ကမၻာေပၚက အလွ်ဳိ့၀ွက္ဆုံး ေနရာမ်ား

Posted on

မူရင္းေရးသားသူ – ေမာင္သာ(ေရွးေဟာင္းသုေတသန)

လူသားမ်ားသည္ မိမိတို႕ေနထိုင္ရာ ကမၻာအေၾကာင္းကို အလုံးစုံသိေစရန္ ႀကိဳးပမ္းခဲ့ၾက၊ ၾကမ္းပမ္းေနၾကသည့္တိုင္ ကမၻာ ႀကီးႏွင့္စပ္ဆိုင္သည့္ အခ်က္အလက္မ်ားသည္ က်န္ရွွိေနဆဲပင္ျဖစ္သည္။

ဤကမၻာႀကီး၏ သဘာ၀ ေျမထု၊ ေရထု ႏွင့္ ေလထု အေၾကာင္းကို ကုန္စင္ေအာင္သိႏိုင္ရန္ အားထုတ္ခဲ့ၾကရာတြင္ လူသား မ်ား ဖန္တီးခဲ့သည့္ ၀တၳဳပစၥည္းမ်ားသည္လည္း တစ္ဆက္တည္းပါ၀င္လာခဲ့သည္။ထိုသို႕စူးစမ္းၾကရာမွ သဘာ၀လွ်ိဳ႕၀ွက္ခ်က္မဟုတ္ သည့္ လူလုပ္ အလွ်ိဳ႕၀ွက္ဆုံးေနရာ ၁၀ ခုကို ထုတ္ေဖာ္ႏိုင္ခဲ့ၾကေပသည္။

ယင္းေနရာမ်ားတြင္ ကမၻာေပၚတြင္ အႏၱရာယ္အႀကီးမားဆုံး လူဆိုးမ်ားကို ထိန္းသိမ္းထားသည့္ ေထာင္မွသည္ အရက္မူး သမားတစ္ေယာက္ ၀င္ေရာက္ရန္ အားထုတ္ခဲ့သည့္ ဘာကင္ဟန္ နန္းေတာ္ရွိ ဘုရင္မႀကီး အိပ္ခန္းအထိ ပါ၀င္ခဲ့သည္။

ကမၻာေပၚရွိ လူအမ်ားစုသည္ ယင္းေနရာမ်ားသို႕ မေရာက္ဖူးခဲ့ၾကသည္သာမက အခ်ိဳ႕ေနရာမ်ားကို ရွိမွန္းပင္မသိရွိၾကပါေခ်။အခ်ိဳ႕ေနရာသည္ ကမၻာေပၚတြင္ အခ်မ္းသာဆုံး ပုဂၢိဳလ္မ်ားအတြက္သာ ျဖစ္ၿပီး အခ်ိဳ႕ေနရာမ်ားသည္ အဆိုးရြားဆုံး ကံမေကာင္းမႈကိုေဖာ္ေဆာင္သည့္ ေနရာမ်ားျဖစ္ေနၾကသည္။

ဖေလာရင့္ အက်ဥ္းေထာင္ႀကီး (ADX Florence Prison)

အေမရိကန္ႏိုင္ငံ၏အႏၱရာယ္အႀကီးမားဆုံးလူဆိုးမ်ားကိုထားရွိသည့္အက်ဥ္းစခန္းသည္ ေကာ္လိုရာဒိုျပည္နယ္၊ဖေလာရင့္စ္ တြင္တည္ရွိသည္။ယင္းအက်ဥ္းေထာင္ကို ၁၉၉၄ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ကာ ျပည္ေထာင္စုအက်ဥ္းေထာင္မ်ား ဗ်ဴရို မွ စီမံခန္႕ခြဲမႈမ်ားကို ေဆာင္ရြက္သည္။ ဖေလာရင့္စ္ အက်ဥ္းေထာင္ကို ငရဲႏွင့္တူညီသည့္ အရွင္းလင္းဆုံးပုံစံတူေနရာဟု တင္စားေခၚဆိုၾကသည္။

ယင္းေနရာတြင္ ကင္မရာ အသုံးျပဳျခင္းကို လုံး၀ ခြင့္မျပဳဘဲ ျပည္ေထာင္စုအက်ဥ္းေထာင္မ်ားဗ်ဴရိုက အဆိုးတကာ့ အဆိုး ဆုံး ယင္းေထာင္အေၾကာင္း ကို ေျပာဆိုေရးသားခြင့္မျပဳေခ်။ယင္းေထာင္အတြင္း၌ အယ္လ္ကိုင္ဒါ ေလယာဥ္ျပန္ေပးဆြဲ သမား၊ ဖိနပ္ ဗုံးေထာင္သူ၊အိုလံပစ္ ပန္းၿခံ ဗုံးခြဲသူႏွင့္ ကုန္သြယ္မႈ ဗဟိုဌာနကို တိုက္ခိုက္မႈတြင္ အဓိက ႀကိဳးကိုင္ခဲ့သူ စသည့္ လူသားမ်ားအတြက္ အႏၱရာယ္အႀကီးမားဆုံး တရားခံမ်ားကို ထိန္းသိမ္းထားသည္။

အက်ဥ္းေထာင္အခန္းတြင္ ေရခ်ိဳးခန္းတစ္ခု၊သန္႕စင္ခန္းတစ္လုံး၊ခုံငယ္တစ္ခု၊ကြန္ကရစ္ ကုတင္ တစ္လုံးႏွင့္ ေလးလက္မ အရြယ္ ျပဳတင္းတစ္ေပါက္ ပါရွိသည္။အက်ဥ္းေထာင္တစ္ခုလုံးသည္လုံး၀ တိတ္ဆိတ္ေနကာ တရားခံမ်ားသည္ မည္သူတစ္ဦး တစ္ ေယာက္ႏွင့္မွ ျမင္ေတြ႕ ရျခင္း၊စကားေျပာဆိုရျခင္းမရွိေခ်။ အက်ဥ္းသားမ်ားအား တစ္ရက္လွ်င္ တစ္နာရီခန္႕ မိမိအခန္းမွ အျပင္သို႕ ထြက္ခြင့္ျပဳထားျခင္းသည္ မိမိအခန္းမွ အျခားအခန္းတစ္ခန္းသို႕ ေျပာင္းေရႊ႕ေပးျခင္းသာျဖစ္ၿပီး မည္သည့္ ရႈကြင္းကိုမွ မျမင္ေတြ႕ရ ဘဲ အထီးက်န္စြာထားရွိသည္။

ဖေလာရင့္စ္ အက်ဥ္းေထာင္ကို ဖြင့္လွစ္ၿပီး အႏွစ္ ၂၀ အတြင္း အက်ဥ္းသား ခုနစ္ဦးသည္ ေသေၾကာင္းၾကံစည္ခဲ့ၾကၿပီး မည္သူတစ္ဦးတစ္ေယာက္မွ ထြက္ေျပး လြတ္ေျမာက္ႏိုင္ခဲ့ျခင္း မရွိပါေခ်။

ဘုရင္မႀကီး အဲလ္လိဇဘက္၏ အိပ္ခန္း (Queen Elizabeth II’s Bedroom)

လန္ဒန္ၿမိဳ႕ရွိ ဘာကင္ဟန္နန္းေတာ္၏ ဒုတိယထပ္ အေရွ႕ဘက္ျခမ္းရွိ နန္းေဆာင္မ်ားတြင္ ဘုရင္မႀကီး အဲလ္လိဇဘက္ နန္းစံလ်က္ရွိသည္။ဘုရင္မႀကီး၏ နန္းေဆာင္မ်ားသို႕ လွ်ိဳ႕၀ွက္ တံခါးတစ္ေပါက္မွသာ ၀င္ေရာက္ႏိုင္သည္။ကမၻာေပၚရွိ သက္ရွိ ထင္ ရွား လူပုဂၢိဳလ္မ်ားအနက္ ယင္းတံခါးမည္သည့္ေနရာတြင္ရွိသည္ကို သိရွိသူမွာ အေရအတြက္ အလြန္႕အလြန္နည္းပါးလွေပ သည္။

နန္းေတာ္မွ ျပည္သူ႕ဆက္ဆံေရး ၀န္ထမ္းမ်ားသည္ ေတာ္၀င္ ခန္းေဆာင္မ်ားႏွင့္ ပတ္သက္၍ မည္သည့္အခါမွ ေျပာဆိုေလ့ မရွိၾက ေခ်။အမ်ားျပည္သူမ်ားအား ဘာကင္ဟန္နန္းေတာ္သို႕ လာေရာက္လည္ပတ္ၾကည့္ရႈခြင့္ျပဳထားေသာ္လည္း အခန္း ၁၉ ခန္းကို သာ သြားေရာက္ခြင့္ျပဳထားၿပီး ဘုရင္၊ ဘုရင္မမ်ား၏ ကိုယ္ပိုင္အခန္းမ်ားကို မည္သူမ်ွွ ျမင္ေတြ႕ခြင့္မရခဲ့ၾကေခ်။

သို႕ေသာ္ မိုက္ကယ္ဖာဂန္ဆိုသူသည္ ၁၉၈၂ ခုႏွစ္ ဇူလိုင္လ ၉ ရက္ နံနက္တြင္ ဘာကင္ဟန္ နန္းေတာ္တြင္းသို႕ ေဖာက္ ထြင္း၀င္ေရာက္ႏိုင္ခဲ့သည္။အခ်က္ေပး ကိရိယာမ်ားကို ျဖဳတ္ၿပီး ၀င္ေရာက္ႏိုင္ခဲ့သျဖင့္ မည္သူမွ် မသိရွိခဲ့ၾကဟုဆိုသည္။ဖာဂန္သည္ ဘုရင္မႀကီး အိပ္ခန္းအထိေရာက္ရွိခဲ့ကာ ဘုရင္မႀကီးအိပ္စက္ေနသည့္ကုတင္သည္ႏွစ္ေယာက္အိပ္ကုတင္ျဖစ္ေၾကာင္း၊ ဘုရင္မ ႀကီး ၏ ညအိပ္၀တ္စုံသည္ လီဘာတီရုပ္ ရိုက္ႏွိပ္ထားသည့္ ၀တ္စုံတစ္ခုျဖစ္ၿပီး ဒူးေခါင္းအထိ ဖုံးအုပ္အိပ္စက္ေန ေၾကာင္းျပန္ ေျပာင္း ေျပာျပခဲ့သည္။

ဖာဂန္က ဘုရင္မႀက္း အိပ္ခန္းသည္ ၁၆ ေပရွည္၍ ၁၂ ေပက်ယ္၀န္းေၾကာင္း၊ ကုတင္ငယ္တစ္လုံးရွိ ေၾကာင္း၊အခန္းနံရံ တြင္ အံဆြဲမ်ားပါရွိေသာ ဗီဒို တစ္လုံးရွိေၾကာင္း ေျပာဆိုခဲ့သည္။ဖာဂန္သည္ ဘုရင္မႀကီးႏွင့္ ၁၀ မိနစ္ စကားေျပာခဲ့ၿပီးစိးကရက္ တစ္ လိပ္ေတာင္းခဲ့ခ်ိန္တြင္ ဘုရင္မႀကီးက လုံၿခဳံေရးမ်ားကို ေခၚယူခဲ့သည္။

ဖာဂန္သည္ လုံၿခဳံေရးရဲမ်ား၏ ဖမ္းဆီးျခင္းမခံရမီ ဘုရင္မႀကီး အခန္းမွ ၀ိုင္ျဖဴကိုပင္ေသာက္ ခဲ့ေသးသည္။ဖာဂန္အား ခိုးမႈျဖင့္ ဖမ္းဆီးခဲ့ကာ စိတ္ေ၀ဒနာရွင္ဟု ယူဆခံရသျဖင့္ စိတ္ က်န္းမာေရး ေဆးရုံတြင္ ေျခာက္လာႀကာ ထိန္းသိမ္းထားခဲ့ၿပီး ၁၉၈၃ ခုႏွစ္ ဇန္န၀ါရီလ ၂၁ ရက္တြင္ လြတ္ေျမာက္ခဲ့သည္။

လွ်ိဳ႕၀ွက္ အင္တာနက္ အဖြဲ႕(Cicada 3301 – Secret Internet Organization)

အေမရိကန္ႏိုင္ငံ၏ ႀသဇာႀကီးမားသည့္ ၀ါရွင္တန္ပို႕စ္သတင္းစာႀကီးက မေျဖရွင္းႏိုင္သည့္ အံ့မခန္း အံ့ႀသ ထိတ္လန္႕ဘြယ္ အင္တာနက္ စာမ်က္ႏွာ ငါးခုတြင္ တစ္ခု အပါအ၀င္ျဖစ္ေၾကာင္းေဖာ္ျပခဲ့သည့္ Cicada 3301 သည္၂၀၁၄ ခုႏွစ္တြင္ ထူးဆန္းေသာ ပထမဆုံး သတင္းေပးမႈတစ္ရပ္ကို ေဖာ္ျပခဲ့သည္။

ယင္းတို႕၏ သတင္းေပးခ်က္တြင္“ဥာဏ္ရည္ဥာဏ္ေသြး အလြန္ျမင့္မားေသာ ပုဂၢိဳလ္မ်ားကိုရွာေဖြေနပါသည္။အခက္ အခဲမ်ားျဖင့္ ျပည့္ေနသည့္ ခရီးကို လူအနည္းငယ္ကသာ ေလွ်ာက္လွမ္းၾကရမည္၊ ကံေကာင္း ပါေစ“ ဟုေရးသားေဖာ္ျပခဲ့သည္။မည္သည့္ ကုမၸဏီ၊ မည္သည့္ လူတစ္ဦးတစ္ေယာက္ကမွ Cicada 3301 သို႕ ဆက္သြယ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈ မရွိခဲ့ ပါေခ်။

Cicada 3301 သည္ လွ်ိဳ႕၀ွက္အင္တာနက္အဖြဲ႕တစ္ခုျဖစ္ၿပီး ပေဟဠိေမးခြန္းမ်ားထုတ္ကာ လူအမ်ားကို စုေဆာင္းလ်က္ရွိ သည္။ယင္းအဖြဲ႕ ထုတ္ျပန္ခဲ့သည့္ ဥာဏ္စမ္းပေဟဠိ အခ်ိဳ႕သည္ က်ယ္က်ယ္ျပန္႕ျပန္႕အေသးစိတ္ေဖာ္ျပထားကာလူတစ္ေယာက္၏ ဥာဏ္ရည္ဥာဏ္ ေသြး ကိုစစ္ေမးေသာ ေမးခြန္းမ်ားျဖစ္ၾကသည္။

ယင္းေမးခြန္းမ်ားကို ေျဖဆိုႏိုင္သူ အနည္းငယ္အနက္ ဂၽြန္အဲရစ္ဆင္ က Cicada 3301 သည္ လွ်ိဳ႕၀ွက္ေျမေအာက္အဖြဲ႕အစည္းတစ္ခုျဖစ္ဖြယ္ရွိေၾကာင္း၊ အဖြဲ႕အစည္းတစ္ရပ္အျဖစ္ထူေထာင္ျခင္းကို ဆန္႕ က်င္သည့္ သေဘာတရားျဖင့္ လႈပ္ရွားေနေၾကာင္း ေျပာဆိုခဲ့သည္။

Cicada 3301 ၏ စစ္မွန္ေသာ ေဖာ္ျပခ်က္၊အမည္၊ လိပ္စာ စသည္ တို႕ကို သိရွိသူ တစ္ဦးမွ မရွိပါေခ်။ယင္းအဖြဲ႕သည္ ယင္းတို႕၏ ရည္ရြယ္ခ်က္သို႕မဟုတ္ ယင္းတို႕၏ မူ၀ါဒႏွင့္ ယင္းတို႕အုပ္စု၏ အစိတ္အပိုင္းတစ္ခုအျဖစ္ သူတို႕ မည္သည့္အရာကို ေမွ်ာ္လင့္ေၾကာင္းကိုသာ ထုတ္ေဖာ္ေျပာျပဖြယ္ရွိသည္ဟု ယူဆၾကသည္။

ကမၻာ့ေမာ္ကြန္းတိုက္ သံေတာင္ႀကီး (Iron Mountain – The World’s Official Archive)

၀င္ေပါက္တြင္ AR-15 လက္နက္မ်ားကိုင္ေဆာင္ထားသည့္ လုံၿခဳံေရး၀န္ထမ္း ရွစ္ဦးေစာင့္ၾကပ္ေနသည့္ေနရာသည္ ကမၻာ ေပၚတြင္ တန္ဖိုးမျဖတ္ႏိုင္သည့္ ရတနာသိုက္အခ်ိဳ႕တည္ရွိသည့္ ေနရာတစ္ခုျဖစ္ႏိုင္ဖြယ္ရွိၿပီး သံေတာင္ႀကီးဟုအမည္ေပးထားသည္။ သံေတာင္ႀကီးသို႕ေရာက္ရွိရန္ ကမၻာေျမျပင္မွ နက္ရိႈင္းေသာေျမေအာက္ မိုင္းတြင္းသို႕အထပ္ ၂၂ ထပ္ ဆင္းသက္ရမည္ျဖစ္သည္။

ယင္းေနရာတြင္ ကုမၸဏီ ၅၀၀ က ယင္းတို႕၏ အခ်က္အလက္ကိန္းဂဏန္းမ်ားကို သိမ္းဆည္းထားၿပီး အဓိက ဘဏ္ တိုက္ႀကီးမ်ားက ယင္းတို႕၏ သတင္းအခ်က္အလက္မ်ားကို သံေတာင္ႀကီးတြင္ ထိန္းသိမ္းထားသည္။

သံေတာင္ႀကီးတြင္ ကမၻာေပၚ မွ အထင္ရွားဆုံး မူလ ဓာတ္ပုံနဂၢတစ္ေပါင္း ၂၇ သန္းရွိရာ အယ္လ္ဘတ္ အိုင္းစတိုင္းမွ ဂိုဟာပတ္အထိ ဓာတ္ပုံမ်ားပါ၀င္သည္။ ထို႕ အတူ အေရးႀကီး အသံဖိုင္မူရင္းမ်ားကိုလည္း ထားရွိၿပီး ဘီလ္ဂိတ္ စုေဆာင္းထားေသာ မွတ္တမ္းပုံေပါင္း သန္း ၁၀၀ ခန္႕သည္ သံေတာင္ႀကီးတြင္ ရွိေနသည္။

သံေတာင္ႀကီးသည္ နယူးကလီးယားႏွင့္ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားမွ လြတ္ကင္းသည့္ ေနရာျဖစ္ေၾကာင္းေျပာဆိုၾက သည္။ ေျမေအာက္တြင္ရွိသည့္ ဧက ၁၅၀ ေက်ာ္က်ယ္၀န္းေသာ ေရအိုင္ႀကီးမွ ၅၀ ဒီဂရီ ဖာရင္ဟိုက္ အပူခ်ိန္ရွိသည့္ ေရမ်ားကို မိုင္း တြင္းမ်ားတစ္ေလ်ာက္ျဖတ္သန္းကာ သံေတာင္ႀကီးအတြင္းပိုင္းတြင္ ထားသိုေသာ ပစၥည္းမ်ား၏ အပုခ်ိန္ကို ထိန္းညွိေပးသည္။

စုစုေပါင္းအက်ယ္အ၀န္း ၁ ဒသမ ၈ သန္း စတုရန္းေပက်ယ္၀န္းသည့္ သံေတာင္ႀကီးဧရိယာတစ္ခုလုံးကို မီးအားေပးစက္ ၁၅ လုံးကို အသင့္ထားရွိသည္။သံေတာင္ႀကီးတြင္ တာ၀န္ထမ္းေဆာင္ေနသူ ၂၇၀၀ ရွိၿပီးမွတ္တမ္းမ်ားကို ႏွစ္ ၅၀၀၀ ေက်ာ္ ႀကာ ရွည္ သည္အထိ ထိန္းသိမ္းႏိုင္ေၾကာင္း ေမာ္ကြန္းတိုက္က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ကိုကာ ကိုလာ ခ်က္နည္း (Coca-Cola’s Secret Recipe)

ကမၻာေပၚရွိ ႏိုင္ငံ ၂၀၀ မွျပည္သူမ်ားသည္ ကိုကာကိုလာအခ်ိဳရည္ဗူး ၁ ဒသမ ၈ သန္းေက်ာ္ကို ေန႕စဥ္ ေသာက္သုံးေနၾက ၿပီး ၂၀၁၁ ခုႏွစ္ စစ္တမ္းမ်ားအရ ကိုကာကိုလာသည္ ကမၻာေပၚတြင္တန္ဖိုးအႀကီးဆုံးအမွတ္တံဆိပ္တစ္ခုျဖစ္သည္။ကိုကာကိုလာ အခ်ိဳရည္ကို ကိုလာအသီးႏွင့္အရြက္မ်ားမွ ထုတ္လုပ္သည္ဟု အမ်ားသိရွိထားၾကေသာ္လည္း ကိုကာကိုလာကိုစတင္ျပဳလုပ္ခဲ့သည့္ နည္းသည္ လွ်ိဳ႕၀ွက္ခ်က္ တစ္ရပ္ျဖစ္ကာသိရွိသူ အလြန္ နည္းပါးလွေပသည္။

ကိုကာကိုလာ အခ်ိဳရည္ကို တီထြင္ခဲ့သူ ဂၽြန္ပမ္ဘာတန္သည္ ၁၈၈၆ ခုႏွစ္တြင္ ကိုကာကိုလာခ်က္လုပ္သည့္ နည္းပညာကိုအုပ္စုငယ္ေလးတစ္ခုကိုသာ အသိေပးခဲ့သည္။ယင္းနည္းစနစ္ကို ၁၉၁၉ ခုႏွစ္တြင္ အာဆာကန္ဒလာ၏ သားဆိုသူက မွတ္တမ္းျပဳ ေရးသားခဲ့ခ်က္ကို ကိုကာကိုလာကုမၸဏီသို႕ေရာင္းခ်ခဲ့သည္။

ကုမၸဏီက ယင္းနည္းစနစ္ကို နယူးေယာက္ၿမိဳ႕ရွိ ဂရန္တီ ဘဏ္တိုက္၏ အလုံခန္းတြင္ အပ္ႏွံသိမ္းဆည္းထားခဲ့သည္။ကိုကာကိုလာသည္ ယင္းေဖာ္ျမဴလာကို ၁၉၂၅ ခုႏွစ္တြင္ အတၱလႏၱာရွိ ဆန္းထရပ္စ္ ဘဏ္သို႕ ေျပာင္းေရႊ႕ ကာ ၂၀၁၁ ခုႏွစ္အထိသိမ္းဆည္းခဲ့သည္။

ယခုအခါတြင္ ကိုကာကိုလာ အခ်ိဳရည္ ျပဳလုပ္သည့္ လွ်ိဳ႕၀ွက္နည္းစဥ္သည္ ကိုကာကိုလာျပတိုက္၏ လွ်ိဳ႕၀ွက္ အလုံပိတ္ အခန္းတြင္ထားရွိကာ ျပည္သူ အနည္းငယ္ကို လာေရာက္ၾကည့္ရႈခြင့္ျပဳထားသည္။သို႕ေသာ္ ၁၉၁၉ ခုႏွစ္တြင္ အာဆာကန္ဒလာ၏ သားျဖစ္သူ ေရးသားခဲ့သည့္ စာရြက္စာတမ္းမူရင္းမ်ားကို ထည့္ထားသည့္ အနက္ေရာင္ေသတၱာကိုသာ ျမင္ၾကရေပသည္။

ေျမာက္ပိုင္းကင္းေစာင့္ကၽြန္း (North Sentinel Island – Be Killed On Sight)

အိႏၵိယႏိုင္ငံအစိုးရက သီးသန္႕ဇုန္တစ္ခုအျဖစ္သတ္မွတ္ကာ အနီး၀န္းက်င္ သုံးမိုင္ပတ္လည္သို႕ မည္သူ႕ကိုမွ် သြားေရာက္ ခြင့္မျပဳသည့္ ေျမာက္ပိုင္းကင္းေစာင့္ကၽြန္းသည္ ကၽြန္း၏ က်ဥ္းေျမာင္းေသာ ကမ္းေျခမွလြဲ၍သစ္ေတာမ်ားျဖင့္ ဖုံးအုပ္ေနသည့္ လွ်ိဳ႕ ၀ွက္ ေနရာတစ္ခုျဖစ္သည္။ကၽြန္းတြင္ လမ္းကြန္ရက္တစ္ခုရွိၿပီး သစ္ေတာအတြင္း၌ မ်ားျပားေသာေက်းရြာငယ္မ်ားရွိသည္။

ဆန္တီးနက္စ္ (Sentinelese) တို႕သည္ ကၽြန္းေပၚတြင္ ေနထိုင္ၾကသည့္ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားျဖစ္ၾကကာသူတို႕သည္ ျပင္ပမွလာေရာက္သူမ်ားကို အစြန္းေရာက္သည့္ ဆက္ဆံမႈမ်ားျပဳလုပ္ၾကကာ လက္ခံေလ့မရွိၾကေခ်။ သူတို႕သည္ သမိုင္းမတင္ မီ အခ်ိန္ကာလက လူသားမ်ားကဲ့သို႕ အမဲလိုက္ကာ အသက္ေမြးၾကသည့္ အဆင့္သာရွိၿပီး စိုက္ပ်ိဳးေရးကိုလည္း မျပဳလုပ္ၾကေခ်။

ယင္းမ်ိဳးႏြယ္စုသည္ ကမၻာႀကီး၏ တိုးတက္ေျပာင္းလဲမႈမ်ားမွ လုံး၀ကင္းေ၀းေနကာ ႏွစ္ေပါင္း ၆၀၀၀၀ ေက်ာ္ ျပင္ပကမၻာႏွင့္ အဆက္ျပတ္ေနခဲ့သည္။သူတို႕သည္ ေခတ္မီ လူမႈဖြံ႕ၿဖိဳးတိုးတက္မႈမ်ား၏ အက်ိဳးသက္ေရာက္မႈ လုံး၀မရွိေသာ လူသားမ်ားျဖစ္ၾက သည္။ကမၻာလွည့္ ခရီးသြား မာကိုပိုလိုက သူတို႕သည္ အၾကမ္းတမ္းအရက္စက္ဆုံးလူသားမ်ိဳးႏြယ္တစ္ခုျဖစ္ၿပီးသူတို႕ဖမ္းမိသည့္ မည္သူ ကို မဆို စားသုံးၾကမည့္ပုံ ျဖစ္ေၾကာင္းေရးသားခဲ့ဖူးသည္။

သို႕ေသာ္ ၁၉၉၁ ခုႏွစ္တြင္ သူတို႕ႏွင့္ ေတြ႕ဆုံခဲ့သူ ပ႑ိတ္ ထရိုင္လိုကီနတ္က သူတို႕သည္ ေက်ာေပးကာ ေဆာင့္ေၾကာင့္ထိုင္ေနၾကေၾကာင္းေျပာျပခဲ့သည္။သူတို႕သည္ ျပင္ပမွ ေရာက္ရွိလာသူမ်ားအား လွံမ်ား၊ျမားမ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ေလ့ရွိၾကၿပီး ၂၀၁၂ ခုႏွစ္တြင္ ေျမာက္ပိုင္းကင္းေစာင့္ကၽြန္းသို႕ ေရာက္ရွိသြားသူတစ္ဦးသည္ ကၽြန္းေပၚတြင္ လည္ပင္းတြင္လွံထိုးခံရၿပီး ေသဆုံး ေနေၾကာင္းေတြ႕ရွိခဲ့ၾကရသည္။

ဂ်င္ဂ်စ္ခန္ အုတ္ဂူ (The Tomb of Genghis Khan)

လူဦးေရ ၂၀၀ တြင္ တစ္ေယာက္သည္ ကမၻာ့သမိုင္းထဲမွ ဧရာမ စစ္သူရဲေကာင္း ဂ်င္ဂ်စ္ခန္မ်ိဳးႏြယ္မွ ဆင္းသက္လာ သည္ ဟု ဆိုၾကသည္။ ဂ်င္ဂ်စ္ခန္သည္ ေသးငယ္ေသာမ်ိဳးႏြယ္စု တစ္ခုမွ ဆင္းသက္ခဲ့ကာမြန္ဂို အင္ပါကို ထူေထာင္ႏိုင္ခဲ့သည္။

ဂ်င္ဂ်စ္ခန္ ကြယ္လြန္ခဲ့ၿပီးေနာက္ မည္သည့္ ေနရာတြက္ ျမွဳပ္ႏွံခဲ့ေၾကာင္း မသိရွိခဲ့ၾကပါေခ်။သို႕ေသာ္ ႏႈတ္ေျပာရာဇ၀င္မ်ားအရ ဂ်င္ဂ်စ္ခန္၏ စ်ာပန အခမ္းအနားတြင္ စစ္သည္ ၈၀၀ က လူထု ၂၀၀၀ ကို အစုလိုက္အၿပဳံလိုက္သတ္ခဲ့ၿပီး မိမိတုိ႕ကိုမိမိ အဆုံးစီရင္ခဲ့ၾကသည္ဟု ဆိုေပသည္။

ယင္းေနရာကို လအတန္ၾကာသည္အထိ ျမင္းမ်ားျဖင့္ ေျမႀကီးကို ဖိသိပ္ခဲ့ကာ ဂ်င္ဂ်စ္ခန္ ျမွဳပ္ႏွံခဲ့သည့္ ေနရာကို ဖုံးကြယ္ရန္ ျမစ္ တစ္စီးကို ယင္းအေပၚမွ စီးဆင္းေစရန္ လမ္းေၾကာင္းေျပာင္းေပးခဲ့သည္။ကာလီဖိုးနီးယား တကၠသိုလ္မွ ေဒါက္တာ အဲလ္ဘတ္ ယူမင္လင္ဦးေဆာင္လ်က္ ဒရုန္းယာဥ္ျဖင့္ စူးစမ္းေတြ႕ရွိထားေသာ ပုံရိပ္ ၈၄၀၀၀ ကို အေျခတည္လ်က္ ဂ်င္ဂ်စ္ခန္သခ်ၤ ိဳင္းကို ရွာေဖြ ခဲ့သည္။

လုပ္အားေပး အင္အား ၁၀၀၀၀ ျဖင့္ ၂၃၀၀ စတုရန္းမိုင္က်ယ္၀န္းသည့္ ဧရိယာအတြင္းစူးစမ္းရွာေဖြမႈမ်ားကို ေဆာင္ရြက္ခဲ့ ရာ ဂ်င္ဂ်စ္ခန္၏ ရုပ္အေလာင္းျမွဳပ္ႏွံခဲ့သည့္ ေနရာသည္ မြန္ဂိုလီးယားမွ အာခန္ခါလ္ဒန္ ေတာင္တန္းအနီးတြင္ ျဖစ္ဖြယ္ရွိေၾကာင္း ခန္႕မွန္းခဲ့ၾကသည္။ယင္းေနရာသည္ ဂ်င္ဂ်စ္ခန္၏ ေမြးရာဇာတိ ေျမ၏ အနီး၀န္းက်င္ျဖစ္သည္။လွ်ိဳ႕၀ွက္စြာတည္ရွိခဲ့သည့္ ဂ်င္ဂ်စ္ခန္ ၏ သခ်ၤ ိဳင္းဂူကိုယခုရာစုႏွစ္ မကုန္မီ ရွာေဖြေတြ႕ရွိမည္ဟု ေမွ်ာ္လင့္ထားၾကသည္။

ဗာရိုရွာ တားျမစ္နယ္ေျမ(Varosha – Forbidden Place)

ဗာရိုရွာသည္ တေစၦၿမိဳ႕ေတာ္တစ္ခုအျဖစ္ထင္ရွားကာ လူဦးေရ ၄၀၀၀၀ ေနထိုင္ခဲ့သည္။ ေျမထဲပင္လယ္ ကမ္းေျခရွိ ဗာရိုရွာ သည္ ၁၉၇၀ ျပည့္ႏွစ္မ်ားတြင္ ကမၻာလွည့္ခရီးသည္မ်ား အမ်ားဆုံးလာေရာက္လည္ပတ္သည့္ ေနရာတစ္ခုျဖစ္လာခဲ့သည္။

ခရီးသြား မ်ားလာေရာက္မႈ မ်ားျပားလာခဲ့သျဖင့္ ဗာရိုရွာတြင္ အထပ္ျမင့္ အေဆာက္အဦမ်ားႏွင့္ ဟိုတယ္မ်ားေပၚထြန္းလာခဲ့သည္။ဗာရိုရွာသို႕ အဲလိဇဘက္ေတလာ အပါအ၀င္ ကမၻာေက်ာ္ ပုဂၢိဳလ္မ်ား လာေရာက္လည္ပတ္ခဲ့ၾကသည္။ ခ်မ္းသာသူမ်ားႏွင့္ ထင္ေပၚေက်ာ္ၾကား ၾကသူမ်ားသည္ ဗာရိုရွာ ၏ စိုေျပေသာ လူမႈပုံစံမ်ားႏွင့္ျပည့္စုံေကာင္းမြန္ေသာ ကမ္းေျခမ်ားဆီသို႕ လာေရာက္ခဲ့ၾကသည္။

သို႕ေသာ္ ယခုအခ်ိန္တြင္ ပင္လယ္လိပ္ႀကီးမ်ားက အထီးက်န္ေနသည့္ ကမ္းေျခတြင္ ဥမ်ားလာအုေလ့ရွိသည့္ ဗာရိုရွာ ပင္လယ္ကမ္းေျခ ရွိအေဆာက္အအုံမ်ားသည္ ၿပိဳက်ပ်က္စီးေနၿပီး တိုက္နံရံမ်ားႏွင့္ လူသြားလမ္းမ်ားတြင္ အပင္မ်ားက အျမစ္တြယ္ ေနၾကေပသည္။ အေဆာက္အအုံမ်ား၏ ဧည့္ခန္းမ်ားတြင္ သစ္ပင္မ်ားပင္ေပါက္ေရာက္ေနၿပီျဖစ္သည္။

တူရကီတို႕က ဗာရိုရွာကို ၁၉၇၄ ခုႏွစ္တြင္က်ဴးေက်ာ္ ၀င္ေရာက္ခဲ့ကာ ထိန္းခ်ဳပ္ထားခဲ့သျဖင့္ ေဒသေန ျပည္သူမ်ားသည္ ဗာရိုရွာမွ ထြက္ေျပးခဲ့ၾကသည္။ ယေန႕တိုင္ အစြန္႔ပစ္ခံ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ရွိေနသည့္ ဗာရိုရွာသို႕ ျပည္သူမည္သူ တစ္ဦး တစ္ ေယာက္မွ် ေျခခ်ခြင့္မျပဳဘဲ တူရကီ စစ္တပ္ႏွင့္ ကုလသမဂၢမွ ၀န္ထမ္းမ်ားကိုသာ လာေရာက္ခြင့္ျပဳထားသည္။

ဗာရိုရွာရွိ တားဆီးထားေသာ ဂိတ္မ်ားသို႕၀င္ေရာက္ရန္ ႀကိဳးပမ္းသူမွန္သမွ်ကို ပစ္ခတ္ရန္ စစ္သားမ်ားကို အမိန္႕ေပးထား သည္။အကယ္၍ ဗာရိုရွာကို တစ္စုံတစ္ဦးကသာ ေခ်ာင္းၾကည့္ခြင့္ရမည္ဆိုလွ်င္ ၁၉၇၄ ခုႏွစ္က ေမာ္ေတာ္ယာဥ္မ်ားကို ေတြ႕ရွိရေပ လိမ့္မည္။

ဦးေခါင္းခြံႏွင့္အရိုးမ်ား အဖြဲ႕ (Skull & Bones)

ဦးေခါင္းခြံႏွင့္အရိုးမ်ားသည္ ေယးလ္တကၠသိုလ္ ၏ လွ်ိဳ႕၀ွက္ထားေသာ အဖြဲ႕အစည္းတစ္ခုျဖစ္သည္။အေထာက္အထား မရွိသည့္ ေျပာဆိုခ်က္မ်ားအရ အေမရိကန္ သမၼတ ေဂ်ာ့ဒဗလ်ဴဘုခ်္၏ အဘိုးသည္ အပါခ်ီ စစ္သူႀကီးဂ်ီရိုနီမို၏ အုတ္ဂူကို ၁၉၁၈ ခုႏွစ္တြင္ တူးေဖာ္ခဲ့သည္ဟု ဆိုသည္။စစ္သူႀကီး၏ ဦးေခါင္း၊ အရိုးႏွစ္ေခ်ာင္းကို အုတ္ဂူအတြင္းျပသရန္ ထားရွိၿပီး ယင္းအုပ္ဂူကို ဦးေခါင္းခြံႏွင့္အရိုးမ်ား အဖြဲ႕၏ ဌာနခ်ဳပ္အျဖစ္ သတ္မွတ္ခဲ့သည္။

အသင္း၀င္မ်ားကိုကမၻာ့ထင္ရွားေသာ ေခါင္းေဆာင္မ်ားျဖင့္ ဖြဲ႕စည္းခဲ့ကာ ေဒးလ္ကာနယ္ဂ်ီ၊ေရာ့ကဲလ္ဖဲလား၊ဖို႕ဒ္မိသားစု ၀င္မ်ား၏ ႀကြယ္၀ခ်မ္းသာမႈမ်ားကို ထိန္းခ်ဳပ္ထားသည္ဟု ဆိုၾကသည္။အဖြဲ႕၀င္မ်ားသည္ CIA အဖြဲ႕တြင္ ရာထူးတာ၀န္မ်ားထမ္း ေဆာင္ ေနၾကၿပီးအခ်ိဳ႕မွာ ႀသဇာႀကီးမားေသာ ဥပေဒပညာရွင္မ်ားျဖစ္ၾကသည္ဟုလည္း ဆိုသည္။

ယင္းအဖြဲ႕ကို ဂ်ာမနီႏိုင္ငံရွိ ကမၻာ့ေရေပၚဆီ လူတန္းစားမ်ားကလပ္တြင္ ႏွစ္အတန္ႀကာ အခ်ိန္ျဖဳန္းခဲ့သူ ၀ီလ်ံ ရပ္ဆဲလ္ ဆိုသူက ၁၈၃၂ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့သည္။ အသင္းတြင္ မည္သည့္ အခ်ိန္တြင္မဆို အသက္ရွင္သန္ဆဲ အမာခံပုဂၢိဳလ္ ၈၀၀ ျဖင့္သာ ဖြဲ႕စည္းထားသည္။အဖြဲ႕၏ အဓိကရည္ရြယ္ခ်က္သည္ အဖြဲ႕၀င္မ်ားအား ရာထူးအာဏာရွိသည့္ ေနရာမ်ားကို ျဖစ္ႏိုင္သမွ် ရရွိေစေရးျဖစ္သည္။အဖြဲ႕ကို စတင္တည္ေထာင္စဥ္က အခမ္းအနားမ်ားတြင္ အုတ္ဂူအတြင္းမွ ထူးဆန္းေသာ ေလခၽြန္သံႏွင့္ ညည္း ညဴသံ မ်ား ထြက္ေပၚခဲ့သည္ဟု ဆိုၾကသည္။

အ႒မေျမာက္ကမၻာ့အံ့ဘြယ္ (The 8th Wonder of the World)

ရုရွ ဘုရင္ပီတာအား ျငိမ္းခ်မ္းေရး အမွတ္တရ လက္ေဆာင္အျဖစ္ ၁၇၁၆ ခုႏွစ္တြင္ ေပးခဲ့သည့္ ေျခာက္တန္ခန္႕ ေလး ေသာ ပယင္းျပားႀကီးကို အ႒မေျမာက္ ကမၻာ့အံ့ဘြယ္ျဖစ္မည္ဟု ဆိုၾကသည္။ ယင္း ပစၥည္းသည္ ယခုအခ်ိန္တြင္ ကာလေပါက္ေစ်း အရအေမရိကန္ေဒၚလာ သန္း ၁၅၀ တန္ဖိုးရွိသည္။

ဒုတိယ ကမၻာစစ္အတြင္းက ဂ်ာမာန္စစ္သားမ်ားသည္ ကက္သရင္းူနန္းေတာ္ကို သိမ္းပိုက္အၿပီးတြင္ နန္းေတာ္ အခန္းကို ခိုးယူခဲ့ၾကသည္။ ယင္းအခန္းကို ဂ်ာမာန္တို႕က ဖ်က္ယူကာ ဘဲလ္တစ္ ကမ္းေျခသို႕ ေရႊ႕ေျပာင္းရန္စီစဥ္ခဲ့ၾကသည္။ သို႕ေသာ္ ပယင္း အခန္း၏ကံၾကမၼာသည္ ထူးဆန္းအံ့ႀသဘြယ္တစ္ရပ္ျဖစ္လာခဲ့ကာ ဒုတိယ ကမၻာစစ္အတြင္ ဖ်က္ဆီးခံခဲ့ရသေလာ၊ လုံၿခဳံေသာ ေနရာ တစ္ခုသို႕ ေရႊ႕ေျပာင္းျခင္းခံခဲ့ရသေလာဆိုသည္ကို မသိရွိခဲ့ၾကပါေခ်။

အကယ္၍သာ ယင္းပယင္းအခန္းကို ေတြ႕ရွိရမည္ဆိုပါက ကမၻာ့အံ့ဘြယ္ တန္ဘိုးအႀကီးမားဆုံး အႏုပညာပစၥည္းတစ္ခု ျဖစ္ေၾကာင္း သက္ေသျပႏိုင္မည္ျဖစ္သည္။သိုက္သမားမ်ားသည္ ယင္းပယင္းခန္းႀကီးကိုက်ယ္က်ယ္ျပန္႕ျပန္႕ ေ၀းေ၀းလံလံလိုက္လံ ရွာေဖြခဲ့ၾကေသာ္လည္း မည္သူမွ် မေတြ႕ရွိခဲ့ၾကေသးပါေခ်။

သို႕ေသာ္ ဂ်ာမာန္ရဲတပ္ဖြဲ႕သည္ ခန္းမေဆာင္ျပဳလုပ္ခဲ့သည့္ ပယင္း ျပား ႀကီးတစ္ခုကို ၁၉၉၇ ခုႏွစ္က ရွာေဖြေတြ႕ရွိခဲ့သည္။လူအမ်ားက ပယင္း ခန္းေဆာင္ႀကီးကို ႀကီးမားက်ယ္၀န္းေသာ ေျမေအာက္ တစ္ ေနရာတြင္ သိမ္းဆည္းထားမည္ဟု ယုံၾကည္ၾကသည္။ ယင္းေနရာသည္ ဂ်ာမနီႏိုင္ငံ၊ဆက္ဆြန္စည္ပင္သာယာ နယ္နိမိတ္ အတြင္း ရွိ Deutschneudorf ၏ ေျမေအာက္တြင္ျဖစ္မည္ဟု ယူဆခဲ့ၾကသည္။

၂၀၁၅ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္တြင္ ေရြျဖင့္ ျပဳလုပ္ထားသည့္ နာဇီ ရထားတစ္စီးကို ပိုလန္ႏိုင္ငံ အေနာက္ေျမာက္ ပိုင္းမွ ေတြ႕ရွိခဲ့ေၾကာင္း သတင္းထြက္ေပၚခဲ့သည္။ယင္းသို႕ ေတြ႕ရွိရာတြင္ မူလ ပယင္းနန္းေဆာင္လည္းပါ၀င္ႏိုင္ေၾကာင္း ေျပာဆို ခဲ့ၾက ေပသည္။

ေမာင္သာ (ေရွးေဟာင္းသုေတသန)
သုတစြယ္စုံမဂၢဇင္း


ကမ္ဘာပေါ်မှ အလှိ်ဳ႕ဝှက်ဆုံး နေရာများ (unicode)

မူရင်းရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

လူသားများသည် မိမိတို့နေထိုင်ရာ ကမ္ဘာအကြောင်းကို အလုံးစုံသိစေရန် ကြိုးပမ်းခဲ့ကြ၊ ကြမ်းပမ်းနေကြသည့်တိုင် ကမ္ဘာ ကြီးနှင့်စပ်ဆိုင်သည့် အချက်အလက်များသည် ကျန်ရှိနေဆဲပင်ဖြစ်သည်။

ဤကမ္ဘာကြီး၏ သဘာ၀ မြေထု၊ ရေထု နှင့် လေထု အကြောင်းကို ကုန်စင်အောင်သိနိုင်ရန် အားထုတ်ခဲ့ကြရာတွင် လူသား များ ဖန်တီးခဲ့သည့် ဝတ္ထုပစ္စည်းများသည်လည်း တစ်ဆက်တည်းပါဝင်လာခဲ့သည်။ထိုသို့စူးစမ်းကြရာမှ သဘာဝလျှို့ဝှက်ချက်မဟုတ် သည့် လူလုပ် အလျှို့ဝှက်ဆုံးနေရာ ၁၀ ခုကို ထုတ်ဖော်နိုင်ခဲ့ကြပေသည်။

ယင်းနေရာများတွင် ကမ္ဘာပေါ်တွင် အန္တရာယ်အကြီးမားဆုံး လူဆိုးများကို ထိန်းသိမ်းထားသည့် ထောင်မှသည် အရက်မူး သမားတစ်ယောက် ဝင်ရောက်ရန် အားထုတ်ခဲ့သည့် ဘာကင်ဟန် နန်းတော်ရှိ ဘုရင်မကြီး အိပ်ခန်းအထိ ပါဝင်ခဲ့သည်။ကမ္ဘာပေါ်ရှိ လူအများစုသည် ယင်းနေရာများသို့ မရောက်ဖူးခဲ့ကြသည်သာမက အချို့နေရာများကို ရှိမှန်းပင်မသိရှိကြပါချေ။အချို့နေရာသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များအတွက်သာ ဖြစ်ပြီး အချို့နေရာများသည် အဆိုးရွားဆုံး ကံမကောင်းမှုကိုဖော်ဆောင်သည့် နေရာများဖြစ်နေကြသည်။

ဖလောရင့် အကျဉ်းထောင်ကြီး (ADX Florence Prison)

အမေရိကန်နိုင်ငံ၏အန္တရာယ်အကြီးမားဆုံးလူဆိုးများကိုထားရှိသည့်အကျဉ်းစခန်းသည် ကော်လိုရာဒိုပြည်နယ်၊ဖလောရင့်စ် တွင်တည်ရှိသည်။ယင်းအကျဉ်းထောင်ကို ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကာ ပြည်ထောင်စုအကျဉ်းထောင်များ ဗျူရို မှ စီမံခန့်ခွဲမှုများကို ဆောင်ရွက်သည်။ ဖလောရင့်စ် အကျဉ်းထောင်ကို ငရဲနှင့်တူညီသည့် အရှင်းလင်းဆုံးပုံစံတူနေရာဟု တင်စားခေါ်ဆိုကြသည်။

ယင်းနေရာတွင် ကင်မရာ အသုံးပြုခြင်းကို လုံး၀ ခွင့်မပြုဘဲ ပြည်ထောင်စုအကျဉ်းထောင်များဗျူရိုက အဆိုးတကာ့ အဆိုး ဆုံး ယင်းထောင်အကြောင်း ကို ပြောဆိုရေးသားခွင့်မပြုချေ။ယင်းထောင်အတွင်း၌ အယ်လ်ကိုင်ဒါ လေယာဉ်ပြန်ပေးဆွဲ သမား၊ ဖိနပ် ဗုံးထောင်သူ၊အိုလံပစ် ပန်းခြံ ဗုံးခွဲသူနှင့် ကုန်သွယ်မှု ဗဟိုဌာနကို တိုက်ခိုက်မှုတွင် အဓိက ကြိုးကိုင်ခဲ့သူ စသည့် လူသားများအတွက် အန္တရာယ်အကြီးမားဆုံး တရားခံများကို ထိန်းသိမ်းထားသည်။

အကျဉ်းထောင်အခန်းတွင် ရေချိုးခန်းတစ်ခု၊သန့်စင်ခန်းတစ်လုံး၊ခုံငယ်တစ်ခု၊ကွန်ကရစ် ကုတင် တစ်လုံးနှင့် လေးလက်မ အရွယ် ပြုတင်းတစ်ပေါက် ပါရှိသည်။အကျဉ်းထောင်တစ်ခုလုံးသည်လုံး၀ တိတ်ဆိတ်နေကာ တရားခံများသည် မည်သူတစ်ဦး တစ် ယောက်နှင့်မှ မြင်တွေ့ ရခြင်း၊စကားပြောဆိုရခြင်းမရှိချေ။အကျဉ်းသားများအား တစ်ရက်လျှင် တစ်နာရီခန့် မိမိအခန်းမှ အပြင်သို့ ထွက်ခွင့်ပြုထားခြင်းသည် မိမိအခန်းမှ အခြားအခန်းတစ်ခန်းသို့ ပြောင်းရွှေ့ပေးခြင်းသာဖြစ်ပြီး မည်သည့် ရှုကွင်းကိုမှ မမြင်တွေ့ရ ဘဲ အထီးကျန်စွာထားရှိသည်။

ဖလောရင့်စ် အကျဉ်းထောင်ကို ဖွင့်လှစ်ပြီး အနှစ် ၂၀ အတွင်း အကျဉ်းသား ခုနစ်ဦးသည် သေကြောင်းကြံစည်ခဲ့ကြပြီး မည်သူတစ်ဦးတစ်ယောက်မှ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပါချေ။

ဘုရင်မကြီး အဲလ်လိဇဘက်၏ အိပ်ခန်း (Queen Elizabeth II’s Bedroom)

လန်ဒန်မြို့ရှိ ဘာကင်ဟန်နန်းတော်၏ ဒုတိယထပ် အရှေ့ဘက်ခြမ်းရှိ နန်းဆောင်များတွင် ဘုရင်မကြီး အဲလ်လိဇဘက် နန်းစံလျက်ရှိသည်။ဘုရင်မကြီး၏ နန်းဆောင်များသို့ လျှို့ဝှက် တံခါးတစ်ပေါက်မှသာ ဝင်ရောက်နိုင်သည်။ကမ္ဘာပေါ်ရှိ သက်ရှိ ထင် ရှား လူပုဂ္ဂိုလ်များအနက် ယင်းတံခါးမည်သည့်နေရာတွင်ရှိသည်ကို သိရှိသူမှာ အရေအတွက် အလွန့်အလွန်နည်းပါးလှပေ သည်။ နန်းတော်မှ ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများသည် တော်ဝင် ခန်းဆောင်များနှင့် ပတ်သက်၍ မည်သည့်အခါမှ ပြောဆိုလေ့ မရှိကြ ချေ။အများပြည်သူများအား ဘာကင်ဟန်နန်းတော်သို့ လာရောက်လည်ပတ်ကြည့်ရှုခွင့်ပြုထားသော်လည်း အခန်း ၁၉ ခန်းကို သာ သွားရောက်ခွင့်ပြုထားပြီး ဘုရင်၊ ဘုရင်မများ၏ ကိုယ်ပိုင်အခန်းများကို မည်သူမျှ မြင်တွေ့ခွင့်မရခဲ့ကြချေ။

သို့သော် မိုက်ကယ်ဖာဂန်ဆိုသူသည် ၁၉၈၂ ခုနှစ် ဇူလိုင်လ ၉ ရက် နံနက်တွင် ဘာကင်ဟန် နန်းတော်တွင်းသို့ ဖောက် ထွင်းဝင်ရောက်နိုင်ခဲ့သည်။အချက်ပေး ကိရိယာများကို ဖြုတ်ပြီး ဝင်ရောက်နိုင်ခဲ့သဖြင့် မည်သူမျှ မသိရှိခဲ့ကြဟုဆိုသည်။ဖာဂန်သည် ဘုရင်မကြီး အိပ်ခန်းအထိရောက်ရှိခဲ့ကာ ဘုရင်မကြီးအိပ်စက်နေသည့်ကုတင်သည်နှစ်ယောက်အိပ်ကုတင်ဖြစ်ကြောင်း၊ ဘုရင်မ ကြီး ၏ ညအိပ်ဝတ်စုံသည် လီဘာတီရုပ် ရိုက်နှိပ်ထားသည့် ဝတ်စုံတစ်ခုဖြစ်ပြီး ဒူးခေါင်းအထိ ဖုံးအုပ်အိပ်စက်နေ ကြောင်းပြန် ပြောင်း ပြောပြခဲ့သည်။

ဖာဂန်က ဘုရင်မက်ြး အိပ်ခန်းသည် ၁၆ ပေရှည်၍ ၁၂ ပေကျယ်ဝန်းကြောင်း၊ ကုတင်ငယ်တစ်လုံးရှိ ကြောင်း၊အခန်းနံရံ တွင် အံဆွဲများပါရှိသော ဗီဒို တစ်လုံးရှိကြောင်း ပြောဆိုခဲ့သည်။ဖာဂန်သည် ဘုရင်မကြီးနှင့် ၁၀ မိနစ် စကားပြောခဲ့ပြီးစိးကရက် တစ် လိပ်တောင်းခဲ့ချိန်တွင် ဘုရင်မကြီးက လုံခြုံရေးများကို ခေါ်ယူခဲ့သည်။ဖာဂန်သည် လုံခြုံရေးရဲများ၏ ဖမ်းဆီးခြင်းမခံရမီ ဘုရင်မကြီး အခန်းမှ ဝိုင်ဖြူကိုပင်သောက် ခဲ့သေးသည်။ဖာဂန်အား ခိုးမှုဖြင့် ဖမ်းဆီးခဲ့ကာ စိတ်ဝေဒနာရှင်ဟု ယူဆခံရသဖြင့် စိတ် ကျန်းမာရေး ဆေးရုံတွင် ခြောက်လာကြာ ထိန်းသိမ်းထားခဲ့ပြီး ၁၉၈၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် လွတ်မြောက်ခဲ့သည်။

လျှို့ဝှက် အင်တာနက် အဖွဲ့(Cicada 3301 – Secret Internet Organization)

အမေရိကန်နိုင်ငံ၏ ဩဇာကြီးမားသည့် ဝါရှင်တန်ပို့စ်သတင်းစာကြီးက မဖြေရှင်းနိုင်သည့် အံ့မခန်း အံ့ဩ ထိတ်လန့်ဘွယ် အင်တာနက် စာမျက်နှာ ငါးခုတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်းဖော်ပြခဲ့သည့် Cicada 3301 သည်၂၀၁၄ ခုနှစ်တွင် ထူးဆန်းသော ပထမဆုံး သတင်းပေးမှုတစ်ရပ်ကို ဖော်ပြခဲ့သည်။ယင်းတို့၏ သတင်းပေးချက်တွင်“ဥာဏ်ရည်ဥာဏ်သွေး အလွန်မြင့်မားသော ပုဂ္ဂိုလ်များကိုရှာဖွေနေပါသည်။အခက် အခဲများဖြင့် ပြည့်နေသည့် ခရီးကို လူအနည်းငယ်ကသာ လျှောက်လှမ်းကြရမည်၊ ကံကောင်း ပါစေ“ ဟုရေးသားဖော်ပြခဲ့သည်။မည်သည့် ကုမ္ပဏီ၊ မည်သည့် လူတစ်ဦးတစ်ယောက်ကမှ Cicada 3301 သို့ ဆက်သွယ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ ပါချေ။

Cicada 3301 သည် လျှို့ဝှက်အင်တာနက်အဖွဲ့တစ်ခုဖြစ်ပြီး ပဟေဠိမေးခွန်းများထုတ်ကာ လူအများကို စုဆောင်းလျက်ရှိ သည်။ယင်းအဖွဲ့ ထုတ်ပြန်ခဲ့သည့် ဥာဏ်စမ်းပဟေဠိ အချို့သည် ကျယ်ကျယ်ပြန့်ပြန့်အသေးစိတ်ဖော်ပြထားကာလူတစ်ယောက်၏ ဥာဏ်ရည်ဥာဏ် သွေး ကိုစစ်မေးသော မေးခွန်းများဖြစ်ကြသည်။ယင်းမေးခွန်းများကို ဖြေဆိုနိုင်သူ အနည်းငယ်အနက် ဂျွန်အဲရစ်ဆင် က Cicada 3301 သည် လျှို့ဝှက်မြေအောက်အဖွဲ့အစည်းတစ်ခုဖြစ်ဖွယ်ရှိကြောင်း၊ အဖွဲ့အစည်းတစ်ရပ်အဖြစ်ထူထောင်ခြင်းကို ဆန့် ကျင်သည့် သဘောတရားဖြင့် လှုပ်ရှားနေကြောင်း ပြောဆိုခဲ့သည်။

Cicada 3301 ၏ စစ်မှန်သော ဖော်ပြချက်၊အမည်၊ လိပ်စာ စသည် တို့ကို သိရှိသူ တစ်ဦးမှ မရှိပါချေ။ယင်းအဖွဲ့သည် ယင်းတို့၏ ရည်ရွယ်ချက်သို့မဟုတ် ယင်းတို့၏ မူဝါဒနှင့် ယင်းတို့အုပ်စု၏ အစိတ်အပိုင်းတစ်ခုအဖြစ် သူတို့ မည်သည့်အရာကို မျှော်လင့်ကြောင်းကိုသာ ထုတ်ဖော်ပြောပြဖွယ်ရှိသည်ဟု ယူဆကြသည်။

ကမ္ဘာ့မော်ကွန်းတိုက် သံတောင်ကြီး (Iron Mountain – The World’s Official Archive)

ဝင်ပေါက်တွင် AR-15 လက်နက်များကိုင်ဆောင်ထားသည့် လုံခြုံရေးဝန်ထမ်း ရှစ်ဦးစောင့်ကြပ်နေသည့်နေရာသည် ကမ္ဘာ ပေါ်တွင် တန်ဖိုးမဖြတ်နိုင်သည့် ရတနာသိုက်အချို့တည်ရှိသည့် နေရာတစ်ခုဖြစ်နိုင်ဖွယ်ရှိပြီး သံတောင်ကြီးဟုအမည်ပေးထားသည်။ သံတောင်ကြီးသို့ရောက်ရှိရန် ကမ္ဘာမြေပြင်မှ နက်ရှိုင်းသောမြေအောက် မိုင်းတွင်းသို့အထပ် ၂၂ ထပ် ဆင်းသက်ရမည်ဖြစ်သည်။

ယင်းနေရာတွင် ကုမ္ပဏီ ၅၀၀ က ယင်းတို့၏ အချက်အလက်ကိန်းဂဏန်းများကို သိမ်းဆည်းထားပြီး အဓိက ဘဏ် တိုက်ကြီးများက ယင်းတို့၏ သတင်းအချက်အလက်များကို သံတောင်ကြီးတွင် ထိန်းသိမ်းထားသည်။သံတောင်ကြီးတွင် ကမ္ဘာပေါ် မှ အထင်ရှားဆုံး မူလ ဓာတ်ပုံနဂ္ဂတစ်ပေါင်း ၂၇ သန်းရှိရာ အယ်လ်ဘတ် အိုင်းစတိုင်းမှ ဂိုဟာပတ်အထိ ဓာတ်ပုံများပါဝင်သည်။ ထို့ အတူ အရေးကြီး အသံဖိုင်မူရင်းများကိုလည်း ထားရှိပြီး ဘီလ်ဂိတ်၏ မှတ်တမ်းပုံပေါင်း သန်း ၁၀၀ ခန့်သည် သံတောင်ကြီးတွင် ရှိနေသည်။

သံတောင်ကြီးသည် နယူးကလီးယားနှင့် အကြမ်းဖက် တိုက်ခိုက်မှုများမှ လွတ်ကင်းသည့် နေရာဖြစ်ကြောင်းပြောဆိုကြ သည်။ မြေအောက်တွင်ရှိသည့် ဧက ၁၅၀ ကျော်ကျယ်ဝန်းသော ရေအိုင်ကြီးမှ ၅၀ ဒီဂရီ ဖာရင်ဟိုက် အပူချိန်ရှိသည့် ရေများကို မိုင်း တွင်းများတစ်လျောက်ဖြတ်သန်းကာ သံတောင်ကြီးအတွင်းပိုင်းတွင် ထားသိုသော ပစ္စည်းများ၏ အပုချိန်ကို ထိန်းညှိပေးသည်။

စုစုပေါင်းအကျယ်အဝန်း ၁ ဒသမ ၈ သန်း စတုရန်းပေကျယ်ဝန်းသည့် သံတောင်ကြီးဧရိယာတစ်ခုလုံးကို မီးအားပေးစက် ၁၅ လုံးကို အသင့်ထားရှိသည်။သံတောင်ကြီးတွင် တာဝန်ထမ်းဆောင်နေသူ ၂၇၀၀ ရှိပြီးမှတ်တမ်းများကို နှစ် ၅၀၀၀ ကျော် ကြာ ရှည် သည်အထိ ထိန်းသိမ်းနိုင်ကြောင်း မော်ကွန်းတိုက်က ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုကာ ကိုလာ ချက်နည်း (Coca-Cola’s Secret Recipe)

ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၀၀ မှပြည်သူများသည် ကိုကာကိုလာအချိုရည်ဗူး ၁ ဒသမ ၈ သန်းကျော်ကို နေ့စဉ် သောက်သုံးနေကြ ပြီး ၂၀၁၁ ခုနှစ် စစ်တမ်းများအရ ကိုကာကိုလာသည် ကမ္ဘာပေါ်တွင်တန်ဖိုးအကြီးဆုံးအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ကိုကာကိုလာ အချိုရည်ကို ကိုလာအသီးနှင့်အရွက်များမှ ထုတ်လုပ်သည်ဟု အများသိရှိထားကြသော်လည်း ကိုကာကိုလာကိုစတင်ပြုလုပ်ခဲ့သည့် နည်းသည် လျှို့ဝှက်ချက် တစ်ရပ်ဖြစ်ကာသိရှိသူ အလွန် နည်းပါးလှပေသည်။

ကိုကာကိုလာ အချိုရည်ကို တီထွင်ခဲ့သူ ဂျွန်ပမ်ဘာတန်သည် ၁၈၈၆ ခုနှစ်တွင် ကိုကာကိုလာချက်လုပ်သည့် နည်းပညာကို
အုပ်စုငယ်လေးတစ်ခုကိုသာ အသိပေးခဲ့သည်။ယင်းနည်းစနစ်ကို ၁၉၁၉ ခုနှစ်တွင် အာဆာကန်ဒလာ၏ သားဆိုသူက မှတ်တမ်းပြု ရေးသားခဲ့ချက်ကို ကိုကာကိုလာကုမ္ပဏီသို့ရောင်းချခဲ့သည်။ကုမ္ပဏီက ယင်းနည်းစနစ်ကို နယူးယောက်မြို့ရှိ ဂရန်တီ ဘဏ်တိုက်၏ အလုံခန်းတွင် အပ်နှံသိမ်းဆည်းထားခဲ့သည်။ကိုကာကိုလာသည် ယင်းဖော်မြူလာကို ၁၉၂၅ ခုနှစ်တွင် အတ္တလန္တာရှိ ဆန်းထရပ်စ် ဘဏ်သို့ ပြောင်းရွှေ့ ကာ ၂၀၁၁ ခုနှစ်အထိသိမ်းဆည်းခဲ့သည်။

ယခုအခါတွင် ကိုကာကိုလာ အချိုရည် ပြုလုပ်သည့် လျှို့ဝှက်နည်းစဉ်သည် ကိုကာကိုလာပြတိုက်၏ လျှို့ဝှက် အလုံပိတ် အခန်းတွင်ထားရှိကာ ပြည်သူ အနည်းငယ်ကို လာရောက်ကြည့်ရှုခွင့်ပြုထားသည်။သို့သော် ၁၉၁၉ ခုနှစ်တွင် အာဆာကန်ဒလာ၏ သားဖြစ်သူ ရေးသားခဲ့သည့် စာရွက်စာတမ်းမူရင်းများကို ထည့်ထားသည့် အနက်ရောင်သေတ္တာကိုသာ မြင်ကြရပေသည်။

မြောက်ပိုင်းကင်းစောင့်ကျွန်း (North Sentinel Island – Be Killed On Sight)

အိန္ဒိယနိုင်ငံအစိုးရက သီးသန့်ဇုန်တစ်ခုအဖြစ်သတ်မှတ်ကာ အနီးဝန်းကျင် သုံးမိုင်ပတ်လည်သို့ မည်သူ့ကိုမျှ သွားရောက် ခွင့်မပြုသည့် မြောက်ပိုင်းကင်းစောင့်ကျွန်းသည် ကျွန်း၏ ကျဉ်းမြောင်းသော ကမ်းခြေမှလွဲ၍သစ်တောများဖြင့် ဖုံးအုပ်နေသည့် လျှို့ ဝှက် နေရာတစ်ခုဖြစ်သည်။ကျွန်းတွင် လမ်းကွန်ရက်တစ်ခုရှိပြီး သစ်တောအတွင်း၌ များပြားသောကျေးရွာငယ်များရှိသည်။

ဆန်တီးနက်စ် (Sentinelese) တို့သည် ကျွန်းပေါ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြကာသူတို့သည် ပြင်ပမှလာရောက်သူများကို အစွန်းရောက်သည့် ဆက်ဆံမှုများပြုလုပ်ကြကာ လက်ခံလေ့မရှိကြချေ။ သူတို့သည် သမိုင်းမတင် မီ အချိန်ကာလက လူသားများကဲ့သို့ အမဲလိုက်ကာ အသက်မွေးကြသည့် အဆင့်သာရှိပြီး စိုက်ပျိုးရေးကိုလည်း မပြုလုပ်ကြချေ။

ယင်းမျိုးနွယ်စုသည် ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှုများမှ လုံးဝကင်းဝေးနေကာ နှစ်ပေါင်း ၆၀၀၀၀ ကျော် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခဲ့သည်။သူတို့သည် ခေတ်မီ လူမှုဖွံ့ဖြိုးတိုးတက်မှုများ၏ အကျိုးသက်ရောက်မှု လုံးဝမရှိသော လူသားများဖြစ်ကြ သည်။ကမ္ဘာလှည့် ခရီးသွား မာကိုပိုလိုက သူတို့သည် အကြမ်းတမ်းအရက်စက်ဆုံးလူသားမျိုးနွယ်တစ်ခုဖြစ်ပြီးသူတို့ဖမ်းမိသည့် မည်သူ ကို မဆို စားသုံးကြမည့်ပုံ ဖြစ်ကြောင်းရေးသားခဲ့ဖူးသည်။

သို့သော် ၁၉၉၁ ခုနှစ်တွင် သူတို့နှင့် တွေ့ဆုံခဲ့သူ ပဏ္ဍိတ် ထရိုင်လိုကီနတ်က သူတို့သည် ကျောပေးကာ ဆောင့်ကြောင့်
ထိုင်နေကြကြောင်းပြောပြခဲ့သည်။သူတို့သည် ပြင်ပမှ ရောက်ရှိလာသူများအား လှံများ၊မြားများဖြင့် ပစ်ခတ် တိုက်ခိုက်လေ့ရှိကြပြီး
၂၀၁၂ ခုနှစ်တွင် မြောက်ပိုင်းကင်းစောင့်ကျွန်းသို့ ရောက်ရှိသွားသူတစ်ဦးသည် ကျွန်းပေါ်တွင် လည်ပင်းတွင်လှံထိုးခံရပြီး သေဆုံး နေကြောင်းတွေ့ရှိခဲ့ကြရသည်။

ဂျင်ဂျစ်ခန် အုတ်ဂူ (The Tomb of Genghis Khan)

လူဦးရေ ၂၀၀ တွင် တစ်ယောက်သည် ကမ္ဘာ့သမိုင်းထဲမှ ဧရာမ စစ်သူရဲကောင်း ဂျင်ဂျစ်ခန်မျိုးနွယ်မှ ဆင်းသက်လာ သည် ဟု ဆိုကြသည်။ ဂျင်ဂျစ်ခန်သည် သေးငယ်သောမျိုးနွယ်စု တစ်ခုမှ ဆင်းသက်ခဲ့ကာမွန်ဂို အင်ပါကို ထူထောင်နိုင်ခဲ့သည်။ ဂျင်ဂျစ်ခန် ကွယ်လွန်ခဲ့ပြီးနောက် မည်သည့် နေရာတွက် မြှုပ်နှံခဲ့ကြောင်း မသိရှိခဲ့ကြပါချေ။သို့သော် နှုတ်ပြောရာဇဝင်များအရ ဂျင်ဂျစ်ခန်၏ ဈာပန အခမ်းအနားတွင် စစ်သည် ၈၀၀ က လူထု ၂၀၀၀ ကို အစုလိုက်အပြုံလိုက်သတ်ခဲ့ပြီး မိမိတို့ကိုမိမိ အဆုံးစီရင်ခဲ့ကြသည်ဟု ဆိုပေသည်။

ယင်းနေရာကို လအတန်ကြာသည်အထိ မြင်းများဖြင့် မြေကြီးကို ဖိသိပ်ခဲ့ကာ ဂျင်ဂျစ်ခန် မြှုပ်နှံခဲ့သည့် နေရာကို ဖုံးကွယ်ရန်
မြစ် တစ်စီးကို ယင်းအပေါ်မှ စီးဆင်းစေရန် လမ်းကြောင်းပြောင်းပေးခဲ့သည်။ကာလီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ အဲလ်ဘတ် ယူမင်လင်ဦးဆောင်လျက် ဒရုန်းယာဉ်ဖြင့် စူးစမ်းတွေ့ရှိထားသော ပုံရိပ် ၈၄၀၀၀ ကို အခြေတည်လျက် ဂျင်ဂျစ်ခန်သင်္ချ ိဳင်းကို ရှာဖွေ ခဲ့သည်။

လုပ်အားပေး အင်အား ၁၀၀၀၀ ဖြင့် ၂၃၀၀ စတုရန်းမိုင်ကျယ်ဝန်းသည့် ဧရိယာအတွင်းစူးစမ်းရှာဖွေမှုများကို ဆောင်ရွက်ခဲ့ ရာ ဂျင်ဂျစ်ခန်၏ ရုပ်အလောင်းမြှုပ်နှံခဲ့သည့် နေရာသည် မွန်ဂိုလီးယားမှ အာခန်ခါလ်ဒန် တောင်တန်းအနီးတွင် ဖြစ်ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့ကြသည်။ယင်းနေရာသည် ဂျင်ဂျစ်ခန်၏ မွေးရာဇာတိ မြေ၏ အနီးဝန်းကျင်ဖြစ်သည်။လျှို့ဝှက်စွာတည်ရှိခဲ့သည့် ဂျင်ဂျစ်ခန် ၏ သင်္ချ ိဳင်းဂူကိုယခုရာစုနှစ် မကုန်မီ ရှာဖွေတွေ့ရှိမည်ဟု မျှော်လင့်ထားကြသည်။

ဗာရိုရှာ တားမြစ်နယ်မြေ(Varosha – Forbidden Place)

ဗာရိုရှာသည် တစ္ဆေမြို့တော်တစ်ခုအဖြစ်ထင်ရှားကာ လူဦးရေ ၄၀၀၀၀ နေထိုင်ခဲ့သည်။ မြေထဲပင်လယ် ကမ်းခြေရှိ ဗာရိုရှာ သည် ၁၉၇၀ ပြည့်နှစ်များတွင် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ ခရီးသွား များလာရောက်မှု များပြားလာခဲ့သဖြင့် ဗာရိုရှာတွင် အထပ်မြင့် အဆောက်အဦများနှင့် ဟိုတယ်များပေါ်ထွန်းလာခဲ့သည်။ဗာရိုရှာသို့ အဲလိဇဘက်တေလာ အပါအဝင် ကမ္ဘာကျော် ပုဂ္ဂိုလ်များ လာရောက်လည်ပတ်ခဲ့ကြသည်။ ချမ်းသာသူများနှင့် ထင်ပေါ်ကျော်ကြား ကြသူများသည် ဗာရိုရှာ ၏ စိုပြေသော လူမှုပုံစံများနှင့်ပြည့်စုံကောင်းမွန်သော ကမ်းခြေများဆီသို့ လာရောက်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ပင်လယ်လိပ်ကြီးများက အထီးကျန်နေသည့် ကမ်းခြေတွင် ဥများလာအုလေ့ရှိသည့် ဗာရိုရှာ ပင်လယ်ကမ်းခြေ ရှိအဆောက်အအုံများသည် ပြိုကျပျက်စီးနေပြီး တိုက်နံရံများနှင့် လူသွားလမ်းများတွင် အပင်များက အမြစ်တွယ် နေကြပေသည်။ အဆောက်အအုံများ၏ ဧည့်ခန်းများတွင် သစ်ပင်များပင်ပေါက်ရောက်နေပြီဖြစ်သည်။

တူရကီတို့က ဗာရိုရှာကို ၁၉၇၄ ခုနှစ်တွင်ကျူးကျော် ဝင်ရောက်ခဲ့ကာ ထိန်းချုပ်ထားခဲ့သဖြင့် ဒေသနေ ပြည်သူများသည် ဗာရိုရှာမှ ထွက်ပြေးခဲ့ကြသည်။ ယနေ့တိုင် အစွန့်ပစ်ခံ မြို့တစ်မြို့အဖြစ် တည်ရှိနေသည့် ဗာရိုရှာသို့ ပြည်သူမည်သူ တစ်ဦး တစ် ယောက်မျှ ခြေချခွင့်မပြုဘဲ တူရကီ စစ်တပ်နှင့် ကုလသမဂ္ဂမှ ဝန်ထမ်းများကိုသာ လာရောက်ခွင့်ပြုထားသည်။

ဗာရိုရှာရှိ တားဆီးထားသော ဂိတ်များသို့ဝင်ရောက်ရန် ကြိုးပမ်းသူမှန်သမျှကို ပစ်ခတ်ရန် စစ်သားများကို အမိန့်ပေးထား သည်။အကယ်၍ ဗာရိုရှာကို တစ်စုံတစ်ဦးကသာ ချောင်းကြည့်ခွင့်ရမည်ဆိုလျှင် ၁၉၇၄ ခုနှစ်က မော်တော်ယာဉ်များကို တွေ့ရှိရပေ လိမ့်မည်။

ဦးခေါင်းခွံနှင့်အရိုးများ အဖွဲ့ (Skull & Bones)

ဦးခေါင်းခွံနှင့်အရိုးများသည် ယေးလ်တက္ကသိုလ် ၏ လျှို့ဝှက်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။အထောက်အထား မရှိသည့် ပြောဆိုချက်များအရ အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုခ်ျ၏ အဘိုးသည် အပါချီ စစ်သူကြီးဂျီရိုနီမို၏ အုတ်ဂူကို ၁၉၁၈ ခုနှစ်တွင် တူးဖော်ခဲ့သည်ဟု ဆိုသည်။စစ်သူကြီး၏ ဦးခေါင်း၊ အရိုးနှစ်ချောင်းကို အုတ်ဂူအတွင်းပြသရန် ထားရှိပြီး ယင်းအုပ်ဂူကို ဦးခေါင်းခွံနှင့်အရိုးများ အဖွဲ့၏ ဌာနချုပ်အဖြစ် သတ်မှတ်ခဲ့သည်။

အသင်းဝင်များကိုကမ္ဘာ့ထင်ရှားသော ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့ကာ ဒေးလ်ကာနယ်ဂျီ၊ရော့ကဲလ်ဖဲလား၊ဖို့ဒ်မိသားစု ဝင်များ၏ ကြွယ်ဝချမ်းသာမှုများကို ထိန်းချုပ်ထားသည်ဟု ဆိုကြသည်။အဖွဲ့ဝင်များသည် CIA အဖွဲ့တွင် ရာထူးတာဝန်များထမ်း ဆောင် နေကြပြီးအချို့မှာ ဩဇာကြီးမားသော ဥပဒေပညာရှင်များဖြစ်ကြသည်ဟုလည်း ဆိုသည်။

ယင်းအဖွဲ့ကို ဂျာမနီနိုင်ငံရှိ ကမ္ဘာ့ရေပေါ်ဆီ လူတန်းစားများကလပ်တွင် နှစ်အတန်ကြာ အချိန်ဖြုန်းခဲ့သူ ဝီလျံ ရပ်ဆဲလ် ဆိုသူက ၁၈၃၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။အသင်းတွင် မည်သည့် အချိန်တွင်မဆို အသက်ရှင်သန်ဆဲ အမာခံပုဂ္ဂိုလ် ၈၀၀ ဖြင့်သာ ဖွဲ့စည်းထားသည်။အဖွဲ့၏ အဓိကရည်ရွယ်ချက်သည် အဖွဲ့ဝင်များအား ရာထူးအာဏာရှိသည့် နေရာများကို ဖြစ်နိုင်သမျှ ရရှိစေရေးဖြစ်သည်။အဖွဲ့ကို စတင်တည်ထောင်စဉ်က အခမ်းအနားများတွင် အုတ်ဂူအတွင်းမှ ထူးဆန်းသော လေချွန်သံနှင့် ညည်း ညူသံ များ ထွက်ပေါ်ခဲ့သည်ဟု ဆိုကြသည်။

အဋ္ဌမမြောက်ကမ္ဘာ့အံ့ဘွယ် (The 8th Wonder of the World)

ရုရှ ဘုရင်ပီတာအား ငြိမ်းချမ်းရေး အမှတ်တရ လက်ဆောင်အဖြစ် ၁၇၁၆ ခုနှစ်တွင် ပေးခဲ့သည့် ခြောက်တန်ခန့် လေး သော ပယင်းပြားကြီးကို အဋ္ဌမမြောက် ကမ္ဘာ့အံ့ဘွယ်ဖြစ်မည်ဟု ဆိုကြသည်။ ယင်း ပစ္စည်းသည် ယခုအချိန်တွင် ကာလပေါက်ဈေး အရအမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိသည်။

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမာန်စစ်သားများသည် ကက်သရင်းူနန်းတော်ကို သိမ်းပိုက်အပြီးတွင် နန်းတော် အခန်းကို ခိုးယူခဲ့ကြသည်။ ယင်းအခန်းကို ဂျာမာန်တို့က ဖျက်ယူကာ ဘဲလ်တစ် ကမ်းခြေသို့ ရွှေ့ပြောင်းရန်စီစဉ်ခဲ့ကြသည်။ သို့သော် ပယင်း အခန်း၏ကံကြမ္မာသည် ထူးဆန်းအံ့ဩဘွယ်တစ်ရပ်ဖြစ်လာခဲ့ကာ ဒုတိယ ကမ္ဘာစစ်အတွင် ဖျက်ဆီးခံခဲ့ရသလော၊ လုံခြုံသော နေရာ တစ်ခုသို့ ရွှေ့ပြောင်းခြင်းခံခဲ့ရသလောဆိုသည်ကို မသိရှိခဲ့ကြပါချေ။

အကယ်၍သာ ယင်းပယင်းအခန်းကို တွေ့ရှိရမည်ဆိုပါက ကမ္ဘာ့အံ့ဘွယ် တန်ဘိုးအကြီးမားဆုံး အနုပညာပစ္စည်းတစ်ခု ဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။သိုက်သမားများသည် ယင်းပယင်းခန်းကြီးကိုကျယ်ကျယ်ပြန့်ပြန့် ဝေးဝေးလံလံလိုက်လံ ရှာဖွေခဲ့ကြသော်လည်း မည်သူမျှ မတွေ့ရှိခဲ့ကြသေးပါချေ။သို့သော် ဂျာမာန်ရဲတပ်ဖွဲ့သည် ခန်းမဆောင်ပြုလုပ်ခဲ့သည့် ပယင်း ပြား ကြီးတစ်ခုကို ၁၉၉၇ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည်။လူအများက ပယင်း ခန်းဆောင်ကြီးကို ကြီးမားကျယ်ဝန်းသော မြေအောက် တစ် နေရာတွင် သိမ်းဆည်းထားမည်ဟု ယုံကြည်ကြသည်။ ယင်းနေရာသည် ဂျာမနီနိုင်ငံ၊ဆက်ဆွန်စည်ပင်သာယာ နယ်နိမိတ် အတွင်း ရှိ Deutschneudorf ၏ မြေအောက်တွင်ဖြစ်မည်ဟု ယူဆခဲ့ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ရွေဖြင့် ပြုလုပ်ထားသည့် နာဇီ ရထားတစ်စီးကို ပိုလန်နိုင်ငံ အနောက်မြောက် ပိုင်းမှ တွေ့ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ယင်းသို့ တွေ့ရှိရာတွင် မူလ ပယင်းနန်းဆောင်လည်းပါဝင်နိုင်ကြောင်း ပြောဆို ခဲ့ကြ ပေသည်။

Leave a Reply