ေလဘာတီမျမရင္ ဆုိသည္မွာ

Posted on

နာမည္ေက်ာ္ အၿငိမ့္မင္းသမီး ဓာတ္ျပားအဆိုေတာ္ ေလဘာတီျမရင္ (၁၉၀၄ – ၁၉၄၅)ကို မင္းသား ဦဖိုးသစ္ႏွင့္ မင္းသမီးေဒၚဉာဏ္ယုံတို႔က ၁၂၆၆ခုႏွစ္တြင္ သာစည္နယ္ ေ႐ႊဖလားကန္႐ြာ၌ ေမြးဖြားခဲ့ပါသည္။ သဘင္မ်ိဳး႐ိုးျဖစ္ေသာေၾကာင့္ ငယ္စဥ္ကပင္ သဘင္ပညာ အရပ္ရပ္ႏွင့္ နီးစပ္သိမီခဲ့ၿပီး ဝါသနာႏွင့္ ပင္ကိုယ္ပါရမီတို႔ေၾကာင့္ မႏၲေလးၿမိဳ႕သို႔ ကျပရန္ ေရာက္ရွိသြားေသာအခါ ၿမိဳ႕ အၿငိမ့္မင္းသမီးမ်ားႏွင့္ အၿပိဳင္အဆိုင္ ကႏိုင္ခဲ့သည္။

ေလဘာတီ ျမရင္ ဆိုေသာ အမည္ကို တကၠသိုလ္ ေက်ာင္းသားမ်ား ေပးခဲ့ျခင္း ျဖစ္သည္။ ထိုအခ်ိန္က သူ႕အသက္မွာ ၁၇ ႏွစ္မွ်သာ ရွိေသးသည္။ အသက္ ၁၅ ႏွစ္ အ႐ြယ္မွ ကြယ္လြန္ေသာ အသက္ ၄၂ ႏွစ္ အထိ ႏွစ္ေပါင္း ၂၆ ႏွစ္တိုင္တိုင္ ပြဲက၍ သြားခဲ့သည္။ အၿငိမ့္သက္တမ္း ၂၆ ႏွစ္ တာက္လုံး ပရိသတ္ ပါးစပ္ဖ်ားတြင္ ေလဘာတီမွ ေလဘာတီ၊ ျမရင္မွ ျမရင္ ျဖစ္ခဲ့၏။ မႏၲေလးက နာမည္ႀကီး ေ႐ႊဆိုင္တန္း ကထိန္ဆိုလွ်င္ မျမရင္ အၿငိမ့္ကို ႏွစ္စဥ္ ငွားၿပီး ဧည့္ခံခဲ့သည္။ မျမရင္ကို မရမွာ စိုး၍ ဒီႏွစ္ ကထိန္ပြဲ ၿပီးသည္ႏွင့္ ေနာက္ႏွစ္ အတြက္ပါ စရန္ ႀကိဳေပးထားသည္ အထိ လူႀကိဳက္မ်ား ခဲ့၏။ အျခားေသာ ပြဲမ်ားကလည္း မျမရင္ အၿငိမ့္ အားသည့္ေန႔မွ ေစာင့္ဆိုင္း က်င္းပခဲ့ၾကသည္။

ဤသို႔ လွ်မ္းလွ်မ္းေတာက္္ ေအာင္ျမင္ခဲ့သည့္တိုင္ မျမရင္က ကာလသားႀကိဳက္ကို အထူးမလုပ္။ ၾကာမေပး။ ျမဴမဆြယ္။ မိန္းကေလး ပီပီ ဣေျႏၵရရ လွလွပပေလး ကသည္။ လူ႐ႊင္ေတာ္မ်ား ျပက္လုံးၾကမ္းလွျင္ သူက တားစၿမဲ။ သူကိုယ္တိုင္လည္း အၿငိမ့္စင္ေပၚမွ ေန၍ စင္ေအာက္ ပရိသတ္ထဲ လက္ၫႈိးထိုးၿပီး (ကြ်န္မ ရည္းစား) ဟု ဘယ္ေတာ့မွ မေျပာ။ သူ႕မ်က္ႏွာကို အၿငိမ့္ကရာ လိုက္ၾကည့္မွသာ ျမင္ရသည္။ က်န္သည့္ အခ်ိန္မွာေတာ့ ျမင္ရမည္ မဟုတ္။ ဗိုင္းေကာင္း ေက်ာက္ဖိ အိမ္တြင္း ပုန္းေနတတ္ေသာေၾကာင့္ ျဖစ္သည္။

သူ႕ကို ႀကိဳက္သူေတြကား ဒုႏွင့္ေဒး။ ေက်ာင္းသားလည္း ပါ၏။ သူေ႒းလည္း ပါ၏။ အရာရွိႀကီးမ်ားလည္း ပါ၏။ ရန္ကုန္ၿမိဳ႕မွ မ်က္ႏွာႀကီး ဝတ္လုံေတာ္ရ တစ္ဦးသည္ တနဂၤေႏြေန႔တိုင္း မျမရင္ အၿငိမ့္ကို ငွားၿပီး သူ႕ၿခံထဲမွာပင္ ကျပေစ၏။ ေ႐ႊဒဂၤါးမ်ားလည္း ဆုခ်၏။ တခါေတာ့ မျမရင္ကို ႐ိုး႐ိုးၾကည့္ရတာ အားမရ၊ ေျခအိတ္ခြ်တ္ၿပီး ေျခသလုံးေပၚေအာင္ ကျပပါ၊ ေ႐ႊဒဂၤါး ႏွစ္ျပား ဆုခ်မည္ဟု သိမ္းသြင္းလာ၏။ ထိုပြဲထြင္ မျမရင္က ေျခအိတ္ကို လုံးဝ မခြ်တ္ဘဲ ကၿမဲအတိုင္းသာ ကျပ သြားခဲ့သည္။

တစ္ခါကလည္း ဘာသာျခား သူေဌး တေယာက္က မျမရင္ကို ငွားၿပီး သူ႕တိုက္ထဲမွာပင္ ကျပေစသည္။ ပြဲၿပီးလွ်င္ မျမရင္ကို ျပန္မလႊတ္ေတာ့ဘဲ အပိုင္သိမ္းရန္ ႀကံစည္လာသည္။ ထိုအႀကံကို မျမရင္သိသည္ႏွင့္ တိုက္ျပတင္းေပါက္မွ ခုန္ခ်ၿပီး ထြက္ေျပးလာခဲ့သည္။ မိန္းမသားတို႔၏ အိေျႏၵသိကၡာကို တျပားဖိုးမွ အပြန္းမခံေသာ ျမန္မာမေလးဆိုလွ်င္ မွားမည္ မဟုတ္ေပ။

အသက္ ၂ဝ အ႐ြယ္တြင္ မျမရင္ အိမ္ေထာင္ က်ခဲ့သည္။ အိမ္ေထာင္က်သည္ ဆိုေသာ္လည္း လိုခ်င္သူေတြ ဝိုင္းဝိုင္းလည္ ေနသည္မို႔ လူသိထင္ရွား မေၾကညာရဲ။ သူ႕ခ်စ္သူကလည္း မ်က္ႏွာႀကီး ပိုက္ဆံရွိ ျဖစ္၍ ထင္ထင္ေပၚေပၚ လူသိမခံရဲ။ သမီးရည္းစားမက၊ လင္မယား မက်ေသာ ဘဝမ်ိဳးႏွင့္ ႏွစ္ဦး သေဘာတူ နားလည္မႈ ရွိစြာႏွင့္ တသက္လုံး ေပါင္းသင္း ေနထိုင္ သြားခဲ့ၾကသည္။ သစၥာတရားကို ျမတ္ႏိုးေသာ မျမရင္သည္ ပြဲကသြားေလတိုင္း သူ႕ခ်စ္သူကို ကန္ေတာ့ၿပီးမွ သြားသည္။ သူ႕ခ်စ္သူကလည္း မျမရင္ကို ငုံထားမတတ္ ျမတ္ႏိုးသည္။ ျမတ္ႏိုး႐ုံ သာမကေသး။ သဝန္ တိုတတ္လိုက္သည္ ကလည္း လြန္ပါေရာ။ အတီးသမားေတြႏွင့္ ေရာလွျင္လည္း မႀကိဳက္။ လူ႐ႊင္ေတာ္ေတြႏွင့္ တရင္းတႏွီး ေနလွျင္လည္း မႏွစ္သက္။ ထို႔ေၾကာင့္ နန္းေတာ္ေရွ႕ ဆရာ တင္အား …

“ဘယ္ေယာက္်ားမွ စကား မေျပာနဲ႔တဲ့ တေန႔က မွာတယ္၊ ေတြ႕ၾကရာမယ္၊ ကေသာအခါဝယ္၊ ရည္းစားတေထာင္ လင္ေကာင္ရွင္ေမာင္ သဝန္ေၾကာင္ စိတ္ႏွလုံးဟာမို႔၊ အိမ္တြင္းပုန္း ကုလားမကဲ့သို႔ ကြ်န္မတို႔ မေနႏိုင္ေပါင္ရွင္၊ ကမွျဖင့္ ပြဲေနာက္က အၿမဲေရာက္တဲ့ ကိုကိုရယ္၊ သူ႕ဝတ္ၿခံ ၫွစ္ရမတဲ့ ဟိုညက ခိုင္းလာပါတယ္။ မရွက္ေပမဲ့ မခ်ဥ္ေပါင္ဆရာ၊ သက္ေဝရဲ႕ လင္ေမာင္တကာ၊ သဝန္ေၾကာင္တာ ျမရင္အံ့ေတာ့တာ” ဟူေသာ (ဦးသဝန္ေၾကာင္) သီခ်င္းကိုလည္းေကာင္း၊

“အၿငိမ့္မင္းသမီးမ်ား ရည္းစားထားေတာ့တဲ့ လူဆိုတာမ်ိဳးေနာ္၊ သေဘာနည္းနည္း ႀကီးအုံးမွေပါ့ သခင္ေရ၊ မီးေရာင္ေအာက္ကို ဝင္ကာ လူျပက္ေတြနဲ႔ ေသာေတာ့၊ သူ႕သေဘာက အလြန္တရာ မၾကည္မလင္” ဟူေသာ (အလႉ႔ရွင္) သီခ်င္းကို လည္းေကာင္း ေရးစပ္ေစၿပီး မျမရင္က သီဆို ကျပခဲ့ျခင္း ျဖစ္သည္။

ဣေျႏၵရွင္ မင္းသမီးေလး ေလဘာတီ ျမရင္ အေပၚ စာေရး ဆရာမႀကီး လူထု ေဒၚအမာက ေအာက္ပါအတိုင္း သုံးသပ္ ေရးသား ထားသည္မွာလည္း ယေန႔ အႏုပညာရွင္ မိန္းမသားတိုင္း မွတ္သား လိုက္နာဖြယ္ရာ ေကာင္းလွသည္။

“ေလဘာတီ မျမရင္က အကလည္း ေကာင္းသည္၊ ႐ုပ္ကလည္း ခ်စ္စရာ ျဖစ္သည္။ ဤအရည္အခ်င္းမွာ မျမရင္က အၿငိမ့္မင္းသမီး ဆိုေပမဲ့ မကလက္ျခင္း၊ ဣေ႑ႏၵရျခင္းပင္ ျဖစ္ပါသည္။ အသက္ ၂ဝ ကစ၍ ေသသည္အထိ အိမ္ေထာင္ႏွင့္ ေနသြားသည္။ အၿငိမ့္စင္ေပၚ၌ သူ႕ကိုယ္သူ အပ်ိဳကေလးပါဟု လူေရာင္းရန္ ဘယ္ေတာ့မွ မေၾကာ္ျငာ။ ရည္းစား ရွာျခင္းလည္း မျပဳ။ သို႔ပါလ်က္ ပြဲၾကည့္ပရိသတ္က သူ႕ကို အပ်ိဳကေလး ကဲ့သို႔ပင္ သေဘာထားၾကသည္။ အပ်ိဳကေလးလိုပင္ ခ်စ္သည္။ ဤသို႔ျဖစ္ေအာင္ ဘယ္မင္းသမီးမွ တတ္ႏိုင္မည္ မထင္။ မျမရင္က အၿငိမ့္သမ ဆိုေသာ္လည္း အႏုပညာႏွင့္ ပုဂၢဳိလ္ေရးရာကို မေရာေထြးဘဲ တကန္႔စီ ထားတတ္သည္။ သူ႕ကိုယ္သူ အဖိုးတန္ေအာင္ အလြန္ ေနတတ္ ထိုင္တတ္သည္။” (ျပည္သူခ်စ္ေသာ အႏုပညာသည္မ်ား၊ ပၪၥမအႀကိမ္၊ စာမ်က္ႏွာ ၃၆၃)

မျမရင္ႏွင့္ တသက္လုံး တြဲလာခဲ့ေသာ ပတၱလား ဆရာႀကီး ဦးဘစံကလည္း “မျမရင္ေလာက္ နာမည္ႀကီးတဲ့ မင္းသမီး၊ ပိုက္ဆံရတဲ့ မင္းသမီး၊ အိေျႏၵရွိတဲ့ မင္းသမီးမ်ိဳး ဒီေန႔အထိ မေတြ႕ဖူးေသးပါ” ဟု ေျပာသြားခဲ့ဖူးသည္။ ဤမွ်ဆိုလွ်င္ ေလဘာတီ ျမရင္၏ အိေျႏၵသိကၡာကို ခန္႔မွန္း သိရွိႏိုင္ေလာက္ၿပီ ျဖစ္ပါသည္။

ဤသို႔ လူတိုင္းက ခ်စ္ခင္ ျမတ္ႏိုးေသာ ဣေရႏၵရွင္ မင္းသမီးေလး ေလဘာတီ ျမရင္သည္ ဒုတိယ ကမာ္ဘစစ္ႀကီး ျဖစ္ပြားလာေသာ အခါ စစ္ေျပးရင္း စဥ့္ကိုင္ၿမိဳ႕နယ္ ဧည့္ျပ႐ြာ၌ (၂၉ – ၄ – ၁၉၄၅) ေန႔တြင္ ငွက္ဖ်ားေရာဂါျဖင့္ ကြယ္လြန္ သြားခဲ့ရွာပါသည္။ သူေသေတာ့ သူ႕အသက္က ၄၂ ႏွစ္မွျသာ ရွိေသးသည္။

ေလဘာတီ မျမရင္ ႏွင့္ နန္းေတာ္ေရွ႕ဆရာတင္

နန္းေတာ္ေရွ႕ ဆရာတင္ႏွင့္ ေလဘာတီ ျမရင္ကို လမိုင္းကပ္သည္ဟု ဆိုေသာ္ရ၏။ အဘယ္ေၾကာင့္ ဆိုေသာ္ ဆရာတင္ ေရးေပးေသာ သီခ်င္းကို ေလဘာတီ ျမရင္ ဆိုလိုက္သည္ႏွင့္ ေအာင္ျမင္ ေက်ာ္ၾကား လူႀကိဳက္မ်ား သြားတတ္ေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္လည္း အျခားေသာ မင္းသမီးမ်ားက ဆရာတင္အား (ေလဘာတီ ျမရင္ အတြက္ သီခ်င္းေရးရင္ သူမ်ားေတြ အတြက္ ေရးတာနဲ႔ မတူဘူး၊ ေစတနာကို ပိုးလြန္းတယ္) ဟုပင္ ခနဲ႔တဲ့တဲ့ လုပ္ခဲ့ၾကျခင္း ျဖစ္သည္။ ဆရာတင္ကေတာ့ တဟဲဟဲ ရယ္လ်က္။

ဆရာတင္ကလည္း သီခ်င္းကို အာမခံႏွင့္ ေရးသူျဖစ္၏။ သူ႕သီခ်င္းကို သီဆိုၿပီး ကလွ်င္ ထို မင္းသမီး နာမည္ ေက်ာ္ေစရမည္။ သူ႕သီခ်င္း မေက်ာ္ခဲ့လွ်င္ ပိုက္ဆံ တျပားမွ မေပးနဲ႔ဟု ရဲရဲ ႀကီး အာမခံတတ္သည္။ အာမခံသည့္ အတိုင္းလည္း မင္းသမီး အေတာ္မ်ားမ်ားမွာ သူ႕သီခ်င္း ဆိုၿပီး ေက်ာ္သြား ခဲ့ၾကသည္သာ ျဖစ္၏။ မျမရင္ကိုလည္း ဆရာတင္ကပင္ (မင္း နာမည္ ေက်ာ္ခ်င္ရင္ မႏၲေလး လာခဲ့) ဟု သူကိုယ္တိုင္ ေခၚခဲ့ျခင္း ျဖစ္ေၾကာင္း ဆရာတင္ မေသမီက ေျပာသြား ခဲ့ဖူးသည္။

ဤမွ်သာ မကေသး။ မျမရင္ကို ခိုးေျပးဖို႔ ႀကိဳးစား ခဲ့ေသးေၾကာင္း မျမရင္ အေမႀကီး ေတြ႕သြား၍ ပခုံးေပၚ ထမ္းလာေသာ မျမရင္ကို ျပန္ခ် ထားခဲ့ရေၾကာင္း စသည္ျဖင့္ ဆရာတင္ မေသမီက ေျပာျပတတ္ ေသးသည္။ သို႔ေသာ္ အမ်ားစုက ထိုစကားကို မယုံၾက။ (သူ႕ဗလနဲ႔လား ေလဘာတီ ျမရင္ကို ထမ္းႏိုင္မွာ) ဟု ဆိုၾကသည္။ မည္သို႔ပင္ ျဖစ္ေစ၊ ေလဘာတီ ျမရင္ႏွင့္ ဆရာတင္တို႔ ႏွစ္ဦး အထူးတလည္ ခင္မင္ ရင္းႏွီးသည့္ကေတာ့ အမွန္ပင္။ ခင္မင္ ရင္းႏွီး႐ုံ သာမက၊ မျမရင္မွာ ဆရာတင္၏ ၫွဥ္းဖတ္ မင္းသမီးပင္ ျဖစ္ခဲ့ရေသးသည္။ ဆရာတင္ ေငြလိုတိုင္း မျမရင္ထံ လက္ဝါး လာျဖန္႔တတ္သည္။ မေပးမခ်င္း မျပန္။ ေငြရေတာ့လည္း ျပန္ေပးခ်င္မွ ေပးသည္။ မျမရင္ကလည္း ကုိယ့္ဆရာျဖစ္သည့္အတြက္ လုိအပ္ေသာအခါ ေထာက္ပံ့ျခင္းျဖစ္သည္။

ဆရာတင္ သီခ်င္းႏွင့္ ေလဘာတီ ျမရင္ အဆိုတို႔ လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့ျခင္းမွာ ဆရာတင္ တေယာက္တည္း အေရးအစပ္ ေကာင္း၍ခ်ည္း မဟုတ္။ မျမရင္၏ အသံ မျမရင္၏ အဆိုကလည္း မည္သူမွ် လိုက္မမီႏိုင္ေအာင္ ေကာင္းလြန္းေသာေၾကာင့္ ျဖစ္သည္။ မျမရင္ အသံက အသံဝါ ျဖစ္၏။ ဆြဲတိုင္းရ၏။ ဟစ္တိုင္း ေပါက္၏။ ဘယ္သံ၊ ညာသံ လိုသလို ကူးႏိုင္၏။ သူ႕ေခတ္တုန္းက ယခုလို အသံခ်ဲ႕စက္ေတြ မေပၚေသး။ ပြဲခင္း တခုလုံးရွိ ပရိသတ္မ်ား အားလုံးၾကားေအာင္ ႀကိဳးစား ပမ္းစား ဆိုရ၏။ မျမရင္ သီခ်င္း ဟစ္လိုက္လွ်င္ အျခားၿပိဳင္က ေနသည့္ ဇာတ္ပြဲ အၿငိမ့္ပြဲဆီမွ ပရိသတ္မ်ားပါ သူ႕ထံ ေရာက္လာၾကေတာ့သည္။

မျမရင္၏ အသံ၊ မျမရင္၏ အဆိုႏွင့္ ပတ္သက္၍ ဂီတမယ္ လွကေလးစိန္က “မမရင္ အသံက ျမည္လည္း ျမည္တယ္၊ ပီလည္း ပီတယ္၊ သာလည္း သာတယ္၊ ၾကည္လည္း ၾကည္တယ္၊ ဆိုတဲ့ ေနရာမွာလည္း စာေပါင္ပဲ့တယ္၊ လွ်ာကိုက္ နာတယ္၊ အာေစာက္လည္း ရွိတယ္၊ အသံေျမက်လည္း သာတယ္၊ အေဝးၾကား သိပ္ေကာင္းတာဘဲ၊ မင္းသမီး ဆိုတာ အခ်ိဳ႕က အသံပါးလို႔ မေအာ္ႏိုင္ၾကဘူး၊ ဉာဏ္ကြန္႔ၿပီး အလိမၼာဖက္ ဆိုၾကရတယ္၊ မမရင္တို႔ က်ေတာ့ လႊတ္ၿပီး ေအာ္ဆိုတဲ့ အခါ အေဝးႀကီးကလည္း ၾကားရတယ္၊ အင္မတန္မွလည္း သာယာတယ္၊ တကယ့္ကို ပါရမီ ရွိသူပါ” ဟု ေျပာၾကား သြားခဲ့သည္။ ထို႔ေၾကာင့္လည္း မႏၲေလး အမ်ိဳးသား ကဇာတ္႐ုံေရွ႕ရွိ ေလဘာတီ ျမရင္ ေၾကး႐ုပ္တု ေအာက္ေျခတြင္ (အသံ မင္းသမီး) ဟု မွတ္တမ္းတင္ခဲ့ျခင္း ျဖစ္ေလသည္။

ေလဘာတီမျမရင္ ႏွင့္ ႐ြာစားေက်ာ္ႀကီး စိန္ေဗဒါ

ေနမ်ိဳးဗလ ေက်ာ္သူဘြဲ႕ရ ႐ြာစားႀကီး စိန္ေဗဒါ၏ အတီးႏွင့္ ေလဘာတီ ျမရင္၏ အဆို အက တြဲလိုက္လွ်င္ ေကာင္းသည္ထက္ ပိုေကာင္း သြားေတာ့သည္ဟု သဘင္နယ္တြင္ ေျပာစမွတ္ ျဖစ္ခဲ့သည္။ သို႔ေသာ္ သူတို႔ ႏွစ္ေယာက္စလုံးက ထိပ္သီး ပညာရွင္မ်ား ျဖစ္သည့္ အေလ်ာက္ ပြဲေၾကးက ႀကီးလွ၏။ ထို႔ေၾကာင့္ ငွားႏိုင္သူက ခပ္ရွားရွား။ သို႔တိုင္ သူတို႔ ႏွစ္ေယာက္စလုံး၏ အဆို၊ အတီး၊ အကကို အလကား ၾကည့္ရေသာ ပြဲတပြဲက မႏၲေလးတြင္ ရွိခဲ့၏။ ထိုပြဲက မႏၲေလး လက္ဆည္ကန္ယပ္ဝင္း ဘုရားပြဲ ျဖစ္၏။

ယပ္ဝင္းဘုရားပြဲကို စိန္ေဗဒါႀကီးက ႏွစ္စဥ္ အလကား လာ၍ တီးေပး၏။ မႏၲေလး ၿမိဳ႕ေပၚရွိ နာမည္ႀကီး အၿငိမ့္ မင္းသမီးမ်ား၊ လူ႐ႊင္ေတာ္မ်ားကလည္း ကိုယ့္စရိတ္ႏွင့္ ကိုယ္လာၿပီး ကူၾက၏။ ၾကည့္ရခဲေသာ အၿငိမ့္ၫြန္႔ေပါင္းပြဲ ျဖစ္၍ ပရိသတ္ကလည္း ႀကိတ္ႀကိတ္တိုး ေန၏။ ပြဲကသည့္အခါ မ်က္ႏွာႀကီးငယ္ မလိုက္စတမ္း ဆိုၿပီး မင္းသမီးမ်ားကို မဲခ်၍ ထြက္ေစ၏။ နာမည္ႀကီး မင္းသမီးမ်ား ေစာေစာ မဲေပါက္သြားခဲ့ေသာ္ သူ႕ေနာက္မွ ထြက္ရသည့္ မင္းသမီးမ်ားခမ်ာ ၾကည့္မည့္သူ မရွိေတာ့ၿပီ။ ထို႔ေၾကာင့္ ျပည္သူခ်စ္ေသာ ေလဘာတီ ျမရင္ တေယာက္ကိုကား ေနာက္ခ်န္ၿပီး မဲလိပ္ ခ်ေပးရေလသည္။

အျခားေသာ မင္းသမီးမ်ားမွာ မဲက်၍ ထြက္ကရေသာ္လည္း စိန္ေဗဒါႀကီးကို အရွိန္ႏွင့္ လန္႔ေနတတ္ၾကသည္။ မျမရင္ကေတာ့ တည္တည္ၿငိမ္ၿငိမ္ ဣေျႏၵရရႏွင့္ သူ႕အလွည့္ကို ထိုင္ေစာင့္ ေနတတ္သည္။ ျပည့္သည့္အိုးမို႔ ေဘာင္ဘင္ မခတ္ေတာ့။ သူ႕အလွည့္ေရာက္သည္ႏွင့္ “ျမရင္ေလး ကြ်န္မ ေခၚသံလိုလို၊ ေလဘာတီကေလး … ကြ်န္မ ေခၚသံလိုလို” ဟူေသာ သီခ်င္းေလးႏွင့္ ပရိသတ္ကို ထ၍ ႏႈတ္ဆက္သည္။ စိန္ေဗဒါႀကီးကိုလည္း ဦးခ်သည္။ ပရိသတ္မ်ား မီးကို ေရႏွင့္ ျဖန္းလိုက္သလို ၿငိမ္က်သြား၏။ မျမရင္ အသံက ပြဲၾကည့္သူတိုင္း၏ ႏွလုံးသားကို ေစာင့္ၾကည့္ရက်ိဳး နပ္သြားေစ၏။ စိန္ေဗဒါႀကီးက အားရေသာ အၿပဳံးျဖင့္ ဆိုင္းဝိုင္းထဲမွ ပတ္လုံးကေလးမ်ားကို အသံစမ္းျပလ်က္။

ေနာက္ပိုင္းတြင္ စိန္ေဗဒါႀကီးသည္ ဆိုင္းတီး႐ုံမွျႏွင့္ အားမရေတာ့။ သူကိုယ္တိုင္ ဆိုတီး တီးၿပီး မျမရင္ကို ကေစသည္။ သဘင္ေလာကမွ ထိပ္သီး ႏွစ္ေယာက္ မီးကုန္ ယမ္းကုန္ ႀကဲၾကေသာ ပြဲေကာင္းတပြဲ ဆိုလွ်င္ မမွား။ မျမရင္ကလည္း စိန္ေဗဒါႀကီး တီးခ်င္သေလာက္ တီးစမ္း – ကလိုက္စမ္း မဟဲ့ဆိုေသာ ဇြဲႏွင့္ ပညာကုန္ ကသည္။ စိန္ေဗဒါႀကီးကလည္း ရွိသမွ် ပညာစြမ္းေတြ အကုန္ထုတ္ၿပီး တီးသည္။ လူ႐ႊင္ေတာ္ေတြကလည္း မျမရင္ကို စလိုက္၊ စိန္ေဗဒါႀကီးကို ေနာက္လိုက္၊ ပြဲၾကည့္သူမ်ားကို ကလိလိုက္ႏွင့္ အူျမဴး ေနၾကေတာ့သည္။ ပြဲၾကည့္ ပရိသတ္မ်ားမွာ အသက္႐ႉတို႔ပင္ ေမ့ေနသည့္ အလား။ တုတ္တုတ္မွ်မလႈပ္ၾက။ ဒီလိုပြဲမ်ိဳး ႀကဳံရခဲသည္ မဟုတ္ပါလား။

စိန္ေဗဒါႀကီးႏွင့္ မျမရင္မွာ ဤလို ေပ်ာ္စရာ ေကာင္းေသာ ေမ့မရႏိုင္သည့္ ပြဲမ်ိဳး ႀကဳံခဲ့ရသလို၊ စိတ္ပ်က္စရာ ေကာင္းေသာ ေမ့မရႏိုင္သည့္ ပြဲမ်ိဳးကိုလည္း ရင္ဆိုင္ ခဲ့ၾကရေသးသည္။ တခါက ေၾကးရတတ္ တဦးက တံခြန္တိုင္ အလႉပြဲသို႔ လိုက္ပါ တီးေပးရန္ စိန္ေဗဒါႀကီးကို ငွားသည္။ ေလဘာတီ ျမရင္ကိုလည္း ေခၚခဲ့ပါ ဆို၍ စိန္ေဗဒါက မျမရင္ကိုပါ ေခၚလာခဲ့သည္။ ညပြဲတီးၿပီး၍ ပြဲသိမ္းေသာ အခါ အလႉရွင္က မနက္ျဖန္ မနက္ပိုင္းမွာလည္း တီးေပး ဆိုေပး ကေပးပါဦး၊ တဝက္ေၾကး ေပးပါမည္ဟု ဆိုသည္။

စိန္ေဗဒါက မျမရင္ႏွင့္ လူ႐ႊင္ေတာ္မ်ားကို ဘယ္လိုသေဘာ ရသလဲဟု ေမးသည္။ အားလုံးက ဆရာ့ သေဘာပါဟု ျပန္ေျပာၾကသည္။ ဤတြင္ စိန္ေဗဒါက၊ (အခုလို တဝက္ေၾကးနဲ႔ ခိုင္းတာကို တို႔လက္ခံလိုက္ရင္ ေနာက္ေတာ့ တရားနာ အၿပီး ကေပးရင္ ငါးက်ပ္၊ ေနာက္ေတာ့ ငါးမတ္၊ ေနာက္ေျခာက္မူး ဆိုတာမ်ိဳး ျဖစ္ကုန္လိမ့္မယ္၊ တို႔ပညာရဲ႕ တန္ဖိုးေတာ့ အခ်မခံႏိုင္ဘူး၊ မနက္ျဖန္ ပြဲမအားဘူးလို႔ပဲ ေျပာၾက) ဟုဆိုကာ မကဘဲျပန္ လာခဲ့ၾကေလသည္။ စိန္ေဗဒါႀကီးႏွင့္ မျမရင္တို႔မွာ ေတာ္သေလာက္၊ ေက်ာ္သေလာက္ မိမိပညာကို ဤသို႔ တန္ဖိုး ထားၾကသူမ်ား ျဖစ္ပါသည္။

ကုိးကား
ေလဘာတီ မျမရင္ – တင္ႏုိင္တုိး
အၿငိမ့္မင္းသမီးႀကီး ေလဘာတီ – ေမာင္ေမာင္(ဥပေဒ)
ဘုိကေလးတင့္ေအာင္


 လေဘာတီမမြရင် ဆိုသည်မှာ (unicode)

နာမည်ကျော် အငြိမ့်မင်းသမီး ဓာတ်ပြားအဆိုတော် လေဘာတီမြရင် (၁၉၀၄ – ၁၉၄၅)ကို မင်းသား ဦဖိုးသစ်နှင့် မင်းသမီးဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ မွေးဖွားခဲ့ပါသည်။ သဘင်မျိုးရိုးဖြစ်သောကြောင့် ငယ်စဉ်ကပင် သဘင်ပညာ အရပ်ရပ်နှင့် နီးစပ်သိမီခဲ့ပြီး ဝါသနာနှင့် ပင်ကိုယ်ပါရမီတို့ကြောင့် မန္တလေးမြို့သို့ ကပြရန် ရောက်ရှိသွားသောအခါ မြို့ အငြိမ့်မင်းသမီးများနှင့် အပြိုင်အဆိုင် ကနိုင်ခဲ့သည်။

လေဘာတီ မြရင် ဆိုသော အမည်ကို တက္ကသိုလ် ကျောင်းသားများ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့အသက်မှာ ၁၇ နှစ်မျှသာ ရှိသေးသည်။ အသက် ၁၅ နှစ် အရွယ်မှ ကွယ်လွန်သော အသက် ၄၂ နှစ် အထိ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ပွဲက၍ သွားခဲ့သည်။ အငြိမ့်သက်တမ်း ၂၆ နှစ် တာက်လုံး ပရိသတ် ပါးစပ်ဖျားတွင် လေဘာတီမှ လေဘာတီ၊ မြရင်မှ မြရင် ဖြစ်ခဲ့၏။ မန္တလေးက နာမည်ကြီး ရွှေဆိုင်တန်း ကထိန်ဆိုလျှင် မမြရင် အငြိမ့်ကို နှစ်စဉ် ငှားပြီး ဧည့်ခံခဲ့သည်။ မမြရင်ကို မရမှာ စိုး၍ ဒီနှစ် ကထိန်ပွဲ ပြီးသည်နှင့် နောက်နှစ် အတွက်ပါ စရန် ကြိုပေးထားသည် အထိ လူကြိုက်များ ခဲ့၏။ အခြားသော ပွဲများကလည်း မမြရင် အငြိမ့် အားသည့်နေ့မှ စောင့်ဆိုင်း ကျင်းပခဲ့ကြသည်။

ဤသို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့်တိုင် မမြရင်က ကာလသားကြိုက်ကို အထူးမလုပ်။ ကြာမပေး။ မြူမဆွယ်။ မိန်းကလေး ပီပီ ဣန္ဒြေရရ လှလှပပလေး ကသည်။ လူရွှင်တော်များ ပြက်လုံးကြမ်းလှင်ြ သူက တားစမြဲ။ သူကိုယ်တိုင်လည်း အငြိမ့်စင်ပေါ်မှ နေ၍ စင်အောက် ပရိသတ်ထဲ လက်ညှိုးထိုးပြီး (ကျွန်မ ရည်းစား) ဟု ဘယ်တော့မှ မပြော။ သူ့မျက်နှာကို အငြိမ့်ကရာ လိုက်ကြည့်မှသာ မြင်ရသည်။ ကျန်သည့် အချိန်မှာတော့ မြင်ရမည် မဟုတ်။ ဗိုင်းကောင်း ကျောက်ဖိ အိမ်တွင်း ပုန်းနေတတ်သောကြောင့် ဖြစ်သည်။

သူ့ကို ကြိုက်သူတွေကား ဒုနှင့်ဒေး။ ကျောင်းသားလည်း ပါ၏။ သူဋ္ဌေးလည်း ပါ၏။ အရာရှိကြီးများလည်း ပါ၏။ ရန်ကုန်မြို့မှ မျက်နှာကြီး ဝတ်လုံတော်ရ တစ်ဦးသည် တနင်္ဂနွေနေ့တိုင်း မမြရင် အငြိမ့်ကို ငှားပြီး သူ့ခြံထဲမှာပင် ကပြစေ၏။ ရွှေဒင်္ဂါးများလည်း ဆုချ၏။ တခါတော့ မမြရင်ကို ရိုးရိုးကြည့်ရတာ အားမရ၊ ခြေအိတ်ချွတ်ပြီး ခြေသလုံးပေါ်အောင် ကပြပါ၊ ရွှေဒင်္ဂါး နှစ်ပြား ဆုချမည်ဟု သိမ်းသွင်းလာ၏။ ထိုပွဲထွင် မမြရင်က ခြေအိတ်ကို လုံးဝ မချွတ်ဘဲ ကမြဲအတိုင်းသာ ကပြ သွားခဲ့သည်။

တစ်ခါကလည်း ဘာသာခြား သူဌေး တယောက်က မမြရင်ကို ငှားပြီး သူ့တိုက်ထဲမှာပင် ကပြစေသည်။ ပွဲပြီးလျှင် မမြရင်ကို ပြန်မလွှတ်တော့ဘဲ အပိုင်သိမ်းရန် ကြံစည်လာသည်။ ထိုအကြံကို မမြရင်သိသည်နှင့် တိုက်ပြတင်းပေါက်မှ ခုန်ချပြီး ထွက်ပြေးလာခဲ့သည်။ မိန်းမသားတို့၏ အိန္ဒြေသိက္ခာကို တပြားဖိုးမှ အပွန်းမခံသော မြန်မာမလေးဆိုလျှင် မှားမည် မဟုတ်ပေ။

အသက် ၂ဝ အရွယ်တွင် မမြရင် အိမ်ထောင် ကျခဲ့သည်။ အိမ်ထောင်ကျသည် ဆိုသော်လည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည် နေသည်မို့ လူသိထင်ရှား မကြေညာရဲ။ သူ့ချစ်သူကလည်း မျက်နှာကြီး ပိုက်ဆံရှိ ဖြစ်၍ ထင်ထင်ပေါ်ပေါ် လူသိမခံရဲ။ သမီးရည်းစားမက၊ လင်မယား မကျသော ဘဝမျိုးနှင့် နှစ်ဦး သဘောတူ နားလည်မှု ရှိစွာနှင့် တသက်လုံး ပေါင်းသင်း နေထိုင် သွားခဲ့ကြသည်။ သစ္စာတရားကို မြတ်နိုးသော မမြရင်သည် ပွဲကသွားလေတိုင်း သူ့ချစ်သူကို ကန်တော့ပြီးမှ သွားသည်။ သူ့ချစ်သူကလည်း မမြရင်ကို ငုံထားမတတ် မြတ်နိုးသည်။ မြတ်နိုးရုံ သာမကသေး။ သဝန် တိုတတ်လိုက်သည် ကလည်း လွန်ပါရော။ အတီးသမားတွေနှင့် ရောလှင်ြလည်း မကြိုက်။ လူရွှင်တော်တွေနှင့် တရင်းတနှီး နေလှင်ြလည်း မနှစ်သက်။ ထို့ကြောင့် နန်းတော်ရှေ့ ဆရာ တင်အား …

“ဘယ်ယောက်ျားမှ စကား မပြောနဲ့တဲ့ တနေ့က မှာတယ်၊ တွေ့ကြရာမယ်၊ ကသောအခါဝယ်၊ ရည်းစားတထောင် လင်ကောင်ရှင်မောင် သဝန်ကြောင် စိတ်နှလုံးဟာမို့၊ အိမ်တွင်းပုန်း ကုလားမကဲ့သို့ ကျွန်မတို့ မနေနိုင်ပေါင်ရှင်၊ ကမှဖြင့် ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုရယ်၊ သူ့ဝတ်ခြံ ညှစ်ရမတဲ့ ဟိုညက ခိုင်းလာပါတယ်။ မရှက်ပေမဲ့ မချဉ်ပေါင်ဆရာ၊ သက်ဝေရဲ့ လင်မောင်တကာ၊ သဝန်ကြောင်တာ မြရင်အံ့တော့တာ” ဟူသော (ဦးသဝန်ကြောင်) သီချင်းကိုလည်းကောင်း၊

“အငြိမ့်မင်းသမီးများ ရည်းစားထားတော့တဲ့ လူဆိုတာမျိုးနော်၊ သဘောနည်းနည်း ကြီးအုံးမှပေါ့ သခင်ရေ၊ မီးရောင်အောက်ကို ဝင်ကာ လူပြက်တွေနဲ့ သောတော့၊ သူ့သဘောက အလွန်တရာ မကြည်မလင်” ဟူသော (အလှူ့ရှင်) သီချင်းကို လည်းကောင်း ရေးစပ်စေပြီး မမြရင်က သီဆို ကပြခဲ့ခြင်း ဖြစ်သည်။

ဣဏ္ဍေန္ဒရှင် မင်းသမီးလေး လေဘာတီ မြရင် အပေါ် စာရေး ဆရာမကြီး လူထု ဒေါ်အမာက အောက်ပါအတိုင်း သုံးသပ် ရေးသား ထားသည်မှာလည်း ယနေ့ အနုပညာရှင် မိန်းမသားတိုင်း မှတ်သား လိုက်နာဖွယ်ရာ ကောင်းလှသည်။

“လေဘာတီ မမြရင်က အကလည်း ကောင်းသည်၊ ရုပ်ကလည်း ချစ်စရာ ဖြစ်သည်။ ဤအရည်အချင်းမှာ မမြရင်က အငြိမ့်မင်းသမီး ဆိုပေမဲ့ မကလက်ခြင်း၊ ဣဏ္ဍေန္ဒရခြင်းပင် ဖြစ်ပါသည်။ အသက် ၂ဝ ကစ၍ သေသည်အထိ အိမ်ထောင်နှင့် နေသွားသည်။ အငြိမ့်စင်ပေါ်၌ သူ့ကိုယ်သူ အပျိုကလေးပါဟု လူရောင်းရန် ဘယ်တော့မှ မကြော်ငြာ။ ရည်းစား ရှာခြင်းလည်း မပြု။ သို့ပါလျက် ပွဲကြည့်ပရိသတ်က သူ့ကို အပျိုကလေး ကဲ့သို့ပင် သဘောထားကြသည်။ အပျိုကလေးလိုပင် ချစ်သည်။ ဤသို့ဖြစ်အောင် ဘယ်မင်းသမီးမှ တတ်နိုင်မည် မထင်။ မမြရင်က အငြိမ့်သမ ဆိုသော်လည်း အနုပညာနှင့် ပုဂိ်ဂုလ်ရေးရာကို မရောထွေးဘဲ တကန့်စီ ထားတတ်သည်။ သူ့ကိုယ်သူ အဖိုးတန်အောင် အလွန် နေတတ် ထိုင်တတ်သည်။” (ပြည်သူချစ်သော အနုပညာသည်များ၊ ပဉ္စမအကြိမ်၊ စာမျက်နှာ ၃၆၃)

မမြရင်နှင့် တသက်လုံး တွဲလာခဲ့သော ပတ္တလား ဆရာကြီး ဦးဘစံကလည်း “မမြရင်လောက် နာမည်ကြီးတဲ့ မင်းသမီး၊ ပိုက်ဆံရတဲ့ မင်းသမီး၊ အိန္ဒြေရှိတဲ့ မင်းသမီးမျိုး ဒီနေ့အထိ မတွေ့ဖူးသေးပါ” ဟု ပြောသွားခဲ့ဖူးသည်။ ဤမျှဆိုလျှင် လေဘာတီ မြရင်၏ အိန္ဒြေသိက္ခာကို ခန့်မှန်း သိရှိနိုင်လောက်ပြီ ဖြစ်ပါသည်။

ဤသို့ လူတိုင်းက ချစ်ခင် မြတ်နိုးသော ဣရေန္ဒရှင် မင်းသမီးလေး လေဘာတီ မြရင်သည် ဒုတိယ ကမာ်ဘစစ်ကြီး ဖြစ်ပွားလာသော အခါ စစ်ပြေးရင်း စဉ့်ကိုင်မြို့နယ် ဧည့်ပြရွာ၌ (၂၉ – ၄ – ၁၉၄၅) နေ့တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန် သွားခဲ့ရှာပါသည်။ သူသေတော့ သူ့အသက်က ၄၂ နှစ်မှဩာ ရှိသေးသည်။

လေဘာတီ မမြရင် နှင့် နန်းတော်ရှေ့ဆရာတင်

နန်းတော်ရှေ့ ဆရာတင်နှင့် လေဘာတီ မြရင်ကို လမိုင်းကပ်သည်ဟု ဆိုသော်ရ၏။ အဘယ်ကြောင့် ဆိုသော် ဆရာတင် ရေးပေးသော သီချင်းကို လေဘာတီ မြရင် ဆိုလိုက်သည်နှင့် အောင်မြင် ကျော်ကြား လူကြိုက်များ သွားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း အခြားသော မင်းသမီးများက ဆရာတင်အား (လေဘာတီ မြရင် အတွက် သီချင်းရေးရင် သူများတွေ အတွက် ရေးတာနဲ့ မတူဘူး၊ စေတနာကို ပိုးလွန်းတယ်) ဟုပင် ခနဲ့တဲ့တဲ့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆရာတင်ကတော့ တဟဲဟဲ ရယ်လျက်။

ဆရာတင်ကလည်း သီချင်းကို အာမခံနှင့် ရေးသူဖြစ်၏။ သူ့သီချင်းကို သီဆိုပြီး ကလျှင် ထို မင်းသမီး နာမည် ကျော်စေရမည်။ သူ့သီချင်း မကျော်ခဲ့လျှင် ပိုက်ဆံ တပြားမှ မပေးနဲ့ဟု ရဲရဲ ကြီး အာမခံတတ်သည်။ အာမခံသည့် အတိုင်းလည်း မင်းသမီး အတော်များများမှာ သူ့သီချင်း ဆိုပြီး ကျော်သွား ခဲ့ကြသည်သာ ဖြစ်၏။ မမြရင်ကိုလည်း ဆရာတင်ကပင် (မင်း နာမည် ကျော်ချင်ရင် မန္တလေး လာခဲ့) ဟု သူကိုယ်တိုင် ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတင် မသေမီက ပြောသွား ခဲ့ဖူးသည်။

ဤမျှသာ မကသေး။ မမြရင်ကို ခိုးပြေးဖို့ ကြိုးစား ခဲ့သေးကြောင်း မမြရင် အမေကြီး တွေ့သွား၍ ပခုံးပေါ် ထမ်းလာသော မမြရင်ကို ပြန်ချ ထားခဲ့ရကြောင်း စသည်ဖြင့် ဆရာတင် မသေမီက ပြောပြတတ် သေးသည်။ သို့သော် အများစုက ထိုစကားကို မယုံကြ။ (သူ့ဗလနဲ့လား လေဘာတီ မြရင်ကို ထမ်းနိုင်မှာ) ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ၊ လေဘာတီ မြရင်နှင့် ဆရာတင်တို့ နှစ်ဦး အထူးတလည် ခင်မင် ရင်းနှီးသည့်ကတော့ အမှန်ပင်။ ခင်မင် ရင်းနှီးရုံ သာမက၊ မမြရင်မှာ ဆရာတင်၏ ညှဉ်းဖတ် မင်းသမီးပင် ဖြစ်ခဲ့ရသေးသည်။ ဆရာတင် ငွေလိုတိုင်း မမြရင်ထံ လက်ဝါး လာဖြန့်တတ်သည်။ မပေးမချင်း မပြန်။ ငွေရတော့လည်း ပြန်ပေးချင်မှ ပေးသည်။ မမြရင်ကလည်း ကိုယ့်ဆရာဖြစ်သည့်အတွက် လိုအပ်သောအခါ ထောက်ပံ့ခြင်းဖြစ်သည်။

ဆရာတင် သီချင်းနှင့် လေဘာတီ မြရင် အဆိုတို့ လူကြိုက်များ အောင်မြင်ခဲ့ခြင်းမှာ ဆရာတင် တယောက်တည်း အရေးအစပ် ကောင်း၍ချည်း မဟုတ်။ မမြရင်၏ အသံ မမြရင်၏ အဆိုကလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းလွန်းသောကြောင့် ဖြစ်သည်။ မမြရင် အသံက အသံဝါ ဖြစ်၏။ ဆွဲတိုင်းရ၏။ ဟစ်တိုင်း ပေါက်၏။ ဘယ်သံ၊ ညာသံ လိုသလို ကူးနိုင်၏။ သူ့ခေတ်တုန်းက ယခုလို အသံချဲ့စက်တွေ မပေါ်သေး။ ပွဲခင်း တခုလုံးရှိ ပရိသတ်များ အားလုံးကြားအောင် ကြိုးစား ပမ်းစား ဆိုရ၏။ မမြရင် သီချင်း ဟစ်လိုက်လျှင် အခြားပြိုင်က နေသည့် ဇာတ်ပွဲ အငြိမ့်ပွဲဆီမှ ပရိသတ်များပါ သူ့ထံ ရောက်လာကြတော့သည်။

မမြရင်၏ အသံ၊ မမြရင်၏ အဆိုနှင့် ပတ်သက်၍ ဂီတမယ် လှကလေးစိန်က “မမရင် အသံက မြည်လည်း မြည်တယ်၊ ပီလည်း ပီတယ်၊ သာလည်း သာတယ်၊ ကြည်လည်း ကြည်တယ်၊ ဆိုတဲ့ နေရာမှာလည်း စာပေါင်ပဲ့တယ်၊ လျှာကိုက် နာတယ်၊ အာစောက်လည်း ရှိတယ်၊ အသံမြေကျလည်း သာတယ်၊ အဝေးကြား သိပ်ကောင်းတာဘဲ၊ မင်းသမီး ဆိုတာ အချို့က အသံပါးလို့ မအော်နိုင်ကြဘူး၊ ဉာဏ်ကွန့်ပြီး အလိမ္မာဖက် ဆိုကြရတယ်၊ မမရင်တို့ ကျတော့ လွှတ်ပြီး အော်ဆိုတဲ့ အခါ အဝေးကြီးကလည်း ကြားရတယ်၊ အင်မတန်မှလည်း သာယာတယ်၊ တကယ့်ကို ပါရမီ ရှိသူပါ” ဟု ပြောကြား သွားခဲ့သည်။ ထို့ကြောင့်လည်း မန္တလေး အမျိုးသား ကဇာတ်ရုံရှေ့ရှိ လေဘာတီ မြရင် ကြေးရုပ်တု အောက်ခြေတွင် (အသံ မင်းသမီး) ဟု မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်လေသည်။

လေဘာတီမမြရင် နှင့် ရွာစားကျော်ကြီး စိန်ဗေဒါ

နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ အတီးနှင့် လေဘာတီ မြရင်၏ အဆို အက တွဲလိုက်လျှင် ကောင်းသည်ထက် ပိုကောင်း သွားတော့သည်ဟု သဘင်နယ်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ သို့သော် သူတို့ နှစ်ယောက်စလုံးက ထိပ်သီး ပညာရှင်များ ဖြစ်သည့် အလျောက် ပွဲကြေးက ကြီးလှ၏။ ထို့ကြောင့် ငှားနိုင်သူက ခပ်ရှားရှား။ သို့တိုင် သူတို့ နှစ်ယောက်စလုံး၏ အဆို၊ အတီး၊ အကကို အလကား ကြည့်ရသော ပွဲတပွဲက မန္တလေးတွင် ရှိခဲ့၏။ ထိုပွဲက မန္တလေး လက်ဆည်ကန်ယပ်ဝင်း ဘုရားပွဲ ဖြစ်၏။

ယပ်ဝင်းဘုရားပွဲကို စိန်ဗေဒါကြီးက နှစ်စဉ် အလကား လာ၍ တီးပေး၏။ မန္တလေး မြို့ပေါ်ရှိ နာမည်ကြီး အငြိမ့် မင်းသမီးများ၊ လူရွှင်တော်များကလည်း ကိုယ့်စရိတ်နှင့် ကိုယ်လာပြီး ကူကြ၏။ ကြည့်ရခဲသော အငြိမ့်ညွန့်ပေါင်းပွဲ ဖြစ်၍ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး နေ၏။ ပွဲကသည့်အခါ မျက်နှာကြီးငယ် မလိုက်စတမ်း ဆိုပြီး မင်းသမီးများကို မဲချ၍ ထွက်စေ၏။ နာမည်ကြီး မင်းသမီးများ စောစော မဲပေါက်သွားခဲ့သော် သူ့နောက်မှ ထွက်ရသည့် မင်းသမီးများခမျာ ကြည့်မည့်သူ မရှိတော့ပြီ။ ထို့ကြောင့် ပြည်သူချစ်သော လေဘာတီ မြရင် တယောက်ကိုကား နောက်ချန်ပြီး မဲလိပ် ချပေးရလေသည်။

အခြားသော မင်းသမီးများမှာ မဲကျ၍ ထွက်ကရသော်လည်း စိန်ဗေဒါကြီးကို အရှိန်နှင့် လန့်နေတတ်ကြသည်။ မမြရင်ကတော့ တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရနှင့် သူ့အလှည့်ကို ထိုင်စောင့် နေတတ်သည်။ ပြည့်သည့်အိုးမို့ ဘောင်ဘင် မခတ်တော့။ သူ့အလှည့်ရောက်သည်နှင့် “မြရင်လေး ကျွန်မ ခေါ်သံလိုလို၊ လေဘာတီကလေး … ကျွန်မ ခေါ်သံလိုလို” ဟူသော သီချင်းလေးနှင့် ပရိသတ်ကို ထ၍ နှုတ်ဆက်သည်။ စိန်ဗေဒါကြီးကိုလည်း ဦးချသည်။ ပရိသတ်များ မီးကို ရေနှင့် ဖြန်းလိုက်သလို ငြိမ်ကျသွား၏။ မမြရင် အသံက ပွဲကြည့်သူတိုင်း၏ နှလုံးသားကို စောင့်ကြည့်ရကျိုး နပ်သွားစေ၏။ စိန်ဗေဒါကြီးက အားရသော အပြုံးဖြင့် ဆိုင်းဝိုင်းထဲမှ ပတ်လုံးကလေးများကို အသံစမ်းပြလျက်။

နောက်ပိုင်းတွင် စိန်ဗေဒါကြီးသည် ဆိုင်းတီးရုံမှနြှင့် အားမရတော့။ သူကိုယ်တိုင် ဆိုတီး တီးပြီး မမြရင်ကို ကစေသည်။ သဘင်လောကမှ ထိပ်သီး နှစ်ယောက် မီးကုန် ယမ်းကုန် ကြဲကြသော ပွဲကောင်းတပွဲ ဆိုလျှင် မမှား။ မမြရင်ကလည်း စိန်ဗေဒါကြီး တီးချင်သလောက် တီးစမ်း – ကလိုက်စမ်း မဟဲ့ဆိုသော ဇွဲနှင့် ပညာကုန် ကသည်။ စိန်ဗေဒါကြီးကလည်း ရှိသမျှ ပညာစွမ်းတွေ အကုန်ထုတ်ပြီး တီးသည်။ လူရွှင်တော်တွေကလည်း မမြရင်ကို စလိုက်၊ စိန်ဗေဒါကြီးကို နောက်လိုက်၊ ပွဲကြည့်သူများကို ကလိလိုက်နှင့် အူမြူး နေကြတော့သည်။ ပွဲကြည့် ပရိသတ်များမှာ အသက်ရှူတို့ပင် မေ့နေသည့် အလား။ တုတ်တုတ်မျှမလှုပ်ကြ။ ဒီလိုပွဲမျိုး ကြုံရခဲသည် မဟုတ်ပါလား။

စိန်ဗေဒါကြီးနှင့် မမြရင်မှာ ဤလို ပျော်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုး ကြုံခဲ့ရသလို၊ စိတ်ပျက်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုးကိုလည်း ရင်ဆိုင် ခဲ့ကြရသေးသည်။ တခါက ကြေးရတတ် တဦးက တံခွန်တိုင် အလှူပွဲသို့ လိုက်ပါ တီးပေးရန် စိန်ဗေဒါကြီးကို ငှားသည်။ လေဘာတီ မြရင်ကိုလည်း ခေါ်ခဲ့ပါ ဆို၍ စိန်ဗေဒါက မမြရင်ကိုပါ ခေါ်လာခဲ့သည်။ ညပွဲတီးပြီး၍ ပွဲသိမ်းသော အခါ အလှူရှင်က မနက်ဖြန် မနက်ပိုင်းမှာလည်း တီးပေး ဆိုပေး ကပေးပါဦး၊ တဝက်ကြေး ပေးပါမည်ဟု ဆိုသည်။

စိန်ဗေဒါက မမြရင်နှင့် လူရွှင်တော်များကို ဘယ်လိုသဘော ရသလဲဟု မေးသည်။ အားလုံးက ဆရာ့ သဘောပါဟု ပြန်ပြောကြသည်။ ဤတွင် စိန်ဗေဒါက၊ (အခုလို တဝက်ကြေးနဲ့ ခိုင်းတာကို တို့လက်ခံလိုက်ရင် နောက်တော့ တရားနာ အပြီး ကပေးရင် ငါးကျပ်၊ နောက်တော့ ငါးမတ်၊ နောက်ခြောက်မူး ဆိုတာမျိုး ဖြစ်ကုန်လိမ့်မယ်၊ တို့ပညာရဲ့ တန်ဖိုးတော့ အချမခံနိုင်ဘူး၊ မနက်ဖြန် ပွဲမအားဘူးလို့ပဲ ပြောကြ) ဟုဆိုကာ မကဘဲပြန် လာခဲ့ကြလေသည်။ စိန်ဗေဒါကြီးနှင့် မမြရင်တို့မှာ တော်သလောက်၊ ကျော်သလောက် မိမိပညာကို ဤသို့ တန်ဖိုး ထားကြသူများ ဖြစ်ပါသည်။

ကိုးကား
လေဘာတီ မမြရင် – တင်နိုင်တိုး
အငြိမ့်မင်းသမီးကြီး လေဘာတီ – မောင်မောင်(ဥပဒေ)
ဘိုကလေးတင့်အောင်

Leave a Reply