ကမာၻေက်ာ္ ဖူဂ်ီေတာင္အေၾကာင္း သိေကာင္းစရာ

Posted on

ဂ်ပန္ႏိုင္ငံက ေတာင္လုိ႔ ဆုိလုိက္တာနဲ႔ အားလုံးသိၾကမွာက ဖူဂ်ီေတာင္ ျဖစ္မယ္လုိ႔ ထင္ပါတယ္။ ဂ်ပန္ႏုိင္ငံရဲ႕ အမွတ္သေကၤတတစ္ခုျဖစ္တဲ့ ဒီေတာင္ဟာ ပစိဖိတ္ကမ္းရုိးတန္းအနီးက ဟြန္ရႈးကြ်န္းမွာတည္ရွိၿပီး အျမင့္ ၃၇၇၆မီတာ(၁၂၃၈၉ေပ) ရွိၿပီး ဂ်ပန္ႏုိင္ငံရဲ႕ အျမင့္ဆုံးေတာင္လည္းျဖစ္ပါတယ္။ တစ္ႏွစ္မွာ ငါးလခန္႔ တစ္ေတာင္လုံးႏွင္းေတြဖုံးေနတတ္ေလ့ရွိပါတယ္။

သက္ရွိမီးေတာင္ျဖစ္ၿပီး ေနာက္ဆုံးေပါက္ကြဲမႈကေတာ့ လြန္ခဲ့ေသာႏွစ္ ၃၀၀ခန္႔ ၊ ၁၇၀၇ခုႏွစ္ ဒီဇင္ဘာ ၁၆ရက္မွာ ျဖစ္ခဲ့ပါတယ္။ ၿမဳိ႕ေတာ္တုိက်ဳိနဲ႔ ၆၂မုိင္ကြာေ၀းၿပီး အဲဒီတုန္းကေပါက္ကြဲမႈေၾကာင့္ မီးေတာင္ျပာေတြဟာ တုိက်ဳိအထိေရာက္ရွိခဲ့ပါတယ္။

ဖူဂ်ီဆုိတဲ့နာမည္ဟာ မီး နဲ႔ ေတာင္ကုိပိုင္စုိးသူ Fuchi နတ္ဘုရားမ ကေန ဆင္းသက္လာတယ္လုိ႔ ဆုိၾကပါတယ္။ ေအဒီ ၆၆၃ခုႏွစ္မွာ အမည္မသိ ဗုဒၶဘာသာဘုန္းေတာ္ႀကီးတစ္ပါးကတစ္ဆင့္ လူအမ်ားဆီျပန္႔ႏွ႔ံခဲ့ၿပီး ဖူဂ်ီေတာင္ဟာ စတင္နာမည္ႀကီးခဲ့ပါတယ္။ ၇ ရာစုႏွစ္ေလာက္တည္းက ရွင္တုိဘာသာရဲ႕ အထြတ္အျမတ္ထားရာ ေနရာတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ေရွးကဆာမူရိုင္းဓားသမားေတြနဲ႔ ဓားေရးေလ့က်င့္ရာေနရာျဖစ္ၿပီး လူတုိင္းတက္ေရာက္ခြင့္မရွိတဲ့ ေတာင္လည္းျဖစ္ပါတယ္။ အလြန္လွပတာေၾကာင့္ ေခတ္အဆက္ဆက္ဂ်ပန္စာေပေတြမွာ တျမတ္တႏုိးထည့္ေရးခဲ့ရတဲ့ ေတာင္လည္းျဖစ္ပါတယ္။

ဖူဂ်ီေတာင္ဟာ ဂ်ပန္ႏုိင္ငံရဲ႕ သန္႔စင္မြန္ျမတ္တဲ့ေတာင္ ၃ေတာင္ထဲက တစ္ေတာင္ျဖစ္ၿပီး က်န္တဲ့ႏွစ္ေတာင္ကေတာ့ Tate ေတာင္ နဲ႔ Haku ေတာင္ေတြပဲ ျဖစ္ပါတယ္။ ဖူဂ်ီေတာင္လုိ႔ေခၚေ၀ၚၾကေပမယ့္ တကယ္က ဖူဂ်ီေတာင္ႀကီးတစ္ခုလုံးမွာ မီးေတာင္ ၃ခုပါ၀င္ပါတယ္။ ေတာင္ေအာက္ေျခဘက္မွာ Komitakeမီးေတာင္ ၊ ေတာင္အလယ္မွာ Kofuji မီးေတာင္ နဲ႔ ထိပ္ဆုံးကေတာ့ Fuji မီးေတာင္ျဖစ္ပါတယ္။

ဖူဂ်ီေတာင္ရဲ႕ေဘးပတ္ပတ္လည္မွာေတာ့ Kawaguchiko, Yamanakako, Saiko, Motosuko and Shojiko စတဲ့ ေရကန္ ၅ကန္ ရွိပါတယ္။ ေတာင္ကုိ ၀ုိင္းရံထားတဲ့ ၿမဳိ႕ ၃ၿမဳိ႕ကေတာ့ Gotemba ၊ Fujiyoshida နဲ႔ Fujinomiya ၿမဳိ႕ တုိ႔ျဖစ္ပါတယ္။

ဖူဂ်ီေတာင္ကုိ သြားႏုိင္တဲ့ မီးရထားလမ္းေၾကာင္း ေလးခုရွိပါတယ္။ ႏွစ္စဥ္ ေတာင္တက္သူ အေယာက္ ၂သိန္းေက်ာ္ရွိၿပီး ကမာၻ႔ေတာင္တက္သူအမ်ားဆုံးေတာင္လည္း ျဖစ္ပါတယ္။

ေတာင္တက္လုိ႔အေကာင္းဆုံး တရား၀င္ခြင့္ျပဳထားတဲ့ ရာသီက ဇူလုိင္ နဲ႔ ၾသဂုတ္လျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ရာသီဥတုဟာ အလြန္သာယာၿပီး ႏွင္းထုေတြကင္းစင္ေလ့ရွိတာေၾကာင့္ သဘာ၀ရဲ႕အလွအပ နဲ႔ ဖူဂ်ီေတာင္ကုိ အေကာင္းဆုံးျမင္ေတြ႔ ခံစားႏုိင္မွာျဖစ္ပါတယ္။

အပူခ်ိန္ကေတာ့ ပ်မ္းမွ်အားျဖင့္ ေႏြရာသီမွာ ၇ဒီဂရီဆဲစီးယပ္ရွိၿပီး ေဆာင္းရာသီမွာေတာ့ -၂၁ဒီဂရီ ဆဲစီးယပ္ရွိပါတယ္။ တခါတရံ -၃၅ဒီဂရီ ဆဲစီးယပ္ အထိက်ဆင္းေလ့ရွိတာေၾကာင့္ သတိထားၿပီးတက္သင့္ပါတယ္။

ေတာင္ထိပ္ကုိ ပထမဆုံးေရာက္ခဲ့တဲ့ ႏုိင္ငံျခားသားကေတာ့ ၿဗိတိန္လူမ်ဳိးတစ္ဦးျဖစ္တဲ့ Sir Rutherford Alcock ျဖစ္ၿပီး ၁၈၆၈ခုႏွစ္မွာ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဂ်ပန္မွာေတာ့ ဖူဂ်ီေတာင္ကုိ ျမင္ရရင္ ကံေကာင္းတတ္တယ္လုိ႔ ယုံၾကည္ၾကပါတယ္။

ဒါေၾကာင့္လည္း ဂ်ပန္လူမ်ဳိးအမ်ားစုဟာ ဖူဂ်ီေတာင္ကုိ မၾကာခဏတက္ၾကေလ့ရွိတာျဖစ္ပါတယ္။ ဖူဂ်ီေတာင္ကုိ UNESCO ကလည္း ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ ထည့္သြင္းထားပါတယ္။


ကမ္ဘာကျော် ဖူဂျီတောင်အကြောင်း သိကောင်းစရာ (unicode)

ဂျပန်နိုင်ငံက တောင်လို့ ဆိုလိုက်တာနဲ့ အားလုံးသိကြမှာက ဖူဂျီတောင် ဖြစ်မယ်လို့ ထင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဒီတောင်ဟာ ပစိဖိတ်ကမ်းရိုးတန်းအနီးက ဟွန်ရှုးကျွန်းမှာတည်ရှိပြီး အမြင့် ၃၇၇၆မီတာ(၁၂၃၈၉ပေ) ရှိပြီး ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။ တစ်နှစ်မှာ ငါးလခန့် တစ်တောင်လုံးနှင်းတွေဖုံးနေတတ်လေ့ရှိပါတယ်။

သက်ရှိမီးတောင်ဖြစ်ပြီး နောက်ဆုံးပေါက်ကွဲမှုကတော့ လွန်ခဲ့သောနှစ် ၃၀ဝခန့် ၊ ၁၇၀၇ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာ ဖြစ်ခဲ့ပါတယ်။ မြို့တော်တိုကျိုနဲ့ ၆၂မိုင်ကွာဝေးပြီး အဲဒီတုန်းကပေါက်ကွဲမှုကြောင့် မီးတောင်ပြာတွေဟာ တိုကျိုအထိရောက်ရှိခဲ့ပါတယ်။

ဖူဂျီဆိုတဲ့နာမည်ဟာ မီး နဲ့ တောင်ကိုပိုင်စိုးသူ Fuchi နတ်ဘုရားမ ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အေဒီ ၆၆၃ခုနှစ်မှာ အမည်မသိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကတစ်ဆင့် လူအများဆီပြန့်နှံ့ခဲ့ပြီး ဖူဂျီတောင်ဟာ စတင်နာမည်ကြီးခဲ့ပါတယ်။ ၇ ရာစုနှစ်လောက်တည်းက ရှင်တိုဘာသာရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ရှေးကဆာမူရိုင်းဓားသမားတွေနဲ့ ဓားရေးလေ့ကျင့်ရာနေရာဖြစ်ပြီး လူတိုင်းတက်ရောက်ခွင့်မရှိတဲ့ တောင်လည်းဖြစ်ပါတယ်။ အလွန်လှပတာကြောင့် ခေတ်အဆက်ဆက်ဂျပန်စာပေတွေမှာ တမြတ်တနိုးထည့်ရေးခဲ့ရတဲ့ တောင်လည်းဖြစ်ပါတယ်။

ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံရဲ့ သန့်စင်မွန်မြတ်တဲ့တောင် ၃တောင်ထဲက တစ်တောင်ဖြစ်ပြီး ကျန်တဲ့နှစ်တောင်ကတော့ Tate တောင် နဲ့ Haku တောင်တွေပဲ ဖြစ်ပါတယ်။ ဖူဂျီတောင်လို့ခေါ်ဝေါ်ကြပေမယ့် တကယ်က ဖူဂျီတောင်ကြီးတစ်ခုလုံးမှာ မီးတောင် ၃ခုပါဝင်ပါတယ်။ တောင်အောက်ခြေဘက်မှာ Komitakeမီးတောင် ၊ တောင်အလယ်မှာ Kofuji မီးတောင် နဲ့ ထိပ်ဆုံးကတော့ Fuji မီးတောင်ဖြစ်ပါတယ်။

ဖူဂျီတောင်ရဲ့ဘေးပတ်ပတ်လည်မှာတော့ Kawaguchiko, Yamanakako, Saiko, Motosuko and Shojiko စတဲ့ ရေကန် ၅ကန် ရှိပါတယ်။ တောင်ကို ဝိုင်းရံထားတဲ့ မြို့ ၃မြို့ကတော့ Gotemba ၊ Fujiyoshida နဲ့ Fujinomiya မြို့ တို့ဖြစ်ပါတယ်။

ဖူဂျီတောင်ကို သွားနိုင်တဲ့ မီးရထားလမ်းကြောင်း လေးခုရှိပါတယ်။ နှစ်စဉ် တောင်တက်သူ အယောက် ၂သိန်းကျော်ရှိပြီး ကမ္ဘာ့တောင်တက်သူအများဆုံးတောင်လည်း ဖြစ်ပါတယ်။
တောင်တက်လို့အကောင်းဆုံး တရားဝင်ခွင့်ပြုထားတဲ့ ရာသီက ဇူလိုင် နဲ့ ဩဂုတ်လဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရာသီဥတုဟာ အလွန်သာယာပြီး နှင်းထုတွေကင်းစင်လေ့ရှိတာကြောင့် သဘာဝရဲ့အလှအပ နဲ့ ဖူဂျီတောင်ကို အကောင်းဆုံးမြင်တွေ့ ခံစားနိုင်မှာဖြစ်ပါတယ်။

အပူချိန်ကတော့ ပျမ်းမျှအားဖြင့် နွေရာသီမှာ ၇ဒီဂရီဆဲစီးယပ်ရှိပြီး ဆောင်းရာသီမှာတော့ -၂၁ဒီဂရီ ဆဲစီးယပ်ရှိပါတယ်။ တခါတရံ -၃၅ဒီဂရီ ဆဲစီးယပ် အထိကျဆင်းလေ့ရှိတာကြောင့် သတိထားပြီးတက်သင့်ပါတယ်။

တောင်ထိပ်ကို ပထမဆုံးရောက်ခဲ့တဲ့ နိုင်ငံခြားသားကတော့ ဗြိတိန်လူမျိုးတစ်ဦးဖြစ်တဲ့ Sir Rutherford Alcock ဖြစ်ပြီး ၁၈၆၈ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်မှာတော့ ဖူဂျီတောင်ကို မြင်ရရင် ကံကောင်းတတ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း ဂျပန်လူမျိုးအများစုဟာ ဖူဂျီတောင်ကို မကြာခဏတက်ကြလေ့ရှိတာဖြစ်ပါတယ်။ ဖူဂျီတောင်ကို UNESCO ကလည်း ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

Leave a Reply