ဂရန္အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ေဇာ္မင္း(နတ္ေမာက္)

ဂရန္ဆိုတာ ဘာလဲ…
မသိတဲ့အျပင္ ေၾကးတိုင္နဲ႔ ေျမစာရင္းက ဂရန္ေပးတယ္လို႔ ထင္ေနသူေတြအမ်ားႀကီး ေတြ႔ေနရပါတယ္။ ေျမစာရင္းက ဂရန္ေပးခြင့္ မ၇ွိပါ။ တည္ဆဲဥပေဒမ်ားတြင္ အာဏာ အပ္မထားပါ။ အေၾကာင္းတစ္ ရပ္အတြက္ သက္ေသခံအျဖစ္ ကူးေပးရတဲ့ သက္ေသခံ ေျမပံု ၁၀၅ ကိုေတာင္ ဂရန္မွတ္ေနတဲ့ သူက ရွိေသးပါတယ္။ ဂရန္ အ ေၾကာင္း သိခ်င္ ရင္ ဖတ္ပါ…….

“ဂရန္ဆိုသည္မွာ”

အပိုင္း – ၁ ဂရန္

၁။ ျမိဳ႕ေျမမ်ားမွာလူေနထိုင္္ရန္ (Residential Purposes) အတြက္ျဖစ္ေစ၊ စီးပြါးေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး၊ ၿမိဳ႕ျပဖြံ႔ၿဖိဳးေရး၊ စည္ပင္ သာယာေရး စတဲ့ ကိစၥရပ္မ်ားအတြက္ ျဖစ္ေစ၊ ၿမိဳ႕ေျမကို တနည္းနည္း အသုံး ျပဳလိုရင္ အစိုးရထံက ေျမငွားစာခ်ဳပ္နဲ႔ ေျမငွါးရမ္းသံုးစြဲခြင့္ ေလွ်ာက္ထားရပါတယ္။ ေျမငွားစာခ်ဳပ္ကို ဂရန္ (Lease) လို႔ ေခၚပါတယ္။ အပိုင္ သ ေဘာမ်ိဳး ခ်ထားတာကေတာ့ Grant လို႔ ေခၚပါတယ္။ အခုေတာ့ Grant ေရာ၊ Lease ေရာကို ဂရန္လို႔ဘဲ ေခၚၾကပါတယ္။

ဂရန္ေလွ်ာက္ထားျခင္း

အစိုးရေျမကို (ငွါးရမ္း)အသုံးျပဳလိုတဲ့ ပုဂၢလိကမ်ား၊ ဌာနဆိုင္ရာ အဖြဲ႔အစည္းမ်ား၊ အသင္းမ်ားအေနနဲ႔သက္ဆိုင္ရာ ခရိုင္ အ ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေကာ္လိပ္ေတာ္အရာရွိထံ လိပ္မူၿပီး ဂရန္ေလွ်ာက္ထားၾကရ ပါတယ္။ (ရန္ကုန္ မႏၲေလးမွာေတာ့ ၿမိဳ႕ေတာ္စည္ပင္)။ အဲဒီအခါမွာ သက္ဆိုင္ ရာ ခရိုင္/ၿမိဳ႕နယ္မ်ားရွိ အ ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမ်ားက ေလွ်ာက္လႊာကို လက္ခံၿပီး အမွဳတြဲ ဖြင့္လွစ္ေဆာင ္ရြက ္ရမွာ ျဖစ္ပါတယ္။ထိုေနာက္ အမႈတြဲကို ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာနရဲ႕ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာန ရံုးမ်ားထံသို႔ အစိုးရမွ ခ်ထားေပးႏိုင္ေသာ ေျမ ဟုတ္-မဟုတ္ ႏွင့္ ေျမရာဇဝင္ကို စီစစ္ မွတ္ခ်က္ျပဳ ျပန္ၾကားေပးရန္ လႊဲေျပာင္း ေပးပို႔ေလ့ရွိပါတယ္။

အဲဒီလို ေပးပို႔တဲ့ ၿမိဳ႕/ေျမ ဂရန္အမႈတြဲေတြကို ၿမိဳ႕နယ္ ေျမစာရင္းဦးစီးဌာနက မိမိဌာနမွာ ရွိတဲ့ ၿမိဳ႕ကြက္ေျမပံု(Block Maps)၊ ေျမရာဇဝင္မွတ္တမ္း (1-A Register) ေတြနဲ႔ တိုက္ဆိုင္စိစစ္ၿပီး ေလွ်ာက္ထားတဲ့ ေျမေနရာအတြက္ ေျမရာဇဝင္ မွတ္တမ္း ေဖၚျပေပးျခင္း၊ ယင္းေျမေနရာသည္ အစိုးရ ေျမလြတ္ေျမလပ္ ဟုတ္/မဟုတ္ ႏွင့္ အစိုးရမွ ခ်ထားေပးႏိုင္ေသာေျမ Disposal Land ဟုတ္/မဟုတ္ မွတ္ ခ်က္ျပဳျခင္း၊ ျမိဳ႕ေျမဧရိယာအတြင္း က်ေရာက္ျခင္း ရွိ မရွိ နဲ႔ အစိုးရ အေဆာက္အဦးႏွင့္အျခားကိစၥမ်ား အသုံးျပဳ ရန္ လ်ာထားေျမမ်ားအတြင္း က်ေရာက္ျခင္း ရွိ/မရွိ တို႔ကို စီစစ္ေပးျခင္း၊ ေျမတန္ဘိုးနဲ႔ ေျမငွားခမ်ား တြက္ခ်က္ေပး ျခင္း၊ စတဲ့ကိစၥရပ္ေတြကို ေဆာင္ရြက္ေပးရပါတယ္။

ဂရန္ထုတ္ေပးတာက ေထြ/အုပ္ ျဖစ္ၿပီး ေျမကို စိစစ္ေပးတာ က ေျမစာရင္းဌာန ျဖစ္ပါတယ္။ ဂရန္ခ်ထားေပးမႈအတြက္ ေထြ/အုပ္(G.A)ကသာ အဓိကတာ၀န္ခံ ေဆာင္ရြက္ပိုင္ ခြင့္ရွိၿပီး ေျမစာရင္းဌာနက ေျမပံု(ေျမစာရင္း-၁၀၅)၊ ေျမရာဇ၀င္ (ေျမစာရင္း-၁၀၆)နဲ႔ ေျမေပၚလက္ရွိျဖစ္မႈ အေျခ အေနကိုသာ စိစစ္ျပန္ၾကားရန္ တာ၀န္ခံရတာျဖစ္ပါတယ္။ ဒါေပမဲ့ ေျမဆိုရင္ ေျမစာရင္းက လုပ္တာဘဲဆိုတဲ႔ အစြဲရွိေလေတာ့ ဂရန္ကိစၥဆိုရင္ ေျမစာရင္းဌာနကိုခ်ည္း ဦးတည္ၿပီး ေျမစာရင္းက မတရား ဂရန္ထုတ္ေပးထားပါတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တိုင္ တိုင္ေနတာ ေတြ႔ရပါတယ္။

ဂရန္ခ်ထားျခင္း လုပ္ငန္းအတြက္ ေအာက္ျမန္မာျပည္ေျမႏွင့္အခြန္ေတာ္ လက္စြဲဥပေဒ၊အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ေတာ္ စည္းမ်ဥ္းဥပေဒ၊ ေအာက္ျမန္မာျပည္ၿမိဳ႕ ႏွင့္ေက်းရြာေျမမ်ားဥပေဒတို႔က ျပဌာန္းထားရွိတဲ့ လုပ္ထံုးလုပ္နည္းေတြနဲ႔ ဌာန ၂ ခုရဲ႕ သမားစဥ္ လုပ္ငန္းေတြကို သတ္မွတ္ထားၿပီးသား ျဖစ္တာကို တိုင္တန္းတဲ့သူေတြ ေသေသခ်ာခ်ာ သေဘာ မေပါက္ၾကပါဘူး။ ဒါေၾကာင့္ ဂရန္ ဆို ေျမစာရင္းက ထုတ္ေပးေနတယ္ ထင္ၾကလို႔ ျဖစ္ပါတယ္။ ဂရန္ကိစၥမွာ ေျမစာရင္းတာ၀န္ကေျမပံုေရးကူးေပးျခင္းနဲ႔ ေျမရာဇ၀င္ ျပန္ၾကားျခင္းသာျဖစ္ၿပီး အဓိက တာ၀န္ယူေဆာင္ရြက္ရတာ GAD က ေကာ္လိပ္ေတာ္ေတြေဆာင္ရြက္ရတယ္ဆိုတာ မသိတဲ့ လူ အမ်ားႀကီးပါ။

ဂရန္လုပ္ငန္း၌ ေၾကး/ေျမ၏အခန္းက႑

အမွန္ကေတာ့ ဂရန္အမႈတြဲကို တာ၀န္ခံေဆာင္ရြက္တာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ေကာ္လိပ္ေတာ္အရာရွိရံုးက ျဖစ္ေပမဲ့ ဂရန္ေလွ်ာက္မဲ့ေျမကို ေျမပံုေရးဆြဲေပးရတာ၊ ေျမရာဇ၀င္ ထုတ္ျပန္ေပးရတာအျပင္ ဂရန္ေပး ႏိုင္တဲ့ ေျမ ဟုတ္-မဟုတ္ကို ဌာနရွိ ေျမပံု၊ ေျမရာဇ၀င္၊ မွတ္တမ္း၊ အေထာက္အထားမ်ား နဲ႔ တိုက္ဆိုင္စိစစ္မွတ္ခ်က္ျပဳရတာကေျမစာရင္းဌာနျဖစ္ေလေတာ့ ဂရန္ထုတ္ေပးႏိုင္ဘို႔ ေျမစာရင္းက တာ၀န္ယူထားရတဲ့ က႑ ကလည္း မေသးပါဘူး။ ဂရန္ေပးသင့္တဲ့ေျမ မဟုတ္ရင္ မဟုတ္ေၾကာင္း ေျမစာရင္းဌာနအေနနဲ႔ ေထာက္ျပရမဲ့ တာ၀န္ ရွိ္ပါတယ္။

ဒါေပမဲ့ ေပါင္းစားရင္ အရိုးေတာင္ႏူးတယ္ ဆိုတဲ့ ေခတ္ႀကီးမွာ သမားစဥ္ေတြလည္း ပ်က္သြား တယ္ထင္ပါတယ္။ ဒါ့အျပင္ စစ္အုပ္ခ်ဳပ္ေရးဆိုတဲ့ တေသြး တသံ တမိန္႔နဲ႔ အာဏာရွင္ဆန္ဆန္ တာ၀န္ေပးအပ္မႈ ကို စိတ္ပါသည္ျဖစ္ေစမပါသည္ျဖစ္ေစ ေအာင့္အည္း ေဆာင္ရြက္ေပးခဲ့ရတဲ့ ကာလေတြကလည္း တေမ့့တေမာ ဆိုေတာ့ အာဏာပိုင္ေတြအႀကိဳက္ လိုက္လုပ္ေပးရာကစာအုပ္ႀကီးေတြ၊ လုပ္ထံုး လုပ္နည္းေတြကို အေလးမထား အဖတ္အရႈ အေလ့အလာ မရွိေတာ့ဘဲ ၾကံဳသလို ျဖစ္သလို လုပ္ေပးတတ္သြားတဲ့ အက်င့္ဆိုး စြဲသြားၾကတာ ဌာန တိုင္းလိုလို ျဖစ္ေတာ့ကာ ေထြအုပ္နဲ႔ ေျမစာရင္းလည္း မိုးခါးေရေသာက္တဲ့အထဲေရာေယာင္ပါသြားတာ မဆန္းပါ။

အခုေခတ္ ဂရန္တခိ်ဳ႕ဥပေဒနဲ႔ ညီရဲ႕လား

လုပ္ထံုးလုပ္နည္းကို အေလးမထားခဲ့တဲ့ ကာလေတြရဲ႕ အက်ိဳးဆက္အျဖစ္ ယခုအခါမွာေတာ့ ဂရန္အမႈတြဲ ေတြ ေျမစာရင္းဌာနကိုေပးပို႔လာတဲ့အခါျမိဳ႕နယ္ေျမစာရင္းဦးစီးဌာနရံုးေတြဟာ ၿမိဳ႕နဲ႔ေက်းရြာေျမမ်ား လက္စြဲဥပ ေဒမွာ ျပဌာန္းထားတဲ့ လုပ္ငန္းစဥ္မ်ားအတိုင္း မိမိတို႔ေဆာင္႐ြက္ေပးရမဲ့ ကိစၥေတြကို ဥပေဒျပဌာန္းခ်က္နဲ႔အညီ နည္းလမ္းတက်၊ စနစ္က်နစြာ ေဆာင္႐ြက္ေပးမႈ မရွိေတာ့တာေတြ၊ ျပည့္စံုစြာ စီစစ္ မွတ္ခ်က္မျပဳေတာ့တာေတြကို ေတြ႔ရွိ လာရပါတယ္။

ေျမစာရင္းဌာနအေနနဲ႔ ပဲခူးဆားလို ေနရာတကာ ပါေနရေတာ့ တျခားအလုပ္ေတြ ပိလြန္းတဲ့ အခါ ၿမိဳ႕ေျမကိစၥေတြကို လွည့္မၾကည့္ႏိုင္တာလဲ ပါပါတယ္။ စနစ္တက် မစိစစ္ေတာ့ဘဲ အလြယ္တကူ ေဆာင္ရြက္ လိုက္တဲ့အခါ အားနည္းခ်က္ေတြ ရွိသြားၿပီး အစိုးရေျမလြတ္ေျမလပ္ မဟုတ္တဲ့ အျခားေျမမ်ား (ဥပမာ- သစ္ေတာ ႀကိဳးဝိုင္းေျမ၊မီးရထားေျမ၊ လမ္းေျမ၊ ဆည္ေျမာင္းေျမ၊ စည္ပင္သာယာပိုင္ေျမ၊ အစိုးရ ဌာန/ပုဂၢလိကသို႔ ခ်ထား ၿပီးေျမ) စတာေတြကို အစိုးရက ခ်ထားေပးႏိုင္သည့္ ေျမ Land at the disposal by Government လို႔ မွားယြင္း မွတ္ခ်က္ျပဳျခင္း၊ ယင္းေျမမ်ားကို ဂရန္ခ်ထားေပးရန္ေထာက္ခံျခင္း၊ စတဲ့ လြဲမွားတဲ့ မွတ္ခ်က္ျပဳ ျပန္ၾကားမႈေတြ ျဖစ္လာရၿပီး အျခား မသက္ဆိုင္သူေတြအတြက္၊ ခ်ထား မေပးသင့္တဲ့ အစိုးရဌာနပိုင္ေျမမ်ား၊ အစိုးရ သီးသန္႔ထား တဲ့ ေျမမ်ားေပၚမွာ ပုဂၢလိကမ်ားကို ဂရန္ထုတ္ေပးရန္အထိ ေထာက္ခံေပးခဲ့ျခင္းမ်ား ရွိသြားၾကပါတယ္။

ေျမစာရင္း ဌာနရဲ႕ ေျမရာဇဝင္ကို လြဲမွားစြာ မွတ္ခ်က္ျပဳ ေထာက္ခံေပးခ်က္အေပၚ မူတည္ၿပီး မခ်ထားသင့္တဲ့ ေျမမ်ား/ဂရန္ခ် ထား မေပးႏိုင္တဲ့ေျမမ်ားကို ေျမငွါးဂရန္ ထုတ္ေပးမိခဲ့လို႔ ျပႆနာ ျဖစ္ပါြးရတဲ့ ကိစၥရပ္ေတြ၊ အရႈပ္အရွင္း ျဖစ္ရတာ ေတြ အမ်ားႀကီး ေပၚေပါက္လာပါတယ္။ မေန႔ တေန႔ကထိ ေျမစာရင္းနဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွာ ဂရန္ေျမ အရႈပ္အရွင္းအတြက္ အေရးယူခဲ့ရ သူေတြ ရွိေနဆဲ ျဖစ္ပါတယ္။ ေျမစာရင္းဝန္ထမ္းေတြကို ေျမရာဇဝင္ မွတ္တမ္း မွားယြင္းထုတ္ေပးမွု အတြက္နဲ႔ ေျမပံုအမွား ထုတ္ေပးမႈအတြက္ အေရးယူခံရတဲ့ ျဖစ္စဥ္ေတြလည္း နားမဆန္႔ေအာင္ ၾကားဘူးၾကမွာပါ။

G.A နဲ႔ အျခားဌာနက ဆရာေတြလည္း ထိတာပါဘဲ၊ စစ္ကိုင္းတိုင္းက ဂရန္မွား ေပးမိတဲ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးတို႔၊ ေမာ္လၿမိဳင္ရဲတပ္ဖြဲ႔ေျမ အငွါးခ်တဲ့ကိစၥအတြက္ သက္ဆိုင္ရာ တိုင္းအဆင့္ တာဝန္ ရွိသူတို႔ စသည္ျဖင့္ ေျမကိုင္သြားတာေတြ အမ်ားႀကီးပါ။ ေျမဆိုတာ ဒီဖက္ေခတ္မွာ တန္ဘိုးျမင့္ ပစၥည္းတစ္ရပ္ ျဖစ္လာေနေတာ့ အကိုင္အတြယ္မွားခဲ့ရင္ တစ္ခ်ိန္မွာ အရိုးတြန္တတ္ပါတယ္။ အဲဒါေၾကာင့္မို႔ဌာနက လူငယ္ ေသြး သစ္ေတြအတြက္ေရာ ျပင္ပက ဗဟုသုတအျဖစ္ သိမွတ္ခ်င္တဲ့ ပုဂၢိဳလ္မ်ားအတြက္ပါ ဂရန္ခ်ထားမႈနဲ႔ ပတ္သက္တဲ့ သိသင့္တဲ့ အခ်က္ေလးေတြ၊ သမားစဥ္ လုပ္ထံုး လုပ္နည္းေလးေတြကို တင္ျပ ေပးလိုက္ပါတယ္။

မည္သည့္ေျမမ်ားကို ဂရန္ခ်ထားႏိုင္သလဲ

ဂရန္အေၾကာင္း ေျပာၾကတဲ့အခါ ၿမိဳ႕ေျမဆိုတာ ဘာလဲ၊ အစိုးရမွ စီမံခ်ထားႏိုင္ေသာ ေျမဆိုတာ ဘာလဲဆိုတာကို အစျပဳ ေျပာရပါတယ္။ ၿမိဳ႕ေျမ အ၀န္းအ၀ိုင္းအတြင္း က်ေရာက္ၿပီး အစိုးရမွ ခ်ထားႏိုင္ေသာေျမ ျဖစ္မွ သာလွ်င္ ဂရန္ေပးလို႔ ရပါတယ္။ ဒါေၾကာင့္မို႔ ၿမိဳ႕ေျမနဲ႔ ပတ္သက္တဲ့ တည္ဆဲဥပေဒ ၫႊန္ၾကားခ်က္၊ လုပ္ထုံး လုပ္နည္း လမ္းၫႊန္ခ်က္အခ်ိဳ႕နဲ႔ ေဝါဟာရ ရွင္းလင္းခ်က္ေတြကို ေအာက္ပါအတိုင္း အက်ဥ္းခ်ဳပ္ ေဖၚျပလိုပါတယ္။

(က) အစိုးရစီမံခ်ထားပိုင္ခြင့္ရွိေသာေျမ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမွစီမံခ်ထားပိုင္ခြင့္ရွိေသာေျမ (Land atthe disposal of Government) ဆိုတာကေတာ့ ၿမိဳ႕ေျမမွာ အသံုးမ်ားတဲ့ ေဝါဟာရတစ္ခုပါ။ Disposal Land လို႔ ေဖၚၾကပါတယ္။
ေအာက္ျမန္မာျပည္ျမိဳ႕ႏွင့္ေက်း႐ြာေျမမ်ားအက္ဥပေဒ ပုဒ္မ (၂)၊ ပုဒ္မ (၃)၊ ပုဒ္မ (၄)တို႔မွာ ေဖၚျပထားခ်က္အရ ၿမိဳ႕ေျမ ႐ြာေျမအျဖစ္ သတ္မွတ္ထားတဲ့ ဧရိယာအတြင္း က်ေရာက္ၿပီး မည္သူ တစ္ဦးတစ္ေယာက္ကိုမွ် အစိုးရ အေနျဖင့္ အပိုင္ျဖစ္ေစ၊ အငွားျဖစ္ေစ ေပးအပ္ခ်ထားျခင္း၊ ေျမပိုင္ဆိုင္ခြင့္ (သို႔) ေျမရွင္ ဆိုင္ရာဆိုင္ခြင့္ အတြက္ မည္သူ႔ကိုမွ် ေပးအပ္ထားျခင္း မရွိေသးတဲ့ ေျမမ်ား၊ လက္ရွိ ဦးပိုင္ေပါက္ ပိုင္ဆိုင္ထားျခင္း မရွိတဲ့ ေျမမ်ား၊ မည္သူမွ် လက္ဝယ္ထားရွိပိုင္ခြင့္ မရရွိေသးတဲ့ ေျမမ်ားကို ေခၚတာျဖစ္ပါတယ္။

အဲဒီ အစိုးရမွ ခ်ထားပိုင္ခြင့္ရွိတယ္ဆိုတဲ့ ေျမထဲမွာ လူေနထိုင္ရန္အတြက္လည္းေကာင္း၊ စိုက္ပ်ိဳး ေရးအတြက္လည္းေကာင္း၊ အသံုးျပဳခြင့္ ရရွိထားတဲ့၊ သံုးေနတဲ့ ေျမေတြ မပါရပါဘူး။ ထို႔အတူ ရံုး၊ စက္ရံု အလုပ္ရံု၊ တပ္ရင္းတပ္ဖြဲ႔၊မီးရထား၊ သစ္ေတာ၊ ဆည္ေျမာင္း၊ လမ္း တံတားစတဲ့ အစိုးရဌာနမ်ားမွအသံုး ျပဳရန္ သတ္မွတ္ထားၿပီးတဲ့ ေျမမ်ားလည္း မပါဝင္ပါဘူး။ ထို႔အတူ သာသနာ၊ သုႆန္၊ အင္းအိုင္ စတဲ့ သီးျခား သတ္မွတ္ ခ်ထားေပးၿပီး ေျမမ်ားလည္း မပါဝင္ပါဘူး။ ယခင္က Disposal Land ျဖစ္ခဲ့လို႔ ေျမငွား ဂရန္ ထုတ္ေပးထားတဲ့ ေျမသည္ပင္ ႏိုင္ငံေတာ္ပိုင္ ေျမျဖစ္ေသာ္လည္းအဆိုပါ ထုတ္ေပးထားတဲ့ ေျမငွား ဂရန္ သက္တမ္းကုန္ဆံုးျခင္း မရွိေသးသမွ် အစိုးရမွ ခ်ထားေပးႏိုင္ေျမအျဖစ္ ခ်ထားေပးလို႔ မရႏိုင္ေသးပါ ဘူး။

ဂရန္သက္တမ္းအရ သံုးစြဲခြင့္ က်န္ရွိေနေသးတဲ့ေျမကို (Land at the disposal of Government) အစိုးရမွ ခ်ထားႏိုင္ေသာေျမလို႔ မသတ္မွတ္ႏိုင္ပါဘူး။ တစ္ဦးတစ္ေယာက္ကို ခ်ေပးျပီးျဖစ္ေနတဲ့ သက္ တမ္းအတြင္း သက္တမ္းမကုန္မခ်င္း ယင္းေျမကြက္ကို အျခားတစ္ေယာက္သို႔ ေျပာင္းလဲခ်ထား၍မရပါ ဘူး။ ခ်ထားလိုရင္ေတာ့မူလအမွွဳတြဲကို ျပန္လည္ ဖ်က္သိမ္းေပးရပါမယ္။ (မူလခ်ထားေပးမႈကို ျပန္ဖ်က္မွ အစိုးရေျမလြတ္ ျပန္ျဖစ္၊ ဒါမွသာ ေနာက္ တစ္ေယာက္ကို ခ်ႏိုင္ပါတယ္)။ သက္တန္းမကုန္ေသးတဲ့ေျမကို ခ်ထားမိရင္ Law of Contract ပဋိဥာဥ္ဥပေဒကို ေဖါက္ဖ်က္ရာ က်ပါတယ္။ေျမတစ္ကြက္ကို ဂရန္ ခ်ထားေပးႏိုင္ရန္မွာ အစိုးရမွ ခ်ထားေပးပိုင္ခြင့္ ရွိေသာေျမ ျဖစ္မွသာလွ်င္ ခ်ထားေပးႏိႈင္တာျဖစ္တဲ့အတြက္ အစိုးရမွ ခ်ထားေပးပိုင္ခြင့္ရွိေသာေျမ ဟုတ္/မဟုတ္အတြက္္ ေျမယာ မွတ္တမ္း ထိန္းသိမ္းကိုင္တြယ္တဲ့ ေျမစာရင္းဌာနရဲ႕မွတ္ခ်က္ဟာ အလြန္ အေရးပါတယ္ဆိုတာ သတိျပဳ ရပါမယ္။

အစိုးရမွ ခ်ထားေပးပိုင္ခြင့္ရွိေသာေျမ မဟုတ္ရင္ မဟုတ္ေၾကာင္းကိုေျမစာရင္းရဲ႕ ျပန္ၾကားခ်က္ မွာ တိတိက်က် ေဖၚျပရန္ လိုပါတယ္။ (ၿမိဳ႕ေျမမွဴးကိုယ္တိုင္က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင္ေတာ့ မွတ္ခ်က္အမွားအယြင္းေတြကို ေကာ္လိပ္ေတာ္အႀကိဳက္ လိုက္လို႔ဘဲျဖစ္ျဖစ္၊ မိမိကိုယ္တိုင္ အဂတိတရား မကင္းလို႔ျဖစ္ျဖစ္ မွတ္ခ်က္ျပဳမိႏိုင္ပါတယ္)။ အစိုးရ ဌာနပိုင္ေျမ၊ အျခား ပုဂၢလိကမွ တရား ဝင္ဂရန္ ရရွိ၍ လက္ရွိထားေသာေျမ၊ သာသနာေျမ၊ လမ္းေျမ၊ မီးရထားေျမ၊ သစ္ေတာေျမ၊ ၿမိဳ႕ေျမ မဟုတ္တဲ့ လ/န (၃၉) မရရွိေသးတဲ့ လယ္ယာေျမ၊ စသည္တို႔ကို အစိုးရမွခ်ထားေပးပိုင္ခြင့္ရွိ ေသာေျမ ဆိုၿပီး ေျမစာရင္းဌာန တာဝန္ရွိသူမ်ား အေနနဲ႔ လံုးဝမွတ္ခ်က္ မျပဳဘို႔ သတိခ်ပ္ေစလိုပါတယ္။

( ခ ) ၿမိဳ႕ေျမေနထိုင္ပိုင္ဆိုင္ခြင့္( Right of Land)ျမိဳ႕မ်ားအတြင္းမွာ ရွိတဲ့ေျမေတြကိုအစိုးရက ခ်ထားသတ္မွတ္ေပးတဲ့ ေျမပိုင္ဆိုင္ခြင့္နဲ႔ပတ္သက္လို႔ ၁၈၉၈ခုႏွစ္ ေအာက္ျမန္မာျပည္ျမိဳ႕ႏွင့္ေက်းရြာ ေျမမ်ား အက္ဥပေဒ အခန္း-၂၊ ပုဒ္မ-၇ ႏွင့္ ၈ တို႕မွာ ေအာက္ပါအတိုင္းေဖၚျပထားပါတယ္။ အဲဒီအခ်က္မ်ားႏွင့္ ညီညြတ္မွသာ ေျမေပၚ ေနထိုင္ ပိုင္ဆိုင္ခြင့္ရွိပါတယ္။

ပုဒ္မ ၇ ။ ေအာက္ပါ ေျမပိုင္ဆိုင္ခြင့္ အခြင့္အေရးမ်ားမွအပ အျခားမည္သည့္ ဆိုင္ရာဆိုင္ခြင့္ကိုမွ် ၿမိဳ႕ႏွင့္ ေက်းရြာေျမမ်ားတြင္ မရွိေစရ။
(က) အစိုးရမွ ခ်ထားသည့္ အပိုင္ဂရန္၊ အငွါးဂရန္အရ ရွိသည့္ ပိုင္ဆိုင္ခြင့္၊
(ခ) ကာလစည္းကမ္းသတ္ဥပေဒ (Limitition Act) အရ ပိုင္ဆိုင္ေသာအခြင့္အေရး။
(ဂ) ပုဒ္မ ၈၊ ပုဒ္မ ၉၊ ပုဒ္မ ၁၀ တို႔တြင္ သတ္မွတ္ ေဖၚျပထားေသာ ပိုင္ဆိုင္ခြင့္၊
(ဃ) အထက္ ပုဒ္မ ၇၊ ပုဒ္မခြဲ (က)၊ (ခ)၊ (ဂ)၊ တို႔ပါ အခြင့္အေရးကို မူလပိုင္ဆိုင္သူထံမွ တရားဥပေဒႏွင့္အညီ လႊဲေျပာင္းရယူခံစားခြင့္၊

ပုဒ္မ ၈ ။ စာရင္း၀င္ၿမိဳ႕မ်ား (Scheduled Town)ႏွင့္ အစိုးရမွ အမိန္႔ထုတ္ျပန္ ကင္းလြတ္ခြင့္ ေပးထား ေသာ ေျမမ်ားမွအပ ေအာက္ပါအခ်က္မ်ားႏွင့္ ညီညြတ္သူ မည္သူမဆို (Landholder’s right) ေျမရွင္ ဆိုင္ရာ အခြင့္အေရးကို ရရွိေစရမည္။

(က) ၿမိဳ႕ႏွင့္ေက်းရြာေျမမ်ား ျပဌာန္းအတည္မျဖစ္မီ လြန္ခဲ့ေသာ ၁၂ ႏွစ္မွ ၁၈၉၉ ခုႏွစ္၊ စက္တင္ ဘာလ၉ ရက္ေန႔ထိ ေျမကို တဆက္တည္း ပိုင္ဆိုင္ လက္ရွိထားလာသူ၊
(ခ) သို႔မဟုတ္ ၁၈၉၉ ခုႏွစ္ စက္တင္ဘာလ-၉ ရက္ေန႔ မတိုင္မီ အခ်ိဳ႕ေသာကာလႏွင့္ ယင္းေန႔ ေနာက္ပိုင္း လက္ရွိျဖစ္ေနေသာကာလ ၂ ရပ္ေပါင္း ၁၂ ႏွစ္ကာလျပည့္ေအာင္ ေျမကို လက္ရွိ ထား ပိုင္ဆိုင္လာေသာသူ၊
(ဂ) သို႔မဟုတ္ ၁၈၉၉ ခုႏွစ္၊ စက္တင္ဘာလ-၉ ရက္ေန႔မွစ၍ ေနာက္ပိုင္း ၁၂ ႏွစ္ကာလတိုင္ တဆက္တည္း ေျမကို ပိုင္ဆိုင္လက္ရွိထားလာၿပီး ယင္းကာလမ်ား၌ ၄င္းေျမႏွင့္သက္ဆိုင္သည့္ အရပ္ရပ္ေျမခြန္ေတာ္မ်ား၊ အစိုးရသို႔ ေပးသြင္းရမည့္ အခြန္အခမ်ား public demands ကို ထမ္း ေဆာင္လာသူ၊မည္သူမဆို ေျမပိုင္အခြင့္အေရး ရရွိေစရမည္။

ပုဒ္မ ၉ ။ စစ္ေတြ၊ ပုသိမ္ႏွင့္ ျပည္ၿမိဳ႕မ်ားအတြက္

(က) စစ္ေတြေျမမ်ားအတြက္ ၁၈၅၂ ဧၿပီလ ၁ ရက္မွစ၍ ယခုအက္ဥပေဒ အတည္ျဖစ္သည့္ ၁၈၉၉ ခုႏွစ္၊ စက္တင္ဘာလ-၉ ရက္ေန႔ထိ္ အဆက္မျပတ္ လက္ရွိ ျဖစ္ေနပါက၊
(ခ) ပုသိမ္ၿမိဳ႕တြင္၁၈၇၆ ဇန္န၀ါရီလ ၁ ရက္မွ စ၍ ယခုအက္ဥပေဒ အတည္ျဖစ္သည့္ ၁၈၉၉ ခုႏွစ္၊ စက္တင္ဘာလ-၉ ရက္ေန႔ထိ အဆက္မျပတ္ လက္ရွိ ျဖစ္ေနပါက၊
(ဂ) ျပည္ၿမိဳ႕တြင္ ၁၈၇၀ ဇန္န၀ါရီလ ၁ ရက္မွ အစျပဳ၍ ယခုအက္ဥပေဒ အတည္ျဖစ္သည့္ ၁၈၉၉ ခုႏွစ္၊ စက္တင္ဘာလ-၉ ရက္ေန႔ထိ္ အဆက္မျပတ္ လက္ရွိ ျဖစ္ေနပါက၊
မည္သူမဆို ေျမပိုင္အခြင့္အေရး ရရွိေစရမည္။ဆိုၿပီး ၿမိဳ႕ေျမေပၚမွာ ပိုင္ဆိုင္ရမဲ့ အခြင့္အေရးေတြ သတ္မွတ္ေပးခဲ့တာေတြ႔ရပါတယ္။

ေဇာ္မင္း(နတ္ေမာက္)


ဂရန်အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ဇော်မင်း(နတ်မောက်)

ဂရန်ဆိုတာ ဘာလဲ…
မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေအများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။ တည်ဆဲဥပဒေများတွင် အာဏာ အပ်မထားပါ။ အကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေးပါတယ်။ ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ…….

“ဂရန်ဆိုသည်မှာ”

အပိုင်း – ၁ ဂရန်

၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။

ဂရန်လျှောက်ထားခြင်း

အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင ္ရွက ္ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။

အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။

ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇဝင် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။

ဂရန်လုပ်ငန်း၌ ကြေး/မြေ၏အခန်းကဏ္ဍ

အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိ်ပါတယ်။

ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။

အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား

လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။

မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။

မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပါြးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။

G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။
အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။

ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။

အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ် အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ် အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။

ဇော်မင်း(နတ်မောက်)

Leave a Reply