လက္မထပ္မီ ဘာေၾကာင့္ ေသြးစစ္သင့္သလဲဆုိတာ

Posted on

Written by ေကတီအမ္

ဝါကၽြတ္ကာလသုိ႔ ေရာက္ရွိေနၿပီျဖစ္ရာ မဂၤလာမႈျပဳ လက္ဆက္ၾကမည့္သူမ်ားအတြက္ အလြန္အလုပ္ ႐ႈပ္ေသာကာလတစ္ခု ေရာက္ရွိလာၿပီဟု ဆုိရမည္ျဖစ္သည္။

မည္သုိ႔ပင္မအားလပ္ေလာက္ေအာင္ အခ်ိန္မရွိျဖစ္ေနပါေစ၊ မိမိဘဝအတြက္ (သုိ႔တည္းမဟုတ္) မိမိ၏ ေနာက္လာမည့္အနာဂတ္ မိသားစုဘဝအတြက္ လုံၿခံဳစိတ္ခ်မႈအျပည့္အဝရရွိႏုိင္ေစရန္ မလုပ္မျဖစ္လုပ္ သင့္ေသာအရာမွာ “လက္မထပ္မီေသြးစစ္ျခင္း” ပင္ျဖစ္ပါသည္။

ယင္းအတြက္ေၾကာင့္ လက္မထပ္မီ စစ္ေဆးသင့္သည့္ေရာဂါမ်ားႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာပညာ ရွင္မ်ား၏ အႀကံျပဳခ်က္မ်ားအား ေရးသားေဖာ္ျပေပးလုိက္ပါသည္။

မျဖစ္မေနစစ္ေဆးသင့္

“လက္မထပ္ခင္ ေသြးစစ္တာကေတာ့မျဖစ္မေန လုပ္သင့္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ယုုံ ၾကည္မႈလဲ ရွိတယ္။ ေနာက္မ်ဳိးဆက္ေတြအတြက္လဲ လုံၿခံဳစိတ္ခ်ရတယ္။ အရင္တုန္းကေတာ့ ဆစ္ဖ လစ္ေလာက္ပဲေၾကာက္စရာရွိတာ အခုက်ေတာ့ HIV တုိ႔ဘီပုိး၊ စီပုိး အဲဒါေတြကလဲ မိခင္ကေနကေလး ကုိကူးစက္တတ္တဲ့အတြက္ အဲဒါေတြကုိႀကိဳတင္ကာကြယ္လုိ႔ရတာေတြ ရွိပါတယ္” ဟု အေထြေထြ ေရာဂါကုဆရာဝန္ ေဒါက္တာမ်ဳိးညြန္႔က ေျပာသည္။

လက္မထပ္မီ ေသြးစစ္ျခင္းကုိမည္သည့္လူတန္းစားမဆုိ ျပဳလုပ္သင့္ရာအဆုိပါကိစၥႏွင့္ပတ္သက္ၿပီး အေလ့အက်င့္မ်ား ရရွိႏုိင္ေစရန္လူထုမ်ားအား အသိပညာမ်ားေပးသင့္ေၾကာင္း သိရသည္။

“လက္မထပ္ခင္စစ္ေဆးမႈေတြ လုပ္တာကေတာ့ အရင္ကထက္ပုိမ်ားလာပါတယ္။ လူေတြကအသိ ပညာတုိးတက္မ်ားျပားလာတာနဲ႔အမွ် က်န္းမာေရးအသိပညာေတြက ပိုမ်ားလာၾကပါတယ္” ဟု ယင္း ကဆုိသည္။

မ်ဳိးဆက္မ်ားအတြက္ပါ ေကာင္းမြန္တဲ့အမူအက်င့္ျဖစ္

“လက္မထက္ခင္ ေသြးစစ္တာေတြ၊ ဆီးစစ္တာေတြကုိ ၿပီးခဲ့တဲ့ႏွစ္ေတြကထက္ ပုိၿပီးေတာ့လုပ္လာၾက တယ္။ အခုလိုစစ္ေဆးၾကတာ ေတာ္ေတာ္ေလးေကာင္းပါတယ္။ ဒါေတြကကုိယ္တစ္ေယာက္တည္းအ တြက္တင္မကဘူး။ ကုိယ္နဲ႔ေပါင္းဖက္မယ့္သူ ကုိယ့္ရဲ႕မ်ဳိးဆက္ျဖစ္တဲ့သား၊ သမီးမ်ားအတြက္ပါ ေကာင္းတဲ့အမူအက်င့္ေလးပါ” ဟု ေဒါက္တာမ်ဳိးညြန္႔ကေျပာသည္။

ဘာေတြစစ္ေဆးရမလဲ

ယင္းစစ္ေဆးမႈမ်ားတြင္ ေသြးအားနည္းမနည္း သိရွိႏုိင္ရန္စစ္ေဆးျခင္း၊ ေသြးအမ်ဳိးအစားခြဲျခားျခင္း၊ ေသြးခ်ဳိ၊ ဆီးခ်ဳိစစ္ေဆးျခင္းမ်ား၊ ကာလသားေရာဂါစစ္ေဆးျခင္း၊ ဘီပုိး၊ စီပုိးစစ္ေဆးျခင္း၊ HIV ပုိးရွိမရွိ စစ္ေဆးျခင္း၊ ဆီးစစ္ျခင္းႏွင့္ အသည္းေရာင္အသားဝါဘီပုိး ကာကြယ္ေဆးထုိးထားသူမ်ားအတြက္ ေဆးေအာင္မေအာင္ စစ္ေဆးျခင္းမ်ားကုိ ျပဳလုပ္သင့္ေၾကာင္း သိရသည္။

“ပုံမွန္အားျဖင့္ေတာ့ ေသြးျဖဴဥ၊ ေသြးနီဥေတြ စစ္ေဆးေပးတယ္။ ေသြးအမ်ဳိးအစား၊ ဘီပုိး၊ စီပုိး၊ HIV၊ ကာလသားေရာဂါရွိမရွိကုိ စစ္ေဆးၾကတယ္။ ေသြးစစ္ၾကတာကေတာ့ အရင္ႏွစ္ေတြကထက္ပုိၿပီး ေတာ့ မ်ားလာၾကပါတယ္” ဟု SML အဆင့္ျမင့္ေရာဂါရွာေဖြေရးႏွင့္ အထူးကုေဆးခန္းမွ တာဝန္ခံ မဂ်ဴးဂ်ဴးက ေျပာသည္။

အဆုိပါ ပုံမွန္စစ္ေဆးမႈမ်ားအတြက္ တစ္ႀကိမ္လွ်င္ ၄၇၃၀၀ က်ပ္ႏွင့္ ဘီပုိးႏွင့္ HIV စစ္ေဆးျခင္းအ တြက္ ၁၇၀၀၀ က်ပ္က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

ဆီးခ်ဳိ၊ ေသြးခ်ဳိရွိမရွိ စစ္ေဆးသင့္

“ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါေတြလဲ စစ္ေဆးသင့္တယ္။ ဘာလုိ႔လဲဆုိေတာ့ ေမြးလာတဲ့ကေလးမွာ ဆီးခ်ဳိပါ လာရင္ မိခင္ကုိလဲဒုကၡေပးမယ္။ ေမြးလာတဲ့ကေလးမွာလဲ ဆီးခ်ဳိျဖစ္ႏုိင္တယ္။ အခုလုိႀကိဳတင္စစ္ေဆး ထားေတာ့ အကယ္၍မ်ား ဆီးခ်ဳိရွိေနရင္ တတ္ကၽြမ္းနားလည္တဲ့ဆရာဝန္ေတြထံကေနၿပီးေတာ့ အႀကံ ဉာဏ္ေတြကုိယူသင့္တယ္” ဟု ယင္းကဆက္လက္ေျပာသည္။

VDRL (ကာလသားေရာဂါစစ္ေဆးျခင္း)

ကေလးရရွိသည့္အခ်ိန္ မိခင္တြင္ကာလသားေရာဂါျဖစ္ပြားပါက ေဆးကုသရာတြင္ အခက္အခဲရွိတတ္ သည့္ ႀကိဳတင္စစ္ေဆးသင့္သည့္ ေရာဂါတစ္မ်ဳိးပင္ျဖစ္ေၾကာင္း သိရသည္။

“မစစ္ဘဲနဲ႔ ကေလးယူမိၿပီး ကာလသားေရာဂါရွိေနမယ္ဆုိရင္ ေဆးေတြကကေလးကုိ မထိခုိက္ဘူးလုိ႔ ေျပာလုိ႔မရဘူး။ အခ်င္းကေနကေလးကုိ အနည္းငယ္ေတာ့ ထိခုိက္ႏုိင္တယ္” ဟုေျပာသည္။

ဘီပုိး၊ စီပုိး စစ္ေဆးျခင္း

ဘီပုိးရွိေနသူမ်ားအေနျဖင့္လည္း မိမိအိမ္ေထာင္ဖက္ႏွင့္ ကေလးကုိကူးစက္ျခင္းမရွိေစရန္ ႀကိဳတင္ ေဆးစစ္ကာ သက္ဆုိင္ရာဆရာဝန္ႀကီးမ်ားႏွင့္ တုိင္ပင္သင့္ေၾကာင္း သိရသည္။

“ဘီပုိးရွိၿပီဆုိရင္လဲ ဒီဘီပုိးကအျခားသူကုိ ကူးစက္ႏုိင္လား၊ မကူးစက္ႏုိင္ဘူးလားဆုိတာကုိ အသည္း ဆရာဝန္ႀကီးေတြနဲ႔ တုိင္ပင္သင့္တယ္။ ဘီပုိးကကုိယ့္အိမ္ေထာင္ဘက္ကုိလဲ ကူးႏုိင္တယ္။ ကေလးကုိ လဲကူးႏုိင္တာေၾကာင့္ပါ။ စီပိုးကေတာ့ သာမန္ဆုိအိမ္ေထာင္ဖက္နဲ႔ ကေလးကုိကူးခဲပါတယ္” ဟုေျပာ သည္။

HIV စစ္ေဆးျခင္း

HIV ရွိေနၿပီဆုိပါက လက္ထပ္သင့္၊ မထပ္သင့္လက္ထပ္ၿပီးပါကလည္း ကေလးယူသင့္မယူသင့္သည္ မ်ားကုိသက္ဆုိင္ရာ ဆရာဝန္မ်ားႏွင့္တုိင္ပင္ေဆြးေႏြးသင့္ေၾကာင္း သိရသည္။

HIV ရွိေနတာကုိ သိေသာ္လည္း လက္ထပ္ခ်င္သည္ဆုိပါက စသိသည္မွစ၍ လက္ထပ္ခ်င္သည္ဆိုပါ ကစသိသည္မွစ၍ ကာကြယ္နည္းမ်ားကုိ သက္ဆုိင္ရာတတ္ကၽြမ္းနားလည္သည့္ ဆရာဝန္မ်ားႏွင့္ တုိင္ပင္ၿပီးအစစအရာရာ ႀကိဳတင္ျပင္ဆင္သင့္ေၾကာင္း သိရသည္။

သုိ႔ျဖစ္ရာ လက္မထပ္မီ ေသြးစစ္ျခင္းအတြက္ ေပးလုိက္ရသည့္အခ်ိန္က တစ္ဘဝစာေကာင္းဖုိ႔အ တြက္ႏွင့္ ႏႈိင္းယွဥ္ပါကေျပာပေလာက္စရာျဖစ္မည္ မဟုတ္ပါ။

ယင္းသုိ႔အခ်ိန္အနည္းငယ္ ဖဲ့ေပးလုိက္ရျခင္းက အနာဂတ္တြင္ က်န္းမာေရးအတြက္ လုံၿခံဳစိတ္ခ်ရ ေသာ ေပ်ာ္ရႊင္ဖြယ္ရာ မိသားစုဘဝ” ကုိပုိင္ဆုိင္ေစႏုိင္မည္ျဖစ္ပါေၾကာင္း ေရးသားလုိက္ရပါသည္။

Democracy Today Daily


လက်မထပ်မီ ဘာကြောင့် သွေးစစ်သင့်သလဲဆိုတာ (unicode)

Written by ကေတီအမ်

ဝါကျွတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ မင်္ဂလာမှုပြု လက်ဆက်ကြမည့်သူများအတွက် အလွန်အလုပ် ရှုပ်သောကာလတစ်ခု ရောက်ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။

မည်သို့ပင်မအားလပ်လောက်အောင် အချိန်မရှိဖြစ်နေပါစေ၊ မိမိဘဝအတွက် (သို့တည်းမဟုတ်) မိမိ၏ နောက်လာမည့်အနာဂတ် မိသားစုဘဝအတွက် လုံခြုံစိတ်ချမှုအပြည့်အဝရရှိနိုင်စေရန် မလုပ်မဖြစ်လုပ် သင့်သောအရာမှာ “လက်မထပ်မီသွေးစစ်ခြင်း” ပင်ဖြစ်ပါသည်။

ယင်းအတွက်ကြောင့် လက်မထပ်မီ စစ်ဆေးသင့်သည့်ရောဂါများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပညာ ရှင်များ၏ အကြံပြုချက်များအား ရေးသားဖော်ပြပေးလိုက်ပါသည်။

မဖြစ်မနေစစ်ဆေးသင့်

“လက်မထပ်ခင် သွေးစစ်တာကတော့မဖြစ်မနေ လုပ်သင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံ ကြည်မှုလဲ ရှိတယ်။ နောက်မျိုးဆက်တွေအတွက်လဲ လုံခြုံစိတ်ချရတယ်။ အရင်တုန်းကတော့ ဆစ်ဖ လစ်လောက်ပဲကြောက်စရာရှိတာ အခုကျတော့ HIV တို့ဘီပိုး၊ စီပိုး အဲဒါတွေကလဲ မိခင်ကနေကလေး ကိုကူးစက်တတ်တဲ့အတွက် အဲဒါတွေကိုကြိုတင်ကာကွယ်လို့ရတာတွေ ရှိပါတယ်” ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်မထပ်မီ သွေးစစ်ခြင်းကိုမည်သည့်လူတန်းစားမဆို ပြုလုပ်သင့်ရာအဆိုပါကိစ္စနှင့်ပတ်သက်ပြီး အလေ့အကျင့်များ ရရှိနိုင်စေရန်လူထုများအား အသိပညာများပေးသင့်ကြောင်း သိရသည်။

“လက်မထပ်ခင်စစ်ဆေးမှုတွေ လုပ်တာကတော့ အရင်ကထက်ပိုများလာပါတယ်။ လူတွေကအသိ ပညာတိုးတက်များပြားလာတာနဲ့အမျှ ကျန်းမာရေးအသိပညာတွေက ပိုများလာကြပါတယ်” ဟု ယင်း ကဆိုသည်။

မျိုးဆက်များအတွက်ပါ ကောင်းမွန်တဲ့အမူအကျင့်ဖြစ်

“လက်မထက်ခင် သွေးစစ်တာတွေ၊ ဆီးစစ်တာတွေကို ပြီးခဲ့တဲ့နှစ်တွေကထက် ပိုပြီးတော့လုပ်လာကြ တယ်။ အခုလိုစစ်ဆေးကြတာ တော်တော်လေးကောင်းပါတယ်။ ဒါတွေကကိုယ်တစ်ယောက်တည်းအ တွက်တင်မကဘူး။ ကိုယ်နဲ့ပေါင်းဖက်မယ့်သူ ကိုယ့်ရဲ့မျိုးဆက်ဖြစ်တဲ့သား၊ သမီးများအတွက်ပါ ကောင်းတဲ့အမူအကျင့်လေးပါ” ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

ဘာတွေစစ်ဆေးရမလဲ

ယင်းစစ်ဆေးမှုများတွင် သွေးအားနည်းမနည်း သိရှိနိုင်ရန်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်း၊ သွေးချို၊ ဆီးချိုစစ်ဆေးခြင်းများ၊ ကာလသားရောဂါစစ်ဆေးခြင်း၊ ဘီပိုး၊ စီပိုးစစ်ဆေးခြင်း၊ HIV ပိုးရှိမရှိ စစ်ဆေးခြင်း၊ ဆီးစစ်ခြင်းနှင့် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးထားသူများအတွက် ဆေးအောင်မအောင် စစ်ဆေးခြင်းများကို ပြုလုပ်သင့်ကြောင်း သိရသည်။

“ပုံမှန်အားဖြင့်တော့ သွေးဖြူဥ၊ သွေးနီဥတွေ စစ်ဆေးပေးတယ်။ သွေးအမျိုးအစား၊ ဘီပိုး၊ စီပိုး၊ HIV၊ ကာလသားရောဂါရှိမရှိကို စစ်ဆေးကြတယ်။ သွေးစစ်ကြတာကတော့ အရင်နှစ်တွေကထက်ပိုပြီး တော့ များလာကြပါတယ်” ဟု SML အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းမှ တာဝန်ခံ မဂျူးဂျူးက ပြောသည်။

အဆိုပါ ပုံမှန်စစ်ဆေးမှုများအတွက် တစ်ကြိမ်လျှင် ၄၇၃၀၀ ကျပ်နှင့် ဘီပိုးနှင့် HIV စစ်ဆေးခြင်းအ တွက် ၁၇၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဆီးချို၊ သွေးချိုရှိမရှိ စစ်ဆေးသင့်

“ဆီးချို၊ သွေးချိုရောဂါတွေလဲ စစ်ဆေးသင့်တယ်။ ဘာလို့လဲဆိုတော့ မွေးလာတဲ့ကလေးမှာ ဆီးချိုပါ လာရင် မိခင်ကိုလဲဒုက္ခပေးမယ်။ မွေးလာတဲ့ကလေးမှာလဲ ဆီးချိုဖြစ်နိုင်တယ်။ အခုလိုကြိုတင်စစ်ဆေး ထားတော့ အကယ်၍များ ဆီးချိုရှိနေရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေထံကနေပြီးတော့ အကြံ ဉာဏ်တွေကိုယူသင့်တယ်” ဟု ယင်းကဆက်လက်ပြောသည်။

VDRL (ကာလသားရောဂါစစ်ဆေးခြင်း)

ကလေးရရှိသည့်အချိန် မိခင်တွင်ကာလသားရောဂါဖြစ်ပွားပါက ဆေးကုသရာတွင် အခက်အခဲရှိတတ် သည့် ကြိုတင်စစ်ဆေးသင့်သည့် ရောဂါတစ်မျိုးပင်ဖြစ်ကြောင်း သိရသည်။

“မစစ်ဘဲနဲ့ ကလေးယူမိပြီး ကာလသားရောဂါရှိနေမယ်ဆိုရင် ဆေးတွေကကလေးကို မထိခိုက်ဘူးလို့ ပြောလို့မရဘူး။ အချင်းကနေကလေးကို အနည်းငယ်တော့ ထိခိုက်နိုင်တယ်” ဟုပြောသည်။

ဘီပိုး၊ စီပိုး စစ်ဆေးခြင်း

ဘီပိုးရှိနေသူများအနေဖြင့်လည်း မိမိအိမ်ထောင်ဖက်နှင့် ကလေးကိုကူးစက်ခြင်းမရှိစေရန် ကြိုတင် ဆေးစစ်ကာ သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် တိုင်ပင်သင့်ကြောင်း သိရသည်။

“ဘီပိုးရှိပြီဆိုရင်လဲ ဒီဘီပိုးကအခြားသူကို ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလားဆိုတာကို အသည်း ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်သင့်တယ်။ ဘီပိုးကကိုယ့်အိမ်ထောင်ဘက်ကိုလဲ ကူးနိုင်တယ်။ ကလေးကို လဲကူးနိုင်တာကြောင့်ပါ။ စီပိုးကတော့ သာမန်ဆိုအိမ်ထောင်ဖက်နဲ့ ကလေးကိုကူးခဲပါတယ်” ဟုပြော သည်။

HIV စစ်ဆေးခြင်း

HIV ရှိနေပြီဆိုပါက လက်ထပ်သင့်၊ မထပ်သင့်လက်ထပ်ပြီးပါကလည်း ကလေးယူသင့်မယူသင့်သည် များကိုသက်ဆိုင်ရာ ဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးသင့်ကြောင်း သိရသည်။

HIV ရှိနေတာကို သိသော်လည်း လက်ထပ်ချင်သည်ဆိုပါက စသိသည်မှစ၍ လက်ထပ်ချင်သည်ဆိုပါ ကစသိသည်မှစ၍ ကာကွယ်နည်းများကို သက်ဆိုင်ရာတတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် တိုင်ပင်ပြီးအစစအရာရာ ကြိုတင်ပြင်ဆင်သင့်ကြောင်း သိရသည်။

သို့ဖြစ်ရာ လက်မထပ်မီ သွေးစစ်ခြင်းအတွက် ပေးလိုက်ရသည့်အချိန်က တစ်ဘဝစာကောင်းဖို့အ တွက်နှင့် နှိုင်းယှဉ်ပါကပြောပလောက်စရာဖြစ်မည် မဟုတ်ပါ။

ယင်းသို့အချိန်အနည်းငယ် ဖဲ့ပေးလိုက်ရခြင်းက အနာဂတ်တွင် ကျန်းမာရေးအတွက် လုံခြုံစိတ်ချရ သော ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝ” ကိုပိုင်ဆိုင်စေနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

Democracy Today Daily

Leave a Reply