တာရွည္ခံေအာင္ ထိန္းသိမ္းထားေသာ ကမၻာ​ေက်ာ္​ ႐ုပ္အေလာင္းမ်ား

Posted on

Written By U Ko Ko

လူသိအမ်ားဆ​ံုး တာရွည္ခံေအာင္ ထိန္းသိမ္းထားတဲ့ ႐ုပ္အေလာင္းတခ်ဳိ႕အေၾကာင္းပဲ ျဖစ္​ပါတယ္​။

အီဂ်စ္မံမီမ်ား

ေရွးေဟာင္းအီဂ်စ္လို႔ ေျပာလိုက္ရင္ ေက်ာင္းသားေလးေတြ အေနနဲ႔ ပထမဆံုး ေတြးမိတဲ့ အရာဟာ မံမီေတြပဲ ျဖစ္ပါလိမ့္မယ္။ မံမီေတြ ဆိုတာက တာရွည္ခံေအာင္ စီရင္ၿပီး ထိန္းသိမ္းထားတဲ့ အေရးႀကီး ပုဂၢိဳလ္ေတြရဲ႕ အေလာင္းေတြပါ။

လန္ဒန္မွာရွိတဲ့ ၿဗိတိသွ်ျပတိုက္မွာ အီဂ်စ္နဲ႔ ဆူဒန္က လူသား မံမီေပါင္း ၁၂၀ ရွိပါတယ္။ မံမီစုေဆာင္းထားမႈ အမ်ားဆံုးေနရာ တစ္ခုျဖစ္ၿပီး ကမၻာလွည့္ ခရီးသည္မ်ားစြာကို ဆြဲေဆာင္ႏုိင္ပါတယ္။

အဲဒီ စုေဆာင္းထားတဲ့ မံမီေတြထဲမွာ ရာထူးအဆင့္ျမင့္တဲ့ ဘုန္းေတာ္ႀကီး တစ္ပါးရဲ႕ သမီး တာမြတ္လည္း ပါ၀င္ပါတယ္။ သူက ဘီစီ ၉၀၀ ၀န္းက်င္မွာ ေနထိုင္ခဲ့သူပါ။ ေနာက္ ထင္ရွားတ့ဲ မံမီ တစ္ခုက ဂ်ာယာဆီတီမူ ျဖစ္ပါတယ္။ သူကေတာ့ ဘီစီ ၈၀၀ ေလာက္ မွာ ေနထိုင္ခဲ့တဲ့ ဘုရားေက်ာင္းမွာ သီခ်င္းဆိုတဲ့ ကေလးငယ္တစ္ဦးပါ။

ဗလာဒီမာလီနင္

႐ုရွားေတာ္လွန္ေရးေခါင္းေဆာင္ ဗလာဒီမာလီနင္ဟာ မူရင္း ကြန္ျမဴ နစ္ ေခါင္းေဆာင္ျဖစ္ၿပီး ကမၻာတစ္လႊားမွာ သေဘာထား တင္းမာတဲ့ လက္၀ဲ အစိုးရေတြ ေပၚထြန္းဖို႔ လမ္းေၾကာင္း တစ္ရပ္ကို စေဖာက္ခဲ့သူ ျဖစ္ပါတယ္။

သူ႔ရဲ႕႐ုပ္အေလာင္းကို ေမာ္စကိုက ဂူဗိမာန္တစ္ခုမွာ အျမဲတမ္း ျပသထားၿပီး ဆိုဗီယက္ ယူနီယံကို ထူေထာင္သူ ေဘာ္ရွီဗစ္ ေခါင္းေဆာင္ကို ၾကည့္ဖို႔ ကမၻာတစ္လႊားက လူေတြ လာၾကပါတယ္။

လီနင္ဟာ အသက္ ၅၃ ႏွစ္ အရြယ္ ၁၉၂၄ ခုႏွစ္မွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ၿပီး သူ႔ရဲ႕ဆႏၵကေတာ့ သူ႔ရဲ႕အေလာင္းကို အရင္ အင္ပါယာ ၿမိဳ႕ေတာ္ ျဖစ္တဲ့ စိန္႔ပီတာစဘတ္မွာ မိခင္နဲ႔အတူ ျမႇဳပ္ႏွံေစခ်င္တာပါ။ ဒါေပမဲ့ အဲဒီအစား သူ႔ကို မပုပ္သိုးေအာင္ ထိန္းသိမ္းၿပီး ရင္ျပင္နီမွာ ထားရွိခဲ့ၾကပါတယ္။

၁၉၉၁ ခုႏွစ္မွာ ဆိုဗီယက္ယူနီယံ ၿပိဳလဲသြားၿပီးတဲ့ေနာက္ အဲဒီေနရာကေန လီနင္ရဲ႕ အေလာင္းကို ဖယ္ရွားသင့္မသင့္ ျငင္းခုံမႈ​ေတြ ေပၚေပါက္လာပါတယ္။ သူ႔အေလာင္းကို ဖယ္ရွားၿပီး ျမႇဳပ္ႏွံဖို႔ ေတာင္းဆိုတဲ့ ႐ုရွားႏုိင္ငံသားေတြ မ်ားျပားလာေန ပါတယ္။

႐ုရွားကြန္ျမဴ နစ္ပါတီက လီနင္ရဲ႕အေလာင္းကို ေနျမဲအတိုင္းထားဖို႔ အသည္းအသန္ ေလာ္ဘီ လုပ္ပါတယ္။ ႐ုရွား အစိုးရကေတာ့ ဒီျငင္းခုံမႈကို ေျဖရွင္းဖို႔ အလ်င္မလိုတဲ့ ပံုစံမ်ဳိးပဲ ျပပါတယ္။

အီဗာပီရြန္

၁၉၄၀ ျပည့္လြန္ႏွစ္ေတြနဲ႔ ၅၀ ျပည့္လြန္ႏွစ္ေတြက အာဂ်င္တီးနား ႏိုင္ငံရဲ႕ အမွတ္သေကၤတ ျဖစ္တဲ့ အာဂ်င္တီးနား ​ေခါင္းေဆာင္ရဲ႕ဇနီး အီဗာပီရြန္ရဲ႕အေလာင္းကို တာရွည္ခံေအာင္ ေဆးစီရင္ၿပီး ထိန္းသိမ္းထားခဲ့ပါ တယ္။ သူဟာ ၁၉၅၂ ခုႏွစ္ အသက္ ၃၃ ႏွစ္ အရြယ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

အီဗာကို သူ႔ခင္ပြန္းရဲ႕ ဆင္းရဲတဲ့ အလုပ္သမား အေျခခံ လူတန္းစားေတြက ၾကည္ညိဳျမတ္ႏိုးၿပီး စစ္တပ္နဲ႔ အီလစ္ေတြက ေ၀ဖန္ ပုတ္ခတ္မႈေတြ လုပ္ခဲ့ၾကပါတယ္။

၁၉၅၅ ခုႏွစ္မွာ စစ္အာဏာသိမ္းမႈနဲ႔ ဟြမ္ပီရြန္ ျဖဳတ္ခ်ခံရၿပီးတဲ့ေနာက္ စစ္တပ္က အရာရွိေတြက အီဗာရဲ႕အေလာင္းကို ထားရွိရာေနရာျဖစ္တဲ့ ပီရြန္ကုိ လိုလားတဲ့ ကုန္သြယ္ေရးသမဂၢ အေဆာက္အအံုကေန တိတ္တဆိတ္ ဖယ္ရွားၿပီး ၀ွက္ထားခဲ့ပါတယ္။

စိတ္မခ်မ္းမသာျဖစ္ေနတဲ့ ပီရြန္လိုလားသူ စစ္ေသြးၾကြေတြက အေလာင္းကို မရမက လိုက္ရွာခဲ့ၾကပါတယ္။ ေနာက္ေတာ့ အာဏာရွင္ ပက္ဒ႐ိုအာရမ္ဘူ႐ူက အီဗာရဲ႕အေလာင္းကို အီတလီကိုပို႔လိုက္ၿပီး တျခားနာမည္ တစ္ခုနဲ႔ မီလန္ၿမိဳ႕မွာ ျမႇဳပ္ႏွံေစခဲ့ပါတယ္။

ပီရြန္ရဲ႕ တတိယ ဇနီးလည္းျဖစ္၊ သူ႔အ႐ိုက္အရာကို ဆက္ခံသူလည္းျဖစ္တဲ့ အစၥဘယ္ဟာ ေနာက္ဆံုးမွာ သေဘာတူညီခ်က္ ရရွိသြားခဲ့ပါတယ္။ ၁၉၇၄ ခုႏွစ္မွာ အီဗာရဲ႕ အေလာင္းကို အာဂ်င္တီးနားကို ျပန္ယူလာၿပီး ဗ်ဴ ႏိုေအးရီးစ္ၿမိဳ႕က မိသားစုဂူဗိမာန္မွာ ထားရွိခဲ့ပါတယ္။ အီဗာကို ေလးစားသူေတြနဲ႔ သူ႔ရဲ႕ဘ၀အေၾကာင္း စပ္ဆို႐ိုက္ကူးထားတဲ့ ဂီတနဲ႔ ႐ုပ္ရွင္ေတြကို ႏွစ္သက္တဲ့ ပရိသတ္ေတြက အဲဒီေနရာကို လာၾကပါတယ္။

ဟိုခ်ီမင္း

ေခတ္သစ္ ဗီယက္နမ္ႏိုင္ငံကို ထူေထာင္သူ ဟိုခ်ီမင္းက သူေသတဲ့အခါ သူ႔ရဲ႕အ႐ိုးျပာကို ႏိုင္ငံတစ္လႊားမွာ ျဖန္႔ၾကဲေစဖို႔ပဲ ဆႏၵရွိပါတယ္။ ဒါေပမဲ့ ၁၉၆၉ ခုႏွစ္ စက္တင္ဘာ ၂ ရက္မွာ သူ ကြယ္လြန္သြားၿပီးတဲ့ေနာက္ သူ႔အေလာင္းကို တာရွည္ခံေအာင္ စီမံၿပီး ထိိန္းသိမ္းထားခဲ့ပါတယ္။

ဟိုခ်ီမင္းရဲ႕အေလာင္းကို မွန္အဖံုးနဲ႔ ေက်ာက္သားအေခါင္းမွာထည့္ၿပီး အေအးဓာတ္ေပးလို႔ ထိန္းသိမ္းထားပါတယ္။ သူ႔အေလာင္းကို ဟႏြိဳင္းၿမိဳ႕က သူ႔ကိုဂုဏ္ျပဳထားတဲ့ ဂူဗိမာန္တစ္ခုမွာ ၁၉၇၅ ခုႏွစ္ ကစလို႔ ျပသထားပါတယ္။

ဗီယက္နမ္ဟာ ဟိုခ်ီမင္းရဲ႕အေလာင္းကို ထိန္းသိမ္းဖို႔ ႐ုရွားထံကို ပံုမွန္အကူအညီ ေတာင္းရပါတယ္။ ဒါဟာ ဆိုဗီယက္-ဗီယက္နမ္ မဟာမိတ္ဆက္ဆံေရးကို ထင္ဟပ္ျပေနတာလည္း ျဖစ္ပါတယ္။

ေမာ္စီတုန္း

၁၉၇၆ ခုႏွစ္ စက္တင္ဘာ ၉ ရက္မွာ ကြယ္လြန္ခဲ့တဲ့ တ႐ုတ္ေတာ္လွန္ေရး ေခါင္းေဆာင္ရဲ႕အေလာင္းကို တာရွည္ခံေအာင္ ေဆးစီရင္ၿပီး ၁၉၇၇ ခုႏွစ္ ကတည္းက ျပသထားတာျဖစ္ ပါတယ္။ ေမာ္စီတုန္းရဲ႕အေလာင္းကို ေပက်င္းၿမိဳ႕ တီယန္မင္ ရင္ျပင္မွာ ရွိတဲ့ ေမာ္စီတုန္း အ မွတ္တရ ခန္းမထဲက မွန္ခန္း တစ္ခုထဲမွာ ထည့္ထားပါတယ္။

တ႐ုတ္ျပည္သူ႔ ေန႔စဥ္ သတင္းစာရဲ႕ ေဖာ္ျပခ်က္ေတြအရ ေမာ္စီတုန္းရဲ႕ အေလာင္းကို ေဖာ္မလင္နဲ႔ တျခား ထိန္းသိမ္းေရး အရည္ေတြထဲ စိမ္ၿပီး ထားခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ဒီကေန႔ မွာေတာ့ ေမာ္စီတုန္းရဲ႕အေလာင္းကို အရည္ေတြထဲမွာ စိမ္ထားတာ မေတြ႕ရေတာ့ပါဘူး။

ေမာ္စီတုန္းဂူဗိမာန္ကို ပိတ္လိုက္ၿပီးတဲ့ေနာက္ အပူခ်ိန္နိမ့္ေအာင္ ျပဳလုပ္ထားတဲ့ ကြန္တိန္နာတစ္ခုထဲမွာ အေလာင္းကိုထားၿပီး ထိန္းသိမ္းထားတယ္လို႔ ဆိုပါတယ္။

ဖာဒီနန္မားကို႔စ္

ဖိလစ္ပိုင္မွာ ႏွစ္ ၂၀ ၾကာ သမၼတလုပ္ခဲ့တဲ့ ဖာဒီနန္မားကို႔စ္ဟာ အသက္ ၇၂ ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ ျခစားမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ဆန္႔က်င္တဲ “ျပည္သူ႔အာဏာ” လို႔ေခၚတဲ့ ေသြးထြက္သံယိုမႈ မရွိခဲ့တဲ့ ေတာ္လွန္ေရးတစ္ရပ္ ျဖစ္ပြားစဥ္အတြင္းမွာ မားကို႔စ္ဟာ သူ႔မိသားစု နဲ႔အတူ သမၼတ နန္းေတာ္ကေန ထြက္ေျပးရပါတယ္။ သူဟာ ေနာက္သံုးႏွစ္အၾကာ ၁၉၈၉ ခုႏွစ္မွာ ျပည္ေျပးဘ၀နဲ႔ အေမရိကန္မွာ ကြယ္လြန္ခဲ့ပါတယ္။

သူ႔အေလာင္းကို ထိန္းသိမ္းဖို႔ ဓာတုအရည္ေတြ ပံုမွန္ထိုးခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္မွာေတာ့ မားကို႔စ္ရဲ႕အေလာင္းကို ဖိလစ္ပိုင္ေျမာက္ပိုင္းမွာရွိတဲ့ သူ႔ရဲ႕ဇာတိၿမိဳ႕ ဘာတက္ကို သယ္ယူလာၿပီး ဂူဗိမာန္ တစ္ခုမွာထားလို႔ အမ်ားျပည္သူကို ျပသထားခဲ့ပါတယ္။

သူကြယ္လြန္ၿပီး ႏွစ္ ၃၀ နီးပါးအၾကာမွာေတာ့ သူ႔အေလာင္းက ကမၻာလွည့္ခရီးသြားေတြကို ဆြဲေဆာင္စရာ တစ္ခုသာမက ႏုိင္ငံေရးသမားေတြ ႏိုင္ငံေရး ကစားစရာ တစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ လြန္ခဲ့တဲ့လမ်ားက သူ႔ရဲ႕ ဂူဗိမာန္ျပတိုက္ကို ပိတ္လိုက္ၿပီးေနာက္ ထပ္အေၾကာင္းၾကားစာ ထပ္မရေသးခင္ အထိ ျပန္ဖြင့္လို႔မရပါဘူး။

မားကို႔စ္ မိသားစုက မားကို႔စ္ရဲ႕ အေလာင္းကို မနီလာၿမိဳ႕က အမ်ဳိးသား သူရဲေကာင္းမ်ား ဂူသခ်ႋဳင္းမွာ ျမႇဳပ္ႏွံေပးဖို႔ ကာလၾကာရွည္စြာကတည္းက ေတာင္းဆိုလာတဲ့ဆႏၵကို ျဖည့္ဆည္းေပးမယ္လို႔ သမၼတသစ္ ႐ိုဒရီဂိုဒူတာေတးက အာမခံလိုက္ၿပီး မၾကာမီမွာပဲ ဂူဗိမာန္ပါ ပိတ္လိုက္ရတာ ျဖစ္ပါတယ္။

မားကို႔စ္ အေလာင္းကို သူရဲေကာင္းမ်ား ဂူသခ်ႋဳင္းမွာ ျမႇဳပ္ႏံွဖို႔ ေၾကညာတာဟာ တရားမ၀င္ဘူးဆိုၿပီး ကန္႔ကြက္ဖို႔ ၾကိဳးစားေနတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရသူေတြရဲ႕ အသနားခံစာကို ၾကားနာဖို႔ အစိုးရက ျပင္ဆင္ေနမႈေတြကို အျမင့္ဆံုး တရား႐ံုးက ပိတ္ဆို႔တားဆီးလိုက္ပါ တယ္။

ကင္အီဆြန္းႏွင့္ ကင္ဂ်ဳံအီ

ေျမာက္ကိုရီးယားႏိုင္ငံ ထူေထာင္သူ သမၼတ ကင္အီဆြန္း နဲ႔ သူ႔သား ကင္ဂ်ဳံအီ တို႔ရဲ႕ အ ေလာင္းေတြကို ျပံဳယန္းၿမိဳ႕ ဆန္းဂူ ဗိမာန္က ကမ္ဆူဆန္ နန္းေတာ္မွာ အျမဲတမ္း ျပသထားပါတယ္။

၁၉၉၄ ခုႏွစ္မွာ ကင္အီဆြန္း ႏွလံုးေရာဂါနဲ႔ ကြယ္လြန္ေတာ့ ေျမာက္ကိုရီးယားရဲ႕ အႏၲိမ သမၼတႀကီးရဲ႕ အေလာင္းကို တာရွည္ခံေအာင္ ထိန္းသိမ္းဖို႔ ႐ုရွား သိပၸံပညာရွင္ေတြက အကူအညီ ေပးခဲ့ပါတယ္။ ကင္အီဆြန္းရဲ႕ အေလာင္းကို မွန္ေခါင္းထဲမွာ ထည့္ထားၿပီး သူ႔မ်က္ႏွာကို ေသြးေရာင္ သမ္းသလို နီရဲေနေစဖို႔ မီးေရာင္ အကူအညီကိုလည္း ရယူထား ပါတယ္။

၂၀၁၁ ခုႏွစ္ ဒီဇင္ဘာမွာ ႏွလံုး ေရာဂါနဲ႔ပဲ ကင္ဂ်ဳံအီ ကြယ္လြန္ျပန္ေတာ့ ႐ုရွားေတြကပဲ အ​ေလာင္းကို တာရွည္ခံေအာင္ စီမံဖို႔ ကူညီခဲ့ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ဒီကေန႔ ေခါင္းေဆာင္ ျဖစ္တဲ့ ကင္ဂ်ဳံအြန္ဟာ သူရဲ႕ အနီးကပ္ လက္ေထာက္ေတြနဲ႔အတူ ကင္အီဆြန္း ေမြးေန႔လိုမ်ဳိး ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အထင္ကရ​ေန႔ေတြမွာ ဂူဗိမာန္ကို လာေရာက္ၿပီး သူရဲ႕ အဘိုးနဲ႔ အေဖကို ဂါရ၀ ျပဳပါတယ္။

ျပည္ပက ဧည့္သည္ေတြကို တစ္ပတ္မွာ ႏွစ္ရက္ (ၾကာသပေတးနဲ႔ တနဂၤေႏြ) ဂူဗိမာန္ကို ၀င္ ခြင့္ျပဳ ပါတယ္။ ဒါေပမဲ့ ၀တ္စားဆင္ယင္မႈ အတြက္ တင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ သတ္မွတ္ထားၿပီး အေလာင္းေတြရဲ႕ ေရွ႕မွာ ဦးညြတ္ ဂါရ၀ျပဳ ရပါတယ္။

Ref:AFP


တာရှည်ခံအောင် ထိန်းသိမ်းထားသော ကမ္ဘာ​ကျော်​ ရုပ်အလောင်းများ (unicode)

Written By U Ko Ko

လူသိအများဆ​ံုး တာရှည်ခံအောင် ထိန်းသိမ်းထားတဲ့ ရုပ်အလောင်းတချို့အကြောင်းပဲ ဖြစ်​ပါတယ်​။

အီဂျစ်မံမီများ

ရှေးဟောင်းအီဂျစ်လို့ ပြောလိုက်ရင် ကျောင်းသားလေးတွေ အနေနဲ့ ပထမဆုံး တွေးမိတဲ့ အရာဟာ မံမီတွေပဲ ဖြစ်ပါလိမ့်မယ်။ မံမီတွေ ဆိုတာက တာရှည်ခံအောင် စီရင်ပြီး ထိန်းသိမ်းထားတဲ့ အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ အလောင်းတွေပါ။

လန်ဒန်မှာရှိတဲ့ ဗြိတိသျှပြတိုက်မှာ အီဂျစ်နဲ့ ဆူဒန်က လူသား မံမီပေါင်း ၁၂၀ ရှိပါတယ်။ မံမီစုဆောင်းထားမှု အများဆုံးနေရာ တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များစွာကို ဆွဲဆောင်နိုင်ပါတယ်။

အဲဒီ စုဆောင်းထားတဲ့ မံမီတွေထဲမှာ ရာထူးအဆင့်မြင့်တဲ့ ဘုန်းတော်ကြီး တစ်ပါးရဲ့ သမီး တာမွတ်လည်း ပါဝင်ပါတယ်။ သူက ဘီစီ ၉၀၀ ဝန်းကျင်မှာ နေထိုင်ခဲ့သူပါ။ နောက် ထင်ရှားတဲ့ မံမီ တစ်ခုက ဂျာယာဆီတီမူ ဖြစ်ပါတယ်။ သူကတော့ ဘီစီ ၈၀၀ လောက် မှာ နေထိုင်ခဲ့တဲ့ ဘုရားကျောင်းမှာ သီချင်းဆိုတဲ့ ကလေးငယ်တစ်ဦးပါ။

ဗလာဒီမာလီနင်

ရုရှားတော်လှန်ရေးခေါင်းဆောင် ဗလာဒီမာလီနင်ဟာ မူရင်း ကွန်မြူ နစ် ခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာတစ်လွှားမှာ သဘောထား တင်းမာတဲ့ လက်ဝဲ အစိုးရတွေ ပေါ်ထွန်းဖို့ လမ်းကြောင်း တစ်ရပ်ကို စဖောက်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို မော်စကိုက ဂူဗိမာန်တစ်ခုမှာ အမြဲတမ်း ပြသထားပြီး ဆိုဗီယက် ယူနီယံကို ထူထောင်သူ ဘော်ရှီဗစ် ခေါင်းဆောင်ကို ကြည့်ဖို့ ကမ္ဘာတစ်လွှားက လူတွေ လာကြပါတယ်။

လီနင်ဟာ အသက် ၅၃ နှစ် အရွယ် ၁၉၂၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ဆန္ဒကတော့ သူ့ရဲ့အလောင်းကို အရင် အင်ပါယာ မြို့တော် ဖြစ်တဲ့ စိန့်ပီတာစဘတ်မှာ မိခင်နဲ့အတူ မြှုပ်နှံစေချင်တာပါ။ ဒါပေမဲ့ အဲဒီအစား သူ့ကို မပုပ်သိုးအောင် ထိန်းသိမ်းပြီး ရင်ပြင်နီမှာ ထားရှိခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုလဲသွားပြီးတဲ့နောက် အဲဒီနေရာကနေ လီနင်ရဲ့ အလောင်းကို ဖယ်ရှားသင့်မသင့် ငြင်းခုံမှု​တွေ ပေါ်ပေါက်လာပါတယ်။ သူ့အလောင်းကို ဖယ်ရှားပြီး မြှုပ်နှံဖို့ တောင်းဆိုတဲ့ ရုရှားနိုင်ငံသားတွေ များပြားလာနေ ပါတယ်။

ရုရှားကွန်မြူ နစ်ပါတီက လီနင်ရဲ့အလောင်းကို နေမြဲအတိုင်းထားဖို့ အသည်းအသန် လော်ဘီ လုပ်ပါတယ်။ ရုရှား အစိုးရကတော့ ဒီငြင်းခုံမှုကို ဖြေရှင်းဖို့ အလျင်မလိုတဲ့ ပုံစံမျိုးပဲ ပြပါတယ်။

အီဗာပီရွန်

၁၉၄၀ ပြည့်လွန်နှစ်တွေနဲ့ ၅၀ ပြည့်လွန်နှစ်တွေက အာဂျင်တီးနား နိုင်ငံရဲ့ အမှတ်သင်္ကေတ ဖြစ်တဲ့ အာဂျင်တီးနား ​ခေါင်းဆောင်ရဲ့ဇနီး အီဗာပီရွန်ရဲ့အလောင်းကို တာရှည်ခံအောင် ဆေးစီရင်ပြီး ထိန်းသိမ်းထားခဲ့ပါ တယ်။ သူဟာ ၁၉၅၂ ခုနှစ် အသက် ၃၃ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အီဗာကို သူ့ခင်ပွန်းရဲ့ ဆင်းရဲတဲ့ အလုပ်သမား အခြေခံ လူတန်းစားတွေက ကြည်ညိုမြတ်နိုးပြီး စစ်တပ်နဲ့ အီလစ်တွေက ဝေဖန် ပုတ်ခတ်မှုတွေ လုပ်ခဲ့ကြပါတယ်။

၁၉၅၅ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့ ဟွမ်ပီရွန် ဖြုတ်ချခံရပြီးတဲ့နောက် စစ်တပ်က အရာရှိတွေက အီဗာရဲ့အလောင်းကို ထားရှိရာနေရာဖြစ်တဲ့ ပီရွန်ကို လိုလားတဲ့ ကုန်သွယ်ရေးသမဂ္ဂ အဆောက်အအုံကနေ တိတ်တဆိတ် ဖယ်ရှားပြီး ဝှက်ထားခဲ့ပါတယ်။

စိတ်မချမ်းမသာဖြစ်နေတဲ့ ပီရွန်လိုလားသူ စစ်သွေးကြွတွေက အလောင်းကို မရမက လိုက်ရှာခဲ့ကြပါတယ်။ နောက်တော့ အာဏာရှင် ပက်ဒရိုအာရမ်ဘူရူက အီဗာရဲ့အလောင်းကို အီတလီကိုပို့လိုက်ပြီး တခြားနာမည် တစ်ခုနဲ့ မီလန်မြို့မှာ မြှုပ်နှံစေခဲ့ပါတယ်။

ပီရွန်ရဲ့ တတိယ ဇနီးလည်းဖြစ်၊ သူ့အရိုက်အရာကို ဆက်ခံသူလည်းဖြစ်တဲ့ အစ္စဘယ်ဟာ နောက်ဆုံးမှာ သဘောတူညီချက် ရရှိသွားခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ အီဗာရဲ့ အလောင်းကို အာဂျင်တီးနားကို ပြန်ယူလာပြီး ဗျူ နိုအေးရီးစ်မြို့က မိသားစုဂူဗိမာန်မှာ ထားရှိခဲ့ပါတယ်။ အီဗာကို လေးစားသူတွေနဲ့ သူ့ရဲ့ဘဝအကြောင်း စပ်ဆိုရိုက်ကူးထားတဲ့ ဂီတနဲ့ ရုပ်ရှင်တွေကို နှစ်သက်တဲ့ ပရိသတ်တွေက အဲဒီနေရာကို လာကြပါတယ်။

ဟိုချီမင်း

ခေတ်သစ် ဗီယက်နမ်နိုင်ငံကို ထူထောင်သူ ဟိုချီမင်းက သူသေတဲ့အခါ သူ့ရဲ့အရိုးပြာကို နိုင်ငံတစ်လွှားမှာ ဖြန့်ကြဲစေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ သူ ကွယ်လွန်သွားပြီးတဲ့နောက် သူ့အလောင်းကို တာရှည်ခံအောင် စီမံပြီး ထိန်းသိမ်းထားခဲ့ပါတယ်။

ဟိုချီမင်းရဲ့အလောင်းကို မှန်အဖုံးနဲ့ ကျောက်သားအခေါင်းမှာထည့်ပြီး အအေးဓာတ်ပေးလို့ ထိန်းသိမ်းထားပါတယ်။ သူ့အလောင်းကို ဟနွိုင်းမြို့က သူ့ကိုဂုဏ်ပြုထားတဲ့ ဂူဗိမာန်တစ်ခုမှာ ၁၉၇၅ ခုနှစ် ကစလို့ ပြသထားပါတယ်။

ဗီယက်နမ်ဟာ ဟိုချီမင်းရဲ့အလောင်းကို ထိန်းသိမ်းဖို့ ရုရှားထံကို ပုံမှန်အကူအညီ တောင်းရပါတယ်။ ဒါဟာ ဆိုဗီယက်-ဗီယက်နမ် မဟာမိတ်ဆက်ဆံရေးကို ထင်ဟပ်ပြနေတာလည်း ဖြစ်ပါတယ်။

မော်စီတုန်း

၁၉၇၆ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ ကွယ်လွန်ခဲ့တဲ့ တရုတ်တော်လှန်ရေး ခေါင်းဆောင်ရဲ့အလောင်းကို တာရှည်ခံအောင် ဆေးစီရင်ပြီး ၁၉၇၇ ခုနှစ် ကတည်းက ပြသထားတာဖြစ် ပါတယ်။ မော်စီတုန်းရဲ့အလောင်းကို ပေကျင်းမြို့ တီယန်မင် ရင်ပြင်မှာ ရှိတဲ့ မော်စီတုန်း အ မှတ်တရ ခန်းမထဲက မှန်ခန်း တစ်ခုထဲမှာ ထည့်ထားပါတယ်။

တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာရဲ့ ဖော်ပြချက်တွေအရ မော်စီတုန်းရဲ့ အလောင်းကို ဖော်မလင်နဲ့ တခြား ထိန်းသိမ်းရေး အရည်တွေထဲ စိမ်ပြီး ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကနေ့ မှာတော့ မော်စီတုန်းရဲ့အလောင်းကို အရည်တွေထဲမှာ စိမ်ထားတာ မတွေ့ရတော့ပါဘူး။

မော်စီတုန်းဂူဗိမာန်ကို ပိတ်လိုက်ပြီးတဲ့နောက် အပူချိန်နိမ့်အောင် ပြုလုပ်ထားတဲ့ ကွန်တိန်နာတစ်ခုထဲမှာ အလောင်းကိုထားပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖာဒီနန်မားကို့စ်

ဖိလစ်ပိုင်မှာ နှစ် ၂၀ ကြာ သမ္မတလုပ်ခဲ့တဲ့ ဖာဒီနန်မားကို့စ်ဟာ အသက် ၇၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ “ပြည်သူ့အာဏာ” လို့ခေါ်တဲ့ သွေးထွက်သံယိုမှု မရှိခဲ့တဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်ပွားစဉ်အတွင်းမှာ မားကို့စ်ဟာ သူ့မိသားစု နဲ့အတူ သမ္မတ နန်းတော်ကနေ ထွက်ပြေးရပါတယ်။ သူဟာ နောက်သုံးနှစ်အကြာ ၁၉၈၉ ခုနှစ်မှာ ပြည်ပြေးဘဝနဲ့ အမေရိကန်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူ့အလောင်းကို ထိန်းသိမ်းဖို့ ဓာတုအရည်တွေ ပုံမှန်ထိုးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ မားကို့စ်ရဲ့အလောင်းကို ဖိလစ်ပိုင်မြောက်ပိုင်းမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့ ဘာတက်ကို သယ်ယူလာပြီး ဂူဗိမာန် တစ်ခုမှာထားလို့ အများပြည်သူကို ပြသထားခဲ့ပါတယ်။

သူကွယ်လွန်ပြီး နှစ် ၃၀ နီးပါးအကြာမှာတော့ သူ့အလောင်းက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်စရာ တစ်ခုသာမက နိုင်ငံရေးသမားတွေ နိုင်ငံရေး ကစားစရာ တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့လများက သူ့ရဲ့ ဂူဗိမာန်ပြတိုက်ကို ပိတ်လိုက်ပြီးနောက် ထပ်အကြောင်းကြားစာ ထပ်မရသေးခင် အထိ ပြန်ဖွင့်လို့မရပါဘူး။

မားကို့စ် မိသားစုက မားကို့စ်ရဲ့ အလောင်းကို မနီလာမြို့က အမျိုးသား သူရဲကောင်းများ ဂူသင်္ချိုင်းမှာ မြှုပ်နှံပေးဖို့ ကာလကြာရှည်စွာကတည်းက တောင်းဆိုလာတဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ သမ္မတသစ် ရိုဒရီဂိုဒူတာတေးက အာမခံလိုက်ပြီး မကြာမီမှာပဲ ဂူဗိမာန်ပါ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

မားကို့စ် အလောင်းကို သူရဲကောင်းများ ဂူသင်္ချိုင်းမှာ မြှုပ်နှံဖို့ ကြေညာတာဟာ တရားမဝင်ဘူးဆိုပြီး ကန့်ကွက်ဖို့ ကြိုးစားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ အသနားခံစာကို ကြားနာဖို့ အစိုးရက ပြင်ဆင်နေမှုတွေကို အမြင့်ဆုံး တရားရုံးက ပိတ်ဆို့တားဆီးလိုက်ပါ တယ်။

ကင်အီဆွန်းနှင့် ကင်ဂျုံအီ

မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ သမ္မတ ကင်အီဆွန်း နဲ့ သူ့သား ကင်ဂျုံအီ တို့ရဲ့ အ လောင်းတွေကို ပြုံယန်းမြို့ ဆန်းဂူ ဗိမာန်က ကမ်ဆူဆန် နန်းတော်မှာ အမြဲတမ်း ပြသထားပါတယ်။

၁၉၉၄ ခုနှစ်မှာ ကင်အီဆွန်း နှလုံးရောဂါနဲ့ ကွယ်လွန်တော့ မြောက်ကိုရီးယားရဲ့ အန္တိမ သမ္မတကြီးရဲ့ အလောင်းကို တာရှည်ခံအောင် ထိန်းသိမ်းဖို့ ရုရှား သိပ္ပံပညာရှင်တွေက အကူအညီ ပေးခဲ့ပါတယ်။ ကင်အီဆွန်းရဲ့ အလောင်းကို မှန်ခေါင်းထဲမှာ ထည့်ထားပြီး သူ့မျက်နှာကို သွေးရောင် သမ်းသလို နီရဲနေစေဖို့ မီးရောင် အကူအညီကိုလည်း ရယူထား ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ နှလုံး ရောဂါနဲ့ပဲ ကင်ဂျုံအီ ကွယ်လွန်ပြန်တော့ ရုရှားတွေကပဲ အ​လောင်းကို တာရှည်ခံအောင် စီမံဖို့ ကူညီခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီကနေ့ ခေါင်းဆောင် ဖြစ်တဲ့ ကင်ဂျုံအွန်ဟာ သူရဲ့ အနီးကပ် လက်ထောက်တွေနဲ့အတူ ကင်အီဆွန်း မွေးနေ့လိုမျိုး မြောက်ကိုရီးယားနိုင်ငံရဲ့ အထင်ကရ​နေ့တွေမှာ ဂူဗိမာန်ကို လာရောက်ပြီး သူရဲ့ အဘိုးနဲ့ အဖေကို ဂါရ၀ ပြုပါတယ်။

ပြည်ပက ဧည့်သည်တွေကို တစ်ပတ်မှာ နှစ်ရက် (ကြာသပတေးနဲ့ တနင်္ဂနွေ) ဂူဗိမာန်ကို ဝင် ခွင့်ပြု ပါတယ်။ ဒါပေမဲ့ ဝတ်စားဆင်ယင်မှု အတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပြီး အလောင်းတွေရဲ့ ရှေ့မှာ ဦးညွတ် ဂါရ၀ပြု ရပါတယ်။

Ref:AFP

Leave a Reply