သမၼတႀကီးလင္ကြန္းအေလာင္း ခုိးၾကသူမ်ား

Posted on

ကင္နယ္လီ၏ ဘစ္ဂ်င္မ္ဂိုဏ္းသည္ အေမရိကန္လွ်ဳိ႕ဝွက္စံု ေထာက္အဖြဲ႕ၾကီးကို ေခါင္းခဲေအာင္ အမ်ိဳးမ်ိဳးအေႏွာင့္အယွက္ေပးခဲ့ ေသာ ကလိန္ကက်စ္အက်ဆံုး ဒုစရိုက္အဖြဲ႕ၾကီးပင္ျဖစ္၏။

သူတို႔အဖြဲ႕က လူဆိုးေတြဆိုေပမယ့္ ေကာင္းေရာင္းေကာင္းဝယ္ ဟန္ျပျပီး ေငြစကၠဴအတုမ်ား တရားမဝင္ ေမွာင္ခိုေရာင္းဝယ္၍ ၾကီးပြားခ်မ္းသာေနခဲ့ၾကသူမ်ားပင္။ သို႔ေသာ္ ၁၈၇၆ ခုႏွစ္ေဆာင္းရာသီ မွာေတာ့ သူတို႔ဂိုဏ္းၾကီးအဖို႔ ပ်က္ကိန္းၾကံဳကာ ၾကမၼာငင္ခဲ့ရပါျပီ။

သူတို႔ကို ေငြစကၠဴေတြ ရိုက္ႏွိပ္ေပးေသာ ဆရာၾကီး ဘင္ဘိြဳက္ အဖမ္းခံလိုက္႐ရာမွ အစပ်ိဳးခဲ့ပါသည္။

လွ်ဳိ႕ဝွက္ေထာက္လွမ္းေရးမ်ားက ဘင္ဘိြဳက္ ကို လက္နက္ကိုင္ အေစာင့္အၾကပ္ထူထပ္စြာျဖင့္ ေထာင္သို႔ပို႔ခဲ့သည္။တရားသူၾကီးက အီလီႏြိဳက္ျပည္နယ္ ဂ်ိဳလီယက္ေထာင္တြင္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ဆယ္ႏွစ္ အျပစ္ဒဏ္ခ်လိုက္၏။

အေျခေနက သိပိဆိုးဝါးျပီး ထိန္းမရသိမ္းမရ ေပါက္ကြဲလုဆဲဆဲ ျဖစ္ခဲ့ရသည္။ကင္နယ္လီ ႏွင့္ ဘစ္ဂ်င္မ္ ဂိုဏ္းသားမ်ားက တန္ျပန္ထိုးစစ္တစ္ခု ဆင္ဖို႔ ၾကံၾကေတာ့သည္။

ေငြႏွင့္ အရက္ အငမ္းမရမြတ္သိပ္လ်က္ တန္ခိုးလက္နက္ အျဖစ္ယံုၾကည္အားထားၾကေသာ သူတို႔အဖို႔ ဘင္ဘိြဳက္စ္ ကို ေထာင္ထဲမွ ျပန္ကယ္ထုတ္ဖို႔ ေသေရးရွင္ေရး ျဖစ္ေနေတာ့၏။

သို႔ျဖင့္ ၁၈၇၆ ခုႏွစ္ေဆာင္းေႏွာင္းရာသီမွာေတာ့ သူတို႔တစ္ေတြက အေမရိကန္ တစ္ျပည္လံုးကို ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္၍ ပြက္ပြက္ဆူသြားေစေသာ ရာဇဝတ္မႈၾကီးတစ္ခုကို က်ဴးလြန္ရန္ ၾကိဳးစားလိုက္ၾက၏။

လက္ရဲဇက္ရဲနိုင္လွေသာ ေမွာင္ခိုဂိုဏ္းၾကီးက ေအဘရာဟန္လင္ကြန္း ၏ အေလာင္းကိုခိုး၍ ဂံုနီအိတ္ရွည္ ထဲထည့္ျပီး ျမင္းလွည္းေအာက္တြင္ သြင္းကာ အင္ဒီယာနာေျမာက္ပိုင္းသို႔ ယူသြားမည္။မစ္ခ်ီဂန္ေရကန္ၾကီး၏ ကမ္းစပ္တစ္ေနရာရွိသဲကုန္းမ်ားၾကာ၌ ဝွက္ထားမည္။

သည့္ေနာက္ တစ္တိုင္းျပည္လံုးသိ၍ အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားေသာအခါ အၾကပ္ကိုင္၍ အေပးယူလုပ္မည္။အေပးယူကေတာ့ ဘင္ဘိြဳက္ကို ေထာင္ကလႊတ္ေပးမွသာ ေအပရာဟန္လင္ကြန္း၏ အေလာင္းကိုျပန္ေပးမည္။ထို႔ျပင္ ျပန္ေပးေငြအျဖစ္ ေဒၚလာႏွစ္သိန္းပါ ေပးရမည္။ဤသို႔ အစီအစဥ္ ဆြဲထားၾကသည္။

သူတို႔ မဟာအၾကံက အႏၲရာယ္မၾကီးေပဘူးလား။ သိပ္မၾကီးလွဘူးပဲဆိုရပါမည္။ အေၾကာင္းမူ အီလီႏိြဳလ္စ္ျပည္နယ္ တြင္ အေလာင္းခိုးမႈ ရာဇဝတ္ၾကီးအျဖစ္ သတ္မွတ္ဥပေဒ မရွိေသာေၾကာင့္ျဖစ္၏။

ထို႔ေၾကာင့္ ၁၈၇၆ ခုႏွစ္ ႏိုဝင္ဘာလ ညေနတြင္ ဘစ္ဂ္ဂ်ပ္ကင္ နယ္လီ၏ ဂိုဏ္းသားသားဦးသည္ ခ်ီကာဂိုႏွင့္ အယ္လ္တန္သြား ရထားကိုစီး၍ လင္ကြန္း၏ဇာတိျမိဳ႕ရွိရာ အီလီႏြိဳက္စ္ျပည္နယ္ စပရင္းဖီးလ္သို႔ ေရွးရူထြက္ ခဲ့ၾက၏။

သူတို႔ ခ်ီကာဂိုမွမထြက္ခင္ လန္ဒနထထုတ္ သတင္းစာတစ္ေစာင္ကို ဝယ္ယူ၍ အလယ္သားတစ္ေနရာကိုျဖဲကာ သူတို႔ ဂိုဏ္းဌာနခ်ဳပ္၏ တည္ရာ ခ်ီကာဂို ျမိဳ႕အရက္ဆိုင္တစ္ဆိုင္ေရွ႕တြင္ရပ္ေနေသာ လင္ကြန္း၏ကိုယ္တစ္ပိုင္းပံုကို ကပ္ထားလိုက္၏။

ဂူထဲမွအေလာင္းကို သူတို႔ယူျပီးသည္ႏွင့္ ထိုသတင္းစာျဖတ္ပိုင္းကို ေဟာင္းေလာင္းေပါက္ထဲ၌ ပစ္ထားခဲ့မည္။စံုေထာက္မ်ား အတြက္ တန္ဖိုးရွိေသာ သဲလြန္စအျဖစ္ ေပးခဲ့ျခင္းပင္ျဖစ္သည္။

ထို႔ေနာက္ တစ္ျပည္လံုးေဆြ႕ေဆြ႕ခုန္ တုန္လႈပ္ဗ်ာမ်ားခ်ိန္ဝယ္ သူတို႔က အီလီႏိြဳက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးႏွင့္ ဆက္သြယ္၍ လင္ကြန္းအေလာင္းကိုျပန္ေပးေရး ေဆြးေႏြးရံုသာ ရွိေတာ့သည္။

ျပည္နယ္တာဝန္ခံအေနႏွင့္ တကယ့္လူေတြ ဟုတ္ မဟုတ္ ဘယ္လိုသိပါ့မလဲ။ဒါလည္း လြယ္လြယ္ေလးပါ။မသမာေကာင္ေတြက စံုထာက္ေတြလက္သို႔ ထုတ္ေပးခဲ့ေသာ သတင္းစာျဖတ္ပိုင္းႏွင့္ သူတို႔လက္ထဲက်န္ခဲ့ေသာ မူရင္းသတင္းစာကို ဆက္ၾကည့္ဖို႔ျပလိုက္မည္ေပါ့။

လိုအပ္သည့္ သက္ေသခံမွတ္ပံုတင္ေတြလည္း ျပည့္စံုျပီးသား။ သည့္ႏွယ္ျဖင့္ အၾကံပက္စက္သူတစ္စုသည္ လက္ေတြ႕အေကာင္ထည္ေဖာ္ေရး အတြက္ ၁၈၇၆ ခုႏွစ္ စပရင္းဖီလ္၌ ေရြးေကာင္ပြဲလုပ္ သည့္ညတြင္ ဆိုက္ေရာက္လာခဲ့ၾကသည္။

စင္စစ္ေတာ့ အခ်ိန္အခါကို တမင္ေရြးခဲ့ျခင္းသာ ျဖစ္ပါသည္။ေရြးေကာက္ပြဲ ကာလမို႔ လူေတြကလည္း လႈပ္လႈပ္ရြရြ ၾကက္ပ်ံမက်စည္ကေနသည္ မဟုတ္ပါလား။

ေရြးေကာင္ပြဲမွာ ပထမအသုတ္မဲစာရင္းမ်ားကို ထုတ္ျပန္ခဲ့ရာ စပရင္းဖီးလ္တစ္ျမိဳ႕လံုး ေသာေသာညံေနေတာ့သည္။အားရတက္ၾကြေနေသာ မဲဆႏၵရွင္မ်ားသည္ ေအာင္ပြဲႏွင့္အတူ ေပ်ာ္ျမဴးလ်က္လမ္းေပၚတြင္ ကခုန္လွည့္လည္ေနၾက၏။ တခ်ိဳ႕ကလည္း မီးတုတ္ၾကီးေတြကိုငိလ်က္ ပန္းျခံေတြထဲ၌ ေအာ္ၾကီးဟစ္က်ယ္ သီခ်င္းေတြဆို ကရင္း အေမွာင္ညကို လွေပေနေစ၏။

သခၤ်ဳိင္းဂူကိုေဖာက္ဖို႔ အခ်ိန္ေကာင္းပါပဲ။မစၥတာ လင္ကြန္းကို ထိုလူအုပ္ၾကီးရွိရာ ျမိဳ႕လယ္ေခါင္မွ ႏွစ္မိုင္မွ်ေဝး၍ လူသူကင္းျပတ္ရာ သစ္ေတာၾကီးထဲတြင္ သျဂၤဳဟ္ျမွဳပ္ႏွံခဲ့သည္က လူဆိုးတစ္စုအတြက္ အကြက္ေကာင္းအခြင့္ေကာင္း ရခဲ့ေပသည္။

လံုျခံဳေရးအတြက္ ဘာမွ်မပူရသလိုအေလာင္းခိုး သူခိုးေတြက လင္ကြန္းသခၤ်ဳိင္းဂူ၏ သံတံခါးကိုပင္ လႊႏွင့္ ဖြင့္ျပီးခဲ့ပါျပီ။ အဲဒီေနာက္ စက်င္ေက်ာက္နဲ႔ ျပဳလုပ္ထားသည့္ ဂူအဖုံးကို ဖြင့္လုိက္ၿပီး သစ္သားအေခါင္းကုိ တစ္၀က္တစ္ျပက္ အျပင္သုိ႔ေရာက္သည္ အထိ မေရြ႕ခဲ့ၾကသည္။ ထုိစဥ္ခဏအတြင္းမွာ လက္နက္အျပည့္အစုံနဲ႔ လူ ၈ေယာက္ ဂူအနီးကို ေရာက္ရွိလာခဲ့ၿပီး ဂူပတ္ပတ္လည္ကုိ၀ုိင္းလုိက္ၾကသည္။ စုံေထာက္ ၈ေယာက္ျဖစ္သည္။

စုံေထာက္ေတြမည္သုိ႔ သိရွိခဲ့ၾကပါသနည္း။ အေျဖကေတာ့ရွင္းသည္ ။ သူခုိးမ်ား အေလာင္းကုိေဖာက္ေနစဥ္ ဆြီဂဲလ္ဟူေသာ အဖြဲ႔၀င္တစ္ေယာက္ကုိ ေစာင့္ခုိင္းထားခဲ့သည္။ ထုိ ဆြီဂဲလ္ သည္ စုံေထာက္ဌာန ၏ သတင္းေပးတစ္ေယာက္ျဖစ္သည္။ ဆြီဂဲလ္ႏွင့္ စုံေထာက္အဖြဲ႔တုိ႔ပူးေပါင္းကာ သူခုိးမ်ားကုိ ဖမ္းရန္ႀကံစည္ခဲ့ျခင္းျဖစ္သည္။

သုိ႔ေသာ္ စုံေထာက္မ်ား ဂူကုိ ၀ုိင္းလုိက္သည့္အခ်ိန္တြင္ ဂူအျပင္ထြက္ေနေသာ သစ္သားအေခါင္းကုိသာ ေတြ႔၍ သူခုိးမ်ားကို တစ္ေကာင္တစ္ၿမီးမွ မေတြ႔ရေတာ့ေခ်။ အနီးနားရွိ ေတာအုပ္ထဲသုိ႔ ၀င္ေရာက္ထြက္ေျပးသြားႏွင့္ခဲ့ၾကၿပီ ျဖစ္သည္။ ထြက္ေျပးသြားေသာ လူဆုိးသူခုိးမ်ားကုိ ေနာက္ ၁၀ ရက္အၾကာတြင္ ခ်ီကာဂုိၿမဳိ႕၌ ဖမ္းမိခဲ့ၿပီး စပရင္းဖီးသုိ႔ျပန္လည္ဖမ္းဆီးေခၚေဆာင္ခဲ့ၾကသည္။

ျပည္သူေတြကေတာ့ ဒီျပစ္မႈအတြက္ ျပစ္ဒါဏ္ႀကီးႀကီးမားမားေပးလုိၾကသည္။ လင္ကြန္း၏ သားျဖစ္သူသည္ ေစ်းအႀကီးဆုံးေရွ႕ေနကိုငွား၍ တရားဆြဲခဲ့သည္။ တရားသူႀကီးမ်ား ေခါင္းရႈပ္ရသည္။ ဥပေဒတြင္ အေလာင္းခုိးမႈအတြက္ ျပဌာန္းခ်က္မရွိ ၊ သူခုိးမ်ားသည္လည္း အေလာင္းကိုု မခုိးခဲ့ၾက ။ အမႈဟူ၍ ၂၀ေဒၚလာ(ထုိစဥ္က) တန္သစ္သားေခါင္းတစ္ခုကို ခုိးရန္ႀကံစည္မႈ သာရွိသည္။

ဂ်ဴရီလူႀကီး ၁၆ဦးအနက္ ၄ဦးက သူခုိးမ်ားကုိ လႊတ္ေပးဖုိ႔ မဲေပးခဲ့ၾကသည္။ က်န္ ၁၂ဦးကမႈ သေဘာမတူခဲ့။ လူထုႀကီးကလည္း ေလွ်ာ့ေပါ့ေသာျပစ္ဒါဏ္အတြက္ မေက်နပ္ၾကပဲ ဆူပူမ်ားအထိျဖစ္ၾကသည္။ ေနာက္ဆုံးတြင္ က်န္ ဂ်ဴရီလူႀကီး ၁၂ဦး၏ ဆုံးျဖတ္ခ်က္အရ သူခုိးမ်ားမွာ ေထာင္ဒါဏ္ ၁ႏွစ္ သာ က်ခံခဲ့ရသည္။ သမၼတလင္ကြန္း အေလာင္းခုိးမႈသည္ ကမာၻ႔သမုိင္းတြင္ေတာ့ လူသိနည္းလွေသာ ျဖစ္ရပ္သာ ျဖစ္ေလသည္။


ေအာက္ပါ ပုံရိပ္မ်ားကေတာ့ သမၼတႀကီးလင္ကြန္း အုတ္ဂူေဟာင္းကို ျပန္လည္တူးေဖာ္ကာ ဂူဗိမာန္အျဖစ္ေျပာင္းလဲ တည္ေဆာက္စဥ္က ပုံရိပ္ေတြျဖစ္ပါတယ္။ ရွားပါးပုံရိပ္ေတြျဖစ္တာေၾကာင့္ သုတဇုန္မိတ္ေဆြမ်ားအတြက္ ျပန္လည္ေ၀မွ်လုိက္ပါတယ္

လင္ကြန္းရဲ႕ ရုပ္တု

သက္ဖုန္းျပည့္ – ေကာ့ေသာင္း
ကမာၻေက်ာ္ ပုဂၢဳိလ္မ်ား၏ မေက်ာ္ၾကားေသာ ျဖစ္ရပ္မ်ား – ေမာင္သိန္းလြင္


သမ္မတကြီးလင်ကွန်းအလောင်း ခိုးကြသူများ (unicode)

ကင်နယ်လီ၏ ဘစ်ဂျင်မ်ဂိုဏ်းသည် အမေရိကန်လျှို့ဝှက်စုံ ထောက်အဖွဲ့ကြီးကို ခေါင်းခဲအောင် အမျိုးမျိုးအနှောင့်အယှက်ပေးခဲ့ သော ကလိန်ကကျစ်အကျဆုံး ဒုစရိုက်အဖွဲ့ကြီးပင်ဖြစ်၏။

သူတို့အဖွဲ့က လူဆိုးတွေဆိုပေမယ့် ကောင်းရောင်းကောင်းဝယ် ဟန်ပြပြီး ငွေစက္ကူအတုများ တရားမဝင် မှောင်ခိုရောင်းဝယ်၍ ကြီးပွားချမ်းသာနေခဲ့ကြသူများပင်။ သို့သော် ၁၈၇၆ ခုနှစ်ဆောင်းရာသီ မှာတော့ သူတို့ဂိုဏ်းကြီးအဖို့ ပျက်ကိန်းကြုံကာ ကြမ္မာငင်ခဲ့ရပါပြီ။

သူတို့ကို ငွေစက္ကူတွေ ရိုက်နှိပ်ပေးသော ဆရာကြီး ဘင်ဘွိုက် အဖမ်းခံလိုက်ရရာမှ အစပျိုးခဲ့ပါသည်။

လျှို့ဝှက်ထောက်လှမ်းရေးများက ဘင်ဘွိုက် ကို လက်နက်ကိုင် အစောင့်အကြပ်ထူထပ်စွာဖြင့် ထောင်သို့ပို့ခဲ့သည်။တရားသူကြီးက အီလီနွိုက်ပြည်နယ် ဂျိုလီယက်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ဒဏ်ချလိုက်၏။

အခြေနေက သိပိဆိုးဝါးပြီး ထန်းမရသိမ်းမရ ပေါက်ကွဲလုဆဲဆဲ ဖြစ်ခဲ့ရသည်။ကင်နယ်လီ နှင့် ဘစ်ဂျင်မ် ဂိုဏ်းသားများက တန်ပြန်ထိုးစစ်တစ်ခု ဆင်ဖို့ ကြံကြတော့သည်။

ငွေနှင့် အရက် အငမ်းမရမွတ်သိပ်လျက် တန်ခိုးလက်နက် အဖြစ်ယုံကြည်အားထားကြသော သူတို့အဖို့ ဘင်ဘွိုက်စ် ကို ထောင်ထဲမှ ပြန်ကယ်ထုတ်ဖို့
သေရေးရှင်ရေး ဖြစ်နေတော့၏။

သို့ဖြင့် ၁၈၇၆ ခုနှစ်ဆောင်းနှောင်းရာသီမှာတော့ သူတို့တစ်တွေက အမေရိကန် တစ်ပြည်လုံးကို ဒေါသအမျက်ချောင်းချောင်းထွက်၍ ပွက်ပွက်ဆူသွားစေသော ရာဇဝတ်မှုကြီးတစ်ခုကို ကျူးလွန်ရန် ကြိုးစားလိုက်ကြ၏။

လက်ရဲဇက်ရဲနိုင်လှသော မှောင်ခိုဂိုဏ်းကြီးက အေဘရာဟန်လင်ကွန်း ၏ အလောင်းကိုခိုး၍ ဂုံနီအိတ်ရှည် ထဲထည့်ပြီး မြင်းလှည်းအောက်တွင် သွင်းကာ အင်ဒီယာနာမြောက်ပိုင်းသို့ ယူသွားမည်။မစ်ချီဂန်ရေကန်ကြီး၏ ကမ်းစပ်တစ်နေရာရှိသဲကုန်းများကြာ၌ ဝှက်ထားမည်။သည့်နောက် တစ်တိုင်းပြည်လုံးသိ၍ အုတ်အော်သောင်းနင်း ဖြစ်သွားသောအခါ အကြပ်ကိုင်၍ အပေးယူလုပ်မည်။အပေးယူကတော့ ဘင်ဘွိုက်ကို ထောင်ကလွှတ်ပေးမှသာ အေပရာဟန်လင်ကွန်း၏ အလောင်းကိုပြန်ပေးမည်။ထို့ပြင် ပြန်ပေးငွေအဖြစ် ဒေါ်လာနှစ်သိန်းပါ ပေးရမည်။ဤသို့ အစီအစဉ် ဆွဲထားကြသည်။

သူတို့ မဟာအကြံက အန္တရယ်မကြီးပေဘူးလား။သိပ်မကြီးလှဘူးပဲဆိုရပါမည်။အကြောင်းမူ အီလီနွိုလ်စ်ပြည်နယ် တွင် အလောင်းခိုးမှု ရာဇဝတ်ကြီးအဖြစ် သတ်မှတ်ဥပဒေ မရှိသောကြောင့်ဖြစ်၏။

ထို့ကြောင့် ၁၈၇၆ ခုနှစ် နိုဝင်ဘာလ ညနေတွင် ဘစ်ဂ်ဂျပ်ကင် နယ်လီ၏ ဂိုဏ်းသားသားဦးသည် ချီကာဂိုနှင့် အယ်လ်တန်သွား ရထားကိုစီး၍ လင်ကွန်း၏ဇာတိမြို့ရှိရာ အီလီနွိုက်စ်ပြည်နယ် စပရင်းဖီးလ်သို့ ရှေးရူထွက် ခဲ့ကြ၏။

သူတို့ ချီကာဂိုမှမထွက်ခင် လန်ဒနထထုတ် သတင်းစာတစ်စောင်ကို ဝယ်ယူ၍ အလယ်သားတစ်နေရာကိုဖြဲကာ သူတို့ ဂိုဏ်းဌာနချုပ်၏ တည်ရာ ချီကာဂို မြို့အရက်ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်နေသော လင်ကွန်း၏ကိုယ်တစ်ပိုင်းပုံကို ကပ်ထားလိုက်၏။

ဂူထဲမှအလောင်းကို သူတို့ယူပြီးသည်နှင့် ထိုသတင်းစာဖြတ်ပိုင်းကို ဟောင်းလောင်းပေါက်ထဲ၌ ပစ်ထားခဲ့မည်။စုံထောက်များ အတွက် တန်ဖိုးရှိသော သဲလွန်စအဖြစ် ပေးခဲ့ခြင်းပင်ဖြစ်သည်။

ထို့နောက် တစ်ပြည်လုံးဆွေ့ဆွေ့ခုန် တုန်လှုပ်ဗျာများချိန်ဝယ် သူတို့က အီလီနွိုက်ပြည်နယ်အုပ်ချုပ်ရေးမှုးနှင့် ဆက်သွယ်၍ လင်ကွန်းအလောင်းကိုပြန်ပေးရေး ဆွေးနွေးရုံသာ ရှိတော့သည်။

ပြည်နယ်တာဝန်ခံအနေနှင့် တကယ့်လူတွေ ဟုတ် မဟုတ် ဘယ်လိုသိပါ့မလဲ။ဒါလည်း လွယ်လွယ်လေးပါ။မသမာကောင်တွေက စုံထာက်တွေလက်သို့ ထုတ်ပေးခဲ့သော သတင်းစာဖြတ်ပိုင်းနှင့် သူတို့လက်ထဲကျန်ခဲ့သော မူရင်းသတင်းစာကို ဆက်ကြည့်ဖို့ပြလိုက်မည်ပေါ့။

လိုအပ်သည့် သက်သေခံမှတ်ပုံတင်တွေလည်း ပြည့်စုံပြီးသား။ သည့်နှယ်ဖြင့် အကြံပက်စက်သူတစ်စုသည် လက်တွေ့အကောင်ထည်ဖော်ရေး အတွက် ၁၈၇၆ ခုနှစ် စပရင်းဖီလ်၌ ရွေးကောင်ပွဲလုပ် သည့်ညတွင် ဆိုက်ရောက်လာခဲ့ကြသည်။

စင်စစ်တော့ အချိန်အခါကို တမင်ရွေးခဲ့ခြင်းသာ ဖြစ်ပါသည်။ရွေးကောက်ပွဲ ကာလမို့ လူတွေကလည်း လှုပ်လှုပ်ရွရွ ကြက်ပျံမကျစည်ကနေသည် မဟုတ်ပါလား။

ရွေးကောင်ပွဲမှာ ပထမအသုတ်မဲစာရင်းများကို ထုတ်ပြန်ခဲ့ရာ စပရင်းဖီးလ်တစ်မြို့လုံး သောသောညံနေတော့သည်။အားရတက်ကြွနေသော မဲဆန္ဒရှင်များသည် အောင်ပွဲနှင့်အတူ ပျော်မြူးလျက်လမ်းပေါ်တွင် ကခုန်လှည့်လည်နေကြ၏။ တချို့ကလည်း မီးတုတ်ကြီးတွေကိုငိလျက် ပန်းခြံတွေထဲ၌ အော်ကြီးဟစ်ကျယ် သီချင်းတွေဆို ကရင်း အမှောင်ညကို လှပေနေစေ၏။

သင်္ချိုင်းဂူကိုဖောက်ဖို့ အချိန်ကောင်းပါပဲ။မစ္စတာ လင်ကွန်းကို ထိုလူအုပ်ကြီးရှိရာ မြို့လယ်ခေါင်မှ နှစ်မိုင်မျှဝေး၍ လူသူကင်းပြတ်ရာ သစ်တောကြီးထဲတွင် သင်္ဂြုဟ်မြှုပ်နှံခဲ့သည်က လူဆိုးတစ်စုအတွက် အကွက်ကောင်းအခွင့်ကောင်း ရခဲ့ပေသည်။

လုံခြုံရေးအတွက် ဘာမျှမပူရသလိုအလောင်းခိုး သူခိုးတွေက လင်ကွန်းသင်္ချိုင်းဂူ၏ သံတံခါးကိုပင် လွှနှင့် ဖွင့်ပြီးခဲ့ပါပြီ။ အဲဒီနောက် စကျင်ကျောက်နဲ့ ပြုလုပ်ထားသည့် ဂူအဖုံးကို ဖွင့်လိုက်ပြီး သစ်သားအခေါင်းကို တစ်ဝက်တစ်ပြက် အပြင်သို့ရောက်သည် အထိ မရွေ့ခဲ့ကြသည်။ ထိုစဉ်ခဏအတွင်းမှာ လက်နက်အပြည့်အစုံနဲ့ လူ ၈ယောက် ဂူအနီးကို ရောက်ရှိလာခဲ့ပြီး ဂူပတ်ပတ်လည်ကိုဝိုင်းလိုက်ကြသည်။ စုံထောက် ၈ယောက်ဖြစ်သည်။

စုံထောက်တွေမည်သို့ သိရှိခဲ့ကြပါသနည်း။ အဖြေကတော့ရှင်းသည် ။ သူခိုးများ အလောင်းကိုဖောက်နေစဉ် ဆွီဂဲလ်ဟူသော အဖွဲ့ဝင်တစ်ယောက်ကို စောင့်ခိုင်းထားခဲ့သည်။ ထို ဆွီဂဲလ် သည် စုံထောက်ဌာန ၏ သတင်းပေးတစ်ယောက်ဖြစ်သည်။ ဆွီဂဲလ်နှင့် စုံထောက်အဖွဲ့တို့ပူးပေါင်းကာ သူခိုးများကို ဖမ်းရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။

သို့သော် စုံထောက်များ ဂူကို ဝိုင်းလိုက်သည့်အချိန်တွင် ဂူအပြင်ထွက်နေသော သစ်သားအခေါင်းကိုသာ တွေ့၍ သူခိုးများကို တစ်ကောင်တစ်မြီးမှ မတွေ့ရတော့ချေ။ အနီးနားရှိ တောအုပ်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားနှင့်ခဲ့ကြပြီ ဖြစ်သည်။ ထွက်ပြေးသွားသော လူဆိုးသူခိုးများကို နောက် ၁၀ ရက်အကြာတွင် ချီကာဂိုမြို့၌ ဖမ်းမိခဲ့ပြီး စပရင်းဖီးသို့ပြန်လည်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

ပြည်သူတွေကတော့ ဒီပြစ်မှုအတွက် ပြစ်ဒါဏ်ကြီးကြီးမားမားပေးလိုကြသည်။ လင်ကွန်း၏ သားဖြစ်သူသည် ဈေးအကြီးဆုံးရှေ့နေကိုငှား၍ တရားဆွဲခဲ့သည်။ တရားသူကြီးများ ခေါင်းရှုပ်ရသည်။ ဥပဒေတွင် အလောင်းခိုးမှုအတွက် ပြဌာန်းချက်မရှိ ၊ သူခိုးများသည်လည်း အလောင်းကို မခိုးခဲ့ကြ ။ အမှုဟူ၍ ၂၀ဒေါ်လာ(ထိုစဉ်က) တန်သစ်သားခေါင်းတစ်ခုကို ခိုးရန်ကြံစည်မှု သာရှိသည်။

ဂျူရီလူကြီး ၁၆ဦးအနက် ၄ဦးက သူခိုးများကို လွှတ်ပေးဖို့ မဲပေးခဲ့ကြသည်။ ကျန် ၁၂ဦးကမှု သဘောမတူခဲ့။ လူထုကြီးကလည်း လျှော့ပေါ့သောပြစ်ဒါဏ်အတွက် မကျေနပ်ကြပဲ ဆူပူများအထိဖြစ်ကြသည်။ နောက်ဆုံးတွင် ကျန် ဂျူရီလူကြီး ၁၂ဦး၏ ဆုံးဖြတ်ချက်အရ သူခိုးများမှာ ထောင်ဒါဏ် ၁နှစ် သာ ကျခံခဲ့ရသည်။ သမ္မတလင်ကွန်း အလောင်းခိုးမှုသည် ကမ္ဘာ့သမိုင်းတွင်တော့ လူသိနည်းလှသော ဖြစ်ရပ်သာ ဖြစ်လေသည်။

ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ မကျော်ကြားသော ဖြစ်ရပ်များ – မောင်သိန်းလွင်

Leave a Reply