ရွင္ေစာပုဘုရင္မၾကီး ရဲ႕ ေခါင္းေဆာင္းေတာ္ ႏွင့္ ျမန္မာတို႕၏ စေကၠာမ ယႏၱရားအတတ္

Posted on

ေရးသားသူ – အတီး( ဝါးလုံးရွည္)

ရွင္ေစာပုသည္ မြန္တို႔၏ မဂဒူးမင္းဆက္တြင္ ၁၅ ဆက္ေျမာက္မင္းျဖစ္သည္။ ပုံပါ ေခါင္းေဆာင္းေတာ္မွာ အဂၤလိပ္မ်ား ျမန္မာႏိုင္ငံေအာက္ပိုင္းကို သိမ္းျပီး ေနာက္ အဂၤလန္သို႕ ယူေဆာင္သြားျပီး ေနာက္ လန္ဒန္ျမိဳ႕ရွိ ဗစ္တိုးရီးယားႏွင့္ အယ္လဘတ္ ျပတိုက္၌ယခုထက္တိုင္ ျပသလွ်က္ရွိသည္။ေဖာ္ျပပါပုံကိုၾကည့္ခ်င္းအားျဖင့္ ထိုေခတ္ကတဲက ျမန္မာတို႕၏လက္မႉပညာရပ္မ်ားျဖစ္ၾကေသာ ပန္းထိမ္ပညာ၊ေၾကးသြန္းပညာတို႕ ခန္႕မွန္းထားသည္ထက္ပိုမို ထြန္းကားခဲ့ေၾကာင္းသုံးသပ္ႏိုင္ေပသည္။

ဘုရင္မၾကီး၏ သားမက္ေတာ္ ရာမာဓိပတိမင္းလက္ထက္တြင္မူ ျမန္မာတို႕၏ စေကၠာမ ပညာရပ္(Robot) မ်ားသည္ အထြတ္အထိပ္သို႕ ေရာက္ရွိခဲ့ၾကသည္ဟု ယူဆမိေပသည္။ ထို အေၾကာင္းကိုမတင္ျပမီ ရာမာဓိပတိဟု အမည္ရေသာ္လည္း ယခုထက္တိုင္ေအာင္ ရန္ကုန္ျမစ္ဝ၌နစ္ျမဳတ္ေနသည့္ ဓမၼေစတီ ေခါင္းေလာင္းၾကီးအား လႈဒါန္း၍ ဓမၼေစတီ မင္းၾကီး ၏ ၾကံရည္ဖန္ ရည္ ႏွင့္ စြမ္းေဆာင္းႏိုင္မႈတို႕ ကို တင္ျပႏိုင္မွ ျပည္႕စုံမည္ထင္ပါသည္။

ရွင္ေစာပုသည္ အင္းဝသုိ႔ ပါေတာ္မူခဲ့ရျပီးလွ်င္ အင္းဝဘုရင္၏ မိဖုရားၾကီးအျဖစ္ ေနခဲ့ရသည္ကိုကား မြန္၊ ျမန္မာ ရာဇဝင္မ်ား အားလံုးက ေဖာ္ျပၾကေပသည္။ ရွင္ေစာပုသည္ အင္းဝတြင္ မိဖုရားၾကီးတပါးအျဖစ္ စံေနရလင့္ကစား မေပ်ာ္ပိုက္ေပ။ အင္းဝတြင္ သီဟသူႏွင့္ သံုးႏွစ္၊ မင္းလွငယ္ႏွင့္ သံုးလ၊ ကေလးေတာင္ညိဳမင္းနွင့္ ခုႏွစ္လ၊ မုိုးညွင္းမင္းတရားႏွင့္ သံုးႏွစ္ စုစုေပါင္း ခုနစ္ႏွစ္ ၾကာခဲ့ေလသည္။ ထိုမွ်ေသာ ကာလပတ္လံုး မိဖုရားၾကီး၏ စည္းစိမ္ခ်မ္းသာကို တပ္မက္ေမာျခင္း မရွိဘဲ မိမိ၏ေနရင္း ဟံသာဝတီသုိ႔သာ ျပန္လုိလွ၍ ဒဂုန္ဆံေတာ္ရွင္၏ ေျခေတာ္ရင္းတြင္ ဥပုသ္သီတင္း ေဆာက္တည္ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ္တို႔ကုိသာ ေဆာင္ရြက္ေနလိုစိတ္ ျပင္းျပေနခဲ့ေလသည္။

ဟံသာဝတီတြင္ ရွင္ေစာပု ရွိစဥ္က သားအမွတ္စားခဲ့၍ ရဟန္းျပဳေပးခဲ့ေသာ ပိဋကဓရ မည္ေသာ ရဟန္းတစ္ပါးသည္ မယ္ေတာ္ၾကီးအလား ေက်းဇူးၾကီးလွေသာ ရွင္ေစာပု ဟံသာဝတီသုိ႔ ျပန္လည္ေရာက္ရွိေရးကို ေတြးေတာ အားထုတ္ခဲ့ေလသည္။ ပိဋကဓရသည္ ရွင္သာမေဏ ဘဝကပင္ ပုဂံသုိ႔ သြားေရာက္ျပီးလွ်င္ ပိဋကတ္သံုးပံုကုိ ငါးႏွစ္မွ် သင္ၾကားတတ္ေျမာက္ခဲ့၍ ဟံသာဝတီသုိ႔ ျပန္ေရာက္ေသာအခါ မြန္၊ ဗမာ ႏွစ္ဘာသာျဖင့္ တရားဓမၼ ေဟာၾကားရာတြင္ အလြန္ ေက်ာ္ၾကားေလသည္။

ပိဋကဓရသည္ ရွင္ေစာပုအား ကူညီႏိုင္ရန္ ဓမၼဥာဏဘဲြဲဲ႔ အမည္ရွိ အျခားမြန္ရဟန္းတစ္ပါးႏွင့္ တိုင္ပင္ႏွီးေႏွာျပီးလွ်င္ အင္းဝသုိ႕ ႂကြလာခဲ့ၾကေလသည္။ အင္းဝသို႔ေရာက္လွ်င္ ထိုရဟန္းတို႔ တရားေဟာ အလြန္ေကာင္းသည္ဟု ေက်ာ္ၾကားေလသည္။ထုိအခ်ိန္ကာလသည္ မုိးညွင္းမင္းတရားလက္ထက္ သကၠရာဇ္ ၇၉၁ ခုႏွစ္ျဖစ္ေပသည္။

ပိဋကဓရတို႔ ေရာက္လတ္လွ်င္ ရွင္ေစာပုသည္ ထိုရဟန္းတို႔ႏွင့္ လွ်ိဳ႔ဝွက္စြာ အဆက္အသြယ္ျပဳလ်က္ ဟံသာဝတီသုိ႔ ထြက္ေျပးရန္ စီစဥ္သည္။ ထို႔ေနာက္ မိဖုရားၾကီးသည္ ၾကိဳတင္ စီစဥ္ထားသည့္အတိုင္း ခ်ိပ္ရည္ျဖင့္ ေဖာ္စပ္ထားေသာ ေဆးကို ေသာက္ေလလွ်င္ ဝမ္းက အနီအဝါ ေသြးဝမ္းမ်ား က်လတ္သည္။ အထိန္းေတာ္မ်ားလည္း စိုးရိမ္စြာျဖင့္ မင္းၾကီးအား သံေတာ္ဦးတင္၏။ ေရာဂါကူးစက္မည္ စိုး၍ ရွင္ေစာပုအခန္းသုိ႔ နန္းတြင္းသူမ်ား မဝင္လိုၾကဘဲ ေရွာင္ရွားေနၾကသည္။ ရွင္ေစာပုလည္း မိမိေဝဒနာ ၾကီးစြာ ခံစားေနရသျဖင့္ ကံမကုန္မီ ပိဋကဓရႏွင့္ ဓမၼဉာဏတို႔၏ တရားေတာ္တို႔ကုိ နာၾကားလိုသည္ဟု ေလွ်ာက္သည္။

မင္းၾကီးလည္း ယံုၾကည္၍ ရဟန္းႏွစ္ပါးအား အခ်ိန္မေရြးပင္ ထြက္ခြင့္ေပးသည္။ အခ်ိန္းအခ်က္ ျပဳထားသည့္ေန႔တြင္ ပိဋကဓရ ႏွင့္ ဓမၼဉာဏတုိ႔ ရဟန္းႏွစ္ပါးလည္း သိကၡာခ်၍ သာမေဏအျဖစ္ျဖင့္ ေနၾကသည္။ ထိုညဥ္႔သန္းေခါင္ယံအခ်ိန္တြင္ အဝတ္အစား ေသတၱာၾကီးတလုံးအတြင္းသို႔ ရွင္ေစာပုအား ဝင္ေစ၍ အဝတ္အထည္မ်ားျဖင့္ ဖံုးကြယ္ကာ ရဟန္းႏွစ္ပါးတို႔က ေသတၱာကို တဖက္စီဆြဲလ်က္ အခန္းအတြင္းမွ ထြက္သည္။

နန္းေတာ္တံခါးေစာင့္မ်ား ေမးလွ်ုင္ ရွင္ေစာပု လွဴလိုက္ေသာ ပစၥည္းမ်ားဟု ဆိုသျဖင့္ မည္သုိ႔မွ် ရွာေဖြျခင္း မျပဳဘဲ လႊတ္လိုက္၏။ ထုိ႔ေနာက္ ျမိဳ႔အေနာက္ လံုးေတာ္ေပါက္မွ ထြက္ကာ ၾကိဳတင္စီစဥ္ထား သည့္အတိုင္း ရဟန္းႏွစ္ပါးႏွင့္ တကာႏွစ္ေယာက္တို႔သည္ ရွင္ေစာပုအား ေလွေပၚတင္ျပီးေသာ္ ဟံသာဝတီသို႔ စုန္ေျပးေလသည္။

မိုးညွင္းမင္းတရားသည္ အမတ္ၾကီးအား ေလွာ္ကားငါးစင္းႏွင့္ လက္ျပည့္ေလွာ္၍ လိုက္ေစေသာ္လည္း မေတြ႔ရေခ်။ ရွင္ေစာပုတုိ႔လူစုသည္ ေန႔တြင္း ေတာတြင္း၌ ပုန္း၍ ညဥ့္အခါတြင္သာ စုန္ဆင္းၾကသည္။ မုိးညွင္းမင္းတရားလည္း ရွင္ေစာပုသည္ အင္းဝ၌ မေပ်ာ္ပိုက္သျဖင့္ ေျပးေလသည္ကို ဆင္ျခင္မိ၍ ရွိေစေတာ့ဟု ဆုိကာ ဟံသာဝတီအေရာက္ လိုက္လံ တိုက္ခိုက္ျခင္း မျပဳေတာ့ေပ။

ရွင္ေစာပုဘုရင္မၾကီးသည္ ဘ၀၏ေနာက္ပိုင္းကာလမ်ားတြင္ မိမိအား ဟံသာ၀တီသို႔ ျပန္ေရာက္ေအာင္ ေက်းဖူးျပဳခဲ့သည့္ ရဟန္း ႏွစ္ပါးအနက္မွ ဓမၼဉာဏ အားလူ၀တ္လဲေစျပီး သမီးေတာ္ မိတကာတင္ႏွင့္ လက္ဆက္ေစသည္။ ထို႔ေနာက္ဓမၼေစတီဘြဲ႔ျဖင့္အိမ္ေရွ႔အရာေပးကာ ကိုယ္စားအျဖစ္ တိုင္းေရးျပည္ရြာ ကိစၥမ်ားကိုလႊဲအပ္ေလသည္။ မိမိမွာမူ ေရႊတိဂံုေစတီေတာ္ ေျခေတာ္ရင္းတြင္သာ တရားဓမၼမ်ားကို ေလ့လာအားထုပ္ျပီးေနသည္မွာ နတ္ရြာစံသည့္အခ်ိန္အထိပင္ျဖစ္သည္။ ထို႔ေၾကာင့္ ဘုရင္မၾကီးရွင္ေစာပု၏ အုတ္ဂူကို ေရႊတိဂံုဘုရားအနီးတြင္ တည္ထားခဲ့ျခင္းျဖစ္သည္။

ရွင္ေစာပု လြန္လွ်င္ သားမက္ေတာ္ ဓမၼေစတီမင္း နန္းတက္ကာ ဟံသာ၀တီထီးနန္းကို စိုးစံသည္။ဤကားဓမၼေစတီ မင္း၏ မည္သူမွ်မလုပ္ရဲေသာ ၊ မလုပ္ႏိုင္ခဲ့ေသာ အလုပ္ကို ခဲရာခဲဆစ္ ၾကံေဆာင္ႏိုင္ခဲ့ျခင္းျဖစ္ေပသည္။ ထိုမင္းလက္ထက္တြင္ မူ စစ္မက္ မျဖစ္ပြါးပဲ တိုင္းျပည္ ျငိမ္းခ်မ္းေသာေၾကာင့္ တိုင္းျပည္တိုးတက္ေစႏိုင္ေသာ စက္မႉလက္မႉပညာရပ္မ်ားႏွင့္ သာသနာျပဳကိစၥမ်ားကို အထူးပင္အားေပးခဲ့ေလသည္။ ရွင္ေစာပုႏွင့္ သမက္ေတာ္တို႔သည္ သမက္ေတာ္မင္းျပဳေသာ ကာလအတြင္း သားႏွင့္အမိတို႔ စစ္သည္ဗိုလ္ပါအေပါင္း ျခံရံလ်က္ ဘုရားေျခေတာ္ရင္း၌ ၾကြေရာက္စံျမန္းျပီးလွ်င္ ၾကီးစြာေသာ အလွဴဒါနျပဳၾကသည္။

ေစတီေတာ္ပတ္လည္ရွိ ေခ်ာက္ကမ္းပါးႏွင့္ ခ်ဳိင့္ဝွမ္းမ်ားကုိ ဂဝံေက်ာက္တံုးၾကီးျဖင့္ ဖို႔ေစသည္။ ျမင့္ေသာ ကုန္းေျမကို ညီညာေစရန္ တူးညွိေစသည္။ အျပင္ဘက္တို႔တြင္ ဂဝံေက်ာက္တံုးမ်ားျဖင့္စီေစသည္။ ေစတီကိုခံေသာ ပစၥယာေပၚတြင္ ေက်ာက္ထီးမ်ားျပဳလုပ္၍ ေရႊခ်သည္။ ပန္းတင္ခံုပစၥယာကို ခါးဖြဲ႔၍ ေက်ာက္ျဖင့္ျပီးေသာ ဆီမီးအိမ္တုိ႔ျဖင့္ ပတ္လည္စီထားသည္ စသည္ျဖင့္ ေရႊတိဂံုေက်ာက္စာ၌ ဆံေတာ္ရွင္အား အထူးတလည္ မြမ္းမံပံုမ်ားကို ေဖာ္ျပထားသည္။

ဘုရင္မၾကီးသည္ ဒဂုန္ဆံေတာ္ရွင္ျမတ္ကို အလြန္တရာၾကည္ညိဳေတာ္မူသျဖင့္ မိမိ၏ ကိုယ္အေလးခ်ိန္ျဖစ္ေသာ ေရႊ ၂၅ ပိႆာကုိ မ်က္ပါးခတ္ျပီးလွ်င္ ေစတီေတာ္ၾကီးတြင္ ေရႊသကၤန္း ကပ္လွဴေတာ္မူသည္။ ျမိဳ႔သူ၊ ျမိဳ႔သားတို႔ကလည္း ေရႊပိႆာခ်ိန္ ၅ဝ မွ်ကို ကူ၍ ပူေဇာ္ၾကသည္။ ဘုရင္မၾကီးသည္ ေၾကးခ်ိန္ ၁၇ဝဝ ပိႆာရွိ ေခါင္းေလာင္းၾကီးတစ္လံုးကိုလည္း သြန္းလုပ္ လွဴဒါန္းသည္။

ဒါ့အျပင္ရွင္ေစာပုသည္ ေစတီေတာ္ၾကီးတြင္ ထီးျဖဴေလးစင္း၊ ေရႊသပိတ္ေလးလံုး၊ ေရႊပန္းကန္ ေလးလံုး (ပန္းကန္တလံုးလွ်င္ ဆန္တတင္းခ်က္ ဝင္သည္။) ေငြပန္းကန္ရွစ္လံုး၊ ေရႊဇြန္းေလးစင္း၊ ေငြဇြန္းရွစ္စင္း၊ (ဇြန္းတစင္းလွ်င္ ဆန္တစလယ္ခ်က္ ဝင္သည္။) ဆြမ္းသင္ပုတ္ေတာ္ ၄၄ ခြက္၊ ေရအုိးၾကီးေလးလံုး၊ ေထြးအင္ေလးလံုး၊ ကုလားစည္ေလးလံုးႏွင့္ ေစာင္းတန္းမုခ္ ေလးဘက္ေလးေဆာင္တို႔ကို လွဴဒါန္းခဲ့သည္။

ထို႕သို႕ လႉဒါန္းျပီးေနာက္တြင္ကား မသမာသူသို႕ မလြယ္တကူမဖ်က္စီးေစႏိုင္ရန္ ဘုရားၾကီး၏ဌာပနာတိုက္အတြင္း စေကၠာမ ပညာရပ္ျဖင့္ စီရင္ထားေသာ ဓားစက္၊လွံစက္မ်ား၊ လူကိုျမင္သည္ ႏွင့္ ေျပး၍ ထိုးခုတ္သတ္ျဖတ္တတ္ေသာ စက္ရုပ္မ်ားကိုပါ တခါတည္းထည့္သြင္းစီရင္ခဲ့ေပသည္။ သုံးစကၠန္႕ လည္ျပီး တစကၠန္႕ နားေသာ ဓားစက္၊လွံစက္ၾကီး ဆိုသည္မွာလည္း တျခားမဟုတ္ ၊ရန္ကုန္ျမစ္၏ ဒီေရအားျဖင့္လည္ပတ္ေသာ စက္တမ်ိဳးပင္ျဖစ္ေပသည္။

သို႕ဆိုလွ်င္ ရန္ကုန္ျမစ္သည္ ေရႊတိဂုံဘုရားၾကီးအလြန္ေဝးကြာေသာေၾကာင့္ မျဖစ္ႏိုင္ဟု ထင္မည့္သူမ်ားအားရွင္းပါမည္၊ ေရွးယခင္က ေရႊတိဂုံဘုရား၏ကုန္းေတာ္မွာ ျမစ္ဝ၌ပင္ ရွိ၍ဘုရားေပၚသို႕ ေလွမ်ားျဖင့္ပင္ သြားေရာက္ႏိုင္ေၾကာင္းမွတ္တမ္းမ်ား၌လာရွိေပသည္။ ေနာက္တစ္ခ်က္မူကား ေရႊတိဂုံေစတီေတာ္ တည္ရွိရာ ကုန္းေတာ္မွာ ေရွးက ကြၽန္းငယ္တကြၽန္းသာ ျဖစ္ခဲ့၍ သိမ္းငွက္မ်ား ကုပ္ကုပ္ကပ္ကပ္နားခိုေသာေၾကာင့္ သိမ္းကုပ္တရဟု သေဘာၤသားမ်ားက ေခၚတြင္ခဲ့ရာမွ သိဂုၤတၱရ ဟု အမည္တြင္ခဲ့ေသာ အခ်က္အား ေထာက္႐ႈ၍ ေရွးေရွးက အတတ္ပညာရွင္တို႕က ေစတီေတာ္ၾကီး၏ ငွါပနာတိုက္သို႕ ဥမင္လိႈဏ္ေခါင္းေဖာက္လုပ္ကာ ရန္ကုန္ျမစ္ေရကိုဝင္ေစျပီး ထိုေရအားျဖင့္ပင္စက္မ်ားကို လည္ပတ္ေစသည္မွာ မ်ားစြာျဖစ္ႏိုင္ေပသည္။

ထပ္မံ၍ ေသခ်ာေစေသာလက္ထက္မွာ ဓမၼေစတီမင္းလက္ထက္တြင္ ျပင္သစ္ (သို႕)ေပၚတူဂီ သံအဖြဲ႕(အဂၤလိပ္မဟုတ္။ ကြၽန္ေတာ္ ေသခ်ာ မမွတ္မိသည့္အတြက္ေတာင္းပန္ပါရေစ) ေရာက္ရွိလာခ်ိန္တြင္ ျမန္မာတို႕က ေကာင္းစြာဧည့္ခံကာ မိမိတို႕ တတ္ကြၽမ္းထားေသာ ေလးအတတ္။ လွံအတတ္မႏွင့္ ယႏၲရားအတတ္မ်ားကို ျပသသည့္ျပပြဲေလးတရပ္ (Exhibition)လုပ္ခဲ့ေလသည္။

အမွန္မွာေတာ့ ျပပြဲသာမဟုတ္ပဲ မိမိ၏စစ္အင္အားကို ပရိယာယ္ျဖင့္ ျပသခဲ့ျခင္းသာျဖစ္ေပသည္။(ယေန႕ကမ႓ာေပၚတြင္ ျပဳလုပ္လွ်က္ရွိေသာ စစ္ေရးေလ့က်င့္မႈမ်ားမွာ ပိုက္ဆံေပါ၍မဟုတ္။ ရည္ရြယ္ခ်က္ရွိရွိႏွင့္ မိမိစစ္အင္အားကို ျပသခ်င္းပင္ျဖစ္သည္။)
ထိုျပပြဲအတြင္းတြင္ကား ဓားခုတ္လွံခုတ္စက္ရုပ္မ်ား။ လက္နက္ပုံးမ်ားကို သံအဖြဲ႕မ်ားကို မ်က္လွည့္အတတ္ႏွင့္ေရာေႏွာကာ ျပသခဲ့ေလသည္။ ထိုသို႕ မိမိနယ္ေျမအားနယ္ခ်ဲ႕ရန္ လာအကဲစမ္းေသာ ႏိုင္ငံျခားသားမ်ားအား စစ္မျဖစ္လိုက္ရပဲ ေကာင္းစြာ တြန္းလွန္ခဲ့ေပသည္။

သို႕ေသာ္ ဟံသာဝတီ ႏိုင္ငံေတာ္ပ်က္စီး ျပီးသည့္ေနာက္တြင္ကား ဤအတတ္ပညာသည္လည္း တိမ္မျမဳပ္ေပ်ာက္ကြယ္သြားရေတာ့ေလသည္။ အမွန္မွာ ဤအတတ္ပညာမ်ားႏွင့္ပင္ နယ္ခ်ဲ႕လာသူအဂၤလိပ္တို႕အား ေကာင္းစြာ ဒုကၵေပးႏိုင္သည္ဟု မိမိယူဆလိုက္ပါတယ္။ ထိုသို႔ ၾကိဳျမင္ခဲ့၍ၾကံေဆာင္ခဲ့ေသာ ကေနာင္မင္းသားၾကီးအား မိမိ ၏ တူေတာ္ႏွင့္ သားမက္ေတာ္စပ္ေသာ(အမ်ိဳးအရင္းၾကီး) အာဏာ႐ူး ျမင္ကြန္း၊ ျမင္းခုံတိုင္မင္းသားတို႕က တီးထည့္လိုက္ျခင္း၊ အခ်င္းခ်င္းမညီညြတ္ပဲ ျပည္တြင္းစစ္မ်ားသာျဖစ္ပြါးေနခ်င္းတို႕ေၾကာင့္ သာ ေပ်ာက္ပ်က္သြားေလေတာ့သည္။

အခ်ဳပ္ဆိုရေသာ္ ျမန္မာတို႕၏ ယႏၲရား အတတ္ပညာသည္ ေရွးအခါက အေတာ္အတန္ထြန္းကားခဲ့ေၾကာင္းႏွင့္ ယခုအခါတြင္မူ အေၾကာင္းေၾကာင္း ေၾကာင့္ေပ်ာက္ကြယ္သြားျပီျဖစ္ေၾကာင္းေျပာၾကားရင္းနိဂုံး ခ်ဳဎ္လိုက္ရပါသည္။

ကိုးကား — ျမန္မာ ဝီကီ

အတီး( ဝါးလုံးရွည္)


ရှင်စောပုဘုရင်မကြီး ရဲ့ ခေါင်းဆောင်းတော် နှင့် မြန်မာတို့၏ စက္ကောမ ယန္တရားအတတ် (unicode)

ရေးသားသူ – အတီး( ဝါးလုံးရှည်)

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ပုံပါ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီး နောက် လန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ယခုထက်တိုင် ပြသလျှက်ရှိသည်။ဖော်ပြပါပုံကိုကြည့်ချင်းအားဖြင့် ထိုခေတ်ကတဲက မြန်မာတို့၏လက်မှူပညာရပ်များဖြစ်ကြသော ပန်းထိမ်ပညာ၊ကြေးသွန်းပညာတို့ ခန့်မှန်းထားသည်ထက်ပိုမို ထွန်းကားခဲ့ကြောင်းသုံးသပ်နိုင်ပေသည်။

ဘုရင်မကြီး၏ သားမက်တော် ရာမာဓိပတိမင်းလက်ထက်တွင်မူ မြန်မာတို့၏ စက္ကောမ ပညာရပ်(Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။ ထို အကြောင်းကိုမတင်ပြမီ ရာမာဓိပတိဟု အမည်ရသော်လည်း ယခုထက်တိုင်အောင် ရန်ကုန်မြစ်ဝ၌နစ်မြုတ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား လှုဒါန်း၍ ဓမ္မစေတီ မင်းကြီး ၏ ကြံရည်ဖန် ရည် နှင့် စွမ်းဆောင်းနိုင်မှုတို့ ကို တင်ပြနိုင်မှ ပြည့်စုံမည်ထင်ပါသည်။

ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။

ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဥာဏဘွဲဲ႔ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။

မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဉ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ရှင်စောပုဘုရင်မကြီးသည် ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။ မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။

ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ဤကားဓမ္မစေတီ မင်း၏ မည်သူမျှမလုပ်ရဲသော ၊ မလုပ်နိုင်ခဲ့သော အလုပ်ကို ခဲရာခဲဆစ် ကြံဆောင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ ထိုမင်းလက်ထက်တွင် မူ စစ်မက် မဖြစ်ပွါးပဲ တိုင်းပြည် ငြိမ်းချမ်းသောကြောင့် တိုင်းပြည်တိုးတက်စေနိုင်သော စက်မှူလက်မှူပညာရပ်များနှင့် သာသနာပြုကိစ္စများကို အထူးပင်အားပေးခဲ့လေသည်။ ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။

စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည် မွမ်းမံပုံများကို ဖော်ပြထားသည်။

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ ဒါ့အပြင်ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။

ထို့သို့ လှူဒါန်းပြီးနောက်တွင်ကား မသမာသူသို့ မလွယ်တကူမဖျက်စီးစေနိုင်ရန် ဘုရားကြီး၏ဌာပနာတိုက်အတွင်း စက္ကောမ ပညာရပ်ဖြင့် စီရင်ထားသော ဓားစက်၊လှံစက်များ၊ လူကိုမြင်သည် နှင့် ပြေး၍ ထိုးခုတ်သတ်ဖြတ်တတ်သော စက်ရုပ်များကိုပါ တခါတည်းထည့်သွင်းစီရင်ခဲ့ပေသည်။ သုံးစက္ကန့် လည်ပြီး တစက္ကန့် နားသော ဓားစက်၊လှံစက်ကြီး ဆိုသည်မှာလည်း တခြားမဟုတ် ၊ရန်ကုန်မြစ်၏ ဒီရေအားဖြင့်လည်ပတ်သော စက်တမျိုးပင်ဖြစ်ပေသည်။

သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီးအလွန်ဝေးကွာသောကြောင့် မဖြစ်နိုင်ဟု ထင်မည့်သူများအားရှင်းပါမည်၊ ရှေးယခင်က ရွှေတိဂုံဘုရား၏ကုန်းတော်မှာ မြစ်ဝ၌ပင် ရှိ၍ဘုရားပေါ်သို့ လှေများဖြင့်ပင် သွားရောက်နိုင်ကြောင်းမှတ်တမ်းများ၌လာရှိပေသည်။ နောက်တစ်ချက်မူကား ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှာ ရှေးက ကျွန်းငယ်တကျွန်းသာ ဖြစ်ခဲ့၍ သိမ်းငှက်များ ကုပ်ကုပ်ကပ်ကပ်နားခိုသောကြောင့် သိမ်းကုပ်တရဟု သဘောၤသားများက ခေါ်တွင်ခဲ့ရာမှ သိဂုၤတ္တရ ဟု အမည်တွင်ခဲ့သော အချက်အား ထောက်ရှု၍ ရှေးရှေးက အတတ်ပညာရှင်တို့က စေတီတော်ကြီး၏ ငှါပနာတိုက်သို့ ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ကာ ရန်ကုန်မြစ်ရေကိုဝင်စေပြီး ထိုရေအားဖြင့်ပင်စက်များကို လည်ပတ်စေသည်မှာ များစွာဖြစ်နိုင်ပေသည်။

ထပ်မံ၍ သေချာစေသောလက်ထက်မှာ ဓမ္မစေတီမင်းလက်ထက်တွင် ပြင်သစ် (သို့)ပေါ်တူဂီ သံအဖွဲ့(အင်္ဂလိပ်မဟုတ်။ ကျွန်တော် သေချာ မမှတ်မိသည့်အတွက်တောင်းပန်ပါရစေ) ရောက်ရှိလာချိန်တွင် မြန်မာတို့က ကောင်းစွာဧည့်ခံကာ မိမိတို့ တတ်ကျွမ်းထားသော လေးအတတ်။ လှံအတတ်မနှင့် ယန္တရားအတတ်များကို ပြသသည့်ပြပွဲလေးတရပ် (Exhibition)လုပ်ခဲ့လေသည်။

အမှန်မှာတော့ ပြပွဲသာမဟုတ်ပဲ မိမိ၏စစ်အင်အားကို ပရိယာယ်ဖြင့် ပြသခဲ့ခြင်းသာဖြစ်ပေသည်။(ယနေ့ကမ႓ာပေါ်တွင် ပြုလုပ်လျှက်ရှိသော စစ်ရေးလေ့ကျင့်မှုများမှာ ပိုက်ဆံပေါ၍မဟုတ်။ ရည်ရွယ်ချက်ရှိရှိနှင့် မိမိစစ်အင်အားကို ပြသချင်းပင်ဖြစ်သည်။)
ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။ လက်နက်ပုံးများကို သံအဖွဲ့များကို မျက်လှည့်အတတ်နှင့်ရောနှောကာ ပြသခဲ့လေသည်။ ထိုသို့ မိမိနယ်မြေအားနယ်ချဲ့ရန် လာအကဲစမ်းသော နိုင်ငံခြားသားများအား စစ်မဖြစ်လိုက်ရပဲ ကောင်းစွာ တွန်းလှန်ခဲ့ပေသည်။

သို့သော် ဟံသာဝတီ နိုင်ငံတော်ပျက်စီး ပြီးသည့်နောက်တွင်ကား ဤအတတ်ပညာသည်လည်း တိမ်မမြုပ်ပျောက်ကွယ်သွားရတော့လေသည်။ အမှန်မှာ ဤအတတ်ပညာများနှင့်ပင် နယ်ချဲ့လာသူအင်္ဂလိပ်တို့အား ကောင်းစွာ ဒုက္ဒပေးနိုင်သည်ဟု မိမိယူဆလိုက်ပါတယ်။ ထိုသို့ ကြိုမြင်ခဲ့၍ကြံဆောင်ခဲ့သော ကနောင်မင်းသားကြီးအား မိမိ ၏ တူတော်နှင့် သားမက်တော်စပ်သော(အမျိုးအရင်းကြီး) အာဏာရူး မြင်ကွန်း၊ မြင်းခုံတိုင်မင်းသားတို့က တီးထည့်လိုက်ခြင်း၊ အချင်းချင်းမညီညွတ်ပဲ ပြည်တွင်းစစ်များသာဖြစ်ပွါးနေချင်းတို့ကြောင့် သာ ပျောက်ပျက်သွားလေတော့သည်။

အချုပ်ဆိုရသော် မြန်မာတို့၏ ယန္တရား အတတ်ပညာသည် ရှေးအခါက အတော်အတန်ထွန်းကားခဲ့ကြောင်းနှင့် ယခုအခါတွင်မူ အကြောင်းကြောင်း ကြောင့်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းပြောကြားရင်းနိဂုံး ချုဎ်လိုက်ရပါသည်။

ကိုးကား — မြန်မာ ဝီကီ

အတီး( ဝါးလုံးရှည်)

Leave a Reply