ေလသေဘၤာႀကီးေတြရဲ႕ သမိုင္းေၾကာင္း

Posted on

ေလသေဘၤာဆိုသည္မွာ ဓာတ္ေငြ႕ျဖင့္ ပ်ံသန္းရေသာ သို႔မဟုတ္ ေလထက္ေပါ့ေသာ ယာဥ္တစ္မ်ိဳး ျဖစ္ၿပီး ပဲ့ႏွင့္ ပန္ကာမ်ားကို အသုံးျပဳ၍ သို႔မဟုတ္ အျခား တြန္းထုတ္ေသာ နည္းလမ္းမ်ားကို အသုံးျပဳ၍ ထိန္းခ်ဳပ္ေမာင္းႏွင္ရေသာ ေလယာဥ္တစ္မ်ိဳးျဖစ္သည္။

အေတာင္ပံပါေသာ ေလယာဥ္ပ်ံမ်ား ႏွင့္ ရဟတ္ယာဥ္မ်ားကဲ့သို႔ အေတာင္ပံကို ေလထဲတြင္ ေရြ႕လ်ားျခင္းေၾကာင့္ ပ်ံသန္းသည့္ ယာဥ္မ်ိဳးမဟုတ္ဘဲ ေလသေဘၤာမ်ားႏွင့္ မီးပုံးပ်ံမ်ားမွာ က်ယ္ျပန႔္ေသာ ကိုယ္ထည္ အတြင္းတြင္ ဓာတ္ေငြ႕မ်ားကို ျဖည့္သြင္းျခင္းအားျဖင့္ ေလေပၚတြင္ ပ်ံသန္းျခင္း ျဖစ္သည္။

ေရွးဦးစြာ ေလသေဘၤာကို တက္မ ျဖင့္သြားလာႏိုင္ေအာင္ ႀကံစည္ၾကေသာ္လည္း မေအာင္ျမင္ခဲ့ၾကေခ်။ ျပင္သစ္လူမ်ဳိး Jean-Pierre Blanchard နဲ႔ အေမရိကန္လူမ်ဳိး John Jeffries တုိ႔ဟာ ၁၇၈၅ခုႏွစ္မွာ အဂၤလိပ္တူးေျမာင္းကို ဟုိဒရုိဂ်င္ေဘာလုံးနဲ႔ ျဖတ္ပ်ံသန္းခဲ့ၾကသည္။ ဒါသည္ပင္ ေလသေဘၤာေတြရဲ႕ အစျဖစ္ေလသည္။

ပထမဆုံးေလသေဘၤာကုိ ၁၈၅၂ခုႏွစ္ မွာ ျပင္သစ္အင္ဂ်င္နီယာ Henri Giffard က တီထြင္ခဲ့သည္။ သူ၏ေလသေဘၤာမွာ အလယ္တြင္ ပိုက္ပူ၍ အဖ်ား႐ႉးေသာ လြန္းအိမ္ပုံသဏၭာန္ရွိသည့္ ၿပီး ေရေႏြးေငြ႕ျဖင့္ေမာင္းႏွင္သည့္ စက္တစ္လုံးတပ္ဆင္ထားျခင္းျဖစ္သည္။ ပါရီၿမဳိ႕မွာျပသခဲ့ၿပီး တစ္နာရီ ၆မုိင္ႏႈန္း နဲ႔ ၂၀မုိင္အထိ စီးနင္းျပႏုိင္ခဲ့သည္။

ေလသေဘၤာတြင္ ေမာ္တာျဖင့္ လည္ေစသည့္ ရဟတ္ကို ပထမ စ၍ တပ္ဆင္ၿပိးလပ်ံသန္းႏိုင္ခဲ့သူမွာ အယ္လဗာတိုဆန္းေတာ့ ဒ်ဴးေမာင့္ ဆိုသူျဖစ္၏။ သူသည္ ၁၉ဝ၃ ခုႏွစ္ ေအာက္တိုဘာလတြင္ ေလသေဘၤာကို ပ်ံသန္းၾကည့္ရာ တစ္နာရီလၽွင္ ၁၉ မိုင္ႏႈန္းမၽွႏွင့္ ပ်ံသန္းႏိုင္ခဲ့ေလသည္။ ေခတ္မီေသာ ေလသေဘၤာမ်ားကို ဂ်ာမန္လူမ်ိဳး ေကာင့္ဖာဒီနန္ဖြန္ ဇက္ပလင္( Ferninand Von Zeppelin) ဆိုသူက စတင္၍ ေဆာက္လုပ္ႏိုင္ခဲ့၍ ေဆာက္လုပ္ေသာ ေလ သေဘၤာမ်ားကိုလည္း ဇက္ပလင္ဟုပင္ေခၚၾကသည္။

ေလသေဘၤာ၏ကိုယ္ ထည္ကို အလ်ဴမီနီယမ္သတၱဳျဖင့္ ေဆာက္လုပ္၏။ ကိုယ္ထည္ကို အေရာင္ တင္ေဆးသုတ္ထားေသာ ပိုးပိတ္ျဖင့္ ဖုံးအုပ္၍ အထဲတြင္ ဓာတ္ေငြ႕အိတ္ အေျမာက္အျမားကို ထည့္ထားသည္။ ရဟတ္မ်ားကိုမူ စက္တြင္မဟုတ္ဘဲ ဇက္ပလင္၏ကိုယ္ထည္တြင္ တပ္ဆင္ထား၏။ ထို႔ေနာက္ ထိုဇက္ပလင္ကို ေကာင္းကင္၌ ခုတ္ေမာင္းၾကည့္ေသာအခါ ေကာင္းစြာေအာင္ျမင္သည္ကို ေတြ႕ရေလသည္။

၁၉ဝဝ ျပည့္ႏွစ္အတြင္း၌ ပထမဇက္ပလင္ကို စမ္းသပ္ခဲ့၍ ထို ဇက္ပလက္သည္ တစ္နာရီလၽွင္ ၁၈ မိုင္ႏႈန္းျဖင့္ လိုရာခရီးသို႔ သြားႏိုင္ခဲ့ သည္။ ၁၉ဝ၆ ခုႏွစ္တြင္ ဒုတိယဇက္ပလင္ကိုျပဳလုပ္ကာ ဆြစ္ဇာလန္ ႏိုင္ငံသို႔ ပ်ံသန္းခဲ့သည္။ ထို႔ေနာက္ ေပၚေပါက္လာေသာ ဇက္ပလင္သည္ တစ္နာရီ ၂၃ မိုင္ႏႈန္းမၽွႏွင့္ ပ်ံသန္းႏိုင္ခဲ့ၿပီးလၽွင္ သြားလိုသည့္ဘက္ကို လည္း လြယ္ကူစြာႏွင့္ပင္ သြားႏိုင္ခဲ့သည္။ ဓာတ္အိမ္ပ်ံျဖင့္ လိုရာသြားႏိုင္ ျခင္းကို ထိုပုဂၢိဳလ္ႀကီးက စ၍တီထြင္ခဲ့သည္ဟု ဆိုရေပမည္။

ဂ်ာမန္အစိုးရသည္ စစ္မက္ျဖစ္ပြားေသာ အခါတြင္ဇက္ပလင္မ်ား အသုံးဝင္မည္ကိုသိသျဖင့္ ပစၥည္းဥစၥာ ကုန္ခန္းသေလာက္ ျဖစ္ေနၿပီျဖစ္ျဖစ္ ေသာေၾကာင့္ ဇက္ပလင္အားအစိုးရကိုယ္တိုင္ ေငြအားျဖင့္ ကူညီခဲ့ေလသည္။ ၁၉၁၄ ခုႏွစ္၌ ပထမကမၻာစစ္ ေပၚေပါက္လာေသာအခါ ဂ်ာမနီႏိုင္ငံတြင္ ဇက္ပလင္တပ္ႀကီးတစ္တပ္ ရွိေနေလၿပီ။ ထိုေလတပ္ျဖင့္ အဂၤလန္ႏွင့္ ျပင္သစ္ႏိုင္ငံမ်ားသို႔သြားေရာက္ကာ ဗုံးမ်ားကိုႀကဲခ်ရန္ျဖစ္ သည္။

သို႔ရာတြင္ ဇက္ပလင္မ်ားမွာ ကိုယ္ထည္ႀကီးမားသျဖင့္ ေအာက္မွ ပစ္ခတ္ေသာ အေျမာက္က်ည္ဆံမ်ားေဘးမွ မလြတ္ကင္းသည့္ျပင္ လ်င္ျမန္ စြာ ပ်ံသန္းႏိုင္သည့္ ေလယာဥ္ပ်ံကေလးမ်ားက ပတ္ခ်ာဝိုင္းပ်ံသန္း၍ မီး ေလာင္ေစတတ္သည့္ က်ည္ဆံမ်ားျဖင့္ ပစ္ခတ္ျခင္းကိုခံၾကရကာ မီး ေလာင္ပ်က္က်ၾကသည္ကမ်ားသျဖင့္ စစ္ဘက္၌အသုံးျပဳရန္ ေကာင္းမြန္လွ သည္ဟု မဆိုသာေပ။

သို႔ေသာ္ ၿငိမ္းခ်မ္းလ်က္ရွိေသာ အခါမ်ားတြင္မူ ကုန္ စည္တင္ေဆာင္ေရးအတြက္ မ်ားစြာအေရးပါႏိုင္ေပသည္။ ၁၉၁၉ ခုႏွစ္တြင္ ၿဗိတိသၽွတို႔ကလည္း ဇက္ပလင္ကဲ့သို႔ေသာ ေလသေဘၤာကို ျပဳလုပ္ႏိုင္ခဲ့ၿပီးလၽွင္ အႏၲလႏၲိတ္သမုဒၵရာကိုပင္ ျဖတ္ေက်ာ္ ႏိုင္ခဲ့သည္။

အေမရိကန္ႏိုင္ငံသို႔ ပ်ံသန္းၾကည့္ရာ ေအာင္ျမင္ၿပီးလၽွင္ အျပန္ ခရီးတြင္ ပို၍လ်င္ျမန္စြာ ပ်ံသန္းႏိုင္ခဲ့ေလသည္။ စစ္အတြက္ျပဳလုပ္ေသာ ဇက္ပလင္တို႔တြင္ ေမာ္ေတာ္စက္မ်ားကို တပ္ဆင္ထားေလ့ရွိၾက၍ ထိုစက္မ်ားကို ဇက္ပလင္ကိုယ္ထည္၏ ေရွ႕၊ အလယ္ႏွင့္ ေနာက္ပိုင္းတို႔တြင္ရွိေသာ အိမ္ကေလးမ်ားတြင္ တပ္ဆင္ထား ၾကသည္။

ၿဗိတိန္ႏိုင္ငံတြင္ ပထမ ေလသေဘၤာ ၁ဝဝ ႏွင့္ ေလသေဘၤာ ၁ဝ၁ တို႔ကို ေဆာက္လုပ္ၾကျပန္သည္။ ၁ဝဝ သည္ အတၱလႏၲိတ္ သမုဒၵရာကို ျဖတ္ေက်ာ္ပ်ံသန္းခဲ့၏။ သို႔ေသာ္ ၁ဝ၁ မွာမူ ၁၉၃ဝ ျပည့္ ႏွစ္၊ ေအာက္တိုဘာလတြင္ အိႏၵိယႏိုင္ငံသို႔ပ်ံသန္းခဲ့စဥ္ ျပင္သစ္ႏိုင္ငံ၌ ပ်က္က်သျဖင့္ လူေပါင္း ၄၆ ေယာက္မၽွ ေသဆုံးခဲ့ရေလသည္။

ထို ေလသေဘၤာပ်က္စီးၿပီးေနာက္ ၁ဝဝ ကိုလည္း အသုံးမျပဳၾကေတာ့ေခ်။ ေနာက္ထပ္၍လည္း ေလသေဘၤာမ်ားကို မေဆာက္လုပ္ၾကေတာ့ေခ်။ ဂ်ာမနီႏိုင္ငံမွ ကုန္စည္ႏွင့္လူမ်ားကို တင္ေဆာင္ေသာ ဟင္ဒင္ ဗတ္(Hindenburg ) ေခၚ ေလသေဘၤာကိုေဆာက္တည္ခဲ့သည္။ ထိုေလသေဘၤာသည္ တစ္ႏွစ္ ကုန္ဆုံးေသာအခါ ၁၉၃၇ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု လိတ္ဟတ္ ၿမိဳ႕တြင္ ပ်က္က်သြားေလသည္။ ထိုပ်က္က်မႈတြင္ လူေပါင္း ၃၆ဦး ေသဆုံးခဲ့သည္။

ဂ်ာမနီႏိုင္ငံတြင္ ၁၉၂၇ ခုႏွစ္က ဂရပ္ အမ်ိဳးအစား ဇက္ပလင္ေလသေဘၤာတစ္စင္း(Graf Zeppelin )ကို ေဆာက္လုပ္ခဲ့ေသးသည္။ ထုိေလသေဘၤာသည္ ပ်ံသန္းမႈေပါင္း ၅၉၀ႀကိမ္ခန္႔ျပဳလုပ္ခဲ့ၿပီး ထုိအထဲတြင္ အတၱလန္တစ္သမုဒၵရာ ကုိ အႀကိမ္ေပါင္း ၁၄၄ႀကိမ္ ျဖတ္ပ်ံသန္းမႈ ပါ၀င္ခဲ့သည္။ထိုေလသေဘၤာကို ၁ဝ ႏွစ္ခန္႔ အသုံးျပဳရၿပီးလၽွင္ ၁၉၃၈ ခုႏွစ္တြင္ ဒုတိယ ဂရပ္ဇက္ပလင္တစ္စင္းကို ထပ္မံေဆာက္လုပ္ၾကျပန္ရာ ေပေပါင္း ၈ဝ၃ မၽွ ရွည္လ်ားေလသည္။

ပထမကမၻာစစ္အတြင္းက အေမရိကန္ျပည္ေထာင္စုမွ အလြန္ႀကီး မားေသာ ေလသေဘၤာသုံးစင္း ဆုံး႐ႈံးခဲ့၏။ ထိုေလသေဘၤာမ်ားႏွင့္အတူ လူ ေပါင္း ၉ဝ လည္းေသေၾကပ်က္စီးခဲ့ရသည္။ ေလသေဘၤာမ်ားသည္ ပ်က္စီး ျခင္းေဘးႏွင့္ မၾကာခဏ ေတြ႕ႀကဳံခဲ့ရ၏။ ေလသေဘၤာ ခရီးသြားျခင္းသည္ ၁၉၃၀ ၀န္းက်င္တြင္ နည္းပါးကာ တျဖည္းျဖည္းရပ္တန္႔သြားခဲ့သည္။

အေၾကာင္းမွာ တည္ေဆာက္စရိတ္ႀကီးျမင့္ျခင္း ၊ ထိမ္းသိမ္းစရိတ္ႀကီးျမင့္ျခင္းႏွင့္ အႏၱရာယ္ရွိၿပီး မုန္တုိင္းနဲ႔ ႀကဳံတဲ့အခါ မၾကာခဏ ျပတ္က်မႈေတြျဖစ္ခဲ့တာေၾကာင့္ ျဖစ္သည္။ သို႔ရာတြင္ စစ္အတြင္း အသုံး က်ခဲ့ပုံမ်ားကို မေမ့ႏိုင္ၾကသည့္အတိုင္း အခ်ိဳ႕ႏိုင္ငံမွ ေလသေဘၤာမ်ားကို တစ္မ်ိဳးတစ္ဖုံ ျပဳျပင္ေပးၿပီးလၽွင္ ျပန္လည္အသုံးျပဳေကာင္းျပဳစရာရွိေပသည္။

 


ကမ္ဘာ့သမိုင်းထဲက လေသင်္ဘောတွေ အကြောင်း (unicode)

လေသင်္ဘောဆိုသည်မှာ ဓာတ်ငွေ့ဖြင့် ပျံသန်းရသော သို့မဟုတ် လေထက်ပေါ့သော ယာဉ်တစ်မျိုး ဖြစ်ပြီး ပဲ့နှင့် ပန်ကာများကို အသုံးပြု၍ သို့မဟုတ် အခြား တွန်းထုတ်သော နည်းလမ်းများကို အသုံးပြု၍ ထိန်းချုပ်မောင်းနှင်ရသော လေယာဉ်တစ်မျိုးဖြစ်သည်။ အတောင်ပံပါသော လေယာဉ်ပျံများ နှင့် ရဟတ်ယာဉ်များကဲ့သို့ အတောင်ပံကို လေထဲတွင် ရွေ့လျားခြင်းကြောင့် ပျံသန်းသည့် ယာဉ်မျိုးမဟုတ်ဘဲ လေသင်္ဘောများနှင့် မီးပုံးပျံများမှာ ကျယ်ပြန့်သော ကိုယ်ထည် အတွင်းတွင် ဓာတ်ငွေ့များကို ဖြည့်သွင်းခြင်းအားဖြင့် လေပေါ်တွင် ပျံသန်းခြင်း ဖြစ်သည်။

ရှေးဦးစွာ လေသင်္ဘောကို တက်မ ဖြင့်သွားလာနိုင်အောင် ကြံစည်ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ ပြင်သစ်လူမျိုး Jean-Pierre Blanchard နဲ့ အမေရိကန်လူမျိုး John Jeffries တို့ဟာ ၁၇၈၅ခုနှစ်မှာ အင်္ဂလိပ်တူးမြောင်းကို ဟိုဒရိုဂျင်ဘောလုံးနဲ့ ဖြတ်ပျံသန်းခဲ့ကြသည်။ ဒါသည်ပင် လေသင်္ဘောတွေရဲ့ အစဖြစ်လေသည်။ ပထမဆုံးလေသင်္ဘောကို ၁၈၅၂ခုနှစ် မှာ ပြင်သစ်အင်ဂျင်နီယာ Henri Giffard က တီထွင်ခဲ့သည်။ သူ၏လေသင်္ဘောမှာ အလယ်တွင် ပိုက်ပူ၍ အဖျားရှူးသော လွန်းအိမ်ပုံသဏ္ဌာန်ရှိသည့် ပြီး ရေနွေးငွေ့ဖြင့်မောင်းနှင်သည့် စက်တစ်လုံးတပ်ဆင်ထားခြင်းဖြစ်သည်။ ပါရီမြို့မှာပြသခဲ့ပြီး တစ်နာရီ ၆မိုင်နှုန်း နဲ့ ၂ဝမိုင်အထိ စီးနင်းပြနိုင်ခဲ့သည်။

လေသင်္ဘောတွင် မော်တာဖြင့် လည်စေသည့် ရဟတ်ကို ပထမ စ၍ တပ်ဆင်ပြိးလပျံသန်းနိုင်ခဲ့သူမှာ အယ်လဗာတိုဆန်းတော့ ဒျူးမောင့် ဆိုသူဖြစ်၏။ သူသည် ၁၉ဝ၃ ခုနှစ် အောက်တိုဘာလတွင် လေသင်္ဘောကို ပျံသန်းကြည့်ရာ တစ်နာရီလျှင် ၁၉ မိုင်နှုန်းမျှနှင့် ပျံသန်းနိုင်ခဲ့လေသည်။ ခေတ်မီသော လေသင်္ဘောများကို ဂျာမန်လူမျိုး ကောင့်ဖာဒီနန်ဖွန် ဇက်ပလင်( Ferninand Von Zeppelin) ဆိုသူက စတင်၍ ဆောက်လုပ်နိုင်ခဲ့၍ ဆောက်လုပ်သော လေ သင်္ဘောများကိုလည်း ဇက်ပလင်ဟုပင်ခေါ်ကြသည်။

လေသင်္ဘော၏ကိုယ် ထည်ကို အလျူမီနီယမ်သတ္တုဖြင့် ဆောက်လုပ်၏။ ကိုယ်ထည်ကို အရောင် တင်ဆေးသုတ်ထားသော ပိုးပိတ်ဖြင့် ဖုံးအုပ်၍ အထဲတွင် ဓာတ်ငွေ့အိတ် အမြောက်အမြားကို ထည့်ထားသည်။ ရဟတ်များကိုမူ စက်တွင်မဟုတ်ဘဲ ဇက်ပလင်၏ကိုယ်ထည်တွင် တပ်ဆင်ထား၏။ ထို့နောက် ထိုဇက်ပလင်ကို ကောင်းကင်၌ ခုတ်မောင်းကြည့်သောအခါ ကောင်းစွာအောင်မြင်သည်ကို တွေ့ရလေသည်။

၁၉ဝဝ ပြည့်နှစ်အတွင်း၌ ပထမဇက်ပလင်ကို စမ်းသပ်ခဲ့၍ ထို ဇက်ပလက်သည် တစ်နာရီလျှင် ၁၈ မိုင်နှုန်းဖြင့် လိုရာခရီးသို့ သွားနိုင်ခဲ့ သည်။ ၁၉ဝ၆ ခုနှစ်တွင် ဒုတိယဇက်ပလင်ကိုပြုလုပ်ကာ ဆွစ်ဇာလန် နိုင်ငံသို့ ပျံသန်းခဲ့သည်။ ထို့နောက် ပေါ်ပေါက်လာသော ဇက်ပလင်သည် တစ်နာရီ ၂၃ မိုင်နှုန်းမျှနှင့် ပျံသန်းနိုင်ခဲ့ပြီးလျှင် သွားလိုသည့်ဘက်ကို လည်း လွယ်ကူစွာနှင့်ပင် သွားနိုင်ခဲ့သည်။ ဓာတ်အိမ်ပျံဖြင့် လိုရာသွားနိုင် ခြင်းကို ထိုပုဂ္ဂိုလ်ကြီးက စ၍တီထွင်ခဲ့သည်ဟု ဆိုရပေမည်။

ဂျာမန်အစိုးရသည် စစ်မက်ဖြစ်ပွားသော အခါတွင်ဇက်ပလင်များ အသုံးဝင်မည်ကိုသိသဖြင့် ပစ္စည်းဥစ္စာ ကုန်ခန်းသလောက် ဖြစ်နေပြီဖြစ်ဖြစ် သောကြောင့် ဇက်ပလင်အားအစိုးရကိုယ်တိုင် ငွေအားဖြင့် ကူညီခဲ့လေသည်။ ၁၉၁၄ ခုနှစ်၌ ပထမကမ္ဘာစစ် ပေါ်ပေါက်လာသောအခါ ဂျာမနီနိုင်ငံတွင် ဇက်ပလင်တပ်ကြီးတစ်တပ် ရှိနေလေပြီ။ ထိုလေတပ်ဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့သွားရောက်ကာ ဗုံးများကိုကြဲချရန်ဖြစ် သည်။

သို့ရာတွင် ဇက်ပလင်များမှာ ကိုယ်ထည်ကြီးမားသဖြင့် အောက်မှ ပစ်ခတ်သော အမြောက်ကျည်ဆံများဘေးမှ မလွတ်ကင်းသည့်ပြင် လျင်မြန် စွာ ပျံသန်းနိုင်သည့် လေယာဉ်ပျံကလေးများက ပတ်ချာဝိုင်းပျံသန်း၍ မီး လောင်စေတတ်သည့် ကျည်ဆံများဖြင့် ပစ်ခတ်ခြင်းကိုခံကြရကာ မီး လောင်ပျက်ကျကြသည်ကများသဖြင့် စစ်ဘက်၌အသုံးပြုရန် ကောင်းမွန်လှ သည်ဟု မဆိုသာပေ။

သို့သော် ငြိမ်းချမ်းလျက်ရှိသော အခါများတွင်မူ ကုန် စည်တင်ဆောင်ရေးအတွက် များစွာအရေးပါနိုင်ပေသည်။ ၁၉၁၉ ခုနှစ်တွင် ဗြိတိသျှတို့ကလည်း ဇက်ပလင်ကဲ့သို့သော လေသင်္ဘောကို ပြုလုပ်နိုင်ခဲ့ပြီးလျှင် အန္တလန္တိတ်သမုဒ္ဒရာကိုပင် ဖြတ်ကျော် နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ပျံသန်းကြည့်ရာ အောင်မြင်ပြီးလျှင် အပြန် ခရီးတွင် ပို၍လျင်မြန်စွာ ပျံသန်းနိုင်ခဲ့လေသည်။ စစ်အတွက်ပြုလုပ်သော ဇက်ပလင်တို့တွင် မော်တော်စက်များကို တပ်ဆင်ထားလေ့ရှိကြ၍ ထိုစက်များကို ဇက်ပလင်ကိုယ်ထည်၏ ရှေ့၊ အလယ်နှင့် နောက်ပိုင်းတို့တွင်ရှိသော အိမ်ကလေးများတွင် တပ်ဆင်ထား ကြသည်။

ဗြိတိန်နိုင်ငံတွင် ပထမ လေသင်္ဘော ၁ဝဝ နှင့် လေသင်္ဘော ၁ဝ၁ တို့ကို ဆောက်လုပ်ကြပြန်သည်။ ၁ဝဝ သည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းခဲ့၏။ သို့သော် ၁ဝ၁ မှာမူ ၁၉၃ဝ ပြည့် နှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသို့ပျံသန်းခဲ့စဉ် ပြင်သစ်နိုင်ငံ၌ ပျက်ကျသဖြင့် လူပေါင်း ၄၆ ယောက်မျှ သေဆုံးခဲ့ရလေသည်။ ထို လေသင်္ဘောပျက်စီးပြီးနောက် ၁ဝဝ ကိုလည်း အသုံးမပြုကြတော့ချေ။ နောက်ထပ်၍လည်း လေသင်္ဘောများကို မဆောက်လုပ်ကြတော့ချေ။ ဂျာမနီနိုင်ငံမှ ကုန်စည်နှင့်လူများကို တင်ဆောင်သော ဟင်ဒင် ဗတ်(Hindenburg ) ခေါ် လေသင်္ဘောကိုဆောက်တည်ခဲ့သည်။ ထိုလေသင်္ဘောသည် တစ်နှစ် ကုန်ဆုံးသောအခါ ၁၉၃၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု လိတ်ဟတ် မြို့တွင် ပျက်ကျသွားလေသည်။ ထိုပျက်ကျမှုတွင် လူပေါင်း ၃၆ဦး သေဆုံးခဲ့သည်။

ဂျာမနီနိုင်ငံတွင် ၁၉၂၇ ခုနှစ်က ဂရပ် အမျိုးအစား ဇက်ပလင်လေသင်္ဘောတစ်စင်း(Graf Zeppelin )ကို ဆောက်လုပ်ခဲ့သေးသည်။ ထိုလေသင်္ဘောသည် ပျံသန်းမှုပေါင်း ၅၉၀ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ထိုအထဲတွင် အတ္တလန်တစ်သမုဒ္ဒရာ ကို အကြိမ်ပေါင်း ၁၄၄ကြိမ် ဖြတ်ပျံသန်းမှု ပါဝင်ခဲ့သည်။ထိုလေသင်္ဘောကို ၁ဝ နှစ်ခန့် အသုံးပြုရပြီးလျှင် ၁၉၃၈ ခုနှစ်တွင် ဒုတိယ ဂရပ်ဇက်ပလင်တစ်စင်းကို ထပ်မံဆောက်လုပ်ကြပြန်ရာ ပေပေါင်း ၈ဝ၃ မျှ ရှည်လျားလေသည်။

ပထမကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုမှ အလွန်ကြီး မားသော လေသင်္ဘောသုံးစင်း ဆုံးရှုံးခဲ့၏။ ထိုလေသင်္ဘောများနှင့်အတူ လူ ပေါင်း ၉ဝ လည်းသေကြေပျက်စီးခဲ့ရသည်။ လေသင်္ဘောများသည် ပျက်စီး ခြင်းဘေးနှင့် မကြာခဏ တွေ့ကြုံခဲ့ရ၏။ လေသင်္ဘော ခရီးသွားခြင်းသည် ၁၉၃၀ ဝန်းကျင်တွင် နည်းပါးကာ တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ တည်ဆောက်စရိတ်ကြီးမြင့်ခြင်း ၊ ထိမ်းသိမ်းစရိတ်ကြီးမြင့်ခြင်းနှင့် အန္တရာယ်ရှိပြီး မုန်တိုင်းနဲ့ ကြုံတဲ့အခါ မကြာခဏ ပြတ်ကျမှုတွေဖြစ်ခဲ့တာကြောင့် ဖြစ်သည်။ သို့ရာတွင် စစ်အတွင်း အသုံး ကျခဲ့ပုံများကို မမေ့နိုင်ကြသည့်အတိုင်း အချို့နိုင်ငံမှ လေသင်္ဘောများကို တစ်မျိုးတစ်ဖုံ ပြုပြင်ပေးပြီးလျှင် ပြန်လည်အသုံးပြုကောင်းပြုစရာရှိပေသည်။

Leave a Reply