ေသဆုံးသြားတဲ့ ဖခင္ျဖစ္သူကို ေဒၚလာ ၇ေထာင္ေက်ာ္ ႏွင့္ အတူ ျမဳပ္ႏွံသၿဂဳိဟ္ခဲ့တဲ့ျဖစ္ရပ္

Posted on

ကုိယ္ခ်စ္တဲ့သူေတြရဲ႕ ေနာက္ဆုံးခရီးကုိ သက္သက္သာသာ နဲ႔ အေကာင္းဆုံးသြားေစခ်င္တာ လူေတြရဲ႕ဓမၼတာျဖစ္ပါတယ္။

ေသဆုံးသြားတဲ့အခါမွာလည္း ေနရာေဒသအလုိက္ လူမ်ဳိးရုိးရာအလုိက္ မတူျခားနားတဲ့ သၿဂဳိဟ္မႈေတြနဲ႔ သၿဂဳိဟ္ေလ့ရွိၾကပါတယ္။

ဒါေပမယ့္ မေလးရွားႏုိင္ငံက အမ်ဳိးသားတစ္ေယာက္ရဲ႕စီစဥ္္ပုံဟာ ပုံမွန္လုပ္ရုိးလုပ္စဥ္အတုိင္း မဟုတ္တာေၾကာင့္ ထုိပုံရိပ္ေတြဟာ အင္တာနက္ေပၚမွာပ်ံ႔ႏွံ႔ခဲ့ပါတယ္။

ဒါကေတာ့ မွန္အေခါင္းတစ္ခုထဲမွာ မေလးရွားရင္းဂစ္ေငြ ၃ေသာင္း(အေမရိကန္ေဒၚလာ ၇၆၀၀ခန္႔) ကုိ ထည့္သြင္းထားၿပီး အေခါင္းကုိ ၿမဳပ္ႏွံဖုိ႔လုပ္ေနတဲ့ ပုံရိပ္ေတြျဖစ္ပါတယ္။

China Press ရဲ႕ ေဖာ္ျပမႈအရ ဒီျဖစ္ရပ္ဟာ မေလးရွားႏုိင္ငံေတာင္ပုိင္းက Selangor ျပည္နယ္မွာျဖစ္ခဲ့တာပါ။

အျပင္းဖ်ားကာ ေသဆုံးသြားတဲ့ ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးခရီးမွာ သားျဖစ္သူက ထူးထူးဆန္းဆန္းျပဳလုပ္ခဲ့တာပါ။ ေသဆုံးသူဟာ အိႏၵိယလူမ်ဳိးတစ္ဦး ျဖစ္တယ္လုိ႔ သိရပါတယ္။

ပုံမွန္ဆုိရင္ လုပ္ရုိးလုပ္စဥ္အရ မုန္႔ညက္မုန္႔ နဲ႔ ေငြအနည္းငယ္ကို ထည့္သြင္းရမွာျဖစ္ေပမယ့္ အခုျဖစ္ရပ္မွာေတာ့ ရင္းဂစ္ေငြ ၃ေသာင္း ၊ အ၀တ္အစားေတြ နဲ႔ ပန္းပြင့္ေတြကုိပါ ထည့္ေပးလုိက္ျခင္းျဖစ္ပါတယ္။

ဒီေငြ ၃ေသာင္းမွာ ရင္းဂစ္ ၅၀တန္ ေငြစကၠဴ အရြက္ ၆၀၀ တိတိရွိတယ္လုိ႔ သိရပါတယ္။ ေငြစကၠဴေတြနဲ႔ ေသသူရဲ႕တစ္ကုိယ္လုံးကုိ ဖုံးလႊမ္းထားတာ ပုံမွာ ျမင္ရတဲ့အတုိင္းပါ။

အမည္ေဖာ္ျပထားျခင္း မရွိတဲ့သားျဖစ္သူဟာ ဖခင္ကုိ အလြန္ခ်စ္တဲ့သူ တစ္ေယာာက္လုိ႔ သိရပါတယ္။

ဒီပုံရိပ္ေတြဟာ အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ထုံးစံအတုိင္း အင္တာနက္သုံးစြဲသူေတြရဲ႕ အျမင္အမ်ဳိးမ်ဳိးကို ေတြ႔ရပါတယ္။

ညမေရာက္ခင္ အေခါင္းကိုေဖာ္ၿပီး ပုိက္ဆံေတြကုိ သူခုိးခုိးသြားမွာလုိ႔ ဆုိသူက ဆုိ၊ ဒီလုိ အလဟႆလုပ္ပစ္မယ့္အစား လွဴသင့္တယ္လုိ႔ ေျပာသူကေျပာ ၊ အတုေတြသာျဖစ္ႏုိင္ေၾကာင္း ျငင္းသူက ျငင္းလွ်က္ရွိပါတယ္။

China Press ကေတာ့ ဒီျဖစ္ရပ္ဟာ တကယ္ျဖစ္ေၾကာင္း နဲ႔ ဘာအေၾကာင္းအခုလုိလုပ္ရတာ မသိပါေၾကာင္း ၊ ေသဆုံးသူရဲ႕ အမ်ဳိးေတြမွာသာ အေသအခ်ာသိမွာ ျဖစ္ေၾကာင္း ဆုိပါတယ္။

အခ်ဳိ႕လူမ်ဳိးေတြမွာ ကုိယ့္ခ်စ္တဲ့သူေတြေသဆုံးသြားတဲ့အခါ ေငြေၾကး နဲ႔ အျခားတန္ဖုိးရွိ ပစၥည္းေတြကုိ ထည့္ေပးျခင္းအားျဖင့္ တမလြန္မွာ ေကာင္းေကာင္းသုံးစြဲလုိ႔ရမယ္ ဆုိတဲ့ အယူအဆေတြရွိတတ္ပါတယ္။

Ref:

http://www.chinapress.com.my/


သေဆုံးသွားတဲ့ ဖခင်ဖြစ်သူကို ရင်းဂစ်ငွေ ၃သောင်း နှင့် အတူ မြုပ်နှံသဂြိုဟ်ခဲ့တဲ့ဖြစ်ရပ် (unicode)

ကိုယ်ချစ်တဲ့သူတွေရဲ့ နောက်ဆုံးခရီးကို သက်သက်သာသာ နဲ့ အကောင်းဆုံးသွားစေချင်တာ လူတွေရဲ့ဓမ္မတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့အခါမှာလည်း နေရာဒေသအလိုက် လူမျိုးရိုးရာအလိုက် မတူခြားနားတဲ့ သဂြိုဟ်မှုတွေနဲ့ သဂြိုဟ်လေ့ရှိကြပါတယ်။

ဒါပေမယ့် မလေးရှားနိုင်ငံက အမျိုးသားတစ်ယောက်ရဲ့စီစဉ်ပုံဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်တာကြောင့် ထိုပုံရိပ်တွေဟာ အင်တာနက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။ ဒါကတော့ မှန်အခေါင်းတစ်ခုထဲမှာ မလေးရှားရင်းဂစ်ငွေ ၃သောင်း(အမေရိကန်ဒေါ်လာ ၇၆၀ဝခန့်) ကို ထည့်သွင်းထားပြီး အခေါင်းကို မြုပ်နှံဖို့လုပ်နေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

China Press ရဲ့ ဖော်ပြမှုအရ ဒီဖြစ်ရပ်ဟာ မလေးရှားနိုင်ငံတောင်ပိုင်းက Selangor ပြည်နယ်မှာဖြစ်ခဲ့တာပါ။ အပြင်းဖျားကာ သေဆုံးသွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးမှာ သားဖြစ်သူက ထူးထူးဆန်းဆန်းပြုလုပ်ခဲ့တာပါ။ သေဆုံးသူဟာ အိန္ဒိယလူမျိုးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပုံမှန်ဆိုရင် လုပ်ရိုးလုပ်စဉ်အရ မုန့်ညက်မုန့် နဲ့ ငွေအနည်းငယ်ကို ထည့်သွင်းရမှာဖြစ်ပေမယ့် အခုဖြစ်ရပ်မှာတော့ ရင်းဂစ်ငွေ ၃သောင်း ၊ အဝတ်အစားတွေ နဲ့ ပန်းပွင့်တွေကိုပါ ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီငွေ ၃သောင်းမှာ ရင်းဂစ် ၅ဝတန် ငွေစက္ကူ အရွက် ၆၀၀ တိတိရှိတယ်လို့ သိရပါတယ်။ ငွေစက္ကူတွေနဲ့ သေသူရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတာ ပုံမှာ မြင်ရတဲ့အတိုင်းပါ။

အမည်ဖော်ပြထားခြင်း မရှိတဲ့သားဖြစ်သူဟာ ဖခင်ကို အလွန်ချစ်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။ ဒီပုံရိပ်တွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ထုံးစံအတိုင်း အင်တာနက်သုံးစွဲသူတွေရဲ့ အမြင်အမျိုးမျိုးကို တွေ့ရပါတယ်။

ညမရောက်ခင် အခေါင်းကိုဖော်ပြီး ပိုက်ဆံတွေကို သူခိုးခိုးသွားမှာလို့ ဆိုသူက ဆို၊ ဒီလို အလဟဿလုပ်ပစ်မယ့်အစား လှူသင့်တယ်လို့ ပြောသူကပြော ၊ အတုတွေသာဖြစ်နိုင်ကြောင်း ငြင်းသူက ငြင်းလျှက်ရှိပါတယ်။ China Press ကတော့ ဒီဖြစ်ရပ်ဟာ တကယ်ဖြစ်ကြောင်း နဲ့ ဘာအကြောင်းအခုလိုလုပ်ရတာ မသိပါကြောင်း ၊ သေဆုံးသူရဲ့ အမျိုးတွေမှာသာ အသေအချာသိမှာ ဖြစ်ကြောင်း ဆိုပါတယ်။

အချို့လူမျိုးတွေမှာ ကိုယ့်ချစ်တဲ့သူတွေသေဆုံးသွားတဲ့အခါ ငွေကြေး နဲ့ အခြားတန်ဖိုးရှိ ပစ္စည်းတွေကို ထည့်ပေးခြင်းအားဖြင့် တမလွန်မှာ ကောင်းကောင်းသုံးစွဲလို့ရမယ် ဆိုတဲ့ အယူအဆတွေရှိတတ်ပါတယ်။

Ref:

http://www.chinapress.com.my/

Leave a Reply