“ဟာသ အတိုအထြာေလးမ်ား”

Posted on

“ဟုတ္သားပဲ”

ေက်ာင္း၌ သင္ထားေသာ သင္ခန္းစားမ်ားကို သားအား အေမက စစ္၏။
အေမ။ ။ သားေရ…ကမၻာၾကီးလံုးတယ္လို႕ ဘယ္သူက ေျပာခဲ့သလဲ။
သား ။ ။ ပထ၀ီသင္တဲ့ ဆရာမပါ…အေမ။

“ငါး အျမန္ေၾကာ္နည္း”

ကုမၸဏီတစ္ခု၌ ငါးႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ေပွ်ာ္ပြဲရႊင္ပြဲမ်ား က်င္းပေပး၏။ ထိုေပွ်ာ္ပြဲရႊင္ပြဲထဲမွ ထူးထူး
ျခားျခား ငါးအျမန္ေၾကာ္ႏိုင္သူအား ဆုေပးမည့္ အစီအစဥ္လည္း ပါ၀င္၏။ ထိုျပိဳင္ပြဲျပီးဆံုးခ်ိန္တြင္ ဆုရရွိသူမွာ
ငါးအား တစ္စကၠန္႔တည္းျဖင့္ အျမန္ ေၾကာ္ႏိုင္သူျဖစ္၏။

အဘယ္ေၾကာင့္ဆိုေသာ္ ထိုသူက ငါးအား ေအာက္ကို ခ်၍ ဟိုဘက္ ဒီဘက္ ခုန္ေက်ာ္လိုက္ေသာေၾကာင့္ပင္။

“စကား မဆံုးေသးဘူး”

မနီ၏ အိမ္ေရွ႕သို႕ ရဲတစ္ေယာက္ ေရာက္လာခဲ့၏။ ထိုရဲက မနီအားျမင္ေသာအခါ ၀မ္းနည္းေသာ ေလသံျဖင့္
ရဲ။ ။ ဒီအိမ္က မနီရဲ႕ အိမ္လား ခင္ဗ်ာ။
မနီ။ ။ ဟုတ္ပါတယ္ရွင့္။ ဘာမ်ား အေၾကာင္းထူးလို႕လဲ။
ရဲ။ ။ ခင္ဗ်ား ေယာက္်ား ခင္ဗ်ားသံုးဖို႕ ကားအသစ္ တစ္စီး ၀ယ္လာတယ္ဗ်။
မနီ။ ။ ေအာ္… ဘာမ်ားလဲလို႕။ ဒါ ၀မ္းသာစရာ သတင္းပဲဟာ။ ရွင္က ဘာျဖစ္လို႕ မ်က္ႏွာမေကာင္း
ျဖစ္ေနရတာလဲ။
ရဲ။ ။ ေနအံုးေလ…ကြ်န္ေတာ္ စကား မဆံုးေသးဘူးဗ်။ ကြ်န္ေတာ္ အဓိက ေျပာခ်င္တာက ခင္ဗ်ား
ေယာက္်ား ကားအသစ္ကို စမ္းေမာင္းရင္း ေခ်ာက္ထဲက်သြားတာ ေျပာမလို႕ပါ။

“ကဗ်ာ အလွဘြဲ႕”

သူေဌးမ ၀၀ၾကီးတစ္ေယာက္ ဆင္းရဲေသာ လူငယ္ေလး တစ္ေယာက္အား လက္ထပ္ယူလိုက္၏။
ထိုသူငယ္မွာ သူမနဲ႕ မယူခင္တည္းက ကဗ်ာေရးျခင္း ၀ါသနာပါမွန္း သူမ သိ၏။ ထို႕ေၾကာင့္ သူ႕အား မဂၤလာဦး
ညတြင္ သူမ၏ အလွအတြက္ ကဗ်ာစပ္ခိုင္းေလသည္။ ထိုသူငယ္မွာလည္း ၾကိဳးစားပမ္းစား စပ္ေပးရွာပါ၏။
ဌင္းကဗ်ာမွာ
“လိပ္ခါး ဖားဖင္
ဆင္ခႏၶာ ၀က္ကိုယ္လံုး
“၀” ကမၻာ အလွမယ္မို႕
စဥ့္အိုးက “ရွံဳး”

“ဒီ ဥပမာကို သိတယ္”

ဧည့္ခန္းတြင္ထိုင္ကာ အေဖနဲ႕သား ဘ၀အေၾကာင္းကို ေဆြးေႏြးေနၾက၏။
အေဖ။ ။ ဘ၀ဆိုတာ တိုက္ပြဲပဲ သားရဲ႕။ တစ္ေယာက္နဲ႕ တစ္ေယာက္ ယွဥ္ျပိဳင္တိုက္ျခင္းဟာ ဘ၀ေပါ့။
သား။ ။ အင္း…ဟုတ္မယ္ေနာ္။ အဲ့ဒါေၾကာင့္ အေဖနဲ႕ အေမ ခဏ…ခဏ ရန္ျဖစ္တာ။

“၀ိသာခါကို မွီခ်င္တယ္”

မိန္းမ။ ။ ေယာက္်ားေရ…
ရာသီဥတုက ပူလိုက္တာ။ လူတစ္ကိုယ္လံုးလည္း ပူေနတာပဲ။

ေယာက္်ား။ ။ မင္းကလည္း…ကြာ။
အိုက္တယ္လို႕ ေျပာစမ္းပါ။
ဇမၺဴဒီပါ လက္ယာေတာင္ကြ်န္း ၾသဘာနိမိတ္ထြန္းသတဲ့။
မင္းက ပူတယ္ ပူတယ္ေျပာလိုက္ ကေလးတစ္ေယာက္ ေမြးလိုက္နဲ႕
ခုေတာင္ ငါ ကေလး ကိုးေယာက္ အေဖ ျဖစ္ေနျပီဟ။

မိန္းမ။ ။ အိုေတာ္…. ဘာမ်ားလဲလို႕။
ရွင္ေနာ္.. ကြ်န္မ “၀ိသာခါ” ကို မမွီေသးဘူး ရွင့္။

“ကမၻာၾကီး ရြာျဖစ္သြားရင္”

ေယာက္်ား။ ။ မိန္းမေရ..
ဒီေဆာင္းပါးကို ၾကည့္စမ္း။
ကမၻာၾကီးက ရြာတစ္ရြာ ျဖစ္သြားျပီတဲ့။
ကမၻာ႕ေရွ႕ျခမ္းက ေအာ္သံကို ကမၻာ့ အေနာက္ျခမ္းက စကၠန္႕အပိုင္းအျခားနဲ႕တင္
ၾကားေနရျပီတဲ့။

မိန္းမ။ ။ ဟင္… အဲ့ဒါမွ ဒုကၡပဲ။
ကြ်န္မ ခုနက အီးက်ယ္က်ယ္ ေပါက္လိုက္မိတယ္။

*** ကြ်န္ေတာ္ ကိုယ္စြမ္း ဥာဏ္စြမ္း ရွိသမွ် ဟာသမ်ားကို ထြင္ျပီး ေရးၾကည့္ မိပါတယ္။ သူငယ္ခ်င္းတို႕
ရယ္ေမာ ေပွ်ာ္ရႊင္ရတယ္ဆိုရင္ ကြ်န္ေတာ္လည္း ထပ္တူ ေပွ်ာ္ရႊင္ရမွာပါ။***

အားလံုး ရႊင္လန္း ခ်မ္းေျမ႕ၾကပါေစ…
ေစပိုင္ထြဋ္(ပုသိမ္)


“ဟာသ အတိုအထွာလေးများ” (unicode)

“ဟုတ်သားပဲ”
ကျောင်း၌ သင်ထားသော သင်ခန်းစားများကို သားအား အမေက စစ်၏။
အမေ။ ။ သားရေ…ကမ္ဘာကြီးလုံးတယ်လို့ ဘယ်သူက ပြောခဲ့သလဲ။
သား ။ ။ ပထဝီသင်တဲ့ ဆရာမပါ…အမေ။

“ငါး အမြန်ကြော်နည်း”
ကုမ္ပဏီတစ်ခု၌ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပျှော်ပွဲရွှင်ပွဲများ ကျင်းပပေး၏။ ထိုပျှော်ပွဲရွှင်ပွဲထဲမှ ထူးထူး
ခြားခြား ငါးအမြန်ကြော်နိုင်သူအား ဆုပေးမည့် အစီအစဉ်လည်း ပါဝင်၏။ ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် ဆုရရှိသူမှာ
ငါးအား တစ်စက္ကန့်တည်းဖြင့် အမြန် ကြော်နိုင်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူက ငါးအား အောက်ကို
ချ၍ ဟိုဘက် ဒီဘက် ခုန်ကျော်လိုက်သောကြောင့်ပင်။

“စကား မဆုံးသေးဘူး”
မနီ၏ အိမ်ရှေ့သို့ ရဲတစ်ယောက် ရောက်လာခဲ့၏။ ထိုရဲက မနီအားမြင်သောအခါ ဝမ်းနည်းသော လေသံဖြင့်
ရဲ။ ။ ဒီအိမ်က မနီရဲ့ အိမ်လား ခင်ဗျာ။
မနီ။ ။ ဟုတ်ပါတယ်ရှင့်။ ဘာများ အကြောင်းထူးလို့လဲ။
ရဲ။ ။ ခင်ဗျား ယောက်ျား ခင်ဗျားသုံးဖို့ ကားအသစ် တစ်စီး ဝယ်လာတယ်ဗျ။
မနီ။ ။ အော်… ဘာများလဲလို့။ ဒါ ဝမ်းသာစရာ သတင်းပဲဟာ။ ရှင်က ဘာဖြစ်လို့ မျက်နှာမကောင်း
ဖြစ်နေရတာလဲ။
ရဲ။ ။ နေအုံးလေ…ကျွန်တော် စကား မဆုံးသေးဘူးဗျ။ ကျွန်တော် အဓိက ပြောချင်တာက ခင်ဗျား
ယောက်ျား ကားအသစ်ကို စမ်းမောင်းရင်း ချောက်ထဲကျသွားတာ ပြောမလို့ပါ။

“ကဗျာ အလှဘွဲ့”
သူဌေးမ ၀၀ကြီးတစ်ယောက် ဆင်းရဲသော လူငယ်လေး တစ်ယောက်အား လက်ထပ်ယူလိုက်၏။
ထိုသူငယ်မှာ သူမနဲ့ မယူခင်တည်းက ကဗျာရေးခြင်း ဝါသနာပါမှန်း သူမ သိ၏။ ထို့ကြောင့် သူ့အား မင်္ဂလာဦး
ညတွင် သူမ၏ အလှအတွက် ကဗျာစပ်ခိုင်းလေသည်။ ထိုသူငယ်မှာလည်း ကြိုးစားပမ်းစား စပ်ပေးရှာပါ၏။
ဌင်းကဗျာမှာ
“လိပ်ခါး ဖားဖင်
ဆင်ခန္ဓာ ဝက်ကိုယ်လုံး
“၀” ကမ္ဘာ အလှမယ်မို့
စဉ့်အိုးက “ရှုံး”

“ဒီ ဥပမာကို သိတယ်”
ဧည့်ခန်းတွင်ထိုင်ကာ အဖေနဲ့သား ဘဝအကြောင်းကို ဆွေးနွေးနေကြ၏။
အဖေ။ ။ ဘဝဆိုတာ တိုက်ပွဲပဲ သားရဲ့။ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်တိုက်ခြင်းဟာ ဘ၀ပေါ့။
သား။ ။ အင်း…ဟုတ်မယ်နော်။ အဲ့ဒါကြောင့် အဖေနဲ့ အမေ ခဏ…ခဏ ရန်ဖြစ်တာ။

“ဝိသာခါကို မှီချင်တယ်”
မိန်းမ။ ။ ယောက်ျားရေ…
ရာသီဥတုက ပူလိုက်တာ။ လူတစ်ကိုယ်လုံးလည်း ပူနေတာပဲ။

ယောက်ျား။ ။ မင်းကလည်း…ကွာ။
အိုက်တယ်လို့ ပြောစမ်းပါ။
ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းသတဲ့။
မင်းက ပူတယ် ပူတယ်ပြောလိုက် ကလေးတစ်ယောက် မွေးလိုက်နဲ့
ခုတောင် ငါ ကလေး ကိုးယောက် အဖေ ဖြစ်နေပြီဟ။

မိန်းမ။ ။ အိုတော်…. ဘာများလဲလို့။
ရှင်နော်.. ကျွန်မ “ဝိသာခါ” ကို မမှီသေးဘူး ရှင့်။

“ကမ္ဘာကြီး ရွာဖြစ်သွားရင်”
ယောက်ျား။ ။ မိန်းမရေ..
ဒီဆောင်းပါးကို ကြည့်စမ်း။
ကမ္ဘာကြီးက ရွာတစ်ရွာ ဖြစ်သွားပြီတဲ့။
ကမ္ဘာ့ရှေ့ခြမ်းက အော်သံကို ကမ္ဘာ့ အနောက်ခြမ်းက စက္ကန့်အပိုင်းအခြားနဲ့တင်
ကြားနေရပြီတဲ့။

မိန်းမ။ ။ ဟင်… အဲ့ဒါမှ ဒုက္ခပဲ။
ကျွန်မ ခုနက အီးကျယ်ကျယ် ပေါက်လိုက်မိတယ်။

*** ကျွန်တော် ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ဟာသများကို ထွင်ပြီး ရေးကြည့် မိပါတယ်။ သူငယ်ချင်းတို့
ရယ်မော ပျှော်ရွှင်ရတယ်ဆိုရင် ကျွန်တော်လည်း ထပ်တူ ပျှော်ရွှင်ရမှာပါ။***

အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ…
စေပိုင်ထွဋ်(ပုသိမ်)

Leave a Reply