ဒ႑ာရီထဲက ရွင္ေမြ႔ႏြန္း ႏွင့္ မင္းနႏၵာ

Posted on

ေရးသားသူ – Min Htet Kyaw Swar

မိတ္ေဆြအေနျဖင့္ သန္လ်င္ျမိဳ႕သို႕ အလည္အပတ္ သြားေရာက္မည္ဆိုပါက သန္လ်င္ၿမိဳ႕ဦးရွိ ရွင္ေမြ႕ႏြန္း ကုန္းေပၚတြင္ တည္ထားေသာ ေရွးေဟာင္းသမုိင္းဝင္ ဆုေတာင္းျပည့္ ရွင္ေမြ႕ႏြန္း ေမွ်ာ္ေတာ္ေယာင္ လြမ္းေစတီကုိ ဖူးျမင္ရမည္ ျဖစ္သည္။

ရွင္ေမြ႔ႏြန္းမင္းသမီးေလး သက္ရွိထင္ရွားရွိစဥ္က ထိုကုန္းေပၚမွ ေန၍ ခ်စ္ရသူ နႏၵာကိုယ္ေတာ္ကို ေမွ်ာ္ခဲ့သည့္ ေနရာျဖစ္သည္ဆို၏။

အတိတ္ကို ျပန္ေကာက္ရပါေသာ္…။

သန္လ်င္ပါဒႏိုင္ငံေတာ္မွ သု၀ဏၰေဒ၀ီမိဖုရားၾကီးသည္ ကိုယ္၀န္အရင့္အမာရွိေနစဥ္ နတ္ရြာစံေတာ္မူ၍ မီးသျဂိဳလ္မည့္ ျပဳသည့္အခါမွ သမီးေတာ္ကေလးကို ဖြားေလ၏။

ခမည္းေတာ္မင္းၾကီးသည္ အံ့ၾသဘနန္း ထူးဆန္းလွသည့္ အျဖစ္ေၾကာင့္ သမီးေတာ္ကေလးကို ခ်စ္ျမတ္ႏိုးလွေသာ္လည္း သခ်ိဳင္းေရာက္မွ ဖြားေတာ္မူသျဖင့္ နိမိတ္မေကာင္းဟု ဆိုကာ သခ်ိဳင္းအနားတြင္သာ တစ္ပင္တိုင္ျမနန္းျဖင့္ ထားေလ၏။

ရွင္ေမြ႔ႏြန္း ဟု အမည္ေပးကာ အထိန္းေတာ္၊အခ်ီေတာ္မ်ား ျဖင့္ အတတ္ႏိုင္ဆံုး စီမံေပးထားေလ၏။

ေမြ႔ႏြန္းမင္းသမီးေလး အရြယ္ေရာက္ေသာ္ ေခ်ာေမာလွပလြန္းသျဖင့္ သူမ၏ အလွသတင္းမွာ ဥကၠလာပတိုင္း အထိ ပ်ံ႔ႏွံ့ေက်ာ္ေစာေလ၏။

ဥကၠလာပတိုင္းမွ ဥပရာဇာမင္းနႏၵာ ကိုယ္ေတာ္ေလးမွာလည္း သန္လ်င္ကၽြန္းမွ ခင္ႏြန္း ၏ အလွကို ၾကားသိရျပီးသည့္ေနာက္တြင္ မေတြ႔ေတြ႔ေအာင္ သြားမည္ဟု ၾကံကာ မိမိထံအမႈထမ္းေနေသာ ငမိုးရိပ္ မိေက်ာင္းကို အကူအညီေတာင္းေလ၏။

ငမိုးရိပ္ကလည္း ခ်က္ခ်င္းၾကီးသြားလွ်င္ အဆင္မေျပႏိုင္ေၾကာင္း ေက်းငွက္ျဖင့္ ေမတၱာစာ အရင္ေစသင့္ပါေၾကာင္း ေလွ်ာက္သျဖင့္ ေက်းအရင္ေစရေလ၏။

ေမြ႔ႏြန္းလည္း မိမိထံ ေက်းေစေရာက္လာေသာ နႏၵမင္းသားအေၾကာင္း အထိန္းေတာ္မ်ားကို ေမးရာ ဥကၠလာပေနျပည္ေတာ္၏ ၾကီးက်ယ္ပံု၊မင္းသားေလး၏ ေခ်ာေမာပံုတို႕ကို ျပန္ေလွ်ာက္ၾကသျဖင့္ ျပန္စာကို ထိုေက်းျဖင့္ပင္ ပို႕လိုက္ေလ၏။

မင္းနႏၵာလည္း ရွင္ေမြ႔ႏြန္းထံမွ ျပန္စာကို ရလွ်င္ ” ကိုင္း ငမိုးရိပ္၊ မင္းသမီးေလးဆီက ျပန္စာေတာ့ ရေပျပီ။ ယခု နင့္တာ၀န္သာ..” ဟုဆိုကာ ငမိုးရိပ္၏ ခံတြင္းထဲသို႕၀င္ကာ သန္လ်င္ျမစ္ကို ျဖတ္ကူး၍ သြားေတြ႔ေလ၏။

ထိုသတင္းကို ဥကၠလာပမင္းၾကီးၾကားလွ်င္ မင္းနႏၵာအား မသြားရန္တားေလ၏။ ( ရွင္ေမြ႔ႏြန္းသည္ သခ်ိဳင္းတြင္ ဖြားသူျဖစ္၍ သေဘာမတူႏိုင္ေပ။

မည္သို႕ပင္ဆိုေစ အခ်စ္ၾကီးသူ မင္းနႏၵာကား ခမည္းေတာ္မသိေအာင္ သြားျမဲသြားေလ၏။ ( ငမိုးရိပ္ကလည္း အေရာက္ပို႕ေလ၏)

တစ္ေန႕တြင္မူ အဖ်က္ရန္တစ္ခုက မေမွ်ာ္လင့္ဘဲ ေပၚလာေတာ့သည္။ သံသုမာမိေက်ာင္းမ မိလက္တို ျဖစ္သည္။ ( သူမသည္ ငမိုးရိပ္ကို တစ္ဖက္သတ္ၾကိဳက္ ျဖစ္ေနသူျဖစ္ျပီး ငမိုးရိပ္က ခါးခါးသီးသီးတံု႕ျပန္ေသာအခါ ရန္ညိႈးအျဖစ္ ေတးထားသူျဖစ္သည္။ သံသုမာ ဟူသည္မွာ ကေလးကိုသတ္ေသာသူ ဟုအဓိပၸါယ္ရသျဖင့္ ကေလးသားၾကိဳက္သူ မိေက်ာင္းမ ျဖစ္ႏိုင္ေပသည္။)

သူမက အၾကံၾကီးသူပီပီ လူေယာင္ဖန္ဆင္းကာ ေမြ႔ႏြန္းမင္းသမီးေလးထံ အခစား၀င္ကာ ငမိုးရိပ္ကို လက္စားေခ်ရန္ အခြင့္ကို ေစာင့္ေနသူလည္း ျဖစ္သည္။

-” နႏၵာကိုယ္ေတာ္ေလးက သခင္မေလးကို အဲ့ေလာက္ အေလးအနက္မထားပါဘူး ဘုရား ”

– ” ဘယ္လိုေျပာလိုက္တာလဲ ခင္လက္တို၊ ေမာင္ေမာင္ငါ့ကို သိပ္ခ်စ္တဲ့ဟာကို။ ညည္းက ေဘာက္မဲ့ေၾကာင့္ သံသယ၀င္ရသတုန္း။ ”

– ” ဒါဆို သခင္မေလးအေနနဲ႕ ကိုယ္ေတာ္ေလးရဲ႕ ညာလက္ရံုးေပၚမွာ ေခါင္းအံုးခြင့္ရဖို႔ ေတာင္းဆိုျပပါဘုရား ”

– ” ညည္းစကားက အဆန္းပါလား။ဘာလို႔တုန္း ”

– ” အုိ သခင္မေလးကလဲ ေယာက်္ားေတြကေလ သူတို႔ညာလက္ရုံးကိုမိန္းမေတြ ကေခါင္းအုံးမယ္
ဆိုရင္သိပ္ေႀကာက္တာသခင္မေလးရဲ ့-ခြင့္မျ႔ပဳခ်င္ႀကဘူး – အဲဒါေၾကာင့္ ကိုယ္ေတာ္ေလး တကယ္ခ်စ္ မခ်စ္ ဆိုတာသိရေအာင္ ဒီနည္းနဲ ့စမ္းေပေတာ့ သခင္မေလး ”

ရွင္ေမြ႔ႏြန္း ေတြေ၀သြား၏။ သည္တစ္ေခါက္ နႏၵာကိုယ္ေတာ္ကို ဤနည္းျဖင့္ အခ်စ္စမ္းၾကည့္ရေပမည္။ ( အမွန္မွာ ေယာက်ာ္းတို႕၏ ညာလက္ရံုးကို အမ်ိဳးသမီးတို႕ ေခါင္းမအံုးအပ္ေပ။ ဘုန္းတန္ခိုး နိမ့္ပါးတတ္ေလသည္။ ထိုအကြက္ကို မိလက္တိုက အခ်က္က်က် အသံုးခ်လိုက္ျခင္း ျဖစ္သည္။)

အမွန္တကယ္လည္း နႏၵာကိုယ္ေတာ္ေရာက္လာသည့္ အခါ ရွင္ေမြ႔ႏြန္းက ေခါင္းအံုးခ်င္ေၾကာင္းေျပာေလ၏။ မင္းနႏၵာလည္း ” ထူးထူး ဆန္းဆန္း ဘာေတြမ်ားျဖစ္လုိ႔ပါလိမ့္” ဟု ေတြးမိေသာ္လည္း ” ဘဇာေၾကာင့္ မရ ရမွာလဲ ႏွမေတာ္။ ဘုန္းလက္ယာ မွာ အုန္းစက္ပါေလ” ဟု ခြင့္ျပဳေလ၏။

မိလက္တိုလည္း သူမအကြက္ဆင္ထားသည့္အတိုင္း ျဖစ္သည့္အခါ မင္းနႏၵာ၏ အျပန္လမ္းတြင္ အေဖာ္မိေက်ာင္းမ်ားႏွင့္ အသင့္ေစာင့္ေနေလ၏။

အျပန္တြင္ ထံုးစံအတိုင္း ငမိုးရိပ္၏ ခံတြင္းတြင္းမွ ေန၍ မင္းနႏၵာလိုက္ပါလာေလ၏။

ျမစ္လယ္ေရာက္ေသာ္…။

– ” ၀ိုင္းေဟ့ ၀ိုင္းဟ မလြတ္ေစနဲ႕”

– ” ဘာေတြတုန္းဟ။ ငမိုးရိပ္။ ဘာသံေတြတုန္း”

ငမိုးရိပ္မွာ မင္းသားကို ငံုထားရ၍ ျပန္မေျပာႏိုင္ေပ။ ထုိစဥ္ အျမီးဆီမွ စူးခနဲ နာသြား၏။ မိလက္တိုႏွင့္ သူမ၏ အမ်ိဳးမ်ားက စတင္ယုတ္မာေပျပီ။

ထန္းလ်က္ခဲကို ပုရြက္ဆြဲသည့္ ပမာ ၀ိုင္းအံုကိုက္ၾကရာ ငမိုးရိပ္လည္း ျပန္လည္ခုခံရေလ၏။ ( သို႕ေသာ္ မင္းသားကို ငံုထားရသျဖင့္ ပါးစပ္ကို မသံုးႏိုင္ဘဲ အျမီးကိုသာ သံုးေနရသျဖင့္ ထိေရာက္စြာ မတိုက္ႏိုင္ေပ။)

ထိုအခါ မင္းသားကို ခဏထုတ္ကာ ေက်ာေပၚတင္လိုက္ေလ၏။ ေမာဟိုက္ေနေသာ မင္းသားလည္း ေရႊသန္လ်က္ ကို မိေက်ာင္းမ်ား ျမင္ေအာင္ျပ၍

-” အမိုက္အမဲေတြ၊ ငါကိုယ္ေတာ့္ ခရီးလမ္းက အခုဖယ္စမ္း။ ငါဟာ ဥကၠလာပဥပရာဇာ ဆိုတာ မသိေရာ့သလား”

– ” ကုန္းေပၚမွာေတာ့ ဟုတ္ေပလိမ့္မယ္။ ေရထဲမွာကေတာ့ သိတယ္မလား ဟဲဟဲ ”

မိလက္တိုက အတင့္ရဲစြာ အနားကပ္လာ၏။ ငမိုးရိပ္လည္း အေျခအေနမဟန္မွန္းသိ၍ ေက်ာကို အျမန္လွိမ့္ခ်ကာ မင္းသားကို အျမန္ငံု၍ ေျပးရေတာ့သည္။ ( လွိမ့္ခ်လိုက္၍ မင္းနႏၵာဟန္ခ်က္ပ်က္ကာ လက္ထဲမွ သန္လ်က္လည္း ထိုေနရာတြင္ပင္ လြတ္က်ေလ၏။ ထိုအရပ္ကို သန္လ်က္စြန္း ဟု ယေန႕တိုင္တြင္ေလ၏)

မိလက္တိုလည္း အေဖာ္မ်ားျဖင့္ ေပ်ာ္ေပ်ာ္ပါးပါးၾကီးပင္ လိုက္ေလ၏။ ငမိုးရိပ္လည္း ေျပးမိေျပးရာျဖင့္ ေျပးရာ ေခ်ာင္မ်ားကိုပင္ တိုးမိရွာေလသည္။ ( တိုးမိသည့္ ေခ်ာင္မ်ားကို အစြဲျပဳ၍ တိုးေၾကာင္ၾကီး၊ တိုးေၾကာင္ကေလးဟု ယေန႕တိုင္တြင္ေသာ ေနရာမ်ားျဖစ္လာသည္။)

မိလက္တိုတို႔ မမီႏိုင္ေသာေနရာ ျဖစ္ေသာ ဒဂံုဆိပ္ကမ္းသို႕ေရာက္ေသာ္ မင္းနႏၵာကို ခံတြင္းမွထုတ္ေလ၏။ ကံဆိုးရွာေသာ မင္းသားငယ္မွာ အသက္ရႈပိတ္ကာ ကံေတာ္ကုန္ျပီးႏွင့္ျပီ ျဖစ္သည္။

ငမိုးရိပ္လည္း ဆိပ္ကမ္းအနီး လူျမင္ႏိုင္ေသာ ေနရာတြင္ အေလာင္းေတာ္ကို တင္ကာ ဥကၠလာပမင္းၾကီး၏ အမ်က္ေဒါသကို ေၾကာက္လြန္း၍ ေမွာ္ဘီသို႕ ေျပးေလ၏။

ရွင္ေမြ႔ႏြန္းလည္း ထိုသတင္းဆိုး ကို ေက်းေစ သ၀ဏ္လႊာမွ တဆင့္ သိရွိကာ သ၀ဏ္လႊာကို လက္ထဲတြင္ ဆုပ္ထားရင္းကပင္ ႏွလံုးေၾကကြဲကာ ဇီ၀ိန္ခ်ဳပ္ေတာ္မူေလ၏။

မင္းနႏၵာႏွင့္ ရွင္ေမြ႔ႏြန္းတို႔၏ ရုပ္အေလာင္းမ်ားကို မီးသျဂိဳလ္ၾကရာတြင္ တစ္ရက္တည္း ျဖစ္ၾကသည္ဟုဆိုျပီး ဒဂံုဘက္ကမ္းမွ မီးခိုးႏွင့္ သန္လ်က္ဘက္မွ မီးခိုးတို႕သည္ ျမစ္အထက္တြင္ ေပါင္းဆံုသြားၾကသည္ဆို၏။ (လူခ်င္းမေပါင္းရေသာ္လည္း မီးခိုးခ်င္းေတာ့ ေပါင္းၾကရရွာေလသည္။)

( ရွင္ေမြ႕ႏြန္း၊ မင္းနႏၵာတို႕၏ အခ်စ္ဇာတ္လမ္းသည္ ေက်ာက္စာအ ေထာက္အထား မရွိေသာ္လည္း ကြၽန္ ေတာ္တုိ႕၏ ႏွလံုးသားတြင္ ယခုတိုင္ စြဲထင္က်န္ရစ္ေနေသာ ဂႏၳဝင္အခ်စ္ဇာတ္လမ္း ျဖစ္ပါသည္။ ေႏွာင္းေခတ္လူမ်ားသည္ ရွင္ေမြ႕ႏြန္း၊ မင္းနႏၵာဇာတ္လမ္းကုိ ဒ႑ာရီဆန္သည္ဟုဆိုကာ ပစ္ပယ္ႏုိင္ေသာ္လည္း ရွင္ေမြ႕ႏြန္း ေမွ်ာ္ေတာ္ေယာင္ လြမ္းေစတီကုိ ပစ္ပယ္၍ မရႏုိင္ပါ။)


အထက္ပါအေၾကာင္းအရာမွာ ပုံျပင္ဒ႑ာရီ သာျဖစ္ေသာ္လည္း ရွင္ေမြ႔ႏြန္း ႏွင့္ မင္းနႏၵာ မူ တကယ္ရွိခဲ့ပါတယ္။ ပုံျပင္နဲ႔ သမုိင္းနဲ႔ ကြဲလြဲခ်က္မ်ား ရွိပါတယ္။ ရွင္ေမြ႔ႏြန္း မင္းနႏၵာ သန္လွ်င္ သမုိင္းႏွင့္ပတ္သတ္၍ စိတ္၀င္စားတဲ့မိတ္ေဆြမ်ားအတြက္ လူသိနည္းတဲ့ သမုိင္းအမွား အခ်ဳိ႕ကုိ ကိုၿငိမ္းခ်မ္း(ဗုိလ္ခ်ဳပ္ရြာ) ထံမွ ျပန္လည္မွ်ေ၀လုိက္ပါတယ္။

ခတ္အဆက္ဆက္ကသန္လ်င္သမိုင္းအမွားမ်ား

အိပ္ရာဝင္ပံုျပင္မ်ားကို ကိုင္ေျပာၾကၿပီး သန္လ်င္သမိုင္းအမွားေတြကို ေျပာလာၾကသည္။ တတ္ႏိုင္သေလာက္ေတာ့ ရွင္းၾကည့္သည္။ တအားျငင္းေနရင္ေတာ့ ျပံဳးၾကည့္ေနလိုက္ေတာ့သည္။ သန္လ်င္သမိုင္းမ်ားထဲမွ ကၽြန္ေတာ္ေတြ႕မိေသာ အမွားအခ်ိဳ႕ကို ထုတ္ျပပါမည္။ စာဖတ္သူမ်ား ကၽြန္ေတာ္ သတိမထားမိတာမ်ား ေတြ႕မိရင္လည္း ျဖည့္ၾကၿပီး သန္လ်င္သမိုင္းကို ဝိုင္းျပဳျပင္ၾကတာေပါ့။

၁။ သန္လ်င္မင္းဆက္(၆)ဆက္ျဖစ္သည္။ သမိုင္းအခ်ိဳ႕က ႏွစ္ဆက္ေျပာလိုက္ ေလးဆက္ေျပာလိုက္ ျဖစ္ေနသည္။

၂။ ရွင္ေမြ႕ႏြန္းအဖိုးသည္ ဦးသန္လ်င္မဟုတ္ပါ။ ဗညာမဏိရြတ္ပိမင္းသာ ျဖစ္ပါသည္။

၃။ မင္းနႏၵာသည္ ဥကၠလာပ မင္းႀကီးသားမဟုတ္ပါ။ ေရႊတိဂံု ဘုရားႏွင့္ က်ိဳက္ေခါက္ဘုရားသည္ ႏွစ္ေပါင္း ၂၄၁ ႏွစ္ကြာေပသည္။ ဒဂံုၿမိဳ႕စားသားဆိုလွ်င္ေတာ့ လက္ခံႏိုင္ေသးသည္။

၄။ ရွင္ေမြ႕ႏြန္းသည္ မင္းနႏၵာသတင္းၾကားၿပီး ခ်က္ခ်င္း ရင္ကြဲနာက်၍ မေသပါ။ က်ိဳက္ေခါက္ဘုရားတြင္ မင္းနႏၵာအတြက္ အလႉျပဳလုပ္ၿပီး မင္းနႏၵာကန္ကို တူးေဖာ္ခဲ့ေသးသည္။

၅။ ရွင္ေမြ႕ႏြန္း၏အေမ ၾကခတ္ဝရာမင္းသမီးကို သထံုရာဇဝင္ႏွင့္ တိုက္ၾကည့္ေသာအခါ ၾကခတ္ဝရာမင္းသမီး၏ ဖခင္သည္ ျမတ္စြာဘုရားမပြင့္မီ ႏွစ္၅၀ခန္႔က မင္းျဖစ္ေနသည္။

၆။ လြမ္းေစတီကုန္း ေမွ်ာ္ေတာ္ေယာင္ေစတီ(လြမ္းေစတီ)သည္ ရွင္ေမြ႕ႏြန္းတည္ထားျခင္းမဟုတ္ေပ။ ေႏွာင္းလူတို႔က အထိမ္းအမွတ္ျဖင့္တည္ထားျခင္းသာ ျဖစ္ပါသည္။

၇။ ၾကခတ္ဝရာမင္းသမီးကို သိမ္းပိုက္ေသာ သန္လ်င္မင္းမွာ ေဘာဂေသနမင္း ျဖစ္သည္။ ပံုျပင္အခ်ိဳ႕ႏွင့္ သမိုင္းအခ်ိဳ႕က ေမာင္ဒီ မင္းဟု ဆိုၾကသည္။

၈။ ေမာင္ဒီမင္းကို ေတာတြင္းသားလူ႐ိုင္းႏွင့္ ေရာေနၾကသည္။

၉။ ပါဒမင္းဆက္ (၃၄)ဆက္ႏွင့္ သန္လ်င္မင္းဆက္ (၆)ဆက္ ေပါင္း(၄၀) ဆက္ျဖစ္သည္။

ၿငိမ္းခ်မ္း(ဗိုလ္ခ်ဳပ္ရြာ)


ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ (unicode)

ရေးသားသူ – Min Htet Kyaw Swar

မိတ်ဆွေအနေဖြင့် သန်လျင်မြို့သို့ အလည်အပတ် သွားရောက်မည်ဆိုပါက သန်လျင်မြို့ဦးရှိ ရှင်မွေ့နွန်း ကုန်းပေါ်တွင် တည်ထားသော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို ဖူးမြင်ရမည် ဖြစ်သည်။

ရှင်မွေ့နွန်းမင်းသမီးလေး သက်ရှိထင်ရှားရှိစဉ်က ထိုကုန်းပေါ်မှ နေ၍ ချစ်ရသူ နန္ဒာကိုယ်တော်ကို မျှော်ခဲ့သည့် နေရာဖြစ်သည်ဆို၏။

အတိတ်ကို ပြန်ကောက်ရပါသော်…။

သန်လျင်ပါဒနိုင်ငံတော်မှ သုဝဏ္ဏဒေဝီမိဖုရားကြီးသည် ကိုယ်ဝန်အရင့်အမာရှိနေစဉ် နတ်ရွာစံတော်မူ၍ မီးသဂြိုလ်မည့် ပြုသည့်အခါမှ သမီးတော်ကလေးကို ဖွားလေ၏။

ခမည်းတော်မင်းကြီးသည် အံ့ဩဘနန်း ထူးဆန်းလှသည့် အဖြစ်ကြောင့် သမီးတော်ကလေးကို ချစ်မြတ်နိုးလှသော်လည်း သချိုင်းရောက်မှ ဖွားတော်မူသဖြင့် နိမိတ်မကောင်းဟု ဆိုကာ သချိုင်းအနားတွင်သာ တစ်ပင်တိုင်မြနန်းဖြင့် ထားလေ၏။

ရှင်မွေ့နွန်း ဟု အမည်ပေးကာ အထိန်းတော်၊အချီတော်များ ဖြင့် အတတ်နိုင်ဆုံး စီမံပေးထားလေ၏။

မွေ့နွန်းမင်းသမီးလေး အရွယ်ရောက်သော် ချောမောလှပလွန်းသဖြင့် သူမ၏ အလှသတင်းမှာ ဥက္ကလာပတိုင်း အထိ ပျံ့နှံ့ကျော်စောလေ၏။

ဥက္ကလာပတိုင်းမှ ဥပရာဇာမင်းနန္ဒာ ကိုယ်တော်လေးမှာလည်း သန်လျင်ကျွန်းမှ ခင်နွန်း ၏ အလှကို ကြားသိရပြီးသည့်နောက်တွင် မတွေ့တွေ့အောင် သွားမည်ဟု ကြံကာ မိမိထံအမှုထမ်းနေသော ငမိုးရိပ် မိကျောင်းကို အကူအညီတောင်းလေ၏။

ငမိုးရိပ်ကလည်း ချက်ချင်းကြီးသွားလျှင် အဆင်မပြေနိုင်ကြောင်း ကျေးငှက်ဖြင့် မေတ္တာစာ အရင်စေသင့်ပါကြောင်း လျှောက်သဖြင့် ကျေးအရင်စေရလေ၏။

မွေ့နွန်းလည်း မိမိထံ ကျေးစေရောက်လာသော နန္ဒမင်းသားအကြောင်း အထိန်းတော်များကို မေးရာ ဥက္ကလာပနေပြည်တော်၏ ကြီးကျယ်ပုံ၊မင်းသားလေး၏ ချောမောပုံတို့ကို ပြန်လျှောက်ကြသဖြင့် ပြန်စာကို ထိုကျေးဖြင့်ပင် ပို့လိုက်လေ၏။

မင်းနန္ဒာလည်း ရှင်မွေ့နွန်းထံမှ ပြန်စာကို ရလျှင် ” ကိုင်း ငမိုးရိပ်၊ မင်းသမီးလေးဆီက ပြန်စာတော့ ရပေပြီ။ ယခု နင့်တာဝန်သာ..” ဟုဆိုကာ ငမိုးရိပ်၏ ခံတွင်းထဲသို့ဝင်ကာ သန်လျင်မြစ်ကို ဖြတ်ကူး၍ သွားတွေ့လေ၏။

ထိုသတင်းကို ဥက္ကလာပမင်းကြီးကြားလျှင် မင်းနန္ဒာအား မသွားရန်တားလေ၏။ ( ရှင်မွေ့နွန်းသည် သချိုင်းတွင် ဖွားသူဖြစ်၍ သဘောမတူနိုင်ပေ။)

မည်သို့ပင်ဆိုစေ အချစ်ကြီးသူ မင်းနန္ဒာကား ခမည်းတော်မသိအောင် သွားမြဲသွားလေ၏။ ( ငမိုးရိပ်ကလည်း အရောက်ပို့လေ၏)

တစ်နေ့တွင်မူ အဖျက်ရန်တစ်ခုက မမျှော်လင့်ဘဲ ပေါ်လာတော့သည်။ သံသုမာမိကျောင်းမ မိလက်တို ဖြစ်သည်။ ( သူမသည် ငမိုးရိပ်ကို တစ်ဖက်သတ်ကြိုက် ဖြစ်နေသူဖြစ်ပြီး ငမိုးရိပ်က ခါးခါးသီးသီးတုံ့ပြန်သောအခါ ရန်ညှိုးအဖြစ် တေးထားသူဖြစ်သည်။ သံသုမာ ဟူသည်မှာ ကလေးကိုသတ်သောသူ ဟုအဓိပ္ပါယ်ရသဖြင့် ကလေးသားကြိုက်သူ မိကျောင်းမ ဖြစ်နိုင်ပေသည်။)

သူမက အကြံကြီးသူပီပီ လူယောင်ဖန်ဆင်းကာ မွေ့နွန်းမင်းသမီးလေးထံ အခစားဝင်ကာ ငမိုးရိပ်ကို လက်စားချေရန် အခွင့်ကို စောင့်နေသူလည်း ဖြစ်သည်။

-” နန္ဒာကိုယ်တော်လေးက သခင်မလေးကို အဲ့လောက် အလေးအနက်မထားပါဘူး ဘုရား ”

– ” ဘယ်လိုပြောလိုက်တာလဲ ခင်လက်တို၊ မောင်မောင်ငါ့ကို သိပ်ချစ်တဲ့ဟာကို။ ညည်းက ဘောက်မဲ့ကြောင့် သံသယဝင်ရသတုန်း။ ”

– ” ဒါဆို သခင်မလေးအနေနဲ့ ကိုယ်တော်လေးရဲ့ ညာလက်ရုံးပေါ်မှာ ခေါင်းအုံးခွင့်ရဖို့ တောင်းဆိုပြပါဘုရား ”

– ” ညည်းစကားက အဆန်းပါလား။ဘာလို့တုန်း ”

– ” အို သခင်မလေးကလဲ ယောက်ျားတွေကလေ သူတို့ညာလက်ရုံးကိုမိန်းမတွေ ကခေါင်းအုံးမယ်
ဆိုရင်သိပ်ကြောက်တာသခင်မလေးရဲ့-ခွင့်မျ႔ပုချင်ကြဘူး – အဲဒါကြောင့် ကိုယ်တော်လေး တကယ်ချစ် မချစ် ဆိုတာသိရအောင် ဒီနည်းနဲ့စမ်းပေတော့ သခင်မလေး ”

ရှင်မွေ့နွန်း တွေဝေသွား၏။ သည်တစ်ခေါက် နန္ဒာကိုယ်တော်ကို ဤနည်းဖြင့် အချစ်စမ်းကြည့်ရပေမည်။ ( အမှန်မှာ ယောက်ျားတို့၏ ညာလက်ရုံးကို အမျိုးသမီးတို့ ခေါင်းမအုံးအပ်ပေ။ ဘုန်းတန်ခိုး နိမ့်ပါးတတ်လေသည်။ ထိုအကွက်ကို မိလက်တိုက အချက်ကျကျ အသုံးချလိုက်ခြင်း ဖြစ်သည်။)

အမှန်တကယ်လည်း နန္ဒာကိုယ်တော်ရောက်လာသည့် အခါ ရှင်မွေ့နွန်းက ခေါင်းအုံးချင်ကြောင်းပြောလေ၏။ မင်းနန္ဒာလည်း ” ထူးထူး ဆန်းဆန်း ဘာတွေများဖြစ်လို့ပါလိမ့်” ဟု တွေးမိသော်လည်း ” ဘဇာကြောင့် မရ ရမှာလဲ နှမတော်။ ဘုန်းလက်ယာ မှာ အုန်းစက်ပါလေ” ဟု ခွင့်ပြုလေ၏။

မိလက်တိုလည်း သူမအကွက်ဆင်ထားသည့်အတိုင်း ဖြစ်သည့်အခါ မင်းနန္ဒာ၏ အပြန်လမ်းတွင် အဖော်မိကျောင်းများနှင့် အသင့်စောင့်နေလေ၏။

အပြန်တွင် ထုံးစံအတိုင်း ငမိုးရိပ်၏ ခံတွင်းတွင်းမှ နေ၍ မင်းနန္ဒာလိုက်ပါလာလေ၏။

မြစ်လယ်ရောက်သော်…။

– ” ဝိုင်းဟေ့ ဝိုင်းဟ မလွတ်စေနဲ့”

– ” ဘာတွေတုန်းဟ။ ငမိုးရိပ်။ ဘာသံတွေတုန်း”

ငမိုးရိပ်မှာ မင်းသားကို ငုံထားရ၍ ပြန်မပြောနိုင်ပေ။ ထိုစဉ် အမြီးဆီမှ စူးခနဲ နာသွား၏။ မိလက်တိုနှင့် သူမ၏ အမျိုးများက စတင်ယုတ်မာပေပြီ။

ထန်းလျက်ခဲကို ပုရွက်ဆွဲသည့် ပမာ ဝိုင်းအုံကိုက်ကြရာ ငမိုးရိပ်လည်း ပြန်လည်ခုခံရလေ၏။ ( သို့သော် မင်းသားကို ငုံထားရသဖြင့် ပါးစပ်ကို မသုံးနိုင်ဘဲ အမြီးကိုသာ သုံးနေရသဖြင့် ထိရောက်စွာ မတိုက်နိုင်ပေ။)

ထိုအခါ မင်းသားကို ခဏထုတ်ကာ ကျောပေါ်တင်လိုက်လေ၏။ မောဟိုက်နေသော မင်းသားလည်း ရွှေသန်လျက် ကို မိကျောင်းများ မြင်အောင်ပြ၍

-” အမိုက်အမဲတွေ၊ ငါကိုယ်တော့် ခရီးလမ်းက အခုဖယ်စမ်း။ ငါဟာ ဥက္ကလာပဥပရာဇာ ဆိုတာ မသိရော့သလား”

– ” ကုန်းပေါ်မှာတော့ ဟုတ်ပေလိမ့်မယ်။ ရေထဲမှာကတော့ သိတယ်မလား ဟဲဟဲ ”

မိလက်တိုက အတင့်ရဲစွာ အနားကပ်လာ၏။ ငမိုးရိပ်လည်း အခြေအနေမဟန်မှန်းသိ၍ ကျောကို အမြန်လှိမ့်ချကာ မင်းသားကို အမြန်ငုံ၍ ပြေးရတော့သည်။ ( လှိမ့်ချလိုက်၍ မင်းနန္ဒာဟန်ချက်ပျက်ကာ လက်ထဲမှ သန်လျက်လည်း ထိုနေရာတွင်ပင် လွတ်ကျလေ၏။ ထိုအရပ်ကို သန်လျက်စွန်း ဟု ယနေ့တိုင်တွင်လေ၏)

မိလက်တိုလည်း အဖော်များဖြင့် ပျော်ပျော်ပါးပါးကြီးပင် လိုက်လေ၏။ ငမိုးရိပ်လည်း ပြေးမိပြေးရာဖြင့် ပြေးရာ ချောင်များကိုပင် တိုးမိရှာလေသည်။ ( တိုးမိသည့် ချောင်များကို အစွဲပြု၍ တိုးကြောင်ကြီး၊ တိုးကြောင်ကလေးဟု ယနေ့တိုင်တွင်သော နေရာများဖြစ်လာသည်။)

မိလက်တိုတို့ မမီနိုင်သောနေရာ ဖြစ်သော ဒဂုံဆိပ်ကမ်းသို့ရောက်သော် မင်းနန္ဒာကို ခံတွင်းမှထုတ်လေ၏။ ကံဆိုးရှာသော မင်းသားငယ်မှာ အသက်ရှုပိတ်ကာ ကံတော်ကုန်ပြီးနှင့်ပြီ ဖြစ်သည်။

ငမိုးရိပ်လည်း ဆိပ်ကမ်းအနီး လူမြင်နိုင်သော နေရာတွင် အလောင်းတော်ကို တင်ကာ ဥက္ကလာပမင်းကြီး၏ အမျက်ဒေါသကို ကြောက်လွန်း၍ မှော်ဘီသို့ ပြေးလေ၏။

ရှင်မွေ့နွန်းလည်း ထိုသတင်းဆိုး ကို ကျေးစေ သဝဏ်လွှာမှ တဆင့် သိရှိကာ သဝဏ်လွှာကို လက်ထဲတွင် ဆုပ်ထားရင်းကပင် နှလုံးကြေကွဲကာ ဇီဝိန်ချုပ်တော်မူလေ၏။

မင်းနန္ဒာနှင့် ရှင်မွေ့နွန်းတို့၏ ရုပ်အလောင်းများကို မီးသဂြိုလ်ကြရာတွင် တစ်ရက်တည်း ဖြစ်ကြသည်ဟုဆိုပြီး ဒဂုံဘက်ကမ်းမှ မီးခိုးနှင့် သန်လျက်ဘက်မှ မီးခိုးတို့သည် မြစ်အထက်တွင် ပေါင်းဆုံသွားကြသည်ဆို၏။ (လူချင်းမပေါင်းရသော်လည်း မီးခိုးချင်းတော့ ပေါင်းကြရရှာလေသည်။)

( ရှင်မွေ့နွန်း၊ မင်းနန္ဒာတို့၏ အချစ်ဇာတ်လမ်းသည် ကျောက်စာအ ထောက်အထား မရှိသော်လည်း ကျွန် တော်တို့၏ နှလုံးသားတွင် ယခုတိုင် စွဲထင်ကျန်ရစ်နေသော ဂန္ထဝင်အချစ်ဇာတ်လမ်း ဖြစ်ပါသည်။ နှောင်းခေတ်လူများသည် ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းကို ဒဏ္ဍာရီဆန်သည်ဟုဆိုကာ ပစ်ပယ်နိုင်သော်လည်း ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို ပစ်ပယ်၍ မရနိုင်ပါ။)

အထက်ပါအကြောင်းအရာမှာ ပုံပြင်ဒဏ္ဍာရီ သာဖြစ်သော်လည်း ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ မူ တကယ်ရှိခဲ့ပါတယ်။ ရှင်မွေ့နွန်း မင်းနန္ဒာ သန်လျှင် သမိုင်းနှင့်ပတ်သတ်၍ စိတ်ဝင်စားတဲ့မိတ်ဆွေများအတွက် လူသိနည်းတဲ့ သမိုင်းအမှား အချို့ကို ကိုငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ) ထံမှ ပြန်လည်မျှဝေလိုက်ပါတယ်။

ခတ်အဆက်ဆက်ကသန်လျင်သမိုင်းအမှားများ

အိပ်ရာဝင်ပုံပြင်များကို ကိုင်ပြောကြပြီး သန်လျင်သမိုင်းအမှားတွေကို ပြောလာကြသည်။ တတ်နိုင်သလောက်တော့ ရှင်းကြည့်သည်။ တအားငြင်းနေရင်တော့ ပြုံးကြည့်နေလိုက်တော့သည်။ သန်လျင်သမိုင်းများထဲမှ ကျွန်တော်တွေ့မိသော အမှားအချို့ကို ထုတ်ပြပါမည်။ စာဖတ်သူများ ကျွန်တော် သတိမထားမိတာများ တွေ့မိရင်လည်း ဖြည့်ကြပြီး သန်လျင်သမိုင်းကို ဝိုင်းပြုပြင်ကြတာပေါ့။

၁။ သန်လျင်မင်းဆက်(၆)ဆက်ဖြစ်သည်။ သမိုင်းအချို့က နှစ်ဆက်ပြောလိုက် လေးဆက်ပြောလိုက် ဖြစ်နေသည်။

၂။ ရှင်မွေ့နွန်းအဖိုးသည် ဦးသန်လျင်မဟုတ်ပါ။ ဗညာမဏိရွတ်ပိမင်းသာ ဖြစ်ပါသည်။

၃။ မင်းနန္ဒာသည် ဥက္ကလာပ မင်းကြီးသားမဟုတ်ပါ။ ရွှေတိဂုံ ဘုရားနှင့် ကျိုက်ခေါက်ဘုရားသည် နှစ်ပေါင်း ၂၄၁ နှစ်ကွာပေသည်။ ဒဂုံမြို့စားသားဆိုလျှင်တော့ လက်ခံနိုင်သေးသည်။

၄။ ရှင်မွေ့နွန်းသည် မင်းနန္ဒာသတင်းကြားပြီး ချက်ချင်း ရင်ကွဲနာကျ၍ မသေပါ။ ကျိုက်ခေါက်ဘုရားတွင် မင်းနန္ဒာအတွက် အလှူပြုလုပ်ပြီး မင်းနန္ဒာကန်ကို တူးဖော်ခဲ့သေးသည်။

၅။ ရှင်မွေ့နွန်း၏အမေ ကြခတ်ဝရာမင်းသမီးကို သထုံရာဇဝင်နှင့် တိုက်ကြည့်သောအခါ ကြခတ်ဝရာမင်းသမီး၏ ဖခင်သည် မြတ်စွာဘုရားမပွင့်မီ နှစ်၅ဝခန့်က မင်းဖြစ်နေသည်။

၆။ လွမ်းစေတီကုန်း မျှော်တော်ယောင်စေတီ(လွမ်းစေတီ)သည် ရှင်မွေ့နွန်းတည်ထားခြင်းမဟုတ်ပေ။ နှောင်းလူတို့က အထိမ်းအမှတ်ဖြင့်တည်ထားခြင်းသာ ဖြစ်ပါသည်။

၇။ ကြခတ်ဝရာမင်းသမီးကို သိမ်းပိုက်သော သန်လျင်မင်းမှာ ဘောဂသေနမင်း ဖြစ်သည်။ ပုံပြင်အချို့နှင့် သမိုင်းအချို့က မောင်ဒီ မင်းဟု ဆိုကြသည်။

၈။ မောင်ဒီမင်းကို တောတွင်းသားလူရိုင်းနှင့် ရောနေကြသည်။

၉။ ပါဒမင်းဆက် (၃၄)ဆက်နှင့် သန်လျင်မင်းဆက် (၆)ဆက် ပေါင်း(၄၀) ဆက်ဖြစ်သည်။

ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)

 

Leave a Reply