ကမာၻေက်ာ္ အီဖယ္ေမ်ွာ္စင္ကို လိမ္ေရာင္းခဲ့သူႀကီးရဲ႕ ေျပာင္ေျမာက္လွတဲ့အကြက္မ်ား

Posted on

ေရးသားသူ – သိဒၶိ (ဘူတဝါဟန)

ကမၻာေက်ာ္ အီဖယ္ေမွ်ာ္စင္ကုိ လိမ္ၿပီး ေရာင္းစားခဲ့မႈဟာ မယံုႏိုင္စရာ ေကာင္းေပမယ့္ တကယ္ျဖစ္ခဲ့ပါတယ္။ တစ္ႀကိမ္ေတာင္ မဟုတ္ပါဘူး။ လူတစ္ဦးတည္းကေန ႏွစ္ႀကိမ္တိတိ ေရာင္းစားခဲ့တာပါ။

ေျပာင္ေျမာက္မႈမ်ား

သူ႔နာမည္က ဗစ္တာလက္စဂ္(Victor Lustig)တဲ့။ “အီဖယ္ေမွ်ာ္စင္ကုိ ႏွစ္ႀကိမ္တိတိ ေရာင္းစားခဲ့သူ” အျဖစ္ နာမည္ႀကီးပါတယ္။ ၁၈၉၀ ျပည့္ႏွစ္ ဇန္န၀ါရီလ ၄ ရက္ေန႔မွာ ဗစ္တာလက္စ္ဂ္ဟာ ဘုိေဟးမီးယားမွာ ေမြးဖြားခဲ့ပါတယ္။ နာမည္အရင္းက ေရာဘတ္ ဗီ မုိင္လာ။ သူ႔မိဘေတြက လူလတ္တန္းစားေတြပါ။ သူ႔အေဖဟာ ခ်က္ကုိစလုိဗက္ကီးယားက ၿမိဳ႕ေတာ္၀န္တစ္ေယာက္ပါ။ ပါရီမွာ ေက်ာင္းထားတာ ေက်ာင္းမတက္ဘဲ ေလာင္းကစားအလုပ္ေတြ လုပ္လုိ႔ ေက်ာင္းထြက္ခဲ့ရပါတယ္။

သူ႔အသက္ ၁၉ ႏွစ္အရြယ္မွာ သူမ်ားခ်စ္သူကို ငမ္းတာ မ်ားသြားလုိ႔ တစ္ဘက္ရည္းစား ေကာင္ေလးက သူ႔ကုိ ဓားနဲ႔ထုိးလုိက္တာ ဘယ္ဘက္မ်က္လံုးကေန ဘယ္ဘက္နားသန္သီးအထိ အမာရြတ္ႀကီး ထင္သြားတယ္။ အဲဒီအမာရြတ္က ေသရာပါ ျဖစ္သြားေတာ့တယ္။

ဗစ္တာဟာ အာ၀ဇၨန္း အရမ္းေကာင္းသလုိ ဘာသာစကား အေတာ္မ်ားမ်ားကုိလည္း ကြၽမ္းကြၽမ္းက်င္က်င္ ေျပာႏုိင္ပါတယ္တဲ့။ သိရသေလာက္ ဗစ္တာဟာ ဘာသာစကား ၅ မ်ိဳး ကြၽမ္းက်င္တယ္။ ခ်က္၊ ဂ်ာမန္၊ အဂၤလိပ္၊ ျပင္သစ္နဲ႔ အီတလီ ဘာသာစကားေတြကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ပါတယ္။ ဗစ္တာ့မွာ နာမည္တု ၂၅ ခု ရွိပါတယ္။ တစ္ခ်ိဳ႕ေျပာတာက်ေတာ့လည္း ၂၂ ခုတဲ့။ အေမရိကန္ႏုိင္ငံ တစ္ခုတည္းနဲ႔တင္ အမႈေပါင္း ၅၀ နဲ႔ ဖမ္းဆီးေထာင္ခ်ဖုိ႔ အလုိရွိေနတဲ့ တရားခံလည္း ျဖစ္ပါတယ္။

ဗစ္တာဟာ ဘိလိယက္ထုိးတဲ့ေနရာ၊ ပုိကာ႐ုိက္တဲ့ေနရာေတြမွာ အရမ္းကြၽမ္းက်င္တယ္။ ဒီလုိ ေလာင္းကစားမွာ ထူးခြၽန္တဲ့ ဗစ္တာဟာ ပင္လယ္ျပင္ကို ထြက္ခဲ့ေတာ့တယ္။ အဲဒီတုန္းက အတၱလႏၲိတ္ကုိ ျဖတ္ေနတဲ့ သေဘၤာေတြမွာ သူေဌးေတြ ပါတယ္။ တစ္ေယာက္စ ႏွစ္ေယာက္စ မဟုတ္ဘဲ အမ်ားအျပားကို ပါတာမ်ိဳးပါ။ ဒီေတာ့ သူေဌးေတြ ရွိတဲ့အရပ္မွာ ငါးမွ်ားခ်ိတ္ ခ်ိတ္ရတာကို သိပ္ၿပီး ဖင့္ႏႊဲေနစရာ မရွိေတာ့ဘူးေပါ့။

ဒီလုိနဲ႔ သူဟာ ပံုစံမ်ိဳးစံုနဲ႔ လိမ္စားပါေတာ့တယ္။ တစ္ခါတေလ ဘဏ္သူေဌးလုိ၊ တစ္ခါတေလ ၿမိဳ႕စားလုိ၊ သူေကာင္းျပဳခံထားရတဲ့သူလုိ စသျဖင့္ မ်ိဳးစံု လိမ္စားခဲ့တယ္။ ဒါေပမဲ့ ပထမကမၻာစစ္ႀကီး ၿပီးတဲ့အခ်ိန္မွာေတာ့ သေဘၤာေပၚမွာ လိမ္စားရတဲ့ဂြင္ဟာ ခမ္းလာေတာ့တယ္။ အဲဒါနဲ႔ အေမရိကားကုိ သြားဖုိ႔ လုပ္ေတာ့တယ္။ အဲဒီအခ်ိန္ အေမရိကားဟာ ျပည္၀င္ခြင့္ကို ကန္႔သတ္ထားတာ အျပင္းထန္ဆံုးပါ။ ဒါေပမဲ့ ဗစ္တာဟာ ရေအာင္ ၀င္ႏုိင္ခဲ့ပါတယ္။

သူ႔ဘ၀မွာ အေျပာင္ေျမာက္ဆံုး လိမ္လည္တဲ့အမႈ (၄) မႈရွိပါတယ္။ တစ္ခုက ဘဏ္ကုိ လိမ္တာ၊ ေနာက္တစ္ခုက ဘဏ္သူေဌးကုိ လိမ္တာ၊ တတိယတစ္ခုက ေငြထုတ္စက္ အတုလုပ္ၿပီး လိမ္တာ၊ ေနာက္ဆံုးတစ္ခုကေတာ့ အီဖယ္ေမွ်ာ္စင္ကို လိမ္ေရာင္​းတာပါပဲ။ သူဘယ္လုိ လိမ္ခဲ့တယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး စာရွည္မွာစုိးလုိ႔ ထင္ရွားတဲ့ အမႈေတြ အေၾကာင္းကုိပဲ ေကာက္ႏႈတ္ ​ေဖာ္ျပလုိက္ရပါတယ္။

အီဖယ္ေမ်ွာ္စင္ကို ေရာင္းစားခဲ့ပံု

၁၉၂၅ခုႏွစ္ ေမလ မွာ ဗစ္တာဟာ သူ႔လုိ စ႐ုိက္တူ အရည္အေသြးတူ လူလိမ္တစ္ေယာက္နဲ႔ အတူတူ ပါရီၿမိဳ႕ကုိ အလည္အပတ္ ထြက္ခဲ့ပါတယ္။ ပါရီၿမိဳ႕မွာ ေနေနတုန္း ပါရီသတင္းစာ တစ္ေစာင္မွာ ထူးဆန္းတဲ့ ေဆာင္းပါးတစ္ပုဒ္ ပါလာပါတယ္။ အဲဒီေဆာင္းပါးကေတာ့ ျပင္သစ္ႏုိင္ငံရဲ႕ အထင္ကရ အီဖယ္ေမွ်ာ္စင္ႀကီးဟာ ႏွစ္ေပါင္းသံုးဆယ္ ​ေက်ာ္လာလုိ႔ အုိမင္းရင့္ေရာ္ၿပီး ေဆြးျမည္​့လာေၾကာင္း ေရးသားထားပါတယ္။ ပါရီၿမိဳ႕ရဲ႕ အထိမ္းအမွတ္လည္းျဖစ္တဲ့ အီဖယ္ေမွ်ာ္စင္ႀကီးကုိ ျပဳျပင္ဖုိ႔ စစ္ေဆးၾကည့္တဲ့အခါမွာ ကုန္က်စရိတ္ မ်ားစြာ ျမင့္မားမွာ ျဖစ္ေၾကာင္း၊ ျပင္သစ္ အစုိးရအေနနဲ႔ ျပင္ဆင္ ထိန္းသိမ္းတာထက္စာရင္ တစစီ ၿဖိဳခ်တာကမွ ေစ်းသက္သာမယ္လုိ႔ ယူဆေနေၾကာင္းလည္​း ေရးသားထားပါတယ္။

တျခားလူေတြ ဆုိရင္ေတာ့ ဒီေဆာင္းပါးကို ဖတ္ၿပီး ေက်ာ္သြားၾကပါလိမ့္မယ္။ ဒါေပမဲ့ ဗစ္တာကေတာ့ ကမၻာေက်ာ္ေအာင္ လိမ္ညာစား ေနခဲ့သူမုိ႔ ဒါဟာ `ခါခ်ဥ္´ ပဲ ဆုိၿပီး တြက္မိပါတယ္။ ခါခ်ဥ္ (Ka-ching) ဆုိတာ တစ္ေယာက္ေယာက္က ​ေငြအေျမာက္အမ်ား ရေတာ့မွာမုိ႔ ေရရြတ္တဲ့ အာေမဋိတ္ စကားလံုး ျဖစ္ပါတယ္။ အၿမဲတမ္း သပ္သပ္ရပ္ရပ္နဲ႔ ဝတ္​စား​ေနထိုင္​တတ္​ၿပီး စကားေျပာလည္း ​ေကာင္းသလုိ ဘာသာစကားလည္း ၅ ဘာသာ ကြၽမ္းက်င္တဲ့ ဗစ္တာဟာ လိမ္စားခဲ့တာ ၾကာၿပီမုိ႔ အီဖယ္ေမွ်ာ္စင္ စီမံကိန္းကို ေအာက္ပါအတုိင္း အကြက္က်က်နဲ႔ လွလွေလး ကစားပါေတာ့တယ္။

ပထမဆံုး ခ်မ္းသာၾကြယ္၀တဲ့ သူေဌးေတြ အျပည့္ပါတဲ့ ဇိမ္ခံသေဘၤာေတြကုိ သြားၿပီး သူ႔ရဲ႕ သားေကာင္ကို ရွာပါတယ္။ ဒီလုိ သားေကာင္ ရွာတဲ့အခါက်ရင္ ဗစ္တာအမ်ားဆံုး သံုးေလ့ရွိတဲ့ အကြက္က သူ႔ကုိယ္သူ နာမည္ေက်ာ္ ဘေရာ့ဒ္ေ၀းက ပ႐ုိဂ်ဴဆာ တစ္ေယာက္ပံုစံ အသြင္ယူၿပီး လႈပ္ရွားပါတယ္။ ၿပီးေတာ့ ခ်မ္းသာၾကြယ္၀တဲ့ သူေတြကုိ လုိက္ၾကည့္ၿပီး သူတုိ႔ရဲ႕ တိတ္တခုိးဆႏၵေတြကုိ စူးစမ္းေလ့လာပါတယ္။ ဗစ္တာဟာ အကြက္က်က်ပဲ လိမ္​ေလ့႐ွိပါတယ္​။ ဘယ္ေတာ့မွ မစူးစမ္း မေလ့လာဘဲနဲ႔ မလိမ္ပါဘူး။ အရင္ဆံုး မလိမ္ခင္ အၿမဲတမ္း စူးစမ္းတယ္။ သုေတသနျပဳတယ္။ ေသေသခ်ာခ်ာ ျပင္ဆင္ပါတယ္​။

အီဖယ္ေမွ်ာ္စင္ကုိ ေရာင္းစားဖုိ႔ အရင္ဆံုး စလုပ္တာက ပါရီမွာ လက္မွတ္တု၊ စာရြက္စာတမ္း အတုေတြ လုပ္တာပါပဲ။ သူ႔ကုိယ္သူ အစုိးရဘက္က အရာရွိႀကီးတစ္ေယာက္အျဖစ္ စာရြက္စာတမ္း အတုေတြ လုပ္ပါတယ္။ သူ႔ရာထူးကုိ Deputy Director General of the Minstere de Postes et Telegraphes(Post & Telegraph – စာတုိက္နဲ႔ေၾကးနန္း) လုိ႔ ေပးထားပါတယ္။ ျပီးတာနဲ႔ ပါရီၿမိဳ႕ထဲက နာမည္ႀကီး ထိပ္သီး သံကုန္သည္ သူေဌးငါးေယာက္ဆီကုိ စာပုိ႔လုိက္ပါတယ္​။ (တခ်ိဳ႕ သတင္းရင္းျမစ္ေတြကေတာ့ ေျခာက္ေယာက္လုိ႔ ဆုိပါတယ္)

ပုိ႔လုိက္တဲ့ စာထဲမွာ အခ်က္အလက္ တိတိက်က် ​ေရးမထားပါဘူး။ ဒါေပမယ္​့ အစုိးရ ႐ံုးသံုးပံုစံမ်ိဳး ေရးထားပါတယ္။ သူ႔ကို အေရးတႀကီး ကိစၥတစ္ခုအတြက္ အျမန္လာေတြ႕ဖုိ႔ နာမည္ႀကီး ဟုိတယ္တစ္ခုျဖစ္တဲ့ Hotel de Crillon ကို ဖိတ္လုိက္ပါတယ္။ စီးပြားေရး အလုပ္ကိစၥတစ္ခု ေဆြးေႏြးဖုိ႔ဆုိၿပီး ဖိတ္လုိက္တာပါ။

ဟုိတယ္မွာ သံကုန္သည္သူေဌးငါးေယာက္ကို ရွယ္ဧည့္ခံၿပီး ညစာေကြၽးတယ္။ အေကာင္းစား၀ုိင္ေတြ တုိက္ပါတယ္။ တေအာင့္ေနေတာ့ စၿပီး ေခ်ာဆီထည့္ေတာ့တာပါပဲ။ အရင္ဆံုး သူ႔ရာထူးကုိ ထည့္ေျပာၿပီး အခုလုိ ဖိတ္ၾကားထားတဲ့ လူေတြဟာ ကန္႔သတ္ ​ေရြးခ်ယ္ထားတာျဖစ္ေၾကာင္း၊ ဘာေၾကာင့္လဲဆုိေတာ့ ခင္ဗ်ားတုိ႔ဟာ ႐ုိးသားေျဖာင့္မတ္တဲ့ စီးပြားေရးသမားေတြလို႔ ယံုၾကည္ရလုိ႔ ဖိတ္ၾကားရျခင္း ျဖစ္ေၾကာင္း ေျပာဆုိၿပီး အစုိးရအေနနဲ႔ အီဖယ္ေမွ်ာ္စင္ကုိ ၿဖိဳခ်ဖုိ႔ ဆံုးျဖတ္လုိက္ၿပီမုိ႔ ၿဖိဳခ်တဲ့အခါ သတၱဳေပါင္း တန္ ၇၀၀၀ ရရွိလာမည္ျဖစ္ၿပီး အျမင့္ဆံုး ေလလံဆြဲႏိုင္သူသာ ဒီတင္ဒါကို ရရွိမည္ျဖစ္ေၾကာင္း ေျပာပါတယ္။

သူေျပာတဲ့ စကားထဲမွာ ထိပ္သီး သံကုန္သည္သူေဌး ငါးေယာက္ကုိ မွ်ားတဲ့ ေနာက္ထပ္ ငါးစာတစ္ခုလည္း ရွိပါ​ေသးတယ္။ အဲဒါကေတာ့ အီဖယ္ေမွ်ာ္စင္ဟာ ၁၈၈၉ ခုႏွစ္က ကမၻာ့ကုန္စည္ျပပဲြ (​ေမလ ၆ ရက္ေန႔ကေနၿပီး ေအာက္တုိဘာလ ၃၁ ရက္ေန႔အထိ က်င္းပခဲ့တဲ့ Exposition Universelle) မွာ ၀င္ေပါက္အမုိး တစ္ခုအျဖစ္ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး ေရရွည္ ထားရွိဖုိ႔ မရည္ရြယ္ခဲ့ဘဲ ၁၉၀၉ ခုႏွစ္မွာ ၿဖိဳခ်ၿပီး တျခား တစ္ေနရာကို ပုိ႔ဖုိ႔ရည္ရြယ္ခဲ့ေၾကာင္းလည္း ပါပါ​ေသးတယ္။

ပါရီၿမိဳ႕ထဲက အထင္ကရ အေဆာက္အဦေတြျဖစ္တဲ့ Gothic cathedrals နဲ႔ Arc de Trimphe တုိ႔ရဲ႕ ပံုရိပ္ကို ထိခုိက္ေစေၾကာင္း ​ေျပာၿပီး အလက္ဇန္းဒါး ဒူးမက္စ္ရဲ႕ စကားကို​ေတာင္ ကုိးကား ေျပာဆုိလုိက္ပါ​ေသးတယ္။ အလက္ဇန္းဒါး ဒူးမက္စ္ဟာ အီဖယ္ေမွ်ာ္စင္ကို တစ္ခ်ိန္တုန္းက ဒီလုိ ေျပာခဲ့ဖူးပါတယ္။

`မႏွစ္ၿမိဳ႕စရာ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခု´။

အလက္ဇန္းဒါးဒူးမက္စ္ရဲ႕ စကားတစ္ခုတည္းနဲ႔ အားမရဘဲ စာေရးဆရာ Guy de Manupassant ရဲ႕ စကားကိုပါ ကုိးကားလုိက္ပါ​ေသးတယ္​။

“တကယ္လုိ႔ ကြၽန္ေတာ္တုိ႔ဟာ ဒီကလန္ကလားနဲ႔ ထုိးထုိးေထာင္ေထာင္ႏုိင္လွတဲ့ ပိရမစ္ႀကီးကုိ မၿဖိဳခ်ဘူးဆုိရင္ ကြၽန္ေတာ္တုိ႔ရဲ႕ ေနာက္ထပ္ မ်ိဳးဆက္သစ္ေတြဟာ ကြၽန္ေတာ္တုိ႔ကို ဘယ္လုိျမင္ၾကမလဲ”

-ဆုိၿပီး ဆြယ္တရားကုိ ပါးပါးေလး ထည့္ပါေတာ့တယ္။ ေျပာတဲ့အခ်ိန္မွာလည္း ရင္ထဲကေန လာတဲ့ စကားေတြ ေျပာတဲ့ပံုစံနဲ႔ ေျပာတာ ျဖစ္ၿပီး နားေထာင္တဲ့သူ အသည္းမခုိင္ရင္ မ်က္ရည္ပါ ေၾကြရမတတ္ ေျပာတာပါ။ ေနာက္ဆံုး အဆံုးသတ္ကုိေတာ့ ဒီေလာက္ ျမင့္မားလွတဲ့ ေမွ်ာ္စင္ႀကီးကို ထိန္းသိမ္းရတဲ့ ကုန္က်စရိတ္ဟာ အရမ္းကုိ မ်ားျပားလွေၾကာင္း ေျပာၿပီး အစုိးရအေနနဲ႔ ၿဖိဳခ်ဖုိ႔ ဆံုးျဖတ္လုိက္ရတာ ျဖစ္ေၾကာင္း၊ သုိ႔ျငား ျပည္သူၾကား အျငင္းပြားစရာေတြ ျဖစ္လာမွာ စုိးရသည့္အတြက္ အလ်င္စလုိ တိတ္တဆိတ္ လႈပ္ရွားရျခင္းသာ ျဖစ္ေၾကာင္း ေျပာၿပီး နိဂံုးခ်ဳပ္လုိက္ပါေတာ့တယ္။

အဲဒီလုိေျပာၿပီး ေနာက္ရက္မွာ ဗစ္တာဟာ သူေဌးငါးေယာက္ကုိ ဇိမ္ခံကားႀကီး(ငွားထားတဲ့)နဲ႔ အီဖယ္ေမွ်ာ္စင္ကို လွည့္ပတ္ၾကည့္႐ႈေစပါတယ္။ အမွန္က အဲဒီလုိ ၾကည့္တဲ့အခ်ိန္ ဘယ္သူက ေလာဘအတက္ဆုံး၊ လိမ္လုိ႔ အေကာင္းဆံုးသူ ျဖစ္မလဲဆုိတာ ေလ့လာတာပါ။ ကံဆိုးသူ သားေကာင္ကုိ ေရြးခ်ယ္တာပဲ ျဖစ္ပါတယ္။ လွည့္ပတ္ၾကည့္႐ႈျပီးေတာ့ ဗစ္တာက သူေဌးငါးဦးကုိ မနက္ျဖန္က်ရင္ ေလလံဆဲြဖုိ႔ ေျပာလုိက္ပါတယ္။ ဒီကိစၥဟာ ႏုိင္ငံေတာ္ လွ်ိဳ႕၀ွက္ခ်က္မုိ႔ မေပါက္ၾကားေစဖုိ႔လည္း သတိေပးလုိက္ပါ​ေသးတယ္။

​ေနာက္ထပ္ ရက္အနည္းငယ္ ၾကာၿပီးတဲ့ေနာက္မွာေတာ့ ပါရီၿမိဳ႕ေတာ္က ထိပ္သီး သံကုန္သည္ သူ​ေဌးငါးဦးစလံုးဟာ ဗစ္တာ ​ေျပာတဲ့အတုိင္း ေလလံဆဲြလုိက္ၾကပါေတာ့တယ္။ ဒါေပမဲ့ ဗစ္တာက ဘယ္သူ႕ကို ေရြးခ်ယ္မလဲဆုိတာ ကနဦးတည္းက စဥ္းစား ဆံုးျဖတ္ၿပီးသားပါ။ အဲဒီသားေကာင္ကေတာ့ Andre Poisoon ပါပဲ။ ဗစ္တာဟာ အန္ဒရီးကုိ အီဖယ္ တာ၀ါေမွ်ာ္စင္ကုိ ၿဖိဳခ်ဖုိ႔ ေလလံေအာင္ခဲ့ေၾကာင္း အေၾကာင္းၾကားလုိက္ပါတယ္​။

ဒါေပမယ္​့ ဗစ္တာရဲ႕ အီဖယ္ေမွ်ာ္စင္ကို ေရာင္းတဲ့အကြက္မွာ ေနာက္ထပ္ ျပႆနာေလးေတြ ရွိေနပါတယ္။ အဲဒါကေတာ့ သူေရြးလုိက္တဲ့ သူေဌး အန္ဒရီးရဲ႕ မိန္းမက ဉာဏ္ရွိတယ္။ ဘာလုိ႔ အဲဒီေလာက္ လွ်ိဳ႕၀ွက္ေနရတာလဲ။ ဘာလို႔ အဲဒီေလာက္ ကတုိက္က႐ုိက္ ျဖစ္​​ေလာက္ေအာင္ ျမန္ဆန္ေနရတာလဲ။ ဗစ္တာဟာ ဘယ္လုိ အရာရွိမ်ိဳးလဲ စသျဖင့္ သူ႔​ေယာက္်ားကုိ ေမးေတာ့ သူ႔​ေယာက္်ားဟာ တြန္႔ဆုတ္ေနခဲ့ပါတယ္။

အဲဒီမွာတင္ ဗစ္တာဟာ ေနာက္ထပ္ တစ္ကြက္ကို ထုတ္သံုးရပါေတာ့တယ္။ အဲဒါကို တစ္နည္းအားျဖင့္ အဆစ္ ေခ်ာဆီထည့္ျခင္းလုိ႔လည္း ဆုိႏုိင္ပါတယ္။ ဗစ္တာဟာ အန္ဒရီးကုိ သီးသန္႔ေခၚေတြ႕ၿပီး သူ႕လုိ ျပည္သူ႕၀န္ထမ္း တစ္ေယာက္အေနနဲ႔ အ၀တ္အစား ​ေကာင္းေကာင္းနဲ႔ ​ေဖာ​ေဖာသီသီ သံုးျဖဳန္းသင့္ေပမယ့္ ရတဲ့လစာက ႏွစ္ပဲတစ္ျပား ျဖစ္ေနေၾကာင္း ညည္းျပပါေတာ့တယ္။ အဲဒီမွာတင္ ဟုိကလည္း ကုန္သည္လုပ္ေနတာ ဆုိေတာ့ ခ်က္ခ်င္း တန္းသိၿပီး လာဘ္ထုိးတဲ့ေငြကုိပါ ထပ္ၿပီး ေပးလုိက္ပါတယ္။ အခုလုိ ေလလံေအာင္ဖုိ႔ လုပ္ေပးတဲ့အတြက္လည္း ေက်းဇူးမ်ားစြာ တင္ရွိေၾကာင္းလည္း ေျပာၾကားလုိက္ပါတယ္​။

ေက်းဇူးလည္း အတင္ခံရ၊ ေငြလည္း ရသြားတဲ့ ဗစ္တာဟာ ျပင္သစ္ကေန ၾသစႀတီးယားကို ေျပးပါေတာ့တယ္။ အီဖယ္ေမွ်ာ္စင္ကုိ ေရာင္းစားရတဲ့ေငြအျပင္ လာဘ္ထုိးခ ေငြကိုလည္း ၿမိဳးၿမိဳးျမတ္ျမတ္ ရလိုက္ပါတယ္။ အဲဒီေငြေတြနဲ႔ ၾသစႀတီးယားမွာ ဇိမ္က်က်ေနၿပီး ျပင္သစ္သတင္းစာကုိ ေစာင့္ဖတ္ပါ​ေတာ့တယ္။ သူလိမ္ခဲ့တဲ့ သတင္း ဘယ္ေန႔ ပါလာမလဲဆုိၿပီး ေစာင့္ဖတ္ပါတယ္။

ဒါေပမဲ့ ရက္သတၱပတ္ေပါင္း မ်ားစြာသာ ၾကာလာခဲ့တယ္။ သတင္းက ပါမလာခဲ့ဘူး။ အဲဒီေတာ့ ဗစ္တာက ေကာက္ခ်က္ခ်တယ္။ ၾကည့္ရတာ ဟုိကုန္သည္ သူ႔ဟာသူ ရွက္ၿပီး ရဲကုိ မတုိင္တာလုိ႔ ေကာက္ခ်က္ခ်လုိက္ပါတယ္။ တကယ္လည္း သံကုန္သည္ သူ​ေဌးႀကီးဟာ လြယ္လင့္တကူ အလိမ္ခံလုိက္ရတာကို ရွက္ၿပီး ရဲမတုိင္ခဲ့ဘူး။ သူေဌးႀကီး အန္ဒရီးဟာ အီဖယ္ေမွ်ာ္စင္ကို ဖ်က္ခ်ဖုိ႔ ၿမိဳ႕ေတာ္ အာဏာပုိင္ေတြဆီ သြားေတြ႕ခဲ့တယ္။ ဒါေပမယ္​့ ဟုိက အန္ဒရီး ​ေျပာတာကို တစ္ခုမွ နားမလည္သလုိ အန္ဒရီးကုိ ႐ူးေနၿပီလားလုိ႔ ၀ုိင္းေျပာၾကတာနဲ႔ အန္ဒရီးဟာ ရွက္သြားခဲ့တယ္။ ရဲစခန္းလည္း မသြားေတာ့ပါဘူး။

အဲဒီေတာ့ ဗစ္တာဆုိတဲ့လူက ဘယ္လုိေတြးလုိက္တယ္ဆုိေတာ့ .. ​ေနာက္ထပ္ အခ်ဥ္တစ္ေကာင္ ထပ္ဖမ္းလုိ႔ ရေသးတယ္ဆုိၿပီး ေတြးလုိက္ပါေတာ့တယ္။

ေျခာက္လ ၾကာၿပီးတဲ့ေနာက္မွာ ဗစ္တာဟာ ပါရီကုိ ျပန္လာခဲ့တယ္။ အရင္က လုပ္ခဲ့တဲ့ သံကုန္သည္​ သူေဌးငါးေယာက္ အကြက္အတုိင္းပဲ ဆက္လုပ္တယ္။ အံအားသင့္စရာ ​ေကာင္းတာက ထပ္ၿပီး သားေကာင္မိပါတယ္။ အီဖယ္ေမွ်ာ္စင္ကို ထပ္ေရာင္းလုိ႔ ရသြားတယ္။ ဒီအႀကိမ္မွာ​ေတာ့ ဗစ္တာ့သတင္းဟာ ရဲဆီ ေရာက္သြားပါတယ္။ အမႈဖြင့္ တုိင္ၾကားျခင္း ခံလုိက္ရသလုိ သတင္းစာေတြမွာလည္း မ်က္ႏွာဖံုးသတင္းအျဖစ္ ပါသြားပါ​ေတာ့တယ္။ ဗစ္တာလည္း သိပ္မၾကာပါဘူး။ ျပင္သစ္အျပင္ ဥေရာပမွာ​ေတာင္​ ေနလို႔ မရေတာ့တာမုိ႔ အေမရိကားကို ထြက္ေျပးရပါ​ေတာ့တယ္။

​ေငြထုတ္​စက္​လုပ္​ၿပီး လိမ္စားပံု

ဗစ္တာဟာ အီဖယ္ေမွ်ာ္စင္ကို လိမ္ၿပီး ေကာင္းေကာင္း မေနႏုိင္ခဲ့ဘူး။ ေနာက္ထပ္ သားေကာင္တစ္ေကာင္​ကို ေနာက္ထပ္ပံုစံတစ္ခုနဲ႔ လိမ္ခဲ့ပါ​ေသးတယ္။ အဲဒါကေတာ့ ေငြထုတ္တဲ့ စက္ပါပဲ။ အဲဒါကုိ ႐ူေမးနီးယန္းေသတၱာလုိ႔ ေခၚပါတယ္။ ဗစ္တာ့မွာ ေသတၱာ၊ ဗီ႐ုိေတြ လုပ္တတ္တဲ့ အသိတစ္ေယာက္ ႐ွိတယ္။ သူက နယူးေယာက္ခ္မွာ ေနပါတယ္။ သူ႔ကို ေခၚၿပီး မေဟာ္ဂနီ ​ေသတၱာတစ္လံုး လုပ္ခုိင္းပါတယ္။ ပုိက္ဆံထည့္ဖုိ႔ အေပါက္​ ေသးေသးလည္း လုပ္ခုိင္းပါတယ္။ ေသတၱာဟာ ၁၂ လက္မ စတုရန္းပံုစံရွိၿပီး ေသတၱာရဲ႕ တစ္ဘက္မွာေတာ့ ဗစ္တာဟာ စက္ကိရိယာေတြ တပ္ဆင္ထားပါတယ္။

​ေသတၱာ လုပ္ၿပီးသြားတဲ့ အခ်ိန္မွာ ဗစ္တာဟာ ဖေလာ္ရီဒါက ပါလ္မားကမ္းေျခကို သြားပါတယ္။ အဲဒီမွာ ဟာမန္းေလာ္လာ ဆုိတဲ့ သားေကာင္ကုိ ေတြ႕တာပါပဲ။ ေလာ္လာဟာ တကယ္ေတာ့ သူ႕အလုပ္နဲ႔သူ ေအာင္ျမင္ေနတဲ့ သူေဌးတစ္ေယာက္ပါ။ သူ႕အလုပ္က Flywheel ေတြေရာင္းၿပီး စီးပြားျဖစ္ေနတာ။ ဒါေပမယ္​့ ကားထုတ္လုပ္တဲ့သူေတြက ေစ်းကြက္ကုိ ျခယ္လွယ္လာတဲ့ အခါမွာေတာ့ ေလာ္လာဟာ သူ႕စီးပြားေရးအတြက္ ကုစားဖုိ႔ ရွာရင္းနဲ႔ ဗစ္တာရဲ႕ ေထာင္ေခ်ာက္ထဲကို နင္းမိပါ​ေတာ့တယ္​။

ေလာ္လာကို သားေကာင္အျဖစ္ ေရြးခ်ယ္လုိက္ၿပီးတဲ့ေနာက္မွာ ဗစ္တာဟာ သူအခုလုိ ခ်မ္းသာလာတာ နည္းလမ္းတစ္ခုေၾကာင့္လုိ႔ စၿပီး စကားပစ္ပါ​ေတာ့တယ္။ ေလာ္လာက ဘယ္လုိမ်ားလဲလုိ႔ ေမးေတာ့ သူလုပ္ထားတဲ့ မေဟာ္ဂနီေသတၱာေလးကို ထုတ္ျပၿပီး ဒီေသတၱာဟာ ကမၻာေပၚမွာ ေငြတုထုတ္ေပးႏုိင္တဲ့ တစ္ခုတည္းေသာ ​ေသတၱာ ျဖစ္ေၾကာင္း၊ ပုိက္ဆံအစစ္ကို စကၠဴအလြတ္နဲ႔ အတူတူ ထည့္လုိက္မယ္ဆုိရင္ ပံုတူကူးၿပီး ေနာက္ထပ္ ပိုက္ဆံအစစ္ တစ္ရြက္ ရလာမွာ ျဖစ္ေၾကာင္း ​ေျပာဆုိၿပီး ခ်ဳပ္ပါ​ေတာ့တယ္။ ဒါေပမယ္​့ အဲဒီ့​ေသတၱာမွာ အားနည္းခ်က္က ခ်က္ျခင္းထည့္ၿပီး ခ်က္ျခင္းရလာတာ မဟုတ္​ေၾကာင္​း၊ ေျခာက္နာရီၾကာေအာင္ ေစာင့္ရ​ေၾကာင္​း၊ အဲဒီလုိ ေစာင့္ရတာကလည္း စာရြက္အလြတ္ကုိ ေငြစကၠဴနဲ႔ ထပ္တူျဖစ္ေအာင္ ဓာတုပစၥည္းေတြနဲ႔ စိမ္ထားတဲ့ အရည္ထဲမွာ စိမ္ရလို႔ ျဖစ္ေၾကာင္းပါ ယုတၱိရွိရွိ ​ေျပာျပပါတယ္။

ဒီေတာ့ ဗစ္တာနဲ႔ ေလာ္္လာအျပင္ ေနာက္ထပ္ အ​ေဖာ္တစ္ေယာက္ပါ ေျခာက္နာရီေက်ာ္ေအာင္ ေစာင့္ၿပီးမွ သြားျပန္ၾကည့္တဲ့အခါ ေသတၱာထဲကေန ေဒၚလာတစ္ေထာင္တန္ ေငြစကၠဴကို ေတြ႕လုိက္ရတယ္။ အဲဒီ ​ေငြစကၠဴဟာ အတုမဟုတ္ဘူး၊ အစစ္၊ မယံုရင္ ဘဏ္မွာ သြားစစ္ၾကည့္ ဆုိၿပီး ေျပာေတာ့ ေလာ္လာလည္း ဘဏ္မွာ သြားစစ္ၾကည့္တဲ့အခါ တကယ့္ကို အဟုတ္ႀကီး ေငြအစစ္ ျဖစ္​​ေနပါတယ္။ စစ္မွာေပ့ါ။ တကယ္လည္း ေငြအစစ္ကုိ ထည့္ထားတာကုိး။ ဗစ္တာဟာ ေသတၱာထဲမွာ ေငြစကၠဴနံပါတ္နဲ႔ ဆင္တူ အစစ္တစ္ရြက္ကုိ ႀကိဳတင္​ၿပီး ထည့္ထားခဲ့တာပါ။

အဲဒီလုိနဲ႔ သူေဌးေလာ္လာဟာ `ကမၻာ့ေငြတုထုတ္စက္ တစ္လံုး´ ကုိ ကာလေပၚေငြ အေမရိကန္ေဒၚလာ ႏွစ္သိန္းေလးေသာင္း ရွိမယ့္ အဲဒီ့​ေခတ္​ ​ေငြေၾကး ေဒၚလာ ႏွစ္ေသာင္းခဲြနဲ႔ ၀ယ္လုိက္ပါ​ေတာ့တယ္။ ဗစ္တာက ဒီၿမိဳ႕က ထြက္ဖုိ႔ ေျခာက္နာရီ အခ်ိန္ရတယ္လုိ႔ တြက္ၿပီးသား။ ဒါေပမယ္​့ ကံဆုိးရွာတဲ့ ေလာဘသမား ေလာ္လာဟာ ေျခာက္နာရီ ျပည့္တဲ့အခ်ိန္မွာ ေငြက ထြက္မလာလုိ႔ သူမ်ား မွားသလားလုိ႔ ဆုိၿပီး ရက္သတၱပတ္ေပါင္းမ်ားစြာ စစ္ေဆးၾကည့္႐ႈ​ေနမိသတဲ့။ သူ အဲဒီလုိ စစ္ေဆးေနတဲ့အခ်ိန္မွာ ဗစ္တာကေတာ့ အုိကလာဟုိးမားကုိ ေရာက္ရွိေနပါၿပီ။

ဒုစ႐ိုက္ရာဇာကို ႏွပ္ခ်ျခင္း

ေနာက္ၿပီး ရွီကာဂုိက တကယ့္ ဒုစ႐ုိက္ရာဇာႀကီး အယ္လ္ကာပြန္း ကုိလည္း ပါးပါးေလး လိမ္စားခဲ့ပါ​ေသးတယ္။ ဘယ္လို လိမ္တာလဲ ဆုိေတာ့ အယ္လ္ကာပြန္းဆီ သြားၿပီး သူလုပ္ေနတဲ့ အလုပ္တစ္ခု ရွိတယ္။ အဲဒီမွာ ေငြေၾကး ရင္းႏွီးပါလား ဆုိၿပီး ဆဲြေဆာင္ပါတယ္။ ဟုိကလည္း ေဒၚလာ ငါးေသာင္းကို ရွယ္ယာအေနနဲ႔ ထည့္လုိက္ပါတယ္။ ႏွစ္လေလာက္ၾကာ ေတာ့ ခပ္တည္တည္နဲ႔ သြားၿပီး လုပ္ငန္းမေအာင္ျမင္လို႔ ထည့္ထားတဲ့ ေဒၚလာငါးေသာင္း ပလံုသြားၿပီ ျဖစ္ေၾကာင္း ေျပာလုိက္ပါတယ္။

ဒုစ႐ုိက္ရာဇာဟာ ေဒါသထြက္ၿပီး သတ္မယ္ လုပ္တဲ့အခ်ိန္ ဗစ္တာဟာ ေအးေအး​ေဆးေဆးပဲ၊ မပူပါနဲ႔၊ ကြၽန္ေတာ္ အဲဒီေငြ ျပန္ေပးပါမယ္ဆုိၿပီး ေဒၚလာငါးေသာင္းကုိ ျပန္စုိက္ေပးလုိက္ပါတယ္။ အဲဒီမွာတင္ ဒုစ႐ုိက္ရာဇာႀကီး အယ္လ္ကာပြန္းဟာ ဗစ္တာကို အထင္ေတြႀကီး၊ ေလးစားသြားၿပီး ေဒၚလာတစ္ေထာင္ကို ဆုခ်ီးျမွင့္တဲ့အေနနဲ႔ ျပန္ေပးလုိက္ပါတယ္။ ဒါေပမယ္​့ ဒုစ႐ုိက္ရာဇာႀကီး အယ္လ္ကာပြန္း မသိတဲ့အခ်က္က သူ႔​ေငြေတြနဲ႔ သူ႔ကို ျပန္ကလိမ္က်သြားတာျဖစ္ၿပီး ေလးစားမႈကုိ လုိခ်င္လုိ႔ လုပ္လုိက္တယ္ဆုိတဲ့ အခ်က္ျဖစ္ေၾကာင္း မသိခဲ့႐ွာဘူး။ ေဒၚလာတစ္ေထာင္ကေတာ့ အေခ်ာင္အျမတ္ ရလုိက္တာေပ့ါ။

အဖမ္းခံရပံု

အသက္ ၄၅ႏွစ္ အရြယ္ေရာက္လာတဲ့အခ်ိန္မွာ ဗစ္တာဟာ အေမရိကားမွာ ေနတုန္း ႐ုတ္တရက္ အဖမ္းခံလုိက္ရပါတယ္။ သူအဖမ္းခံလုိက္ရပံုကလည္း ရဲေတြက စံုစမ္းရွာေဖြတာ ေတာ္လုိ႔ မဟုတ္ဘဲ ဗစ္တာရဲ႕ အိမ္က အိမ္ေဖာ္မက သ၀န္တုိလုိ႔ ရဲကို သတင္းေပးၿပီး ဖမ္းခုိင္းလုိက္တာပါ။ ျဖစ္ခ်င္ေတာ့ သတင္းေပးတဲ့ အိမ္ေဖာ္မက ဗစ္တာကို သူ႔ထက္ငယ္တဲ့ အိမ္ေဖာ္မနဲ႔ ျဖစ္ေနတာသိၿပီး သ၀န္တုိလုိ႔ ရဲတုိင္လုိက္တာပါ။

နယူးေယာက္ခ္မွာ ထိန္းသိမ္းခံ​ေနရတုန္း အမႈ အမိန္​႔ မခ်ခင္ေလးမွာ ဗစ္တာဟာ ျပန္ၿပီး ထြက္ေျပးႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ၂၇ ရက္ အၾကာမွာ ျပန္မိခဲ့ပါတယ္။ အသနားခံစာ တင္ခဲ့ေပမယ့္လည္း သူ႔ကုိ ကယ္လီဖုိးနီးယား၊ အယ္ကာထရက္ဇ္ကြၽန္းမွာ ေထာင္ဒဏ္ အႏွစ္(၂၀) ခ်မွတ္ခဲ့ပါတယ္။ ေထာင္ထဲမွာ ေနထုိင္ရင္း အသက္(၅၀)မွာေတာ့ ဗစ္တာဟာ ႏူမုိးနီးယားျဖစ္ၿပီး အက်ဥ္းေထာင္ေဆး႐ံုမွာ ေဆးကုသခံေနစဥ္ ႏွစ္ရက္အၾကာမွာ ေသဆံုးခဲ့ပါတယ္။

ထူးျခားခ်က္ ​ေနာက္တစ္ခုကေတာ့ သူ​ေသေတာ့ သူ႔ရဲ႕ ေသစာရင္းမွာ သူ႔ရဲ႕ အလုပ္အကုိင္နဲ႔ ပတ္သက္ၿပီး ေရးသားထားလုိက္ပံုက `အေရာင္းသင္သမား´ ပါတဲ့။

ေခ်ာဆီထည့္နည္း ပညတ္ေတာ္ (၁၀)ပါး

ဗစ္တာဟာ ေထာင္ထဲမွာ သူမေသခင္ သူ႔လုိ အႏုပညာဆန္ဆန္ လိမ္ညာခ်င္တဲ့ သူေတြအတြက္ လိမ္ညာနည္းကုိ Ten Commandments ဆုိၿပီး ဆယ္ခ်က္ ေရးသားခဲ့ပါတယ္။ အဲဒီ လိမ္ညာနည္း (၁၀)ပါးဟာ အင္မတန္ နာမည္ႀကီးလွတာမုိ႔ ေဖာ္ျပလုိက္ရပါတယ္။

၁။ စိတ္ရွည္ရွည္နဲ႔ နားေထာင္တတ္သူ ျဖစ္ပါေစ။ (အလ်င္စလုိ စကားေျပာတတ္သူ မျဖစ္ပါေစနဲ႔။ စကားေျပာ မျမန္ပါေစနဲ႔။ စိတ္ရွည္ရွည္နဲ႔ နားေထာင္တတ္မွ တစ္ဘက္သူကုိ ဘယ္လုိအႏုိင္ယူ သိမ္းသြင္းရမယ္ဆုိတာ သိပါလိမ့္မယ္။)

၂။ ဘယ္ေတာ့မွ ၿငီးေငြ႕ဖြယ္ရာ အသြင္အျပင္မ်ိဳး မရွိပါေစနဲ႔။ စိတ္၀င္စားဖြယ္ရာ ဟန္​ပန္​ ရွိပါေစ။

၃။ လူတစ္ဘက္သားဆီက ႏုိင္ငံေရးအယူအဆ တစ္ခုခု ထုတ္ေျပာလာတာကို ေစာင့္ပါ။ တစ္ဘက္က သူ႕ႏုိင္ငံေရးအယူအဆကုိ ေျပာလာတာနဲ႔ ေထာက္ခံသေဘာတူေပးလုိက္ပါ။ (အဲဒီအခ်က္ကုိေတာ့ စာေရးသူအေနနဲ႔ အေတာ္ေလးကုိ သေဘာေခြ႕မိပါတယ္။ အေတာ္ ပညာသား ပါတယ္လုိ႔ ယူဆမိတယ္။)

၄။ ဘာသာေရး အယူအဆေတြလည္း ေျပာပါေစ။ အျငင္းအခံု၊ အတုိက္အခံသာ မလုပ္မိေစနဲ႔။ ၿပီးရင္ ကုိယ္ကေတာင္ သူေျပာတဲ့ ဘာသာေရး အယူအဆကုိ တစ္ခ်ိဳ႕တစ္ေလ လက္ခံတဲ့အေၾကာင္းကိုပါ ေျပာေပးပါ။

၅။ လိင္ကိစၥနဲ႔ ပတ္သက္တဲ့ စကားလမ္းေၾကာင္းေတြ ခင္းေပးပါ။ ဒါေပမယ္​့ ကုိယ့္ဘက္က လုိက္မေျပာမိေစနဲ႔။ သူေျပာတာကုိပဲ ေစာင့္ပါ။ သူ႔ဘက္က စိတ္ေလာႀကီးစြာနဲ႔ လိင္ကိစၥအေၾကာင္းေတြ ေျပာလာမွ အသာေလး ေဖာ္လို လုိက္ေပးပါ။

၆။ ဘယ္ေတာ့မွ နာမက်န္း ျဖစ္တဲ့အေၾကာင္း၊ ေရာဂါအေၾကာင္းေတြ မေဆြးေႏြးမိပါေစနဲ႔။ တစ္ဘက္က နာမက်န္းျဖစ္တဲ့အေၾကာင္း မေျပာသေရြ႕ေပ့ါ။

၇။ တစ္ဘက္သူရဲ႕ ကုိယ္ေရးကုိယ္တာ ကိစၥေတြကုိ စပ္စုတာေတြ ဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔။ (သူတုိ႔ဘာသာ ေနာက္ဆံုး ေျပာျပလာပါလိမ့္မယ္။)

၈။ ဘယ္ေတာ့မွ မၾကြားမိပါေစနဲ႔။ မၾကြား၀ါနဲ႔။ ကုိယ့္ရဲ႕အေရးပါမႈကုိ တိတ္ဆိတ္ၿငိမ္သက္ေနပါေစ။

၉။ ဘယ္ေတာ့မွ မသပ္မရပ္ ျဖစ္သလုိ မေနမိပါေစနဲ႔။

၁၀။ ဘယ္ေတာ့မွ အရက္မမူးပါနဲ႔။ မေသာက္ပါနဲ႔။

သိဒၶိ (ဘူတဝါဟန)


အီဖယ်မျှော်စင်ကို လိမ်ရောင်းခဲ့သူကြီးရဲ့ ပြောင်မြောက်လှတဲ့အကွက်များ (unicode)

ရေးသားသူ – သိဒ္ဓိ (ဘူတဝါဟန)

ကမ္ဘာကျော် အီဖယ်မျှော်စင်ကို လိမ်ပြီး ရောင်းစားခဲ့မှုဟာ မယုံနိုင်စရာ ကောင်းပေမယ့် တကယ်ဖြစ်ခဲ့ပါတယ်။ တစ်ကြိမ်တောင် မဟုတ်ပါဘူး။ လူတစ်ဦးတည်းကနေ နှစ်ကြိမ်တိတိ ရောင်းစားခဲ့တာပါ။

ပြောင်မြောက်မှုများ

သူ့နာမည်က ဗစ်တာလက်စဂ်တဲ့။ “အီဖယ်မျှော်စင်ကို နှစ်ကြိမ်တိတိ ရောင်းစားခဲ့သူ” အဖြစ် နာမည်ကြီးပါတယ်။ ၁၈၉၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗစ်တာလက်စ်ဂ်ဟာ ဘိုဟေးမီးယားမှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းက ရောဘတ် ဗီ မိုင်လာ။ သူ့မိဘတွေက လူလတ်တန်းစားတွေပါ။ သူ့အဖေဟာ ချက်ကိုစလိုဗက်ကီးယားက မြို့တော်ဝန်တစ်ယောက်ပါ။ ပါရီမှာ ကျောင်းထားတာ ကျောင်းမတက်ဘဲ လောင်းကစားအလုပ်တွေ လုပ်လို့ ကျောင်းထွက်ခဲ့ရပါတယ်။

သူ့အသက် ၁၉ နှစ်အရွယ်မှာ သူများချစ်သူကို ငမ်းတာ များသွားလို့ တစ်ဘက်ရည်းစား ကောင်လေးက သူ့ကို ဓားနဲ့ထိုးလိုက်တာ ဘယ်ဘက်မျက်လုံးကနေ ဘယ်ဘက်နားသန်သီးအထိ အမာရွတ်ကြီး ထင်သွားတယ်။ အဲဒီအမာရွတ်က သေရာပါ ဖြစ်သွားတော့တယ်။

ဗစ်တာဟာ အာဝဇ္ဇန်း အရမ်းကောင်းသလို ဘာသာစကား အတော်များများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်တဲ့။ သိရသလောက် ဗစ်တာဟာ ဘာသာစကား ၅ မျိုး ကျွမ်းကျင်တယ်။ ချက်၊ ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ အီတလီ ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ ဗစ်တာ့မှာ နာမည်တု ၂၅ ခု ရှိပါတယ်။ တစ်ချို့ပြောတာကျတော့လည်း ၂၂ ခုတဲ့။ အမေရိကန်နိုင်ငံ တစ်ခုတည်းနဲ့တင် အမှုပေါင်း ၅၀ နဲ့ ဖမ်းဆီးထောင်ချဖို့ အလိုရှိနေတဲ့ တရားခံလည်း ဖြစ်ပါတယ်။

ဗစ်တာဟာ ဘိလိယက်ထိုးတဲ့နေရာ၊ ပိုကာရိုက်တဲ့နေရာတွေမှာ အရမ်းကျွမ်းကျင်တယ်။ ဒီလို လောင်းကစားမှာ ထူးချွန်တဲ့ ဗစ်တာဟာ ပင်လယ်ပြင်ကို ထွက်ခဲ့တော့တယ်။ အဲဒီတုန်းက အတ္တလန္တိတ်ကို ဖြတ်နေတဲ့ သင်္ဘောတွေမှာ သူဌေးတွေ ပါတယ်။ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ အများအပြားကို ပါတာမျိုးပါ။ ဒီတော့ သူဌေးတွေ ရှိတဲ့အရပ်မှာ ငါးမျှားချိတ် ချိတ်ရတာကို သိပ်ပြီး ဖင့်နွှဲနေစရာ မရှိတော့ဘူးပေါ့။

ဒီလိုနဲ့ သူဟာ ပုံစံမျိုးစုံနဲ့ လိမ်စားပါတော့တယ်။ တစ်ခါတလေ ဘဏ်သူဌေးလို၊ တစ်ခါတလေ မြို့စားလို၊ သူကောင်းပြုခံထားရတဲ့သူလို စသဖြင့် မျိုးစုံ လိမ်စားခဲ့တယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်မှာတော့ သင်္ဘောပေါ်မှာ လိမ်စားရတဲ့ဂွင်ဟာ ခမ်းလာတော့တယ်။ အဲဒါနဲ့ အမေရိကားကို သွားဖို့ လုပ်တော့တယ်။ အဲဒီအချိန် အမေရိကားဟာ ပြည်ဝင်ခွင့်ကို ကန့်သတ်ထားတာ အပြင်းထန်ဆုံးပါ။ ဒါပေမဲ့ ဗစ်တာဟာ ရအောင် ဝင်နိုင်ခဲ့ပါတယ်။

သူ့ဘဝမှာ အပြောင်မြောက်ဆုံး လိမ်လည်တဲ့အမှု (၄) မှုရှိပါတယ်။ တစ်ခုက ဘဏ်ကို လိမ်တာ၊ နောက်တစ်ခုက ဘဏ်သူဌေးကို လိမ်တာ၊ တတိယတစ်ခုက ငွေထုတ်စက် အတုလုပ်ပြီး လိမ်တာ၊ နောက်ဆုံးတစ်ခုကတော့ အီဖယ်မျှော်စင်ကို လိမ်ရောင်​းတာပါပဲ။ သူဘယ်လို လိမ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး စာရှည်မှာစိုးလို့ ထင်ရှားတဲ့ အမှုတွေ အကြောင်းကိုပဲ ကောက်နှုတ် ​ဖော်ပြလိုက်ရပါတယ်။

အီဖယ်မျှော်စင်ကို ရောင်းစားခဲ့ပုံ

၁၉၂၅ခုနှစ် မေလ မှာ ဗစ်တာဟာ သူ့လို စရိုက်တူ အရည်အသွေးတူ လူလိမ်တစ်ယောက်နဲ့ အတူတူ ပါရီမြို့ကို အလည်အပတ် ထွက်ခဲ့ပါတယ်။ ပါရီမြို့မှာ နေနေတုန်း ပါရီသတင်းစာ တစ်စောင်မှာ ထူးဆန်းတဲ့ ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။ အဲဒီဆောင်းပါးကတော့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်မျှော်စင်ကြီးဟာ နှစ်ပေါင်းသုံးဆယ် ​ကျော်လာလို့ အိုမင်းရင့်ရော်ပြီး ဆွေးမြည်​့လာကြောင်း ရေးသားထားပါတယ်။ ပါရီမြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်တဲ့ အီဖယ်မျှော်စင်ကြီးကို ပြုပြင်ဖို့ စစ်ဆေးကြည့်တဲ့အခါမှာ ကုန်ကျစရိတ် များစွာ မြင့်မားမှာ ဖြစ်ကြောင်း၊ ပြင်သစ် အစိုးရအနေနဲ့ ပြင်ဆင် ထိန်းသိမ်းတာထက်စာရင် တစစီ ဖြိုချတာကမှ ဈေးသက်သာမယ်လို့ ယူဆနေကြောင်းလည်​း ရေးသားထားပါတယ်။

တခြားလူတွေ ဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ပြီး ကျော်သွားကြပါလိမ့်မယ်။ ဒါပေမဲ့ ဗစ်တာကတော့ ကမ္ဘာကျော်အောင် လိမ်ညာစား နေခဲ့သူမို့ ဒါဟာ `ခါချဉ်´ ပဲ ဆိုပြီး တွက်မိပါတယ်။ ခါချဉ် (Ka-ching) ဆိုတာ တစ်ယောက်ယောက်က ​ငွေအမြောက်အများ ရတော့မှာမို့ ရေရွတ်တဲ့ အာမေဋိတ် စကားလုံး ဖြစ်ပါတယ်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ဝတ်​စား​နေထိုင်​တတ်​ပြီး စကားပြောလည်း ​ကောင်းသလို ဘာသာစကားလည်း ၅ ဘာသာ ကျွမ်းကျင်တဲ့ ဗစ်တာဟာ လိမ်စားခဲ့တာ ကြာပြီမို့ အီဖယ်မျှော်စင် စီမံကိန်းကို အောက်ပါအတိုင်း အကွက်ကျကျနဲ့ လှလှလေး ကစားပါတော့တယ်။

ပထမဆုံး ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ အပြည့်ပါတဲ့ ဇိမ်ခံသင်္ဘောတွေကို သွားပြီး သူ့ရဲ့ သားကောင်ကို ရှာပါတယ်။ ဒီလို သားကောင် ရှာတဲ့အခါကျရင် ဗစ်တာအများဆုံး သုံးလေ့ရှိတဲ့ အကွက်က သူ့ကိုယ်သူ နာမည်ကျော် ဘရော့ဒ်ဝေးက ပရိုဂျူဆာ တစ်ယောက်ပုံစံ အသွင်ယူပြီး လှုပ်ရှားပါတယ်။ ပြီးတော့ ချမ်းသာကြွယ်ဝတဲ့ သူတွေကို လိုက်ကြည့်ပြီး သူတို့ရဲ့ တိတ်တခိုးဆန္ဒတွေကို စူးစမ်းလေ့လာပါတယ်။ ဗစ်တာဟာ အကွက်ကျကျပဲ လိမ်​လေ့ရှိပါတယ်​။ ဘယ်တော့မှ မစူးစမ်း မလေ့လာဘဲနဲ့ မလိမ်ပါဘူး။ အရင်ဆုံး မလိမ်ခင် အမြဲတမ်း စူးစမ်းတယ်။ သုတေသနပြုတယ်။ သေသေချာချာ ပြင်ဆင်ပါတယ်​။

အီဖယ်မျှော်စင်ကို ရောင်းစားဖို့ အရင်ဆုံး စလုပ်တာက ပါရီမှာ လက်မှတ်တု၊ စာရွက်စာတမ်း အတုတွေ လုပ်တာပါပဲ။ သူ့ကိုယ်သူ အစိုးရဘက်က အရာရှိကြီးတစ်ယောက်အဖြစ် စာရွက်စာတမ်း အတုတွေ လုပ်ပါတယ်။ သူ့ရာထူးကို Deputy Director General of the Minstere de Postes et Telegraphes(Post & Telegraph – စာတိုက်နဲ့ကြေးနန်း) လို့ ပေးထားပါတယ်။ ပြီးတာနဲ့ ပါရီမြို့ထဲက နာမည်ကြီး ထိပ်သီး သံကုန်သည် သူဌေးငါးယောက်ဆီကို စာပို့လိုက်ပါတယ်​။ (တချို့ သတင်းရင်းမြစ်တွေကတော့ ခြောက်ယောက်လို့ ဆိုပါတယ်)

ပို့လိုက်တဲ့ စာထဲမှာ အချက်အလက် တိတိကျကျ ​ရေးမထားပါဘူး။ ဒါပေမယ်​့ အစိုးရ ရုံးသုံးပုံစံမျိုး ရေးထားပါတယ်။ သူ့ကို အရေးတကြီး ကိစ္စတစ်ခုအတွက် အမြန်လာတွေ့ဖို့ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်တဲ့ Hotel de Crillon ကို ဖိတ်လိုက်ပါတယ်။ စီးပွားရေး အလုပ်ကိစ္စတစ်ခု ဆွေးနွေးဖို့ဆိုပြီး ဖိတ်လိုက်တာပါ။

ဟိုတယ်မှာ သံကုန်သည်သူဌေးငါးယောက်ကို ရှယ်ဧည့်ခံပြီး ညစာကျွေးတယ်။ အကောင်းစားဝိုင်တွေ တိုက်ပါတယ်။ တအောင့်နေတော့ စပြီး ချောဆီထည့်တော့တာပါပဲ။ အရင်ဆုံး သူ့ရာထူးကို ထည့်ပြောပြီး အခုလို ဖိတ်ကြားထားတဲ့ လူတွေဟာ ကန့်သတ် ​ရွေးချယ်ထားတာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ဟာ ရိုးသားဖြောင့်မတ်တဲ့ စီးပွားရေးသမားတွေလို့ ယုံကြည်ရလို့ ဖိတ်ကြားရခြင်း ဖြစ်ကြောင်း ပြောဆိုပြီး အစိုးရအနေနဲ့ အီဖယ်မျှော်စင်ကို ဖြိုချဖို့ ဆုံးဖြတ်လိုက်ပြီမို့ ဖြိုချတဲ့အခါ သတ္တုပေါင်း တန် ၇၀၀၀ ရရှိလာမည်ဖြစ်ပြီး အမြင့်ဆုံး လေလံဆွဲနိုင်သူသာ ဒီတင်ဒါကို ရရှိမည်ဖြစ်ကြောင်း ပြောပါတယ်။

သူပြောတဲ့ စကားထဲမှာ ထိပ်သီး သံကုန်သည်သူဌေး ငါးယောက်ကို မျှားတဲ့ နောက်ထပ် ငါးစာတစ်ခုလည်း ရှိပါ​သေးတယ်။ အဲဒါကတော့ အီဖယ်မျှော်စင်ဟာ ၁၈၈၉ ခုနှစ်က ကမ္ဘာ့ကုန်စည်ပြပွဲ (​မေလ ၆ ရက်နေ့ကနေပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Exposition Universelle) မှာ ဝင်ပေါက်အမိုး တစ်ခုအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ရေရှည် ထားရှိဖို့ မရည်ရွယ်ခဲ့ဘဲ ၁၉၀၉ ခုနှစ်မှာ ဖြိုချပြီး တခြား တစ်နေရာကို ပို့ဖို့ရည်ရွယ်ခဲ့ကြောင်းလည်း ပါပါ​သေးတယ်။

ပါရီမြို့ထဲက အထင်ကရ အဆောက်အဦတွေဖြစ်တဲ့ Gothic cathedrals နဲ့ Arc de Trimphe တို့ရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း ​ပြောပြီး အလက်ဇန်းဒါး ဒူးမက်စ်ရဲ့ စကားကို​တောင် ကိုးကား ပြောဆိုလိုက်ပါ​သေးတယ်။ အလက်ဇန်းဒါး ဒူးမက်စ်ဟာ အီဖယ်မျှော်စင်ကို တစ်ချိန်တုန်းက ဒီလို ပြောခဲ့ဖူးပါတယ်။

`မနှစ်မြို့စရာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု´။

အလက်ဇန်းဒါးဒူးမက်စ်ရဲ့ စကားတစ်ခုတည်းနဲ့ အားမရဘဲ စာရေးဆရာ Guy de Manupassant ရဲ့ စကားကိုပါ ကိုးကားလိုက်ပါ​သေးတယ်​။

“တကယ်လို့ ကျွန်တော်တို့ဟာ ဒီကလန်ကလားနဲ့ ထိုးထိုးထောင်ထောင်နိုင်လှတဲ့ ပိရမစ်ကြီးကို မဖြိုချဘူးဆိုရင် ကျွန်တော်တို့ရဲ့ နောက်ထပ် မျိုးဆက်သစ်တွေဟာ ကျွန်တော်တို့ကို ဘယ်လိုမြင်ကြမလဲ”

-ဆိုပြီး ဆွယ်တရားကို ပါးပါးလေး ထည့်ပါတော့တယ်။ ပြောတဲ့အချိန်မှာလည်း ရင်ထဲကနေ လာတဲ့ စကားတွေ ပြောတဲ့ပုံစံနဲ့ ပြောတာ ဖြစ်ပြီး နားထောင်တဲ့သူ အသည်းမခိုင်ရင် မျက်ရည်ပါ ကြွေရမတတ် ပြောတာပါ။ နောက်ဆုံး အဆုံးသတ်ကိုတော့ ဒီလောက် မြင့်မားလှတဲ့ မျှော်စင်ကြီးကို ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်ဟာ အရမ်းကို များပြားလှကြောင်း ပြောပြီး အစိုးရအနေနဲ့ ဖြိုချဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ကြောင်း၊ သို့ငြား ပြည်သူကြား အငြင်းပွားစရာတွေ ဖြစ်လာမှာ စိုးရသည့်အတွက် အလျင်စလို တိတ်တဆိတ် လှုပ်ရှားရခြင်းသာ ဖြစ်ကြောင်း ပြောပြီး နိဂုံးချုပ်လိုက်ပါတော့တယ်။

အဲဒီလိုပြောပြီး နောက်ရက်မှာ ဗစ်တာဟာ သူဌေးငါးယောက်ကို ဇိမ်ခံကားကြီး(ငှားထားတဲ့)နဲ့ အီဖယ်မျှော်စင်ကို လှည့်ပတ်ကြည့်ရှုစေပါတယ်။ အမှန်က အဲဒီလို ကြည့်တဲ့အချိန် ဘယ်သူက လောဘအတက်ဆုံး၊ လိမ်လို့ အကောင်းဆုံးသူ ဖြစ်မလဲဆိုတာ လေ့လာတာပါ။ ကံဆိုးသူ သားကောင်ကို ရွေးချယ်တာပဲ ဖြစ်ပါတယ်။ လှည့်ပတ်ကြည့်ရှုပြီးတော့ ဗစ်တာက သူဌေးငါးဦးကို မနက်ဖြန်ကျရင် လေလံဆွဲဖို့ ပြောလိုက်ပါတယ်။ ဒီကိစ္စဟာ နိုင်ငံတော် လျှို့ဝှက်ချက်မို့ မပေါက်ကြားစေဖို့လည်း သတိပေးလိုက်ပါ​သေးတယ်။

​နောက်ထပ် ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပါရီမြို့တော်က ထိပ်သီး သံကုန်သည် သူ​ဌေးငါးဦးစလုံးဟာ ဗစ်တာ ​ပြောတဲ့အတိုင်း လေလံဆွဲလိုက်ကြပါတော့တယ်။ ဒါပေမဲ့ ဗစ်တာက ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ကနဦးတည်းက စဉ်းစား ဆုံးဖြတ်ပြီးသားပါ။ အဲဒီသားကောင်ကတော့ Andre Poisoon ပါပဲ။ ဗစ်တာဟာ အန်ဒရီးကို အီဖယ် တာဝါမျှော်စင်ကို ဖြိုချဖို့ လေလံအောင်ခဲ့ကြောင်း အကြောင်းကြားလိုက်ပါတယ်​။

ဒါပေမယ်​့ ဗစ်တာရဲ့ အီဖယ်မျှော်စင်ကို ရောင်းတဲ့အကွက်မှာ နောက်ထပ် ပြဿနာလေးတွေ ရှိနေပါတယ်။ အဲဒါကတော့ သူရွေးလိုက်တဲ့ သူဌေး အန်ဒရီးရဲ့ မိန်းမက ဉာဏ်ရှိတယ်။ ဘာလို့ အဲဒီလောက် လျှို့ဝှက်နေရတာလဲ။ ဘာလို့ အဲဒီလောက် ကတိုက်ကရိုက် ဖြစ်​​လောက်အောင် မြန်ဆန်နေရတာလဲ။ ဗစ်တာဟာ ဘယ်လို အရာရှိမျိုးလဲ စသဖြင့် သူ့​ယောက်ျားကို မေးတော့ သူ့​ယောက်ျားဟာ တွန့်ဆုတ်နေခဲ့ပါတယ်။

အဲဒီမှာတင် ဗစ်တာဟာ နောက်ထပ် တစ်ကွက်ကို ထုတ်သုံးရပါတော့တယ်။ အဲဒါကို တစ်နည်းအားဖြင့် အဆစ် ချောဆီထည့်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဗစ်တာဟာ အန်ဒရီးကို သီးသန့်ခေါ်တွေ့ပြီး သူ့လို ပြည်သူ့ဝန်ထမ်း တစ်ယောက်အနေနဲ့ အဝတ်အစား ​ကောင်းကောင်းနဲ့ ​ဖော​ဖောသီသီ သုံးဖြုန်းသင့်ပေမယ့် ရတဲ့လစာက နှစ်ပဲတစ်ပြား ဖြစ်နေကြောင်း ညည်းပြပါတော့တယ်။ အဲဒီမှာတင် ဟိုကလည်း ကုန်သည်လုပ်နေတာ ဆိုတော့ ချက်ချင်း တန်းသိပြီး လာဘ်ထိုးတဲ့ငွေကိုပါ ထပ်ပြီး ပေးလိုက်ပါတယ်။ အခုလို လေလံအောင်ဖို့ လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးများစွာ တင်ရှိကြောင်းလည်း ပြောကြားလိုက်ပါတယ်​။

ကျေးဇူးလည်း အတင်ခံရ၊ ငွေလည်း ရသွားတဲ့ ဗစ်တာဟာ ပြင်သစ်ကနေ ဩစတြီးယားကို ပြေးပါတော့တယ်။ အီဖယ်မျှော်စင်ကို ရောင်းစားရတဲ့ငွေအပြင် လာဘ်ထိုးခ ငွေကိုလည်း မြိုးမြိုးမြတ်မြတ် ရလိုက်ပါတယ်။ အဲဒီငွေတွေနဲ့ ဩစတြီးယားမှာ ဇိမ်ကျကျနေပြီး ပြင်သစ်သတင်းစာကို စောင့်ဖတ်ပါ​တော့တယ်။ သူလိမ်ခဲ့တဲ့ သတင်း ဘယ်နေ့ ပါလာမလဲဆိုပြီး စောင့်ဖတ်ပါတယ်။

ဒါပေမဲ့ ရက်သတ္တပတ်ပေါင်း များစွာသာ ကြာလာခဲ့တယ်။ သတင်းက ပါမလာခဲ့ဘူး။ အဲဒီတော့ ဗစ်တာက ကောက်ချက်ချတယ်။ ကြည့်ရတာ ဟိုကုန်သည် သူ့ဟာသူ ရှက်ပြီး ရဲကို မတိုင်တာလို့ ကောက်ချက်ချလိုက်ပါတယ်။ တကယ်လည်း သံကုန်သည် သူ​ဌေးကြီးဟာ လွယ်လင့်တကူ အလိမ်ခံလိုက်ရတာကို ရှက်ပြီး ရဲမတိုင်ခဲ့ဘူး။ သူဌေးကြီး အန်ဒရီးဟာ အီဖယ်မျှော်စင်ကို ဖျက်ချဖို့ မြို့တော် အာဏာပိုင်တွေဆီ သွားတွေ့ခဲ့တယ်။ ဒါပေမယ်​့ ဟိုက အန်ဒရီး ​ပြောတာကို တစ်ခုမှ နားမလည်သလို အန်ဒရီးကို ရူးနေပြီလားလို့ ဝိုင်းပြောကြတာနဲ့ အန်ဒရီးဟာ ရှက်သွားခဲ့တယ်။ ရဲစခန်းလည်း မသွားတော့ပါဘူး။

အဲဒီတော့ ဗစ်တာဆိုတဲ့လူက ဘယ်လိုတွေးလိုက်တယ်ဆိုတော့ .. ​နောက်ထပ် အချဉ်တစ်ကောင် ထပ်ဖမ်းလို့ ရသေးတယ်ဆိုပြီး တွေးလိုက်ပါတော့တယ်။

ခြောက်လ ကြာပြီးတဲ့နောက်မှာ ဗစ်တာဟာ ပါရီကို ပြန်လာခဲ့တယ်။ အရင်က လုပ်ခဲ့တဲ့ သံကုန်သည်​ သူဌေးငါးယောက် အကွက်အတိုင်းပဲ ဆက်လုပ်တယ်။ အံအားသင့်စရာ ​ကောင်းတာက ထပ်ပြီး သားကောင်မိပါတယ်။ အီဖယ်မျှော်စင်ကို ထပ်ရောင်းလို့ ရသွားတယ်။ ဒီအကြိမ်မှာ​တော့ ဗစ်တာ့သတင်းဟာ ရဲဆီ ရောက်သွားပါတယ်။ အမှုဖွင့် တိုင်ကြားခြင်း ခံလိုက်ရသလို သတင်းစာတွေမှာလည်း မျက်နှာဖုံးသတင်းအဖြစ် ပါသွားပါ​တော့တယ်။ ဗစ်တာလည်း သိပ်မကြာပါဘူး။ ပြင်သစ်အပြင် ဥရောပမှာ​တောင်​ နေလို့ မရတော့တာမို့ အမေရိကားကို ထွက်ပြေးရပါ​တော့တယ်။

​ငွေထုတ်​စက်​လုပ်​ပြီး လိမ်စားပုံ

ဗစ်တာဟာ အီဖယ်မျှော်စင်ကို လိမ်ပြီး ကောင်းကောင်း မနေနိုင်ခဲ့ဘူး။ နောက်ထပ် သားကောင်တစ်ကောင်​ကို နောက်ထပ်ပုံစံတစ်ခုနဲ့ လိမ်ခဲ့ပါ​သေးတယ်။ အဲဒါကတော့ ငွေထုတ်တဲ့ စက်ပါပဲ။ အဲဒါကို ရူမေးနီးယန်းသေတ္တာလို့ ခေါ်ပါတယ်။ ဗစ်တာ့မှာ သေတ္တာ၊ ဗီရိုတွေ လုပ်တတ်တဲ့ အသိတစ်ယောက် ရှိတယ်။ သူက နယူးယောက်ခ်မှာ နေပါတယ်။ သူ့ကို ခေါ်ပြီး မဟော်ဂနီ ​သေတ္တာတစ်လုံး လုပ်ခိုင်းပါတယ်။ ပိုက်ဆံထည့်ဖို့ အပေါက်​ သေးသေးလည်း လုပ်ခိုင်းပါတယ်။ သေတ္တာဟာ ၁၂ လက်မ စတုရန်းပုံစံရှိပြီး သေတ္တာရဲ့ တစ်ဘက်မှာတော့ ဗစ်တာဟာ စက်ကိရိယာတွေ တပ်ဆင်ထားပါတယ်။

​သေတ္တာ လုပ်ပြီးသွားတဲ့ အချိန်မှာ ဗစ်တာဟာ ဖလော်ရီဒါက ပါလ်မားကမ်းခြေကို သွားပါတယ်။ အဲဒီမှာ ဟာမန်းလော်လာ ဆိုတဲ့ သားကောင်ကို တွေ့တာပါပဲ။ လော်လာဟာ တကယ်တော့ သူ့အလုပ်နဲ့သူ အောင်မြင်နေတဲ့ သူဌေးတစ်ယောက်ပါ။ သူ့အလုပ်က Flywheel တွေရောင်းပြီး စီးပွားဖြစ်နေတာ။ ဒါပေမယ်​့ ကားထုတ်လုပ်တဲ့သူတွေက ဈေးကွက်ကို ခြယ်လှယ်လာတဲ့ အခါမှာတော့ လော်လာဟာ သူ့စီးပွားရေးအတွက် ကုစားဖို့ ရှာရင်းနဲ့ ဗစ်တာရဲ့ ထောင်ချောက်ထဲကို နင်းမိပါ​တော့တယ်​။

လော်လာကို သားကောင်အဖြစ် ရွေးချယ်လိုက်ပြီးတဲ့နောက်မှာ ဗစ်တာဟာ သူအခုလို ချမ်းသာလာတာ နည်းလမ်းတစ်ခုကြောင့်လို့ စပြီး စကားပစ်ပါ​တော့တယ်။ လော်လာက ဘယ်လိုများလဲလို့ မေးတော့ သူလုပ်ထားတဲ့ မဟော်ဂနီသေတ္တာလေးကို ထုတ်ပြပြီး ဒီသေတ္တာဟာ ကမ္ဘာပေါ်မှာ ငွေတုထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော ​သေတ္တာ ဖြစ်ကြောင်း၊ ပိုက်ဆံအစစ်ကို စက္ကူအလွတ်နဲ့ အတူတူ ထည့်လိုက်မယ်ဆိုရင် ပုံတူကူးပြီး နောက်ထပ် ပိုက်ဆံအစစ် တစ်ရွက် ရလာမှာ ဖြစ်ကြောင်း ​ပြောဆိုပြီး ချုပ်ပါ​တော့တယ်။ ဒါပေမယ်​့ အဲဒီ့​သေတ္တာမှာ အားနည်းချက်က ချက်ခြင်းထည့်ပြီး ချက်ခြင်းရလာတာ မဟုတ်​ကြောင်​း၊ ခြောက်နာရီကြာအောင် စောင့်ရ​ကြောင်​း၊ အဲဒီလို စောင့်ရတာကလည်း စာရွက်အလွတ်ကို ငွေစက္ကူနဲ့ ထပ်တူဖြစ်အောင် ဓာတုပစ္စည်းတွေနဲ့ စိမ်ထားတဲ့ အရည်ထဲမှာ စိမ်ရလို့ ဖြစ်ကြောင်းပါ ယုတ္တိရှိရှိ ​ပြောပြပါတယ်။

ဒီတော့ ဗစ်တာနဲ့ လော်္လာအပြင် နောက်ထပ် အ​ဖော်တစ်ယောက်ပါ ခြောက်နာရီကျော်အောင် စောင့်ပြီးမှ သွားပြန်ကြည့်တဲ့အခါ သေတ္တာထဲကနေ ဒေါ်လာတစ်ထောင်တန် ငွေစက္ကူကို တွေ့လိုက်ရတယ်။ အဲဒီ ​ငွေစက္ကူဟာ အတုမဟုတ်ဘူး၊ အစစ်၊ မယုံရင် ဘဏ်မှာ သွားစစ်ကြည့် ဆိုပြီး ပြောတော့ လော်လာလည်း ဘဏ်မှာ သွားစစ်ကြည့်တဲ့အခါ တကယ့်ကို အဟုတ်ကြီး ငွေအစစ် ဖြစ်​​နေပါတယ်။ စစ်မှာပေါ့။ တကယ်လည်း ငွေအစစ်ကို ထည့်ထားတာကိုး။ ဗစ်တာဟာ သေတ္တာထဲမှာ ငွေစက္ကူနံပါတ်နဲ့ ဆင်တူ အစစ်တစ်ရွက်ကို ကြိုတင်​ပြီး ထည့်ထားခဲ့တာပါ။

အဲဒီလိုနဲ့ သူဌေးလော်လာဟာ `ကမ္ဘာ့ငွေတုထုတ်စက် တစ်လုံး´ ကို ကာလပေါ်ငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းလေးသောင်း ရှိမယ့် အဲဒီ့​ခေတ်​ ​ငွေကြေး ဒေါ်လာ နှစ်သောင်းခွဲနဲ့ ဝယ်လိုက်ပါ​တော့တယ်။ ဗစ်တာက ဒီမြို့က ထွက်ဖို့ ခြောက်နာရီ အချိန်ရတယ်လို့ တွက်ပြီးသား။ ဒါပေမယ်​့ ကံဆိုးရှာတဲ့ လောဘသမား လော်လာဟာ ခြောက်နာရီ ပြည့်တဲ့အချိန်မှာ ငွေက ထွက်မလာလို့ သူများ မှားသလားလို့ ဆိုပြီး ရက်သတ္တပတ်ပေါင်းများစွာ စစ်ဆေးကြည့်ရှု​နေမိသတဲ့။ သူ အဲဒီလို စစ်ဆေးနေတဲ့အချိန်မှာ ဗစ်တာကတော့ အိုကလာဟိုးမားကို ရောက်ရှိနေပါပြီ။

ဒုစရိုက်ရာဇာကို နှပ်ချခြင်း

နောက်ပြီး ရှီကာဂိုက တကယ့် ဒုစရိုက်ရာဇာကြီး အယ်လ်ကာပွန်း ကိုလည်း ပါးပါးလေး လိမ်စားခဲ့ပါ​သေးတယ်။ ဘယ်လို လိမ်တာလဲ ဆိုတော့ အယ်လ်ကာပွန်းဆီ သွားပြီး သူလုပ်နေတဲ့ အလုပ်တစ်ခု ရှိတယ်။ အဲဒီမှာ ငွေကြေး ရင်းနှီးပါလား ဆိုပြီး ဆွဲဆောင်ပါတယ်။ ဟိုကလည်း ဒေါ်လာ ငါးသောင်းကို ရှယ်ယာအနေနဲ့ ထည့်လိုက်ပါတယ်။ နှစ်လလောက်ကြာ တော့ ခပ်တည်တည်နဲ့ သွားပြီး လုပ်ငန်းမအောင်မြင်လို့ ထည့်ထားတဲ့ ဒေါ်လာငါးသောင်း ပလုံသွားပြီ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဒုစရိုက်ရာဇာဟာ ဒေါသထွက်ပြီး သတ်မယ် လုပ်တဲ့အချိန် ဗစ်တာဟာ အေးအေး​ဆေးဆေးပဲ၊ မပူပါနဲ့၊ ကျွန်တော် အဲဒီငွေ ပြန်ပေးပါမယ်ဆိုပြီး ဒေါ်လာငါးသောင်းကို ပြန်စိုက်ပေးလိုက်ပါတယ်။ အဲဒီမှာတင် ဒုစရိုက်ရာဇာကြီး အယ်လ်ကာပွန်းဟာ ဗစ်တာကို အထင်တွေကြီး၊ လေးစားသွားပြီး ဒေါ်လာတစ်ထောင်ကို ဆုချီးမြှင့်တဲ့အနေနဲ့ ပြန်ပေးလိုက်ပါတယ်။ ဒါပေမယ်​့ ဒုစရိုက်ရာဇာကြီး အယ်လ်ကာပွန်း မသိတဲ့အချက်က သူ့​ငွေတွေနဲ့ သူ့ကို ပြန်ကလိမ်ကျသွားတာဖြစ်ပြီး လေးစားမှုကို လိုချင်လို့ လုပ်လိုက်တယ်ဆိုတဲ့ အချက်ဖြစ်ကြောင်း မသိခဲ့ရှာဘူး။ ဒေါ်လာတစ်ထောင်ကတော့ အချောင်အမြတ် ရလိုက်တာပေါ့။

အဖမ်းခံရပုံ

အသက် ၄၅နှစ် အရွယ်ရောက်လာတဲ့အချိန်မှာ ဗစ်တာဟာ အမေရိကားမှာ နေတုန်း ရုတ်တရက် အဖမ်းခံလိုက်ရပါတယ်။ သူအဖမ်းခံလိုက်ရပုံကလည်း ရဲတွေက စုံစမ်းရှာဖွေတာ တော်လို့ မဟုတ်ဘဲ ဗစ်တာရဲ့ အိမ်က အိမ်ဖော်မက သဝန်တိုလို့ ရဲကို သတင်းပေးပြီး ဖမ်းခိုင်းလိုက်တာပါ။ ဖြစ်ချင်တော့ သတင်းပေးတဲ့ အိမ်ဖော်မက ဗစ်တာကို သူ့ထက်ငယ်တဲ့ အိမ်ဖော်မနဲ့ ဖြစ်နေတာသိပြီး သဝန်တိုလို့ ရဲတိုင်လိုက်တာပါ။

နယူးယောက်ခ်မှာ ထိန်းသိမ်းခံ​နေရတုန်း အမှု အမိန်​႔ မချခင်လေးမှာ ဗစ်တာဟာ ပြန်ပြီး ထွက်ပြေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၇ ရက် အကြာမှာ ပြန်မိခဲ့ပါတယ်။ အသနားခံစာ တင်ခဲ့ပေမယ့်လည်း သူ့ကို ကယ်လီဖိုးနီးယား၊ အယ်ကာထရက်ဇ်ကျွန်းမှာ ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ နေထိုင်ရင်း အသက်(၅၀)မှာတော့ ဗစ်တာဟာ နူမိုးနီးယားဖြစ်ပြီး အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသခံနေစဉ် နှစ်ရက်အကြာမှာ သေဆုံးခဲ့ပါတယ်။

ထူးခြားချက် ​နောက်တစ်ခုကတော့ သူ​သေတော့ သူ့ရဲ့ သေစာရင်းမှာ သူ့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ရေးသားထားလိုက်ပုံက `အရောင်းသင်သမား´ ပါတဲ့။

ချောဆီထည့်နည်း ပညတ်တော် (၁၀)ပါး

ဗစ်တာဟာ ထောင်ထဲမှာ သူမသေခင် သူ့လို အနုပညာဆန်ဆန် လိမ်ညာချင်တဲ့ သူတွေအတွက် လိမ်ညာနည်းကို Ten Commandments ဆိုပြီး ဆယ်ချက် ရေးသားခဲ့ပါတယ်။ အဲဒီ လိမ်ညာနည်း (၁၀)ပါးဟာ အင်မတန် နာမည်ကြီးလှတာမို့ ဖော်ပြလိုက်ရပါတယ်။

၁။ စိတ်ရှည်ရှည်နဲ့ နားထောင်တတ်သူ ဖြစ်ပါစေ။ (အလျင်စလို စကားပြောတတ်သူ မဖြစ်ပါစေနဲ့။ စကားပြော မမြန်ပါစေနဲ့။ စိတ်ရှည်ရှည်နဲ့ နားထောင်တတ်မှ တစ်ဘက်သူကို ဘယ်လိုအနိုင်ယူ သိမ်းသွင်းရမယ်ဆိုတာ သိပါလိမ့်မယ်။)

၂။ ဘယ်တော့မှ ငြီးငွေ့ဖွယ်ရာ အသွင်အပြင်မျိုး မရှိပါစေနဲ့။ စိတ်ဝင်စားဖွယ်ရာ ဟန်​ပန်​ ရှိပါစေ။

၃။ လူတစ်ဘက်သားဆီက နိုင်ငံရေးအယူအဆ တစ်ခုခု ထုတ်ပြောလာတာကို စောင့်ပါ။ တစ်ဘက်က သူ့နိုင်ငံရေးအယူအဆကို ပြောလာတာနဲ့ ထောက်ခံသဘောတူပေးလိုက်ပါ။ (အဲဒီအချက်ကိုတော့ စာရေးသူအနေနဲ့ အတော်လေးကို သဘောခွေ့မိပါတယ်။ အတော် ပညာသား ပါတယ်လို့ ယူဆမိတယ်။)

၄။ ဘာသာရေး အယူအဆတွေလည်း ပြောပါစေ။ အငြင်းအခုံ၊ အတိုက်အခံသာ မလုပ်မိစေနဲ့။ ပြီးရင် ကိုယ်ကတောင် သူပြောတဲ့ ဘာသာရေး အယူအဆကို တစ်ချို့တစ်လေ လက်ခံတဲ့အကြောင်းကိုပါ ပြောပေးပါ။

၅။ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ စကားလမ်းကြောင်းတွေ ခင်းပေးပါ။ ဒါပေမယ်​့ ကိုယ့်ဘက်က လိုက်မပြောမိစေနဲ့။ သူပြောတာကိုပဲ စောင့်ပါ။ သူ့ဘက်က စိတ်လောကြီးစွာနဲ့ လိင်ကိစ္စအကြောင်းတွေ ပြောလာမှ အသာလေး ဖော်လို လိုက်ပေးပါ။

၆။ ဘယ်တော့မှ နာမကျန်း ဖြစ်တဲ့အကြောင်း၊ ရောဂါအကြောင်းတွေ မဆွေးနွေးမိပါစေနဲ့။ တစ်ဘက်က နာမကျန်းဖြစ်တဲ့အကြောင်း မပြောသရွေ့ပေါ့။

၇။ တစ်ဘက်သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စပ်စုတာတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ (သူတို့ဘာသာ နောက်ဆုံး ပြောပြလာပါလိမ့်မယ်။)

၈။ ဘယ်တော့မှ မကြွားမိပါစေနဲ့။ မကြွားဝါနဲ့။ ကိုယ့်ရဲ့အရေးပါမှုကို တိတ်ဆိတ်ငြိမ်သက်နေပါစေ။

၉။ ဘယ်တော့မှ မသပ်မရပ် ဖြစ်သလို မနေမိပါစေနဲ့။

၁၀။ ဘယ်တော့မှ အရက်မမူးပါနဲ့။ မသောက်ပါနဲ့။

သိဒ္ဓိ (ဘူတဝါဟန)

Leave a Reply