ကမာၻ႔အႀကီးဆုံး မိေက်ာင္းႀကီးမ်ား အေၾကာင္း

Posted on

ဒီတစ္ခါေတာ့ သုတဇုန္မိတ္ေဆြမ်ားကုိ ဗဟုသုတအေနနဲ႔ ကမာၻ႔အႀကီးဆုံး မိေက်ာင္းႀကီးေတြအေၾကာင္းကိုေဖာ္ျပသြားပါမယ္။

၅။ Brutus

သူဟာ အလြန္ႀကီးမားတဲ့ ေရငန္မိေက်ာင္းအမ်ဳိးအစားျဖစ္ၿပီး ၾသစေၾတးလ်ႏုိင္ငံေျမာက္ပုိင္းက Adelaide ျမစ္ထဲမွာရွိတာပါ။ ဒီမိေက်ာင္းႀကီးမွာ ေျခလက္ ၃ေခ်ာင္းပဲ ပါပါတယ္။ ဒီလုိျဖစ္ရျခင္းကေတာ့ ငါးမန္းေတြနဲ႔ တုိက္ပြဲမွာ ငါးမန္းအကုိက္ခံရတာေၾကာင့္လုိ႔ ဆုိၾကပါတယ္။ ဒီမိိေက်ာင္းႀကီးရဲ႕ အသက္ဟာ ၈၀ေက်ာ္ပါၿပီ။

ၿပီးခဲ့တဲ့ ၃-၄ႏွစ္ကတည္းက ငါးမန္းတစ္ေကာင္ကို ကုိက္ခ်ီေနတဲ့ပုံရိပ္ေတြေၾကာင့္ အင္တာနက္ေပၚမွာ လူသိမ်ားခဲ့တဲ့မိေက်ာင္းႀကီးလည္းျဖစ္ပါတယ္။ ဒီမိေက်ာင္းႀကီးရဲ႕ အရွည္ကေတာ့ ၁၈ေပ ၄လက္မ ရွိပါတယ္။ မိေက်ာင္းႀကီးကိုေတြ႔ခ်င္တဲ့ ခရီးသြားေတြဟာ Adelaide ျမစ္ထဲကို သြားၿပီး အစာေကြ်းေလ့ရွိၾကပါတယ္။

၄။ Bujang Senang

သူကေတာ့ မေလးရွားႏုိင္ငံ ဘုိနီယိုကြ်န္းစုအနီးမွာ ရွိခဲ့တဲ့ေရငန္မိေက်ာင္းႀကီးတစ္ေကာင္ျဖစ္ပါတယ္။ အခုေတာ့ မရွိေတာ့ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ သုံးေလးဆယ္ေလာက္ကတည္းက လူေတြကို စားေသာက္ျခင္း အႏၱရာယ္ျပဳျခင္းေတြကုိ လုပ္ခဲ့တဲ့ အတြက္ လူသားစားမိေက်ာင္းႀကီး အျဖစ္နာမည္ႀကီးခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ မိေက်ာင္းဖမ္းသမားေတြဟာ ဒီမိေက်ာင္းႀကီးကို မိသြားၿပီး သတ္ျဖတ္ျပစ္ခဲ့ပါတယ္။ မိေက်ာင္းႀကီးကို သတ္ခဲ့တဲ့ေန႔ကေတာ့ ၁၉၉၂ခုႏွစ္ ေမလ ၂၀ရက္ေန႔ျဖစ္ပါတယ္။ အရြယ္အစားကို တုိင္းတာၾကည့္တဲ့အခါမွာေတာ့ အရွည္ ၁၉ေပ ၃လက္မရွိၿပီး အေလးခ်ိန္ ၁တန္ေက်ာ္ေလးပါတယ္။ ဒီမိေက်ာင္းႀကီးရဲ႕ ဦးေခါင္းခြံကို မေလးရွားႏုိင္ငံ Sarawak ျပတုိက္မွာ ျပသထားပါတယ္။

၃။ Gustave

ဒီမိေက်ာင္းႀကီးက ကမာၻမွာအႀကီးမားဆုံး မဟုတ္ေပမယ့္ ေၾကာက္စရာအေကာင္းဆုံး မိေက်ာင္းႀကီးျဖစ္ခဲ့ပါတယ္။ အာဖရိက ဘရြန္ဒီႏိုင္ငံမွာေသာင္းၾကမ္းခဲ့တဲ့ ႏုိင္းျမစ္မိေက်ာင္းႀကီးတစ္ေကာင္ျဖစ္ပါတယ္။ ဘယ္ေလာက္ရက္စက္ၾကမ္းၾကဳတ္ခဲ့သလဲ ဆုိရင္ ဒီမိေက်ာင္းႀကီးဟာ Ruzizi ျမစ္ နဲ႔ Tangaayika ကမ္းေျခေတြမွာ လွည့္လည္က်က္စားရင္း လူေပါင္း ၃၀၀ ထက္မနည္းကို သတ္ျဖတ္ပစ္ခဲ့လုိ႔ ျဖစ္ပါတယ္။

Gustave ဟာ လူေတြကိုသာမက ကြ်ဲရုိင္း ၊ ေတာင္ဆိတ္ နဲ႔ ျမင္းက်ားေတြကိုပါတုိက္ခုိက္ သတ္ျဖတ္ေလ့ရွိပါတယ္။ သူ႔ရဲ႕ပါးစပ္ထဲမွာ သြားအနည္းငယ္သာ က်န္ေတာ့တာကိုၾကည့္ၿပီး ပညာရွင္ေတြကေတာ့ ဒီမိေက်ာင္းႀကီးရဲ႕ အသက္ကို ႏွစ္ ၁၀၀ ၀န္းက်င္လုိ႔ ခန္႔မွန္းၾကပါတယ္။

လူသားေတြကရဲ႕ အမဲလုိက္ တုိက္ခုိက္မႈေၾကာင့္ တစ္ကုိယ္လုံးမွာလည္း ထုိးရာ ခုတ္ရာ က်ည္ဆန္ရာ ဒါဏ္ရာ ဒါဏ္ခ်က္ေတြျပည့္ႏွက္ေနခဲ့ေပမယ့္ ဒီမိေက်ာင္းႀကီးကို ဖမ္းဆီးသတ္ျဖတ္ႏုိင္ျခင္း မရွိခဲ့ပါ။ အရွည္ ၁၉ေပ ၆လက္္မ ရွိတဲ့ ဒီမိေက်ာင္းႀကီးကို မေတြ႔ရေတာ့ၾကာၿပီျဖစ္ေပမယ့္ ေသသြားၿပီလား ရွင္ေနဆဲလားဆုိတာကိုေတာ့ အတိအက်မသိၾကပါဘူး။

၂။ Dominator

ဒီမိေက်ာင္းႀကီးကေတာ့ အေပၚမွာေဖာ္ျပခဲ့တဲ့ Brutus မိေက်ာင္းႀကီးနဲ႔ ေနထုိင္က်က္စားရာေဒသတူၿပီး သူလည္း ၾသစေၾတးလွ်ႏိုင္ငံ Adelaide ျမစ္ထဲမွာ ရွိပါတယ္။ Brutus ထက္ နည္းနည္းပုိႀကီးၿပီး အရွည္ ၂၀ေပ နဲ႔ အေလးခ်ိန္ ၁တန္ေက်ာ္ ရွိပါတယ္။

မိေက်ာင္းႀကီးရွိတဲ့ေနရာကို မိေက်ာင္းကြ်မ္းက်င္သူေတြက ရွာေဖြေပးၿပီး အဲဒီေနရာမွာ ခရီးသြားေတြဟာ မိေက်ာင္းႀကီးကို အစာေကြ်းေလ့ရွိပါတယ္။ ခ်က္ခ်င္းေကြ်းလုိ႔မရပဲ အခ်ိန္ ၁၀မိနစ္ခန္႔ ေစာင့္ရတယ္လုိ႔ သိရပါတယ္။ အစာကိုေလထဲမွာ ေျမွာက္ထားခ်ိန္မွာ မိေက်ာင္းႀကီးဟာ ေရထဲကေန ေလွတစ္ျမင့္နီးပါးခုန္တက္ၿပီး အစာကို စားေသာက္ေလ့ရွိပါတယ္။

၁။ Lolong

ေလာင္းေလာင္းဆုိတဲ့ ဒီမိေက်ာင္းႀကီးကိုေတာ့ အင္တာနက္ေပၚမွာ မၾကာခဏျမင္ရေလ့ရွိတာေၾကာင့္ သိတဲ့သူမ်ားမယ္ ထင္ပါတယ္။ မွတ္တမ္းတင္ႏုိင္ခဲ့သမွ် မိေက်ာင္းေတြထဲမွာ အႀကီးဆုံးျဖစ္ၿပီး ၂၀ေပ နဲ႔ ၃လက္မ ရွိကာ အေလးခ်ိန္ ၁.၂တန္ ရွိပါတယ္။ ေရငန္မိေက်ာင္းတစ္ေကာင္ျဖစ္ၿပီး ဖိလစ္ပိုိင္ႏိုင္ငံ မွာက်က္စားခဲ့ပါတယ္။

ဒီမိေက်ာင္းႀကီးကုိ ဖိလစ္ပုိင္ႏုိင္ငံ Agusan del Sur ေဒသက Bunawan ေခ်ာင္းထဲမွာ ၂၀၁၁ခုႏွစ္ စက္တင္ဘာလမွာ ဖမ္းမိခဲ့တာပဲျဖစ္ပါတယ္။ အဲဒီအခ်ိန္က သူ႔ရဲ႕အသက္ဟာ ၅၀ႏွစ္ခန္႔ ရွိပါၿပီ။ တံငါသည္တစ္ေယာက္နဲ႔ ၁၂ႏွစ္အရြယ္မိန္းကေလးတစ္ေယာက္တုိ႔ကုိ သတ္ျဖတ္စားေသာက္ခဲ့တယ္လုိ႔ စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ပိုင္းမွာ Palawan မိေက်ာင္းနဲ႔ ေတာရုိင္းထိန္းသိမ္းေရးဌာနက မိေက်ာင္းဖမ္းသမားေတြက လုိက္လံဖမ္းဆီးခဲ့ၾကတာပဲျဖစ္ပါတယ္။

ဖမ္းဆီးၿပီးတဲ့ေနာက္မွာ ဖိလစ္ပုိင္ႏုိင္ငံၿမဳိ႕ေတာ္ မနီလာက အမ်ဳိးသားသမုိင္းျပတုိက္မွာ ထိမ္းသိမ္းျပသထားခဲ့ပါတယ္။ မိေက်ာင္းႀကီးဟာ ဖမ္းဆီးခံခဲ့ရၿပီး ၁ႏွစ္ခြဲအၾကာ ေဖေဖာ္၀ါရီ ၂၀၁၃ခုႏွစ္မွာ ေသဆုံးခဲ့ပါတယ္။


ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီးများ အကြောင်း (unicode)

ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများကို ဗဟုသုတအနေနဲ့ ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီးတွေအကြောင်းကိုဖော်ပြသွားပါမယ်။

၅။ Brutus
သူဟာ အလွန်ကြီးမားတဲ့ ရေငန်မိကျောင်းအမျိုးအစားဖြစ်ပြီး ဩစတြေးလျနိုင်ငံမြောက်ပိုင်းက Adelaide မြစ်ထဲမှာရှိတာပါ။ ဒီမိကျောင်းကြီးမှာ ခြေလက် ၃ချောင်းပဲ ပါပါတယ်။ ဒီလိုဖြစ်ရခြင်းကတော့ ငါးမန်းတွေနဲ့ တိုက်ပွဲမှာ ငါးမန်းအကိုက်ခံရတာကြောင့်လို့ ဆိုကြပါတယ်။ ဒီမိကျောင်းကြီးရဲ့ အသက်ဟာ ၈၀ကျော်ပါပြီ။ ပြီးခဲ့တဲ့ ၃-၄နှစ်ကတည်းက ငါးမန်းတစ်ကောင်ကို ကိုက်ချီနေတဲ့ပုံရိပ်တွေကြောင့် အင်တာနက်ပေါ်မှာ လူသိများခဲ့တဲ့မိကျောင်းကြီးလည်းဖြစ်ပါတယ်။ ဒီမိကျောင်းကြီးရဲ့ အရှည်ကတော့ ၁၈ပေ ၄လက်မ ရှိပါတယ်။ မိကျောင်းကြီးကိုတွေ့ချင်တဲ့ ခရီးသွားတွေဟာ Adelaide မြစ်ထဲကို သွားပြီး အစာကျွေးလေ့ရှိကြပါတယ်။

၄။ Bujang Senang
သူကတော့ မလေးရှားနိုင်ငံ ဘိုနီယိုကျွန်းစုအနီးမှာ ရှိခဲ့တဲ့ရေငန်မိကျောင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ အခုတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် သုံးလေးဆယ်လောက်ကတည်းက လူတွေကို စားသောက်ခြင်း အန္တရာယ်ပြုခြင်းတွေကို လုပ်ခဲ့တဲ့ အတွက် လူသားစားမိကျောင်းကြီး အဖြစ်နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မိကျောင်းဖမ်းသမားတွေဟာ ဒီမိကျောင်းကြီးကို မိသွားပြီး သတ်ဖြတ်ပြစ်ခဲ့ပါတယ်။ မိကျောင်းကြီးကို သတ်ခဲ့တဲ့နေ့ကတော့ ၁၉၉၂ခုနှစ် မေလ ၂ဝရက်နေ့ဖြစ်ပါတယ်။ အရွယ်အစားကို တိုင်းတာကြည့်တဲ့အခါမှာတော့ အရှည် ၁၉ပေ ၃လက်မရှိပြီး အလေးချိန် ၁တန်ကျော်လေးပါတယ်။ ဒီမိကျောင်းကြီးရဲ့ ဦးခေါင်းခွံကို မလေးရှားနိုင်ငံ Sarawak ပြတိုက်မှာ ပြသထားပါတယ်။

၃။ Gustave
ဒီမိကျောင်းကြီးက ကမ္ဘာမှာအကြီးမားဆုံး မဟုတ်ပေမယ့် ကြောက်စရာအကောင်းဆုံး မိကျောင်းကြီးဖြစ်ခဲ့ပါတယ်။ အာဖရိက ဘရွန်ဒီနိုင်ငံမှာသောင်းကြမ်းခဲ့တဲ့ နိုင်းမြစ်မိကျောင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ ဘယ်လောက်ရက်စက်ကြမ်းကြုတ်ခဲ့သလဲ ဆိုရင် ဒီမိကျောင်းကြီးဟာ Ruzizi မြစ် နဲ့ Tangaayika ကမ်းခြေတွေမှာ လှည့်လည်ကျက်စားရင်း လူပေါင်း ၃၀၀ ထက်မနည်းကို သတ်ဖြတ်ပစ်ခဲ့လို့ ဖြစ်ပါတယ်။ Gustave ဟာ လူတွေကိုသာမက ကျွဲရိုင်း ၊ တောင်ဆိတ် နဲ့ မြင်းကျားတွေကိုပါတိုက်ခိုက် သတ်ဖြတ်လေ့ရှိပါတယ်။

သူ့ရဲ့ပါးစပ်ထဲမှာ သွားအနည်းငယ်သာ ကျန်တော့တာကိုကြည့်ပြီး ပညာရှင်တွေကတော့ ဒီမိကျောင်းကြီးရဲ့ အသက်ကို နှစ် ၁၀၀ ဝန်းကျင်လို့ ခန့်မှန်းကြပါတယ်။ လူသားတွေကရဲ့ အမဲလိုက် တိုက်ခိုက်မှုကြောင့် တစ်ကိုယ်လုံးမှာလည်း ထိုးရာ ခုတ်ရာ ကျည်ဆန်ရာ ဒါဏ်ရာ ဒါဏ်ချက်တွေပြည့်နှက်နေခဲ့ပေမယ့် ဒီမိကျောင်းကြီးကို ဖမ်းဆီးသတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပါ။ အရှည် ၁၉ပေ ၆လက်မ ရှိတဲ့ ဒီမိကျောင်းကြီးကို မတွေ့ရတော့ကြာပြီဖြစ်ပေမယ့် သေသွားပြီလား ရှင်နေဆဲလားဆိုတာကိုတော့ အတိအကျမသိကြပါဘူး။

၂။ Dominator
ဒီမိကျောင်းကြီးကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ Brutus မိကျောင်းကြီးနဲ့ နေထိုင်ကျက်စားရာဒေသတူပြီး သူလည်း ဩစတြေးလျှနိုင်ငံ Adelaide မြစ်ထဲမှာ ရှိပါတယ်။ Brutus ထက် နည်းနည်းပိုကြီးပြီး အရှည် ၂၀ပေ နဲ့ အလေးချိန် ၁တန်ကျော် ရှိပါတယ်။ မိကျောင်းကြီးရှိတဲ့နေရာကို မိကျောင်းကျွမ်းကျင်သူတွေက ရှာဖွေပေးပြီး အဲဒီနေရာမှာ ခရီးသွားတွေဟာ မိကျောင်းကြီးကို အစာကျွေးလေ့ရှိပါတယ်။ ချက်ချင်းကျွေးလို့မရပဲ အချိန် ၁ဝမိနစ်ခန့် စောင့်ရတယ်လို့ သိရပါတယ်။ အစာကိုလေထဲမှာ မြှောက်ထားချိန်မှာ မိကျောင်းကြီးဟာ ရေထဲကနေ လှေတစ်မြင့်နီးပါးခုန်တက်ပြီး အစာကို စားသောက်လေ့ရှိပါတယ်။

၁။ Lolong
လောင်းလောင်းဆိုတဲ့ ဒီမိကျောင်းကြီးကိုတော့ အင်တာနက်ပေါ်မှာ မကြာခဏမြင်ရလေ့ရှိတာကြောင့် သိတဲ့သူများမယ် ထင်ပါတယ်။ မှတ်တမ်းတင်နိုင်ခဲ့သမျှ မိကျောင်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ၂၀ပေ နဲ့ ၃လက်မ ရှိကာ အလေးချိန် ၁.၂တန် ရှိပါတယ်။ ရေငန်မိကျောင်းတစ်ကောင်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မှာကျက်စားခဲ့ပါတယ်။ ဒီမိကျောင်းကြီးကို ဖိလစ်ပိုင်နိုင်ငံ Agusan del Sur ဒေသက Bunawan ချောင်းထဲမှာ ၂၀၁၁ခုနှစ် စက်တင်ဘာလမှာ ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ရဲ့အသက်ဟာ ၅၀နှစ်ခန့် ရှိပါပြီ။ တံငါသည်တစ်ယောက်နဲ့ ၁၂နှစ်အရွယ်မိန်းကလေးတစ်ယောက်တို့ကို သတ်ဖြတ်စားသောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာ Palawan မိကျောင်းနဲ့ တောရိုင်းထိန်းသိမ်းရေးဌာနက မိကျောင်းဖမ်းသမားတွေက လိုက်လံဖမ်းဆီးခဲ့ကြတာပဲဖြစ်ပါတယ်။ ဖမ်းဆီးပြီးတဲ့နောက်မှာ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာက အမျိုးသားသမိုင်းပြတိုက်မှာ ထိမ်းသိမ်းပြသထားခဲ့ပါတယ်။ မိကျောင်းကြီးဟာ ဖမ်းဆီးခံခဲ့ရပြီး ၁နှစ်ခွဲအကြာ ဖေဖော်ဝါရီ ၂၀၁၃ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

Leave a Reply