ဘုန္းေတာ္ႀကီး ေဗာဓိဓမၼ ႏွင့္ ဗုဒၶဘာသာ

Posted on

ဆရာေတာ္ ေဗာဓိဓမၼ ( ေအဒီ ၅၀၀ခန္႔) သည္ တ႐ုတ္ျပည္တြင္ ခ်န္ ဗုဒၶဘာသာကို စတင္တည္ေထာင္ခဲ့သည္။ ဆရာေတာ္ ေဗာဓိဓမၼ (ဇင္ဘာသာတည္ေထာင္သူ )သည္ ဗုဒၶသာသနာေတာ္ ပ်ံ႕ပြားေရးအတြက္ ေအဒီ ၅ရာစု ႏွင့္ ၆ရာစုၾကားတြင္ တ႐ုတ္ျပည္ေရွာင္လင္ဘုရားေက်ာင္းသို႔ ေရာက္ရွိခဲ့ေသာ အိႏၵိယလူမ်ိဳး တရားျပဆရာေတာ္ျဖစ္သည္။

မဟာယာန ဇင္ဗုဒၶဘာသာ တြင္ ကမၻာတြင္ နာမည္ေက်ာ္ၾကား လူသိအမ်ားဆုံးဆရာေတာ္ ျဖစ္သည္။ ဆရာေတာ္ ေဗာဓိဓမၼကို အိႏၵိယႏုိင္ငံ မဒရပ္ျပည္နယ္ Kanchipuram တြင္ေမြးဖြားခဲ့သည္။

ဆရာေတာ္ ေဗာဓိဓမၼ ၏ ဖခမည္းေတာ္သည္ အိႏၵိယျပည္ Kanchipuram Pallava ၏ ဘုရင္Tamil Pallava ျဖစ္သည္။ တ႐ုတ္ျပည္ေရွာင္လင္ဘုရားေက်ာင္းအနီးရွိ ဂူတစ္ခုတြင္ ၉ႏွစ္ၾကာ တရားက်င့္ႀကံရင္း ေနထုိင္ခဲ့သည္။

ထုိ႔ေနာက္ ေရွာင္လင္ေက်ာင္းေတာ္သုိ႔၀င္ေရာက္ကာ ကိုယ္ခံပညာ ႏွင့္ ဇင္ဗုဒၶဘာသာကို စံနစ္တက် သင္ၾကားေလ့က်င့္ေပးခဲ့သည္။ ေရွာင္လင္ေက်ာင္းေတာ္ ႏွင့္ ကိုယ္ခံပညာ သမိုင္းတြင္ ဩဇာအႀကီးမားဆုံးေသာ သူမ်ားထဲတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

ကိုယ္ခံပညာ ဆိုသည္မွာ မိမိ၏ လုံၿခဳံမႈအတြက္ ခုခံကာကြယ္ေသာ နည္းပညာမ်ားကိုဆိုလိုသည္။

မဟာယာနဂိုဏ္း သည္ တ႐ုတ္၊ ထိုင္ဝမ္၊ တိဘက္၊ ေတာင္ကိုရီးယား၊ ေျမာက္ကိုရီးယား၊ မြန္ဂိုးလီးယားႏိုင္ငံ၊ မေလးရွားႏိုင္ငံ၊ စင္ကာပူ၊ ဘူတန္ႏိုင္ငံ ႏွင့္ ဂ်ပန္ စေသာ အေရွ႕အာရွတခြင္တြင္ ထြန္းကားျပန္႔ပြားေနၿပီး ၎မွတဆင့္ Pure Land၊ ခ်န္/စီအန္/သီအန္/ဇင္၊ နီခ်ီရန္၊ တိဘက္တန္၊ရွင္ဂုန္ႏွင့္အျခားဂိုဏ္းမ်ားထပ္မံ ကြဲျပားသြားသည္။

ဂ်ပန္ တို႔ သည္ ဗုဒၶဘာသာကို အမ်ိဳးမ်ိဳး အဖုံဖုံ ေျပာင္းလဲခဲ့ၾကသည္။ တ႐ုတ္ျပည္မွ လာေသာ ခ်န္ဗုဒၶဘာသာ အယူအဆမ်ားေပၚတြင္ မူတည္၍ ဂ်ပန္တို႔သည္ ဇင္(ဈာန္) ဗုဒၶဘာသာအျဖစ္ေျပာင္းလဲလာျခင္းပင္ ျဖစ္သည္။

တ႐ုတ္ျပည္တြင္ဆရာေတာ္ ေဗာဓိဓမၼ ကုိ၊ ခ်န္ဗုဒၶဘာသာ( Chán Buddhism) ႏွင့္ ေရွာင္လင္၊ ကြန္ဖူးကိုယ္ခံပညာတို႔ ၏ ေရွ႕ေဆာင္ဦးစီးဦးကိုင္တည္ေထာင္သူအျဖစ္ ေဖာ္ျပၾကသည္။

ဂ်ပန္ျပည္တြင္ဆရာေတာ္ေဗာဓိဓမၼ ကို ၊ ဇင္ဗုဒၶဘာသာ ႏွင့္ ဂ်ပန္ ကရာေတး ကိုယ္ခံပညာတို႔၏ေရွ႕ေဆာင္ဦးစီးဦးကိုင္တည္ေထာင္သူအျဖစ္ ေဖာ္ျပၾကသည္။ ကိုယ္ခံပညာ ဆိုသည္မွာ မိမိ၏ လုံၿခဳံမႈအတြက္ ခုခံကာကြယ္ေသာ နည္းပညာမ်ားကိုဆိုလိုသည္

ဂုတၱမင္းမ်ား မွာ ဟိႏၵဴဘာသာ ဝင္မ်ားျဖစ္ၾက ၍ ထိုေခတ္ အိႏၵိယႏိုင္ငံ ဗုဒၶဘာသာ မွာလည္း ဟိႏၵဴဝါဒ ႏွင့္ ညီအကို ျဖစ္ေနသည္။ ေထရဝါဒဂိုဏ္း ၌ အ႒ကထာဆရာႀကီး အရွင္မဟာ ဗုဒၶေဃာသ ေပၚထြန္းသည္။

အိႏၵိယျပည္ သား ရဟန္းေတာ္မ်ားသည္ တ႐ုတ္ျပည္ သို႔သာသနာျပဳႂကြခဲ့ၾက ၍ တ႐ုတ္ရဟန္းေတာ္မ်ားလဲ အိႏၵိယျပည္သို႔ ပညာေတာ္သင္ ႂကြခဲ့ ၾကသည္ ။

တ႐ုတ္ ရဟန္း ေတာ္ဖာဟိယန္(သာသနာႏွစ္ ၉၄၃ ၊ ခရစ္ ၃၉၉) )သည္ ဂိုဘီ သဲကႏၲာရႀကီး ကို အေဖာ္မပါတေယာက္တည္း ျဖတ္သန္းခဲ့ ၍ အိႏၵိယျပည္အေရာက္ ၆ ႏွစ္ၾကာ ခရီးႏွင္ ခဲ့သည္ ။

အိႏၵိယျပည္တြင္ ၇ ႏွစ္ၾကာပညာသင္ခဲ့ ၍ တ႐ုတ္ျပည္ သို႔ ပိဋကတ္ေတာ္မ်ား သယ္ ေဆာင္ခဲ့သည္ ။ အင္ဒိုနီးရွား၊ မေလးရွား ၊ ကေမာၻဒီးယားတို႔တြင္ မဟာယန ဗုဒၶသာသနာ ထြန္းကားေၾကာင္း မွတ္တမ္း တင္ ခဲ့သည္ ။

အရွင္ကုမာရဇီ၀ တ႐ုတ္ ျပည္ သို႔ႂကြေရာက္ ၍ သာ သနာျပဳခဲ့သည္။ သာသနာ႔ ဒါယကာ ခ်င္မင္း ဆက္ျပဳတ္၍ မြန္ဂိုမင္း ႏွင့္ေတာင္ပိုင္း ဆြန္မင္းမ်ား က ဗုဒၶဘာသာကို ၫွဥ္းပန္းႏွိပ္ ဆက္ၾကသည္ ။

မြန္ဂိုဘုရင္ သည္ဆင္းတုေတာ္မ်ားကို ျဖတ္ဆီး၍ ပိဋကတ္ က်မ္းစာမ်ားကို မီးတိုက္ သည္။ ဘုန္းႀကီးရဟန္းမ်ားကို သတ္သည္ ၊၊ ျပည္သူလူထု မေၾကနပ္ သျဖင့္ လူထုကို ႏွစ္သိမ့္ေစရန္ ေပ ၅၀ ျမင့္ေသာေၾကးဆင္းတု ႀကီး တဆူသြန္းလုပ္၍ ေ႐ႊခ် ေပးသည္။

တစ္ၿမိဳ႕လၽွင္ ေက်ာင္းတိုက္တခုဆီ ေဆာက္လုပ္၍ ရဟန္း ၅၀ သီလရွင္ ၅၀ ျပဳခြင့္ ေပးျပန္သည္ ။ တ႐ုတ္ျပည္တြင္ ေက်ာင္းတိုက္ေပါင္း (၁၃၀၀၀) ရွိ၍ မဟာယာန ဗုဒၶဘာသာေ႐ႊေခတ္ဟု ေခၚ ေလာက္ သည္။

အရွင္ေဗာဓိဓမၼ တ႐ုတ္ ျပည္ သို႔ ႂကြ၍ ခ်န္ဗုဒၶဘာသာ ဂိုဏ္း ကို တည္ေထာင္သည္။ ကိုရီးယားျပည္ သို႔ ဗုဒၶသာသနာေတာ္ စတင္ေရာက္ရွိသည္ ။ (၁၁) ရာစုတြင္ ဂ်ပန္ႏိုင္ငံသို႔ ဗုဒၶ႐ုပ္ပြားေတာ္ စတင္ေရာက္ရွိသည္ ။

မဟာယာန ကို ေျမာက္ပိုင္းဗုဒၶဘာသာဟု ေခၚသည္။ ေထရဝါဒ ဂိုဏ္းသည္ သီဟိုဠ္မွတဆင့္ ျမန္မာ၊လာအို၊ ထိုင္း၊ ကေမၻာဒီးယား၊ သီရိလကၤာႏိုင္ငံ စေသာ ေဒသမ်ားသို႔ ျပန္႔ပြားသြားျခင္းျဖစ္၍ ေတာင္ပိုင္းဗုဒၶဘာသာဟုလည္း ေခၚဆိုသည္။

တိဘက္ဗုဒၶဘာသာ (Vajrayana ဂိုဏ္း) ကို အခ်ိဳ႕က မဟာယန၏ ဂိုဏ္းခြဲဟု သတ္မွတ္ေသာ္လည္း အခ်ိဳ႕ကမူ မူလဗုဒၶဘာသာ၏ တတိယေျမာက္ ဂိုဏ္းႀကီးအျဖစ္ သတ္မွတ္ၾကသည္။ ထို႔ျပင္ ဗုဒၶဘာသာတြင္ အျခားဂိုဏ္းခြဲငယ္ အမ်ားအျပားရွိေသးသည္။

ဤသို႔မ်ားရျခင္းသည္ ဝါဒႏွင့္ ေဒသကြာဟခ်က္မ်ားေၾကာင့္ ျဖစ္သည္။

ဂ်ပန္ျပည္တြင္ ဆူမိကို (ဆြိကို) ဘုရင္မႀကီးလက္ထက္ ႐ႈိတိုကု တိုင္းရွိ မင္းသားႀကီး ၏ ႀကိဳးပမ္း မႉေၾကာင့္ ဂ်ပန္တျပည္လုံး မဟာယနဇင္ဗုဒၶဘာသာကို ကိုးကြယ္ခဲ့ၾကသည္ ။ ဗုဒၶဘာသာကို အေျခခံ၍ ဂ်ပန္ျပည္ အုပ္ခ်ဳပ္ေရး ဥပေဒကိုေရးဆြဲခဲ့သည္။

 

တ႐ုတ္ျပည္ ဂ်ပန္ျပည္ ကိုယ္ခံပညာ ႏွင့္ ဇင္ဗုဒၶဘာသာအစ-ဆရာေတာ္ ေဗာဓိဓမၼ
Karate and Buddhism ေရွာင္လင္အစ ဆရာေတာ္ ေဗာဓိဓမၼ
True History of Bodhidharma Life ဆရာေတာ္ ေဗာဓိဓမၼ


 ဘုန်းတော်ကြီး ဗောဓိဓမ္မ နှင့် ဗုဒ္ဓဘာသာ (unicode)

ဆရာတော် ဗောဓိဓမ္မ ( အေဒီ ၅၀ဝခန့်) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ (ဇင်ဘာသာတည်ထောင်သူ )သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ ၅ရာစု နှင့် ၆ရာစုကြားတွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။

မဟာယာန ဇင်ဗုဒ္ဓဘာသာ တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ ဆရာတော် ဗောဓိဓမ္မကို အိန္ဒိယနိုင်ငံ မဒရပ်ပြည်နယ် Kanchipuram တွင်မွေးဖွားခဲ့သည်။ ဆရာတော် ဗောဓိဓမ္မ ၏ ဖခမည်းတော်သည် အိန္ဒိယပြည် Kanchipuram Pallava ၏ ဘုရင်Tamil Pallava ဖြစ်သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းအနီးရှိ ဂူတစ်ခုတွင် ၉နှစ်ကြာ တရားကျင့်ကြံရင်း နေထိုင်ခဲ့သည်။ ထို့နောက် ရှောင်လင်ကျောင်းတော်သို့ဝင်ရောက်ကာ ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ရှောင်လင်ကျောင်းတော် နှင့် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာများကိုဆိုလိုသည်။

မဟာယာနဂိုဏ်း သည် တရုတ်၊ ထိုင်ဝမ်၊ တိဘက်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုးလီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ၊ ဘူတန်နိုင်ငံ နှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး ၎င်းမှတဆင့် Pure Land၊ ချန်/စီအန်/သီအန်/ဇင်၊ နီချီရန်၊ တိဘက်တန်၊ရှင်ဂုန်နှင့်အခြားဂိုဏ်းများထပ်မံ ကွဲပြားသွားသည်။ ဂျပန် တို့ သည် ဗုဒ္ဓဘာသာကို အမျိုးမျိုး အဖုံဖုံ ပြောင်းလဲခဲ့ကြသည်။ တရုတ်ပြည်မှ လာသော ချန်ဗုဒ္ဓဘာသာ အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင်(ဈာန်) ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။

တရုတ်ပြည်တွင်ဆရာတော် ဗောဓိဓမ္မ ကို၊ ချန်ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင်၊ ကွန်ဖူးကိုယ်ခံပညာတို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ဂျပန်ပြည်တွင်ဆရာတော်ဗောဓိဓမ္မ ကို ၊ ဇင်ဗုဒ္ဓဘာသာ နှင့် ဂျပန် ကရာတေး ကိုယ်ခံပညာတို့၏ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။ ကိုယ်ခံပညာ ဆိုသည်မှာ မိမိ၏ လုံခြုံမှုအတွက် ခုခံကာကွယ်သော နည်းပညာများကိုဆိုလိုသည်

ဂုတ္တမင်းများ မှာ ဟိန္ဒူဘာသာ ဝင်များဖြစ်ကြ ၍ ထိုခေတ် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ မှာလည်း ဟိန္ဒူဝါဒ နှင့် ညီအကို ဖြစ်နေသည်။ ထေရဝါဒဂိုဏ်း ၌ အဋ္ဌကထာဆရာကြီး အရှင်မဟာ ဗုဒ္ဓဃောသ ပေါ်ထွန်းသည်။ အိန္ဒိယပြည် သား ရဟန်းတော်များသည် တရုတ်ပြည် သို့သာသနာပြုကြွခဲ့ကြ ၍ တရုတ်ရဟန်းတော်များလဲ အိန္ဒိယပြည်သို့ ပညာတော်သင် ကြွခဲ့ ကြသည် ။

တရုတ် ရဟန်း တော်ဖာဟိယန်(သာသနာနှစ် ၉၄၃ ၊ ခရစ် ၃၉၉) )သည် ဂိုဘီ သဲကန္တာရကြီး ကို အဖော်မပါတယောက်တည်း ဖြတ်သန်းခဲ့ ၍ အိန္ဒိယပြည်အရောက် ၆ နှစ်ကြာ ခရီးနှင် ခဲ့သည် ။ အိန္ဒိယပြည်တွင် ၇ နှစ်ကြာပညာသင်ခဲ့ ၍ တရုတ်ပြည် သို့ ပိဋကတ်တော်များ သယ် ဆောင်ခဲ့သည် ။ အင်ဒိုနီးရှား၊ မလေးရှား ၊ ကမ္ဘောဒီးယားတို့တွင် မဟာယန ဗုဒ္ဓသာသနာ ထွန်းကားကြောင်း မှတ်တမ်း တင် ခဲ့သည် ။ အရှင်ကုမာရဇီ၀ တရုတ် ပြည် သို့ကြွရောက် ၍ သာ သနာပြုခဲ့သည်။ သာသနာ့ ဒါယကာ ချင်မင်း ဆက်ပြုတ်၍ မွန်ဂိုမင်း နှင့်တောင်ပိုင်း ဆွန်မင်းများ က ဗုဒ္ဓဘာသာကို ညှဉ်းပန်းနှိပ် ဆက်ကြသည် ။

မွန်ဂိုဘုရင် သည်ဆင်းတုတော်များကို ဖြတ်ဆီး၍ ပိဋကတ် ကျမ်းစာများကို မီးတိုက် သည်။ ဘုန်းကြီးရဟန်းများကို သတ်သည် ၊၊ ပြည်သူလူထု မကြေနပ် သဖြင့် လူထုကို နှစ်သိမ့်စေရန် ပေ ၅၀ မြင့်သောကြေးဆင်းတု ကြီး တဆူသွန်းလုပ်၍ ရွှေချ ပေးသည်။ တစ်မြို့လျှင် ကျောင်းတိုက်တခုဆီ ဆောက်လုပ်၍ ရဟန်း ၅၀ သီလရှင် ၅၀ ပြုခွင့် ပေးပြန်သည် ။ တရုတ်ပြည်တွင် ကျောင်းတိုက်ပေါင်း (၁၃၀၀၀) ရှိ၍ မဟာယာန ဗုဒ္ဓဘာသာရွှေခေတ်ဟု ခေါ် လောက် သည်။

အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ချန်ဗုဒ္ဓဘာသာ ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိသည် ။ (၁၁) ရာစုတွင် ဂျပန်နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည် ။ မဟာယာန ကို မြောက်ပိုင်းဗုဒ္ဓဘာသာဟု ခေါ်သည်။ ထေရဝါဒ ဂိုဏ်းသည် သီဟိုဠ်မှတဆင့် မြန်မာ၊လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနိုင်ငံ စသော ဒေသများသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုသည်။

တိဘက်ဗုဒ္ဓဘာသာ (Vajrayana ဂိုဏ်း) ကို အချို့က မဟာယန၏ ဂိုဏ်းခွဲဟု သတ်မှတ်သော်လည်း အချို့ကမူ မူလဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာတွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။ ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသကွာဟချက်များကြောင့် ဖြစ်သည်။ ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) ဘုရင်မကြီးလက်ထက် ရှိုတိုကု တိုင်းရှိ မင်းသားကြီး ၏ ကြိုးပမ်း မှူကြောင့် ဂျပန်တပြည်လုံး မဟာယနဇင်ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည် ။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့သည်။

တရုတ်ပြည် ဂျပန်ပြည် ကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာအစ-ဆရာတော် ဗောဓိဓမ္မ
Karate and Buddhism ရှောင်လင်အစ ဆရာတော် ဗောဓိဓမ္မ
True History of Bodhidharma Life ဆရာတော် ဗောဓိဓမ္မ

One thought on “ဘုန္းေတာ္ႀကီး ေဗာဓိဓမၼ ႏွင့္ ဗုဒၶဘာသာ

Leave a Reply