ဟံသာဝတီ ဥပရာဇာမင္းႀကီးစြာ ႏွင့္ ယိုးဒယားမင္း ျဗနရစ္တို႔၏ ဆင္စီးခ်င္းတိုက္ပြဲ

Posted on

ေရးသားသူ – Min Htet Kyaw Swar

(၁)ႏွစ္ဖက္ေခါင္းေဆာင္မ်ား၏ကိုယ္ေရးအက်ဥ္း

(က) ဟံသာဝတီဥပရာဇာ မင္းႀကီးစြာ

ဒုတိယျမန္မာႏုိင္ငံေတာ္ႀကီးကို စုစည္းတည္ေထာင္ခဲ့ေသာ ဘုရင့္ေနာင္မင္းတရားႀကီး၏ ေျမးေတာ္ ျဖစ္သည္။ သူ၏ ဖခမည္းေတာ္မွာ နႏၵဘုရင္ျဖစ္သည္။

သူသည္ အစဥ္အလာႀကီးမားသူ ဘိုးေတာ္ႏွင့္ ခမည္းေတာ္တို႔မွ ဆင္းသက္လာသူျဖစ္ေသာ္ျငား အဘုိးႏွင့္အေဖ၏ လက္ရံုးရည္၊ ႏွလံုးရည္ႏွင့္ တိုက္ရည္၊ခိုက္ရည္တို႔ကို မီေလာက္ေအာင္မူ အရည္အခ်င္း မျပည့္ဝခဲ့ေပ။ အထူးသျဖင့္ သူကိုယ္တိုင္ စစ္ေသနာပတိခ်ဳပ္အျဖစ္ ဦးစီးကာ ယိုးဒယားသို႔ ခ်ီတက္သည့္ ပထမတိုက္ပြဲႏွင့္ ဒုတိယတိုက္ပြဲတို႔တြင္ ျဗနရစ္၏ စစ္ပရိယာယ္ေထာင္ေခ်ာက္မ်ားကို မေရွာင္ရွားႏိုင္ခဲ့ဘဲ အေရးနိမ့္ခဲ့သည္။

တတိယတိုက္ပြဲတြင္ နႏၵဘုရင္ကိုယ္ေတာ္တိုင္ ခ်ီတက္ၿပီး မင္းႀကီးစြာက နန္းေစာင့္အျဖစ္ေနရစ္ခဲ့သည္။ ထိုအခါတြင္ အရီးေတာ္ဓာတုကလ်ာကို အတင္း အဓမၼသိမ္းပိုက္ခဲ့သည္။ (စစ္ေရးထက္ အခ်စ္ေရးတြင္ လက္သြက္သူျဖစ္သည္။)
စတုတၳတိုက္ပြဲတြင္မူ နႏၵဘုရင္က မင္းႀကီးစြာကိုသာ ခ်ီေစရာ ထိုတိုက္ပြဲတြင္ ျဗနရစ္က လကြန္းအရပ္တြင္ ခ်ံဳခိုတိုက္ခိုက္သျဖင့္ ရွံုးနိမ့္ကာ ျပန္ဆုတ္ခဲ့ရသည္။

ယခု ပဥၥမေျမာက္တိုက္ပြဲကိုမူ အင္အားအမ်ားအျပားျဖင့္ ခ်ီလာခဲ့ၿပီျဖစ္သည္။ မင္းႀကီးစြာ အေနျဖင့္ အပြဲပဲြတြင္ ရွံုးနိမ့္ခဲ့သမွ်အတြက္ မီးကုန္ယမ္းကုန္တိုက္ခိုက္ရမည္။ ယိုးဒယားမင္း ျဗနရစ္ကို အေသရရ၊ အရွင္ရရ ဖမ္းမိမွသာ ယခင္တိုက္ပြဲမ်ားတြင္ က်ဆင္းခဲ့သည့္ မိမိ၏ သိကၡာကို ျပန္လည္ အဖတ္ဆယ္ႏိုင္မည္ ျဖစ္သည္။

(ခ) ယိုးဒယားမင္း ျဗနရစ္

သူ၏ ခမည္းေတာ္မွာ ဘုရင့္ေနာင္မင္းႀကီး၏ သစၥာကို ေက်နပ္စြာခံယူခဲ့သူ ျဗမဟာဓမၼရာဇာ ျဖစ္သည္။ အသက္ ကုိးႏွစ္အ႐ြယ္တြင္ သူ၏ ခမည္းေတာ္က ဟံသာဝတီသို႔ေစလႊတ္ခဲ့သည္။ (ဟံသာဝတီတြင္ ေနထိုင္စဥ္ကာလအတြင္း ဗမာႏွင့္မြန္တို႔၏ ဘာသာစကား၊ စိတ္ေနစိတ္ထား၊ စစ္ဆင္စစ္တက္ ဗ်ဴဟာမ်ားကို ေလ့လာခြင့္ ရရွိခဲ့သည္။) အသက္ ၁၅ ႏွစ္တြင္ အယုဒၶယသို႔ ျပန္ခြင့္ရၿပီး ခမည္းေတာ္က ဥပရာဇာအျဖစ္ ခ်ီးျမႇင့္ျခင္းကို ခံရကာ စစ္ေရးအရ အေရးပါေသာ ပိႆေလာက္ၿမိဳ႕ကိုလည္း စားရသည္။

ဥပရာဇာဘဝတြင္ လဝိုက္(ကေမ႓ာဒီးယား ခမာလူမ်ိဳး) မ်ား၏ က်ဴးေက်ာ္မႈကို အႀကိမ္ႀကိမ္တြန္းလွန္ရင္း မိမိကိုယ္ကို ယံုၾကည္မႈ ျပည့္ဝလာခဲ့သည္။ ဘုရင့္ေနာင္မင္းႀကီးကို ဒုတိယအေဖသဖြယ္ ခ်စ္ခင္ေလးစားသည္ဟုဆိုသည္။ သို႔ေသာ္ ဘုရင့္ေနာင္ နတ္႐ြာစံသည့္အခါ ဟံသာဝတီလက္ေအာက္ခံ အျဖစ္ မေနလိုေတာ့ေပ။

နႏၵဘုရင္က အင္းဝကိုတိုက္ရန္ အယုဒၶယထံမွ စစ္သည္ဆင့္ဆိုေသာအခါ အင္းဝကို မသြားဘဲ ဟံသာဝတီကို တိုက္ရန္ ႀကံသည္။
သို႔ေသာ္ သူ႔အႀကံမဦးမီ နႏၵဘုရင္က အခ်ိန္မီ ျပန္လာသည့္အခါ ေတာင္ဘက္ရွိ မြန္မ်ားကို ေခၚေဆာင္ကာ အယုဒၶယသို႔ျပန္သည္။
ျမန္မာတပ္မ်ားလိုက္လာသည့္အခါ ေခါင္းေဆာင္ျဖစ္သူကို တူမီးေသနတ္ျဖင့္ပစ္ခ်ကာ ဟန္႔တားသည္။ (ထိုေသနတ္ကို “စစ္ေတာင္းျမစ္ကို ျဖတ္ေက်ာ္စဥ္ ျဗႆဓိနရာဇ္ အသံုးျပဳခဲ့သည့္ ေသနတ္”ဟု မွတ္တမ္းတင္ကာ ယေန႔တိုင္ ယိုးဒယားအမ်ိဳးသားျပတိုက္တြင္ သိမ္းဆည္းထားသည္ ဆို၏)

ေနာက္ပိုင္းတြင္ ျမန္မာဘက္မွ ဥပရာဇာ မင္းႀကီးစြာ ဦးစီးသည့္ တပ္မ်ား ယိုးဒယားနယ္တြင္းသို႔ ဝင္ေရာက္လာသည့္အခါတြင္လည္းေကာင္း၊ နႏၵဘုရင္ဦးစီးသည့္ တပ္မ်ား အယုဒၶယၿမိဳ႕ကိုလာေရာက္ဝန္းရံသည့္အခါတြင္လည္းေကာင္း ဟံသာဝတီစစ္ဆင္စစ္တက္ဗ်ဴဟာမ်ားကို တန္ျပန္အသံုးခ်ကာ ေအာင္ျမင္စြာ တြန္းလွန္ႏိုင္ခဲ့သည္။

ထိုအေတာအတြင္း ခမည္းေတာ္ ျဗမဟာဓမၼရာဇာ နတ္႐ြာစံသြားသျဖင့္ အယုဒၶယထီးနန္းကို ဆက္ခံရသည္။ မင္းအျဖစ္ကို ရရွိျခင္းေၾကာင့္ ျမန္မာတို႔ႏွင့္ တိုက္ေနရသည့္ စစ္ပဲြမ်ားႏွင့္ပတ္သက္၍ ပို၍ တာဝန္ႀကီးလာခဲ့သည္။

ယခု ပဥၥမေျမာက္တိုက္ပြဲကား သူ႔အတြက္ ပို၍ အေရးႀကီးသည္။ သူရွံုးပါက ယိုးဒယားတစ္မ်ိဳးသားလံုး ျမန္မာ့လက္ေအာက္ခံ တစ္ဖန္ျပန္ျဖစ္ေခ်မည္။ ရွံုး၍ မျဖစ္။ ဟံသာဝတီဥပရာဇာကို သည္တစ္ႀကိမ္တြင္လည္း အႏိုင္ယူမွ ျဖစ္ေပမည္။

(၂) မင္းႏွစ္ပါး စီးခ်င္းထိုးၾကခန္း (ျမန္မာမူ)

ေအဒီ ၁၅၉၃ ခုႏွစ္ ဇန္န၀ါရီလ ၁၈ ရက္ေန႕တြင္ ဟံသာ၀တီ နႏၵဘုရင္၏ အမိန္႔ျဖင့္ အိမ္ေရွ႕ဥပရာဇာ #မင္းႀကီးစြာ သည္ သစၥာေဖာက္သူ ယိုးဒယားမင္း #ျဗနရစ္ ကို တိုက္ခိုက္ရန္ တပ္ေပါင္း ၂၉ တပ္ (စစ္အင္အား သံုးသိန္း နီးပါး) ျဖင့္ အယုဒၶယ ၿမိ္ဳ႕ အနီးေရာက္ရွိသည္။
ဥပရာဇာအေနျဖင့္ ယခုတိုက္ပြဲမတုိင္မီက ယိုးဒယားတို႔ႏွင့္ သံုးႀကိမ္တိုက္ခိုက္ခဲ့ၿပီး သံုးႀကိမ္စလံုး ႏိုင္ပြဲမရရွိခဲ့သျဖင့္ အင္အားသံုးသိန္းနီးပါးကို မရအရ စုေဆာင္းလာကာ ယိုးဒယားမင္းကိုေရာ အယုဒၶယၿမိဳ႕ ကိုပါ အၿပီးသတ္ ေခ်မႈန္းရန္ ရည္႐ြယ္ခဲ့ျခင္းလည္း ျဖစ္သည္။
အ၀ါေရာင္ ဟသၤာရုပ္ အလံေတာ္ကို ကိုင္စြဲထားေသာ ျမင္းသည္ေတာ္သည္ ဥပရာဇာ၏ လက္၀ဲဘက္သို႕ ျမင္းကို ဒုန္းစိုင္းစီးကာ အိမ္ေရွ႕မင္း၏ ” ငါ့အမိန္႕ ရမွ တိုက္ ” ဟူေသာ စကားကို တပ္မႈး တစ္ေယာက္ခ်င္းစီ ထံ ေျပာသြားသည္။

ထို႔ေနာက္ ျမန္မာ တို႔သည္ အယုဒၶယျမိဳ႕တြင္းမွ ၾကားႏိုင္ေသာ အသံမ်ားျဖင့္ “သစၥာေဖာက္ ျဗနရာဇ္ ခုထြက္ခဲ့” ၊ “သစၥာေဖာက္က ေၾကာက္လို႔ ပုန္းေနတာလား” စသျဖင့္ ေအာ္ဟစ္ဆဲဆို ၾကေလသည္။
ထိုသို့ေအာ္ဟစ္သံမဆံုးမီ အယုဒၶယဘက္မွ အေျမာက္မ်ား ဆင့္ကာဆင့္ကာ စတင္ ပစ္ခတ္ေတာ့သည္။
အေျမာက္သံမ်ားႏွင့္အတူ ယိုးဒယားမင္း ျဗနရာဇ္ သည္ #ျဗလပံု အမည္ရွိေသာ တိုက္ဆင္ ကို စီးကာ တိုက္စည္ တိုက္ေမာင္း ဆူညံစြာျဖင့္ ျမိဳ႕တံခါးမွ ထြက္လာေလသည္။
ယိုးဒယားမင္းထြက္လာသည္ကို ျမင္လွ်င္ ဥပရာဇာက သူ၏ေဘးရွိ ငယ္ကၽြန္ #ဇာပရိုစား ကို အခ်က္လွမ္းျပေလ၏။

” ျဗနရာဇ္ငယ္က ငါ့ကို ဦးတည္ျပီး လာတိုက္လိမ့္မယ္။ အဲ့က်ရင္ မင္းက ဆင္ေတာ္ေပါက္ေက်ာ္ေဇယ် နဲ႕ ၀င္တိုက္ေခ်”
ဇာပရိုစား သည္ မုန္ယိုလြန္းသျဖင့္ ပုဆိုးျဖင့္မ်က္ႏွာကို ကာထားရေသာ ၄င္း၏ဆင္ေတာ္ #ေပါက္ေက်ာ္ေဇယ် ကို မနည္းခၽြန္းအုပ္ ထိန္းေနရင္းမွ လက္အုပ္ခ်ီကာ ေခါင္းၿငိတ္ျပသည္။

ထင္သည့္အတိုင္းပင္ ျဗနရာဇ္သည္ ဥပရာဇာထံသို႕ ေရြ႕ကာေရြ႕ကာ ခ်ဥ္းကပ္လာေလသည္။
ထိုအခါ ဇာပရိုစားက ေပါက္ေက်ာ္ေဇယ်၏ မ်က္ႏွာကို ကာထားေသာ ပုဆိုးကို ဖယ္ကာ ျဗနရာဇ္ထံ ၀င္တိုက္ေလ၏။

သို႔ေသာ္ မုန္ယိုေနေသာ ေပါက္ေက်ာ္ေဇယ်သည္ ျဗနရာဇ္ထံ မသြားဘဲ အနီးရွိ ဥပရာဇာ စီးေသာ ဆင္ေတာ္ #ရဲဘုန္းစံု ကို ေ၀ွ႕ေလ၏။

မထင္မွတ္ထားေသာ အေျခအေနျဖစ္သျဖင့္ ဥပရာဇာ မွာ ျဗနရာဇ္ကို ဂရုမစိုက္ႏိုင္ေတာ့ဘဲ ေပါက္ေက်ာ္ေဇယ် ရန္ကို ကာကြယ္ရေလေတာ့သည္။ ထိုအေျခအေနတြင္ ဥပရာဇာစီးေသာ ဆင္၏ ကၾကိဳး လည္သြားသျဖင့္ ကုန္းလယ္စီး တုရင္ဗလမွာ ဖရိုဖရဲ ျဖစ္သြားခဲ့သည္။
လည္သြားေသာ ကၾကိဳးကို ျပန္ျပင္ေနစဥ္ အယုဒၶယဘက္မွ စိန္ေျပာင္းသံ တစ္ခ်က္ၾကားလိုက္ရသည္။
တုရင္ဗလ လွည့္ၾကည့္လိုက္စဥ္တြင္ ဥပရာဇာ၏ ရင္ဘတ္တြင္ ေသြးအလိမ္းလိမ္း။

“သတိထားေတာ္မူပါ အရွင္” ဟု ဥပရာဇာကိုေပြ႕ကာ ဆင္ေတာ္ကို အနီးရွိ #ေဆာက္ျခံဳ တြင္ မီထားရ၏။
ထိုအေျခအေနကို ျဗနရာဇ္ နားမလည္ႏိုင္။ ဥပရာဇာ က်ဆံုးသြားသည္ကိုလည္း မသိ။ ျမန္မာတို႕က ၄င္းကို အရွင္ဖမ္းရန္ စစ္ဗ်ဴဟာအသစ္မ်ား သံုးေနသည္လားဟု ေတြးမိကာ ဆင္ေတာ္ကို အသာတန္႔ရင္း ေနာက္ဆုတ္ရန္ ျပင္သည္။

ထိုစဥ္ ဥပရာဇာ၏ လက္ဝဲဘက္မွ ေတာင္ငူမင္သား နတ္သွ်င္ေနာင္က ဆင္ေတာ္ ဥေပါသထ ကို ခြၽန္းဖြင့္ကာ ျဗနရစ္ထံ ဝင္တိုက္သည္။
ျဗနရာဇ္သည္ နတ္သွ်င္ေနာင္၏ လက္စြမ္းကို အရင္တိုက္ပြဲမ်ားကတည္းက ၾကံဳဖူးသည္။ ေတာင္ငူမင္းသားငယ္၏ အစြမ္းကို ေလွ်ာ့မတြက္ရဲ။ သို႔ေသာ္ မိမိ၏ ရာဇဣေျႏၵကို ငဲ့ကာ လွံရွည္ကို ျပင္ရင္း ျဗနရာဇ္ေရွ႔တိုးလာသည္။

ဆင္ခ်င္းေတြ႕ၾကသည္ႏွင့္ နတ္သွ်င္ေနာင္၏ လွံခ်က္မ်ားက လွ်ပ္ျပက္သကဲ့သို႕ လ်င္ျမန္စြာ သူ႕ထံေရာက္လာသည္။ ထုိ႔ေနာက္ ဆင့္ကဲဆင့္ကဲ ခုတ္ခ်က္မ်ား။ ျဗနရစ္သည္ ေတာင္ငူမင္းသား နတ္သွ်င္ေနာင္၏ ခုတ္ခ်က္မ်ားကို ျပန္လည္ရင္ဆိုင္ရန္ ႀကိဳးစားပါေသးသည္။ သို႔ေသာ္ ျမန္မာတပ္အခ်ိဳ႕ ၿမိဳ႕တြင္း ဝင္ေရာက္ေနၿပီကို သိရသည့္အခါ နန္းေတာ္ကို စိုးရိမ္စိတ္က ငယ္ထိပ္သို႔ တက္ေဆာင့္သည္။
ဤတြင္ ျဗနရာဇ္သည္ အေျခအေနမလွမွန္းသိကာ ယိုးဒယားတပ္အားလံုးျပန္ဆုတ္ရန္ ေအာ္ဟစ္ အမိန္႔ေပးေတာ့သည္။ သူကိုယ္တိုင္လည္း ေနာက္ပင္ လွည့္မၾကည့္ေတာ့ဘဲ ျမိဳ႕တြင္းသို႕ ဝင္ေျပးေတာ့သည္။ ယိုးဒယားစစ္သည္တို႕ ေျပးသည္မွာလည္း ႏွစ္ေယာက္ပင္စု၍ မရေတာ့ေခ်။

မေျပးႏိုင္ေသာ ယိုးဒယား အမတ္ႏွစ္ဦး (ၾသယားဘတ္ႏွင့္ ၾသယားစကၠိ)ကို နတ္သွ်င္ေနာင္၏ တပ္သားမ်ားက အရွင္ ဖမ္းမိသလို ျမိဳ႕အတြင္း ဝင္တုိက္ေနေသာ ျမန္မာအမတ္ႏွစ္ဦး (ဝင္းေယာ္စားႏွင့္ ထံုးဘိုစား) တို႕ကိုလည္း ၿမိဳ႕တံခါးအပိတ္တြင္ ယိုးဒယားတို႕ရရွိသြားသည္။

ဥပရာဇာကား စိန္ေျပာင္းက်ည္သင့္၍ နတ္ရြာလားေခ်ျပီ။ အေလာင္းေတာ္ကို သရက္သားပ်ဥ္ ျဖင့္ အေခါင္းျပဳလုပ္ကာ မပုပ္မသိုးေအာင္ ျပဒါး ႏိုင္ႏိုင္သြပ္၍ ဟံသာ၀တီသို႕ ေဆာင္ယူခဲ့ေလေတာ့သည္။

(၃) မင္းႏွစ္ပါး စီးခ်င္းေတြ႕ခန္း(ယုဒၶဟတၳိ) (ယိုးဒယားမူ)

မင္းႀကီး ျဗနရစ္လည္း ျမန္မာတပ္မ်ား ခ်ီလာသည္ ဗိုလ္ပါလည္း မ်ားလွသည္ကို သိလွ်င္ ေနာင္စရယ္(Nongsarai) အရပ္သို႔ ခ်ီေတာ္မူကာ ရင္ဆိုင္ရန္ ျပင္သည္။ ႏွစ္ဖက္တပ္မ်ား ရင္ဆိုင္မိၾကသည္တြင္ ေကာင္းကင္၌ တိမ္ညိဳတိမ္မည္းမ်ား သမ္းလာကာ မင္းႏွစ္ပါး ရင္ဆိုင္မည့္ေနရာ၌သာ ေနေရာင္ျဖာက်လ်က္ရွိသည္။ (ထို႔ျပင္ ေရွာက္သီးလံုးခန္႔ ဓာတ္ေတာ္မွ ေရာင္ျခည္ေတာ္ လႊတ္သည္ကိုလည္း ႏွစ္ဖက္ဗိုလ္ပါ အေပါင္း ဖူးျမင္ၾကရသည္)
ဥပရာဇာ မင္းႀကီးစြာသည္ အျခား လက္ေအာက္ခံမင္း မ်ားၾကားတြင္ ဆင္ေတာ္ကို တန္႔၍ေနသည္။ ျမန္မာေခါင္းေဆာင္မ်ား၏ ခ်ပ္ဝတ္တန္ဆာသည္ တစ္ဦးႏွင့္ တစ္ဦး ဆင္တူယိုးမွား ျဖစ္ေနၾကေသာ္လည္း ျဗနရစ္သည္ ထိုလူအုပ္ႀကီးၾကားမွ ဥပရာဇာကို ခြဲျခားႏိုင္ခဲ့သည္။

ထို႔ေနာက္ ျဗနရစ္က “ေနာင္ေတာ္ဘုရား..အဘယ္ေၾကာင့္ရပ္ေနပါသလဲ။ ထြက္ေတာ္မူ၍ စီးခ်င္းတိုက္ေတာ္မူပါ” ဟုေအာ္ဟစ္ခဲ့သည္။ (ထိုသို႔ ေအာ္ဟစ္သည္ကို The Legend of King Naresuan 5 ဇာတ္ကားတြင္ ျဗနရစ္အျဖစ္ သရုပ္ေဆာင္သူက ျမန္မာစကားမပီမသျဖင့္ ေျပာဆိုဟန္ကို ထည့္သြင္း ရိုက္ကူးထားသည္ကို ၾကည့္ရႈရသည္။)
ထိုအခါ ဥပရာဇာလည္း မေနသာေတာ့ဘဲ ေရွ႕ကို တိုးလာသည္။ သူ၏ လက္ထဲတြင္ စက္ပလီ(စိန္ေျပာင္း)ကို ကိုင္ေဆာင္လာၿပီး ျဗနရစ္ကို ခ်ိန္႐ြယ္ရာ ျဗနရစ္က-
-” ဓမၼယုဒၶစစ္ထိုးျခင္းသာျဖစ္သည္။ ေနာင္ေတာ္တုိ႔လူမ်ိဳးတြင္ ထိုအေလ့ရွိသေလာ” ဟု ေျပာသည့္အခါ ဥပရာဇာက-
-” ပလီကို ပစ္လႊတ္မည္မဟုတ္ပါ၊ အေဆာင္အေယာင္ သေဘာမ်ိဳး ေဆာင္၍သာ ပါပါသည္” ဟု ျပန္ေျပာကာ လွံရွည္ကိုထုတ္၍ တိုက္ရန္ ျပင္သည္။

စီးခ်င္းတိုက္ၾကရာ ဥပရာဇာ၏ ဆင္ကုိ ျဗနရစ္၏ဆင္ အားမတန္၍ ဆုတ္ကာ ဆုတ္ကာခံသည္။ ဥပရာဇာက လွံရွည္ျဖင့္ ထခုတ္ရာ ျဗနရစ္ ကိုယ္ကိုယိမ္း၍ ေရွာင္သျဖင့္ ေဆာင္းထားသည့္ ေမာက္ရွည္ကို ထိမိကာ ေမာက္ရွည္အနားသားမ်ား ျပတ္က်သည္။
ထုိအခ်ိန္တြင္ ဟံသာဝတီေသနတ္သမား တစ္ဦးက ျဗနရစ္ဆင္ကို ေသနတ္ျဖင့္ပစ္ရာ ျဗနရစ္ဆင္၏ ေနာက္ပဲ့စီး စစ္သည္ကို ထိမွန္ေလ၏။ (ထိုေနာက္ပဲ့စီးလည္း ေသလုသည့္ဒဏ္ရာ ရေသာ္ျငား မိမိ၏အရွင္အတြက္ အားခဲကာ ဆက္လက္အမႈထမ္းေလ၏)
ျဗနရစ္ဆင္လည္း တုန္တုန္ခိုက္ခိုက္ႏွင့္ ေနာက္သို႔ဆုတ္ရင္း ဆီးပင္ေရာ္ရာ(Jujube Tree)တစ္ပင္ေပါက္ေနေသာ ေတာင္ပို႔တစ္ခုကို ေျခကန္မိေလသည္။

ထို႔ေနာက္တြင္မူ ေျခကန္မိသည့္ေတာင္ပို႔ကို အားျပဳရင္း ဥပရာဇာ၏ ဆင္ေတာ္ကို ထိုးေဝွ႔ရာ အစြယ္ရင္းကို ထိုးမိ၍ ဥပရာဇာဆင္ မ်က္ႏွာသုန္ကာ ေနာက္သို႔လည္မည္ျပဳ၏။
ဤအေျခအေနတြင္ ျဗနရစ္လည္း လက္သံုးလွံရွည္ျဖင့္ ဥပရာဇာ၏ လက္ဝဲဘက္ ပုခံုးကို အားကုန္ခုတ္ခ်ရာ မထင္မွတ္သည့္အေျခအေနျဖစ္၍ မကာကြယ္ႏိုင္ဘဲ ဥပရာဇာ ဆင္ဦးတြင္ပင္ အနိစၥေရာက္ေလ၏။
ထိုသုိ႔ ျဗနရစ္အႏိုင္ရေၾကာင္းကို ေသနတ္ဒဏ္ရာရထားေသာ ေနာက္ပဲ့စီးျမင္လွ်င္ ေပ်ာ္႐ႊင္ရင္းကပင္ အသက္ကုန္ေလ၏။
ဟံသာဝတီတပ္မ်ားလည္း ဥပရာဇာ ကြယ္လြန္ေၾကာင္းသိလွ်င္ အုတ္အုတ္က်က္က်က္ ျဖစ္ကာ ျဗနရစ္ဆင္ေတာ္၏ ပတ္ပတ္လည္သို႔ ဝင္ေရာက္ ထိုးခုတ္ပစ္ခတ္ၾကေလ၏။

ျဗနရစ္လည္း ရံုးစုမိသမွ် တပ္သားမ်ားႏွင့္ပင္ အယုဒၶယၿမိဳ႕အတြင္းသို႔ ျပန္ဝင္ေလ၏။ (ျမန္မာတပ္သားမ်ား ပစ္ခတ္မႈေၾကာင့္ ျဗနရစ္ႏွင့္ သူ၏ညီေတာ္တို႔၏ လက္မ်ားတြင္ ေသနတ္ခဲသီးမ်ားပင္ ရွနခဲ့ေသးသည္ ဆို၏။)
ဟံသာဝတီနႏၵဘုရင္လည္း ယိုးဒယားခ်ီတပ္မ်ားျပန္ေရာက္လွ်င္ ဥပရာဇာႏွင့္ ျဗနရစ္ စီးခ်င္းေတြ႕ၾကရာ လက္နက္ဦး၍ ဥပရာဇာဆံုးေၾကာင္း သိလွ်င္ ဥပရာဇာ၏ တပ္မွ တပ္မွဴးဗိုလ္မွဴးတို႔ကို တံညပ္ႏွင့္ ညႇပ္ၿပီးလွ်င္ မီးကင္၍ သတ္ေစ၏။
ထိုမွ်ႏွင့္ အမ်က္ေတာ္မေျပ၍ ဟံသာဝတီေ႐ႊနန္းရွိ ဆုပန္ကလ်ာ(ျဗနရစ္၏ အစ္မေတာ္) သမီးေတာ္ကို ႏို႔တိုက္ေနစဥ္ လက္သံုးေတာ္ဓားျဖင့္ သားအမိႏွစ္ဦးစလံုးအား ခုတ္သတ္ေလ၏။

(၄)သံုးသပ္ခ်က္

လြန္ခဲ့သည့္ ႏွစ္ေပါင္း ၄၂၃ႏွစ္ခန္႔က စစ္ပြဲျဖစ္ေသာ္ျငား မူႏွစ္မူမွာ လံုးဝကြဲျပားေနသည္ကိုေတြ႕ရသည္။ မိမိ၏ ပုဂၢလိက အျမင္ျဖင့္ သံုးသပ္ရလွ်င္ ဥပရာဇာ၏လွံခ်က္ေၾကာင့္ ပဲ့ေနသည္ဟု သတ္မွတ္ကာ ယေန႕တိုင္ ၄င္းတို႔၏ ျပတိုက္တြင္ ျပသထားေသာ ျဗနရာဇ္၏ ေမာက္ရွည္သည္ ျမန္မာမူအရ ဆိုပါက နတ္သွ်င္ေနာင္၏ လွံခ်က္ေၾကာင့့္သာ ျဖစ္ႏိုင္သည္။

ထို႔ျပင္ ယိုးဒယားမူမ်ားတြင္ ဆုပန္ကလ်ာကို ရက္စက္စြာ သတ္ျဖတ္သည္ ဆိုေသာ္ျငား ျမန္မာမွတ္တမ္းမ်ားတြင္ ဆုပန္ကလ်ာသည္ ဘုရင့္ေနာင္မင္းႀကီးႏွင့္ သမီးေတာ္တစ္ပါးရေၾကာင္း၊ သမီးေတာ္၏ အမည္မွာ မင္းအေထြးျဖစ္ေၾကာင္း ေဖာ္ျပထားသည္ကိုေတြ႕ရသည္။
မည္သို႔ပင္ျဖစ္ေစ ယိုးဒယားတို႔က အဆိုပါ ဆင္စီးခ်င္းတိုက္ပြဲ(ယုဒၶဟတၳိ)ကုိ လြန္စြာဂုဏ္ယူ ဝင့္ႂကြားၾကၿပီး ဆင္စီးခ်င္းထိုးခန္း ပန္းခ်ီကားမ်ား ခ်ိတ္ဆြဲျခင္း၊ ျပဇာတ္တိုမ်ား ကျပျခင္း၊ ဘတ္ေငြသန္းေပါင္းမ်ားစြာ အကုန္အက်ခံကာ ရုပ္ရွင္ရိုက္ကူးျခင္းမ်ား ျပဳလုပ္ၾကသည္။

ထို႔ျပင္ တိုက္ပြဲျဖစ္သည့္ ၁၅၉၃ ခုႏွစ္ ဇန္န၀ါရီလ ၁၈ ရက္ကို အစြဲျပဳကာ ယိုးဒယားတပ္မေတာ္ေန႕ ကို သတ္မွတ္ခဲ့ေလသည္။

မူႏွစ္မူကို ႏႈိင္းယွဥ္ေလ့လာႏိုင္ရန္ ေဖာ္ျပျခင္း ျဖစ္ၿပီး ျမန္မာမူအတြက္ တြင္းသင္းရာဇဝင္(ဒုတိယတြဲ) ႏွင့္ ျမန္မာစစ္ဘုရင္သူရဲေကာင္းမ်ား(ကထိကဦးစိန္လြင္ေလး) တို႔ကို မွီျငမ္းထားၿပီး ယိုးဒယားမူအတြက္ ယိုးဒယားရာဇဝင္ေပမူ(ေဒါက္တာေသာ္ေကာင္း)၊ Wikipedia ႏွင့္ ျဗနရစ္အေၾကာင္း ရိုက္ကူးထားသည့္ ယိုးဒယားရုပ္ရွင္ကား The Legend of King Naresuan 5 တို႔ကို မွီျငမ္းပါသည္။

Min Htet Kyaw Swar


ဟံသာဝတီဥပရာဇာမင်းကြီးစွာနှင့် ယိုးဒယားမင်း ဗြနရစ်တို့၏ ဆင်စီးချင်းတိုက်ပွဲ (unicode)

ရေးသားသူ – Min Htet Kyaw Swar

(၁)နှစ်ဖက်ခေါင်းဆောင်များ၏ကိုယ်ရေးအကျဉ်း

(က) ဟံသာဝတီဥပရာဇာ မင်းကြီးစွာ

ဒုတိယမြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏ မြေးတော် ဖြစ်သည်။ သူ၏ ဖခမည်းတော်မှာ နန္ဒဘုရင်ဖြစ်သည်။

သူသည် အစဉ်အလာကြီးမားသူ ဘိုးတော်နှင့် ခမည်းတော်တို့မှ ဆင်းသက်လာသူဖြစ်သော်ငြား အဘိုးနှင့်အဖေ၏ လက်ရုံးရည်၊ နှလုံးရည်နှင့် တိုက်ရည်၊ခိုက်ရည်တို့ကို မီလောက်အောင်မူ အရည်အချင်း မပြည့်ဝခဲ့ပေ။ အထူးသဖြင့် သူကိုယ်တိုင် စစ်သေနာပတိချုပ်အဖြစ် ဦးစီးကာ ယိုးဒယားသို့ ချီတက်သည့် ပထမတိုက်ပွဲနှင့် ဒုတိယတိုက်ပွဲတို့တွင် ဗြနရစ်၏ စစ်ပရိယာယ်ထောင်ချောက်များကို မရှောင်ရှားနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့သည်။

တတိယတိုက်ပွဲတွင် နန္ဒဘုရင်ကိုယ်တော်တိုင် ချီတက်ပြီး မင်းကြီးစွာက နန်းစောင့်အဖြစ်နေရစ်ခဲ့သည်။ ထိုအခါတွင် အရီးတော်ဓာတုကလျာကို အတင်း အဓမ္မသိမ်းပိုက်ခဲ့သည်။ (စစ်ရေးထက် အချစ်ရေးတွင် လက်သွက်သူဖြစ်သည်။)
စတုတ္ထတိုက်ပွဲတွင်မူ နန္ဒဘုရင်က မင်းကြီးစွာကိုသာ ချီစေရာ ထိုတိုက်ပွဲတွင် ဗြနရစ်က လကွန်းအရပ်တွင် ချုံခိုတိုက်ခိုက်သဖြင့် ရှုံးနိမ့်ကာ ပြန်ဆုတ်ခဲ့ရသည်။

ယခု ပဥ္စမမြောက်တိုက်ပွဲကိုမူ အင်အားအများအပြားဖြင့် ချီလာခဲ့ပြီဖြစ်သည်။ မင်းကြီးစွာ အနေဖြင့် အပွဲပွဲတွင် ရှုံးနိမ့်ခဲ့သမျှအတွက် မီးကုန်ယမ်းကုန်တိုက်ခိုက်ရမည်။ ယိုးဒယားမင်း ဗြနရစ်ကို အသေရရ၊ အရှင်ရရ ဖမ်းမိမှသာ ယခင်တိုက်ပွဲများတွင် ကျဆင်းခဲ့သည့် မိမိ၏ သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်မည် ဖြစ်သည်။

(ခ) ယိုးဒယားမင်း ဗြနရစ်

သူ၏ ခမည်းတော်မှာ ဘုရင့်နောင်မင်းကြီး၏ သစ္စာကို ကျေနပ်စွာခံယူခဲ့သူ ဗြမဟာဓမ္မရာဇာ ဖြစ်သည်။ အသက် ကိုးနှစ်အရွယ်တွင် သူ၏ ခမည်းတော်က ဟံသာဝတီသို့စေလွှတ်ခဲ့သည်။ (ဟံသာဝတီတွင် နေထိုင်စဉ်ကာလအတွင်း ဗမာနှင့်မွန်တို့၏ ဘာသာစကား၊ စိတ်နေစိတ်ထား၊ စစ်ဆင်စစ်တက် ဗျူဟာများကို လေ့လာခွင့် ရရှိခဲ့သည်။) အသက် ၁၅ နှစ်တွင် အယုဒ္ဓယသို့ ပြန်ခွင့်ရပြီး ခမည်းတော်က ဥပရာဇာအဖြစ် ချီးမြှင့်ခြင်းကို ခံရကာ စစ်ရေးအရ အရေးပါသော ပိဿလောက်မြို့ကိုလည်း စားရသည်။

ဥပရာဇာဘဝတွင် လဝိုက်(ကမေ႓ာဒီးယား ခမာလူမျိုး) များ၏ ကျူးကျော်မှုကို အကြိမ်ကြိမ်တွန်းလှန်ရင်း မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝလာခဲ့သည်။ ဘုရင့်နောင်မင်းကြီးကို ဒုတိယအဖေသဖွယ် ချစ်ခင်လေးစားသည်ဟုဆိုသည်။ သို့သော် ဘုရင့်နောင် နတ်ရွာစံသည့်အခါ ဟံသာဝတီလက်အောက်ခံ အဖြစ် မနေလိုတော့ပေ။

နန္ဒဘုရင်က အင်းဝကိုတိုက်ရန် အယုဒ္ဓယထံမှ စစ်သည်ဆင့်ဆိုသောအခါ အင်းဝကို မသွားဘဲ ဟံသာဝတီကို တိုက်ရန် ကြံသည်။
သို့သော် သူ့အကြံမဦးမီ နန္ဒဘုရင်က အချိန်မီ ပြန်လာသည့်အခါ တောင်ဘက်ရှိ မွန်များကို ခေါ်ဆောင်ကာ အယုဒ္ဓယသို့ပြန်သည်။
မြန်မာတပ်များလိုက်လာသည့်အခါ ခေါင်းဆောင်ဖြစ်သူကို တူမီးသေနတ်ဖြင့်ပစ်ချကာ ဟန့်တားသည်။ (ထိုသေနတ်ကို “စစ်တောင်းမြစ်ကို ဖြတ်ကျော်စဉ် ဗြဿဓိနရာဇ် အသုံးပြုခဲ့သည့် သေနတ်”ဟု မှတ်တမ်းတင်ကာ ယနေ့တိုင် ယိုးဒယားအမျိုးသားပြတိုက်တွင် သိမ်းဆည်းထားသည် ဆို၏)

နောက်ပိုင်းတွင် မြန်မာဘက်မှ ဥပရာဇာ မင်းကြီးစွာ ဦးစီးသည့် တပ်များ ယိုးဒယားနယ်တွင်းသို့ ဝင်ရောက်လာသည့်အခါတွင်လည်းကောင်း၊ နန္ဒဘုရင်ဦးစီးသည့် တပ်များ အယုဒ္ဓယမြို့ကိုလာရောက်ဝန်းရံသည့်အခါတွင်လည်းကောင်း ဟံသာဝတီစစ်ဆင်စစ်တက်ဗျူဟာများကို တန်ပြန်အသုံးချကာ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။

ထိုအတောအတွင်း ခမည်းတော် ဗြမဟာဓမ္မရာဇာ နတ်ရွာစံသွားသဖြင့် အယုဒ္ဓယထီးနန်းကို ဆက်ခံရသည်။ မင်းအဖြစ်ကို ရရှိခြင်းကြောင့် မြန်မာတို့နှင့် တိုက်နေရသည့် စစ်ပွဲများနှင့်ပတ်သက်၍ ပို၍ တာဝန်ကြီးလာခဲ့သည်။

ယခု ပဥ္စမမြောက်တိုက်ပွဲကား သူ့အတွက် ပို၍ အရေးကြီးသည်။ သူရှုံးပါက ယိုးဒယားတစ်မျိုးသားလုံး မြန်မာ့လက်အောက်ခံ တစ်ဖန်ပြန်ဖြစ်ချေမည်။ ရှုံး၍ မဖြစ်။ ဟံသာဝတီဥပရာဇာကို သည်တစ်ကြိမ်တွင်လည်း အနိုင်ယူမှ ဖြစ်ပေမည်။

(၂) မင်းနှစ်ပါး စီးချင်းထိုးကြခန်း (မြန်မာမူ)

အေဒီ ၁၅၉၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဟံသာဝတီ နန္ဒဘုရင်၏ အမိန့်ဖြင့် အိမ်ရှေ့ဥပရာဇာ #မင်းကြီးစွာ သည် သစ္စာဖောက်သူ ယိုးဒယားမင်း #ဗြနရစ် ကို တိုက်ခိုက်ရန် တပ်ပေါင်း ၂၉ တပ် (စစ်အင်အား သုံးသိန်း နီးပါး) ဖြင့် အယုဒ္ဓယ မ်ြို့ အနီးရောက်ရှိသည်။
ဥပရာဇာအနေဖြင့် ယခုတိုက်ပွဲမတိုင်မီက ယိုးဒယားတို့နှင့် သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး သုံးကြိမ်စလုံး နိုင်ပွဲမရရှိခဲ့သဖြင့် အင်အားသုံးသိန်းနီးပါးကို မရအရ စုဆောင်းလာကာ ယိုးဒယားမင်းကိုရော အယုဒ္ဓယမြို့ ကိုပါ အပြီးသတ် ချေမှုန်းရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဝါရောင် ဟင်္သာရုပ် အလံတော်ကို ကိုင်စွဲထားသော မြင်းသည်တော်သည် ဥပရာဇာ၏ လက်ဝဲဘက်သို့ မြင်းကို ဒုန်းစိုင်းစီးကာ အိမ်ရှေ့မင်း၏ ” ငါ့အမိန့် ရမှ တိုက် ” ဟူသော စကားကို တပ်မှုး တစ်ယောက်ချင်းစီ ထံ ပြောသွားသည်။

ထို့နောက် မြန်မာ တို့သည် အယုဒ္ဓယမြို့တွင်းမှ ကြားနိုင်သော အသံများဖြင့် “သစ္စာဖောက် ဗြနရာဇ် ခုထွက်ခဲ့” ၊ “သစ္စာဖောက်က ကြောက်လို့ ပုန်းနေတာလား” စသဖြင့် အော်ဟစ်ဆဲဆို ကြလေသည်။
ထိုသို့အော်ဟစ်သံမဆုံးမီ အယုဒ္ဓယဘက်မှ အမြောက်များ ဆင့်ကာဆင့်ကာ စတင် ပစ်ခတ်တော့သည်။
အမြောက်သံများနှင့်အတူ ယိုးဒယားမင်း ဗြနရာဇ် သည် #ဗြလပုံ အမည်ရှိသော တိုက်ဆင် ကို စီးကာ တိုက်စည် တိုက်မောင်း ဆူညံစွာဖြင့် မြို့တံခါးမှ ထွက်လာလေသည်။
ယိုးဒယားမင်းထွက်လာသည်ကို မြင်လျှင် ဥပရာဇာက သူ၏ဘေးရှိ ငယ်ကျွန် #ဇာပရိုစား ကို အချက်လှမ်းပြလေ၏။

” ဗြနရာဇ်ငယ်က ငါ့ကို ဦးတည်ပြီး လာတိုက်လိမ့်မယ်။ အဲ့ကျရင် မင်းက ဆင်တော်ပေါက်ကျော်ဇေယျ နဲ့ ဝင်တိုက်ချေ”
ဇာပရိုစား သည် မုန်ယိုလွန်းသဖြင့် ပုဆိုးဖြင့်မျက်နှာကို ကာထားရသော ၎င်း၏ဆင်တော် #ပေါက်ကျော်ဇေယျ ကို မနည်းချွန်းအုပ် ထိန်းနေရင်းမှ လက်အုပ်ချီကာ ခေါင်းငြိတ်ပြသည်။

ထင်သည့်အတိုင်းပင် ဗြနရာဇ်သည် ဥပရာဇာထံသို့ ရွေ့ကာရွေ့ကာ ချဉ်းကပ်လာလေသည်။
ထိုအခါ ဇာပရိုစားက ပေါက်ကျော်ဇေယျ၏ မျက်နှာကို ကာထားသော ပုဆိုးကို ဖယ်ကာ ဗြနရာဇ်ထံ ဝင်တိုက်လေ၏။

သို့သော် မုန်ယိုနေသော ပေါက်ကျော်ဇေယျသည် ဗြနရာဇ်ထံ မသွားဘဲ အနီးရှိ ဥပရာဇာ စီးသော ဆင်တော် #ရဲဘုန်းစုံ ကို ဝှေ့လေ၏။

မထင်မှတ်ထားသော အခြေအနေဖြစ်သဖြင့် ဥပရာဇာ မှာ ဗြနရာဇ်ကို ဂရုမစိုက်နိုင်တော့ဘဲ ပေါက်ကျော်ဇေယျ ရန်ကို ကာကွယ်ရလေတော့သည်။ ထိုအခြေအနေတွင် ဥပရာဇာစီးသော ဆင်၏ ကကြိုး လည်သွားသဖြင့် ကုန်းလယ်စီး တုရင်ဗလမှာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
လည်သွားသော ကကြိုးကို ပြန်ပြင်နေစဉ် အယုဒ္ဓယဘက်မှ စိန်ပြောင်းသံ တစ်ချက်ကြားလိုက်ရသည်။
တုရင်ဗလ လှည့်ကြည့်လိုက်စဉ်တွင် ဥပရာဇာ၏ ရင်ဘတ်တွင် သွေးအလိမ်းလိမ်း။

“သတိထားတော်မူပါ အရှင်” ဟု ဥပရာဇာကိုပွေ့ကာ ဆင်တော်ကို အနီးရှိ #ဆောက်ခြုံ တွင် မီထားရ၏။
ထိုအခြေအနေကို ဗြနရာဇ် နားမလည်နိုင်။ ဥပရာဇာ ကျဆုံးသွားသည်ကိုလည်း မသိ။ မြန်မာတို့က ၎င်းကို အရှင်ဖမ်းရန် စစ်ဗျူဟာအသစ်များ သုံးနေသည်လားဟု တွေးမိကာ ဆင်တော်ကို အသာတန့်ရင်း နောက်ဆုတ်ရန် ပြင်သည်။

ထိုစဉ် ဥပရာဇာ၏ လက်ဝဲဘက်မှ တောင်ငူမင်သား နတ်သျှင်နောင်က ဆင်တော် ဥပေါသထ ကို ချွန်းဖွင့်ကာ ဗြနရစ်ထံ ဝင်တိုက်သည်။
ဗြနရာဇ်သည် နတ်သျှင်နောင်၏ လက်စွမ်းကို အရင်တိုက်ပွဲများကတည်းက ကြုံဖူးသည်။ တောင်ငူမင်းသားငယ်၏ အစွမ်းကို လျှော့မတွက်ရဲ။ သို့သော် မိမိ၏ ရာဇဣန္ဒြေကို ငဲ့ကာ လှံရှည်ကို ပြင်ရင်း ဗြနရာဇ်ရှေ့တိုးလာသည်။

ဆင်ချင်းတွေ့ကြသည်နှင့် နတ်သျှင်နောင်၏ လှံချက်များက လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာ သူ့ထံရောက်လာသည်။ ထို့နောက် ဆင့်ကဲဆင့်ကဲ ခုတ်ချက်များ။ ဗြနရစ်သည် တောင်ငူမင်းသား နတ်သျှင်နောင်၏ ခုတ်ချက်များကို ပြန်လည်ရင်ဆိုင်ရန် ကြိုးစားပါသေးသည်။ သို့သော် မြန်မာတပ်အချို့ မြို့တွင်း ဝင်ရောက်နေပြီကို သိရသည့်အခါ နန်းတော်ကို စိုးရိမ်စိတ်က ငယ်ထိပ်သို့ တက်ဆောင့်သည်။
ဤတွင် ဗြနရာဇ်သည် အခြေအနေမလှမှန်းသိကာ ယိုးဒယားတပ်အားလုံးပြန်ဆုတ်ရန် အော်ဟစ် အမိန့်ပေးတော့သည်။ သူကိုယ်တိုင်လည်း နောက်ပင် လှည့်မကြည့်တော့ဘဲ မြို့တွင်းသို့ ဝင်ပြေးတော့သည်။ ယိုးဒယားစစ်သည်တို့ ပြေးသည်မှာလည်း နှစ်ယောက်ပင်စု၍ မရတော့ချေ။

မပြေးနိုင်သော ယိုးဒယား အမတ်နှစ်ဦး (ဩယားဘတ်နှင့် ဩယားစက္ကိ)ကို နတ်သျှင်နောင်၏ တပ်သားများက အရှင် ဖမ်းမိသလို မြို့အတွင်း ဝင်တိုက်နေသော မြန်မာအမတ်နှစ်ဦး (ဝင်းယော်စားနှင့် ထုံးဘိုစား) တို့ကိုလည်း မြို့တံခါးအပိတ်တွင် ယိုးဒယားတို့ရရှိသွားသည်။

ဥပရာဇာကား စိန်ပြောင်းကျည်သင့်၍ နတ်ရွာလားချေပြီ။ အလောင်းတော်ကို သရက်သားပျဉ် ဖြင့် အခေါင်းပြုလုပ်ကာ မပုပ်မသိုးအောင် ပြဒါး နိုင်နိုင်သွပ်၍ ဟံသာဝတီသို့ ဆောင်ယူခဲ့လေတော့သည်။

(၃) မင်းနှစ်ပါး စီးချင်းတွေ့ခန်း(ယုဒ္ဓဟတ္ထိ) (ယိုးဒယားမူ)

မင်းကြီး ဗြနရစ်လည်း မြန်မာတပ်များ ချီလာသည် ဗိုလ်ပါလည်း များလှသည်ကို သိလျှင် နောင်စရယ်(Nongsarai) အရပ်သို့ ချီတော်မူကာ ရင်ဆိုင်ရန် ပြင်သည်။ နှစ်ဖက်တပ်များ ရင်ဆိုင်မိကြသည်တွင် ကောင်းကင်၌ တိမ်ညိုတိမ်မည်းများ သမ်းလာကာ မင်းနှစ်ပါး ရင်ဆိုင်မည့်နေရာ၌သာ နေရောင်ဖြာကျလျက်ရှိသည်။ (ထို့ပြင် ရှောက်သီးလုံးခန့် ဓာတ်တော်မှ ရောင်ခြည်တော် လွှတ်သည်ကိုလည်း နှစ်ဖက်ဗိုလ်ပါ အပေါင်း ဖူးမြင်ကြရသည်)
ဥပရာဇာ မင်းကြီးစွာသည် အခြား လက်အောက်ခံမင်း များကြားတွင် ဆင်တော်ကို တန့်၍နေသည်။ မြန်မာခေါင်းဆောင်များ၏ ချပ်ဝတ်တန်ဆာသည် တစ်ဦးနှင့် တစ်ဦး ဆင်တူယိုးမှား ဖြစ်နေကြသော်လည်း ဗြနရစ်သည် ထိုလူအုပ်ကြီးကြားမှ ဥပရာဇာကို ခွဲခြားနိုင်ခဲ့သည်။

ထို့နောက် ဗြနရစ်က “နောင်တော်ဘုရား..အဘယ်ကြောင့်ရပ်နေပါသလဲ။ ထွက်တော်မူ၍ စီးချင်းတိုက်တော်မူပါ” ဟုအော်ဟစ်ခဲ့သည်။ (ထိုသို့ အော်ဟစ်သည်ကို The Legend of King Naresuan 5 ဇာတ်ကားတွင် ဗြနရစ်အဖြစ် သရုပ်ဆောင်သူက မြန်မာစကားမပီမသဖြင့် ပြောဆိုဟန်ကို ထည့်သွင်း ရိုက်ကူးထားသည်ကို ကြည့်ရှုရသည်။)
ထိုအခါ ဥပရာဇာလည်း မနေသာတော့ဘဲ ရှေ့ကို တိုးလာသည်။ သူ၏ လက်ထဲတွင် စက်ပလီ(စိန်ပြောင်း)ကို ကိုင်ဆောင်လာပြီး ဗြနရစ်ကို ချိန်ရွယ်ရာ ဗြနရစ်က-
-” ဓမ္မယုဒ္ဓစစ်ထိုးခြင်းသာဖြစ်သည်။ နောင်တော်တို့လူမျိုးတွင် ထိုအလေ့ရှိသလော” ဟု ပြောသည့်အခါ ဥပရာဇာက-
-” ပလီကို ပစ်လွှတ်မည်မဟုတ်ပါ၊ အဆောင်အယောင် သဘောမျိုး ဆောင်၍သာ ပါပါသည်” ဟု ပြန်ပြောကာ လှံရှည်ကိုထုတ်၍ တိုက်ရန် ပြင်သည်။

စီးချင်းတိုက်ကြရာ ဥပရာဇာ၏ ဆင်ကို ဗြနရစ်၏ဆင် အားမတန်၍ ဆုတ်ကာ ဆုတ်ကာခံသည်။ ဥပရာဇာက လှံရှည်ဖြင့် ထခုတ်ရာ ဗြနရစ် ကိုယ်ကိုယိမ်း၍ ရှောင်သဖြင့် ဆောင်းထားသည့် မောက်ရှည်ကို ထိမိကာ မောက်ရှည်အနားသားများ ပြတ်ကျသည်။
ထိုအချိန်တွင် ဟံသာဝတီသေနတ်သမား တစ်ဦးက ဗြနရစ်ဆင်ကို သေနတ်ဖြင့်ပစ်ရာ ဗြနရစ်ဆင်၏ နောက်ပဲ့စီး စစ်သည်ကို ထိမှန်လေ၏။ (ထိုနောက်ပဲ့စီးလည်း သေလုသည့်ဒဏ်ရာ ရသော်ငြား မိမိ၏အရှင်အတွက် အားခဲကာ ဆက်လက်အမှုထမ်းလေ၏)
ဗြနရစ်ဆင်လည်း တုန်တုန်ခိုက်ခိုက်နှင့် နောက်သို့ဆုတ်ရင်း ဆီးပင်ရော်ရာ(Jujube Tree)တစ်ပင်ပေါက်နေသော တောင်ပို့တစ်ခုကို ခြေကန်မိလေသည်။

ထို့နောက်တွင်မူ ခြေကန်မိသည့်တောင်ပို့ကို အားပြုရင်း ဥပရာဇာ၏ ဆင်တော်ကို ထိုးဝှေ့ရာ အစွယ်ရင်းကို ထိုးမိ၍ ဥပရာဇာဆင် မျက်နှာသုန်ကာ နောက်သို့လည်မည်ပြု၏။
ဤအခြေအနေတွင် ဗြနရစ်လည်း လက်သုံးလှံရှည်ဖြင့် ဥပရာဇာ၏ လက်ဝဲဘက် ပုခုံးကို အားကုန်ခုတ်ချရာ မထင်မှတ်သည့်အခြေအနေဖြစ်၍ မကာကွယ်နိုင်ဘဲ ဥပရာဇာ ဆင်ဦးတွင်ပင် အနိစ္စရောက်လေ၏။
ထိုသို့ ဗြနရစ်အနိုင်ရကြောင်းကို သေနတ်ဒဏ်ရာရထားသော နောက်ပဲ့စီးမြင်လျှင် ပျော်ရွှင်ရင်းကပင် အသက်ကုန်လေ၏။
ဟံသာဝတီတပ်များလည်း ဥပရာဇာ ကွယ်လွန်ကြောင်းသိလျှင် အုတ်အုတ်ကျက်ကျက် ဖြစ်ကာ ဗြနရစ်ဆင်တော်၏ ပတ်ပတ်လည်သို့ ဝင်ရောက် ထိုးခုတ်ပစ်ခတ်ကြလေ၏။

ဗြနရစ်လည်း ရုံးစုမိသမျှ တပ်သားများနှင့်ပင် အယုဒ္ဓယမြို့အတွင်းသို့ ပြန်ဝင်လေ၏။ (မြန်မာတပ်သားများ ပစ်ခတ်မှုကြောင့် ဗြနရစ်နှင့် သူ၏ညီတော်တို့၏ လက်များတွင် သေနတ်ခဲသီးများပင် ရှနခဲ့သေးသည် ဆို၏။)
ဟံသာဝတီနန္ဒဘုရင်လည်း ယိုးဒယားချီတပ်များပြန်ရောက်လျှင် ဥပရာဇာနှင့် ဗြနရစ် စီးချင်းတွေ့ကြရာ လက်နက်ဦး၍ ဥပရာဇာဆုံးကြောင်း သိလျှင် ဥပရာဇာ၏ တပ်မှ တပ်မှူးဗိုလ်မှူးတို့ကို တံညပ်နှင့် ညှပ်ပြီးလျှင် မီးကင်၍ သတ်စေ၏။
ထိုမျှနှင့် အမျက်တော်မပြေ၍ ဟံသာဝတီရွှေနန်းရှိ ဆုပန်ကလျာ(ဗြနရစ်၏ အစ်မတော်) သမီးတော်ကို နို့တိုက်နေစဉ် လက်သုံးတော်ဓားဖြင့် သားအမိနှစ်ဦးစလုံးအား ခုတ်သတ်လေ၏။

(၄)သုံးသပ်ချက်

လွန်ခဲ့သည့် နှစ်ပေါင်း ၄၂၃နှစ်ခန့်က စစ်ပွဲဖြစ်သော်ငြား မူနှစ်မူမှာ လုံးဝကွဲပြားနေသည်ကိုတွေ့ရသည်။ မိမိ၏ ပုဂ္ဂလိက အမြင်ဖြင့် သုံးသပ်ရလျှင် ဥပရာဇာ၏လှံချက်ကြောင့် ပဲ့နေသည်ဟု သတ်မှတ်ကာ ယနေ့တိုင် ၎င်းတို့၏ ပြတိုက်တွင် ပြသထားသော ဗြနရာဇ်၏ မောက်ရှည်သည် မြန်မာမူအရ ဆိုပါက နတ်သျှင်နောင်၏ လှံချက်ကြောင့်သာ ဖြစ်နိုင်သည်။

ထို့ပြင် ယိုးဒယားမူများတွင် ဆုပန်ကလျာကို ရက်စက်စွာ သတ်ဖြတ်သည် ဆိုသော်ငြား မြန်မာမှတ်တမ်းများတွင် ဆုပန်ကလျာသည် ဘုရင့်နောင်မင်းကြီးနှင့် သမီးတော်တစ်ပါးရကြောင်း၊ သမီးတော်၏ အမည်မှာ မင်းအထွေးဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ယိုးဒယားတို့က အဆိုပါ ဆင်စီးချင်းတိုက်ပွဲ(ယုဒ္ဓဟတ္ထိ)ကို လွန်စွာဂုဏ်ယူ ဝင့်ကြွားကြပြီး ဆင်စီးချင်းထိုးခန်း ပန်းချီကားများ ချိတ်ဆွဲခြင်း၊ ပြဇာတ်တိုများ ကပြခြင်း၊ ဘတ်ငွေသန်းပေါင်းများစွာ အကုန်အကျခံကာ ရုပ်ရှင်ရိုက်ကူးခြင်းများ ပြုလုပ်ကြသည်။

ထို့ပြင် တိုက်ပွဲဖြစ်သည့် ၁၅၉၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ကို အစွဲပြုကာ ယိုးဒယားတပ်မတော်နေ့ ကို သတ်မှတ်ခဲ့လေသည်။

မူနှစ်မူကို နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြခြင်း ဖြစ်ပြီး မြန်မာမူအတွက် တွင်းသင်းရာဇဝင်(ဒုတိယတွဲ) နှင့် မြန်မာစစ်ဘုရင်သူရဲကောင်းများ(ကထိကဦးစိန်လွင်လေး) တို့ကို မှီငြမ်းထားပြီး ယိုးဒယားမူအတွက် ယိုးဒယားရာဇဝင်ပေမူ(ဒေါက်တာသော်ကောင်း)၊ Wikipedia နှင့် ဗြနရစ်အကြောင်း ရိုက်ကူးထားသည့် ယိုးဒယားရုပ်ရှင်ကား The Legend of King Naresuan 5 တို့ကို မှီငြမ်းပါသည်။

Min Htet Kyaw Swar

Leave a Reply