တစ္ေခတ္တစ္ခါက ႏုိင္ငံေက်ာ္လက္ေ၀ွ႔သမား က်ားဘညိမ္း အေၾကာင္း

Posted on

Photos : Tiger Ba Nyein Page

ဦးဘညိမ္း ေခၚ က်ားဘညိမ္းကို ၈၂ လမ္းႏွင့္ ၈၃ လမ္းၾကား၊ ၂၅ လမ္း မႏၲေလးၿမိဳ႕တြင္ ဦးဘိုးမင္းႏွင့္ ေဒၚမမႀကီးတို႔က ၁၉၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၃ ရက္ေန႔တြင္ ေမြးဖြားခဲ့သည္။ သူ႕ညီမ်ားမွာ ဦးဘသိမ္း (စာေရးဆရာ ခ်စ္ၫို)၊ ဦးဘစိမ္းႏွင့္ ဦးဘဟိန္းတို႔ ျဖစ္ၾကသည္။

ငယ္စဥ္အခါက မႏၲေလးၿမိဳ႕ရွိ ဝက္စလီယံ သာသနာျပဳ ေက်ာင္းတြင္ ပညာ စတင္သင္ၾကားၿပီး အမ်ိဳးသား ေခါင္းေဆာင္ႀကီး တဦးျဖစ္သည့္ ဆရာႀကီး ဦးရာဇာတ္ ေက်ာင္းအုပ္ အျဖစ္ တာဝန္ ထမ္းေဆာင္သည့္ အမ်ိဳးသား အထက္တန္းေက်ာင္းတြင္ ေျပာင္းေ႐ႊ႕ ပညာသင္ယူခဲ့သည္။ ဦးရာဇာတ္က ေက်ာင္းသားမ်ား၏ အားကစား လုပ္ငန္းအေနျဖင့္ အဂၤလိပ္ လက္ေဝွ႔ထိုးျခင္း အတတ္ပညာကို ႏိုင္ငံျခားသား ပညာရွင္တဦး ျဖစ္သည့္ ဘီလ္ဖစ္ရွားအား သင္ၾကား ပို႔ခ်ေစခဲ့သည္။

အမ်ိဳးသားေက်ာင္းထြက္ အဂၤလိပ္ လက္ေဝွ႔သမားမ်ားတြင္ ဦးဘညိမ္းသည္ ေနာင္အခါတြင္ ျမန္မာႏိုင္ငံ၏ ဖယ္သာဝိတ္တန္း လက္ေဝွ႔ခ်န္ပီယံ အျဖစ္ ထင္ရွားခဲ့သည္ သာမက ၁၉၅၂ ခုႏွစ္က ဖင္လန္ႏိုင္ငံ ဟယ္လ္ဆင္ကီးၿမိဳ႕တြင္ က်င္းပသည့္ ကမၻာ့ အိုလံပစ္ပြဲေတာ္၌ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး လက္ေဝွ႔ ယွဥ္ၿပိဳင္ခဲ့သည္။

က်ားဘညိမ္း အမည္ရခဲ့ပုံ

ဆရာမွာ က်ားထုိး အလြန္ ၀ါသနာပါသည္။ ဆယ္ႏွစ္သား အရြယ္တြင္ ညီျဖစ္သူ ကိုဘသိန္း (ခ်စ္ညိဳ) ႏွင့္ ၁၂ ေကာင္ က်ားထိုးရာ သူႏိုင္ ငါ႐ႈံး၊ ဘတျပန္ က်ားတျပန္ ျဖစ္ေနသည္။ ထုိအခါ မႏၱေလးမွ က်ားဘုရင္ ဦးဘသိန္း ေရာက္လာၿပီး “ မင္းတို႔ ကစားပုံကလည္းကြာ” ဟု အျပစ္တင္ကာ က်ားေရႊ႕နည္းမ်ားကို သင္ေပးခဲ့သည္။ ထိုစဥ္က မႏၱေလးတြင္ ပန္းခ်ီဆရာမ်ား ေခတ္စားေနသည္။ ဘရင္ကေလး၊ ၾကြယ္ေလး၊ ညိဳေလးစသည့္ ပန္းခ်ီဆရာ တစုက သူတို႔၏ ပန္းခ်ီပုံမ်ား ေအာက္တြင္ ကုိယ့္နာမည္ကိုယ္ လက္မွတ္ထိုးခဲ့သည္။

က်ားဘုရား (ခ) က်ားဘုရင္ ဦးဘသိန္းကလည္း က်ားႀကီး ဘသိန္းဟု လက္မွတ္ထုိးသည္။ သို႔ႏွင့္ ဆရာညိမ္းမွာ က်ားကေလး ျဖစ္လာခဲ့သည္။ ၁၉၄၇ ခုႏွစ္က က်င္းပခဲ့ေသာ လက္ေ၀ွ႕ပြဲတြင္ ဘင္တန္၀ိတ္တန္းတြင္ ဆရာ ခ်န္ပီယံ ျဖစ္ခဲ့သည္။ ဒီအခါ လူထုသတင္းစာမွာ “ က်ားဘညိမ္း ႏိုင္သြားၿပီ ” ဟု ေရးလိုက္ရာ ထုိအခ်ိန္မွ စ၍ က်ားဘညိမ္း ျဖစ္လာတယ္ဟု ဆရာက ရွင္းျပဖူးသည္။

က်ားဘညိမ္းသည္ ၁၉၅၃ မွစ၍ ျမန္မာ့လက္ေဝွ႔ကိုေျမဝိုင္းလက္ေဝွ႔အဆင့္မွအျမင့္စင္အထိျဖစ္ေအာင္အားထုတ္ခဲ့သူတစ္ဦးျဖစ္သည္။ လက္ေဝွ႔ေက်ာ္မ်ားစြာကိုစင္တင္ေပးခဲ့သူတစ္ဦးလည္းျဖစ္သည္။ အခ်ိဳ႕တိုကိုမူရင္းနာမည္ေဖ်ာက္ၿပီးလက္ေဝွ႔အမည္မ်ားကိုယ္တိုင္ေပးခဲ့သည္။ သမန္းက်ား၊ သမိန္ဗရမ္းတို႔မွာ သူေပးခဲ့ေသာနာမည္မ်ားပင္။ ၁၉၆၀ ခုႏွစ္ေအာက္တိုဘာတြင္ ပီကင္း ရွန္ဟဲၿမိဳ႕မ်ားသို႔ ဦးတိုးလုံ၊ ဦးဗိုလ္စိန္၊ ျဖဴႀကီးစသည့္ပညာသည္လက္ေဝွ႔ေက်ာ္ ၁၀ ဦးတို႔ကို ဦးေဆာင္ေခၚယူ၍ ႐ိုးရာလက္ေဝွ႔ကို ထိုးသတ္ျပခဲ့သည္။

သိပၸံနည္းက် လက္ေဝွ႔သမား

ဆရာ က်ားဘညိမ္းသည္ လက္ေဝွ႔ထိုးသက္ အႏွစ္ ၂ဝ တြင္ ပြဲေပါင္း ၅ဝ ေက်ာ္ ထုိးသတ္ခဲ့သည္။ ထုိငါးဆယ္ေက်ာ္တြင္ ၇ ပြဲသာ အမွတ္ျဖင့္ ႐ႈံးခဲ့သည္။ က်န္ပြဲ ၄ဝ ေက်ာ္တြင္ က်ားဘညိမ္းက ႏိုင္ခဲ့သည္။ ထုိပြဲေလးေက်ာ္ အနက္ သူ အႏွစ္သက္ဆုံး ဆုဖလားပြဲမွာ သိပၸံနည္းအက်ဆုံး လက္ေဝွ႔ထိုးသူဆု ရခဲ့သည့္ ပြဲပင္ျဖစ္၏။ လြတ္လပ္ေရး ရၿပီးစ ၁၉၄၉ ခုႏွစ္အတြင္း က်ားဘညိမ္းသည္ မင္းၾကြယ္၊ ဆင္ျမဴရယ္၊ ကီး၀ႈိက္၊ ေစာဟာဒီ၊ မဂ်စ္တို႔ႏွင့္ ယွဥ္ၿပိဳင္ ထုိးသတ္ခဲ့သည္။

တစ္ညတြင္ က်ားဘညိမ္းႏွင့္ စိန္ေပါလ္မွ လင္းမာဆယ္တို႔ ထုိးၾကသည္။ ထုိပြဲတြင္ က်ားဘညိမ္းက မာဆယ္အား ေရွာင္ကာ တိမ္းကာ ဘယ္၀ိုက္၊ ညာ ေျဖာင့္လက္သီးမ်ားျဖင့္ တစ္ဖက္လူကို အႏုိင္ယူခဲ့သည္။ ဒိုင္အဖြဲ႕က က်ားဘညိမ္းကို သိပၸံနည္းက် ထုိးသတ္ႏိုင္သူဆု ေပးသည္။

အားလပ္သည့္ ရက္တရက္တြင္ က်ားဘညိမ္းသည္ လက္ဆည္ကန္ရွိ လူထု သတင္းစာတိုက္သို႔ ေရာက္သြားၿပီး ေဒၚအမာ၏ စားပြဲတြင္ အားရပါးရ စကားကို ေဖာင္ေလာက္ေအာင္ ေျပာေနသည္။ သူက လက္ေဝွ႔အေၾကာင္း ေျပာရလွ်င္ ထမင္းေမ့၊ ဟင္းေမ့ ေျပာသည္။ ဤတြင္ ေဒၚအမာက ၾကားျဖတ္ကာ“ ရွင္ထုိးသမွ် ပြဲေတြထဲမွာ ဘယ္ပြဲဟာ အၿမိန္ဆုံးလဲ ” ဟု ေမးလိုက္သည္။

ဆရာ ဘညိမ္းက “၁၉၅၁ ခု၊ အိႏိၵယျပည္ ဖယ္သာ၀ိတ္ ခ်န္ပီယံ ဗီဘို႔စ္နဲ႔ ထုိးရတဲ့ပြဲဟာ အၿမိန္ဆုံးပဲဗ်” ဟု ဆိုသည္။ အဲ့ဒီညက အိႏိၵယမွ လက္ေဝွ႔ ၇ ဆုိင္း လာထိုးသည္။ က်ားဘညိမ္းႏွင့္ ထိုးသည့္ပြဲကလြဲၿပီး အားလုံး ႐ႈံးၾကသည္။ မဂ်စ္၊ မ်ဳိးသန္႔၊ ေအာင္ျမင့္၊ ဆင္ျမဴရယ္ တို႔ ႐ႈံးၿပီး က်ားဘညိမ္း တဦးသာ ႏိုင္ခဲ့သျဖင့္ လက္ေဝွ႔ပြဲမ်ား အၿပီးတြင္ အိုးေဝ သတင္းစာက “က်ားဘညိမ္း တေယာက္ရွိလို႔သာ ဗမာေတြ ေခါင္းေဖာ္ႏိုင္ေတာ့သည္” ဟု ေရးလိုက္သည္။

“အဲဒီည လက္ေဝွ႔မထုိးခင္ က်ေနာ့္မိန္းမ မၾကည္က သိပ္အစိုးရိမ္ လြန္ၿပီး မ်က္စိမ်က္ႏွာ ပ်က္ေနေတာ့ က်ေနာ္က စိတ္မပူပါနဲ႔ကြာ၊ ငါႏိုင္ေအာင္ ထုိးမွာပါ” ဟု ေျပာ၍ စင္ေပၚတက္ၿပီး ဘို႔စ္ႏွင့္ ရင္ဆိုင္ ထုိးခဲ့သည္။ ထုိအခ်ိန္က ဘို႔စ္သည္ အိုလံပစ္တြင္ ၂ ႀကိမ္ ဆုရခဲ့ေသာ အိႏိၵယ၏ အေကာင္းဆုံး လက္ေဝွ႔အေက်ာ္ ျဖစ္၏။

အိႏိၵယ လက္ေဝွ႔အေက်ာ္ ဘို႔စ္ကို က်ားဘညိမ္းက အႏိုင္ယူ ထုိးသတ္သျဖင့္ ဗမာလူထုက က်ားဘညိမ္းကို အထူး ခ်ီးက်ဴးခဲ့ေလသည္။ ထုိ႔ေနာက္ ၁၉၅၂ ခု ဖင္လန္တြင္ ျပဳလုပ္ေသာ ၁၅ ႀကိမ္ေျမာက္ အိုလံပစ္ပြဲသို႔ က်ားဘညိမ္း သြားခြင့္ရသည္။ ထိုစဥ္က က်ားဘညိမ္းမွာ အသက္ ၂၈ ႏွစ္ရွိၿပီး ကေလး သုံးေယာက္အေဖ ျဖစ္ေနေလၿပီ။

ျပည္တြင္းပြဲမ်ားတြင္ က်ားဘညိမ္း လက္ေဝွ႔ထိုးတိုင္း စိတ္မခ်သျဖင့္ ေဒၚၾကည္က ရင္တမမျဖင့္ လိုက္လံၾကည့္႐ႈ အားေပးခဲ့၏။ ဆရာဘညိမ္း လက္ေဝွ႔ထုိးပုံမွာ ေရွာင္ေျပးၿပီးမွ ျပန္ထုိးျခင္း မဟုတ္။ ေ၀းေ၀း ထြက္မထိုးဘဲ တဖက္ လက္ေဝွ႔သမားကို ရဲရဲ၀့ံ၀ံ့ ၾကည့္ေနၿပီး သူလက္ကြက္ ပ်က္သည္ႏွင့္ အဆက္မျပတ္ ဝင္ထိုးနည္းျဖစ္သည္။ ပရိသတ္က ဘညိမ္းကြ . . . က်ားဘညိမ္းကြ ဟု ေအာ္ေလ သူ၏ လက္သီးထိုးခ်က္က ျမန္ေလျဖစ္သည္။

လူငယ္လက္ေဝွ႔သမားမ်ား ေမြးထုတ္

က်ားဘညိမ္းသည္ အနာဂတ္ မ်ဳိးဆက္သစ္ လက္ေဝွ႔လူငယ္မ်ားကိုလည္း ေမြးထုတ္ေပးခဲ့သည္။ မႏၱေလး ဒါးတန္း ၂၅ လမ္းမွာေရာ၊ ၈၃ လမ္းဘက္မွာပါ လက္ေဝွ႔ကလပ္မ်ား ေထာင္ထားသည္။ သို႔အတြက္ မႏၱေလးမွ လက္ေဝွ႔အေက်ာ္ ၂ဝ ေလာက္ ထြက္လာသည္။ ရဲခ်စ္၊ ရဲေဆြ၊ ရဲျမင့္၊ ရဲတင့္တို႔မွာ က်ားဘညိမ္း၏ တပည့္ေက်ာ္မ်ား ျဖစ္သည္။ ထုိမႏၱေလးသားမ်ား အျပင္ ရန္ကုန္ဘက္မွ တင္ထြန္း၊ အဲလက္ဇန္းျဒား၊ ေရတပ္မွ လွေရႊတို႔မွာလည္း ဆရာညိမ္း၏ တပည့္မ်ား ျဖစ္သည္။

မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္ မ်ားတြင္လည္း ဆရာ့ တပည့္မ်ား ရွိသည္။ တေန႔တြင္ ဆရာဘညိမ္းက အေမမာ (လူထု ေဒၚအမာ) အား “ေဒၚအမာ့ႏွယ္ က်ေနာ္ဟာ လက္ေ၀ွ႔ေၾကာင့္ ၁၅ ႀကိမ္ေျမာက္ ကမၻာ့အိုလံပစ္ပြဲကို ေရာက္ခဲ့ရတယ္။ ဟဲလ္စင္ကီးလည္း ေရာက္တယ္။ ဘာကင္ဟန္ နန္းေတာ္ထဲလည္း ဝင္ဖူးတယ္။ က်ေနာ့္ဘဝမွာ အေနာက္ ဘာကင္ဟန္၊ အေရွ႕ တိန္အန္ျမင္ (တ႐ုတ္ျပည္) ထိသြားၿပီး ေခါင္းေဆာင္ႀကီးမ်ားႏွင့္ စကားေျပာရတာ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူးဗ်” ဟု ေျပာခဲ့ဖူးသည္။

မႏၲေလးၿမိဳ႕တြင္ ေနထိုင္စဥ္ ၁၉၄ဝ ျပည့္ႏွစ္တြင္ မႏၲေလးၿမိဳ႕သူ ေဒၚၾကည္ၾကည္ႏွင့္ အိမ္ေထာင္ က်ခဲ့သည္။ မႏၲေလး လူထု သတင္းစာတိုက္ ပိုင္ရွင္ လူထုဦးလွ၊ေဒၚအမာတို႔ႏွင့္ ရင္းႏွီးသျဖင့္ လူထု သတင္းစာတြင္ အားကစား သတင္းမ်ား ဝင္ေရာက္ ေရးသားခဲ့သည္။ ၁၉၅၆ ခုႏွစ္တြင္ အမ်ိဳးသား ကိုယ္လက္ ႀကံ႕ခိုင္ေရး ေကာင္စီ၌ လက္ေဝွ႔ နည္းစနစ္မႉး အျဖစ္ ဝင္ေရာက္ တာဝန္ ထမ္းေဆာင္သျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၿပီး ရန္ကုန္ စာေပေလာကႏွင့္ နီးစပ္လာခဲ့သည္။

ျမဝတီ၊ ေငြတာရီ၊ ႐ႈမဝ အစရွိသည့္ မဂၢဇင္းႀကီးမ်ားတြင္လည္း အားကစား ေဆာင္းပါးမ်ား ဝင္ေရာက္ ေရးသားခဲ့သည္။ ေနာင္အခါတြင္ အားကစားဂ်ာနယ္ တခု ျဖစ္သည့္ တံခြန္ဂ်ာနယ္ ေပၚထြက္လာသည့္ အခါ၌လည္း ပင္တိုင္ ဝင္ေရာက္ ေရးသားခဲ့သည္။ အေထာက္ေတာ္ လွေအာင္၏ သတင္းဂ်ာနယ္တြင္ ျမန္မာ့႐ိုးရာ လက္ေဝွ႔ႏွင့္ ပတ္သက္၍ ေဆာင္းပါးမ်ား အဆက္မျပတ္ ေရးသားခဲ့သည္။

စာေရးဆရာ ရန္ကုန္ဘေဆြ၏ ကူညီပံ့ပိုးမႈျဖင့္ မင္းေခါင္ အမည္ရွိ လုံးခ်င္း ဝတၳဳတပုဒ္ကို ေရးသား ထုတ္ေဝခဲ့သည္။ မင္းေခါင္သည္ ထိုေခတ္ အခါက ေအာင္ျမင္ ထင္ရွားခဲ့ေသာ မႏၲေလး ရတနာပုံေခတ္ ေနာက္ခံ ဝတၳဳတပုဒ္ ျဖစ္ခဲ့သည္။ ေၾကးစားလက္ေဝွ႔ ထိုးျခင္းအေၾကာင္းကို ေနာက္ခံထားကာ ေရးသားခဲ့ေသာ သဲခင္းေပၚမွ ေသြးတကြက္ ဝတၳဳကို လည္းေကာင္း၊ ေရးေဖာ္ စာေရးဆရာမ်ား ျဖစ္ၾကေသာ ဗိုလ္ျမင့္၊ ဗိုလ္ဘေသာ္၊ ေမာင္သင္တို႔ႏွင့္ တြဲဖက္ကာ အတၳဳပၸတၱိေလးဦး စုစည္းမႈတြင္၎၊ ပါဝင္ ေရးသားခဲ့သည္။

ကမၻာ့လက္ေဝွ႔ ခ်န္ပီယံ လက္ေဝွ႔ေက်ာ္မ်ား၏ အတၳဳပၸတၱိမ်ား ျဖစ္ေသာ ကမၻာေက်ာ္ လက္သီးမဲႀကီးမ်ား၊ မိုဟာမက္အလီ၊ ကင္ရွာဆာမွ မနီလာသို႔ လုံးခ်င္း စာအုပ္မ်ားကိုလည္း ေရးသား ထုတ္ေဝခဲ့သည္။ ဦးဘညိမ္းသည္ လက္ေဝွ႔ ထိုးသတ္စဥ္ ကာလက က်ားတေကာင္ကဲ့သို႔ ရဲရဲရင့္ရင့္ ထိုးသတ္တတ္ျခင္း အျပင္ အဂၤလိပ္ ဆယ့္ႏွစ္ေကာင္က်ား ကစားရာတြင္လည္း ကၽြမ္းက်င္သူ ျဖစ္ျခင္းေၾကာင့္ က်ားဘညိမ္းဟု တင္စားခဲ့ၾကသည္။ မႏၲေလး သတင္းစာမ်ားက သူ႕ေအာင္ျမင္မႈမ်ားကို ေရးသား ေဖာ္ျပၾကသူတိုင္း “က်ားကေလး” ဟု ေရးသားခဲ့ၾကသည္။

စာေပကို ဝါသနာအရ ေရးသားခဲ့သည့္ အျပင္ က်ားဘညိမ္းသည္ ပန္းခ်ီကိုလည္း ကၽြမ္းကၽြမ္းက်င္က်င္ ေရးဆြဲတတ္သူ ျဖစ္သည္။ မႏၲေလးတြင္ ေနထိုင္စဥ္ ကာလက စတိုးဆိုင္ႀကီးမ်ား၏ သံဆိုင္းဘုတ္ႀကီးမ်ားကို တာဝန္ယူ ေရးဆြဲခဲ့သူ ျဖစ္သည္။ ျမန္မာ့႐ိုးရာ လက္ေဝွ႔ကို အပတ္တကုတ္ ႀကိဳးပမ္း ေဖာ္ထုတ္ခဲ့သူ အျဖစ္လည္း အားကစား ဝါသနာရွင္မ်ားက သိထားခဲ့ၾကသည္။ သူတာဝန္ယူ က်င္းပသည့္ ႐ိုးရာ လက္ေဝွ႔ပြဲမ်ားတြင္ ပါဝင္ ယွဥ္ၿပိဳင္ၾကသည့္ လက္ေဝွ႔ေက်ာ္မ်ား အားမာန္ တက္ေစရန္ လက္တန္းစပ္ဆိုကာ ႐ြတ္ခဲ့သည့္ လကၤာမ်ားမွာလည္း ယေန႔ထက္တိုင္ ႐ိုးရာ လက္ေဝွ႔ပြဲမ်ားတြင္ ၾကားေနရဆဲ ျဖစ္သည္။

က်ားဘညိမ္းသည္ ၁၉၇၉ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္ေန႔ နံနက္ ၆ နာရီ မိနစ္ ၄ဝ အခ်ိန္တြင္ အစာအိမ္ကင္ဆာ ေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ မိသားစုႏွင့္အတူ ပုဇြန္ေတာင္ၿမိဳ႕နယ္ အမွတ္ (၃) ရပ္ကြက္၊ ျပည္ေတာ္သစ္အိမ္ရာ တိုက္အမွတ္ (၄)၊ အခန္းအမွတ္ (၁၃) တြင္ ေနထိုင္လ်က္ ရွိသည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၆ ႏွစ္ျဖစ္ၿပီး ဇနီး ေဒၚၾကည္ၾကည္ သားသမီးမ်ား ျဖစ္ၾကသည့္ ဝင္းၿငိမ္း၊ ဆန္နီညိမ္း၊ ရဲျမင့္ညိမ္း၊ မ်ိဳးျမင့္ညိမ္း၊ မာလာညိမ္း၊ ထြန္းေမာင္ညိမ္း၊ ထြန္းေအာင္ညိမ္းတို႔ က်န္ရစ္ခဲ့ၾကသည္။

လူထုေဒၚအမာ ေျပာေသာ က်ားဘညိမ္း – နီၿငိမ္း (အညာတကၠသိုလ္)
ႏွစ္ဆယ္ရာစု ျမန္မာ စာေရး ဆရာမ်ားႏွင့္ စာစုစာရင္း (စတုတၳတြဲ)
Myanmar Wikipedia


တစ်ခေတ်တစ်ခါက နိုင်ငံကျော်လက်ဝှေ့သမား ကျားဘညိမ်း အကြောင်း (unicode)

ဦးဘညိမ်း ခေါ် ကျားဘညိမ်းကို ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၅ လမ်း မန္တလေးမြို့တွင် ဦးဘိုးမင်းနှင့် ဒေါ်မမကြီးတို့က ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့ညီများမှာ ဦးဘသိမ်း (စာရေးဆရာ ချစ်ညို)၊ ဦးဘစိမ်းနှင့် ဦးဘဟိန်းတို့ ဖြစ်ကြသည်။

ငယ်စဉ်အခါက မန္တလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုးသား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။ ဦးရာဇာတ်က ကျောင်းသားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။ အမျိုးသားကျောင်းထွက် အင်္ဂလိပ် လက်ဝှေ့သမားများတွင် ဦးဘညိမ်းသည် နောင်အခါတွင် မြန်မာနိုင်ငံ၏ ဖယ်သာဝိတ်တန်း လက်ဝှေ့ချန်ပီယံ အဖြစ် ထင်ရှားခဲ့သည် သာမက ၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ကျင်းပသည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လက်ဝှေ့ ယှဉ်ပြိုင်ခဲ့သည်။

ကျားဘညိမ်း အမည်ရခဲ့ပုံ

ဆရာမှာ ကျားထိုး အလွန် ဝါသနာပါသည်။ ဆယ်နှစ်သား အရွယ်တွင် ညီဖြစ်သူ ကိုဘသိန်း (ချစ်ညို) နှင့် ၁၂ ကောင် ကျားထိုးရာ သူနိုင် ငါရှုံး၊ ဘတပြန် ကျားတပြန် ဖြစ်နေသည်။ ထိုအခါ မန္တလေးမှ ကျားဘုရင် ဦးဘသိန်း ရောက်လာပြီး “ မင်းတို့ ကစားပုံကလည်းကွာ” ဟု အပြစ်တင်ကာ ကျားရွှေ့နည်းများကို သင်ပေးခဲ့သည်။ ထိုစဉ်က မန္တလေးတွင် ပန်းချီဆရာများ ခေတ်စားနေသည်။ ဘရင်ကလေး၊ ကြွယ်လေး၊ ညိုလေးစသည့် ပန်းချီဆရာ တစုက သူတို့၏ ပန်းချီပုံများ အောက်တွင် ကိုယ့်နာမည်ကိုယ် လက်မှတ်ထိုးခဲ့သည်။

ကျားဘုရား (ခ) ကျားဘုရင် ဦးဘသိန်းကလည်း ကျားကြီး ဘသိန်းဟု လက်မှတ်ထိုးသည်။ သို့နှင့် ဆရာညိမ်းမှာ ကျားကလေး ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့သော လက်ဝှေ့ပွဲတွင် ဘင်တန်ဝိတ်တန်းတွင် ဆရာ ချန်ပီယံ ဖြစ်ခဲ့သည်။ ဒီအခါ လူထုသတင်းစာမှာ “ ကျားဘညိမ်း နိုင်သွားပြီ ” ဟု ရေးလိုက်ရာ ထိုအချိန်မှ စ၍ ကျားဘညိမ်း ဖြစ်လာတယ်ဟု ဆရာက ရှင်းပြဖူးသည်။

ကျားဘညိမ်းသည် ၁၉၅၃ မှစ၍ မြန်မာ့လက်ဝှေ့ကိုမြေဝိုင်းလက်ဝှေ့အဆင့်မှအမြင့်စင်အထိဖြစ်အောင်အားထုတ်ခဲ့သူတစ်ဦးဖြစ်သည်။ လက်ဝှေ့ကျော်များစွာကိုစင်တင်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ အချို့တိုကိုမူရင်းနာမည်ဖျောက်ပြီးလက်ဝှေ့အမည်များကိုယ်တိုင်ပေးခဲ့သည်။ သမန်းကျား၊ သမိန်ဗရမ်းတို့မှာ သူပေးခဲ့သောနာမည်များပင်။ ၁၉၆၀ ခုနှစ်အောက်တိုဘာတွင် ပီကင်း ရှန်ဟဲမြို့များသို့ ဦးတိုးလုံ၊ ဦးဗိုလ်စိန်၊ ဖြူကြီးစသည့်ပညာသည်လက်ဝှေ့ကျော် ၁၀ ဦးတို့ကို ဦးဆောင်ခေါ်ယူ၍ ရိုးရာလက်ဝှေ့ကို ထိုးသတ်ပြခဲ့သည်။

သိပ္ပံနည်းကျ လက်ဝှေ့သမား

ဆရာ ကျားဘညိမ်းသည် လက်ဝှေ့ထိုးသက် အနှစ် ၂ဝ တွင် ပွဲပေါင်း ၅ဝ ကျော် ထိုးသတ်ခဲ့သည်။ ထိုငါးဆယ်ကျော်တွင် ၇ ပွဲသာ အမှတ်ဖြင့် ရှုံးခဲ့သည်။ ကျန်ပွဲ ၄ဝ ကျော်တွင် ကျားဘညိမ်းက နိုင်ခဲ့သည်။ ထိုပွဲလေးကျော် အနက် သူ အနှစ်သက်ဆုံး ဆုဖလားပွဲမှာ သိပ္ပံနည်းအကျဆုံး လက်ဝှေ့ထိုးသူဆု ရခဲ့သည့် ပွဲပင်ဖြစ်၏။ လွတ်လပ်ရေး ရပြီးစ ၁၉၄၉ ခုနှစ်အတွင်း ကျားဘညိမ်းသည် မင်းကြွယ်၊ ဆင်မြူရယ်၊ ကီးဝှိုက်၊ စောဟာဒီ၊ မဂျစ်တို့နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။ တစ်ညတွင် ကျားဘညိမ်းနှင့် စိန်ပေါလ်မှ လင်းမာဆယ်တို့ ထိုးကြသည်။ ထိုပွဲတွင် ကျားဘညိမ်းက မာဆယ်အား ရှောင်ကာ တိမ်းကာ ဘယ်ဝိုက်၊ ညာ ဖြောင့်လက်သီးများဖြင့် တစ်ဖက်လူကို အနိုင်ယူခဲ့သည်။ ဒိုင်အဖွဲ့က ကျားဘညိမ်းကို သိပ္ပံနည်းကျ ထိုးသတ်နိုင်သူဆု ပေးသည်။

အားလပ်သည့် ရက်တရက်တွင် ကျားဘညိမ်းသည် လက်ဆည်ကန်ရှိ လူထု သတင်းစာတိုက်သို့ ရောက်သွားပြီး ဒေါ်အမာ၏ စားပွဲတွင် အားရပါးရ စကားကို ဖောင်လောက်အောင် ပြောနေသည်။ သူက လက်ဝှေ့အကြောင်း ပြောရလျှင် ထမင်းမေ့၊ ဟင်းမေ့ ပြောသည်။ ဤတွင် ဒေါ်အမာက ကြားဖြတ်ကာ“ ရှင်ထိုးသမျှ ပွဲတွေထဲမှာ ဘယ်ပွဲဟာ အမြိန်ဆုံးလဲ ” ဟု မေးလိုက်သည်။ ဆရာ ဘညိမ်းက “၁၉၅၁ ခု၊ အိန္ဒိယပြည် ဖယ်သာဝိတ် ချန်ပီယံ ဗီဘို့စ်နဲ့ ထိုးရတဲ့ပွဲဟာ အမြိန်ဆုံးပဲဗျ” ဟု ဆိုသည်။ အဲ့ဒီညက အိန္ဒိယမှ လက်ဝှေ့ ၇ ဆိုင်း လာထိုးသည်။ ကျားဘညိမ်းနှင့် ထိုးသည့်ပွဲကလွဲပြီး အားလုံး ရှုံးကြသည်။ မဂျစ်၊ မျိုးသန့်၊ အောင်မြင့်၊ ဆင်မြူရယ် တို့ ရှုံးပြီး ကျားဘညိမ်း တဦးသာ နိုင်ခဲ့သဖြင့် လက်ဝှေ့ပွဲများ အပြီးတွင် အိုးဝေ သတင်းစာက “ကျားဘညိမ်း တယောက်ရှိလို့သာ ဗမာတွေ ခေါင်းဖော်နိုင်တော့သည်” ဟု ရေးလိုက်သည်။

“အဲဒီည လက်ဝှေ့မထိုးခင် ကျနော့်မိန်းမ မကြည်က သိပ်အစိုးရိမ် လွန်ပြီး မျက်စိမျက်နှာ ပျက်နေတော့ ကျနော်က စိတ်မပူပါနဲ့ကွာ၊ ငါနိုင်အောင် ထိုးမှာပါ” ဟု ပြော၍ စင်ပေါ်တက်ပြီး ဘို့စ်နှင့် ရင်ဆိုင် ထိုးခဲ့သည်။ ထိုအချိန်က ဘို့စ်သည် အိုလံပစ်တွင် ၂ ကြိမ် ဆုရခဲ့သော အိန္ဒိယ၏ အကောင်းဆုံး လက်ဝှေ့အကျော် ဖြစ်၏။

အိန္ဒိယ လက်ဝှေ့အကျော် ဘို့စ်ကို ကျားဘညိမ်းက အနိုင်ယူ ထိုးသတ်သဖြင့် ဗမာလူထုက ကျားဘညိမ်းကို အထူး ချီးကျူးခဲ့လေသည်။ ထို့နောက် ၁၉၅၂ ခု ဖင်လန်တွင် ပြုလုပ်သော ၁၅ ကြိမ်မြောက် အိုလံပစ်ပွဲသို့ ကျားဘညိမ်း သွားခွင့်ရသည်။ ထိုစဉ်က ကျားဘညိမ်းမှာ အသက် ၂၈ နှစ်ရှိပြီး ကလေး သုံးယောက်အဖေ ဖြစ်နေလေပြီ။

ပြည်တွင်းပွဲများတွင် ကျားဘညိမ်း လက်ဝှေ့ထိုးတိုင်း စိတ်မချသဖြင့် ဒေါ်ကြည်က ရင်တမမဖြင့် လိုက်လံကြည့်ရှု အားပေးခဲ့၏။ ဆရာဘညိမ်း လက်ဝှေ့ထိုးပုံမှာ ရှောင်ပြေးပြီးမှ ပြန်ထိုးခြင်း မဟုတ်။ ဝေးဝေး ထွက်မထိုးဘဲ တဖက် လက်ဝှေ့သမားကို ရဲရဲဝံ့ဝံ့ ကြည့်နေပြီး သူလက်ကွက် ပျက်သည်နှင့် အဆက်မပြတ် ဝင်ထိုးနည်းဖြစ်သည်။ ပရိသတ်က ဘညိမ်းကွ . . . ကျားဘညိမ်းကွ ဟု အော်လေ သူ၏ လက်သီးထိုးချက်က မြန်လေဖြစ်သည်။

လူငယ်လက်ဝှေ့သမားများ မွေးထုတ်

ကျားဘညိမ်းသည် အနာဂတ် မျိုးဆက်သစ် လက်ဝှေ့လူငယ်များကိုလည်း မွေးထုတ်ပေးခဲ့သည်။ မန္တလေး ဒါးတန်း ၂၅ လမ်းမှာရော၊ ၈၃ လမ်းဘက်မှာပါ လက်ဝှေ့ကလပ်များ ထောင်ထားသည်။ သို့အတွက် မန္တလေးမှ လက်ဝှေ့အကျော် ၂ဝ လောက် ထွက်လာသည်။ ရဲချစ်၊ ရဲဆွေ၊ ရဲမြင့်၊ ရဲတင့်တို့မှာ ကျားဘညိမ်း၏ တပည့်ကျော်များ ဖြစ်သည်။ ထိုမန္တလေးသားများ အပြင် ရန်ကုန်ဘက်မှ တင်ထွန်း၊ အဲလက်ဇန်းဒြား၊ ရေတပ်မှ လှရွှေတို့မှာလည်း ဆရာညိမ်း၏ တပည့်များ ဖြစ်သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် များတွင်လည်း ဆရာ့ တပည့်များ ရှိသည်။ တနေ့တွင် ဆရာဘညိမ်းက အမေမာ (လူထု ဒေါ်အမာ) အား “ဒေါ်အမာ့နှယ် ကျနော်ဟာ လက်ဝှေ့ကြောင့် ၁၅ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပွဲကို ရောက်ခဲ့ရတယ်။ ဟဲလ်စင်ကီးလည်း ရောက်တယ်။ ဘာကင်ဟန် နန်းတော်ထဲလည်း ဝင်ဖူးတယ်။ ကျနော့်ဘဝမှာ အနောက် ဘာကင်ဟန်၊ အရှေ့ တိန်အန်မြင် (တရုတ်ပြည်) ထိသွားပြီး ခေါင်းဆောင်ကြီးများနှင့် စကားပြောရတာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဗျ” ဟု ပြောခဲ့ဖူးသည်။

မန္တလေးမြို့တွင် နေထိုင်စဉ် ၁၉၄ဝ ပြည့်နှစ်တွင် မန္တလေးမြို့သူ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင် ကျခဲ့သည်။ မန္တလေး လူထု သတင်းစာတိုက် ပိုင်ရှင် လူထုဦးလှ၊ဒေါ်အမာတို့နှင့် ရင်းနှီးသဖြင့် လူထု သတင်းစာတွင် အားကစား သတင်းများ ဝင်ရောက် ရေးသားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ၌ လက်ဝှေ့ နည်းစနစ်မှူး အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်သဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရန်ကုန် စာပေလောကနှင့် နီးစပ်လာခဲ့သည်။

မြဝတီ၊ ငွေတာရီ၊ ရှုမဝ အစရှိသည့် မဂ္ဂဇင်းကြီးများတွင်လည်း အားကစား ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့သည်။ နောင်အခါတွင် အားကစားဂျာနယ် တခု ဖြစ်သည့် တံခွန်ဂျာနယ် ပေါ်ထွက်လာသည့် အခါ၌လည်း ပင်တိုင် ဝင်ရောက် ရေးသားခဲ့သည်။ အထောက်တော် လှအောင်၏ သတင်းဂျာနယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ပတ်သက်၍ ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။

စာရေးဆရာ ရန်ကုန်ဘဆွေ၏ ကူညီပံ့ပိုးမှုဖြင့် မင်းခေါင် အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သည်။ မင်းခေါင်သည် ထိုခေတ် အခါက အောင်မြင် ထင်ရှားခဲ့သော မန္တလေး ရတနာပုံခေတ် နောက်ခံ ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ကြေးစားလက်ဝှေ့ ထိုးခြင်းအကြောင်းကို နောက်ခံထားကာ ရေးသားခဲ့သော သဲခင်းပေါ်မှ သွေးတကွက် ဝတ္ထုကို လည်းကောင်း၊ ရေးဖော် စာရေးဆရာများ ဖြစ်ကြသော ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲဖက်ကာ အတ္ထုပ္ပတ္တိလေးဦး စုစည်းမှုတွင်၎င်း၊ ပါဝင် ရေးသားခဲ့သည်။

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ လက်ဝှေ့ကျော်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သော ကမ္ဘာကျော် လက်သီးမဲကြီးများ၊ မိုဟာမက်အလီ၊ ကင်ရှာဆာမှ မနီလာသို့ လုံးချင်း စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ဦးဘညိမ်းသည် လက်ဝှေ့ ထိုးသတ်စဉ် ကာလက ကျားတကောင်ကဲ့သို့ ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း အပြင် အင်္ဂလိပ် ဆယ့်နှစ်ကောင်ကျား ကစားရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့် ကျားဘညိမ်းဟု တင်စားခဲ့ကြသည်။ မန္တလေး သတင်းစာများက သူ့အောင်မြင်မှုများကို ရေးသား ဖော်ပြကြသူတိုင်း “ကျားကလေး” ဟု ရေးသားခဲ့ကြသည်။

စာပေကို ဝါသနာအရ ရေးသားခဲ့သည့် အပြင် ကျားဘညိမ်းသည် ပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်သူ ဖြစ်သည်။ မန္တလေးတွင် နေထိုင်စဉ် ကာလက စတိုးဆိုင်ကြီးများ၏ သံဆိုင်းဘုတ်ကြီးများကို တာဝန်ယူ ရေးဆွဲခဲ့သူ ဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို အပတ်တကုတ် ကြိုးပမ်း ဖော်ထုတ်ခဲ့သူ အဖြစ်လည်း အားကစား ဝါသနာရှင်များက သိထားခဲ့ကြသည်။ သူတာဝန်ယူ ကျင်းပသည့် ရိုးရာ လက်ဝှေ့ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ကျော်များ အားမာန် တက်စေရန် လက်တန်းစပ်ဆိုကာ ရွတ်ခဲ့သည့် လင်္ကာများမှာလည်း ယနေ့ထက်တိုင် ရိုးရာ လက်ဝှေ့ပွဲများတွင် ကြားနေရဆဲ ဖြစ်သည်။

ကျားဘညိမ်းသည် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄ဝ အချိန်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မိသားစုနှင့်အတူ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃) တွင် နေထိုင်လျက် ရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ဖြစ်ပြီး ဇနီး ဒေါ်ကြည်ကြည် သားသမီးများ ဖြစ်ကြသည့် ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ ရဲမြင့်ညိမ်း၊ မျိုးမြင့်ညိမ်း၊ မာလာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းတို့ ကျန်ရစ်ခဲ့ကြသည်။

လူထုဒေါ်အမာ ပြောသော ကျားဘညိမ်း – နီငြိမ်း (အညာတက္ကသိုလ်)
နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)

Leave a Reply