ၾသစေၾတးလ် ကုိ အလည္သြားခ်င္ရင္ (သုိ႔) အေျခခ်ေနထုိင္ခ်င္ရင္

Posted on

ၾသစေၾတးလ်ႏိုင္ငံကို အလည္လာလိုပါသလား၊ ဒါမွမဟုတ္ အေျခခ်ေနထိုင္ႏိုင္လိုပါသလား။ နည္းလမ္းေတြ တခုထက္မနည္း ရွိပါတယ္။

By : Kerrie Armstrong
Presented by Mu Laing Thein (SBS ျမန္မာပုိင္း အစီအစဥ္)

အခ်ဳပ္အားျဖင့္ေတာ့ၾသစေၾတးလ်ႏိုင္ငံကို လာေရာက္ဖို႔ အဓိက လမ္းေၾကာင္း ၂ ခု ရွိပါတယ္။

တခုကေတာ့ ယာယီလာေရာက္ေနထိုင္ျခင္းျဖစ္ၿပီး ေနာက္တခုကေတာ့ အၿမဲတမ္း ေျပာင္းေရႊ႕ေနထိုင္ျခင္း ျဖစ္တယ္လို႔ Kerrie Armstrong ရဲ့ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

အဓိက လမ္းေၾကာင္း ၂ ခုထဲမွာမွ ၾသစေၾတးလ်ႏိုင္ငံကို လာေရာက္ႏိုင္တဲ့ လမ္းသြယ္ေလးေတြ အမ်ားႀကီး ရွိပါတယ္။

ၾသစၾတးလ်ႏိုင္ငံ အမ်ဳိးသား တကၠသိုလ္က လူဝင္မႈဆိုင္ရာဥပေဒပညာရွင္ Marianne Dickie ရဲ့အဆိုအရ ၾသစေၾတးလ်ႏိုင္ငံကို ေရႊ႕ေျပာင္းေနထိုင္ဖို႔ ကိစၥဟာ အင္မတန္ ရွဳတ္ေထြးလြန္းတဲ့အတြက္ ေအးဂ်င့္ေတြ ဒါမွမဟုတ္ လူဝင္မႈဆိုင္ရာ ေရွ႕ေနကို လူအမ်ားစုက ငွားရမ္းၿပီး လုပ္ေေဆာင္ေနၾကရတယ္လို႔ ဆိုပါတယ္။

ေဖာင္ျဖည့္တတ္ရုံနဲ႔ ၿပီးသြားတဲ့ ကိစၥမဟုတ္ပဲ ဘယ္ပုံ ဘယ္နည္း ဒါမွမဟုတ္ ဘယ္ဗီဇာအမ်ဳိးအစားကို ေလွ်ာက္ရမလဲ ဆိုတာကို သိဖို႔ လိုတယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္လည္း ၾသစေၾတးလ်ႏိုင္ငံမွာ လူဝင္မႈနဲ႔ပတ္သက္တဲ့ ေအးဂ်င့္အခုေပါင္း ၅၀၀၀ ေက်ာ္ ရွိေနတာ ျဖစ္ပါတယ္။ ၾသစေၾတးလ်မွာ ဝင္ေရာက္ဖို႔အတြက္ ဘယ္ဗီဇာအမ်ဳိးအစားကို ေလွ်ာက္သင့္သလဲ ဆိုတဲ့ေနရာမွာ ရွဳတ္ေထြးလြန္းသလို လူဝင္မႈ ဥပေဒကလည္း အမ်ဳိးမ်ဳိး ေျပာင္းလဲေနတဲ့အတြက္ အခက္အခဲေတြ ျဖစ္ေနရပါတယ္။ ဒါ့အျပင္ အခ်ိန္ကုန္ ေငြကုန္ခံၿပီး လုပ္ရတာလည္း ျဖစ္ပါတယ္။

ယာယီလာေရာက္ေနထိုင္ျခင္း

ယာယီလာေရာက္ေနထိုင္ျခင္း အစီအစဥ္ေအာက္မွာ ျပည္ပကေန ၃ လ ကေန ၁ ႏွစ္အလည္လာတာေတြ၊ ႏွစ္နဲ႔ခ်ီ ေက်ာင္းလာတက္တာေတြ၊ အလုပ္အတြက္ ေခတၱ ေရႊ႕ေျပာင္းလာတာေတြနဲ႔ အလည္လာရင္းတႏွစ္ေလာက္ အလုပ္လုပ္ခြင့္ရွိတဲ့ ဗီဇာေတြ ပါဝင္ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ အၿမဲတမ္း ေနထိုင္ခြင့္ ရခ်င္ရင္ေတာ့ အဲဒီအတြက္ ႏွစ္နဲ႔ခ်ီေစာင့္ၿပီး ေလွ်ာက္ထားႏိုင္သလို ဒုကၡသည္အျဖစ္ ဝင္ေရာက္လိုရင္လည္း ေလွ်ာက္ထားႏိုင္ပါတယ္။

အၿမဲတမ္းေနထိုင္ခြင့္ အစီအစဥ္ေအာက္မွာလည္း နည္းလမ္းအမ်ဳိးမ်ဳိး ရွိျပန္ပါတယ္။

ေက်ာင္းသားဗီဇာ

ယာယီလာေရာက္ေနထိုင္ျခင္း ေအာက္မွာ ေက်ာင္းသားဗီဇာနဲ႔လည္း ေနထိုင္ႏိုင္ပါတယ္။ Chart of temporary visa holders.

ၾသစေၾတးလ်ႏိုင္ငံမွာ မူလတန္းဘဝကေန တကၠသိုလ္အထိ ေက်ာင္းသားဗီဇာနဲ႔ ေက်ာင္းလာတက္ႏိုင္ပါတယ္။

ေက်ာင္းသားဗီဇာမွာလည္း အမ်ဳိးအစားကြဲျပားမႈ ရွိပါတယ္။

Subclass 500 ဗီဇာအမ်ဳိးအစားကေတာ့ ၾသစေၾတးလ်ႏိုင္ငံမွာ အခ်ိန္ျပည့္ ေက်ာင္းသားအေနနဲ႔ ေက်ာင္းလာတက္ဖို႔အတြက္ ေလွ်ာက္ထားႏိုင္ပါတယ္။

subclass 590 visa ကေတာ့ အသက္ ၁၈ ႏွစ္ေအာက္ ေက်ာင္းသားေတြအတြက္ ျဖစ္ၿပီး အဲဒီဗီဇာက ေက်ာင္းသားအျပင္ အဲဒီေက်ာင္းသားကို အုပ္ထိန္းဖို႔ အုပ္ထိန္းသူ တစ္ေယာက္ကိုပါ ေက်ာင္းတက္ေနသမွ် ကာလပတ္လုံး ၾသစေၾတးလ်ႏိုင္ငံမွာ ေနထိုင္ခြင့္ေပးတဲ့ ဗီဇာအမ်ဳိးအစား ျဖစ္ပါတယ္။ အုပ္ထိန္းသူကေတာ့ အနည္းဆုံး အသက္ ၂၁ ရွိရမွာ ျဖစ္ၿပီး မိဘ ဒါမွမဟုတ္ အုပ္ထိန္းပိုင္ခြင့္ရွိသူ တဦးဦး ျဖစ္ရမွာ ျဖစ္ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ ေက်ာင္းလာတက္တာ မဟုတ္ပဲ အရည္အခ်င္းျမင့္တင္ဖို႔အတြက္ သင္တန္းလာတက္မယ္ဆိုရင္လည္းTraining visa (subclass 407) ကို ေလွ်ာက္ထားႏိုင္ပါတယ္။

တခါ ၾသစေၾတးလ်ႏိုင္ငံမွာ ေက်ာင္းၿပီးလို႔ ၾသစေၾတးလ်ႏိုင္ငံမွာပဲ အလုပ္လုပ္ခ်င္တယ္ဆိုရင္လည္း ေက်ာင္းၿပီးသူေတြကို ေခတၱေနထိုင္ခြင့္ေပးၿပီး အလုပ္ရွာလုပ္ႏိုင္တဲ့ subclass 485. ဗီဇာအမ်ဳိးအစားကိုလည္း ေလွ်ာက္ထားႏိုင္ပါတယ္။

Skilled migration

ေနာက္တခါ ကိုယ့္မွာ ရွိတဲ့ အရည္အခ်င္းေတြနဲ႔ ၾသစေၾတးလ်ႏိုင္ငံမွာ လိုအပ္တဲ့ အလုပ္ကို လာလုပ္နုိင္တဲ့ Skilled migration ဗီဇာလည္း ရွိပါတယ္။

အဲဒီအစီအစဥ္ေအာက္မွာေတာ့ ၾသစေၾတးလ်ႏုိင္ငံမွာ လိုအပ္တဲ့ အရည္အခ်င္းေတြေတာ့ ရွိဖို႔ လိုအပ္ပါတယ္။ ဥပမာ အင္ဂ်င္နီယာလို၊ လိုအပ္တဲ့ ခ်က္ျပဳတ္ေရးကြ်မ္းက်င္သူေတြ၊ ေရနံနဲ႔ သဘာဝ လုပ္ငန္းမွာ လုပ္ကိုင္သူေတြ အစရွိသျဖင့္ လူအမ်ဳိးမ်ဳိး အရည္အခ်င္းအမ်ဳိးမ်ဳိးအတြက္ အက်ဴံးဝင္ပါတယ္။

ျပည္ပက အေထြေထြအရည္အခ်င္းရွိသူ လုပ္သားေတြ၊ ကမ္းလြန္ေရနံနဲ႔ သဘာဝ ဓာတ္ေငြ႔လုပ္ငန္းမွာ လုပ္ကိုင္သူေတြ၊ ဟိုတယ္လုပ္ငန္းက လူေတြအျပင္ ျပည္ပက စီးပြားရွင္ေတြနဲ႔ ရင္းႏွီးျမဳပ္ႏွံသူေတြလည္း အဲဒီဗီဇာကို ရယူႏိုင္ပါတယ္။

အရင္တုန္းက အဲဒီဗီဇာကို ၄၅၇ ဗီဇာလို႔ ေခၚေပမယ့္ မရွင္းလင္းမႈေတြ၊ အျမတ္ထုတ္မႈေတြ မ်ားလြန္းတဲ့အတြက္ ၂၀၁၈ မတ္လကစၿပီး ၄၅၇ ဗီဇာကို ပယ္ဖ်က္ၿပီး Temporary Skills Shortage (TSS) visa နဲ႔ အစားထိုးမွာ ျဖစ္ပါတယ္။ TSS visa ရရွိသူေတြအေနနဲ႔ အဲဒီဗီဇာနဲ႔ၾသစေၾတးလ်မွာ ၂ ႏွစ္ကေန ၄ ႏွစ္အထိ ေနထိုင္ အလုပ္လုပ္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ၾသစေၾတးလ်ႏိုင္ငံမွာ လိုအပ္ေနတဲ့ အရည္အခ်င္းကို ေခတၱလာေရာက္ျဖည့္ဆည္းေပးဖို႔အတြက္ ျဖစ္ပါတယ္။

Working holiday visas

ဆက္လက္ၿပီးေတာ့ Working holiday visa program (subclass 417) ကေတာ့ ၾသစေၾတးလ်ႏိုင္ငံကို အလည္လာရင္း အလုပ္လုပ္ခြင့္ရတဲ့ ဗီဇာအမ်ဳိးအစား ျဖစ္ပါတယ္။ အဲဒါကေတာ့ ဘုရားလည္းဖူး လိပ္ဥလည္းတူးႏိုင္ေအာင္ ဒါမွမဟုတ္ သူတို႔ရဲ့ ရိုးရာယဥ္ေက်းမႈေတြကို ၾသစေၾတးလ်ႏိုင္ငံက လူေတြရဲ့ ယဥ္ေက်းမႈေတြ ဖလွယ္ႏိုင္ေအာင္ လုပ္ေဆာင္ေပးထားတဲ့ ဗီဇာျဖစ္ပါတယ္။ အဲဒီဗီဇာအရ အသက္ ၁၈ ႏွစ္ကေန ၃၀ ႏွစ္အၾကား လူငယ္ေတြအေနနဲ႔ ၾသစေၾတးလ်ႏိုင္ငံကို တႏွစ္ၾကာ ေနထိုင္ခြင့္ရၿပီး အလုပ္ ၆ လ လုပ္ခြင့္ရွိသလို ေက်ာင္းတက္ရင္လည္း ၄ လ ၾကာ တက္ေရာက္ခြင့္ရွိမွာ ျဖစ္ပါတယ္။

စိုက္ပ်ဳိးၿခံေတြသြားၿပီး စိုက္ပ်ဳိးေရးလုပ္ငန္းမွာ အလုပ္အကိုင္ေတြ လုပ္ကိုင္ခြင့္ေပးထားေပမယ့္ မၾကာေသးခင္တုန္းကပဲ အဂၤလိပ္စကား မတတ္ပဲ အဲဒီ လုပ္ငန္းမွာ လုပ္ကိုင္တဲ့ ႏိုင္ငံျခားသား တခ်ဳိ႕ကို အလုပ္ရွင္ေတြက အျမတ္ထုတ္တယ္ ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာပါတယ္။

အဲဒီဗီဇာအရ နယ္ေဒသမွာ အလုပ္လုပ္မယ္ဆိုရင္ ၈၈ ရက္ၾကာလုပ္ႏိုင္ၿပီး အဲဒီေႏွာက္ ၁ ႏွစ္ဗီဇာရဖို႔ ေလွွ်ာက္ထားႏိုင္ပါတယ္။ ဒါေပမဲ့ တခ်ဳိ႔အလုပ္ရွင္ေတြက ၈၈ ရက္စာ အလုပ္အတြက္ ပိုက္ဆံမေပးခ်င္တာေတြ၊ ပိုက္ဆံအေပးနည္းတာမ်ဳိး က်င့္သုံးၿပီး တိုင္ေတာမႈေတြလုပ္ရင္ ၁ ႏွစ္ၾကာ အလုပ္လုပ္ခြင့္ ဗီဇာေလွ်ာက္လို႔ မရေအာင္ လုပ္မယ္လို႔ ၿခိမ္းေျခာက္ၿပီး အျမတ္ထုတ္တာမ်ဳိး ရွိပါတယ္။

အဲဒါေတြကေတာ့ ၾသစေၾတးလ်ႏိုင္ငံမွာ ေခတၱခဏ ဝင္ေရာက္ခြင့္ေပးတဲ့ ဗီဇာေတြျဖစ္ပါတယ္။

အၿမဲတမ္းေနထိုင္ခြင့္ဗီဇာ

အခုဆက္လက္ၿပီးေတာ့ ၾသစေၾတးလ်ႏိုင္ငံမွာ အၿမဲတမ္းအေျခခ်ခြင့္ေပးတဲ့ ဗီဇာအစီအစဥ္ေတြအေၾကာင္း တင္ျပမွာ ျဖစ္ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ အၿမဲတမ္းေနထိုင္ခြင့္ရဖို႔အတြက္ ေလွ်ာက္ထားႏိုင္တဲ့ ဗီဇာအမ်ဳိးအစား အမ်ဳိးမ်ဳိး ရွိပါတယ္။

၂၀၁၆ -၂၀၁၇ ခုႏွစ္အတြက္ လူေပါင္း ၁၉ ၀၀၀၀ အထိ အၿမဲတမ္းေနထိုင္ခြင့္ ဗီဇာေပးဖို႔ အစိုးရက ရာထားပါတယ္။ တစ္သိန္းကိုးေသာင္းထဲမွာမွ ေနရာအခုေပါင္း ၅၇၄၀၀ ကို မိသားစုဝင္ေတြ အေျခခ်ဖို႔အတြက္ ရာထားၿပီး ေနရာ ၅၆၅ ခုကိုေတာ့ အရင္တုန္းက ၾသစေၾတးလ်မွာ ေနထိုင္ခဲ့ဖူးၿပီး ၾသစေၾတးလ်နဲ႔ အဆက္အသြယ္မျပတ္သူေတြ ျပန္လည္ အေျခခ်ေနထိုင္ႏိုင္ဖို႔အတြက္ ရာထားေပးပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ နယ္ေဒသမွာ ေနထိုင္ႏိုင္မယ္ဆိုရင္ စပြန္ဆာနဲ႔ Regional Sponsored Migration Scheme ဗီဇာေလွ်ာက္ထားႏိုင္ပါတယ္။ အဲဒီဗီဇာက နယ္ေဒသ တေနရာရာမွာ အနည္းဆုံး ၂ ႏွစ္ေနရမွာျဖစ္ၿပီး အနည္းဆုံး ၁ ႏွစ္ေလာက္ အလုပ္လုပ္ကိုင္ရမွာ ျဖစ္ပါတယ္။

အဲဒီအစီအစဥ္က နယ္ေဒသမွာ ေနထိုင္တဲ့ မိသားစုဝင္ေတြအေနနဲ႔ ျပည္ပက သူတို႔ရဲ့ မိသားစုဝင္ေတြကို စပြန္ဆာေပးၿပီး အတူတူ ေနႏိုင္ေအာင္ လုပ္ေဆာင္တဲ့ ဗီဇာျဖစ္ပါတယ္။

သားသမီးေတြက ၾသစေၾတးလ်မွာ ရွိရင္ မိဘေတြကို မိဘဗီဇာနဲ႔ ေခၚႏိုင္သလို မိဘေတြ ၾသစေၾတးလ်မွာ ေနထိုင္ရင္လည္း သားသမီးေတြကို သားသမီးဗီဇာနဲ႔ ေခၚႏိုင္ပါတယ္။

အဲဒီဗီဇာေတြအတြက္ ေလွ်ာက္လႊာစစ္ေဆးတဲ့ ကာလက ၾကာျမင့္ၿပီး သားသမီးဗီဇာက မိဘဗီဇာရဖို႔ထက္ ပိုလြယ္ကူပါတယ္။ သားသမီးဗီဇာက ၂ ႏွစ္ ၃ ႏွစ္ ၾကာေအာင္ ေစာင့္ရႏိုင္ေပမယ့္ မိဘဗီဇာ ရရွိဖို႔က ႏွစ္ေပါင္း ၅၀ ေတာင္ ေစာင့္ရႏိုင္တယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ ၾသစေၾတးလ်ႏိုင္ငံမွာ အၿမဲတမ္းေနထိုင္ခြင့္ရဖို႔ တစ္နည္းကေတာ့ အၿမဲတမ္းေနထိုင္ခြင့္ရသူ တဦးဦး ဒါမွမဟုတ္ ႏိုင္ငံသား တဦးဦးနဲ႔ လက္ထပ္ဖို႔ ျဖစ္ပါတယ္။ အဲဒီလို လက္ထပ္ထားလို႔ ၾသစေၾတးလ်ႏိုင္ငံကို လိုက္လာမယ္ဆိုရင္ ဗီဇာအတြက္ ေဒၚလာ ၆၀၀၀ ေပးရမွာျဖစ္ပါတယ္။

လိုက္လာသူ ဇနီး ဒါမွမဟုတ္ ခင္ပြန္းသည္က အၿမဲတမ္းဗီဇာရဖို႔ ၂ ႏွစ္ ေစာင့္ဆိုင္းရမွာ ျဖစ္ပါတယ္။ အေၾကာင္းရင္းကေတာ့ လက္ထပ္သူ ႏွစ္ဦးရဲ့ အိမ္ေထာင္ေရးၿမဲမၿမဲ ဆိုတာကို ေစာင့္ၾကည့္တာ ျဖစ္ပါတယ္။

မိသားစုေတြ ေဆြမ်ဳိးေတြကို ေခၚယူဖို႔က တခါတေလ ႏွစ္ေပါင္း ၁၀ နဲ႔ခ်ီ ၾကာျမင့္တတ္ေပမယ့္ စီးပြားေရးဗီဇာနဲ႔ ေခၚရင္ ပိုၿပီး ျမန္ဆန္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ ၾသစေၾတးလ်နိုင္ငံမွာ လိုအပ္တဲ့ အရည္အခ်င္းမ်ဳိးနဲ႔ လုပ္ငန္းမ်ဳိး ကိုယ့္မွာ ရွိရင္ ဗီဇာရရွိလြယ္တာ ျဖစ္ပါတယ္။

ဗီဇာအမ်ဳိးအစား အမ်ဳိးမ်ဳိး ေလွ်ာက္ထားႏိုင္ေပမယ့္လည္း အဂၤလိပ္စာ အရည္အခ်င္းေတြ၊ က်န္းမာေရး ေကာင္းမြန္မႈအေပၚေတြလည္း မူတည္ႏိုင္တဲ့အတြက္ က်န္းမာေရး စစ္ေဆးမႈေတြလည္း ေအာင္ျမင္မွသာ ဗီဇာရရွိမွာ ျဖစ္ပါတယ္။

Refugee and humanitarian program

ေနာက္ထပ္ ၾသစၾတးလ်ႏိုင္ငံမွာ အၿမဲတမ္းေနထိုင္ခြင့္ရေစႏိုင္တဲ့ ဗီဇာအမ်ဳိးအစားကေတာ့ လူသားျခင္းစာနာတဲ့ အစီအစဥ္အရ ဒုကၡသည္အျဖစ္ ၾသစေၾတးလ်မွာ ေနထိုင္ျခင္း ျဖစ္ပါတယ္။

၂၀၁၆-၂၀၁၇ ခုႏွစ္ အတြင္း လူသားျခင္းစာနာေထာက္ထားေရး အစီအစဥ္နဲ႔ လူေပါင္း ၁၃၇၅၀ ကို ေခၚယူဖို႔ အစိုးရက ရာထားပါတယ္။ ဒါ့အျပင္ ဆီးရီးယားႏိုင္ငံက ဒုကၡသည္ အေယာက္ေပါင္း ၁၂၀၀၀ ကို ထပ္မံ သီးသန္႔ေခၚယူခဲ့ၿပီ ျဖစ္ပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရုံး ကေန ဒုကၡသည္အျဖစ္ သတ္မွတ္ထားတဲ့ လူေတြကို အစိုးရက ေရႊးၿပီး ေခၚယူလက္ခံတာ ျဖစ္ပါတယ္။ ေခၚယူတဲ့အခါမွာလည္း ေဒသအလိုက္ ႏိုင္ငံအလိုက္ ဦးစားေပးၿပီး ေခၚယူတာမ်ဳိး လုပ္ေလ့ရွိပါတယ္။ အရင္ႏွစ္ေတြတုန္းက ျမန္မာႏိုင္ငံက ဒုကၡသည္ေတြကို ဦးစားေပးေခၚယူတဲ့အတြက္ အမ်ားအျပား ေရာက္လာတာ ရွိသလို အာဖရိကတိုက္က ေတာင္ဆူဒန္လို႔ ႏိုင္ငံက ဒုကၡသည္ေတြကိုလည္း ေခၚယူလက္ခံတာ ရွိပါတယ္။

ၾသစေၾတးလ်ႏိုင္ငံကို အရင္ေရာက္လာၿပီးမွ ဒုကၡသည္အျဖစ္ သတ္မွတ္ဖို႔ ခိုလွဳံခြင့္ေတာင္းတဲ့လူေတြကိုလည္း အစိုးရက Immigration Advice and Application Assistance Scheme (IAAAS) အစီအစဥ္ေအာက္မွာ ထားၿပီး ေလွ်ာက္လႊာစိစစ္ေလ့ရွိပါတယ္။

ေလွေတြနဲ႔ ၾသစေၾတးလ်ႏိုင္ငံထဲ ဝင္လာတဲ့လူေတြကိုေတာ့ IAAAS အစီအစဥ္ေအာက္မွာ မထားပဲ ျပည္ပမွာ ဖြင့္လွစ္ထားတဲ့ ၾသစေၾတးလ် လူဝင္မႈထိန္းသိမ္းေရး စခန္းမွာ ထိန္းသိမ္းထားပါတယ္။

ေလွနဲ႔ ေရာက္လာသူေတြကို တျခားႏိုင္ငံတခုခုက လက္ခံရင္ ၿပီးေတာ့ အဲဒီဒုကၡသည္ေတြကလည္း တျခားႏိုင္ငံတခုခုမွာ သြားဖို႔ သေဘာတူရင္ အစိုးရက အေျခခ်ဖို႔အလိုပ္ လိုအပ္တဲ့ အကူအညီေပးၿပီး ပို႔ေဆာင္ေပးေနပါတယ္။

လူသားျခင္း စာနာတဲ့ ဗီဇာကလည္း ႏွစ္နဲ႔ခ်ီၾကာႏိုင္သလို တျခားဗီဇာလိုပဲ က်န္းမာေရးအေျခအေနေပၚလည္း မူတည္ႏိုင္ပါတယ္။ လူသားျခင္း စာနာတဲ့အေနနဲ႔ ေပးတဲ့ ဗီဇာမွာလည္း subclass အမ်ဳိးမ်ဳိး ကြဲျပားေနၿပီး တခ်ဳိ႕ ဗီဇာအတြက္ လုံးဝ အခမဲ့ ျဖစ္ေပမယ့္ တခ်ဳိ႕ဗီဇာအမ်ဳိးအစားကေတာ့ က်န္းမာေရးစစ္ေဆးခနဲ႔ ေလယာဥ္ခေတြကို ကိုယ္တိုင္ ဒါမွမဟုတ္ ေဆြမ်ဳိးမိသားစုနဲ႔ စပြန္ဆာေတြက ေပးေဆာင္ရတာမ်ဳိးလည္း ရွိပါတယ္။

Darwin City Waterfront development

SBS ျမန္မာပုိင္း အစီအစဥ္


ဩစတြေးလျ ကို အလည်သွားချင်ရင် (သို့) အခြေချနေထိုင်ချင်ရင် (unicode)

ဩစတြေးလျနိုင်ငံကို အလည်လာလိုပါသလား၊ ဒါမှမဟုတ် အခြေချနေထိုင်နိုင်လိုပါသလား။ နည်းလမ်းတွေ တခုထက်မနည်း ရှိပါတယ်။

By : Kerrie Armstrong
Presented by Mu Laing Thein (SBS မြန်မာပိုင်း အစီအစဉ်)

အချုပ်အားဖြင့်တော့ဩစတြေးလျနိုင်ငံကို လာရောက်ဖို့ အဓိက လမ်းကြောင်း ၂ ခု ရှိပါတယ်။

တခုကတော့ ယာယီလာရောက်နေထိုင်ခြင်းဖြစ်ပြီး နောက်တခုကတော့ အမြဲတမ်း ပြောင်းရွှေ့နေထိုင်ခြင်း ဖြစ်တယ်လို့ Kerrie Armstrong ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အဓိက လမ်းကြောင်း ၂ ခုထဲမှာမှ ဩစတြေးလျနိုင်ငံကို လာရောက်နိုင်တဲ့ လမ်းသွယ်လေးတွေ အများကြီး ရှိပါတယ်။

ဩစတြးလျနိုင်ငံ အမျိုးသား တက္ကသိုလ်က လူဝင်မှုဆိုင်ရာဥပဒေပညာရှင် Marianne Dickie ရဲ့အဆိုအရ ဩစတြေးလျနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ဖို့ ကိစ္စဟာ အင်မတန် ရှုတ်ထွေးလွန်းတဲ့အတွက် အေးဂျင့်တွေ ဒါမှမဟုတ် လူဝင်မှုဆိုင်ရာ ရှေ့နေကို လူအများစုက ငှားရမ်းပြီး လုပ်ေဆောင်နေကြရတယ်လို့ ဆိုပါတယ်။

ဖောင်ဖြည့်တတ်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပဲ ဘယ်ပုံ ဘယ်နည်း ဒါမှမဟုတ် ဘယ်ဗီဇာအမျိုးအစားကို လျှောက်ရမလဲ ဆိုတာကို သိဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း ဩစတြေးလျနိုင်ငံမှာ လူဝင်မှုနဲ့ပတ်သက်တဲ့ အေးဂျင့်အခုပေါင်း ၅၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ဩစတြေးလျမှာ ဝင်ရောက်ဖို့အတွက် ဘယ်ဗီဇာအမျိုးအစားကို လျှောက်သင့်သလဲ ဆိုတဲ့နေရာမှာ ရှုတ်ထွေးလွန်းသလို လူဝင်မှု ဥပဒေကလည်း အမျိုးမျိုး ပြောင်းလဲနေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေရပါတယ်။ ဒါ့အပြင် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ရတာလည်း ဖြစ်ပါတယ်။

ယာယီလာရောက်နေထိုင်ခြင်း

ယာယီလာရောက်နေထိုင်ခြင်း အစီအစဉ်အောက်မှာ ပြည်ပကနေ ၃ လ ကနေ ၁ နှစ်အလည်လာတာတွေ၊ နှစ်နဲ့ချီ ကျောင်းလာတက်တာတွေ၊ အလုပ်အတွက် ခေတ္တ ရွှေ့ပြောင်းလာတာတွေနဲ့ အလည်လာရင်းတနှစ်လောက် အလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာတွေ ပါဝင်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရချင်ရင်တော့ အဲဒီအတွက် နှစ်နဲ့ချီစောင့်ပြီး လျှောက်ထားနိုင်သလို ဒုက္ခသည်အဖြစ် ဝင်ရောက်လိုရင်လည်း လျှောက်ထားနိုင်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်အောက်မှာလည်း နည်းလမ်းအမျိုးမျိုး ရှိပြန်ပါတယ်။

ကျောင်းသားဗီဇာ

ယာယီလာရောက်နေထိုင်ခြင်း အောက်မှာ ကျောင်းသားဗီဇာနဲ့လည်း နေထိုင်နိုင်ပါတယ်။ Chart of temporary visa holders.

ဩစတြေးလျနိုင်ငံမှာ မူလတန်းဘဝကနေ တက္ကသိုလ်အထိ ကျောင်းသားဗီဇာနဲ့ ကျောင်းလာတက်နိုင်ပါတယ်။

ကျောင်းသားဗီဇာမှာလည်း အမျိုးအစားကွဲပြားမှု ရှိပါတယ်။

Subclass 500 ဗီဇာအမျိုးအစားကတော့ ဩစတြေးလျနိုင်ငံမှာ အချိန်ပြည့် ကျောင်းသားအနေနဲ့ ကျောင်းလာတက်ဖို့အတွက် လျှောက်ထားနိုင်ပါတယ်။

subclass 590 visa ကတော့ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေအတွက် ဖြစ်ပြီး အဲဒီဗီဇာက ကျောင်းသားအပြင် အဲဒီကျောင်းသားကို အုပ်ထိန်းဖို့ အုပ်ထိန်းသူ တစ်ယောက်ကိုပါ ကျောင်းတက်နေသမျှ ကာလပတ်လုံး ဩစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ ဗီဇာအမျိုးအစား ဖြစ်ပါတယ်။ အုပ်ထိန်းသူကတော့ အနည်းဆုံး အသက် ၂၁ ရှိရမှာ ဖြစ်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းပိုင်ခွင့်ရှိသူ တဦးဦး ဖြစ်ရမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ ကျောင်းလာတက်တာ မဟုတ်ပဲ အရည်အချင်းမြင့်တင်ဖို့အတွက် သင်တန်းလာတက်မယ်ဆိုရင်လည်းTraining visa (subclass 407) ကို လျှောက်ထားနိုင်ပါတယ်။

တခါ ဩစတြေးလျနိုင်ငံမှာ ကျောင်းပြီးလို့ ဩစတြေးလျနိုင်ငံမှာပဲ အလုပ်လုပ်ချင်တယ်ဆိုရင်လည်း ကျောင်းပြီးသူတွေကို ခေတ္တနေထိုင်ခွင့်ပေးပြီး အလုပ်ရှာလုပ်နိုင်တဲ့ subclass 485. ဗီဇာအမျိုးအစားကိုလည်း လျှောက်ထားနိုင်ပါတယ်။

Skilled migration

နောက်တခါ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေနဲ့ ဩစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အလုပ်ကို လာလုပ်နိုင်တဲ့ Skilled migration ဗီဇာလည်း ရှိပါတယ်။

အဲဒီအစီအစဉ်အောက်မှာတော့ ဩစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အရည်အချင်းတွေတော့ ရှိဖို့ လိုအပ်ပါတယ်။ ဥပမာ အင်ဂျင်နီယာလို၊ လိုအပ်တဲ့ ချက်ပြုတ်ရေးကျွမ်းကျင်သူတွေ၊ ရေနံနဲ့ သဘာဝ လုပ်ငန်းမှာ လုပ်ကိုင်သူတွေ အစရှိသဖြင့် လူအမျိုးမျိုး အရည်အချင်းအမျိုးမျိုးအတွက် အကျူံးဝင်ပါတယ်။

ပြည်ပက အထွေထွေအရည်အချင်းရှိသူ လုပ်သားတွေ၊ ကမ်းလွန်ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ လုပ်ကိုင်သူတွေ၊ ဟိုတယ်လုပ်ငန်းက လူတွေအပြင် ပြည်ပက စီးပွားရှင်တွေနဲ့ ရင်းနှီးမြုပ်နှံသူတွေလည်း အဲဒီဗီဇာကို ရယူနိုင်ပါတယ်။

အရင်တုန်းက အဲဒီဗီဇာကို ၄၅၇ ဗီဇာလို့ ခေါ်ပေမယ့် မရှင်းလင်းမှုတွေ၊ အမြတ်ထုတ်မှုတွေ များလွန်းတဲ့အတွက် ၂၀၁၈ မတ်လကစပြီး ၄၅၇ ဗီဇာကို ပယ်ဖျက်ပြီး Temporary Skills Shortage (TSS) visa နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ TSS visa ရရှိသူတွေအနေနဲ့ အဲဒီဗီဇာနဲ့ဩစတြေးလျမှာ ၂ နှစ်ကနေ ၄ နှစ်အထိ နေထိုင် အလုပ်လုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဩစတြေးလျနိုင်ငံမှာ လိုအပ်နေတဲ့ အရည်အချင်းကို ခေတ္တလာရောက်ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်ပါတယ်။

Working holiday visas

ဆက်လက်ပြီးတော့ Working holiday visa program (subclass 417) ကတော့ ဩစတြေးလျနိုင်ငံကို အလည်လာရင်း အလုပ်လုပ်ခွင့်ရတဲ့ ဗီဇာအမျိုးအစား ဖြစ်ပါတယ်။ အဲဒါကတော့ ဘုရားလည်းဖူး လိပ်ဥလည်းတူးနိုင်အောင် ဒါမှမဟုတ် သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဩစတြေးလျနိုင်ငံက လူတွေရဲ့ ယဉ်ကျေးမှုတွေ ဖလှယ်နိုင်အောင် လုပ်ဆောင်ပေးထားတဲ့ ဗီဇာဖြစ်ပါတယ်။ အဲဒီဗီဇာအရ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား လူငယ်တွေအနေနဲ့ ဩစတြေးလျနိုင်ငံကို တနှစ်ကြာ နေထိုင်ခွင့်ရပြီး အလုပ် ၆ လ လုပ်ခွင့်ရှိသလို ကျောင်းတက်ရင်လည်း ၄ လ ကြာ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။

စိုက်ပျိုးခြံတွေသွားပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ပေးထားပေမယ့် မကြာသေးခင်တုန်းကပဲ အင်္ဂလိပ်စကား မတတ်ပဲ အဲဒီ လုပ်ငန်းမှာ လုပ်ကိုင်တဲ့ နိုင်ငံခြားသား တချို့ကို အလုပ်ရှင်တွေက အမြတ်ထုတ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီဗီဇာအရ နယ်ဒေသမှာ အလုပ်လုပ်မယ်ဆိုရင် ၈၈ ရက်ကြာလုပ်နိုင်ပြီး အဲဒီနှောက် ၁ နှစ်ဗီဇာရဖို့ လျှောက်ထားနိုင်ပါတယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်တွေက ၈၈ ရက်စာ အလုပ်အတွက် ပိုက်ဆံမပေးချင်တာတွေ၊ ပိုက်ဆံအပေးနည်းတာမျိုး ကျင့်သုံးပြီး တိုင်တောမှုတွေလုပ်ရင် ၁ နှစ်ကြာ အလုပ်လုပ်ခွင့် ဗီဇာလျှောက်လို့ မရအောင် လုပ်မယ်လို့ ခြိမ်းခြောက်ပြီး အမြတ်ထုတ်တာမျိုး ရှိပါတယ်။

အဲဒါတွေကတော့ ဩစတြေးလျနိုင်ငံမှာ ခေတ္တခဏ ဝင်ရောက်ခွင့်ပေးတဲ့ ဗီဇာတွေဖြစ်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့်ဗီဇာ

အခုဆက်လက်ပြီးတော့ ဩစတြေးလျနိုင်ငံမှာ အမြဲတမ်းအခြေချခွင့်ပေးတဲ့ ဗီဇာအစီအစဉ်တွေအကြောင်း တင်ပြမှာ ဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့အတွက် လျှောက်ထားနိုင်တဲ့ ဗီဇာအမျိုးအစား အမျိုးမျိုး ရှိပါတယ်။

၂၀၁၆ -၂၀၁၇ ခုနှစ်အတွက် လူပေါင်း ၁၉ ၀၀၀၀ အထိ အမြဲတမ်းနေထိုင်ခွင့် ဗီဇာပေးဖို့ အစိုးရက ရာထားပါတယ်။ တစ်သိန်းကိုးသောင်းထဲမှာမှ နေရာအခုပေါင်း ၅၇၄၀၀ ကို မိသားစုဝင်တွေ အခြေချဖို့အတွက် ရာထားပြီး နေရာ ၅၆၅ ခုကိုတော့ အရင်တုန်းက ဩစတြေးလျမှာ နေထိုင်ခဲ့ဖူးပြီး ဩစတြေးလျနဲ့ အဆက်အသွယ်မပြတ်သူတွေ ပြန်လည် အခြေချနေထိုင်နိုင်ဖို့အတွက် ရာထားပေးပါတယ်။

ဩစတြေးလျနိုင်ငံ နယ်ဒေသမှာ နေထိုင်နိုင်မယ်ဆိုရင် စပွန်ဆာနဲ့ Regional Sponsored Migration Scheme ဗီဇာလျှောက်ထားနိုင်ပါတယ်။ အဲဒီဗီဇာက နယ်ဒေသ တနေရာရာမှာ အနည်းဆုံး ၂ နှစ်နေရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ်လောက် အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်က နယ်ဒေသမှာ နေထိုင်တဲ့ မိသားစုဝင်တွေအနေနဲ့ ပြည်ပက သူတို့ရဲ့ မိသားစုဝင်တွေကို စပွန်ဆာပေးပြီး အတူတူ နေနိုင်အောင် လုပ်ဆောင်တဲ့ ဗီဇာဖြစ်ပါတယ်။

သားသမီးတွေက ဩစတြေးလျမှာ ရှိရင် မိဘတွေကို မိဘဗီဇာနဲ့ ခေါ်နိုင်သလို မိဘတွေ ဩစတြေးလျမှာ နေထိုင်ရင်လည်း သားသမီးတွေကို သားသမီးဗီဇာနဲ့ ခေါ်နိုင်ပါတယ်။

အဲဒီဗီဇာတွေအတွက် လျှောက်လွှာစစ်ဆေးတဲ့ ကာလက ကြာမြင့်ပြီး သားသမီးဗီဇာက မိဘဗီဇာရဖို့ထက် ပိုလွယ်ကူပါတယ်။ သားသမီးဗီဇာက ၂ နှစ် ၃ နှစ် ကြာအောင် စောင့်ရနိုင်ပေမယ့် မိဘဗီဇာ ရရှိဖို့က နှစ်ပေါင်း ၅၀ တောင် စောင့်ရနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဩစတြေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့ တစ်နည်းကတော့ အမြဲတမ်းနေထိုင်ခွင့်ရသူ တဦးဦး ဒါမှမဟုတ် နိုင်ငံသား တဦးဦးနဲ့ လက်ထပ်ဖို့ ဖြစ်ပါတယ်။ အဲဒီလို လက်ထပ်ထားလို့ ဩစတြေးလျနိုင်ငံကို လိုက်လာမယ်ဆိုရင် ဗီဇာအတွက် ဒေါ်လာ ၆၀၀၀ ပေးရမှာဖြစ်ပါတယ်။

လိုက်လာသူ ဇနီး ဒါမှမဟုတ် ခင်ပွန်းသည်က အမြဲတမ်းဗီဇာရဖို့ ၂ နှစ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လက်ထပ်သူ နှစ်ဦးရဲ့ အိမ်ထောင်ရေးမြဲမမြဲ ဆိုတာကို စောင့်ကြည့်တာ ဖြစ်ပါတယ်။

မိသားစုတွေ ဆွေမျိုးတွေကို ခေါ်ယူဖို့က တခါတလေ နှစ်ပေါင်း ၁၀ နဲ့ချီ ကြာမြင့်တတ်ပေမယ့် စီးပွားရေးဗီဇာနဲ့ ခေါ်ရင် ပိုပြီး မြန်ဆန်လေ့ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဩစတြေးလျနိုင်ငံမှာ လိုအပ်တဲ့ အရည်အချင်းမျိုးနဲ့ လုပ်ငန်းမျိုး ကိုယ့်မှာ ရှိရင် ဗီဇာရရှိလွယ်တာ ဖြစ်ပါတယ်။

ဗီဇာအမျိုးအစား အမျိုးမျိုး လျှောက်ထားနိုင်ပေမယ့်လည်း အင်္ဂလိပ်စာ အရည်အချင်းတွေ၊ ကျန်းမာရေး ကောင်းမွန်မှုအပေါ်တွေလည်း မူတည်နိုင်တဲ့အတွက် ကျန်းမာရေး စစ်ဆေးမှုတွေလည်း အောင်မြင်မှသာ ဗီဇာရရှိမှာ ဖြစ်ပါတယ်။

Refugee and humanitarian program

နောက်ထပ် ဩစတြးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရစေနိုင်တဲ့ ဗီဇာအမျိုးအစားကတော့ လူသားခြင်းစာနာတဲ့ အစီအစဉ်အရ ဒုက္ခသည်အဖြစ် ဩစတြေးလျမှာ နေထိုင်ခြင်း ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း လူသားခြင်းစာနာထောက်ထားရေး အစီအစဉ်နဲ့ လူပေါင်း ၁၃၇၅၀ ကို ခေါ်ယူဖို့ အစိုးရက ရာထားပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံက ဒုက္ခသည် အယောက်ပေါင်း ၁၂၀၀၀ ကို ထပ်မံ သီးသန့်ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကနေ ဒုက္ခသည်အဖြစ် သတ်မှတ်ထားတဲ့ လူတွေကို အစိုးရက ရွှေးပြီး ခေါ်ယူလက်ခံတာ ဖြစ်ပါတယ်။ ခေါ်ယူတဲ့အခါမှာလည်း ဒေသအလိုက် နိုင်ငံအလိုက် ဦးစားပေးပြီး ခေါ်ယူတာမျိုး လုပ်လေ့ရှိပါတယ်။ အရင်နှစ်တွေတုန်းက မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဦးစားပေးခေါ်ယူတဲ့အတွက် အများအပြား ရောက်လာတာ ရှိသလို အာဖရိကတိုက်က တောင်ဆူဒန်လို့ နိုင်ငံက ဒုက္ခသည်တွေကိုလည်း ခေါ်ယူလက်ခံတာ ရှိပါတယ်။

ဩစတြေးလျနိုင်ငံကို အရင်ရောက်လာပြီးမှ ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ ခိုလှုံခွင့်တောင်းတဲ့လူတွေကိုလည်း အစိုးရက Immigration Advice and Application Assistance Scheme (IAAAS) အစီအစဉ်အောက်မှာ ထားပြီး လျှောက်လွှာစိစစ်လေ့ရှိပါတယ်။

လှေတွေနဲ့ ဩစတြေးလျနိုင်ငံထဲ ဝင်လာတဲ့လူတွေကိုတော့ IAAAS အစီအစဉ်အောက်မှာ မထားပဲ ပြည်ပမှာ ဖွင့်လှစ်ထားတဲ့ ဩစတြေးလျ လူဝင်မှုထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားပါတယ်။

လှေနဲ့ ရောက်လာသူတွေကို တခြားနိုင်ငံတခုခုက လက်ခံရင် ပြီးတော့ အဲဒီဒုက္ခသည်တွေကလည်း တခြားနိုင်ငံတခုခုမှာ သွားဖို့ သဘောတူရင် အစိုးရက အခြေချဖို့အလိုပ် လိုအပ်တဲ့ အကူအညီပေးပြီး ပို့ဆောင်ပေးနေပါတယ်။

လူသားခြင်း စာနာတဲ့ ဗီဇာကလည်း နှစ်နဲ့ချီကြာနိုင်သလို တခြားဗီဇာလိုပဲ ကျန်းမာရေးအခြေအနေပေါ်လည်း မူတည်နိုင်ပါတယ်။ လူသားခြင်း စာနာတဲ့အနေနဲ့ ပေးတဲ့ ဗီဇာမှာလည်း subclass အမျိုးမျိုး ကွဲပြားနေပြီး တချို့ ဗီဇာအတွက် လုံးဝ အခမဲ့ ဖြစ်ပေမယ့် တချို့ဗီဇာအမျိုးအစားကတော့ ကျန်းမာရေးစစ်ဆေးခနဲ့ လေယာဉ်ခတွေကို ကိုယ်တိုင် ဒါမှမဟုတ် ဆွေမျိုးမိသားစုနဲ့ စပွန်ဆာတွေက ပေးဆောင်ရတာမျိုးလည်း ရှိပါတယ်။

SBS မြန်မာပိုင်း အစီအစဉ်

Leave a Reply