၁၇ရာစုက နစ္ျမဳပ္သြားခဲ့ေသာ ကမာၻ႔အႀကီးဆုံး စစ္သေဘၤာႀကီး ဗာဆာ

Posted on

Vasa ဆုိတာ ဆြီဒင္စစ္သေဘၤာတစ္စင္းျဖစ္ခဲ့ၿပီး ၁၆၂၆ ခုႏွစ္မွာတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၁၆၂၈ခုႏွစ္ မွာ ၿပီးစီးခဲ့တဲ့အတြက္ တည္ေဆာက္ခ်ိန္ ၂ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။ အလ်ား ၂၂၆ေပ ၊ အန၃၈ေပံ ၊ ၃၈ေပ ၊ အျမင့္ ၁၇၂ေပ နဲ႔ အေလးခ်ိန္ ၁၂၀၀တန္ ရွိကာ အဲဒီေခတ္္ကအႀကီးမားဆုံးသေဘၤာလုိ႔ ဆုိႏုိင္ပါတယ္။

သေဘၤာမွာ အႏုပညာလက္ရာေျမာက္စြာ ထုထားတဲ့ ရုပ္တုေပါင္း ၁၀၀ေက်ာ္ပါ၀င္ၿပီး ေနရာအႏွံ႔မွာ ပန္းခ်ီကားေတြကိုလည္း ဆြဲထားပါေသးတယ္။ ဒီသေဘၤာႀကီးဟာ တစ္ခ်ိန္က ဆြီဒင္ဘုရင္ေတြရဲ႕ ခမ္းနားႀကီးက်ယ္မႈကို ျပသေနရာလည္း ေရာက္ပါတယ္။

ေၾကးအေျမာက္ႀကီး ၆၄လက္ကုိ တင္ဆင္ထားၿပီး သေဘၤာသား ၁၄၅ေယာက္နဲ႔ စစ္သား ၃၀၀ ကုိ သယ္ေဆာင္ႏုိင္တဲ့ ရြက္သေဘၤာႀကီးတစ္စင္းျဖစ္ခဲ့ပါတယ္။

ဆြီဒင္ဘုရင္ Gustavus Adolphus က ပုိလန္ – လစ္သူေရးနီယားတုိက္ပြဲအတြက္ တည္ေဆာက္ေစခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီအခ်ိန္ဟာ ကမာၻမွာ အရြယ္အစားအႀကီးဆုံး နဲ႔ တန္ဖုိးအႀကီးဆုံးသေဘၤာျဖစ္ခဲ့ပါတယ္။

တည္ေဆာက္ၿပီးစီးတဲ့အခါမွာေတာ့ ဒီသေဘၤာဟာ အဲဒီအခ်ိန္က ကမာၻမွာ အင္အားအႀကီးမားဆုံး အႏၱရာယ္အေပးႏုိင္ဆုံး သေဘၤာဆုိၿပီး ဂုဏ္ယူခဲ့ၾကပါတယ္။ သေဘၤာတည္ေဆာက္ၿပီးစီး လက္နက္ေတြတပ္ဆင္ၿပီးတဲ့အခ်ိန္မွာ သေဘၤာမွာ ျပႆနာရွိေနတယ္ဆုိတာကုိ တည္ေဆာက္သူေတြဟာ သိထားပါတယ္။

သေဘၤာေပၚကို အင္အားႀကီးသထက္ႀကီးမားေအာင္ အေလးခ်ိန္မ်ားလြန္းတဲ့ လက္နက္ေတြကို ဘုရင့္အမိန္႔နဲ႔ တပ္ဆင္ထားရလုိ႔ပါ။ ဒါေပမယ့္ သူတုိ႔ဟာ ဒီအေၾကာင္းကို ဘုရင့္ထံမေလွ်ာက္ရဲပါဘူး။ ဘုရင္သိတာနဲ႔ သူအသတ္ခံရမွာစုိးလုိ႔ျဖစ္ပါတယ္။

သူက သေဘၤာကုိ ထပ္မံျပင္ဆင္ခ်င္ၿပီး ဘုရင့္အမိန္႔နဲ႔ အတင္းေရခ်ခုိင္းမွာကုိ စုိးရိမ္ေနခဲ့ပါတယ္။ သူစုိးရိမ္ေနခ်ိန္မွာပဲ ဘုရင္က အမိန္႔ေပးတဲ့အတြက္ သေဘၤာကို ပင္လယ္ဆီကုိ စမ္းသပ္ေမာင္းႏွင္ဖုိ႔ ထြက္ခဲ့ရပါတယ္။

မီတာ ၁၃၀၀ ၀န္းက်င္အေရာက္မွာေတာ့ သူထင္မွတ္ထားတဲ့အတုိင္းပဲ သေဘၤာဟာ အေလးခ်ိန္ဒဏ္ နဲ႔ ေသနတ္ေပါက္ေတြက ေရ၀င္တဲ့ဒါဏ္ကုိ မခံႏုိင္ေတာ့ပဲ နစ္ျမဳပ္သြားကာ ေရေအာက္ ၃၂မီတာ အနက္ကုိေရာက္ရွိ သြားပါေတာ့တယ္။ သူ႔ရဲ႕ပထမဆုံးနဲ႔ ေနာက္ဆုံးခရီးျဖစ္ပါတယ္။ ဒီနစ္ျမဳပ္မႈွမွာ လူ ၃၀ ရဲ႕အသက္ဆုံးရႈံးခဲ့ပါတယ္။

နစ္ျမဳပ္ၿပီး ၃၅ႏွစ္အၾကာမွာေတာ့ အေျမာက္ေတြကုိျပန္လည္ဆယ္ယူႏုိင္ခဲ့ပါတယ္။ သေဘၤာကိုဆယ္ဖုိ႔အႀကိမ္ႀကိမ္ႀကဳိးစားခဲ့ေပမယ့္ အဆင္မေျပတဲ့အတြက္ ေနာက္ပုိင္းမွာ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားတာ ႏွစ္ေပါင္း ၃၀၀ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။

၁၉၆၁ခုမွာေတာ့ ဆြီဒင္ေရေအာက္သုေတသနပညာရွင္ Anders Franzén က သေဘၤာႀကီးရဲ႕အေၾကာင္းကို သတင္းရခဲ့ၿပီးတဲ့ေနာက္ သေဘၤာရဲ႕ေနရာကို ရွာေဖြစုံစမ္းခဲ့ၿပီး နည္္းပညာအကူအညီေတြနဲ႔ ျပန္လည္ဆယ္ယူႏုိင္ခဲ့ပါတယ္။

ႏွစ္ေပါင္း ၃၀၀ေက်ာ္ နစ္ျမဳပ္ေနခဲ့ေပမယ့္ သေဘၤာကုိယ္ထည္ဟာ ဆုိးဆုိးရြားစြာပ်က္စီးသြားျခင္းမရွိပါဘူး။

အဲဒီေနာက္ေတာ့ ဆြီဒင္ပညာရွင္ေတြဟာ သေဘၤာႀကီးကို မူလပုံစံအတုိင္းျဖစ္ေစဖုိ႔ နဲ႔ မပ်က္စီးေစဖုိ႔ ႀကဳိးစားျပင္ဆင္ခဲ့ၾကပါတယ္။ ဒီျပင္ဆင္ခ်ိန္ဟာ ႏွစ္ေပါင္း ၂၀ၾကာျမင့္ပါတယ္။

ျပင္ဆင္ၿပီးတဲ့ေနာက္္မွာေတာ့ Wasavarvet ျပတုိက္မွာ အရင္ဆုံး ယာယီထားရွိခဲ့ၿပီး ၁၉၈၈ခုႏွစ္မွာေတာ့ ဆြီဒင္ႏုိင္ငံ စေတာ့ဟုမ္း Vasa ျပတုိက္ကုိ ေရႊ႕ေျပာင္းထားရွိခဲ့ပါတယ္။ ဒီ ၁၇ရာစု သေဘၤာဟာ ဆြီဒင္ႏုိင္ငံရဲ႕ ကမာၻ႔လွည့္ခရီးသြားေတြကုိ အဆြဲေဆာင္ႏုိင္ဆုံးအရာတစ္ခုျဖစ္ကာ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား သန္းနဲ႔ခ်ီၿပီး လာေရာက္ၾကည့္ရႈ႕ေလ့ရွိပါတယ္။

(ျပတုိက္က သေဘၤာႀကီးေဘးမွာေတာ့ မူလသေဘၤာရဲ႕ တည္ေဆာက္ပုံ နဲ႔ လူရုပ္ေတြကုိပါ ထည့္သြင္းျပသထားတဲ့ သေဘၤာပုံစံငယ္တစ္ခုလည္း ရွိပါတယ္)


၁၇ရာစုက နစ်မြုပ်သွားခဲ့သော ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီး ဗာဆာ (unicode)

Vasa ဆိုတာ ဆွီဒင်စစ်သင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ၁၆၂၆ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၆၂၈ခုနှစ် မှာ ပြီးစီးခဲ့တဲ့အတွက် တည်ဆောက်ချိန် ၂နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ အလျား ၂၂၆ပေ ၊ အန၃၈ပေံ ၊ ၃၈ပေ ၊ အမြင့် ၁၇၂ပေ နဲ့ အလေးချိန် ၁၂၀ဝတန် ရှိကာ အဲဒီခေတ်ကအကြီးမားဆုံးသင်္ဘောလို့ ဆိုနိုင်ပါတယ်။ သင်္ဘောမှာ အနုပညာလက်ရာမြောက်စွာ ထုထားတဲ့ ရုပ်တုပေါင်း ၁၀၀ကျော်ပါဝင်ပြီး နေရာအနှံ့မှာ ပန်းချီကားတွေကိုလည်း ဆွဲထားပါသေးတယ်။ ဒီသင်္ဘောကြီးဟာ တစ်ချိန်က ဆွီဒင်ဘုရင်တွေရဲ့ ခမ်းနားကြီးကျယ်မှုကို ပြသနေရာလည်း ရောက်ပါတယ်။

ကြေးအမြောက်ကြီး ၆၄လက်ကို တင်ဆင်ထားပြီး သင်္ဘောသား ၁၄၅ယောက်နဲ့ စစ်သား ၃၀၀ ကို သယ်ဆောင်နိုင်တဲ့ ရွက်သင်္ဘောကြီးတစ်စင်းဖြစ်ခဲ့ပါတယ်။ ဆွီဒင်ဘုရင် Gustavus Adolphus က ပိုလန် – လစ်သူရေးနီယားတိုက်ပွဲအတွက် တည်ဆောက်စေခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ကမ္ဘာမှာ အရွယ်အစားအကြီးဆုံး နဲ့ တန်ဖိုးအကြီးဆုံးသင်္ဘောဖြစ်ခဲ့ပါတယ်။

တည်ဆောက်ပြီးစီးတဲ့အခါမှာတော့ ဒီသင်္ဘောဟာ အဲဒီအချိန်က ကမ္ဘာမှာ အင်အားအကြီးမားဆုံး အန္တရာယ်အပေးနိုင်ဆုံး သင်္ဘောဆိုပြီး ဂုဏ်ယူခဲ့ကြပါတယ်။ သင်္ဘောတည်ဆောက်ပြီးစီး လက်နက်တွေတပ်ဆင်ပြီးတဲ့အချိန်မှာ သင်္ဘောမှာ ပြဿနာရှိနေတယ်ဆိုတာကို တည်ဆောက်သူတွေဟာ သိထားပါတယ်။ သင်္ဘောပေါ်ကို အင်အားကြီးသထက်ကြီးမားအောင် အလေးချိန်များလွန်းတဲ့ လက်နက်တွေကို ဘုရင့်အမိန့်နဲ့ တပ်ဆင်ထားရလို့ပါ။ ဒါပေမယ့် သူတို့ဟာ ဒီအကြောင်းကို ဘုရင့်ထံမလျှောက်ရဲပါဘူး။ ဘုရင်သိတာနဲ့ သူအသတ်ခံရမှာစိုးလို့ဖြစ်ပါတယ်။

သူက သင်္ဘောကို ထပ်မံပြင်ဆင်ချင်ပြီး ဘုရင့်အမိန့်နဲ့ အတင်းရေချခိုင်းမှာကို စိုးရိမ်နေခဲ့ပါတယ်။ သူစိုးရိမ်နေချိန်မှာပဲ ဘုရင်က အမိန့်ပေးတဲ့အတွက် သင်္ဘောကို ပင်လယ်ဆီကို စမ်းသပ်မောင်းနှင်ဖို့ ထွက်ခဲ့ရပါတယ်။ မီတာ ၁၃၀၀ ဝန်းကျင်အရောက်မှာတော့ သူထင်မှတ်ထားတဲ့အတိုင်းပဲ သင်္ဘောဟာ အလေးချိန်ဒဏ် နဲ့ သေနတ်ပေါက်တွေက ရေဝင်တဲ့ဒါဏ်ကို မခံနိုင်တော့ပဲ နစ်မြုပ်သွားကာ ရေအောက် ၃၂မီတာ အနက်ကိုရောက်ရှိ သွားပါတော့တယ်။ သူ့ရဲ့ပထမဆုံးနဲ့ နောက်ဆုံးခရီးဖြစ်ပါတယ်။ ဒီနစ်မြုပ်မှမှာ လူ ၃၀ ရဲ့အသက်ဆုံးရှုံးခဲ့ပါတယ်။

နစ်မြုပ်ပြီး ၃၅နှစ်အကြာမှာတော့ အမြောက်တွေကိုပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ သင်္ဘောကိုဆယ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် နောက်ပိုင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ နှစ်ပေါင်း ၃၀၀ကျော် ကြာမြင့်ခဲ့ပါတယ်။ ၁၉၆၁ခုမှာတော့ ဆွီဒင်ရေအောက်သုတေသနပညာရှင် Anders Franzén က သင်္ဘောကြီးရဲ့အကြောင်းကို သတင်းရခဲ့ပြီးတဲ့နောက် သင်္ဘောရဲ့နေရာကို ရှာဖွေစုံစမ်းခဲ့ပြီး နည်းပညာအကူအညီတွေနဲ့ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၀၀ကျော် နစ်မြုပ်နေခဲ့ပေမယ့် သင်္ဘောကိုယ်ထည်ဟာ ဆိုးဆိုးရွားစွာပျက်စီးသွားခြင်းမရှိပါဘူး။

အဲဒီနောက်တော့ ဆွီဒင်ပညာရှင်တွေဟာ သင်္ဘောကြီးကို မူလပုံစံအတိုင်းဖြစ်စေဖို့ ကြိုးစားပြင်ဆင်ခဲ့ကြပါတယ်။ ဒီပြင်ဆင်ချိန်ဟာ နှစ်ပေါင်း ၂၀ကြာမြင့်ပါတယ်။ ပြင်ဆင်ပြီးတဲ့နောက်မှာတော့ Wasavarvet ပြတိုက်မှာ အရင်ဆုံး ယာယီထားရှိခဲ့ပြီး ၁၉၈၈ခုနှစ်မှာတော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်း Vasa ပြတိုက်ကို ရွှေ့ပြောင်းထားရှိခဲ့ပါတယ်။ ဒီ ၁၇ရာစု သင်္ဘောဟာ ဆွီဒင်နိုင်ငံရဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးအရာတစ်ခုဖြစ်ကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီး လာရောက်ကြည့်ရှု့လေ့ရှိပါတယ်။

Leave a Reply