ဒီမိုကေရစီ၏ ဖခင္ႏိုင္ငံ (သို႔) သမုိင္းထဲက ေဝသာလီျပည္

Posted on

ကမ႓ာ့သမိုင္းမွတ္တမ္းမ်ား အရေတာ့ ဒီမိုကေရစီစနစ္ကိုစတင္က်င့္သုံးခဲ့သူမ်ားမွာ ဂရိၿမိဳ႕ျပနိုင္ငံမ်ားမွ ေအသင္ႏွင့္ စပါတာၿမိဳ႕ျပနိုင္ငံတို႔ျဖစ္ၾကသည္။

ဒီမိုကေရစီဟူေသာ စကားရပ္သည္ ေရွးေဟာင္းဂရိစကားလုံး demos (ျပည္သူလူထု) ႏွင့္ kratos (အာဏာ) မွ ဆင္းသက္လာျခင္းျဖစ္သည္။ ျပည္သူအမ်ား အာဏာပိုင္စိုးေသာ စနစ္ဟု အဓိပၸါယ္ သက္ေရာက္သည္။

ေရွးေခတ္ ဂရိၿမိဳ႕ျပနိုင္ငံမ်ားမွ နိုင္ငံသားမ်ားသည္ အစိုးရ၏ လုပ္ငန္းေဆာင္တာမ်ားတြင္ တိုက္ရိုက္ပါဝင္ေဆာင္ရြက္ခြင့္ရွိခဲ့သည္။ တိုင္းေရးျပည္ေရးဆိုင္ရာ ဆံုးျဖတ္ခ်က္မ်ားတြင္ တဦးခ်င္း၏ သေဘာဆႏၵကိုတင္ျပခြင့္ရွိၿပီး လူအမ်ား၏ဆံုးျဖတ္ခ်က္ကို ခံယူခြင့္ရွိခဲ့သည္။

ဂရိၿမိဳ႕ျပႏိုင္ငံမ်ားတြင္ တိုင္းေရးျပည္ေရးအတြက္ အဆံုးအျဖတ္တခုခုကိုခ်မွတ္ရာတြင္ သက္ဦးဆံပိုင္အာဏာရွင္စနစ္ကဲ့သို႔ တဦးတစ္ေယာက္ ၊ အဖြဲ႕တခုခု၏ဆံုးျဖတ္ခ်က္အတိုင္းခ်မွတ္ျခင္း မျပဳပဲ လူအမ်ား၏ဆႏၵသေဘာထားကို လြတ္လပ္စြာရယူၿပီး လူအမ်ား၏ ဆႏၵအတိုင္းဆံုးျဖတ္ခဲ့ၾကသည္ ။

ထို႔ေၾကာင့္ဂရိၿမိဳ႕ျပႏိုင္ငံမ်ား သည္ ဒီမိုကေရစီစနစ္ကို က်င့္သံုးေသာ ကမ႓ာ့ ပထမဦးဆံုးႏိုင္ငံမ်ားအျဖစ္ မွတ္တမ္းတင္ခံရျခင္း ျဖစ္သည္။သို႔ေပမယ့္ ဂရိၿမိဳ႕ျပႏိုင္ငံမ်ားထက္ ႏွစ္ေပါင္းရာခ်ီေစာ၍ေပၚထြန္းခဲ့ေသာ အိႏၵိယအလယ္ပိုင္း မဇၩိမေဒသရွိ ေဝသာလီျပည္သည္ ဒီမိုကေရစီစနစ္ႏွင့္ ဆင္တူ၍ျပည္သူမ်ား၏ဆႏၵသေဘာထားကိုအေျချပဳေသာ အာဏာႏိုင္ငံေရးစနစ္ကို ဦးဆံုးက်င့္သံုးနိဳင္ခဲ့သည့္ တိုင္းႏိုင္ငံတစ္ခုျဖစ္ခဲ့သည္။

ထိုေဝသာလီျပည္၏ သမိုင္းေၾကာင္းႏွင့္ ပထဝီဝင္ အခ်က္အလက္မ်ားကိုတင္ျပရလွ်င္ ေဝသာလီျပည္သည္ ဗုဒၶသက္ေတာ္ထင္ရွားရွိစဥ္ အခါက ေပၚထြန္းခဲ့ေသာ မဇၩိမေဒသ တိုင္းႀကီး ၁၆ တိုင္းတြင္ ဝဇၨီတိုင္းဟု ထင္ရွားခဲ့ၿပီး လစၧဝီမင္း မ်ားအုပ္ခ်ဳပ္ရာ တိုင္းႏိုင္ငံအျဖစ္ထင္ရွားခဲ့သည္။

ယခုအခါတြင္ ေဝသာလီျပည္တည္ရွိခဲ့ေသာေဒသမွာ အိႏၵိယႏိုင္ငံ ဗီဟာျပည္နယ္ေျမာက္ ပိုင္းရွိ ေဗဆာရၿမိဳ႕တည္ရွိရာ အရပ္ဟု ေရွးေဟာင္းသုေတသီမ်ားက ရွာေဖြမွတ္တမ္းတင္ခဲ့ၾကသည္။

ေဝသာလီျပည္သည္ ဗုဒၶစာေပ က်မ္းဂန္မ်ားတြင္ အမည္ထင္ရွားစြာ ပါရွိခဲ့ေသာ တိုင္းႏိုင္ငံတခုျဖစ္ခဲ့သည္ ။ ေဝသာလီျပည္ရွိ ကုဋာဂါရသာလာ အရပ္သည္ ဘီစီ ၄၈၃ တြင္ ေဂါတမျမတ္စြာဘုရား ပရိနိဗၺာန္မစံမီ အာယုသခၤါရလႊတ္ေတာ္မူခဲ့ရာ အရပ္ျဖစ္သလို၊ ဘီစီ ၃၈၃ တြင္ ကာလာေသာကမင္း တရားႀကီးမွ ဦးေဆာင္၍ ဒုတိယ သဂၤါယနာ ျပဳလုပ္ခဲ့ရာ ေနရာလည္းျဖစ္ခဲ့သည္။

ဗုဒၶစာေပက်မ္းဂန္တြင္ပါရွိေသာ ေဝသာလီျပည္၏ သမိုင္းေၾကာင္းကို ျပန္ၾကည့္လွ်င္ မဟာသကၠရာဇ္ ၁ဝ၆ ခုႏွစ္ မေရာက္ခင္ကာလက ေဝသာလီျပည္သည္အလြန္သာယာ ဝေျပာခဲ့သည္။ တိုင္းသူျပည္သားမ်ားမွာခ်မ္းသာႂကြယ္ဝၾကၿပီး လူဦးေရလည္းလြန္စြာမ်ားျပားခဲ့သည္။

ေဂါတမဗုဒၶ ဘုရားရွင္လက္ထက္ေတာ္ကပင္ လြန္စြာႀကီးက်ယ္ခမ္းနားေသာ တံတိုင္းသုံးထပ္ အရံရွိသည့္ ၿမိဳ႕ေတာ္ျဖစ္သည္။ ရာဇၿဂိဳဟ္ျပည္ႏွင့္မူ ဂဂၤါျမစ္ျခား၍ ရွစ္ယူဇနာ ကြာေဝးသည္ဟု က်မ္းဂန္မ်ား၌ မွတ္တမ္းတင္ထားသည္။

နိဳင္ငံအုပ္ခ်ဳပ္ပံုစနစ္မွာ ထိုေခတ္အခါကေပၚထြန္းခဲ့ေသာ တိုင္းႏိုင္ငံမ်ားကဲ့သို႔ သက္ဦးဆံပိုင္ ဘုရင္စနစ္မဟုတ္ပဲ တစ္မ်ိဳးတစ္ဘာသာထူးျခားလွသည္။

ဝဇၨီတိုင္းကို ထိုအခါက အစုစုအနယ္အနယ္အားျဖင့္ အပိ္ုင္းအျခားမ်ားသတ္မွတ္ထားၿပီး ထို ပိုင္းျခားထားေသာ နယ္ေျမမ်ားတြင္ ဦးေဆာင္သူ ေခါင္းေဆာင္မင္း တစ္ပါးစီရွိၾကသည္။

ထိုသူတို႔ကို လစၧီဝီမင္းမ်ားဟု ေခၚေဝၚခဲ့ၾကသည္။ ထိုေခါင္းေဆာင္တို႔သည္လည္း အၿမဲရွိသည္မဟုတ္ပဲ အလွည့္က်စနစ္ျဖင့္သာ ထို နယ္ေျမအပိုင္းအျခားကိုဦးေဆာင္ရသည္။

ထိုေခတ္အခါက ဝဇၨီတိုင္းတြင္ ပိုင္းျခားထားေသာနယ္ေျမေပါင္း ၇၇၀၇ ရွိခဲ့ၿပီး နယ္ေျမတခုစီကို ဦးစီးေသာ လိစၦဝီမင္းေပါင္း ၇၇ဝ၇ ေယာက္ရွိခဲ့သည္။

ထိုမင္းတို႔ေနရာအတြက္ ျပာႆဒ္ေပါင္း ၇၇ဝ၇ ေဆာင္ ၊ စုလစ္မြန္းခြၽန္တပ္ေသာ တိုက္ ၇၇ဝ၇ ခု၊ ဥယ်ာဥ္ ေရကန္ေပါင္း ၇၇ဝ၇ ခု ရွိၾကသည္ဟု ဗုဒၶဘာသာက်မ္းစာေပမွတ္တမ္းမ်ား၌ ပါရွိသည္ ။

ထို၇၇၀၇ စီေသာ လစၧဝီမင္းတို႔သည္ လျပည့္လကြယ္ ၁၅ ရက္ စီတိုင္းတြင္ ယခုအခါ လႊတ္ေတာ္ဟု ေခၚတြင္မည့္ အစည္းအေဝးခန္းမတြင္ စုေဝးေလ့ရွိၾကၿပီး ထိုအစည္းအေဝးတြင္ ဦးစီးဦးေဆာင္ လူႀကီးအျဖစ္ လစၧဝီမင္း တပါးကို အလွည့္က် တင္ေျမႇာက္ေလ့ရွိသည္ ။

ထိုသူကို အႀကီးအကဲ ဆိုသည့္ သေဘာသက္ေရာက္ေသာ ေဝါဟာရ ျဖစ္သည့္ ( သမၼတ) ဟု ေခၚခဲ့ၾကသည္ ။ တိုင္းျပည္ေရးရာမ်ားကို အဆိုပါ လစၧဝီမင္းတို႔သည္ လႊတ္ေတာ္တြင္း၌ ေဆြးေႏြးတိုင္ပင္ ျငင္းခံုၾကၿပီး အဆံုးအျဖတ္ျပဳၾကေသာအခါ တဦးျခင္း၏
ထားကိုေတာင္းခံၿပီး အမ်ားစု၏ ဆႏၵသေဘာထားအတိုင္းသာ ခံယူေလ့ရွိၾကသည္ ။

ထိုအုပ္ခ်ဳပ္မွဳ႕စနစ္ပံုစံသည္ ယေန႔ေခတ္၏ ဒီမိုကေရစီ စနစ္၏ေရွ႕ေျပး ပံုစံမ်ိဳးျဖစ္ၿပီး ဂရိတို႔၏ ဒီမိုကေရစီစနစ္ ကိုဦးေဆာင္လမ္းျပေပးႏိုင္ခဲ့သည္။ ထိုေခတ္အခါက လစၧဝီမင္းတို႔သည္ အလြန္စည္းလံုးညီၫြတ္ၾကၿပီး တိုင္းျပည္ကို မင္းက်င့္တရားမ်ားႏွင့္အညီအုပ္ခ်ဳပ္ခဲ့ၾကသည္။

အပရိဟာနိက တရား(၇)ပါးႏွင့္လည္းျပည့္စံုေအာင္ က်င့္ၾကံခဲ့ၾကေသာေၾကာင့္ ေဝသာလီျပည္ဟာ တိုင္းျပည္ငယ္ေသာ္လည္း မဇၩိမတိုင္းတြင္ မည္သည့္အင္အားႀကီး တိုင္းႏိုင္ငံကိုမွ် ေအာက္က်ိဳ႕အညံ့ခံစရာ မလိုပဲ တစ္ထီးတစ္နန္းရပ္တည္ႏိုင္ခဲ့ၾကသည္ ။

သို႔ပါေသာ္လည္း မဟာသကၠရာဇ္ ၁၀၆ အေရာက္တြင္ အငတ္ေဘး၊ ဘီလူးသဘက္ေဘး၊ ေရာဂါဘယေဘးဆိုးႀကီးမ်ားက်ေရာက္ ေသာေၾကာင့္ျမတ္ဗုဒၶကိုယ္ေတာ္တိုင္ ႂကြေရာက္၍ ရတနာ့သုတ္ေဟာၾကားေတာ္မူကာ ရွင္အာနႏၵာႏွင့္ရဟန္းသံဃာမ်ားကို ေဝသာလီျပည္အႏွံ႕ပရိတ္ရြတ္ဖတ္ေစၿပီး ကပ္ဆိုးမ်ားမွကယ္တင္ခဲ့ရဖူးသည္။

လစၧဝီမင္းတို႔၏ ေဝသာလီျပည္သည္ ဗုဒၶသက္ေတာ္ထင္ရွားရွိစဥ္အခါက ထူးျမတ္ေသာ အမွဳ႕ကိစၥမ်ားေပၚေပါက္ခဲ့ရာ ေနရာေဒသလည္းျဖစ္ခဲ့သည္။

မဟာသကၠရာဇ္ ၁ဝ၇ ခုႏွစ္တြင္ ျမတ္ဗုဒၶသည္ ပၪၥမဝါကို ေဝသာလီျပည္၊ မဟာဝုန္ေတာ၊ ကုဋာဂါရသာလာသို႔ႂကြ၍ ဝါကပ္ေတာ္မူစဥ္ မိေထြးေတာ္ေဂါတမီအမႉးရွိ ၅၀၀ေသာ သာကီဝင္မင္းသမီးအေပါင္းတို႔အား ရဟန္းအျဖစ္သို႔ခြင့္ျပဳခဲ့သျဖင့္ ဘိကၡဳနီသာသနာကို ေဝသာလီျပည္၌ စခဲ့သည္ဟု ဆိုနိုင္သည္။

ထို႔အျပင္ေဝသာလီျပည္သည္ ျမတ္ဗုဒၶကမာရ္နတ္သား၏ အာယုသခၤါရ လႊတ္ေတာ္မူရန္ ေလွ်ာက္ထားျခင္းကို လက္ခံေတာ္မူၿပီးေနာက္
ကုဋာဂါရသာလာသို႔ႂကြ၍ ရဟန္းအေပါင္းတို႔အား သာသနာေတာ္၏ ကာလအရွည္ တည္ထြန္းေပရာေသာ အေၾကာင္းတရားကို ေဟာေတာ္မူၿပီးေနာက္ သုံးလအၾကာတြင္ ပရိနိဗၺာန္ျပဳမည့္အေၾကာင္း မိန႔္ေတာ္မူခဲ့ရာေနရာေဒသလည္းျဖစ္ေလသည္။

ျမတ္ဗုဒၶပရိနိဗၺာန္ျပဳၿပီးေနာက္ပိုင္းတြင္ ေဝသာလီျပည္သည္ သာသနာေတာ္ႏွစ္ တစ္ရာေျမာက္တြင္ ကာလာေသာကမင္း လက္ထက္ ဝဇၨီတိုင္းသားရဟန္းဆိုးမ်ား၏ ဥဒၶမၼဥ္ဗၺိနယ ဆယ္ပါးျဖင့္ ေထာင္လႊားျခင္းကိုအေၾကာင္းျပဳ၍ အရွင္မဟာယသ အမႉးရွိေသာ ရဟႏၲာအရွင္ျမတ္ ၇ဝဝ တို႔ ဒုတိယသဂၤါယနာတင္ေတာ္မူရာၿမိဳ႕ေတာ္ႀကီးျဖစ္ခဲ့ေလသည္။

ထိုကဲ့သို႔ ဗုဒၶသမိုင္းစာေပက်မ္းဂန္မ်ားတြင္ ထင္ရွားခဲ့ေသာ ေဝသာလီျပည္သည္ ဗုဒၶေခတ္က အင္အားႀကီးလက္နက္ႏိုင္ငံတစ္ခုျဖစ္ေသာ ရာဇၿဂိဳလ္ျပည္ႏွင့္ဂဂၤါျမစ္သာျခားေသာ အိမ္နီးခ်င္းႏိုင္ငံျဖစ္ခဲ့ေသာ္လည္း ညီၫြတ္ေသာ သမၼတမင္းမ်ား၏ ဦးေဆာင္မွဳ႕ေအာက္တြင္ စည္းလံုးညီၫြတ္ စြာျဖင့္ ႏွစ္ေပါင္းမ်ားစြာ ရာဇၿဂိဳလ္ ျပည့္ရွင္ အဇာတသတ္မင္း၏ က်ဴးေက်ာ္လာေသာနယ္ေျမလုစစ္ပြဲမ်ား ကိုရြပ္ရြပ္ခၽြံခၽြံတြန္း လွန္ႏိုင္ခဲ့ေသာ သမိုင္းေကာင္းမ်ားရွိခဲ့သည္။

သို႔ပါေသာ္လည္း ပ်က္စီးခ်ိန္တန္ေသာအခါတြင္ အဇာတသတ္မင္း၏ လူယံုေတာ္ ဝႆကာရ ပုဏၰား၏ အတြင္းသပ္လွ်ိဳေသြးခြဲျခင္းခံရကာ လစၧဝီမင္းမ်ား စည္းလံုးမွဳ႕ၿပိဳကြဲၿပီး ေဝသာလီျပည္သည္အဇာတသတ္မင္း၏ အလြယ္တကူသိမ္းပိုက္ျခင္းကိုခံခဲ့ရသည္ ။

ေ၀သာလီျပည္ ပ်က္စီးခဲ့ပုံ

ဝႆကာရ ပုဏၰားႀကီးက လစၦ၀ီမင္းတို႔ အပရိဟာနိယဓမၼျပည့္စုံသေ႐ြ႕ ဖ်က္ဆီးမရႏိုင္ေသာ္ ထိုမင္းမ်ား၏ အညီအၫြတ္ကို ျဖားေယာင္းလွည့္ပတ္ႏိုင္မွျဖစ္မည့္အေၾကာင္း အဇာတသတ္မင္းအား အႀကံေပးေလသည္။

ပုဏၰားႀကီးအႀကံေပးသည့္အတိုင္း အဇာတသတ္မင္းသည္ ဝႆကာရပုဏၰားႀကီးအား အမ်က္ထြက္ဟန္ျပဳ၍ ဦးဆံရိတ္ေစၿပီး ေႏွာင္ႀကိဳးတည္း၍ ျပည္မွႏွင္ေတာ္မူေလသည္။ ထိုအခါ ပုဏၰားႀကီးလည္း ေဝသာလီျပည္သို႔သြား၍ ဝဇၨီမင္းတို႔၏အက်ိဳးစီးပြားကိုဆိုမိသျဖင့္ ရာဇၿဂိဳဟ္ျပည္မွ ထြက္လာရေၾကာင္း ေလၽွာက္ၾကားေလသည္။ ဝဇၨီမင္းတို႔လည္း ယုံၾကည္သျဖင့္ ပုဏၰားႀကီးအားတရားဆုံးျဖတ္ေသာ အမတ္အရာေပး၏။

ပုဏၰားႀကီးလည္း တစ္ႏွစ္ ႏွစ္ႏွစ္ခန္႔ ဝဇၨီမင္းတို႔အက်ိဳးကို မ်ားစြာအလိုရွိဟန္ က်င့္၍ေနာက္ေသာအခါ တစ္ဦးႏွင့္တစ္ဦး ေမတၱာပ်က္၍ မသင့္မတင့္ျဖစ္ၾကေစရန္ေျပာဆို၏။ ဝဇၨီမင္းမ်ား ခ်စ္ျခင္းပ်က္၍ ညီၫြတ္ျခင္းမရွိေသာအခါ အဇာတသတ္မင္းထံ ပုဏၰားႀကီးက အေၾကာင္းၾကားလိုက္ေလသည္။ အဇာတသတ္မင္း၏ စစ္သည္တို႔ ခ်ီတက္လာေသာအခါ ညီညီၫြတ္ၫြတ္ မခုခံေသာေၾကာင့္ ၿမိဳ႕တြင္းသို႔လြယ္လင့္တကူဝင္၍ ဝဇၨီမင္းမ်ားကို ဖမ္းယူသည္မွစ၍ ေဝသာလီျပည္သည္ ရာဇၿဂိဳဟ္မင္း၏ လက္နက္ႏိုင္ငံျဖစ္သြားေလေတာ့သည္။

ထို႔ေၾကာင့္ေဝသာလီျပည္သည္ စည္းလံုးညီၫြတ္ေသာ ျပည္သူအေျချပဳ ဒီမိုကေရစီစနစ္၏ ေရွ႕ေဆာင္ တိုင္းျပည္ အျဖစ္ရပ္တည္ႏိုင္ခဲ့ေသာ္လည္း ၾကားလူ၏သပ္လွိ်ဳမွဳ႕ေၾကာင့္ စည္လံုးမွဳ႕ၿပိဳကြဲကာ ႏိုင္ငံမွာလည္း တိုင္းတပါးလက္ေအာက္က်ေရာက္ခံရျခင္း၏ သာဓကတစ္ခုျဖစ္ခဲ့သည္။

ယေန႔ေခတ္တြင္ ေဝသာလီျပည္ဟု အမွတ္သညာျပဳထားေသာ ေနရာေဒသတြင္ ေရွးေဟာင္း ဗုဒၶသာသနိက အေဆာက္အဦးမ်ား
ယဥ္ေက်းမွဳ႕လက္ရာမ်ား အျဖစ္

၁။ အေသာကမင္းတည္ထားခဲ့ေသာ ျမတ္ဗုဒၶ၏ဓာတ္ေတာ္တိုက္ေစတီေတာ္

၂။ မိေထြးေတာ္ေဂါတမီအမွဴးျပဳေသာ သာကီဝင္မင္းသမီးငါးရာ တို႔ ဘိကၡဴနီအျဖစ္ ခ်ီးေျမႇာက္ခံရကာ ဘိကၡဴနီသာသနာ စတင္ခဲ့ရာေနရာ
ျဖစ္ေသာ ကု႗ာဂါရ ေက်ာင္းေတာ္ရာ

၃။ လစၧဝီမင္းမ်ား နန္းတက္ရာတြင္ ဘိသိက္ေျမႇာက္သည့္ လစၧဝီေရကန္ျမတ္ ေနရာ

၄။ ဂ်ပန္မဟာယာန ဗုဒၶဘာသာဂိုဏ္းျဖစ္ေသာနီခ်ီယန္ဂိုဏ္းဝင္မ်ားတည္ထားခဲ့ေသာ ဓာတ္ေတာ္ေစတီႏွင့္ မနီးမေဝးရွိ ကမ႓ာ့ၿငိမ္းခ်မ္းေရး ေစတီေတာ္

၅။ ၿငိမ္းခ်မ္းေရး ေစတီေတာ္အနီးတြင္တည္ရွိေသာ အိႏၵိယ ေရွးေဟာင္းယဥ္ေက်းမွဳ႕ျပတိုက္

စသည္အားျဖင့္ ကမ႓ာ့ေရွးေဟာင္း ယဥ္ေက်းမွဳ႕ အေမြအႏွစ္ စာရင္းဝင္ဗုဒၶဂါယာ ေနရာေဒသ အေဆာက္အဦးမ်ား အျဖစ္က်န္ရွိေနေသးသည္။

သုတၾကယ္စဥ္
Myanmar Wikipedia


ဒီမိုကရေစီ၏ ဖခင်နိုင်ငံ (သို့) သမိုင်းထဲက ဝေသာလီပြည် (unicode)

ကမ႓ာ့သမိုင်းမှတ်တမ်းများ အရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးခဲ့သူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်ကြသည်။

ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အာဏာ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ဟု အဓိပ္ပါယ် သက်ရောက်သည်။

ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်ရှိခဲ့သည်။ တိုင်းရေးပြည်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် တဦးချင်း၏ သဘောဆန္ဒကိုတင်ပြခွင့်ရှိပြီး လူအများ၏ဆုံးဖြတ်ချက်ကို ခံယူခွင့်ရှိခဲ့သည်။

ဂရိမြို့ပြနိုင်ငံများတွင် တိုင်းရေးပြည်ရေးအတွက် အဆုံးအဖြတ်တခုခုကိုချမှတ်ရာတွင် သက်ဦးဆံပိုင်အာဏာရှင်စနစ်ကဲ့သို့ တဦးတစ်ယောက် ၊ အဖွဲ့တခုခု၏ဆုံးဖြတ်ချက်အတိုင်းချမှတ်ခြင်း မပြုပဲ လူအများ၏ဆန္ဒသဘောထားကို လွတ်လပ်စွာရယူပြီး လူအများ၏ ဆန္ဒအတိုင်းဆုံးဖြတ်ခဲ့ကြသည် ။

ထို့ကြောင့်ဂရိမြို့ပြနိုင်ငံများ သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ကမ႓ာ့ ပထမဦးဆုံးနိုင်ငံများအဖြစ် မှတ်တမ်းတင်ခံရခြင်း ဖြစ်သည်။သို့ပေမယ့် ဂရိမြို့ပြနိုင်ငံများထက် နှစ်ပေါင်းရာချီစော၍ပေါ်ထွန်းခဲ့သော အိန္ဒိယအလယ်ပိုင်း မဇ္ဈိမဒေသရှိ ဝေသာလီပြည်သည် ဒီမိုကရေစီစနစ်နှင့် ဆင်တူ၍ပြည်သူများ၏ဆန္ဒသဘောထားကိုအခြေပြုသော အာဏာနိုင်ငံရေးစနစ်ကို ဦးဆုံးကျင့်သုံးနိုင်ခဲ့သည့် တိုင်းနိုင်ငံတစ်ခုဖြစ်ခဲ့သည်။

ထိုဝေသာလီပြည်၏ သမိုင်းကြောင်းနှင့် ပထဝီဝင် အချက်အလက်များကိုတင်ပြရလျှင် ဝေသာလီပြည်သည် ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါက ပေါ်ထွန်းခဲ့သော မဇ္ဈိမဒေသ တိုင်းကြီး ၁၆ တိုင်းတွင် ဝဇ္ဇီတိုင်းဟု ထင်ရှားခဲ့ပြီး လစ္ဆဝီမင်း များအုပ်ချုပ်ရာ တိုင်းနိုင်ငံအဖြစ်ထင်ရှားခဲ့သည်။

ယခုအခါတွင် ဝေသာလီပြည်တည်ရှိခဲ့သောဒေသမှာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်မြောက် ပိုင်းရှိ ဗေဆာရမြို့တည်ရှိရာ အရပ်ဟု ရှေးဟောင်းသုတေသီများက ရှာဖွေမှတ်တမ်းတင်ခဲ့ကြသည်။

ဝေသာလီပြည်သည် ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် အမည်ထင်ရှားစွာ ပါရှိခဲ့သော တိုင်းနိုင်ငံတခုဖြစ်ခဲ့သည် ။ ဝေသာလီပြည်ရှိ ကုဋာဂါရသာလာ အရပ်သည် ဘီစီ ၄၈၃ တွင် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ အာယုသင်္ခါရလွှတ်တော်မူခဲ့ရာ အရပ်ဖြစ်သလို၊ ဘီစီ ၃၈၃ တွင် ကာလာသောကမင်း တရားကြီးမှ ဦးဆောင်၍ ဒုတိယ သင်္ဂါယနာ ပြုလုပ်ခဲ့ရာ နေရာလည်းဖြစ်ခဲ့သည်။

ဗုဒ္ဓစာပေကျမ်းဂန်တွင်ပါရှိသော ဝေသာလီပြည်၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် မရောက်ခင်ကာလက ဝေသာလီပြည်သည်အလွန်သာယာ ဝပြောခဲ့သည်။ တိုင်းသူပြည်သားများမှာချမ်းသာကြွယ်ဝကြပြီး လူဦးရေလည်းလွန်စွာများပြားခဲ့သည်။

ဂေါတမဗုဒ္ဓ ဘုရားရှင်လက်ထက်တော်ကပင် လွန်စွာကြီးကျယ်ခမ်းနားသော တံတိုင်းသုံးထပ် အရံရှိသည့် မြို့တော်ဖြစ်သည်။ ရာဇဂြိုဟ်ပြည်နှင့်မူ ဂင်္ဂါမြစ်ခြား၍ ရှစ်ယူဇနာ ကွာဝေးသည်ဟု ကျမ်းဂန်များ၌ မှတ်တမ်းတင်ထားသည်။

နိုင်ငံအုပ်ချုပ်ပုံစနစ်မှာ ထိုခေတ်အခါကပေါ်ထွန်းခဲ့သော တိုင်းနိုင်ငံများကဲ့သို့ သက်ဦးဆံပိုင် ဘုရင်စနစ်မဟုတ်ပဲ တစ်မျိုးတစ်ဘာသာထူးခြားလှသည်။

ဝဇ္ဇီတိုင်းကို ထိုအခါက အစုစုအနယ်အနယ်အားဖြင့် အပ်ိုင်းအခြားများသတ်မှတ်ထားပြီး ထို ပိုင်းခြားထားသော နယ်မြေများတွင် ဦးဆောင်သူ ခေါင်းဆောင်မင်း တစ်ပါးစီရှိကြသည်။

ထိုသူတို့ကို လစ္ဆီဝီမင်းများဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုခေါင်းဆောင်တို့သည်လည်း အမြဲရှိသည်မဟုတ်ပဲ အလှည့်ကျစနစ်ဖြင့်သာ ထို နယ်မြေအပိုင်းအခြားကိုဦးဆောင်ရသည်။

ထိုခေတ်အခါက ဝဇ္ဇီတိုင်းတွင် ပိုင်းခြားထားသောနယ်မြေပေါင်း ၇၇၀၇ ရှိခဲ့ပြီး နယ်မြေတခုစီကို ဦးစီးသော လိစ္ဆဝီမင်းပေါင်း ၇၇ဝ၇ ယောက်ရှိခဲ့သည်။

ထိုမင်းတို့နေရာအတွက် ပြာဿဒ်ပေါင်း ၇၇ဝ၇ ဆောင် ၊ စုလစ်မွန်းချွန်တပ်သော တိုက် ၇၇ဝ၇ ခု၊ ဥယျာဉ် ရေကန်ပေါင်း ၇၇ဝ၇ ခု ရှိကြသည်ဟု ဗုဒ္ဓဘာသာကျမ်းစာပေမှတ်တမ်းများ၌ ပါရှိသည် ။

ထို၇၇၀၇ စီသော လစ္ဆဝီမင်းတို့သည် လပြည့်လကွယ် ၁၅ ရက် စီတိုင်းတွင် ယခုအခါ လွှတ်တော်ဟု ခေါ်တွင်မည့် အစည်းအဝေးခန်းမတွင် စုဝေးလေ့ရှိကြပြီး ထိုအစည်းအဝေးတွင် ဦးစီးဦးဆောင် လူကြီးအဖြစ် လစ္ဆဝီမင်း တပါးကို အလှည့်ကျ တင်မြှောက်လေ့ရှိသည် ။

ထိုသူကို အကြီးအကဲ ဆိုသည့် သဘောသက်ရောက်သော ဝေါဟာရ ဖြစ်သည့် ( သမ္မတ) ဟု ခေါ်ခဲ့ကြသည် ။ တိုင်းပြည်ရေးရာများကို အဆိုပါ လစ္ဆဝီမင်းတို့သည် လွှတ်တော်တွင်း၌ ဆွေးနွေးတိုင်ပင် ငြင်းခုံကြပြီး အဆုံးအဖြတ်ပြုကြသောအခါ တဦးခြင်း၏
ထားကိုတောင်းခံပြီး အများစု၏ ဆန္ဒသဘောထားအတိုင်းသာ ခံယူလေ့ရှိကြသည် ။

ထိုအုပ်ချုပ်မှု့စနစ်ပုံစံသည် ယနေ့ခေတ်၏ ဒီမိုကရေစီ စနစ်၏ရှေ့ပြေး ပုံစံမျိုးဖြစ်ပြီး ဂရိတို့၏ ဒီမိုကရေစီစနစ် ကိုဦးဆောင်လမ်းပြပေးနိုင်ခဲ့သည်။ ထိုခေတ်အခါက လစ္ဆဝီမင်းတို့သည် အလွန်စည်းလုံးညီညွတ်ကြပြီး တိုင်းပြည်ကို မင်းကျင့်တရားများနှင့်အညီအုပ်ချုပ်ခဲ့ကြသည်။

အပရိဟာနိက တရား(၇)ပါးနှင့်လည်းပြည့်စုံအောင် ကျင့်ကြံခဲ့ကြသောကြောင့် ဝေသာလီပြည်ဟာ တိုင်းပြည်ငယ်သော်လည်း မဇ္ဈိမတိုင်းတွင် မည်သည့်အင်အားကြီး တိုင်းနိုင်ငံကိုမျှ အောက်ကျို့အညံ့ခံစရာ မလိုပဲ တစ်ထီးတစ်နန်းရပ်တည်နိုင်ခဲ့ကြသည် ။

သို့ပါသော်လည်း မဟာသက္ကရာဇ် ၁၀၆ အရောက်တွင် အငတ်ဘေး၊ ဘီလူးသဘက်ဘေး၊ ရောဂါဘယဘေးဆိုးကြီးများကျရောက် သောကြောင့်မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်၍ ရတနာ့သုတ်ဟောကြားတော်မူကာ ရှင်အာနန္ဒာနှင့်ရဟန်းသံဃာများကို ဝေသာလီပြည်အနှံ့ပရိတ်ရွတ်ဖတ်စေပြီး ကပ်ဆိုးများမှကယ်တင်ခဲ့ရဖူးသည်။

လစ္ဆဝီမင်းတို့၏ ဝေသာလီပြည်သည် ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက ထူးမြတ်သော အမှု့ကိစ္စများပေါ်ပေါက်ခဲ့ရာ နေရာဒေသလည်းဖြစ်ခဲ့သည်။

မဟာသက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် မြတ်ဗုဒ္ဓသည် ပဉ္စမဝါကို ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာသို့ကြွ၍ ဝါကပ်တော်မူစဉ် မိထွေးတော်ဂေါတမီအမှူးရှိ ၅၀၀သော သာကီဝင်မင်းသမီးအပေါင်းတို့အား ရဟန်းအဖြစ်သို့ခွင့်ပြုခဲ့သဖြင့် ဘိက္ခုနီသာသနာကို ဝေသာလီပြည်၌ စခဲ့သည်ဟု ဆိုနိုင်သည်။

ထို့အပြင်ဝေသာလီပြည်သည် မြတ်ဗုဒ္ဓကမာရ်နတ်သား၏ အာယုသင်္ခါရ လွှတ်တော်မူရန် လျှောက်ထားခြင်းကို လက်ခံတော်မူပြီးနောက်
ကုဋာဂါရသာလာသို့ကြွ၍ ရဟန်းအပေါင်းတို့အား သာသနာတော်၏ ကာလအရှည် တည်ထွန်းပေရာသော အကြောင်းတရားကို ဟောတော်မူပြီးနောက် သုံးလအကြာတွင် ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူခဲ့ရာနေရာဒေသလည်းဖြစ်လေသည်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်းတွင် ဝေသာလီပြည်သည် သာသနာတော်နှစ် တစ်ရာမြောက်တွင် ကာလာသောကမင်း လက်ထက် ဝဇ္ဇီတိုင်းသားရဟန်းဆိုးများ၏ ဥဒ္ဓမ္မဉ်ဗ္ဗိနယ ဆယ်ပါးဖြင့် ထောင်လွှားခြင်းကိုအကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာအရှင်မြတ် ၇ဝဝ တို့ ဒုတိယသင်္ဂါယနာတင်တော်မူရာမြို့တော်ကြီးဖြစ်ခဲ့လေသည်။

ထိုကဲ့သို့ ဗုဒ္ဓသမိုင်းစာပေကျမ်းဂန်များတွင် ထင်ရှားခဲ့သော ဝေသာလီပြည်သည် ဗုဒ္ဓခေတ်က အင်အားကြီးလက်နက်နိုင်ငံတစ်ခုဖြစ်သော ရာဇဂြိုလ်ပြည်နှင့်ဂင်္ဂါမြစ်သာခြားသော အိမ်နီးချင်းနိုင်ငံဖြစ်ခဲ့သော်လည်း ညီညွတ်သော သမ္မတမင်းများ၏ ဦးဆောင်မှု့အောက်တွင် စည်းလုံးညီညွတ် စွာဖြင့် နှစ်ပေါင်းများစွာ ရာဇဂြိုလ် ပြည့်ရှင် အဇာတသတ်မင်း၏ ကျူးကျော်လာသောနယ်မြေလုစစ်ပွဲများ ကိုရွပ်ရွပ်ချွံချွံတွန်း လှန်နိုင်ခဲ့သော သမိုင်းကောင်းများရှိခဲ့သည်။

သို့ပါသော်လည်း ပျက်စီးချိန်တန်သောအခါတွင် အဇာတသတ်မင်း၏ လူယုံတော် ဝဿကာရ ပုဏ္ဏား၏ အတွင်းသပ်လျှိုသွေးခွဲခြင်းခံရကာ လစ္ဆဝီမင်းများ စည်းလုံးမှု့ပြိုကွဲပြီး ဝေသာလီပြည်သည်အဇာတသတ်မင်း၏ အလွယ်တကူသိမ်းပိုက်ခြင်းကိုခံခဲ့ရသည် ။

ဝေသာလီပြည် ပျက်စီးခဲ့ပုံ

ဝဿကာရ ပုဏ္ဏားကြီးက လစ္ဆဝီမင်းတို့ အပရိဟာနိယဓမ္မပြည့်စုံသရွေ့ ဖျက်ဆီးမရနိုင်သော် ထိုမင်းများ၏ အညီအညွတ်ကို ဖြားယောင်းလှည့်ပတ်နိုင်မှဖြစ်မည့်အကြောင်း အဇာတသတ်မင်းအား အကြံပေးလေသည်။

ပုဏ္ဏားကြီးအကြံပေးသည့်အတိုင်း အဇာတသတ်မင်းသည် ဝဿကာရပုဏ္ဏားကြီးအား အမျက်ထွက်ဟန်ပြု၍ ဦးဆံရိတ်စေပြီး နှောင်ကြိုးတည်း၍ ပြည်မှနှင်တော်မူလေသည်။ ထိုအခါ ပုဏ္ဏားကြီးလည်း ဝေသာလီပြည်သို့သွား၍ ဝဇ္ဇီမင်းတို့၏အကျိုးစီးပွားကိုဆိုမိသဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်လာရကြောင်း လျှောက်ကြားလေသည်။ ဝဇ္ဇီမင်းတို့လည်း ယုံကြည်သဖြင့် ပုဏ္ဏားကြီးအားတရားဆုံးဖြတ်သော အမတ်အရာပေး၏။

ပုဏ္ဏားကြီးလည်း တစ်နှစ် နှစ်နှစ်ခန့် ဝဇ္ဇီမင်းတို့အကျိုးကို များစွာအလိုရှိဟန် ကျင့်၍နောက်သောအခါ တစ်ဦးနှင့်တစ်ဦး မေတ္တာပျက်၍ မသင့်မတင့်ဖြစ်ကြစေရန်ပြောဆို၏။ ဝဇ္ဇီမင်းများ ချစ်ခြင်းပျက်၍ ညီညွတ်ခြင်းမရှိသောအခါ အဇာတသတ်မင်းထံ ပုဏ္ဏားကြီးက အကြောင်းကြားလိုက်လေသည်။ အဇာတသတ်မင်း၏ စစ်သည်တို့ ချီတက်လာသောအခါ ညီညီညွတ်ညွတ် မခုခံသောကြောင့် မြို့တွင်းသို့လွယ်လင့်တကူဝင်၍ ဝဇ္ဇီမင်းများကို ဖမ်းယူသည်မှစ၍ ဝေသာလီပြည်သည် ရာဇဂြိုဟ်မင်း၏ လက်နက်နိုင်ငံဖြစ်သွားလေတော့သည်။

ထို့ကြောင့်ဝေသာလီပြည်သည် စည်းလုံးညီညွတ်သော ပြည်သူအခြေပြု ဒီမိုကရေစီစနစ်၏ ရှေ့ဆောင် တိုင်းပြည် အဖြစ်ရပ်တည်နိုင်ခဲ့သော်လည်း ကြားလူ၏သပ်လှိ်ဳမှု့ကြောင့် စည်လုံးမှု့ပြိုကွဲကာ နိုင်ငံမှာလည်း တိုင်းတပါးလက်အောက်ကျရောက်ခံရခြင်း၏ သာဓကတစ်ခုဖြစ်ခဲ့သည်။

ယနေ့ခေတ်တွင် ဝေသာလီပြည်ဟု အမှတ်သညာပြုထားသော နေရာဒေသတွင် ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက်အဦးများ
ယဉ်ကျေးမှု့လက်ရာများ အဖြစ်

၁။ အသောကမင်းတည်ထားခဲ့သော မြတ်ဗုဒ္ဓ၏ဓာတ်တော်တိုက်စေတီတော်

၂။ မိထွေးတော်ဂေါတမီအမှူးပြုသော သာကီဝင်မင်းသမီးငါးရာ တို့ ဘိက္ခူနီအဖြစ် ချီးမြှောက်ခံရကာ ဘိက္ခူနီသာသနာ စတင်ခဲ့ရာနေရာ
ဖြစ်သော ကုဋ္ဋာဂါရ ကျောင်းတော်ရာ

၃။ လစ္ဆဝီမင်းများ နန်းတက်ရာတွင် ဘိသိက်မြှောက်သည့် လစ္ဆဝီရေကန်မြတ် နေရာ

၄။ ဂျပန်မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သောနီချီယန်ဂိုဏ်းဝင်များတည်ထားခဲ့သော ဓာတ်တော်စေတီနှင့် မနီးမဝေးရှိ ကမ႓ာ့ငြိမ်းချမ်းရေး စေတီတော်

၅။ ငြိမ်းချမ်းရေး စေတီတော်အနီးတွင်တည်ရှိသော အိန္ဒိယ ရှေးဟောင်းယဉ်ကျေးမှု့ပြတိုက်

စသည်အားဖြင့် ကမ႓ာ့ရှေးဟောင်း ယဉ်ကျေးမှု့ အမွေအနှစ် စာရင်းဝင်ဗုဒ္ဓဂါယာ နေရာဒေသ အဆောက်အဦးများ အဖြစ်ကျန်ရှိနေသေးသည်။

သုတကြယ်စဉ်
Myanmar Wikipedia

Leave a Reply