမွာ ၁၉၄၀ ျပည့္ႏွစ္ ေမလ ၂၇ ရက္ေန႔မွ ဇြန္လ ၄ ရက္ေန႔အတြင္း ျပင္သစ္ႏိုင္ငံ “ဒန္းကပ္” မွ အဂၤလန္ကြၽန္းသို႔ ျဗိတိသွ်ႏွင့္ ျပင္သစ္စစ္သည္ ၃၃၈၂၂၆ ဦးတုိ႔ ျပန္လည္ဆုတ္ခြာမႈ ျဖစ္သည္။ ထိုသို႔ဆုတ္ခြာရာတြင္​ အရပ္​ဘက္​ႏွင္​့ စစ္ဘက္ေရယာဥ္ေပါင္း ၁၂၀၀ တို႔က သယ္ယူပို႔ေဆာင္ေပးခဲ့ရသည္။

အဆိုးရြားဆံုး ပိတ္ဆို႔မႈ

သမိုင္းစဥ္တြင္ အဆိုးရြားဆံုး ၀ိုင္း၀န္းပိတ္ဆို႔မႈမွာ ဒုတိယကမၻာစစ္အတြင္း ဆိုဗီယက္ျပည္​​ေထာင္စုရွိ လီနင္ဂရက္ျမိဳ.ကို ဂ်ာမန္တပ္မ်ားက ရက္ေပါင္း ၈၈ ရက္​ၾကာ ၀ိုင္း၀န္းပိတ္ဆို႔ထားမႈ ျဖစ္သည္။

ဂ်ာမန္တပ္မ်ားသည္ ၁၉၄၁ ခုႏွစ္၊ ၾသဂုတ္လ ၃၁ ရက္ေန႔မွ ၁၉၄၄ ခုႏွစ္၊ ဇန္​န၀ါရီလ ၁၇ ရက္ေန႔အထိ ပိတ္ဆို႔ထားရာ လီနင္ဂရက္ျမိဳ႕ အတြင္းရွိ စစ္သည္မ်ားႏွင့္ အရပ္သား စုစုေပါင္း ၁.၃ သန္းမွ ၁.၅ သန္းအထိ ​ေသဆံုးခဲ့ၾကသည္ဟု သိရသည္။

ခရီးအေ၀းဆံုး သြားေရာက္တိုက္ခိုက္မႈ

​ေလေၾကာင္းစစ္သမိုင္းတြင္ ခရီးအေ၀းဆံုး သြား​ေရာက္တိုက္ခိုက္မႈမွာ ေဖာ့ကလန္ စစ္ပြဲအတြင္းက ျဖစ္သည္။ ထုိစစ္ပြဲတြင္ ျဗိတိသွ်ေလတပ္မွ ​ေဗာ္လကန္ အမ်ိဳးအစား ဗံုးၾကဲေလယာဥ္တစ္စင္းသည္ အက္ဆက္ရွင္းကြၽန္းမွ ​ေဖာ့ကလန္ကြၽန္းရွိ ပို႔စတင္လီျမိဳ႕သို႔ သြား​ေရာက္ဗံုးၾကဲ တိုက္ခိုက္ျခင္း ျဖစ္သည္။ ထုိခရီးမွာ အသြားအျပန္ မိုင္ ၈၀၀၀ ​ေက်ာ္ ကြာေ၀းသည္။

Guinness Book of World Records စာအုပ္မွ War ကို
​ေမာင္၀င္းဟန္က ဆီေလွ်ာ္ေအာင္ ဘာသာျပန္ဆိုသည္​။
(၁၉၈၆ ခုႏွစ္​ ဧျပီလ၊ သုတပ​ေဒသာစာေစာင္ အတြဲ ၁၃၊ အမွတ္ ၂)


ကမ္ဘာ့သမိုင်​းဝင်​ စစ်ပွဲများအ​ကြောင်​း မှတ်​စုအချို့ (unicode)

အစောဆုံး စစ်လက်နက်

သစ်သားလှံ အကျိုးတစ်ခု ဖြစ်သည်။ ၁၉၁၁ ခုနှစ် ဧပြီလ အင်္ဂလန်ကျွန်း၊ အက်ဆက်ပြည်နယ်တွင် ​တွေ့ခဲ့သည်။ လှံကျိုးသက်တမ်းမှာ သိပ္ပံနည်းဖြင့် စစ်ဆေးနိုင်သည့် သက်တမ်းထက်ပင် ​ကျော်လွန်နေသေးသည်ဟု ဆိုသည်။ ပညာရှင်များက ထိုလှံကျိုးကို ခရစ်​တော်​မ​ပေါ်မီ နှစ်ပေါင်း ၂ သိန်းခန့်မှ စစ်လက်နက်တစ်​ခု ဖြစ်သည်ဟု ခန့်မှန်းကြသည်။

အရှည်ကြာဆုံး စစ်ပွဲ

ကမ္ဘာသမိုင်းတွင် ဖြစ်​ပွား​သော စစ်ပွဲကြီးများအနက် ကာလအရှည်ကြာဆုံး စစ်ပွဲမှာ အင်္ဂလန်နှင့် ပြင်သစ်တို့ ဖြစ်ပွားခဲ့ကြသော နှစ်တရာစစ်ပွဲ ဖြစ်သည်။ သက္ကရာဇ် ၁၃၃၈ မှ ၁၄၅၃ ထိ ၁၁၅ နှစ်တိုင်တိုင်​ ဖြစ်​ပွားခဲ့သည်​။ ထို့အတူ ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားခဲ့သော ခရူးဆိတ်စစ်ပွဲမှာလည်း ပထမခရူးဆိတ်စစ်ပွဲ (၁၀၉၆-၁၁၀၄) မှ နဝမ ခရူးဆိတ်စစ်ပွဲ (၁၂၇၀-၁၂၉၁) အထိ သက်တမ်းအားဖြင့် ၁၆၅ နှစ် ကြာမြင့်ခဲ့သည်ဟု ဆိုနိုင်သည်။

အတိုဆုံး စစ်ပွဲ

ကမ္ဘာအတိုဆုံးစစ်ပွဲမှာ ဗြိတိန်နိုင်ငံနှင့် အာဖရိကတိုက်မှ ဇန်ဇီဘာ (ယခု တန်ဇန်နီးယားနိုင်ငံ၏ တစ်​စိတ်တစ်​​ဒေသ) တို့ ဖြစ်ပွားသောစစ်ပွဲ ဖြစ်သည်။ ၁၈၉၆ ခုနှစ် ဩဂုတ်​လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်မှ ၉ နာရီ ၄၀ မိနစ် အထိသာ ကြာသည်။ ဗြိတိသျှရေကြောင်းဗိုလ်ချူပ် ဟယ်ရီဟိုးဝပ်ရော်ဆင် ဦးစီးသော ဗြိတိသျှရေတပ်ဖွဲ့သည် ကိုယ့်ကိုယ်ကို ဘုရင်မြှောက်ပြီး နန်းတက်နေသော ဆူလတန်ဆစ်ခါလစ်ကို နန်းတော်မှထွက်၍ လက်နက်ချရန်​ ရာဇသံ​ပေးသည်။ မလိုက်နာသောကြောင့် တပ်ဖွဲ့မှ ၃၈ မိနစ်ကြာ အမြှောက်များဖြင့် ပစ်ခတ်ပြီးသောအခါမှ လက်နက်ချသည်။

အသေအပျောက် အများဆုံး စစ်ပွဲ

စစ်အတွင်းသေဆုံးကြသော လူသားတို့၏ အရေအတွက်နှင့် တိုင်းတာမည်ဆိုလျှင်​ ကမ္ဘာ​ပေါ်တွင်​ အ​သေအ​ပျောက်​ အများဆုံး စစ်ပွဲမှာ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း သေဆုံးကြရသော စစ်သည်နှင့် အရပ်သား စုစုပေါင်းမှာ ၅၆ သန်း ၄ သိန်း ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ ယင်းတို့အနက် ဆိုဗီယက်ပြည်ထောင်စု တစ်ခုတည်း၏ အသေအပျောက်မှာ ၂၆ သန်း ၆ သိန်း ရှိသည်ဟု ဆိုသည်။ တရုတ်​နိုင်​ငံသား ၇ သန်​း ၈ သိန်​း စစ်​ပွဲအတွင်​း အသတ်​ခံခဲ့ရသည်​။ လူဦးရေ အချိုးအစားအရ စစ်ဒဏ်အခံရဆုံး နိုင်ငံမှာ ပိုလန်နိုင်ငံ ဖြစ်သည်။ စစ်အတွင်း ပိုလန်လူမျိုး ၆၀၂၈၀၀၀ ခန့် ​သေဆုံးခဲ့ရာ ထိုပမာဏမှာ နိုင်​ငံလူဦးရေ စုစုပေါင်းဖြစ်​​သော ၃၅၁၀၀၀၀၀၀ ၏ ၁၇.၂% ပင် ဖြစ်​သည်​။ ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ကိုးသန်းကျော် (၉၇၀၀၀၀၀၀) ဦးသာရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း တ်ိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ၁၅ သန်းကျော် (၁၅၆၀၀၀၀၀) ဦးခန့် ရှိသည်။

အဆိုးရွားဆုံး ပြည်တွင်းစစ်

သမိုင်းစဉ်တွင် လူအသေအပျောက် အများဆုံး ပြည်တွင်းစစ်မှာ တရုတ်ပြည်တွင် မန်ချူးအစိုးရလက်ထက် ၁၈၅၁ ခုနှစ်မှ ၁၈၆၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော တိုင်ပင်သူပုန်ထသမျှ ဖြစ်သည်။ ထိုကာလအတွင်း ​သေဆုံးသူ စုစုပေါင်းမှာ သန်း ၂၀ မှ သန်း ၃၀ ခန့် အတွင်းရှိမည်ဟု ခန့်မှန်းထားကြသည်။

စရိတ်အကြီးဆုံး စစ်ပွဲ

ဒုတိယကမ္ဘာစစ်ကြီး၏ ကုန်ကျစရိတ်မှာ ကမ္ဘာပေါ်တွင်ဖြစ်ပြီးသမျှ စစ်ပွဲအားလုံး ကုန်ကျစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ(သန်းပေါင်း ၁၅၀၀၀၀၀၀) ရှိမည်ဟု သိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု၏ ကုန်ကျစရိတ်မှာ ဒေါ်လာသန်းပေါင်း ၂၈၀၀၀၀ ရှိပြီး အမေရိကန်ပြည်ထောင်စု၏ ကုန်ကျစရိ်တ်မှာ သန်းပေါင်း ၅၃၀၀၀၀ ရှိသည်ဟု ခန့်မှန်းသည်။

သွေးချောင်းအစီးဆုံး တိုက်ပွဲ

သမိုင်းစဉ်တွင် စစ်သည်အ​သေအ​ပျောက်​ အများဆုံး တိုက်ပွဲမှာ ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ဖြစ်ပွားခဲ့သော “ဆွမ်း” တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲတွင် နှစ်ဦးနှစ်ဘက် ကျဆုံးသူပေါင်း (၁)သန်းကျော် (၁၀၄၃၈၉၆) ရှိသည်။ မဟာမိတ်တို့ဘက်မှ ကျဆုံးသူဦး​ရေ ၆၂၃၉၀၇ ဦးရှိပြီး ဂျာမနီဘက်မှ ကျဆုံးသူဦးရေ ၄၁၉၉၈၉ ဦး ရှိသည်ဟု ဆိုသည်။ အရပ်သားများ အပါအဝင် လူအသေအပျောက် အများဆုံး တိုက်ပွဲမှာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော “စတာလင်ဂရက်” တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲတွင် နှစ်ဦးနှစ်ဘက် ကျဆုံးသူ စုစုပေါင်း တသန်းသုံးသိန်း ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ဂျာမန်ဗိုလ်ချူပ်ကြီး ဖီးမာရှယ် “ဖရက်ဒရစ်ဖွန် ပါလပ်” က ၁၉၄၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် လက်နက်ချခြင်းဖြင့် ထိုတိုက်ပွဲ ပြီးဆုံးခဲ့သည်။

အကြီးဆုံး ​ရေကြောင်းတိုက်ပွဲ

သမိုင်းစဉ်တွင် သင်္ဘောနှင့်လေယာဉ် အရေအတွက် အများဆုံး ပါဝင်တိုက်ခိုက်ခဲ့သော ​ရေကြောင်းတိုက်ပွဲမှာ ဖိလစ်ပိုင် ကျွန်းစုအနီး ဖြစ်ပွားခဲ့သည့် ဓလတီပင်လယ်ကွေ့ တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်သင်္ဘော ၂၃၁ စီးနှင့်လေယာဉ် ၁၉၉၆ စင်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်၊ ​အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၇ ရက်ထိ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုတိုက်ပွဲကြီးတွင် မဟာမိတ်စစ်သင်္ဘော ၁၆၆ စီး ၊ စစ်လေယာဉ် ၁၂၈၀ စင်းတို့နှင့် ဂျပန်စစ်သင်္ဘော ၆၅ စီး ၊ စစ်လေယာဉ် ၇၁၆ စင်းတို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ဂျပန်စစ်သင်္ဘော ၂၆ စင်းနှင့် အမေရိကန် စစ်သင်္ဘော ၆ စင်း နစ်မြုပ်​ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်၊ ​မေလ ၃၁ ရက်နေ့တွင် ဗြိတိသျှစစ်သင်္ဘော ၁၅၀ စီးနှင့် ဂျာမန်စစ်သင်္ဘော ၁၀၁ စီးတို့သည် ဂျူလင်းရေကြောင်း တိုက်ပွဲကြီးတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲကြီးတွင် ဗြိတိသျှစစ်သင်္ဘော ၁၄ စီးနှင့် စစ်သည် ၆၀၉၇ ဦး ဆုံးရှုံးခဲ့ပြီး ဂျာမန်ဘက်မှ စစ်သင်္ဘော ၁၁ စီးနှင့် စစ်သည် ၁၅၄၅ ဦး ဆုံးရှုံးခဲ့သည်။

အကြီးဆုံး ​ရေကြောင်းချီ စစ်ဆင်မှု

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်​၊ ဇွန်လ ၆ ရက်နေ့တွင်​ ပြင်​သစ်​ “နော်မန်ဒီ” ကမ်​းရိုးတန်းတလျှောက် ထိုးစစ်ဆင်ခဲ့သော မဟာမိတ်တို့၏ ကြည်း ၊ ရေ ၊ လေ စစ်ဆင်မှုသည် သမိုင်းတွင် အကြီးဆုံး ​ရေကြောင်းချီ စစ်ဆင်မှု ဖြစ်သည်။ ပထမ သုံးရက်အတွင်း သင်္ဘော ၇၄၅ စီးသည် သ​င်္ဘောအုပ်စုအဖြစ် ဖွဲ့စည်းပြီး ကမ်းထိုးယာဉ် ၄၀၆၆ စီး၏ အကူအညီဖြင့် စစ်သည်ပေါင်း ၁၈၅၀၀၀ ဦးနှင့် ယာဉ်ပေါင်း ၂၀၀၀၀ ကို သယ်ယူ ပို့ဆောင်ပေးခဲ့သည်။ ထိုးစစ်ဆင်မှုတွင်​လေထီးစစ်သည် ၁၈၀၀၀ ကို ​လေယာဉ် ၁၀၈၇ စင်းမှ ချပေးခဲ့သည်။ တပ်မ ၄၂ ခုကို ​လေကြောင်းမှ ​လေယာဉ် ၁၃၁၇၅ စင်းဖြင့် အကူအညီပေးခဲ့သည်။ တစ်​လအတွင်း စစ်သည် ၁၁၆၀၀၀၀ ၊ စစ်ယာဉ်ပေါင်း ၂၀၀၀၀၀ နှင့် လက်နက်ပစ္စည်း တန်ချိန် ၈၄၀၀၀၀ ကို ဥရောပကမ်းခြေသို့ အရောက် ပို့ဆောင်ပေးနိုင်ခဲ့သည်။

အကြီးဆုံး ​လေကြောင်းချီ စစ်ဆင်မှု

အကြီးဆုံး ​လေကြောင်းချီ စစ်ဆင်မှုမှာ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် နယ်သာလန်နိုင်ငံ အင်ဟမ်အနီး ၊ အင်္ဂလိပ်နှင့် အမေရိကန်တပ်မ ၃ ခု (စစ်သည်၃၄၀၀၀) ကို လေယာဉ်အစီး ၂၈၀၀၊ စက်မဲ့လေယာဉ် ၁၆၀၀ တို့ဖြင့် ​လေကြောင်းမှ ​ပေးပို့တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး ဆုတ်ခွာမှု

သမိုင်းစဉ်တွင် အကြီးဆုံး ဆုတ်ခွာမှုမှာ ၁၉၄၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အတွင်း ပြင်သစ်နိုင်ငံ “ဒန်းကပ်” မှ အင်္ဂလန်ကျွန်းသို့ ဗြိတိသျှနှင့် ပြင်သစ်စစ်သည် ၃၃၈၂၂၆ ဦးတို့ ပြန်လည်ဆုတ်ခွာမှု ဖြစ်သည်။ ထိုသို့ဆုတ်ခွာရာတွင်​ အရပ်​ဘက်​နှင်​့ စစ်ဘက်ရေယာဉ်ပေါင်း ၁၂၀၀ တို့က သယ်ယူပို့ဆောင်ပေးခဲ့ရသည်။

အဆိုးရွားဆုံး ပိတ်ဆို့မှု

သမိုင်းစဉ်တွင် အဆိုးရွားဆုံး ဝိုင်းဝန်းပိတ်ဆို့မှုမှာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်​​ထောင်စုရှိ လီနင်ဂရက်မြို.ကို ဂျာမန်တပ်များက ရက်ပေါင်း ၈၈ ရက်​ကြာ ဝိုင်းဝန်းပိတ်ဆို့ထားမှု ဖြစ်သည်။ ဂျာမန်တပ်များသည် ၁၉၄၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှ ၁၉၄၄ ခုနှစ်၊ ဇန်​နဝါရီလ ၁၇ ရက်နေ့အထိ ပိတ်ဆို့ထားရာ လီနင်ဂရက်မြို့ အတွင်းရှိ စစ်သည်များနှင့် အရပ်သား စုစုပေါင်း ၁.၃ သန်းမှ ၁.၅ သန်းအထိ ​သေဆုံးခဲ့ကြသည်ဟု သိရသည်။

ခရီးအဝေးဆုံး သွားရောက်တိုက်ခိုက်မှု

​လေကြောင်းစစ်သမိုင်းတွင် ခရီးအဝေးဆုံး သွား​ရောက်တိုက်ခိုက်မှုမှာ ဖော့ကလန် စစ်ပွဲအတွင်းက ဖြစ်သည်။ ထိုစစ်ပွဲတွင် ဗြိတိသျှလေတပ်မှ ​ဗော်လကန် အမျိုးအစား ဗုံးကြဲလေယာဉ်တစ်စင်းသည် အက်ဆက်ရှင်းကျွန်းမှ ​ဖော့ကလန်ကျွန်းရှိ ပို့စတင်လီမြို့သို့ သွား​ရောက်ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုခရီးမှာ အသွားအပြန် မိုင် ၈၀၀၀ ​ကျော် ကွာဝေးသည်။

Guinness Book of World Records စာအုပ်မှ War ကို
​မောင်ဝင်းဟန်က ဆီလျှော်အောင် ဘာသာပြန်ဆိုသည်​။

(၁၉၈၆ ခုနှစ်​ ဧပြီလ၊ သုတပ​ဒေသာစာစောင် အတွဲ ၁၃၊ အမှတ် ၂)

Leave a Reply