အရွားပါးဆုံးျဖစ္တဲ့ လမ္းေလွ်ာက္ငါးအမ်ဳိးအစား ကုိ သိပၸံပညာရွင္ေတြ ေတြ႔ရွိ

Posted on

ေရကူးမသြားပဲ လမ္းေလွ်ာက္သကဲ့သုိ႔ သြားတဲ့ ငါးအမ်ဳိးအစားမ်ားကို ၾသစေၾတးလွ် သိပၸံပညာရွင္ေတြက ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၄ရက္ေန႔က ေတြ႔ရွိခဲ့ျခင္းျဖစ္ပါတယ္။

ေတြ႔ရွိရတဲ့ေနရာကေတာ့ တက္စ္ေမးနီးယား ကမ္းရုိးတန္းက ေရေအာက္ၾကမ္းျပင္မွာျဖစ္ပါတယ္။

တက္စ္ေမးနီးယားဆုိတာ ၾသစေၾတးႏုိင္ငံထဲမွာပါ၀င္ၿပီး ကြ်န္းမႀကီးရဲ႕ေတာင္ဘက္ မုိင္ ၁၅၀အကြာမွာ ရွိတဲ့ကြ်န္းပါ။

သာယာလွပလြန္းတာေၾကာင့္ ၾသစေၾတးလ်ရဲ႕ဥယ်ာဥ္လုိ႔ ေခၚၾကတဲ့ ကြ်န္းလည္းျဖစ္ပါတယ္။

အခုေတြ႔ရွိရတဲ့ လမ္းေလွ်ာက္ငါးအမ်ဳိးအစားရဲ႕ အမည္ကေတာ့ Red Handfish လုိ႔သိရၿပီး ငါးအုပ္တစ္ခုလုံးမွာ အေကာင္ ၂၀ ၀န္းက်င္ခန္႔သာ ရွိတယ္လုိ႔ သိရပါတယ္။

ေလ့လာသူ သိပၸံပညာရွင္မ်ားရဲ႕ေျပာၾကားခ်က္အရ ဒီငါးအုပ္ဟာ မီတာ ၂၀ မွ မီတာ ၅၀ အက်ယ္အ၀န္းအတြင္းမွာသာ ေနထုိင္က်က္စားၾကတယ္လုိ႔ သိရပါတယ္။

ဒါဟာတင္းနစ္ကြင္း ၂ကြင္းစာပဲ ရွိပါတယ္။ ဒီလုိက်က္စားတဲ့နယ္ပယ္ က်ဥ္းေျမာင္းရျခင္းကလည္း ဒီငါးအုပ္ေတြဟာ အျခားငါးေတြလုိ ကူးခတ္မသြားပဲ လမ္းေလွ်ာက္သြားတာေၾကာင့္ အကြာအေ၀းအမ်ားႀကီး မသြားႏုိင္ဘူး လုိ႔ ဆုိပါတယ္။

ပုံမွန္အားျဖင့္ ဒီငါးေတြဟာ ဒိုက္ပင္ေတြေအာက္မွာ ၿငိိမ္သက္ေနေလ့ရွိၿပီး ပုံမွန္ငါးနဲ႔မတူတဲ့ လက္ေတြလည္း ပါေနပါတယ္။

လမ္းေလွ်ာက္ငါးမ်ဳိးေတြကုိ ေတြ႔ရွိတာ ပထမဆုံးေတာ့မဟုတ္ပါဘူး။ ၁၈၀၀ျပည့္ႏွစ္မွာတည္းက တက္စ္ေမးနီးယားအေရွ႕ေတာင္ပုိင္း က Port Arthur မွာ ပထမဆုံးေတြ႔ရွိခဲ့ဖူးပါတယ္။

အလြန္ရွားပါးတဲ့ ငါးအမ်ဳိးအစားျဖစ္ၿပီး ၁၀ႏွစ္မွာ ၁ႀကိမ္ျမင္ရဖုိ႔ေတာင္ မလြယ္ကူဘူးလုိ႔ သိရပါတယ္။

red handfish ငါးမ်ဳိးေတြဟာ ပုံမွန္အားျဖင့္ ၇စင္တီမီတာ ကေန ၉စင္တီမီတာ ခန္႔ရွိၿပီး ေနထုိင္က်က္စား ဥဥျခင္းေတြကိုေတာ့ ပင္လယ္ၾကမ္းျပင္က ဒုိက္ပင္ေတြရဲ႕ေအာက္ေျခမွာသာ ျပဳလုပ္ေလ့ရွိၾကပါတယ္။

တက္စ္မာနီးယားတကၠသိုလ္ ပင္လယ္ေက်ာက္တန္းတုိင္းတာေရး သုေတသနအဖြဲ႔က သူတုိ႔ရဲ႕သုေတသနလုပ္ငန္းေတြေဆာင္ရြက္ေနစဥ္အတြင္းမွာ ဒီငါးအုပ္ကို ေတြ႔ရွိခဲ့ၾကတာျဖစ္ပါတယ္။

ရွာေဖြေတြ႔ရွိခဲ့တဲ့ သိပၸံပညာရွင္ေတြကေတာ့ ဒီရွားပါးတဲ့ ငါးမ်ဳိးစိတ္ေနထုိင္ရာ၀န္းက်င္ကုိ ကာကြယ္ေစာင့္ေရွာက္ေရးေနရာ အျဖစ္သတ္မွတ္ေစခ်င္ၾကေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ တရား၀င္ မေဆြးေႏြးရေသးပါဘူး။

“အခုလုိ လမ္းေလွ်ာက္တဲ့ငါးမ်ဳိးစိတ္ကုိ ေတြ႔လုိက္ရေတာ့ ကမာၻေပၚမွာကြ်န္ေတာ္တုိ႔ မသိေသးတာေတြ ဘယ္ေလာက္မ်ားမ်ားက်န္ေနဦးမလဲ ဆုိတာေတြးမိပါတယ္” လုိ႔ သုေတသနေခါင္းေဆာင္ နဲ႔ သိပၸံပညာရွင္ ေဒါက္တာ Rick Stuart-Smith က ဆုိပါတယ္။

သိပၸံပညာရွင္မ်ားရဲ႕ စစ္တမ္းအရလည္း လက္ရွိအခ်ိန္ထိ ပင္လယ္သမုဒၵရာေရေအာက္ရဲ႕အေၾကာင္းကို သိပၸံပညာရွင္မ်ားရွာေဖြႏုိင္တာဟာ ၅% သာ ရွိေသးေၾကာင္း သိရပါတယ္။ က်န္တဲ့ အစိတ္အပုိင္း ၉၅% မွာ မသိေသးတဲ့အေၾကာင္းအရာေပါင္းမ်ားစြာ ရွိေနဆဲပါ။


အရှားပါးဆုံးဖြစ်တဲ့ လမ်းလျှောက်ငါးအမျိုးအစား ကို သိပ္ပံပညာရှင်တွေ တွေ့ရှိ (unicode)

ရေကူးမသွားပဲ လမ်းလျှောက်သကဲ့သို့ သွားတဲ့ ငါးအမျိုးအစားများကို ဩစတြေးလျှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

တွေ့ရှိရတဲ့နေရာကတော့ တက်စ်မေးနီးယား ကမ်းရိုးတန်းက ရေအောက်ကြမ်းပြင်မှာဖြစ်ပါတယ်။

တက်စ်မေးနီးယားဆိုတာ ဩစတြေးနိုင်ငံထဲမှာပါဝင်ပြီး ကျွန်းမကြီးရဲ့တောင်ဘက် မိုင် ၁၅ဝအကွာမှာ ရှိတဲ့ကျွန်းပါ။ သာယာလှပလွန်းတာကြောင့် ဩစတြေးလျရဲ့ဥယျာဉ်လို့ ခေါ်ကြတဲ့ ကျွန်းလည်းဖြစ်ပါတယ်။

အခုတွေ့ရှိရတဲ့ လမ်းလျှောက်ငါးအမျိုးအစားရဲ့ အမည်ကတော့ Red Handfish လို့သိရပြီး ငါးအုပ်တစ်ခုလုံးမှာ အကောင် ၂၀ ဝန်းကျင်ခန့်သာ ရှိတယ်လို့ သိရပါတယ်။

လေ့လာသူ သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ ဒီငါးအုပ်ဟာ မီတာ ၂၀ မှ မီတာ ၅၀ အကျယ်အဝန်းအတွင်းမှာသာ နေထိုင်ကျက်စားကြတယ်လို့ သိရပါတယ်။

ဒါဟာတင်းနစ်ကွင်း ၂ကွင်းစာပဲ ရှိပါတယ်။ ဒီလိုကျက်စားတဲ့နယ်ပယ် ကျဉ်းမြောင်းရခြင်းကလည်း ဒီငါးအုပ်တွေဟာ အခြားငါးတွေလို ကူးခတ်မသွားပဲ လမ်းလျှောက်သွားတာကြောင့် အကွာအဝေးအများကြီး မသွားနိုင်ဘူး လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဒီငါးတွေဟာ ဒိုက်ပင်တွေအောက်မှာ ငြိမ်သက်နေလေ့ရှိပြီး ပုံမှန်ငါးနဲ့မတူတဲ့ လက်တွေလည်း ပါနေပါတယ်။

လမ်းလျှောက်ငါးမျိုးတွေကို တွေ့ရှိတာ ပထမဆုံးတော့မဟုတ်ပါဘူး။ ၁၈၀၀ပြည့်နှစ်မှာတည်းက တက်စ်မေးနီးယားအရှေ့တောင်ပိုင်း က Port Arthur မှာ ပထမဆုံးတွေ့ရှိခဲ့ဖူးပါတယ်။

အလွန်ရှားပါးတဲ့ ငါးအမျိုးအစားဖြစ်ပြီး ၁၀နှစ်မှာ ၁ကြိမ်မြင်ရဖို့တောင် မလွယ်ကူဘူးလို့ သိရပါတယ်။

red handfish ငါးမျိုးတွေဟာ ပုံမှန်အားဖြင့် ၇စင်တီမီတာ ကနေ ၉စင်တီမီတာ ခန့်ရှိပြီး နေထိုင်ကျက်စား ဥဥခြင်းတွေကိုတော့ ပင်လယ်ကြမ်းပြင်က ဒိုက်ပင်တွေရဲ့အောက်ခြေမှာသာ ပြုလုပ်လေ့ရှိကြပါတယ်။

တက်စ်မာနီးယားတက္ကသိုလ် ပင်လယ်ကျောက်တန်းတိုင်းတာရေး သုတေသနအဖွဲ့က သူတို့ရဲ့သုတေသနလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတွင်းမှာ ဒီငါးအုပ်ကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေကတော့ ဒီရှားပါးတဲ့ ငါးမျိုးစိတ်နေထိုင်ရာဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရေးနေရာ အဖြစ်သတ်မှတ်စေချင်ကြပေမယ့် လက်ရှိအချိန်အထိတော့ တရားဝင် မဆွေးနွေးရသေးပါဘူး။

“အခုလို လမ်းလျှောက်တဲ့ငါးမျိုးစိတ်ကို တွေ့လိုက်ရတော့ ကမ္ဘာပေါ်မှာကျွန်တော်တို့ မသိသေးတာတွေ ဘယ်လောက်များများကျန်နေဦးမလဲ ဆိုတာတွေးမိပါတယ်” လို့ သုတေသနခေါင်းဆောင် နဲ့ သိပ္ပံပညာရှင် ဒေါက်တာ Rick Stuart-Smith က ဆိုပါတယ်။

သိပ္ပံပညာရှင်များရဲ့ စစ်တမ်းအရလည်း လက်ရှိအချိန်ထိ ပင်လယ်သမုဒ္ဒရာရေအောက်ရဲ့အကြောင်းကို သိပ္ပံပညာရှင်များရှာဖွေနိုင်တာဟာ ၅% သာ ရှိသေးကြောင်း သိရပါတယ်။ ကျန်တဲ့ အစိတ်အပိုင်း ၉၅% မှာ မသိသေးတဲ့အကြောင်းအရာပေါင်းများစွာ ရှိနေဆဲပါ။

Leave a Reply