ကမာၻ႔သမုိင္းထဲက ေရာမစစ္သူႀကီး ဂ်ဴးလိယက္ဆီဇာ

Posted on

ဂ်ဴးလိယက္ဆီဇာသည္ ေရာမစစ္သူႀကီးႏွင့္ တိုင္းျပည္ ေခါင္းေဆာင္ႀကီး ျဖစ္သည္။ ကမၻာ့ သမိုင္း၌ ေမာ္ကြန္းတြင္ခဲ့သူမ်ားအနက္ တစ္ဦးအပါအဝင္ျဖစ္ေပ သည္။

ဂ်ဴးလိယက္ဆီဇာသည္ ေရာမသူေကာင္းမ်ိဳးမွ ဆင္းသက္ လာသူျဖစ္၍၊ ဘီစီ ၁ဝ၂ ခုႏွစ္ခန္႔တြင္ ေမြးဖြားခဲ့၏။ ထိုေခတ္ အခါက ေရာမၿမိဳ႕သည္ သမၼတႏိုင္ငံအျဖစ္ျဖင့္တည္ရွိခဲ့၏။ သူေကာင္းမ်ိဳးမ်ားပါဝင္ေသာ ဆီနိတ္အဖြဲ႕က စီမံခန္႔ခြဲလ်က္၊ ကြန္ဆာလူႀကီး ရာထူးအပ္ႏွင္းခံရသူက တိုင္းျပည္ကို အုပ္ခ်ဳပ္ ရ၏။ ထိုကြန္ဆာလူႀကီးမ်ားသည္ တန္ခိုးႀကီးမားလာၿပီးလၽွင္ အာဏာရွင္သဖြယ္ ျဖစ္လာေလသည္။ ဂ်ဴးလိယက္ဆီဇာသည္ အထက္တန္းစားမိဘမ်ားမွ ေမြးဖြားလာသူျဖစ္ေသာ္လည္း၊ ထိုေခတ္က ေရာမၿမိဳ႕တြင္ သူေကာင္းမ်ိဳးႏွင့္ ဆင္းရဲသားတို႔ အာဏာလုေနၾကသည့္ အေရးတြင္ ဆင္းရဲသားျပည္သူတို႔ဖက္သို႔ ယိမ္းခဲ့ ေလသည္။ ထို႔ေၾကာင့္ ၁၇ ႏွစ္သားအ႐ြယ္တြင္ မိမိ အတြက္ ေ႐ြးခ်ယ္ထားေသာ သူေဌးသမီးကို မယူဘဲ၊ ဆင္းရဲ သား ျပည္သူ႕ေခါင္းေဆာင္ ဆင္နာ၏ သမီး ေကာ္နီလီယာႏွင့္ လက္ထပ္ခဲ့သည္။

သူေကာင္းမ်ိဳးတို႔၏ ေခါင္းေဆာင္ ေရာမ အာဏာရွင္ ဆာလာသည္ ဆီဇာ၏ အျပဳအမူကို ေဒါသထြက္၍ ဆီဇာအား ေကာ္နီ လီယာႏွင့္ ကြာရွင္းခိုင္းေလသည္။ သို႔ေသာ္ ဆီဇာသည္ ဆာလာ၏ အမိန္႔ကို မလိုက္နာသျဖင့္၊ ေရာမၿမိဳ႕မွ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည့္ျပင္၊ သူ၏အိုးအိမ္ ပစၥည္းမ်ားကို လည္း အစိုးရဘ႑ာေတာ္အျဖစ္ သိမ္းယူျခင္း ခံခဲ့ရေလသည္။ ဆာလာကြယ္လြန္ၿပီးေနာက္ ဘီစီ ၇၈ ခုႏွစ္တြင္ ဆီဇာ သည္ ေရာမသို႔ျပန္လာခဲ့၏။ ထိုအခ်ိန္မွစ၍ ျပည္သူတို႔၏ အက်ိဳးကို ေရွး႐ႈလ်က္ ျပည္သူ႕ ဝန္ထမ္းလုပ္ငန္းမ်ားကို အား ႀကိဳးမာန္ တက္ေဆာင္႐ြက္ခဲ့ေလသည္။

ဘီစီ ၆၆ ခုႏွစ္တြင္ ျပည္သူ႕က်မ္းမာေရးကစားခုန္စားပြဲမ်ား၌ ႀကီးၾကပ္သူ ျဖစ္လာ ေသာအခါ၊ ခန္းနားထည္ဝါေသာ ကစားပြဲမ်ား ျဖစ္ေျမာက္ေစ ရန္ ကိုယ္တိုင္ေႂကြးတင္ခံ၍ပင္ စီမံလုပ္ကိုင္ခဲ့၏။ ထိုအတြက္ ေၾကာင့္ ဆီဇာသည္ အမ်ား၏ ခင္မင္ေလးစားမႈကို ရရွိခဲ့ေလ သည္။ ဂ်ဴးလိယက္ ဆီဇာသည္ ေရာမႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရး၌ ခၽြတ္ယြင္းေနပုံကို သိျမင္ထား၏။ ေရာမ ႏိုင္ငံေတာ္ႀကီးမပ်က္ စီးေစရန္ တစ္ဦးတစ္ေယာက္၏ လက္ထဲတြင္ အခ်ဳပ္အခ်ာ အာဏာရွိသည့္ အုပ္ခ်ဳပ္ေရးမ်ိဳး လိုအပ္သည္ဟု ယုံၾကည္ ထား၏။ ထိုအေျခအေနကို သူသည္ဖန္တီးေပးႏိုင္လိမ့္မည္ ဟုလည္း ယူဆထားေလသည္။

ဆီဇာသည္ သူ၏ ရည္မွန္းခ်က္ထေျမာက္ေအာင္ျမင္ေရး အတြက္ လူခ်စ္လူခင္ေပါေသာ စစ္ဗိုလ္ခ်ဳပ္ႀကီး ပြန္ပီ၊ ေငြ ေၾကးေတာင့္တင္းေသာသူေဌး ကရက္ဆပ္တို႔ႏွင့္ မိတ္ဖြဲ႕ပူး ေပါင္း၍ ႏိုင္ငံေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေလသည္။ ထိုသို႔ ေဆာင္႐ြက္သျဖင့္ ဘီစီ ၅၉ ခုႏွစ္တြင္ ကြန္ဆာလူႀကီးအျဖစ္ ေ႐ြးခ်ယ္တင္ေျမာက္ျခင္းခံခဲ့ရ၏။ ဘီစီ ၆ဝ ျပည့္ႏွစ္တြင္ ပြန္ပီ၊ ကရက္ဆပ္တို႔ႏွင့္အတူ ပထမသုံးပြင့္ဆိုင္အဖြဲ႕ဟူ၍ဖြဲ႕ကာ ေရာမ ႏိုင္ငံကို အုပ္ခ်ဳပ္ေလသည္။

ဆီဇာသည္ ျပင္သစ္ ႏိုင္ငံဟုေခၚေသာ ေဂါလနယ္ကို တာဝန္ခံအုပ္ခ်ဳပ္ရ၏။ ထိုအခါဆီဇာသည္ သူ၏ ရည္မွန္းခ်က္အေကာင္အထည္ ေပၚေရးအတြက္ ေဆာင္႐ြက္ရန္ အခြင့္ေကာင္းရလာေတာ့၏။ ေဂါလနယ္တြင္ ၉ ႏွစ္ေက်ာ္ခန္႔ေန၍၊ အေနာက္ဘက္ေဒသ မ်ားကို ေရာမလက္ေအာက္သို႔ တိုက္ခိုက္သိမ္းသြင္းခဲ့၏။ ဤသို႔ျဖင့္ ထိုစဥ္က လူအၾကည္ၫိုမ်ားေသာ ပြန္ပီကဲ့သို႔ပင္ မိမိလည္း စစ္သားေကာင္းပီသေၾကာင္းကို အစြမ္းျပႏိုင္ခဲ့ေလ သည္။ ဆီဇာသည္ ဂ်ာမန္ႏွင့္ ဗဲလဂ်ီယန္လူမ်ိဳးတို႔အား တိုက္ ခိုက္ႏွိမ္နင္းခဲ့၏။ ၿဗိတိန္ႏိုင္ငံကိုလည္း ဘီစီ ၅၅ ခုႏွစ္တြင္ တစ္ႀကိမ္၊ ဘီစီ ၅၄ ခုႏွစ္တြင္တစ္ႀကိမ္၊ ေပါင္းႏွစ္ႀကိမ္မၽွ ဝင္ေရာက္တိုက္ခိုက္ခဲ့၏။

ဆီဇာသည္ ေခါင္းေဆာင္မႈႏွင့္ စည္း႐ုံးမႈဘက္ တြင္သာမက၊ စစ္ေရးစစ္မႈဖက္၌လည္း ထူးခၽြန္ သည္ကို ထင္ရွားေစခဲ့သည္။ စစ္တိုက္ရာတြင္ ေအးအတူပူအမၽွ သေဘာထား၍ သာမန္စစ္သားတို႔ႏွင့္အတူ ျပဳမူလုပ္ကိုင္တတ္ ျခင္းေၾကာင့္ စစ္သည္ေတာ္တို႔၏ ခ်စ္ေၾကာက္႐ိုေသမႈကို ခံယူ ခဲ့ရေလသည္။ ထိုသို႔ အေနာက္ႏိုင္ငံမ်ားတြင္ စစ္ပြဲမ်ားကို ေအာင္ႏိုင္ကာ တန္ခိုးႀကီးလာေသာအခါ၊ ဆီဇာကို ေရာမၿမိဳ႕ရွိ ပြန္ပီသည္ မနာ လိုစိတ္ျဖစ္ေပၚလာေတာ့၏။ ထိုအတြင္း သုံးပြင့္ဆိုင္အဖြဲ႕ဝင္၊ ကရက္ဆပ္ကြယ္လြန္သြား၏။ ဤသုံးပြင့္ဆိုင္အဖြဲ႕ပ်က္ သြား ေလရာ၊ ပြန္ပီသည္ ဆီဇာကို ႏွိမ္နင္းရန္ အခြင့္ေကာင္းယူ၍၊ ဘီစီ ၄၉ ခုႏွစ္တြင္ ဆီနိတ္အဖြဲ႕အား ဆြဲေဆာင္ၿပီးလၽွင္ ဆီဇာ ၏ စစ္တပ္မ်ားကို ဖ်က္သိမ္းရန္ အမိန္႔ထုတ္ေစေလသည္။

သို႔ေသာ္ ဆီဇာသည္ရရွိၿပီးေသာ တန္ခိုးအာဏာကို လက္ မလႊတ္ေတာ့ဘဲ၊ ၅ဝဝဝ တပ္ကိုဦးစီး၍ ေဂါလနယ္ႏွင့္ ေရာမ ႏိုင္ငံ၏နယ္ျခားျဖစ္ေသာ ႐ူးဗီကြန္ျမစ္ကိုျဖတ္ ေက်ာ္ကာ ေရာမ ၿမိဳ႕သိုေရွး႐ႈ ခ်ီတက္ေလသည္။ ဆီဇာ၏ စစ္တပ္ႏွင့္ ပြန္ပီ၏ စစ္သည္မ်ား တိုက္ခိုက္ၾကရာ၌ ပြန္ပီ၏ စစ္သည္မ်ား႐ႈံးနိမ့္၍ ပြန္ပီသည္ ဂရိႏိုင္ငံသို႔ ထြက္ေျပးရေလသည္။ ဆီဇာကလည္း ပြန္ပီဆုတ္ေျပးရာသို႔ လိုက္၍ တိုက္ခိုက္ေလရာ၊ ဘီစီ ၄၈ ခုႏွစ္တြင္၊ ဖားေဆးတပ္တိုက္ပြဲ၌ ပြန္ပီမလွန္ႏိုင္ေအာင္ႏိုင္လိုက္ ေလသည္။ ထိုစစ္ေျမျပင္မွ တစ္ဖန္ ပြန္ပီသည္ အီဂ်စ္သို႔ ထြက္ေျပးျပန္ေတာ့၏။ ဆီဇာသည္ ပြန္ပီထြက္ေျပးေသာ အီဂ်စ္ သို႔ဆက္၍ လိုက္ျပန္သည္။ သို႔ေသာ္ ဆီဇာအီဂ်စ္သို႔မေရာက္မီ ပြန္ပီမွာ လုပ္ႀကံျခင္းခံရေလ၏။

ထိုသို႔ ရန္သူအားႏွိမ္နင္းရန္ လိုက္လံတိုက္ခိုက္ရာမွ ဆီဇာသည္ အီဂ်စ္ဘုရင္မ၊ ကလီယိုပါးထရားႏွင့္ ေတြ႕ေလ သည္။ ကယ္လီယိုပါးထရားသည္ ဆီဇာအား သူ၏ ႐ူပါ႐ုံႏွင့္ ျဖားေယာင္း၍၊ အီဂ်စ္ျပည္၏ တစ္ဦးတည္းေသာ ဘုရင္မအျဖစ္ သို႔ ေရာက္ေအာင္ သူ၏ ရန္သူအေပါင္းတို႔အား တိုက္ခိုက္ရွင္း လင္းေစရာ၊ ဆီဇာကလည္း ထိုဘုရင္မ၏အလိုက် ေဆာင္႐ြက္ ေပးေလသည္။ ကယ္လီယိုပါးထရားႏွင့္ သားတစ္ေယာက္ရရွိ ၿပီးမွ၊ ဆီဇာသည္ ေရာမသို႔ျပန္ခဲ့၏။ အီဂ်စ္ဘုရင္မ ကယ္လီယိုပါးထရားကိုလည္း ေရာမသို႔ေခၚေဆာင္ခဲ့ေလသည္။

အီဂ်စ္တြင္ေအာင္ပြဲမ်ားရရွိ ၿပီးေနာက္ ဆီဇာသည္ အာဖရိကႏွင့္ အာရွမိုင္းနားဖက္သို႔ စစ္ဦးလွည့္၍ ရန္သူတို႔အား ႏွိမ္နင္းခဲ့ေသး၏။ စစ္ပြဲမ်ားတြင္ ႐ႈံးသည္ဟူ၍မရွိ၊ ႏိုင္သည္ခ်ည္းသာျဖစ္ေသာေၾကာင့္ ဆီဇာသည္ အာရွမိုင္းနားမွ ေရာမၿမိဳ႕ေတာ္၌ရွိေသာ ဆီနိတ္အဖြဲ႕သို႔ ‘ကၽြႏ္ုပ္ ေရာက္ခဲ့ရာအရပ္၊ ျမင္ေတြ႕ခဲ့ရာအရပ္တို႔၌ ေအာင္ျမင္ခဲ့သည္ ခ်ည္းသာရွိ၏’ဟူေသာ အဓိပၸါယ္ရွိသည့္ စကားသုံးလုံး ေရး သားပို႔ခဲ့ရာ၊ ထိုစကားမ်ားမွာ ဥဒါန္းတြင္ရစ္ခဲ့သည္။ ဘီစီ ၄၆ ခုႏွစ္တြင္ ဆီဇာသည္ အေရွ႕ဘက္ႏိုင္ငံမ်ားမွ ေရာမသို႔ျပန္ခဲ့၏။ သို႔ရာတြင္ ေအးေဆးစြာ မေနရေသးဘဲ၊ စပိန္ဖက္သို႔ခ်ီတက္ရ ျပန္သည္။

ပြန္ပီ၏သား ၂ ဦးသည္ စစ္သည္အင္အားစုေဆာင္း ၍ စပိန္တြင္ ပုန္ကန္ထႂကြၾက၏။ ဆီဇာသည္ သူပုန္တို႔အား မန္ဒါစစ္ပြဲတြင္ ႏွိမ္နင္းလိုက္ၿပီးေနာက္ တိုင္ျပည္ၿငိမ္ဝပ္မႈကို အရယူခဲ့ေလသည္။ ဆီဇာသည္ ေရာမၿမိဳ႕ေတာ္သို႔ ဘီစီ ၄၅ ခုႏွစ္တြင္ ျပန္ လည္ေရာက္ရွိ၏။ က်ယ္ျပန္႔ေသာ ေရာမႏိုင္ငံေတာ္ႀကီးသည္ ဆီဇာ၏ လက္သို႔ေရာက္ခဲ့ေလၿပီ၊ ေအာင္ပြဲခံ ဆီဇာအား တိုင္းသူျပည္သားမ်ားသည္ ေသာင္းေသာင္းျဖျဖ ႀကိဳဆိုၾက၏။ ဆီနိတ္လူႀကီးမ်ားသည္ ဆီဇာအား မ်ားစြာခ်ီးက်ဴး၍ တစ္သက္ ပန္ အာဏာရွင္ဘြဲ႕ကို အပ္ႏွင္းၾက၏။ ဆီဇာ၏ ႐ုပ္ပုံတံဆိပ္ ကိုေရာမဒဂၤါးမ်ားေပၚတြင္ ခတ္ႏွိပ္သုံးစြဲၾက၏။ ျပည္သူ႕စည္း ေဝးပြဲတစ္ရပ္တြင္ ျပည္သူ႕ကိုယ္စားလွယ္ မတ္အန္တိုနီသည္ ဆီဇာအား သရဖူကိုပင္ဆက္သခဲ့၏။ ဘုရင္အျဖစ္ နန္းတင္ၾကေသာ္လည္း ဆီဇာသည္ လက္မခံခဲ့ေပ။အာဏာရၿပီးခ်ိန္မွစကာ ႏိုင္ငံတဝွမ္း ျပဳျပင္ေရးမ်ားကို တက္တက္ႂကြႂကြပင္ေဆာင္႐ြက္သည္။

စစ္ျပန္ရဲေဘာ္မ်ားကို ေနရာခ်ထားေပးသည္။
ေရာမၿမိဳ႕ႀကီးတြင္ ဆင္းရဲသားမ်ား အတည္တက်ျဖစ္ေရးကို ေဆာင္႐ြက္ေပးသည္။
ယခင္က အနည္းငယ္မၽွသာ သတ္မွတ္ထားသည့္ ေရာမၿမိဳ႕သား အေရအတြက္ကို က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေစရန္ ျပင္ဆင္ေပးသည္။
အီတလီတဝွမ္းမွ ၿမိဳ႕မ်ားရွိ စည္ပင္သာယာေရးအဖြဲ႕မ်ားကို တူညီသည့္ စနစ္မ်ားခ်ေပးၿပီးေဆာင္႐ြက္ေစသည္။
ေရာမဥပေဒကို စာျဖင့္ခ်ေရးၿပီး စနစ္တက်ရွိေစရန္ ႀကိဳးပမ္းခဲ့သည္။

ဆီဇာသည္ မိမိလက္ဝယ္ရရွိလာေသာ တန္ခိုးအာဏာမ်ား ကို တိုင္းျပည္ေကာင္းက်ိဳးအတြက္ အသုံးခ်၍ ျပဳျပင္မႈမ်ားကို စတင္ေဆာင္႐ြက္ေလသည္။ ခၽြတ္ယြင္းခ်က္တို႔ႏွင့္ ျပည့္ႏွက္ေန ေသာ ျပကၡဒိန္ကို စနစ္တက် ျပင္ဆင္ေစခဲ့၏။ အီတလီႏိုင္ငံ အႏွံ႔အျပား၌ ေဒသႏၲရအုပ္ခ်ဳပ္ေရး ထြန္းကားလာေစရန္ စီစဥ္ ခဲ့၏။ မ႐ိုးသားေသာ ဘုရင္ခံမ်ားကိုပယ္၍ တည္ၾကည္သူမ်ား ကို ခန္႔အပ္အစားသြင္းခဲ့၏။ ပြန္ပီ၏ ဖက္သား ျဖစ္ေစကာမူ၊ အရည္အခ်င္းျပည့္စုံက ႏိုင္ငံဝန္ထမ္းရာထူးမ်ားတြင္ လုပ္ကိုင္ ခြင့္ျပဳ၏။ ေရာမဆင္းရဲသားမ်ားအား ကားေသ့ႏွင့္ေကာ္ရင့္ျပည္ တို႔သို႔ သြားေရာက္ေနထိုင္၍ နယ္သစ္ဖြင့္ေစရန္ အားေပးခဲ့၏။ လယ္ယာစိုက္ပ်ိဳးေရးတိုးတက္ေစရန္ စီမံခဲ့၏။ သို႔ေသာ္ ထိုသို႔ ေသာ တိုင္းျပည္ျပဳလုပ္ငန္းမ်ားကို ဆီဇာသည္ ေျခာက္လခန္႔ မၽွသာ ေဆာင္႐ြက္ႏိုင္ခဲ့ေလသည္။

သရဖူကိုဆင္ျမန္း၍ ဘုရင္အျဖစ္ခံယူရန္ ဆီဇာျငင္းပယ္ ခဲ့သည္မွာမွန္၏။ သို႔ရာတြင္ အခ်ဳပ္အခ်ာအာဏာကို သူတစ္ဦး တည္းလက္၌သာ ထားရွိသျဖင့္ ဆီနိတ္အဖြဲ႕မွာ အုပ္ခ်ဳပ္ေရး ဖက္တြင္ အေရးမပါေတာ့ဘဲ၊ အႀကံေပးအဖြဲ႕ဘဝသို႔ ေလၽွာက် ခဲ့ရေလသည္။ ထိုအတြက္ေၾကာင့္ သူ၏မိတ္ေဆြမ်ားကပင္ ဆီဇာသည္ အသက္ဦးဆံပိုင္ဘုရင္သဖြယ္ အုပ္စိုးသြားေတာ့မည္ ဟု အယူရွိလာၾကသည္။ ထိုေၾကာင့္ ဆီဇာအား လုပ္ႀကံရန္ စိုင္းျပင္းၾကေတာ့သည္။

ဘီစီ ၄၄ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔ တြင္ ဆီနိတ္လႊတ္ေတာ္အစည္းအေဝးရွိ၍ လႊတ္ေတာ္ခန္းမႀကီး၌ ဆီဇာထိုင္လိုက္သည္ႏွင့္ မေရွးမေႏွာင္းပင္ လုပ္ႀကံမည့္လူတစ္စု သည္ ဆီဇာအားဝိုင္း၍ ဓားႏွင့္ထိုးရန္ဟန္ျပင္ၾက၏။ ဆီဇာ သည္ ခုခံရန္ျပင္သည္တြင္ လုပ္ႀကံမည့္လူစု၌ မိမိႏွင့္ရင္းႏွီးသူ ဗ႐ူးတပ္ ပါဝင္သည္ကို ျမင္ေသာအခါ ‘ေအာ္၊ ဗ႐ူးတပ္၊ သင္ ကပင္ႀကံရာပါျဖစ္ေနပါတကား’ဟု ျမည္တမ္းလ်က္ အားေလၽွာ႔ လိုက္ေလသည္။ ဆီဇာသည္ ဓား ခ်က္ေပါင္း ၂ဝ ေက်ာ္မၽွ အထိုးခံရၿပီးေနာက္၊ ရန္သူေဟာင္း ပြန္ပီ၏ ေက်ာက္႐ုပ္ေျခရင္းတြင္ အသက္ေပ်ာက္သြားရေလ သည္။

ဆီဇာေသလြန္သျဖင့္ တစ္ပိုင္းတစ္စက်န္ရစ္ခဲ့ေသာ ျပဳျပင္ ေရးလုပ္ငန္းမ်ားမွာ အုပ္ခ်ဳပ္ေရးဥပေဒမ်ား ျပ႒ာန္းျခင္း၊ ျပည္ သူ႕စာၾကည့္တိုက္မ်ား တည္ေထာင္ျခင္း၊ ပြန္တိုင္ၫြန္ေပ်ာင္း ေဒသကို ခန္းေျခာက္ေစရန္ ေရထုတ္ေျမာင္း တူေဖာ္ျခင္း၊ ေအာ့စတီးယားဆိပ္ကမ္းကို တိုးခ်ဲ႕ျခင္း၊ သန္းေကာင္စာရင္း ေကာက္ယူျခင္း စသည္တို႔ပင္ျဖစ္၏။ ဆီဇာသည္ကား စစ္ေရး ႏွင့္ အုပ္ခ်ဳပ္ေရးဖက္တို႔တြင္သာ ကၽြမ္းက်င္သည္မဟုတ္၊ စာေပ ဖက္တြင္လည္း ထင္ရွားခဲ့ေပသည္။ တိုက္ယင္း ခိုက္ယင္း မအားလပ္ျဖစ္လ်က္ႏွင့္ပင္ လက္တင္ဘာသာျဖင့္ မိမိတိုက္ခိုက္ ခဲ့ေသာ စစ္ပြဲမ်ားအေၾကာင္းကို မွတ္တမ္းတင္ခဲ့သည္။ သူ၏ ေရးသားပုံမွာ ႐ိုး႐ိုးႏွင့္ျပတ္သား ရွင္းလင္းလွေသာေၾကာင့္ လက္တင္စာေပလိုက္စားသူတိုင္း ယေန႔တိုင္ ေလ့လာေနၾက ရေလသည္။

ဤသို႔ အဖက္ဖက္တြင့္ ျပည့္စုံ ထူးခၽြန္သူ ဆီဇာမွာ မနာ လိုသူမ်ားလက္ခ်က္ျဖင့္ က်ဆုံးရေလရာ၊ ေရာမႏိုင္ငံေတာ္ ႀကီး သည္ အဖိုးတန္သားေကာင္းတစ္ေယာက္ ဆုံး႐ႈံးရေလေတာ့၏။ ဆီဇာ၏ ရန္သူမ်ားကား အသက္ဦးဆံပိုင္ ဘုရင့္အုပ္ခ်ဳပ္ေရး စနစ္ကို တြန္းလွန္၍၊ သမၼတႏိုင္ငံထူေထာင္ရန္ ရည္မွန္းျပဳ လုပ္ခဲ့ၾကေသာ္လည္း၊ ေနာင္ ၁၇ ႏွစ္ၾကာေသာအခါ ဆီဇာ၏ အဆက္အႏြယ္မ်ားသည္ ေရာမႏိုင္ငံကို အသက္ဦးဆံပိုင္ဘုရင့္ စနစ္ျဖင့္သာလၽွင္ အုပ္စိုးသြားၾကေလသည္။

ေက်ာ္စြာ ၁၀၀ -ေဒါက္တာသန္းထြန္း
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၄)


ကမ္ဘာ့သမိုင်းထဲက ဂျူးလိယက်ဆီဇာ (unicode)

ဂျူးလိယက်ဆီဇာသည် ရောမစစ်သူကြီးနှင့် တိုင်းပြည် ခေါင်းဆောင်ကြီး ဖြစ်သည်။ ကမ္ဘာ့ သမိုင်း၌ မော်ကွန်းတွင်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေ သည်။

ဂျူးလိယက်ဆီဇာသည် ရောမသူကောင်းမျိုးမှ ဆင်းသက် လာသူဖြစ်၍၊ ဘီစီ ၁ဝ၂ ခုနှစ်ခန့်တွင် မွေးဖွားခဲ့၏။ ထိုခေတ် အခါက ရောမမြို့သည် သမ္မတနိုင်ငံအဖြစ်ဖြင့်တည်ရှိခဲ့၏။ သူကောင်းမျိုးများပါဝင်သော ဆီနိတ်အဖွဲ့က စီမံခန့်ခွဲလျက်၊ ကွန်ဆာလူကြီး ရာထူးအပ်နှင်းခံရသူက တိုင်းပြည်ကို အုပ်ချုပ် ရ၏။ ထိုကွန်ဆာလူကြီးများသည် တန်ခိုးကြီးမားလာပြီးလျှင် အာဏာရှင်သဖွယ် ဖြစ်လာလေသည်။ ဂျူးလိယက်ဆီဇာသည် အထက်တန်းစားမိဘများမှ မွေးဖွားလာသူဖြစ်သော်လည်း၊ ထိုခေတ်က ရောမမြို့တွင် သူကောင်းမျိုးနှင့် ဆင်းရဲသားတို့ အာဏာလုနေကြသည့် အရေးတွင် ဆင်းရဲသားပြည်သူတို့ဖက်သို့ ယိမ်းခဲ့ လေသည်။ ထို့ကြောင့် ၁၇ နှစ်သားအရွယ်တွင် မိမိ အတွက် ရွေးချယ်ထားသော သူဌေးသမီးကို မယူဘဲ၊ ဆင်းရဲ သား ပြည်သူ့ခေါင်းဆောင် ဆင်နာ၏ သမီး ကော်နီလီယာနှင့် လက်ထပ်ခဲ့သည်။

သူကောင်းမျိုးတို့၏ ခေါင်းဆောင် ရောမ အာဏာရှင် ဆာလာသည် ဆီဇာ၏ အပြုအမူကို ဒေါသထွက်၍ ဆီဇာအား ကော်နီ လီယာနှင့် ကွာရှင်းခိုင်းလေသည်။ သို့သော် ဆီဇာသည် ဆာလာ၏ အမိန့်ကို မလိုက်နာသဖြင့်၊ ရောမမြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ပြင်၊ သူ၏အိုးအိမ် ပစ္စည်းများကို လည်း အစိုးရဘဏ္ဍာတော်အဖြစ် သိမ်းယူခြင်း ခံခဲ့ရလေသည်။ ဆာလာကွယ်လွန်ပြီးနောက် ဘီစီ ၇၈ ခုနှစ်တွင် ဆီဇာ သည် ရောမသို့ပြန်လာခဲ့၏။ ထိုအချိန်မှစ၍ ပြည်သူတို့၏ အကျိုးကို ရှေးရှုလျက် ပြည်သူ့ ဝန်ထမ်းလုပ်ငန်းများကို အား ကြိုးမာန် တက်ဆောင်ရွက်ခဲ့လေသည်။

ဘီစီ ၆၆ ခုနှစ်တွင် ပြည်သူ့ကျမ်းမာရေးကစားခုန်စားပွဲများ၌ ကြီးကြပ်သူ ဖြစ်လာ သောအခါ၊ ခန်းနားထည်ဝါသော ကစားပွဲများ ဖြစ်မြောက်စေ ရန် ကိုယ်တိုင်ကြွေးတင်ခံ၍ပင် စီမံလုပ်ကိုင်ခဲ့၏။ ထိုအတွက် ကြောင့် ဆီဇာသည် အများ၏ ခင်မင်လေးစားမှုကို ရရှိခဲ့လေ သည်။ ဂျူးလိယက် ဆီဇာသည် ရောမနိုင်ငံတော်အုပ်ချုပ်ရေး၌ ချွတ်ယွင်းနေပုံကို သိမြင်ထား၏။ ရောမ နိုင်ငံတော်ကြီးမပျက် စီးစေရန် တစ်ဦးတစ်ယောက်၏ လက်ထဲတွင် အချုပ်အချာ အာဏာရှိသည့် အုပ်ချုပ်ရေးမျိုး လိုအပ်သည်ဟု ယုံကြည် ထား၏။ ထိုအခြေအနေကို သူသည်ဖန်တီးပေးနိုင်လိမ့်မည် ဟုလည်း ယူဆထားလေသည်။

ဆီဇာသည် သူ၏ ရည်မှန်းချက်ထမြောက်အောင်မြင်ရေး အတွက် လူချစ်လူခင်ပေါသော စစ်ဗိုလ်ချုပ်ကြီး ပွန်ပီ၊ ငွေ ကြေးတောင့်တင်းသောသူဌေး ကရက်ဆပ်တို့နှင့် မိတ်ဖွဲ့ပူး ပေါင်း၍ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက်လေသည်။ ထိုသို့ ဆောင်ရွက်သဖြင့် ဘီစီ ၅၉ ခုနှစ်တွင် ကွန်ဆာလူကြီးအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရ၏။ ဘီစီ ၆ဝ ပြည့်နှစ်တွင် ပွန်ပီ၊ ကရက်ဆပ်တို့နှင့်အတူ ပထမသုံးပွင့်ဆိုင်အဖွဲ့ဟူ၍ဖွဲ့ကာ ရောမ နိုင်ငံကို အုပ်ချုပ်လေသည်။

ဆီဇာသည် ပြင်သစ် နိုင်ငံဟုခေါ်သော ဂေါလနယ်ကို တာဝန်ခံအုပ်ချုပ်ရ၏။ ထိုအခါဆီဇာသည် သူ၏ ရည်မှန်းချက်အကောင်အထည် ပေါ်ရေးအတွက် ဆောင်ရွက်ရန် အခွင့်ကောင်းရလာတော့၏။ ဂေါလနယ်တွင် ၉ နှစ်ကျော်ခန့်နေ၍၊ အနောက်ဘက်ဒေသ များကို ရောမလက်အောက်သို့ တိုက်ခိုက်သိမ်းသွင်းခဲ့၏။ ဤသို့ဖြင့် ထိုစဉ်က လူအကြည်ညိုများသော ပွန်ပီကဲ့သို့ပင် မိမိလည်း စစ်သားကောင်းပီသကြောင်းကို အစွမ်းပြနိုင်ခဲ့လေ သည်။ ဆီဇာသည် ဂျာမန်နှင့် ဗဲလဂျီယန်လူမျိုးတို့အား တိုက် ခိုက်နှိမ်နင်းခဲ့၏။ ဗြိတိန်နိုင်ငံကိုလည်း ဘီစီ ၅၅ ခုနှစ်တွင် တစ်ကြိမ်၊ ဘီစီ ၅၄ ခုနှစ်တွင်တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ်မျှ ဝင်ရောက်တိုက်ခိုက်ခဲ့၏။

ဆီဇာသည် ခေါင်းဆောင်မှုနှင့် စည်းရုံးမှုဘက် တွင်သာမက၊ စစ်ရေးစစ်မှုဖက်၌လည်း ထူးချွန် သည်ကို ထင်ရှားစေခဲ့သည်။ စစ်တိုက်ရာတွင် အေးအတူပူအမျှ သဘောထား၍ သာမန်စစ်သားတို့နှင့်အတူ ပြုမူလုပ်ကိုင်တတ် ခြင်းကြောင့် စစ်သည်တော်တို့၏ ချစ်ကြောက်ရိုသေမှုကို ခံယူ ခဲ့ရလေသည်။ ထိုသို့ အနောက်နိုင်ငံများတွင် စစ်ပွဲများကို အောင်နိုင်ကာ တန်ခိုးကြီးလာသောအခါ၊ ဆီဇာကို ရောမမြို့ရှိ ပွန်ပီသည် မနာ လိုစိတ်ဖြစ်ပေါ်လာတော့၏။ ထိုအတွင်း သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ ကရက်ဆပ်ကွယ်လွန်သွား၏။ ဤသုံးပွင့်ဆိုင်အဖွဲ့ပျက် သွား လေရာ၊ ပွန်ပီသည် ဆီဇာကို နှိမ်နင်းရန် အခွင့်ကောင်းယူ၍၊ ဘီစီ ၄၉ ခုနှစ်တွင် ဆီနိတ်အဖွဲ့အား ဆွဲဆောင်ပြီးလျှင် ဆီဇာ ၏ စစ်တပ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်စေလေသည်။

သို့သော် ဆီဇာသည်ရရှိပြီးသော တန်ခိုးအာဏာကို လက် မလွှတ်တော့ဘဲ၊ ၅ဝဝဝ တပ်ကိုဦးစီး၍ ဂေါလနယ်နှင့် ရောမ နိုင်ငံ၏နယ်ခြားဖြစ်သော ရူးဗီကွန်မြစ်ကိုဖြတ် ကျော်ကာ ရောမ မြို့သိုရှေးရှု ချီတက်လေသည်။ ဆီဇာ၏ စစ်တပ်နှင့် ပွန်ပီ၏ စစ်သည်များ တိုက်ခိုက်ကြရာ၌ ပွန်ပီ၏ စစ်သည်များရှုံးနိမ့်၍ ပွန်ပီသည် ဂရိနိုင်ငံသို့ ထွက်ပြေးရလေသည်။ ဆီဇာကလည်း ပွန်ပီဆုတ်ပြေးရာသို့ လိုက်၍ တိုက်ခိုက်လေရာ၊ ဘီစီ ၄၈ ခုနှစ်တွင်၊ ဖားဆေးတပ်တိုက်ပွဲ၌ ပွန်ပီမလှန်နိုင်အောင်နိုင်လိုက် လေသည်။ ထိုစစ်မြေပြင်မှ တစ်ဖန် ပွန်ပီသည် အီဂျစ်သို့ ထွက်ပြေးပြန်တော့၏။ ဆီဇာသည် ပွန်ပီထွက်ပြေးသော အီဂျစ် သို့ဆက်၍ လိုက်ပြန်သည်။ သို့သော် ဆီဇာအီဂျစ်သို့မရောက်မီ ပွန်ပီမှာ လုပ်ကြံခြင်းခံရလေ၏။

ထိုသို့ ရန်သူအားနှိမ်နင်းရန် လိုက်လံတိုက်ခိုက်ရာမှ ဆီဇာသည် အီဂျစ်ဘုရင်မ၊ ကလီယိုပါးထရားနှင့် တွေ့လေ သည်။ ကယ်လီယိုပါးထရားသည် ဆီဇာအား သူ၏ ရူပါရုံနှင့် ဖြားယောင်း၍၊ အီဂျစ်ပြည်၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် သို့ ရောက်အောင် သူ၏ ရန်သူအပေါင်းတို့အား တိုက်ခိုက်ရှင်း လင်းစေရာ၊ ဆီဇာကလည်း ထိုဘုရင်မ၏အလိုကျ ဆောင်ရွက် ပေးလေသည်။ ကယ်လီယိုပါးထရားနှင့် သားတစ်ယောက်ရရှိ ပြီးမှ၊ ဆီဇာသည် ရောမသို့ပြန်ခဲ့၏။ အီဂျစ်ဘုရင်မ ကယ်လီယိုပါးထရားကိုလည်း ရောမသို့ခေါ်ဆောင်ခဲ့လေသည်။

အီဂျစ်တွင်အောင်ပွဲများရရှိ ပြီးနောက် ဆီဇာသည် အာဖရိကနှင့် အာရှမိုင်းနားဖက်သို့ စစ်ဦးလှည့်၍ ရန်သူတို့အား နှိမ်နင်းခဲ့သေး၏။ စစ်ပွဲများတွင် ရှုံးသည်ဟူ၍မရှိ၊ နိုင်သည်ချည်းသာဖြစ်သောကြောင့် ဆီဇာသည် အာရှမိုင်းနားမှ ရောမမြို့တော်၌ရှိသော ဆီနိတ်အဖွဲ့သို့ ‘ကျွန်ုပ် ရောက်ခဲ့ရာအရပ်၊ မြင်တွေ့ခဲ့ရာအရပ်တို့၌ အောင်မြင်ခဲ့သည် ချည်းသာရှိ၏’ဟူသော အဓိပ္ပါယ်ရှိသည့် စကားသုံးလုံး ရေး သားပို့ခဲ့ရာ၊ ထိုစကားများမှာ ဥဒါန်းတွင်ရစ်ခဲ့သည်။ ဘီစီ ၄၆ ခုနှစ်တွင် ဆီဇာသည် အရှေ့ဘက်နိုင်ငံများမှ ရောမသို့ပြန်ခဲ့၏။ သို့ရာတွင် အေးဆေးစွာ မနေရသေးဘဲ၊ စပိန်ဖက်သို့ချီတက်ရ ပြန်သည်။

ပွန်ပီ၏သား ၂ ဦးသည် စစ်သည်အင်အားစုဆောင်း ၍ စပိန်တွင် ပုန်ကန်ထကြွကြ၏။ ဆီဇာသည် သူပုန်တို့အား မန်ဒါစစ်ပွဲတွင် နှိမ်နင်းလိုက်ပြီးနောက် တိုင်ပြည်ငြိမ်ဝပ်မှုကို အရယူခဲ့လေသည်။ ဆီဇာသည် ရောမမြို့တော်သို့ ဘီစီ ၄၅ ခုနှစ်တွင် ပြန် လည်ရောက်ရှိ၏။ ကျယ်ပြန့်သော ရောမနိုင်ငံတော်ကြီးသည် ဆီဇာ၏ လက်သို့ရောက်ခဲ့လေပြီ၊ အောင်ပွဲခံ ဆီဇာအား တိုင်းသူပြည်သားများသည် သောင်းသောင်းဖြဖြ ကြိုဆိုကြ၏။ ဆီနိတ်လူကြီးများသည် ဆီဇာအား များစွာချီးကျူး၍ တစ်သက် ပန် အာဏာရှင်ဘွဲ့ကို အပ်နှင်းကြ၏။ ဆီဇာ၏ ရုပ်ပုံတံဆိပ် ကိုရောမဒင်္ဂါးများပေါ်တွင် ခတ်နှိပ်သုံးစွဲကြ၏။ ပြည်သူ့စည်း ဝေးပွဲတစ်ရပ်တွင် ပြည်သူ့ကိုယ်စားလှယ် မတ်အန်တိုနီသည် ဆီဇာအား သရဖူကိုပင်ဆက်သခဲ့၏။ ဘုရင်အဖြစ် နန်းတင်ကြသော်လည်း ဆီဇာသည် လက်မခံခဲ့ပေ။အာဏာရပြီးချိန်မှစကာ နိုင်ငံတဝှမ်း ပြုပြင်ရေးများကို တက်တက်ကြွကြွပင်ဆောင်ရွက်သည်။

စစ်ပြန်ရဲဘော်များကို နေရာချထားပေးသည်။
ရောမမြို့ကြီးတွင် ဆင်းရဲသားများ အတည်တကျဖြစ်ရေးကို ဆောင်ရွက်ပေးသည်။
ယခင်က အနည်းငယ်မျှသာ သတ်မှတ်ထားသည့် ရောမမြို့သား အရေအတွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ပြင်ဆင်ပေးသည်။
အီတလီတဝှမ်းမှ မြို့များရှိ စည်ပင်သာယာရေးအဖွဲ့များကို တူညီသည့် စနစ်များချပေးပြီးဆောင်ရွက်စေသည်။
ရောမဥပဒေကို စာဖြင့်ချရေးပြီး စနစ်တကျရှိစေရန် ကြိုးပမ်းခဲ့သည်။

ဆီဇာသည် မိမိလက်ဝယ်ရရှိလာသော တန်ခိုးအာဏာများ ကို တိုင်းပြည်ကောင်းကျိုးအတွက် အသုံးချ၍ ပြုပြင်မှုများကို စတင်ဆောင်ရွက်လေသည်။ ချွတ်ယွင်းချက်တို့နှင့် ပြည့်နှက်နေ သော ပြက္ခဒိန်ကို စနစ်တကျ ပြင်ဆင်စေခဲ့၏။ အီတလီနိုင်ငံ အနှံ့အပြား၌ ဒေသန္တရအုပ်ချုပ်ရေး ထွန်းကားလာစေရန် စီစဉ် ခဲ့၏။ မရိုးသားသော ဘုရင်ခံများကိုပယ်၍ တည်ကြည်သူများ ကို ခန့်အပ်အစားသွင်းခဲ့၏။ ပွန်ပီ၏ ဖက်သား ဖြစ်စေကာမူ၊ အရည်အချင်းပြည့်စုံက နိုင်ငံဝန်ထမ်းရာထူးများတွင် လုပ်ကိုင် ခွင့်ပြု၏။ ရောမဆင်းရဲသားများအား ကားသေ့နှင့်ကော်ရင့်ပြည် တို့သို့ သွားရောက်နေထိုင်၍ နယ်သစ်ဖွင့်စေရန် အားပေးခဲ့၏။ လယ်ယာစိုက်ပျိုးရေးတိုးတက်စေရန် စီမံခဲ့၏။ သို့သော် ထိုသို့ သော တိုင်းပြည်ပြုလုပ်ငန်းများကို ဆီဇာသည် ခြောက်လခန့် မျှသာ ဆောင်ရွက်နိုင်ခဲ့လေသည်။

သရဖူကိုဆင်မြန်း၍ ဘုရင်အဖြစ်ခံယူရန် ဆီဇာငြင်းပယ် ခဲ့သည်မှာမှန်၏။ သို့ရာတွင် အချုပ်အချာအာဏာကို သူတစ်ဦး တည်းလက်၌သာ ထားရှိသဖြင့် ဆီနိတ်အဖွဲ့မှာ အုပ်ချုပ်ရေး ဖက်တွင် အရေးမပါတော့ဘဲ၊ အကြံပေးအဖွဲ့ဘဝသို့ လျှောကျ ခဲ့ရလေသည်။ ထိုအတွက်ကြောင့် သူ၏မိတ်ဆွေများကပင် ဆီဇာသည် အသက်ဦးဆံပိုင်ဘုရင်သဖွယ် အုပ်စိုးသွားတော့မည် ဟု အယူရှိလာကြသည်။ ထိုကြောင့် ဆီဇာအား လုပ်ကြံရန် စိုင်းပြင်းကြတော့သည် ဘီစီ ၄၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ တွင် ဆီနိတ်လွှတ်တော်အစည်းအဝေးရှိ၍ လွှတ်တော်ခန်းမကြီး၌ ဆီဇာထိုင်လိုက်သည်နှင့် မရှေးမနှောင်းပင် လုပ်ကြံမည့်လူတစ်စု သည် ဆီဇာအားဝိုင်း၍ ဓားနှင့်ထိုးရန်ဟန်ပြင်ကြ၏။ ဆီဇာ သည် ခုခံရန်ပြင်သည်တွင် လုပ်ကြံမည့်လူစု၌ မိမိနှင့်ရင်းနှီးသူ ဗရူးတပ် ပါဝင်သည်ကို မြင်သောအခါ ‘အော်၊ ဗရူးတပ်၊ သင် ကပင်ကြံရာပါဖြစ်နေပါတကား’ဟု မြည်တမ်းလျက် အားလျှော့ လိုက်လေသည်။ ဆီဇာသည် ဓား ချက်ပေါင်း ၂ဝ ကျော်မျှ အထိုးခံရပြီးနောက်၊ ရန်သူဟောင်း ပွန်ပီ၏ ကျောက်ရုပ်ခြေရင်းတွင် အသက်ပျောက်သွားရလေ သည်။

ဆီဇာသေလွန်သဖြင့် တစ်ပိုင်းတစ်စကျန်ရစ်ခဲ့သော ပြုပြင် ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြည် သူ့စာကြည့်တိုက်များ တည်ထောင်ခြင်း၊ ပွန်တိုင်ညွန်ပျောင်း ဒေသကို ခန်းခြောက်စေရန် ရေထုတ်မြောင်း တူဖော်ခြင်း၊ အော့စတီးယားဆိပ်ကမ်းကို တိုးချဲ့ခြင်း၊ သန်းကောင်စာရင်း ကောက်ယူခြင်း စသည်တို့ပင်ဖြစ်၏။ ဆီဇာသည်ကား စစ်ရေး နှင့် အုပ်ချုပ်ရေးဖက်တို့တွင်သာ ကျွမ်းကျင်သည်မဟုတ်၊ စာပေ ဖက်တွင်လည်း ထင်ရှားခဲ့ပေသည်။ တိုက်ယင်း ခိုက်ယင်း မအားလပ်ဖြစ်လျက်နှင့်ပင် လက်တင်ဘာသာဖြင့် မိမိတိုက်ခိုက် ခဲ့သော စစ်ပွဲများအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။ သူ၏ ရေးသားပုံမှာ ရိုးရိုးနှင့်ပြတ်သား ရှင်းလင်းလှသောကြောင့် လက်တင်စာပေလိုက်စားသူတိုင်း ယနေ့တိုင် လေ့လာနေကြ ရလေသည်။

ဤသို့ အဖက်ဖက်တွင့် ပြည့်စုံ ထူးချွန်သူ ဆီဇာမှာ မနာ လိုသူများလက်ချက်ဖြင့် ကျဆုံးရလေရာ၊ ရောမနိုင်ငံတော် ကြီး သည် အဖိုးတန်သားကောင်းတစ်ယောက် ဆုံးရှုံးရလေတော့၏။ ဆီဇာ၏ ရန်သူများကား အသက်ဦးဆံပိုင် ဘုရင့်အုပ်ချုပ်ရေး စနစ်ကို တွန်းလှန်၍၊ သမ္မတနိုင်ငံထူထောင်ရန် ရည်မှန်းပြု လုပ်ခဲ့ကြသော်လည်း၊ နောင် ၁၇ နှစ်ကြာသောအခါ ဆီဇာ၏ အဆက်အနွယ်များသည် ရောမနိုင်ငံကို အသက်ဦးဆံပိုင်ဘုရင့် စနစ်ဖြင့်သာလျှင် အုပ်စိုးသွားကြလေသည်။

ကျော်စွာ ၁၀၀ -ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

Leave a Reply