ကမၻာ့သမိုင္း၀င္ လုပ္ႀကံမႈႀကီးမ်ား

Posted on

ေရးသားသူ – ေမာင္သာ (ေရွးေဟာင္းသုေတသန)

ကမၻာ့သမိုင္း တစ္ေလ်ွာက္တြင္​ ပုဂၢိဳလ္ေရး မုန္းတီးမႈ၊ ႏိုင္ငံေရး အယူအဆ ကြဲျပားမႈ၊အာဏာ ရယူလိုမႈ၊ နာမည္ႀကီးလိုမႈ အစရွိ သည့္ ရည္ရြယ္ခ်က္ အမ်ိဳးမ်ိဳးေၾကာင့္ ႏိုင္ငံ ​ေခါင္းေဆာင္မ်ားႏွင့္ ထင္ေပၚ ​ေက်ာ္​ၾကားေသာ ပုဂၢိဳလ္မ်ားသည္ လူသတ္သမားမ်ား၏ လုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ၾကရသည္။ လုပ္ႀကံမႈ အထေျမာက္ကာ ​ေသဆုံးမႈမ်ား ရွိသကဲ့သို႔ အသက္မေသ လြတ္ေျမာက္မႈမ်ားလည္း ရွိခဲ့သည္။

အေမရိကန္ ျပည္ေထာင္စုတြင္ ဆယ္ျပည့္ႏွစ္မ်ားတြင္ ​ေရြးခ်ယ္ တင္ေျမႇာက္ခံခဲ့ရေသာ သမၼတမ်ားသည္ မိမိတို႔ သက္တမ္းအတြင္း လုပ္ႀကံသတ္ျဖတ္ျခင္း ခံခဲ့ၾကရသည္။ သို႔​ေသာ္ ၁၉၈၀ ျပည့္ႏွစ္တြင္ ေရြးေကာက္ခံရေသာ သမၼတ ေရာ္​နယ္ရီဂင္သည္ လုပ္ႀကံခံခဲ့ရေသာ္လည္း အသက္ေဘးမွ လြတ္ေျမာက္ခဲ့သည္။ ထိုသို႔ လုပ္ႀကံ သတ္ျဖတ္မႈမ်ားအနက္ ကမၻာကို တုန္လႈပ္ေစခဲ့သည့္ လုပ္ႀကံမႈမ်ားကို လူအမ်ားက ယေန႔တိုင္ မွတ္မိေနၾကသည္။

ဂၽြန္အက္ဖ္ကေနဒီ (John F. Kennedy)
(29 May 1917 – 22 Nov 1963)

အေမရိကန္ ျပည္ေထာင္စု၏ ၃၅ ဦးေျမာက္ သမၼတျဖစ္သူ ဂၽြန္အက္ဖ္ကေနဒီသည္ တက္စ္ဆတ္္ျပည္နယ္ ဒါးလက္စ္တြင္ ေရြးေကာက္ပြဲ မဲဆြယ္စည္းရုံး လႈပ္ရွားမႈမ်ား ​ေဆာင္ရြက္ေနစဥ္ ၁၉၆၃ ခုႏွစ္ ႏို၀င္ဘာ ၂၂ ရက္ေန႔တြင္ လီးဟာေဗးေအာ့စ္ေ၀းလ္ ဆို သူ၏ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ ကြယ္လြန္ခဲ့သည္။

သမၼတ ကေနဒီသည္ သမၼတကေတာ္ ဂ်က္ကလင္း၊ တက္စ္ဆတ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဂၽြန္ေကာ္နယ္ေလး ဇနီးေမာင္ႏွံတို႔ႏွင့္အတူ ခရီးသြားေနစဥ္ သမၼတ စီးနင္းလိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္ကို ႏႈတ္ဆက္ရန္ ႀကီးမားေသာ လူအုပ္ႀကီးက ေစာင့္ဆိုင္းေနစဥ္ လူအုပ္အတြင္းမွ ေသနတ္သမားက ကေနဒီကို ေသနတ္ျဖင့္ ပစ္ခတ္ ခဲ့ရာ ဦးေခါင္းႏွင့္ လည္ပင္းကို က်ည္ဆံ ထိမွန္ခဲ့သည္။

​ေသနတ္သမား ေအာ့စ္ေ၀းလ္ကို တစ္နာရီအၾကာတြင္ ဖမ္းဆီးမိခဲ့ေသာ္လည္း ႏွစ္ရက္အၾကာတြင္ ႏိုက္ကလပ္ပိုင္ရွင္ ဂ်က္ရုဘီက ေအာ့စ္ေ၀းလ္ကို သတ္ျဖတ္ခဲ့သည္။ျဖစ္ရပ္ႏွစ္ခုလုံးတြင္ ျပစ္မႈ က်ဴးလြန္သူမ်ားသည္ မိမိတို႔ တစ္ဦးတည္းသာ လူသတ္မႈမ်ားကို ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း ထြက္​ဆိုၾကသည္။

ကေနဒီ လုပ္ႀကံခံရမႈကို ႏွစ္ေပါင္း ၅၂ ႏွစ္ ၾကာသည့္တိုင္ က်ယ္က်ယ္ျပန္​႔ျပန္​႔ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။ ေနာက္ပိုင္းတြင္ သမၼတကေနဒီကို ပစ္ခတ္ခဲ့သည့္ ဓာတ္ပုံမ်ားကို သမၼတႀကီးအား အမွတ္ရစိမ့္ေသာငွာ ျပည္သူလူထုအား ထုတ္ေဖာ္ျပသခဲ့သည္။

ဂၽြန္လီႏြန္(John Lennon)
(9 Oct 1940 – 8 Dec 1980)

ကမၻာေက်ာ္ ဘီတယ္လ္​ အဆိုေတာ္ ဂၽြန္လီႏြန္သည္ ၁၉၈၀ ျပည့္ႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔တြင္ မိမိေနထိုင္သည့္ တိုက္ခန္းေရွ႕တြင္ လုပ္ႀကံသတ္ျဖတ္ျခင္း ခံရကာ ကြယ္လြန္ခဲ့သည္။ ဂၽြန္လီႏြန္ကို လုပ္ႀကံသူ မာ့ခ္ေဒးဗစ္ခ်က္မင္းသည္ ဂၽြန္လီႏြန္​ ျပန္​အလာကို တိုက္ခန္းေရွ႕မွ ေစာင့္ဆိုင္းေနခဲ့ၿပီး ထိုေန႔ည ၁၀ နာရီ မိနစ္ ၅၀ တြင္ ဂၽြန္လီႏြန္အား ​ေသနတ္ျဖင့္ ငါးခ်က္ ပစ္ခတ္ခဲ့သျဖင့္ ေက်ာျပင္သို႔ ေလးခ်က္ ထိမွန္ကာ ​ေသဆံုးခဲ့သည္။ ဂၽြန္လီႏြန္သည္ မိမိအသတ္ခံရသည့္ေန႔ အေစာပိုင္းက မာ့ခ္ေဒးဗစ္ခ်က္မင္း၏ အမွတ္တရ ေအာ္တိုစာအုပ္၌ မိမိအသတ္ခံရသည့္ ေနရာမွာပင္ လက္မွတ္ေရးထိုးေပးခဲ့​ေသးသည္။

ဂၽြန္လီႏြန္သည္ ေဆးရုံမေရာက္မီ ကြယ္လြန္ခဲ့ကာ ဆရာ၀န္မ်ားက ဂၽြန္လီႏြန္ ရရွိထားသည့္ ေသနတ္ဒဏ္ရာမ်ားသည္ မည္သို႔မွ် အသက္ရွင္သန္ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ​ေျပာၾကားခဲ့သည္။ မာ့ခ္ေဒးဗစ္ခ်က္မင္းသည္ မ်က္ျမင္သက္ေသ မရွိေသာ္လည္း ဂၽြန္လီႏြန္ကို လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ဖမ္းဆီးျခင္း ခံခဲ့ရသည္။

ရဲမ်ား လာေရာက္ ဖမ္းဆီးခ်ိန္တြင္ မာ့ခ္ေဒးဗစ္ခ်က္မင္းသည္ The Catcher in the Rye စာအုပ္ကို ဖတ္ရႈေနခဲ့ၿပီး မာ့ခ္ေဒးဗစ္ခ်က္မင္းက သူသည္ ၀တၳဳထဲမွ အဓိကဇာတ္ေကာင္ ​ေဟာဒင္းေကာ္လ္ဖီး၏ ႀကီးမားေသာ အစိတ္အပိုင္းျဖစ္ေၾကာင္း ​ေျပာခဲ့သည္။ သူ႔ခႏၶာ၏ ေသးငယ္ေသာ အစိတ္အပိုင္းသည္ မေကာင္းဆိုး၀ါးျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟုလည္း ဆိုသည္။

မဟတၱမဂႏၶီ (Mahatma Gandhi)
(2 Oct 1869 – 30Jan 1948)

မဟတၱမဂႏၶီသည္ အိႏၵိယႏိုင္ငံ လြတ္လပ္ေရး ရရွိေရးအတြက္ အဓိက ႀကိဳးပမ္းခဲ့ေသာ ပုဂၢိဳလ္ႀကီးျဖစ္ကာ ၿငိမ္းခ်မ္းေရးတရားမ်ား အၿမဲေဟာေျပာခဲ့သူ တစ္ဦးျဖစ္သည္။ မဟတၱမဂႏၶီသည္ ၁၉၄၈ ခုႏွစ္ ဇန္၀ါရီလ ၃၀ ရက္တြင္ ဟိႏၵဴ အစြန္းေရာက္ နာသူရမ္ဂိုစီ ၏ လုပ္ႀကံသတ္ျဖတ္ျခင္းေၾကာင့္ ကြယ္လြန္ခဲ့ရသည္။

နာသူရမ္သည္ ေသနတ္ေမာင္းကို ျဖဳတ္ခဲ့သူ တစ္ေယာက္​ ျဖစ္​ခဲ့​ေသာ္လည္း သူသည္ နာရာယန္အက္ပ္ ႏွင့္အတူ ပူးေပါင္း လုပ္ေဆာင္ခဲ့သည္ဟု ယုံၾကည္ထားၾကသည္။ ဟိႏၵဴအစြန္းေရာက္သမားမ်ားသည္ အိႏၵိယ ပါကစၥတန္ အေရးတြင္​ ထားရွိေသာ ဂႏၶီ၏ ရပ္တည္မႈကို စိတ္မသက္မသာျဖစ္ခဲ့ၾကသည္။

မဟတၱမဂႏၶီကို လုပ္ႀကံခဲ့သူ နာသူရမ္ဂိုစီ ႏွင့္ နာရာယန္အက္ပ္တို႔ကို ႀကိဳးေပးကာ ေသဒဏ္ စီရင္ခဲ့ျခင္းကို လူအမ်ားက ဆန္႔က်င္​ ကန္႔ကြက္ခဲ့ၾက သည္။ ထိုသို႔ ကန္႔ကြက္သူမ်ားထဲတြင္ မဟတၱမဂႏၶီ၏ သားႏွစ္ဦးလည္း ပါ၀င္ခဲ့ကာ မဟတၱမဂႏၶီ၏ သားမ်ားသည္ တရားခံမ်ားအား ေသဒဏ္ စီရင္ျခင္းသည္ မဟတၱမဂႏၶီ၏ ၿငိမ္းခ်မ္းေရး အေမြအႏွစ္ကို မေလးစားရာ ​ေရာက္ေၾကာင္း ယုံၾကည္ခဲ့ၾကသည္။

တရားခံမ်ား ​ေသဒဏ္က်ခဲ့ျခင္းအေပၚ လူအမ်ားက ႏွစ္သက္မႈ မရွိခဲ့ၾကပါေခ်။ အိႏၵိယႏိုင္ငံ၏ အမ်ိဳးသား ​ေခါင္းေဆာင္ႀကီးျဖစ္သူ အသက္ ၇၈ ႏွစ္အရြယ္ရွိ မဟတၱမဂႏၶီအား လုပ္ႀကံသတ္ျဖတ္ရန္ ေနာက္ကြယ္မွ စီမံခဲ့ေသာ အင္အားစုမ်ား ရွိေၾကာင္း လက္ခံထားၾကသည္။

ဖရန္႔ဇ္​ ဖာဒီနန္ (Franz Ferdinand)
(18 Dec 1863 – 28 Jun 1914)

ပထမ ကမၻာစစ္ႀကီးကို ျဖစ္ပြားေစခဲ့သည့္ ၾသစႀတီးယား အိမ္ေရွ႕စံမင္းသား ဖရန္႔ဇ္​ဖာဒီနန္ လုပ္ႀကံ သတ္ျဖတ္ခံရမႈသည္ ၁၉၁၄ ခုႏွစ္ ဇြန္လ ၂၈ ရက္တြင္​ ျဖစ္​ပြားခဲ့သည္။ ဖရန္႔ဇ္ဖာဒီနန္သည္ ၾသစႀတီးယား ဟန္ေဂရီ အင္ပါယာ ဧကရာဇ္ ဂ်ိဳးစက္ဖ္၏ တူ ျဖစ္ၿပီး ထီးနန္းကို ဆက္ခံမည့္ နန္းေမြခံမင္းသားဟု ယူဆထားၾကသူ တစ္ဦးျဖစ္သည္။ ဖရန္႔ဇ္ဖာဒီနန္ လုပ္ႀကံသတ္ျဖတ္ခံရမႈသည္ ပထမ ကမၻာစစ္ႀကီး ျဖစ္ပြားေစသည့္ ႏိုင္ငံေရးႏွင့္ စစ္ေရး ကြင္းဆက္ေပၚသို႔ ​ေရာက္ရွိေစခဲ့သည္။

ဖရန္႔ဇ္​ဖာဒီနန္ ႏွင့္ ဇနီးျဖစ္သူ အိမ္ေရွ႕မင္းသမီး ဆိုဖီတို႔ကို ၁၉၁၄ ခုႏွစ္ ဇြန္လ ၂၈ ရက္ေန႔တြင္ ​ေဘာ့စနီးယားေဒသ၊ ဆာရာေယဗိုတြင္ ဆာဗီးယား အမ်ိဳးသားေရး၀ါဒီ တစ္ဦးျဖစ္သူ ဂါဗရီလိုက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့သည္။ ဖရန္႔ဇ္​ဖာဒီနန္သည္ ေဘာ့စနီးယားႏွင့္ ဟာဇီဂိုဗီးယားသို႔ တပ္မ်ား စစ္ေဆးရန္ ​ေရာက္ရွိေနခဲ့ရာ ထိုစဥ္က ေဘာ့စနီးယားႏွင့္ ဟာဇီဂိုဗီးယားသည္ ၾသစႀတီးယား ဟန္ေဂရီတို႔ တိုးခ်ဲ႕သိမ္းပိုက္ထားသည့္ နယ္ေျမတစ္ခု ျဖစ္သည္။

ထိုသို႕ သိမ္းပိုက္ထားျခင္းကို ဆာဗီးယား မ်ိဳးခ်စ္၀ါဒီမ်ားက မ်ားစြာ ​ေဒါသထြက္ခဲ့ၾကကာ မိမိတို႔ ​ေဒသသို႔ ဖရန္႔ဇ္​ဖာဒီနန္ ေရာက္ရွိလာခ်ိန္တြင္ မ်ိဳးခ်စ္၀ါဒီအုပ္စု တစ္စုအတြက္ ဖရန္​႔ဇ္​ဖာဒီနန္ကို လုပ္ႀကံရန္ အခြင့္ေကာင္းတစ္ရပ္ ရရွိခဲ့သည္။

မာတင္လူသာကင္း(Martin Luther King Jr.)
(15 Jan 1929 – 4 Apr 1968)

အေမရိကန္ လူမည္း အခြင့္အေရး ​ေတာင္းဆိုေရး လႈပ္ရွားမႈ ေခါင္းေဆာင္ျဖစ္သူ ၿငိမ္းခ်မ္းေရး ႏိုဗယ္ဆုရွင္ မာတင္လူသာကင္းသည္ “ကၽြန္ေတာ့္မွာ အိပ္မက္တစ္ခု ရွိတယ္” ဟု ​ေျပာေလ့ရွိသည့္ သူ၏ မိန္႔ခြန္းမ်ားေၾကာင့္ အလြန္ထင္ရွားခဲ့သူ တစ္ဦးျဖစ္ သည္။ ၁၉၆၈ ခုႏွစ္၊ ဧၿပီလ ၄ ရက္ေန႔တြင္ မာတင္လူသာကင္းသည္ တန္နက္စ္ဆီျပည္နယ္၊ မမ္ဖီးစ္တြင္ မိမိတည္းခိုေနသည့္ ဟိုတယ္၏ ေလသာေဆာင္တြင္ ရပ္ေနစဥ္ လုပ္ႀကံသတ္ျဖတ္ျခင္း ခံခဲ့ရသည္။

မာတင္လူသာကင္းကို လုပ္ႀကံခဲ့သူ ဂ်ိမ္းစ္အားရ္ေရးသည္ ေထာင္ဒဏ္ ၉၉ ႏွစ္ က်ခံခဲ့ရၿပီး ၁၉၉၈ ခုႏွစ္က ေထာင္တြင္း၌ပင္​ ကြယ္လြန္သြားခဲ့သည္။ မာတင္လူသာကင္း လုပ္ႀကံခံရမႈသည္ အေမရိကန္ အစိုးရ ပါ၀င္ပတ္သက္မႈ ရွိခဲ့ေၾကာင္း အမ်ားက ယူဆခဲ့ၾကကာ ဂ်ိမ္းစ္အားရ္ေရးသည္ ဓားစာခံ ျဖစ္ခဲ့ေၾကာင္း ​ေျပာဆိုၾကေသာ္လည္း သက္ေသ အေထာက္အထားမ်ားကို မေဖာ္ထုတ္ႏိုင္ခဲ့ၾကပါေခ်။

ေအဗရာဟင္လင္ကြန္း(Abraham Lincoln)
(12 Feb 1809 – 14 Apr 1865)

အေမရိကန္ႏိုင္ငံ၏ ၁၆ ဦးေျမာက္ သမၼတျဖစ္သူ ေအဗရာဟင္လင္ကြန္းသည္ အေမရိကန္ႏိုင္ငံတြင္ ကၽြန္စနစ္ကို ဖ်က္သိမ္းေပးခဲ့သူအျဖစ္ ကမၻာတြင္ ထင္ရွားသည့္ ပုဂၢိဳလ္တစ္ဦး ျဖစ္သည္။ ကၽြန္စနစ္ ဖ်က္သိမ္းမႈကို ေထာက္ခံသူ ကန္႔ကြက္သူမ်ားအၾကား ျပည္တြင္းစစ္​ ျဖစ္​ပြားခဲ့ၿပီးေနာက္ ၁၈၆၅ ခုႏွစ္ ဧၿပီလ ၁၄ ရက္တြင္ ဂၽြန္၀ိက္ဘုသ္ ၏ လုပ္ႀကံမႈေၾကာင့္ ကြယ္လြန္ခဲ့သည္။

ထိုေန႔သည္ အေမရိကန္ ျပည္တြင္းစစ္ ျပီးဆုံးေသာ ငါးရက္ေျမာက္ေန႔ျဖစ္ကာ သမၼတႀကီး ေအဗရာဟင္လင္ကြန္းသည္ ၀ါရွင္တန္ဒီစီရွိ ဖို႔ဒ္​ ကပြဲရုံတြင္ ဇနီးျဖစ္သူ ေမရီလင္ကြန္းႏွင့္အတူ ၾကည္းတပ္အရာရွိ ဟင္နရီရက္သ္ဘြန္း၊သူႏွင့္ ေစ့စပ္ထားသည့္ မိန္းကေလး ကလ်ာ ဟာရီစ္ တို႔လည္း ပြဲၾကည့္ေဆာင္အတြင္း ရွိေနခဲ့ၾကသည္။

ေအဗရာဟင္လင္ကြန္းႏွင့္ အဖြဲ႕သည္ ပြဲၾကည့္ေနစဥ္ နာမည္ႀကီး သဘင္မင္းသား တစ္ဦးျဖစ္သူ ဘုသ္သည္ လူအုပ္အတြင္းမွ ရုတ္တရက္ ထြက္လာၿပီး လင္ကြန္း၏ ဦးေခါင္း ​ေနာက္ပိုင္းကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။ လင္ကြန္းအား ကယ္တင္ရန္ ထလာေသာ ဟင္နရီရက္သ္ဘြန္းကို ဓားျဖင့္ ထိုးခဲ့သည္။

ဘုသ္သည္ ျမင္းစီး၍ ထြက္ေျပးသြားခဲ့ကာ ၁၂ ရက္ၾကာ လြတ္ေျမာက္ေနခဲ့​ေသာ္လည္း သူႏွင့္ အေပါင္းအပါမ်ားကို လိုက္လံ ​ေျခရာခံေနသည့္ ျပည္ေထာင္စု တပ္ဖြဲ႕၀င္မ်ားက အေသဖမ္းဆီးရမိခဲ့သည္။ သူႏွင့္ ပူးေပါင္း ႀကံစည္ခဲ့သူ ​ေလးေယာက္ကို ေနာက္ပိုင္းတြင္ ႀကိဳးေပးစီရင္ခဲ့သည္။

ဂ်ဴးလီယက္ဆီဇာ(Julius Ceasar)
(13 July 100 BC – 15 March 44 BC)

ေရာမ အာဏာရွင္ ဂ်ဴးလီယက္ဆီဇာအား ဘီစီ ၄၄ ခုႏွစ္၊ မတ္လ ၁၅ ရက္ေန႔တြင္ လုပ္ႀကံ သတ္ျဖတ္ခဲ့ျခင္းသည္ ကမၻာေပၚတြင္ အႀကီးမားဆုံးေသာ ယဥ္ေက်းမႈ ထြန္းကားမႈ ရပ္တံ့သြားခဲ့ျခင္း၏ အစဟု ဆိုၾကသည္။ ဆီဇာသည္ မိမိတို႔ကိုယ္မိမိ လြတ္ ေျမာက္ေရးသမားမ်ားဟု အမည္တပ္ထားသည့္ လႊတ္ေတာ္အမတ္မ်ား၏ ဓားျဖင့္ ထိုးခံရျခင္းေၾကာင့္ ​ေသဆုံးခဲ့ရသည္။

အမတ္မ်ားက ဆီဇာသည္ လႊတ္ေတာ္ကို ဖ်က္သိမ္းလ်က္ အာဏာရွင္စနစ္​ ထူ​ေထာင္မည္ကို စိုးရိမ္ၾကသျဖင့္ ဆီဇာ့ကို လုပ္ႀကံရန္ ဆုံးျဖတ္ခဲ့ၾကသည္။ ဆီဇာ့ကို လုပ္ႀကံခဲ့ျခင္းသည္ တစ္ခ်ိန္က အင္အားႀကီးမားခဲ့ေသာ ေရာမ အင္ပါယာႀကီးကို က်ဆုံးေစခဲ့သည္။

ဘန္ေနဇီယာဘူတို (Benazir Bhuto)
(21 Jun 1953 – 27 Dec 2007)

ပါကစၥတန္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္အျဖစ္ ႏွစ္ႀကိမ္ ေရြးေကာက္ခံရသူ ဘန္ေနဇီယာဘူတိုသည္ ပါကစၥတန္ႏိုင္ငံ၊ ရာ၀ါပင္ဒီတြင္ လုပ္ႀကံသတ္ျဖတ္ျခင္း ခံခဲ့ရသည္။ လုပ္ႀကံမႈအတြင္း ပစ္ခတ္မႈမ်ားႏွင့္ ဗုံးေပါက္ကြဲမႈမ်ားေၾကာင့္ အနည္းဆုံး လူေပါင္း ၂၄ ဦး ေသဆုံးခဲ့သည္။

၂၀၀၈ ခုႏွစ္ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရုံးမႈ ေဆာင္ရြက္ေနစဥ္ ၂၀၀၇ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္တြင္ အေသခံဗုံးခြဲသမားက ဗုံးကို မခြဲမီ ဘူတိုကို ဦးစြာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ၿပီး ဘူတိုႏွင့္ အရပ္သားမ်ား ေသဆုံးခဲ့ရသည္။

ပါကစၥတန္ စစ္ေခါင္းေဆာင္ေဟာင္းျဖစ္သူ ပါဗက္စ္ မူရွာရက္ဖ္ကို ဘူတိုအား လုပ္ႀကံသတ္ျဖတ္မႈတြင္ ပါ၀င္ခဲ့ေၾကာင္း စြဲခ်က္တင္ခဲ့သည္။ ဘန္ေနဇီယာ ဘူတိုသည္ ၁၉၇၉ခုႏွစ္​ ဧၿပီလ ၄ ရက္ေန႔တြင္ ေသဒဏ္စီရင္ျခင္း ခံခဲ့ရေသာ ပါကစၥတန္ႏိုင္ငံ၏ ကိုးဦးေျမာက္ ၀န္ႀကီးခ်ဳပ္ အလီဘူတို၏ သမီးျဖစ္သည္။

ရာဂ်စ္ဂႏၶီ(Rajiv Gandhi)
( 20 Aug 1944 – 21 May 1991)

၁၉၉၁ ခုႏွစ္ ေမလ ၂၁ ရက္ေန႔တြင္ အိႏၵိယႏိုင္ငံ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရုံးေရး ခရီးထြက္ခဲ့ေသာ ရာဂ်စ္ဂႏၶီသည္ တမီလ္​ အ​ေသခံ ဗုံးခြဲသမားတစ္ေယာက္​၏ လုပ္ႀကံမႈေၾကာင့္ ​ေသဆုံးခဲ့သည္။

ရာဂ်စ္ဂႏၶီႏွင့္အတူ အနည္းဆုံး လူ ၁၄ ေယာက္ ​ေသဆုံးခဲ့သည္။ လုပ္ႀကံမႈကို သီရိလကၤာမွ ခြဲထြက္ေရး တမီလ္ က်ားအုပ္စု (LTTE) အဖြဲ႕၀င္ တစ္ေယာက္ဟု ယူဆရသူ ရာဂ်ာရာသနမ္ ဆိုသူက က်ဴးလြန္ခဲ့သည္။

(LTTE) အဖြဲ႔​ေခါင္းေဆာင္ ပရာဘာကရမ္ႏွင့္ ရာဂ်စ္ဂႏီၶတို႔အၾကား ကာလရွည္ၾကာစြာ အဆင္မေျပမႈႏွင့္ ရာဂ်စ္ဂႏၶီ၏ အျခား တမီလ္ အဖြဲ႔အစည္းမ်ားႏွင့္ ပဋိပကၡ ရန္ညႇိဳးမ်ားက ရာဂ်စ္ဂႏၶီကို လုပ္ႀကံသတ္ျဖတ္မႈ ျဖစ္ေစ ခဲ့သည္ဟု ယုံႀကည္ၾကသည္။

ရာဂ်စ္ဂႏၶီ၏ မိခင္ျဖစ္သူ အင္ဒီရာဂႏၶီသည္လည္း ၁၉၈၄ ခုႏွစ္​ ေအာက္တိုဘာလ ၃၁ ရက္ေန႔တြင္ မိမိ၏ လုံၿခဳံေရး တပ္ဖြဲ႔ဝင္တစ္ဦး၏ လုပ္ႀကံသတ္ျဖတ္ျခင္​း ခံခဲ့ရသည္။

မယ္လ္ကြန္အိတ္စ္ (Malcolm X)
(19 Mar 1925 – 21 Feb 1965)

မယ္လ္ကြန္အိတ္စ္သည္ အေမရိကန္ႏိုင္ငံမွ အာဖရိကန္​ အေမရိကန္ အမ်ိဳးသားေရး၀ါဒီႏွင့္ ဘာသာေရး ​ေခါင္းေဆာင္တစ္ဦး ျဖစ္သည္။ လူ႔အခြင့္ေရး လႈပ္ရွားသူ တစ္ဦးလည္း ျဖစ္ေသာ မယ္လ္ကြန္အိတ္စ္သည္ ၿပိဳင္ဘက္ မြတ္ဆလင္ အုပ္စု၏ လုပ္ႀကံျခင္းေၾကာင့္ ၁၉၆၅ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၁ ရက္တြင္ ကြယ္လြန္ခဲ့သည္။

အာဖရိကန္ အေမရိကန္ အဖြဲ႕ အစည္းအေ၀းကို အေမရိကန္ႏိုင္ငံ၊ ၀ါရွင္တန္ၿမိဳ႕တြင္ က်င္းပေနစဥ္ ပရိတ္သတ္ထဲမွ တစ္ဦးက အုတ္ေအာ္ေသာင္းနင္းျဖစ္ေအာင္ ျပဳလုပ္ခဲ့ၿပီး အျခားတစ္ေယာက္က မယ္လ္ ကြန္အိတ္စ္ အား ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။ ပရိသတ္ ႐ုတ္ရုတ္သဲသဲ ျဖစ္ေနစဥ္ အျခား ​ေသနတ္သမားမ်ားက မယ္လ္ကြန္ အိတ္စ္ကို ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့ၾကသည္ဟု ဆိုသည္။

မယ္လ္ကြန္အိတ္စ္၏ ခႏၶာကိုယ္ေပၚတြင္ ေသနတ္ဒဏ္ရာ ၂၁ ခု ​ေတြ႕ရွိခဲ့ရၿပီး ထိုေန႕ ညေန ၃ နာရီ မိနစ္ ၃၀ တြင္ ကြယ္လြန္ခဲ့သည္။ မယ္လ္ကြန္အိတ္စ္အား ​ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သူ ေသာမတ္စ္ေဟဂန္ကို အစည္းအေ၀း ျပဳလုပ္သည့္ ေနရာမွာပင္ ဖမ္းဆီးရမိခဲ့ၿပီး မယ္လ္ကြန္အိတ္စ္အား လုပ္ႀကံခဲ့ေၾကာင္း ​ေျဖာင့္ခ်က္ေပးခဲ့သည္။

ေထာင္ဒဏ္ ၄၅ ႏွစ္ အျပစ္ဒဏ္ က်ခံခဲ့ရသည့္ ေဟဂန္သည္​ ၂၀၁၀ ျပည့္ႏွစ္ မတိုင္မီ ေထာင္မွ လြတ္ေျမာက္လာခဲ့သည္။ လုပ္ႀကံမႈတြင္ ပါ၀င္ခဲ့သူ ေသနတ္သမား ႏွစ္ေယာက္ကို ဖမ္းဆီးရမိခဲ့ေသာ္လည္း ႏွစ္ေယာက္လုံးက လုပ္ႀကံမႈတြင္ ပါ၀င္ျခင္း မရွိေၾကာင္း ျငင္းဆိုခဲ့ၾကသည္​။ သို႔​ေသာ္လည္း သူတို႔အား ေထာင္ဒဏ္ ႏွစ္ ၂၀ စီ ခ်မွတ္​ခဲ့သည္။

မယ္လ္ကြန္အိတ္စ္၏ ရုပ္အေလာင္းအား ေဖေဖာ္၀ါရီလ ၂၇ ရက္အထိ ျပည္သူမ်ားအား လာေရာက္​ ၾကည္​့႐ႈခြင့္ ျပဳခဲ့ရာ လူေပါင္း သုံးေသာင္းေက်ာ္ လာေရာက္ခဲ့ၾကသည္။ မယ္လ္ကြန္အိတ္စ္၏ အတၳဳပၸတၱိ စာအုပ္ကို မယ္လ္ကြန္အိတ္စ္ လုပ္ႀကံခံရၿပီး မၾကာမီ ထုတ္ေ၀ခဲ့ရာ ၂၀ ရာစုအတြင္း စာဖတ္ပရိသတ္အေပၚ ႀသဇာလႊမ္းမိုးမႈ အရွိဆုံးစာအုပ္ တစ္အုပ္​ ျဖစ္​လာခဲ့သည္။

လုံၿခဳံေရးစနစ္ႏွင့္ သတင္း အခ်က္အလက္ ​ေထာက္လွမ္းေရး နည္းစနစ္မ်ား တိုးတက္လာမႈေၾကာင့္ ႏိုင္ငံေခါင္းေဆာင္မ်ားကို လုပ္ႀကံသတ္ျဖတ္​ ခံရမႈမ်ားသည္ ေလ်ာ့နည္းလာၿပီဟု ဆိုႏိုင္ေသာ္လည္း လုပ္ႀကံရန္ အားထုတ္မႈမ်ားသည္ကား ေလ်ာ့နည္းသြားျခင္း မရွိပါေခ်။ အယူအဆ မတူမွ်မႈကို မူတည္လ်က္ တစ္ဦးတစ္ေယာက္​ေသာ ပုဂၢိဳလ္အား လူ႔​ေလာကမွ အၿပီးတိုင္ ဖယ္​ထုတ္ပစ္ရန္ ႀကိဳးပမ္းမႈမ်ားသည္ လူ႔သမိုင္းတြင္ ဆက္လက္ ျဖစ္ပြားေနဦးမည္သာ ျဖစ္ေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
(၂၀၁၆ ခုႏွစ္​ ဇြန္လထုတ္ သုတစြယ္စုံ မဂၢဇင္း)


ကမ္ဘာ့သမိုင်းဝင် လုပ်ကြံမှုကြီးများ (unicode)

ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)

ကမ္ဘာ့သမိုင်း တစ်လျှောက်တွင်​ ပုဂ္ဂိုလ်ရေး မုန်းတီးမှု၊ နိုင်ငံရေး အယူအဆ ကွဲပြားမှု၊အာဏာ ရယူလိုမှု၊ နာမည်ကြီးလိုမှု အစရှိ သည့် ရည်ရွယ်ချက် အမျိုးမျိုးကြောင့် နိုင်ငံ ​ခေါင်းဆောင်များနှင့် ထင်ပေါ် ​ကျော်​ကြားသော ပုဂ္ဂိုလ်များသည် လူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ လုပ်ကြံမှု အထမြောက်ကာ ​သေဆုံးမှုများ ရှိသကဲ့သို့ အသက်မသေ လွတ်မြောက်မှုများလည်း ရှိခဲ့သည်။

အမေရိကန် ပြည်ထောင်စုတွင် ဆယ်ပြည့်နှစ်များတွင် ​ရွေးချယ် တင်မြှောက်ခံခဲ့ရသော သမ္မတများသည် မိမိတို့ သက်တမ်းအတွင်း လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ သို့​သော် ၁၉၈၀ ပြည့်နှစ်တွင် ရွေးကောက်ခံရသော သမ္မတ ရော်​နယ်ရီဂင်သည် လုပ်ကြံခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထိုသို့ လုပ်ကြံ သတ်ဖြတ်မှုများအနက် ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် လုပ်ကြံမှုများကို လူအများက ယနေ့တိုင် မှတ်မိနေကြသည်။

ဂျွန်အက်ဖ်ကနေဒီ(John F. Kennedy)
(29 May 1917 – 22 Nov 1963)

အမေရိကန် ပြည်ထောင်စု၏ ၃၅ ဦးမြောက် သမ္မတဖြစ်သူ ဂျွန်အက်ဖ်ကနေဒီသည် တက်စ်ဆတ်ပြည်နယ် ဒါးလက်စ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများ ​ဆောင်ရွက်နေစဉ် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် လီးဟာဗေးအော့စ်ဝေးလ် ဆို သူ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။

သမ္မတ ကနေဒီသည် သမ္မတကတော် ဂျက်ကလင်း၊ တက်စ်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကော်နယ်လေး ဇနီးမောင်နှံတို့နှင့်အတူ ခရီးသွားနေစဉ် သမ္မတ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို နှုတ်ဆက်ရန် ကြီးမားသော လူအုပ်ကြီးက စောင့်ဆိုင်းနေစဉ် လူအုပ်အတွင်းမှ သေနတ်သမားက ကနေဒီကို သေနတ်ဖြင့် ပစ်ခတ် ခဲ့ရာ ဦးခေါင်းနှင့် လည်ပင်းကို ကျည်ဆံ ထိမှန်ခဲ့သည်။

​သေနတ်သမား အော့စ်ဝေးလ်ကို တစ်နာရီအကြာတွင် ဖမ်းဆီးမိခဲ့သော်လည်း နှစ်ရက်အကြာတွင် နိုက်ကလပ်ပိုင်ရှင် ဂျက်ရုဘီက အော့စ်ဝေးလ်ကို သတ်ဖြတ်ခဲ့သည်။ဖြစ်ရပ်နှစ်ခုလုံးတွင် ပြစ်မှု ကျူးလွန်သူများသည် မိမိတို့ တစ်ဦးတည်းသာ လူသတ်မှုများကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ထွက်​ဆိုကြသည်။ ကနေဒီ လုပ်ကြံခံရမှုကို နှစ်ပေါင်း ၅၂ နှစ် ကြာသည့်တိုင် ကျယ်ကျယ်ပြန်​႔ပြန်​႔ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် သမ္မတကနေဒီကို ပစ်ခတ်ခဲ့သည့် ဓာတ်ပုံများကို သမ္မတကြီးအား အမှတ်ရစိမ့်သောငှာ ပြည်သူလူထုအား ထုတ်ဖော်ပြသခဲ့သည်။

ဂျွန်လီနွန်(John Lennon)
(9 Oct 1940 – 8 Dec 1980)

ကမ္ဘာကျော် ဘီတယ်လ်​ အဆိုတော် ဂျွန်လီနွန်သည် ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မိမိနေထိုင်သည့် တိုက်ခန်းရှေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရကာ ကွယ်လွန်ခဲ့သည်။ ဂျွန်လီနွန်ကို လုပ်ကြံသူ မာ့ခ်ဒေးဗစ်ချက်မင်းသည် ဂျွန်လီနွန်​ ပြန်​အလာကို တိုက်ခန်းရှေ့မှ စောင့်ဆိုင်းနေခဲ့ပြီး ထိုနေ့ည ၁၀ နာရီ မိနစ် ၅၀ တွင် ဂျွန်လီနွန်အား ​သေနတ်ဖြင့် ငါးချက် ပစ်ခတ်ခဲ့သဖြင့် ကျောပြင်သို့ လေးချက် ထိမှန်ကာ ​သေဆုံးခဲ့သည်။ ဂျွန်လီနွန်သည် မိမိအသတ်ခံရသည့်နေ့ အစောပိုင်းက မာ့ခ်ဒေးဗစ်ချက်မင်း၏ အမှတ်တရ အော်တိုစာအုပ်၌ မိမိအသတ်ခံရသည့် နေရာမှာပင် လက်မှတ်ရေးထိုးပေးခဲ့​သေးသည်။

ဂျွန်လီနွန်သည် ဆေးရုံမရောက်မီ ကွယ်လွန်ခဲ့ကာ ဆရာဝန်များက ဂျွန်လီနွန် ရရှိထားသည့် သေနတ်ဒဏ်ရာများသည် မည်သို့မျှ အသက်ရှင်သန်နိုင်တော့မည် မဟုတ်ကြောင်း ​ပြောကြားခဲ့သည်။ မာ့ခ်ဒေးဗစ်ချက်မင်းသည် မျက်မြင်သက်သေ မရှိသော်လည်း ဂျွန်လီနွန်ကို လုပ်ကြံသတ်ဖြတ်မှုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ရဲများ လာရောက် ဖမ်းဆီးချိန်တွင် မာ့ခ်ဒေးဗစ်ချက်မင်းသည် The Catcher in the Rye စာအုပ်ကို ဖတ်ရှုနေခဲ့ပြီး မာ့ခ်ဒေးဗစ်ချက်မင်းက သူသည် ဝတ္ထုထဲမှ အဓိကဇာတ်ကောင် ​ဟောဒင်းကော်လ်ဖီး၏ ကြီးမားသော အစိတ်အပိုင်းဖြစ်ကြောင်း ​ပြောခဲ့သည်။ သူ့ခန္ဓာ၏ သေးငယ်သော အစိတ်အပိုင်းသည် မကောင်းဆိုးဝါးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

မဟတ္တမဂန္ဓီ (Mahatma Gandhi)
(2 Oct 1869 – 30Jan 1948)

မဟတ္တမဂန္ဓီသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် အဓိက ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ကာ ငြိမ်းချမ်းရေးတရားများ အမြဲဟောပြောခဲ့သူ တစ်ဦးဖြစ်သည်။ မဟတ္တမဂန္ဓီသည် ၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၃၀ ရက်တွင် ဟိန္ဒူ အစွန်းရောက် နာသူရမ်ဂိုစီ ၏ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရသည်။ နာသူရမ်သည် သေနတ်မောင်းကို ဖြုတ်ခဲ့သူ တစ်ယောက်​ ဖြစ်​ခဲ့​သော်လည်း သူသည် နာရာယန်အက်ပ် နှင့်အတူ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ထားကြသည်။ ဟိန္ဒူအစွန်းရောက်သမားများသည် အိန္ဒိယ ပါကစ္စတန် အရေးတွင်​ ထားရှိသော ဂန္ဓီ၏ ရပ်တည်မှုကို စိတ်မသက်မသာဖြစ်ခဲ့ကြသည်။

မဟတ္တမဂန္ဓီကို လုပ်ကြံခဲ့သူ နာသူရမ်ဂိုစီ နှင့် နာရာယန်အက်ပ်တို့ကို ကြိုးပေးကာ သေဒဏ် စီရင်ခဲ့ခြင်းကို လူအများက ဆန့်ကျင်​ ကန့်ကွက်ခဲ့ကြ သည်။ထိုသို့ ကန့်ကွက်သူများထဲတွင် မဟတ္တမဂန္ဓီ၏ သားနှစ်ဦးလည်း ပါဝင်ခဲ့ကာ မဟတ္တမဂန္ဓီ၏ သားများသည် တရားခံများအား သေဒဏ် စီရင်ခြင်းသည် မဟတ္တမဂန္ဓီ၏ ငြိမ်းချမ်းရေး အမွေအနှစ်ကို မလေးစားရာ ​ရောက်ကြောင်း ယုံကြည်ခဲ့ကြသည်။ တရားခံများ ​သေဒဏ်ကျခဲ့ခြင်းအပေါ် လူအများက နှစ်သက်မှု မရှိခဲ့ကြပါချေ။ အိန္ဒိယနိုင်ငံ၏ အမျိုးသား ​ခေါင်းဆောင်ကြီးဖြစ်သူ အသက် ၇၈ နှစ်အရွယ်ရှိ မဟတ္တမဂန္ဓီအား လုပ်ကြံသတ်ဖြတ်ရန် နောက်ကွယ်မှ စီမံခဲ့သော အင်အားစုများ ရှိကြောင်း လက်ခံထားကြသည်။

ဖရန့်ဇ်​ ဖာဒီနန် (Franz Ferdinand)
(18 Dec 1863 – 28 Jun 1914)

ပထမ ကမ္ဘာစစ်ကြီးကို ဖြစ်ပွားစေခဲ့သည့် ဩစတြီးယား အိမ်ရှေ့စံမင်းသား ဖရန့်ဇ်​ဖာဒီနန် လုပ်ကြံ သတ်ဖြတ်ခံရမှုသည် ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်တွင်​ ဖြစ်​ပွားခဲ့သည်။ ဖရန့်ဇ်ဖာဒီနန်သည် ဩစတြီးယား ဟန်ဂေရီ အင်ပါယာ ဧကရာဇ် ဂျိုးစက်ဖ်၏ တူ ဖြစ်ပြီး ထီးနန်းကို ဆက်ခံမည့် နန်းမွေခံမင်းသားဟု ယူဆထားကြသူ တစ်ဦးဖြစ်သည်။ ဖရန့်ဇ်ဖာဒီနန် လုပ်ကြံသတ်ဖြတ်ခံရမှုသည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားစေသည့် နိုင်ငံရေးနှင့် စစ်ရေး ကွင်းဆက်ပေါ်သို့ ​ရောက်ရှိစေခဲ့သည်။

ဖရန့်ဇ်​ဖာဒီနန် နှင့် ဇနီးဖြစ်သူ အိမ်ရှေ့မင်းသမီး ဆိုဖီတို့ကို ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ​ဘော့စနီးယားဒေသ၊ ဆာရာယေဗိုတွင် ဆာဗီးယား အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်သူ ဂါဗရီလိုက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဖရန့်ဇ်​ဖာဒီနန်သည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးယားသို့ တပ်များ စစ်ဆေးရန် ​ရောက်ရှိနေခဲ့ရာ ထိုစဉ်က ဘော့စနီးယားနှင့် ဟာဇီဂိုဗီးယားသည် ဩစတြီးယား ဟန်ဂေရီတို့ တိုးချဲ့သိမ်းပိုက်ထားသည့် နယ်မြေတစ်ခု ဖြစ်သည်။ ထိုသို့ သိမ်းပိုက်ထားခြင်းကို ဆာဗီးယား မျိုးချစ်ဝါဒီများက များစွာ ​ဒေါသထွက်ခဲ့ကြကာ မိမိတို့ ​ဒေသသို့ ဖရန့်ဇ်​ဖာဒီနန် ရောက်ရှိလာချိန်တွင် မျိုးချစ်ဝါဒီအုပ်စု တစ်စုအတွက် ဖရန်​႔ဇ်​ဖာဒီနန်ကို လုပ်ကြံရန် အခွင့်ကောင်းတစ်ရပ် ရရှိခဲ့သည်။

မာတင်လူသာကင်း(Martin Luther King Jr.)
(15 Jan 1929 – 4 Apr 1968)

အမေရိကန် လူမည်း အခွင့်အရေး ​တောင်းဆိုရေး လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မာတင်လူသာကင်းသည် “ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်” ဟု ​ပြောလေ့ရှိသည့် သူ၏ မိန့်ခွန်းများကြောင့် အလွန်ထင်ရှားခဲ့သူ တစ်ဦးဖြစ် သည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မာတင်လူသာကင်းသည် တန်နက်စ်ဆီပြည်နယ်၊ မမ်ဖီးစ်တွင် မိမိတည်းခိုနေသည့် ဟိုတယ်၏ လေသာဆောင်တွင် ရပ်နေစဉ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

မာတင်လူသာကင်းကို လုပ်ကြံခဲ့သူ ဂျိမ်းစ်အားရ်ရေးသည် ထောင်ဒဏ် ၉၉ နှစ် ကျခံခဲ့ရပြီး ၁၉၉၈ ခုနှစ်က ထောင်တွင်း၌ပင်​ ကွယ်လွန်သွားခဲ့သည်။ မာတင်လူသာကင်း လုပ်ကြံခံရမှုသည် အမေရိကန် အစိုးရ ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း အများက ယူဆခဲ့ကြကာ ဂျိမ်းစ်အားရ်ရေးသည် ဓားစာခံ ဖြစ်ခဲ့ကြောင်း ​ပြောဆိုကြသော်လည်း သက်သေ အထောက်အထားများကို မဖော်ထုတ်နိုင်ခဲ့ကြပါချေ။

အေဗရာဟင်လင်ကွန်း(Abraham Lincoln)
(12 Feb 1809 – 14 Apr 1865)

အမေရိကန်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတဖြစ်သူ အေဗရာဟင်လင်ကွန်းသည် အမေရိကန်နိုင်ငံတွင် ကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့သူအဖြစ် ကမ္ဘာတွင် ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ကျွန်စနစ် ဖျက်သိမ်းမှုကို ထောက်ခံသူ ကန့်ကွက်သူများအကြား ပြည်တွင်းစစ်​ ဖြစ်​ပွားခဲ့ပြီးနောက် ၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်တွင် ဂျွန်ဝိက်ဘုသ် ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့သည်။ ထိုနေ့သည် အမေရိကန် ပြည်တွင်းစစ် ပြီးဆုံးသော ငါးရက်မြောက်နေ့ဖြစ်ကာ သမ္မတကြီး အေဗရာဟင်လင်ကွန်းသည် ဝါရှင်တန်ဒီစီရှိ ဖို့ဒ်​ ကပွဲရုံတွင် ဇနီးဖြစ်သူ မေရီလင်ကွန်းနှင့်အတူ ကြည်းတပ်အရာရှိ ဟင်နရီရက်သ်ဘွန်း၊သူနှင့် စေ့စပ်ထားသည့် မိန်းကလေး ကလျာ ဟာရီစ် တို့လည်း ပွဲကြည့်ဆောင်အတွင်း ရှိနေခဲ့ကြသည်။

အေဗရာဟင်လင်ကွန်းနှင့် အဖွဲ့သည် ပွဲကြည့်နေစဉ် နာမည်ကြီး သဘင်မင်းသား တစ်ဦးဖြစ်သူ ဘုသ်သည် လူအုပ်အတွင်းမှ ရုတ်တရက် ထွက်လာပြီး လင်ကွန်း၏ ဦးခေါင်း ​နောက်ပိုင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ လင်ကွန်းအား ကယ်တင်ရန် ထလာသော ဟင်နရီရက်သ်ဘွန်းကို ဓားဖြင့် ထိုးခဲ့သည်။ ဘုသ်သည် မြင်းစီး၍ ထွက်ပြေးသွားခဲ့ကာ ၁၂ ရက်ကြာ လွတ်မြောက်နေခဲ့​သော်လည်း သူနှင့် အပေါင်းအပါများကို လိုက်လံ ​ခြေရာခံနေသည့် ပြည်ထောင်စု တပ်ဖွဲ့ဝင်များက အသေဖမ်းဆီးရမိခဲ့သည်။ သူနှင့် ပူးပေါင်း ကြံစည်ခဲ့သူ ​လေးယောက်ကို နောက်ပိုင်းတွင် ကြိုးပေးစီရင်ခဲ့သည်။

ဂျူးလီယက်ဆီဇာ(Julius Ceasar)
(13 July 100 BC – 15 March 44 BC)

ရောမ အာဏာရှင် ဂျူးလီယက်ဆီဇာအား ဘီစီ ၄၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ယဉ်ကျေးမှု ထွန်းကားမှု ရပ်တံ့သွားခဲ့ခြင်း၏ အစဟု ဆိုကြသည်။ ဆီဇာသည် မိမိတို့ကိုယ်မိမိ လွတ် မြောက်ရေးသမားများဟု အမည်တပ်ထားသည့် လွှတ်တော်အမတ်များ၏ ဓားဖြင့် ထိုးခံရခြင်းကြောင့် ​သေဆုံးခဲ့ရသည်။ အမတ်များက ဆီဇာသည် လွှတ်တော်ကို ဖျက်သိမ်းလျက် အာဏာရှင်စနစ်​ ထူ​ထောင်မည်ကို စိုးရိမ်ကြသဖြင့် ဆီဇာ့ကို လုပ်ကြံရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆီဇာ့ကို လုပ်ကြံခဲ့ခြင်းသည် တစ်ချိန်က အင်အားကြီးမားခဲ့သော ရောမ အင်ပါယာကြီးကို ကျဆုံးစေခဲ့သည်။

ဘန်နေဇီယာဘူတို (Benazir Bhuto)
(21 Jun 1953 – 27 Dec 2007)

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် ရွေးကောက်ခံရသူ ဘန်နေဇီယာဘူတိုသည် ပါကစ္စတန်နိုင်ငံ၊ ရာဝါပင်ဒီတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ လုပ်ကြံမှုအတွင်း ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူပေါင်း ၂၄ ဦး သေဆုံးခဲ့သည်။၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ဆောင်ရွက်နေစဉ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အသေခံဗုံးခွဲသမားက ဗုံးကို မခွဲမီ ဘူတိုကို ဦးစွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဘူတိုနှင့် အရပ်သားများ သေဆုံးခဲ့ရသည်။ ပါကစ္စတန် စစ်ခေါင်းဆောင်ဟောင်းဖြစ်သူ ပါဗက်စ် မူရှာရက်ဖ်ကို ဘူတိုအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြောင်း စွဲချက်တင်ခဲ့သည်။ ဘန်နေဇီယာ ဘူတိုသည် ၁၉၇၉ခုနှစ်​ ဧပြီလ ၄ ရက်နေ့တွင် သေဒဏ်စီရင်ခြင်း ခံခဲ့ရသော ပါကစ္စတန်နိုင်ငံ၏ ကိုးဦးမြောက် ဝန်ကြီးချုပ် အလီဘူတို၏ သမီးဖြစ်သည်။

ရာဂျစ်ဂန္ဓီ(Rajiv Gandhi)
( 20 Aug 1944 – 21 May 1991)

၁၉၉၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့သော ရာဂျစ်ဂန္ဓီသည် တမီလ်​ အ​သေခံ ဗုံးခွဲသမားတစ်ယောက်​၏ လုပ်ကြံမှုကြောင့် ​သေဆုံးခဲ့သည်။ ရာဂျစ်ဂန္ဓီနှင့်အတူ အနည်းဆုံး လူ ၁၄ ယောက် ​သေဆုံးခဲ့သည်။ လုပ်ကြံမှုကို သီရိလင်္ကာမှ ခွဲထွက်ရေး တမီလ် ကျားအုပ်စု (LTTE) အဖွဲ့ဝင် တစ်ယောက်ဟု ယူဆရသူ ရာဂျာရာသနမ် ဆိုသူက ကျူးလွန်ခဲ့သည်။

(LTTE) အဖွဲ့​ခေါင်းဆောင် ပရာဘာကရမ်နှင့် ရာဂျစ်ဂန္ဓီတို့အကြား ကာလရှည်ကြာစွာ အဆင်မပြေမှုနှင့် ရာဂျစ်ဂန္ဓီ၏ အခြား တမီလ် အဖွဲ့အစည်းများနှင့် ပဋိပက္ခ ရန်ညှိုးများက ရာဂျစ်ဂန္ဓီကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေ ခဲ့သည်ဟု ယုံကြည်ကြသည်။ ရာဂျစ်ဂန္ဓီ၏ မိခင်ဖြစ်သူ အင်ဒီရာဂန္ဓီသည်လည်း ၁၉၈၄ ခုနှစ်​ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မိမိ၏ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်​း ခံခဲ့ရသည်။

မယ်လ်ကွန်အိတ်စ် (Malcolm X)
(19 Mar 1925 – 21 Feb 1965)

မယ်လ်ကွန်အိတ်စ်သည် အမေရိကန်နိုင်ငံမှ အာဖရိကန်​ အမေရိကန် အမျိုးသားရေးဝါဒီနှင့် ဘာသာရေး ​ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ လူ့အခွင့်ရေး လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သော မယ်လ်ကွန်အိတ်စ်သည် ပြိုင်ဘက် မွတ်ဆလင် အုပ်စု၏ လုပ်ကြံခြင်းကြောင့် ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်ခဲ့သည်။ အာဖရိကန် အမေရိကန် အဖွဲ့ အစည်းအဝေးကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ကျင်းပနေစဉ် ပရိတ်သတ်ထဲမှ တစ်ဦးက အုတ်အော်သောင်းနင်းဖြစ်အောင် ပြုလုပ်ခဲ့ပြီး အခြားတစ်ယောက်က မယ်လ် ကွန်အိတ်စ် အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပရိသတ် ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် အခြား ​သေနတ်သမားများက မယ်လ်ကွန် အိတ်စ်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။

မယ်လ်ကွန်အိတ်စ်၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၂၁ ခု ​တွေ့ရှိခဲ့ရပြီး ထိုနေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ကွယ်လွန်ခဲ့သည်။ မယ်လ်ကွန်အိတ်စ်အား ​သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ သောမတ်စ်ဟေဂန်ကို အစည်းအဝေး ပြုလုပ်သည့် နေရာမှာပင် ဖမ်းဆီးရမိခဲ့ပြီး မယ်လ်ကွန်အိတ်စ်အား လုပ်ကြံခဲ့ကြောင်း ​ဖြောင့်ချက်ပေးခဲ့သည်။ ထောင်ဒဏ် ၄၅ နှစ် အပြစ်ဒဏ် ကျခံခဲ့ရသည့် ဟေဂန်သည်​ ၂၀၁၀ ပြည့်နှစ် မတိုင်မီ ထောင်မှ လွတ်မြောက်လာခဲ့သည်။ လုပ်ကြံမှုတွင် ပါဝင်ခဲ့သူ သေနတ်သမား နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့သော်လည်း နှစ်ယောက်လုံးက လုပ်ကြံမှုတွင် ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြသည်​။ သို့​သော်လည်း သူတို့အား ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်​ခဲ့သည်။

မယ်လ်ကွန်အိတ်စ်၏ ရုပ်အလောင်းအား ဖေဖော်ဝါရီလ ၂၇ ရက်အထိ ပြည်သူများအား လာရောက်​ ကြည်​့ရှုခွင့် ပြုခဲ့ရာ လူပေါင်း သုံးသောင်းကျော် လာရောက်ခဲ့ကြသည်။ မယ်လ်ကွန်အိတ်စ်၏ အတ္ထုပ္ပတ္တိ စာအုပ်ကို မယ်လ်ကွန်အိတ်စ် လုပ်ကြံခံရပြီး မကြာမီ ထုတ်ဝေခဲ့ရာ ၂၀ ရာစုအတွင်း စာဖတ်ပရိသတ်အပေါ် ဩဇာလွှမ်းမိုးမှု အရှိဆုံးစာအုပ် တစ်အုပ်​ ဖြစ်​လာခဲ့သည်။

လုံခြုံရေးစနစ်နှင့် သတင်း အချက်အလက် ​ထောက်လှမ်းရေး နည်းစနစ်များ တိုးတက်လာမှုကြောင့် နိုင်ငံခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်​ ခံရမှုများသည် လျော့နည်းလာပြီဟု ဆိုနိုင်သော်လည်း လုပ်ကြံရန် အားထုတ်မှုများသည်ကား လျော့နည်းသွားခြင်း မရှိပါချေ။ အယူအဆ မတူမျှမှုကို မူတည်လျက် တစ်ဦးတစ်ယောက်​သော ပုဂ္ဂိုလ်အား လူ့​လောကမှ အပြီးတိုင် ဖယ်​ထုတ်ပစ်ရန် ကြိုးပမ်းမှုများသည် လူ့သမိုင်းတွင် ဆက်လက် ဖြစ်ပွားနေဦးမည်သာ ဖြစ်ပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
(၂၀၁၆ ခုနှစ်​ ဇွန်လထုတ် သုတစွယ်စုံ မဂ္ဂဇင်း)

Leave a Reply