တေကာင္းၿမဳိ႕ေဟာင္း အေၾကာင္း သိေကာင္းစရာ

Posted on

(ဓာတ္ပုံမ်ားကို ကုိရန္ေနာင္စုိး ဆီမွ ရယူပါတယ္ )

တေကာင္းၿမိဳ႕သည္ ျမန္မာႏိုင္ငံ၊ မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ သပိတ္က်င္းၿမိဳ႕နယ္တြင္ ပါဝင္ေသာ ၿမိဳ႕နယ္ခြဲအဆင့္ရွိ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။ တေကာင္းၿမိဳ႕ေဟာင္းဟူ၍လည္း ထင္ရွားေသာ ၿမိဳ႕ေဟာင္းတစ္ခု ျဖစ္သည္။ တေကာင္းသည္ မႏၲေလးၿမိဳ႕မွ ဧရာဝတီျမစ္ကို ဆန္တက္ေသာအခါ ၁၂၇ မိုင္ေဝး၍ ျမစ္အေရွ႕ဘက္ကမ္း ေျမျပန္႔ေဒသတြင္ တည္ရွိသည္။

တေကာင္းၿမိဳ႕ေဟာင္း၏ ထင္ရွားမႈမွာ စည္ပင္သာယာမႈ၊ ေရာင္းဝယ္ေဖာက္ကားေကာင္းမြန္မႈတို႔ေၾကာင့္ မဟုတ္ဘဲ သမိုင္းေရးရာေၾကာင့္ ထင္ရွားျခင္း ျဖစ္ေလသည္။ “ျမန္မာအစ၊ တစ္ေကာင္းက” ဟု ျမန္မာတို႔ဆို႐ိုးစကားရွိသည္။

ျမန္မာႏိုင္ငံတြင္ တေကာင္းမင္းဆက္ စတင္တည္ေထာင္သည့္ေခတ္သည္ ျမန္မာသမိုင္း၏ အစျဖစ္သည္ဟု သမိုင္းဆရာတို႔ယူဆၾက၏။ ျမန္မာႏိုင္ငံ ပထဝီႏွင့္ သမိုင္း မဟာရာဇဝင္၌ တေကာင္းသည္ ေဂါတမျမတ္စြာဘုရား လက္ထက္ကပင္လၽွင္ တေကာင္းဟု တြင္ေၾကာင္းေဖာ္ျပသည္။

မဇၩိမေဒသ သာကီယအႏြယ္ျဖစ္ေသာ အဘိရာဇာမည္ေသာ မင္းသည္ တေကာင္းျပည္ႀကီးကို လက္မြန္တည္ေၾကာင္းလည္းဆိုသည္။ ေရွးေခတ္က ၿမိဳ႕႐ိုးေဟာင္းမ်ားႏွင့္ ေစတီေဟာင္းမ်ားကို ယခုတိုင္ ေတြ႕ႏိုင္ေသး၏။ တေကာင္း၏ အေရွ႕ေတာင္ဘက္ႏွင့္ အေနာက္ဘက္တို႔တြင္ ေ႐ႊစည္းခုံ၊ ေ႐ႊေစတီ၊ ေဗာင္းေတာ္က် စေသာ ေစတီေဟာင္းမ်ားရွိသည္။

တေကာင္းျပည္ကို သင္းတြဲျပည္ဟုလည္းေခၚၾကေသး၏။ တေကာင္းကို စတင္တည္ေထာင္သည့္အခ်ိန္က ျမန္မာႏိုင္ငံ အထက္ပိုင္း၌ ပ်ဴလူမ်ိဳး၊ အေနာက္ဘက္၌ ကမ္းယံလူမ်ိဳး၊ ေျမာက္ဘက္၌ သက္လူမ်ိဳး၊ ဧရာဝတီ၊သံလြင္၊ စစ္ေတာင္းျမစ္ဝွမ္းတို႔၌ မြန္လူမ်ိဳးမ်ား ေနထိုင္ၾကသည္ဟု သမိုင္းဆရာတို႔က ယူဆသည္။ ထိုအခါက ျပည္ၿမိဳ႕သည္ ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္သည္ဟုလည္း မွတ္ယူၾကသည္။

သာကီဝင္မင္း အဘိရာဇာ၌ သားေတာ္ႏွစ္ပါးရွိသည္။ သားငယ္ျဖစ္ေသာ ကံရာဇာငယ္သည္ တေကာင္းထီးနန္းကို ဆက္ခံလာေသာအခါ၊ သားႀကီးကံရာဇာႀကီးမွာ အလုံးအရင္းႏွင့္ တေကာင္းမွ ဧရာဝတီျမစ္ကို စုန္ခဲ့၍၊ ခ်င္းတြင္းျမစ္ကို ဆန္တက္ကာ၊ ကေလးေက်းေတာင္ၫိုအရပ္၌ ေျခာက္လ ဗိုလ္ဝင္ခံသည္။ ထိုေနာက္ ကစၸနဒီျမစ္ အေရွ႕ဘက္၌ ေက်ာက္ပန္းေတာင္းၿမိဳ႕ကို တည္ေထာင္စိုးစံသည္။ ထိုကမွ ရခိုင္ျပည္တြင္ မင္းဆက္ျပတ္ေနေသာ ဓညဝတီၿမိဳ႕ေဟာင္းကို သိမ္းယူ၍ အုပ္ခ်ဳပ္သည္။

အဘိရာဇာမင္းမွစ၍ ေရတြက္ေသာ္၊ ၃၃ ပါးေျမာက္ ဘႏၷကမင္းလက္ထက္တြင္ တ႐ုတ္တို႔ ဝင္ေရာက္ေႏွာင့္ယွက္သျဖင့္ တေကာင္းျပည္ပ်က္သည္။ ပထမ တေကာင္း ပ်က္စီးခဲ့သည္။ တေကာင္းကို ဒုတိယ အႀကိမ္ ျပန္လည္ထူေထာင္သူကား ဓဇရာဇာမင္း ျဖစ္သည္။ ဓဇရာဇာမင္းသည္ ဘိႏၷက ၏ မိဖုရား နာကဆိန္ႏွင့္ စုံဖက္၍ ဆက္လက္ စိုးစံသည္။ ထိုမင္းမွ စ၍ မင္းေပါင္း ( ၁၇ ) ဆက္ စိုးစံခဲ့သည္ ဟု ဆိုသည္။ ထို႔ေၾကာင့္ တေကာင္းတြင္ မင္းေပါင္း ( ၅၀ ) စိုးစံခဲ့ဖူးေလသည္။

တေကာင္းျပည္၏ အမည္ကို-

ကကုသန္ဘုရားလက္ထက္ေတာ္၌ သံသယပူရ၊
ေကာနဂုံဘုရားလက္ထက္ေတာ္၌ ရဌပူရ၊
ကႆပဘုရားလက္ထက္ေတာ္၌ သင္းတြဲဟု တြင္ၿပီး
ေဂါတမဘုရားရွင္လက္ထက္ေတာ္၌ကား တေကာင္းဟူ၍ အမည္တြင္ေၾကာင္း မွန္နန္းရာဇဝင္ေတာ္ႀကီး၌ ပါရွိေလသည္။

တေကာင္းကို တိုင္ကြန္ ဟူ၍ တ႐ုတ္အသံျဖင့္ ေခၚေဝၚေၾကာင္း သိရေသာ္လည္း အဓိပၸါယ္ရင္းျမစ္ကိုကား ေဖၚျပထားျခင္း မရွိသျဖင့္ မသိရေခ်။ ထို႔အျပင္ ျမန္မာစြယ္စုံက်မ္း (တြဲ-၄၊ စာ-၁၉၈)၌ တေကာင္းဟူေသာအမည္မွာ ရွမ္းဘာသာစကားျဖင့္ စည္ကူးတို႔ ဟု အဓိပၸါယ္ရရွိေၾကာင္း သိရသည္။ ရွမ္းဘာသာျဖင့္ ဆိုလိုရင္း အဓိပၸါယ္မွာ တ + ေကာင္းဟူေသာစကားရပ္တြင္ တ မွာ ကူးတို႔ဆိပ္ျဖစ္ၿပီး ေကာင္း မွာ အစုအပုံ (ဝါ) ကုန္ပစၥည္းမ်ား စုပုံရာ ကူးတို႔ဆိပ္ ဟူ၍ပင္ ျဖစ္ေၾကာင္း သိရေလသည္။

တေကာင္း = အခြန္အေကာက္ ေတာင္းရာဌာန

တေကာင္းၿမိဳ႕သည္ ပုဂံေခတ္၌ အေရးပါ အရာေရာက္ေသာ နယ္ျခားၿမိဳ႕နယ္တစ္ခု ျဖစ္ခဲ့ဟန္ရွိသည္။ မွန္နန္းရာဇဝင္ေတာ္ႀကီး၌ အေနာ္ရထာ မင္းေစာသည္ နယ္ျခားၿမိဳ႕ ၄၃-ၿမိဳ႕ကို တစ္ၿပိဳင္နက္ တစ္ခ်က္တည္းစ၍ တည္ေစရာ၌ တေကာင္းၿမိဳ႕သည္လည္း တစ္ၿမိဳ႕အပါအဝင္ ျဖစ္ခဲ့ေၾကာင္း ေရးသားေဖၚျပထားသည္ကို ေတြ႕ရေလသည္။

ထို႔အျပင္ ပုဂံေခတ္တြင္ ေရးထိုးေသာ ေက်ာက္စာမ်ား၌လည္း ပုဂံျပည္၏ အက်ယ္အဝန္း နယ္နိမိတ္ကို ေဖၚျပရာ၌ ေမႅစ္ဩတၱာတေကာင္၊ ငေဆာင္ခ်ံ ဟူ၍၎၊ တေကာင္းလွပ္ကာသုႀကီး၊ လက္ခါနာလက္ဝယ္၊ တေကာင္စစ္ထိုင္ေသာ ၊ တေကာင္ဥယန္ေမႅ ဟူ၍၎ ေတြ႔ရသည္။

ကိုးကား

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၄)
(ကသာကံဆက္၊ စာ-၈၉) မွန္နန္း(ပ-တြဲ)စာ-၂၉၈
ေဒါက္တာသန္းထြန္း ေရး ျမန္မာသမိုင္းနိဒါန္း
ဦးသန္းေဆြ – တေကာင္းၿမိဳ႕ေဟာင္း အပိုင္း(၁)


တကောင်းမြို့ဟောင်း အကြောင်း သိကောင်းစရာ (unicode)

တကောင်းမြို့သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ တကောင်းမြို့ဟောင်းဟူ၍လည်း ထင်ရှားသော မြို့ဟောင်းတစ်ခု ဖြစ်သည်။ တကောင်းသည် မန္တလေးမြို့မှ ဧရာဝတီမြစ်ကို ဆန်တက်သောအခါ ၁၂၇ မိုင်ဝေး၍ မြစ်အရှေ့ဘက်ကမ်း မြေပြန့်ဒေသတွင် တည်ရှိသည်။

တကောင်းမြို့ဟောင်း၏ ထင်ရှားမှုမှာ စည်ပင်သာယာမှု၊ ရောင်းဝယ်ဖောက်ကားကောင်းမွန်မှုတို့ကြောင့် မဟုတ်ဘဲ သမိုင်းရေးရာကြောင့် ထင်ရှားခြင်း ဖြစ်လေသည်။ “မြန်မာအစ၊ တစ်ကောင်းက” ဟု မြန်မာတို့ဆိုရိုးစကားရှိသည်။ မြန်မာနိုင်ငံတွင် တကောင်းမင်းဆက် စတင်တည်ထောင်သည့်ခေတ်သည် မြန်မာသမိုင်း၏ အစဖြစ်သည်ဟု သမိုင်းဆရာတို့ယူဆကြ၏။ မြန်မာနိုင်ငံ ပထဝီနှင့် သမိုင်း မဟာရာဇဝင်၌ တကောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင်လျှင် တကောင်းဟု တွင်ကြောင်းဖော်ပြသည်။

မဇ္ဈိမဒေသ သာကီယအနွယ်ဖြစ်သော အဘိရာဇာမည်သော မင်းသည် တကောင်းပြည်ကြီးကို လက်မွန်တည်ကြောင်းလည်းဆိုသည်။ ရှေးခေတ်က မြို့ရိုးဟောင်းများနှင့် စေတီဟောင်းများကို ယခုတိုင် တွေ့နိုင်သေး၏။ တကောင်း၏ အရှေ့တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ရွှေစည်းခုံ၊ ရွှေစေတီ၊ ဗောင်းတော်ကျ စသော စေတီဟောင်းများရှိသည်။

တကောင်းပြည်ကို သင်းတွဲပြည်ဟုလည်းခေါ်ကြသေး၏။ တကောင်းကို စတင်တည်ထောင်သည့်အချိန်က မြန်မာနိုင်ငံ အထက်ပိုင်း၌ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌ သက်လူမျိုး၊ ဧရာဝတီ၊သံလွင်၊ စစ်တောင်းမြစ်ဝှမ်းတို့၌ မွန်လူမျိုးများ နေထိုင်ကြသည်ဟု သမိုင်းဆရာတို့က ယူဆသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်ဟုလည်း မှတ်ယူကြသည်။

သာကီဝင်မင်း အဘိရာဇာ၌ သားတော်နှစ်ပါးရှိသည်။ သားငယ်ဖြစ်သော ကံရာဇာငယ်သည် တကောင်းထီးနန်းကို ဆက်ခံလာသောအခါ၊ သားကြီးကံရာဇာကြီးမှာ အလုံးအရင်းနှင့် တကောင်းမှ ဧရာဝတီမြစ်ကို စုန်ခဲ့၍၊ ချင်းတွင်းမြစ်ကို ဆန်တက်ကာ၊ ကလေးကျေးတောင်ညိုအရပ်၌ ခြောက်လ ဗိုလ်ဝင်ခံသည်။ ထိုနောက် ကစ္ပနဒီမြစ် အရှေ့ဘက်၌ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်စိုးစံသည်။ ထိုကမှ ရခိုင်ပြည်တွင် မင်းဆက်ပြတ်နေသော ဓညဝတီမြို့ဟောင်းကို သိမ်းယူ၍ အုပ်ချုပ်သည်။

အဘိရာဇာမင်းမှစ၍ ရေတွက်သော်၊ ၃၃ ပါးမြောက် ဘန္နကမင်းလက်ထက်တွင် တရုတ်တို့ ဝင်ရောက်နှောင့်ယှက်သဖြင့် တကောင်းပြည်ပျက်သည်။ ပထမ တကောင်း ပျက်စီးခဲ့သည်။ တကောင်းကို ဒုတိယ အကြိမ် ပြန်လည်ထူထောင်သူကား ဓဇရာဇာမင်း ဖြစ်သည်။ ဓဇရာဇာမင်းသည် ဘိန္နက ၏ မိဖုရား နာကဆိန်နှင့် စုံဖက်၍ ဆက်လက် စိုးစံသည်။ ထိုမင်းမှ စ၍ မင်းပေါင်း ( ၁၇ ) ဆက် စိုးစံခဲ့သည် ဟု ဆိုသည်။ ထို့ကြောင့် တကောင်းတွင် မင်းပေါင်း ( ၅၀ ) စိုးစံခဲ့ဖူးလေသည်။

တကောင်းပြည်၏ အမည်ကို-

ကကုသန်ဘုရားလက်ထက်တော်၌ သံသယပူရ၊
ကောနဂုံဘုရားလက်ထက်တော်၌ ရဌပူရ၊
ကဿပဘုရားလက်ထက်တော်၌ သင်းတွဲဟု တွင်ပြီး
ဂေါတမဘုရားရှင်လက်ထက်တော်၌ကား တကောင်းဟူ၍ အမည်တွင်ကြောင်း မှန်နန်းရာဇဝင်တော်ကြီး၌ ပါရှိလေသည်။

တကောင်းကို တိုင်ကွန် ဟူ၍ တရုတ်အသံဖြင့် ခေါ်ဝေါ်ကြောင်း သိရသော်လည်း အဓိပ္ပါယ်ရင်းမြစ်ကိုကား ဖေါ်ပြထားခြင်း မရှိသဖြင့် မသိရချေ။ ထို့အပြင် မြန်မာစွယ်စုံကျမ်း (တွဲ-၄၊ စာ-၁၉၈)၌ တကောင်းဟူသောအမည်မှာ ရှမ်းဘာသာစကားဖြင့် စည်ကူးတို့ ဟု အဓိပ္ပါယ်ရရှိကြောင်း သိရသည်။ ရှမ်းဘာသာဖြင့် ဆိုလိုရင်း အဓိပ္ပါယ်မှာ တ + ကောင်းဟူသောစကားရပ်တွင် တ မှာ ကူးတို့ဆိပ်ဖြစ်ပြီး ကောင်း မှာ အစုအပုံ (ဝါ) ကုန်ပစ္စည်းများ စုပုံရာ ကူးတို့ဆိပ် ဟူ၍ပင် ဖြစ်ကြောင်း သိရလေသည်။

တကောင်း = အခွန်အကောက် တောင်းရာဌာန

တကောင်းမြို့သည် ပုဂံခေတ်၌ အရေးပါ အရာရောက်သော နယ်ခြားမြို့နယ်တစ်ခု ဖြစ်ခဲ့ဟန်ရှိသည်။ မှန်နန်းရာဇဝင်တော်ကြီး၌ အနော်ရထာ မင်းစောသည် နယ်ခြားမြို့ ၄၃-မြို့ကို တစ်ပြိုင်နက် တစ်ချက်တည်းစ၍ တည်စေရာ၌ တကောင်းမြို့သည်လည်း တစ်မြို့အပါအဝင် ဖြစ်ခဲ့ကြောင်း ရေးသားဖေါ်ပြထားသည်ကို တွေ့ရလေသည်။ ထို့အပြင် ပုဂံခေတ်တွင် ရေးထိုးသော ကျောက်စာများ၌လည်း ပုဂံပြည်၏ အကျယ်အဝန်း နယ်နိမိတ်ကို ဖေါ်ပြရာ၌ မ္လေစ်ဩတ္တာတကောင်၊ ငဆောင်ချံ ဟူ၍၎င်း၊ တကောင်းလှပ်ကာသုကြီး၊ လက်ခါနာလက်ဝယ်၊ တကောင်စစ်ထိုင်သော ၊ တကောင်ဥယန်မ္လေ ဟူ၍၎င်း တွေ့ရသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
(ကသာကံဆက်၊ စာ-၈၉) မှန်နန်း(ပ-တွဲ)စာ-၂၉၈
ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
ဦးသန်းဆွေ – တကောင်းမြို့ဟောင်း အပိုင်း(၁)

Leave a Reply