တခ်ိန္က ျမန္မာ့မင္းေနျပည္ေတာ္ အင္း၀ၿမဳိ႕သမုိင္းေၾကာင္း

Posted on

ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားသူ မိတ္ေဆြမ်ားအား ေက်းဇူးတင္ရွိပါတယ္။

အင္းဝၿမိဳ႕သည္ မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ ျမန္မာ့သမိုင္းတြင္ အလြန္ေက်ာ္ေစာေသာၿမိဳ႕ျဖစ္သည္။ ၿမိဳ႕သက္တမ္းမွာ ၁၉၁ ႏွစ္တိုင္ၾကာျမင့္သည္။ ျမန္မာ့သမိုင္းတစ္ေလၽွာက္ မင္းဆက္ေပါင္း ၃ ဆက္၏ ၄ ႀကိမ္တိုင္တိုင္ မင္းေနျပည္ေတာ္အျဖစ္ နန္းစိုက္ခဲ့ေသာ ၿမိဳ႕ျဖစ္သည္။ ထိုမင္းဆက္မ်ားမွာ

အင္းဝမင္းဆက္(၁၃၆၄-၁၅၂၇/၁၅၅၅)
ေညာင္ရမ္းမင္းဆက္ (၁၆၀၀-၁၇၅၂) ႏွင့္
ကုန္းေဘာင္မင္းဆက္ (ႏွစ္ႀကိမ္)

တည္ေနရာ ႏွင့္ အမည္ရင္းျမစ္

အင္းဝၿမိဳ႕သည္ ဧရာဝတီျမစ္ႏွင့္ ျမစ္ငယ္ျမစ္ (ဒုဌဝတီျမစ္)တို႔ ဆုံရာအရပ္တြင္ တည္ရွိသည္။ တံတားဦးၿမိဳ႕ႏွင့္ သုံးမိုင္မၽွသာ ေဝးသည္။ မႏၲေလးၿမိဳ႕မွ (၁၁)မိုင္ခန္႔ ေဝးသည္။

ေရွးအခါ အင္းဝၿမိဳ႕တည္ရွိေသာ ေနရာသည္ မိုးကာလ ေရတက္ခ်ိန္တြင္ ေရမ်ားဖုံးလႊမ္းတတ္ေလ့ရွိကာ ေရျပန္က်ခ်ိန္တြင္ မညီညာသည့္ ေျမမ်က္ႏွာသြင္ျပင္ေၾကာင့္ ျမစ္က်ိဳးအင္းမ်ားျဖစ္က်န္ေနတတ္သည္ ဟုဆိုသည္။ မူလအစက အင္းဝေနရာတြင္ ၿမိဳ႕တည္ရန္ ႀကိဳးပမ္းသူမွာ ပင္းယ တစ္စီးရွင္သီဟသူျဖစ္သည္။ သုံးႀကိမ္တိုင္တိုင္တည္ေသာ္လည္း ျမစ္ေရတက္ခ်ိန္တြင္ ေရပတ္လည္ဝိုင္းကာ ၿမိဳ႕ကိုေရတိုက္စားသျဖင့္ ၿမိဳ႕ပ်က္ေလသည္။ ထို႔ေၾကာင့္ ပင္းယသို႔ ေျပာင္းေ႐ႊ႕နန္းတည္ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ သတိုးမင္းဖ်ား(၁၃၆၄-၁၃၆၇) အင္းဝၿမိဳ႕တည္စဥ္က ထိုအင္းမ်ားရွိသည့္ေနရာကို ေရွာင္ရွားျခင္း၊ ေျမဖို႔ျခင္းမ်ားကို ဦးစြာျပဳလုပ္ခဲ့သည္။ အင္းမ်ားရွိရာအရပ္ျဖစ္သည္ေၾကာင့္၎၊ ျမစ္ႏွစ္ေၾကာင္းဆုံရာ ျမစ္ဝတြင္ရွိသည္ေၾကာင့္၎ အင္းဝ ဟုေခၚတြင္ခဲ့ျခင္းျဖစ္သည္။ ၁၊ေဖေဖာ္ဝါရီ၊ ၁၃၆၅ က သမုတ္ခဲ့သည့္ နာမည္မွာ ရတနာပူရ ျဖစ္သည္။

ထို႔အတူ ၿမိဳ႕တည္စဥ္ကအင္း၉အင္းကို ယၾတာေခ်သည့္ အေနျဖင့္ ေျမဖို႔ေစေသာေၾကာင့္ အင္းနဝဟူ၍လည္းေခၚၾကသည္။ သို႔ေသာ္ ေနာက္ပိုင္း ေညာင္ရမ္းေခတ္အေရာက္တြင္ အဝ ၊ ေ႐ႊဝ အစရွိသျဖင့္ ေခၚေဝၚၾကသည္။ အခ်ိဳ႕ေရွးေဟာင္းေက်ာက္စာမ်ားတြင္ အခြဆုမ္ (အခြဆုံ) ဟူေသာ အသုံးအႏႈန္းမ်ိဳးျဖင့္လည္း ေခၚသည္ကိုေတြ႕ရတတ္သည္။

“‘တုတ္ခြန္သြင္း-အင္းဝၿမိဳ႕တည္”‘ ဆိုေသာ ရာဇဝင္အမွတ္အသားအရ သကၠရာဇ္ (၇၂၆)ခုႏွစ္တြင္ သတိုးမင္းဖ်ားသည္ ပင္းယႏွင့္ စစ္ကိုင္းတို႔ကို ဖ်က္သိမ္း၍ အဝ (အင္းဝ) ေနျပည္ေတာ္ကို တည္ေထာင္သည္။

အင္းဝၿမိဳ႕၏၅မ်ိဳးမွာ
၁။ အင္းဝ
၂။ အင္းနဝ
၃။ ေ႐ႊဝ

၄။ အဝ ႏွင့္
၅။ ရတနာပူရ
တို႔ျဖစ္ၾကသည္။

အင္းဝၿမိဳ႕ သမိုင္း

ပထမအင္းဝ

အင္းဝၿမိဳ႕ကို စတင္တည္ေထာင္သူမွာ အင္းဝမင္းဆက္ကို စတင္တည္ေထာင္သူ တေကာင္းမင္းဆက္ သတိုးမင္းဖ်ား ျဖစ္သည္။ သတိုးမင္းဖ်ားသည္ ပင္းယၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕မ်ားကို ေအာင္ႏိုင္သိမ္းပိုက္ၿပီးေနာက္ ပင္းယၿမိဳ႕တြင္ ေခတၱစံေနေတာ္မူစဥ္ ျမန္မာသကၠရာဇ္ ၇၂၆-ခုႏွစ္၊ တေပါင္းလဆန္း(၆)ရက္၊ အဂၤါေန႔ (ေအဒီ-၁၃၆၄)တြင္ အင္းဝၿမိဳ႕ကို စတင္တည္ေဆာက္ခဲ့သည္။ ၿမိဳ႕တည္သကၠရာဇ္ကို ထုတ္ခြန္သ အင္းဝတည္ ဟူ၍ အမွတ္သညာ ျပဳခဲ့ၾကသည္။ ေက်ာက္မ်က္ရတနာတို႔၏ ၿမိဳ႕ေတာ္အျဖစ္ တင္စားကာ ရတနာပူရ အင္းဝေ႐ႊၿမိဳ႕ေတာ္ ဟူ၍ ေခၚေဝၚသမုတ္သည္။

ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ေဇာ္ဂ်ီ၊ ပန္းေလာင္ ျမစ္ငါးခုဆုံရာအရပ္တြင္ အင္းေလးခုကိုဖို႔ၿပီး ၁၃၆၅တြင္ ၿမိဳ႕ေတာ္ကို ရတနာပူရ ဟု၎၊ နန္းေတာ္အား ေ႐ႊဘုံသာ ဟု၎ သမုတ္သည္။ ထိုအခ်ိန္မွအစျပဳသည့္ အင္းဝမင္းဆက္ တစ္ေလၽွာက္လုံးတြင္ အင္းဝမွာ ျမန္မာ မင္းေနျပည္ေတာ္အျဖစ္ ေအာက္ျပည္အရပ္ ရာမညမွ မဂဒူး မင္းဆက္ႏွင့္ စစ္ၿပိဳင္ျပဳခဲ့ၾကသည္။ မင္းဆက္မ်ားမွာ ရွမ္းမင္းမ်ား (သို႔) ရွမ္းေသြးႏြယ္ေသာမင္းမ်ားျဖစ္ၾကသည္။ ထို႔ေၾကာင့္အင္းဝေခတ္ကို ပထမရွမ္းေခတ္ဟု ေခၚၾကသည္။ အင္းဝမင္းဆက္မွ ဒုတိယမင္းဆက္ျဖစ္သူ မင္းႀကီးစြာေစာ္ကဲမွသည္ စတုတၳေျမာက္ မင္းဆက္ျဖစ္သူ ဘုရင္မင္းေခါင္ လက္ထက္မ်ားအထိ ဟံသာဝတီ မြန္ဘုရင္ ရာဇာဓိရာဇ္ ႏွင့္ အင္းဝ-ဟံသာဝတီ အႏွစ္ေလးဆယ္စစ္ ကို တိုက္ခိုက္ခဲ့ၾကသည္။

ေနာက္ဆုံးမင္းျဖစ္သည့္ ေ႐ႊနန္းေက်ာ့ရွင္နရပတိ လက္ထက္ အင္းဝ၏ အင္အားဩဇာ ယုတ္ေလ်ာ့ က်ဆင္းခ်ိန္တြင္ အင္အားႀကီးမားလာသည့္ မိုးၫွင္းစလုံ ႏွင့္ ၎၏သား သိုဟန္ဘြားတို႔က အင္းဝကို သိမ္းပိုက္လိုက္ၿပီး ေ႐ႊနန္းေက်ာ့ရွင္လည္း က်ဆုံးေလသည္။ ထို႔ေနာက္ သိုဟန္ဘြားမင္းျပဳရာ ရက္စက္လြန္းလွသျဖင့္ ျမန္မာအမတ္ မင္းႀကီးရန္ေနာင္က ဦးေဆာင္လုပ္ႀကံလိုက္သည္။ မင္းႀကီး ရန္ေနာင္အား မႈးမတ္တို႔က နန္းအပ္ေသာ္လည္း အျခား ရွမ္းေစာ္ဘြား တစ္ဦးျဖစ္သည့္ အုန္းေဘာင္ခုံမႈိင္းအား နန္းအပ္ရန္ မွာၾကားခဲ့ၿပီး ရဟန္းျပဳကာ ေတာထြက္သြားခဲ့သည္။

ဘုရင့္ေနာင္ ဟံသာဝတီတြင္ နန္းတက္ၿပီးေနာက္တြင္ အင္းဝကို သိမ္းပိုက္ကာ ညီေတာ္ မင္းရဲေက်ာ္ထင္အား သတိုးမင္းေစာဘြဲ႕ျဖင့္ အင္းဝဘုရင္ခံအျဖစ္ နန္းအပ္ကာ အုပ္ခ်ဳပ္ေစသည္။ ဘုရင့္ေနာင္ေနာက္ နႏၵဘုရင္ လက္ထက္တြင္ ျဖစ္ေပၚလာသည့္ ႏိုင္ငံေတာ္ၿပိဳကြဲမႈ၏ အစမွာလည္း အင္းဝမွပင္ ျဖစ္ရသည္။

နႏၵဘုရင္ ႏွင့္ သတိုးမင္းေစာတို႔ ေဆြမ်ိဳးမ်ား အခ်င္းခ်င္း မသင့္ျမတ္ရာမွ ဟံသာဝတီႏွင့္ အင္းဝတို႔ စစ္ျပဳရာ အင္းဝဘုရင္ သတိုးမင္းေစာ က်ဆုံးၿပီးေနာက္ နႏၵဘုရင္က မင္းလက္ယာ၊ ၎လြန္လၽွင္ သားေတာ္ မင္းရဲေက်ာ္စြာ တို႔ကို နန္းအပ္သည္။ ေနာက္ပိုင္းတြင္ ျပည္တြင္းေရး မၿငိမ္သက္မႈမ်ားေၾကာင့္ အင္းဝမွ မင္းရဲေက်ာ္စြာလည္း ဟံသာဝတီသို႔ ျပန္လည္ေခၚေဆာင္ခံရကာ အင္းဝမွာ မင္းလစ္လပ္ေနခဲ့ၿပီး ၿမိဳ႕ပ်က္ႀကီးသဖြယ္ ႏွစ္အတန္ၾကာေနခဲ့ရသည္။

ဒုတိယအင္းဝ

ထို႔ေနာက္ ေညာင္ရမ္းမင္းဆက္ကို တည္ေထာင္သူ ေညာင္ရမ္းမင္းတရားႀကီးကလည္း ၁၆၀၀ တြင္ အင္းဝကို သိမ္းပိုက္မင္းျပဳရာမွ အင္းဝမွာ မင္းေနျပည္ေတာ္ ျဖစ္ျပန္သည္။ သို႔ရာတြင္ ေညာင္ရမ္းမင္းဆက္မွ အေနာက္ဖက္လြန္မင္း လက္ထက္တြင္ ေအာက္ျပည္အရပ္ကို သိမ္းသြင္းရန္ နန္းသက္ တစ္ေလၽွာက္လုံးနီးပါးမၽွ ဟံသာဝတီတြင္ နန္းစိုက္ေနခဲ့ရသည္။

သာလြန္မင္း (၁၆၂၈-၁၆၄၈)လက္ထက္ေရာက္မွ အင္းဝသည္ မင္းေနျပည္ေတာ္အျဖစ္ ျပန္လည္ ေရာက္ရွိလာရသည္။ ေညာင္ရမ္းမင္းဆက္ ေနာက္ဆုံးအခ်ိန္မ်ားတြင္ မင္းမ်ား ညံ့ဖ်င္းသည္ေၾကာင့္၎၊ ရာသီဥတု ေဖာက္ျပန္သည္ေၾကာင့္၎ တိုင္းျပည္အႏွံ႔ မၿငိမ္မသက္ ျဖစ္လာၿပီး

ေနာက္ဆုံးတြင္ ဟံသာဝတီမွ ဆင္ဝန္ ဦးေအာင္လွက ျဗမိုင္းဓိရာဇာဘြဲ႕ျဖင့္ မင္းျပဳ ပုန္ကန္သည္။ ပုန္ကန္မႈ ေအာင္ျမင္ၿပီး အင္းဝကို သိမ္းပိုက္ကာ အင္းဝဘုရင္ မဟာဓမၼရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို႔ အက်ယ္ခ်ဳပ္ျဖင့္ ေခၚေဆာင္ထားရွိခဲ့သည္။ (ေနာက္ပိုင္းတြင္ ကြပ္မ်က္ခဲ့သည္။)

တတိယအင္းဝ

ေညာင္ရမ္းမင္းဆက္က်ဆုံးၿပီးေနာက္ အေလာင္းဘုရားက မြန္တို႔ကို တြန္းလွန္ကာ ျမန္မာတို႔ကိုသာမက အယုဒၶယထိပါ တိုက္ခိုက္ခဲ့သည္။ ထိုအခ်ိန္မ်ားအတြင္ အင္းဝမွာ နန္းၿမိဳ႕အျဖစ္မွ ေလၽွာက်ေနခဲ့ရသည္။ ဆင္ျဖဴရွင္လက္ထက္အေရာက္တြင္ အင္းဝကို နန္းၿမိဳ႕အျဖစ္ ျပန္လည္အသုံးျပဳသည္။

သို႔ေသာ္ဘိုးေတာ္ဘုရား လက္ထက္တြင္မူ အမရပူရသို႔ေျပာင္းေ႐ႊ႕နန္းစံၿပီး ဘႀကီးေတာ္မင္း ၁၈၂၃တြင္ အင္းဝသို႔ ေျပာင္းေ႐ႊ႕စံျမန္းျပန္သည္။ ေနာက္ဆုံး ၁၈၃၉တြင္ အလြန္ျပင္းထန္ၿပီး အပ်က္အစီးမ်ားလွေသာ၊ လူေပါင္းမ်ားစြာ ေသေၾကခဲ့ရေသာ အင္းဝငလ်င္ႀကီး လႈပ္ခတ္ၿပီးေနာက္တြင္ သာယာဝတီမင္းသည္ ၿမိဳ႕ေတာ္ကို အမရပူရသို႔ ျပန္လည္ေ႐ႊ႕ေျပာင္းလိုက္ရၿပီး အင္းဝမွာလည္း ပ်က္စီးမႈႀကီးလွေသာေၾကာင့္ မင္းေနျပည္ေတာ္အျဖစ္သို႔ ျပန္လည္မေရာက္ရွိႏိုင္ေတာ့ေပ။

လယ္တီ ဦးလွပိုင္၊ ထူပါ႐ုံ ဘုရားသမိုင္း၊
Myanmar Wikipedia


တချိန်က မြန်မာ့မင်းနေပြည်တော် အင်း၀မြို့သမိုင်းကြောင်း (unicode)

အင်းဝမြို့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့သမိုင်းတွင် အလွန်ကျော်စောသောမြို့ဖြစ်သည်။ မြို့သက်တမ်းမှာ ၁၉၁ နှစ်တိုင်ကြာမြင့်သည်။ မြန်မာ့သမိုင်းတစ်လျှောက် မင်းဆက်ပေါင်း ၃ ဆက်၏ ၄ ကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် နန်းစိုက်ခဲ့သော မြို့ဖြစ်သည်။ ထိုမင်းဆက်များမှာ

အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)
ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) နှင့်
ကုန်းဘောင်မင်းဆက် (နှစ်ကြိမ်)

တည်နေရာ နှင့် အမည်ရင်းမြစ်

အင်းဝမြို့သည် ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ တံတားဦးမြို့နှင့် သုံးမိုင်မျှသာ ဝေးသည်။ မန္တလေးမြို့မှ (၁၁)မိုင်ခန့် ဝေးသည်။

ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလ ရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူလအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။

ထို့ကြောင့် သတိုးမင်းဖျား(၁၃၆၄-၁၃၆၇) အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာအရပ်ဖြစ်သည်ကြောင့်၎င်း၊ မြစ်နှစ်ကြောင်းဆုံရာ မြစ်ဝတွင်ရှိသည်ကြောင့်၎င်း အင်းဝ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅ က သမုတ်ခဲ့သည့် နာမည်မှာ ရတနာပူရ ဖြစ်သည်။ ထို့အတူ မြို့တည်စဉ်ကအင်း၉အင်းကို ယတြာချေသည့် အနေဖြင့် မြေဖို့စေသောကြောင့် အင်းနဝဟူ၍လည်းခေါ်ကြသည်။ သို့သော် နောက်ပိုင်း ညောင်ရမ်းခေတ်အရောက်တွင် အဝ ၊ ရွှေဝ အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။ အချို့ရှေးဟောင်းကျောက်စာများတွင် အခွဆုမ် (အခွဆုံ) ဟူသော အသုံးအနှုန်းမျိုးဖြင့်လည်း ခေါ်သည်ကိုတွေ့ရတတ်သည်။

“‘တုတ်ခွန်သွင်း-အင်းဝမြို့တည်”‘ ဆိုသော ရာဇဝင်အမှတ်အသားအရ သက္ကရာဇ် (၇၂၆)ခုနှစ်တွင် သတိုးမင်းဖျားသည် ပင်းယနှင့် စစ်ကိုင်းတို့ကို ဖျက်သိမ်း၍ အဝ (အင်းဝ) နေပြည်တော်ကို တည်ထောင်သည်။

အင်းဝမြို့၏၅မျိုးမှာ
အင်းဝ
အင်းနဝ
ရွှေဝ

အဝ နှင့်
ရတနာပူရ
တို့ဖြစ်ကြသည်။

အင်းဝမြို့ သမိုင်း

ပထမအင်းဝ

အင်းဝမြို့ကို စတင်တည်ထောင်သူမှာ အင်းဝမင်းဆက်ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် သတိုးမင်းဖျား ဖြစ်သည်။ သတိုးမင်းဖျားသည် ပင်းယမြို့နှင့် စစ်ကိုင်းမြို့များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။

ဧရာဝတီ၊ ဒုဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ မဂဒူး မင်းဆက်နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ မင်းကြီးစွာစော်ကဲမှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်မင်းခေါင် လက်ထက်များအထိ ဟံသာဝတီ မွန်ဘုရင် ရာဇာဓိရာဇ် နှင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကို တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် မိုးညှင်းစလုံ နှင့် ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။

ဘုရင့်နောင် ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် နန္ဒဘုရင် လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။

ဒုတိယအင်းဝ

ထို့နောက် ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးကလည်း ၁၆၀၀ တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ အင်းဝမှာ မင်းနေပြည်တော် ဖြစ်ပြန်သည်။ သို့ရာတွင် ညောင်ရမ်းမင်းဆက်မှ အနောက်ဖက်လွန်မင်း လက်ထက်တွင် အောက်ပြည်အရပ်ကို သိမ်းသွင်းရန် နန်းသက် တစ်လျှောက်လုံးနီးပါးမျှ ဟံသာဝတီတွင် နန်းစိုက်နေခဲ့ရသည်။

သာလွန်မင်း (၁၆၂၈-၁၆၄၈)လက်ထက်ရောက်မှ အင်းဝသည် မင်းနေပြည်တော်အဖြစ် ပြန်လည် ရောက်ရှိလာရသည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးအချိန်များတွင် မင်းများ ညံ့ဖျင်းသည်ကြောင့်၎င်း၊ ရာသီဥတု ဖောက်ပြန်သည်ကြောင့်၎င်း တိုင်းပြည်အနှံ့ မငြိမ်မသက် ဖြစ်လာပြီးနောက်ဆုံးတွင် ဟံသာဝတီမှ ဆင်ဝန် ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် မင်းပြု ပုန်ကန်သည်။ ပုန်ကန်မှု အောင်မြင်ပြီး အင်းဝကို သိမ်းပိုက်ကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ(၁၇၃၃-၁၇၅၂) ကို ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ခေါ်ဆောင်ထားရှိခဲ့သည်။ (နောက်ပိုင်းတွင် ကွပ်မျက်ခဲ့သည်။)

တတိယအင်းဝ

ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် အလောင်းဘုရားက မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။ ဆင်ဖြူရှင်လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။

သို့သော်ဘိုးတော်ဘုရား လက်ထက်တွင်မူ အမရပူရသို့ပြောင်းရွှေ့နန်းစံပြီး ဘကြီးတော်မင်း ၁၈၂၃တွင် အင်းဝသို့ ပြောင်းရွှေ့စံမြန်းပြန်သည်။ နောက်ဆုံး ၁၈၃၉တွင် အလွန်ပြင်းထန်ပြီး အပျက်အစီးများလှသော၊ လူပေါင်းများစွာ သေကြေခဲ့ရသော အင်းဝငလျင်ကြီး လှုပ်ခတ်ပြီးနောက်တွင် သာယာဝတီမင်းသည် မြို့တော်ကို အမရပူရသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ရပြီး အင်းဝမှာလည်း ပျက်စီးမှုကြီးလှသောကြောင့် မင်းနေပြည်တော်အဖြစ်သို့ ပြန်လည်မရောက်ရှိနိုင်တော့ပေ။

လယ်တီ ဦးလှပိုင်၊ ထူပါရုံ ဘုရားသမိုင်း၊
Myanmar Wikipedia

Leave a Reply