မိေက်ာင္းတုိ႔ အေၾကာင္း သိေကာင္းစရာ

Posted on

မိေက်ာင္းသည္ မ်က္ေမွာက္ေခတ္အထိ သက္ရွိအႀကီးဆုံး တြားသြားေကာင္မ်ားထဲတြင္ အပါအဝင္ျဖစ္သည္။ ရက္စက္ၾကမ္း ၾကဳတ္၍ စက္ဆုပ္႐ြံရွာဖြယ္ေကာင္ေသာ သတၱဝါလည္းျဖစ္သည္။ ကမၻာအရပ္ရပ္ အပူပိုင္းေဒသမ်ားရွိ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္ ႏွင့္ ရႊံ႕ညြံ႔ေပါေသာ ကမ္း႐ိုးတစ္ေလၽွာက္တြင္ ေနထိုင္သည္။ အသားစားသတၱဝါႀကီးမ်ား ျဖစ္သည္အားေလ်ာ္စြာ လူႏွင့္ တိရစၧာန္ မ်ားကို ရန္မူတတ္သည္။

မိေက်ာင္းသည္ Crocodylidae မ်ိဳးရင္းတြင္ပါေသာ မ်ိဳးစိတ္မ်ားကို ရည္ၫႊန္းၿပီး တစ္ခါတစ္ရံတြင္ Crocodylinae မ်ိဳးရင္းေသးတြင္ ပါဝင္ေသာ မ်ိဳးစိတ္မ်ားကိုရည္ၫႊန္းေလ့ရွိသည္။ ထိုအသုံးအႏႈန္းကို Crocodilia မ်ိဳးစစ္တြင္ ပါဝင္ေသာ မိေက်ာင္း၊ ႏွာေခါင္းတိုမိေက်ာင္း ႏွင့္ caimans (Alligatoridae မ်ိဳးရင္း) ႏွင့္ gharials (Gavialidae မ်ိဳးရင္း) တို႔ အျပင္ သမိုင္းမတိုင္မီေခတ္က မိေက်ာင္းတို႔၏ ဘိုးေအႏွင့္ အမ်ိဳးအေဆြမ်ားပါဝင္ေသာ Crocodylomorpha တို႔ ကိုလည္း ရည္ၫႊန္းေခၚဆိုႏိုင္သည္။

မိေက်ာင္းတြင္ မိေက်ာင္းေခါင္းရွည္ႏွင့္ မိေခ်ာင္းေခါင္းတို ဟူ၍ ႏွစ္မ်ိဳးရွိသည္။

မိေက်ာင္းေခါင္းရွည္သည္ ပါဏေဗဒအလိုအားျဖင့္ ကေရာ့ကိုဒီလီယာမ်ိဳးစဥ္တြင္ ကေရာ့ကိုဒီလီဒီမ်ိဳးရင္း၌ ပါဝင္၍ ကေရာ့ကိုဒီလပ္နိလိုတီကပ္ဟုေခၚသည္။ ရွည္ေသာဦးေခါင္းႏွင့္ ခၽြန္ေသာႏွာတံရွိေသာေၾကာင့္ ယင္းကို မိေက်ာင္းေခါင္းရွည္ဟု မိေက်ာင္းေခါင္းတိုမွ ခြဲျခား၍ေခၚရသည္။

မိေက်ာင္းေခါင္းရွည္ႏွင့္ မိေက်ာင္းေခါင္းတိုသည္ အလြန္တူၾကသျဖင့္ မၾကာ ခဏမွားတတ္ၾကသည္။ သို႔ေသာ္ အေသအခ်ာၾကည့္လၽွင္ ကြဲျပား ျခားနားခ်က္မ်ားရွိသည္ကို ေတြ႕ရသည္။ မိေက်ာင္းေခါင္းတို၏ ဦးေခါင္းသည္ က်ယ္ျပန္႔လ်က္ တို၍ဝိုင္းေသာ ႏွာတံရွိေသာေၾကာင့္ မိေက်ာင္းေခါင္းတိုဟု ေခၚသည္။ မိေက်ာင္းေခါင္းရွည္၏ စတုတၳ ေအာက္သြားသည္ အျခားသြားမ်ားထက္ ရွည္ထြက္လ်က္ရွိရာ ပါးစပ္ပိတ္လိုက္သည့္အခါ အထက္ေမး႐ိုး အျပင္ဖက္သို႔ ထြက္လာ ၿပီးေသာ္ ေျမာင္းကေလးအတိုင္း အံက်ရွိေနေလသည္။ မိေက်ာင္း ေခါင္းတို၏ စတုတၳေအာက္သြားသည္လည္း အျခားသြားမ်ားထက္ ရွည္၏။ သို႔ေသာ္ ပါးစပ္ပိတ္လိုက္သည့္အခါ အထက္ေမး႐ိုးရွိ တြင္းကေလးထဲသို႔ အံက်ဝင္ေနေလသည္။

မိေက်ာင္းေခါင္းရွည္၏ ႏွာေခါင္းႏွင့္ မ်က္လုံးမ်ားသည္ မ်က္ႏွာေပၚတြင္ မို႔တက္လ်က္ရွိသည္။ ယင္းတို႔သည္ တစ္ခါတစ္ရံေရေပၚ၌ ႏွာေခါင္းႏွင့္ မ်က္လုံးမ်ားကိုသာ ေဖာ္၍ ေနတတ္ရာ ရွည္လ်ားေသာ သစ္လုံးမ်ား ေမ်ာေနဘိသကဲ့သို႔ ထင္ရသည္။ သို႔ျဖင့္ ကိုယ္ခႏၶာသည္ ေရေအာက္၌ရွိေနေသာ္လည္း အသက္႐ႉႏိုင္ ၿပီးလၽွင္ ပတ္ဝန္းက်င္ရွိ အစာျဖစ္ေသာ သတၱဝါမ်ားကို ေကာင္းစြာျမင္ႏိုင္သည္။ မိေက်ာင္းေခါင္းရွည္သည္ ေရေအာက္၌ လုံးလုံးမေနႏိုင္ေပ။ တစ္နာရီ၊ တစ္နာရီ ေက်ာ္ေက်ာ္မၽွသာေန၍ အသက္႐ႉ ရန္အတြက္ ေရမ်က္ႏွာျပင္သို႔ မၾကာခဏ တက္လာရသည္။

မိေက်ာင္းေခါင္းရွည္သည္ မ်ားေသာအားျဖင့္ ငါး၊ လိပ္ႏွင့္ ေရငွက္မ်ားကိုဖမ္း၍ အေကာင္လိုက္ မ်ိဳခ်တတ္သည္။ ကမ္းနဖူးသို႔ ေရေသာက္ရန္ ဆင္းလာေသာ တိရစၧာန္မ်ားကိုလည္း ဖမ္းယူ စားေသာက္တတ္သည္။ အခ်ိဳ႕ကား လူသားစားျဖစ္ၾက၏။ ေရတြင္ မဆိုထားဘိ ကုန္းေပၚတြင္ပင္ မိေက်ာင္းေခါင္းရွည္သည္ တိရစၧာန္ မ်ားကို လ်င္ျမန္ဖ်တ္လတ္စြာလိုက္၍ အၿမီးျဖင့္႐ိုက္ကာ ဖမ္းယူတတ္သည္။ မိေက်ာင္းေခါင္းရွည္သည္ မိေက်ာင္းေခါင္းတိုထက္ ပို၍ ရန္မူတတ္ေလသည္။

အျခား တြားသြားေကာင္မ်ားကဲ့သို႔ မိေက်ာင္းေခါင္းရွည္ အမသည္ ၾကက္ဥသာသာႀကီးေသာ ဥေပါင္း ၃ဝ မွ ၆ဝ အထိ အုသည္။ အခ်ိဳ႕က ဥမ်ားကို ခ်ဳံမ်ားၾကား၌ သစ္႐ြက္သစ္ကိုင္းမ်ားျဖင့္ လုပ္ေသာ အသိုက္မ်ားတြင္ ထားတတ္၍၊ အခ်ိဳ႕က ကမ္းစပ္သဲ ေသာင္မ်ား၌ တြင္းတူး၍ ျမဳပ္ႏွံထားတတ္သည္။ အခ်ိဳ႕ေသာ မိေက်ာင္းမ်ိဳးတြင္ အမသည္ ဥမ်ားကို ေပါက္လာသည္အထိ အနား တြင္ေန၍ ေစာင့္ေရွာက္သည္။ ဥမ်ားသည္ ေနေရာင္ႏွင့္ အထက္မွဖုံးအုပ္လ်က္ရွိေသာ ေဆြးျမည့္ေနသည့္ သစ္႐ြက္သစ္ကိုင္း မ်ား၏ အပူရွိန္ေၾကာင့္ ၂ လမၽွအၾကာတြင္ မိေက်ာင္းငယ္မ်ား ေပါက္လာသည္။

ေပါက္ခ်ိန္တန္လာေသာအခါ ဥမ်ားအတြင္းမွ ေခ်ာင္းဆိုးသံကဲ့သို႔ ျမည္သံၾကားရ၏။ ထိုအခါ မိေက်ာင္းမသည္ ဥမ်ားကို ဖုံးအုပ္ထားသည့္ သဲမ်ားႏွင့္ သစ္ေဆြးမ်ားကို ဖယ္ရွားေပးလိုက္ရာတြင္ မိေက်ာင္းငယ္ကေလးမ်ားသည္ ႏွာတံထိပ္ရွိ အခၽြန္ကေလးျဖင့္ ဥကိုေဖာက္၍ထြက္လာၾကသည္။ ထိုအခၽြန္သည္ မၾကာမီက်ိဳးသြား၏။ ဥမွေပါက္စ မိေက်ာင္းကေလးမ်ားသည္ ၈ လက္မခန္႔သာရွိ၍ မိခင္မိေက်ာင္းမက ခ်က္ျခင္းပင္ ေရထဲသို႔ ေခၚေဆာင္သြားေလသည္။

ပထမတြင္ တစ္လလၽွင္ တစ္လက္မခန္႔ ႀကီးထြားလာ၍ ၅ ႏွစ္ သားအ႐ြယ္သို႔ ေရာက္ေသာအခါ ၆ ေပခန္႔ ရွည္လာသည္။ ထိုေနာက္ တျဖည္းျဖည္း ႀကီးျပင္းလာရာ အခ်ိဳ႕မွာ ေပ ၂ဝေက်ာ္ အထိပင္ ရွည္တတ္ေလသည္။ မိေက်ာင္းေခါင္းရွည္မ်ားသည္ ႏွစ္ေပါင္းတစ္ရာေက်ာ္မၽွ အသက္ရွည္ၾကေလသည္။

မိေက်ာင္းေခါင္းရွည္၏ ေက်ာႏွင့္လည္ပင္းတြင္ အလြန္မာ၍ ၾကမ္းတမ္းေသာ အေရထူႀကီးျဖင့္ ဖုံးအုပ္လ်က္ရွိသည္။ သို႔ေသာ္ ဝမ္းပိုက္ႏွင့္ နံေဘးတြင္ရွိေသာ အေရသည္ ထိုမၽွေလာက္ မမာေခ်။ ဝမ္းပိုက္ႏွင့္ နံေဘးမွအေရမ်ားကို ပထမတန္းစားသားေရမ်ား ျပဳလုပ္၍ သားေရအိတ္ႏွင့္႐ႉးဖိနပ္မ်ား ခ်ဳပ္လုပ္ရာ၌ အသုံးျပဳၾက သည္။ မိေက်ာင္းသားေရသည္ အလြန္လွပ၍ ၾကာရွည္လည္းခံ သည္။ ထိုေၾကာင့္ မိေက်ာင္းမ်ားကို သားေရ ရွိေရးအတြက္ အေျမာက္အျမား ဖမ္းဆီးသတ္ျဖတ္ၾကသည္။

မိေက်ာင္းေခါင္းရွည္သည္ ကမၻာအေရွ႕လုံးျခမ္း သတၱဝါျဖစ္ ၍ အာဖရိကတိုက္၊ အာရွတိုက္၊ မာလာယု ကၽြန္းစုႏွင့္ ဩစေၾတး လီးယားေျမာက္ပိုင္းတို႔တြင္ အမ်ားအျပားက်က္စားၾကသည္။ အခ်ိဳ႕ ကို အေမရိကတိုက္ အလယ္ပိုင္းတြင္ေတြ႕ရသည္။ ေရငန္မိေက်ာင္း မ်ားကို အိႏၵိယေတာင္ပိုင္း၊ ျမန္မာႏိုင္ငံ၊ မလႅာယုကၽြန္းစု ျမစ္ဝမ်ား တြင္ ေတြ႕ရသည္။ အႀကီးဆုံးမ်ိဳး ျဖစ္သည့္ အိႏၵိယမိေက်ာင္းသည္ ေပ ၃ဝ ထိ ရွည္သည္။ သို႔ေသာ္လည္း ေၾကာက္တတ္သျဖင့္ ငါး မ်ားကိုသာစားသည္။ ႏိုင္းျမစ္တြင္ ေတြ႕ရေသာ အာဖရိကမိေက်ာင္း ကား လူသားစားမိေက်ာင္းျဖစ္သျဖင့္ ေၾကာက္မက္ဖြယ္ ေကာင္းေပ သည္။ ေရွးအီဂ်စ္လူမ်ိဳးတို႔သည္ ႏိုင္းျမစ္အတြင္းရွိ မိေက်ာင္းမ်ားကိုကိုးကြယ္ခဲ့ၾက၏။ သို႔ေသာ္ ယခုအခါ ထိုအေလ့အထ မရွိေတာ့ေပ။

မိေက်ာင္း၏ လၽွာသည္ အျခားတိရစၧာန္မ်ား၏ လၽွာမ်ားကဲ့သို႔ အျပင္သို႔ မထုတ္ႏိုင္၊ လႈပ္ရွားမႈလည္း မျပဳႏိုင္ဘဲ ပါးစပ္ေအာက္ေျခတြင္ အေသကပ္လ်က္ရွိသည္။ မိေက်ာင္းတြင္ ကတိုးရည္စိမ့္ထြက္ေသာ ဂလင္းႏွစ္စုံရွိရာ ထိုကတိုး ဂလင္းမ်ားကို ေရေမႊး ျပဳလုပ္ရာ၌ အသုံးျပဳၾကသည္။ မိေက်ာင္းဆီကိုလည္း လူတို႔အသုံးျပဳၾကသည္။

မိေက်ာင္းေခါင္းတိုကို အေမရိကန္ျပည္ေထာင္စု၏ အေရွ႕ေတာင္ပိုင္းျပည္နယ္မ်ားရွိ ျမစ္မ်ားႏွင့္ တ႐ုတ္ႏိုင္ငံ ယန္ဆီျမစ္၌ သာေတြ႕ရ၍ အျခားေဒသ၌ မေတြ႕ရေပ။ တ႐ုတ္ မိေက်ာင္းေခါင္းတိုႏွင့္ အေမရိကန္မိေက်ာင္းေခါင္းတိုသည္ အသြင္အျပင္ႏွင့္ တကြ အေလ့အထပါ မ်ားစြာတူသည္။ မိေက်ာင္းေခါင္းတိုသည္ ကိုယ္အလ်ား ၁၂ ေပ မွ ၁၅ ေပ အထိ ရွည္တတ္သည္။

မိေက်ာင္းေခါင္းတိုသည္ ကေရာ့ကိုဒီလီယာမ်ိဳးစဥ္တြင္ အယ္လီေဂတိုရီဒီမ်ိဳးရင္း၌ ပါဝင္၍ ပါဏေဗဒ အမည္အားျဖင့္ အယ္လီေဂတို မစ္စစ္စပီယန္ဆစ္ ဟုေခၚသည္။ မိေက်ာင္းေခါင္းတို၌ တိုလြန္းေသာေျခေထာက္မ်ားႏွင့္ ႀကီး မားေသာ ကိုယ္ထည္ရွိေသာေၾကာင့္ ကုန္းေပၚတြင္ အသြားအလာ ေႏွးေကြးသည့္ျပင္ ကို႐ိုးကားရား ႏိုင္လွေပသည္။ မိေက်ာင္း ေခါင္းတိုသည္ အမ်ားအားျဖင့္ ငါး၊ ကဏန္း၊ ပုစြန္ဆိတ္ႏွင့္ တြားသြားေကာင္ကေလးမ်ားကို ရွာေဖြစားေသာက္သည္။ သို႔ေသာ္ ေခြးမ်ားႏွင့္ အျခား ေျခေလးေခ်ာင္း သတၱဝါမ်ားကိုလည္း စားတတ္သည္။

မိေက်ာင္းေခါင္းတို အမသည္ ျမက္မ်ား၊ သစ္႐ြက္ သစ္ကိုင္းမ်ားျဖင့္ အျမင့္ ၃ ေပ၊ ျပက္ ၇ ေပ ခန္႔ရွိေသာ အသိုက္ကို ကမ္းနဖူးတြင္ျပဳလုပ္၍ အသိုက္အလယ္တြင္ ၾကက္ဥသာသာရွိေသာ ဥမ်ားကို ဥေပါင္း ၄ဝ မွ ၅ဝ အထိ အုတတ္သည္။ ရက္သတၱပတ္ ၉ ပတ္ခန္႔ အၾကာတြင္ သားငယ္မ်ားေပါက္လာ၍ ေပါက္စတြင္ ၈ လက္မခန္႔သာရွိသည္။ သားငယ္မ်ားသည္ ေရထဲ၌ မိခင္ေနာက္သို႔ တစ္ေကာက္ေကာက္လိုက္ေနၿပီးေသာ္ အေတာ္အတန္ ႀကီးျပင္းလာမွ ခြဲထြက္သြားၾက သည္။ မိေက်ာင္း ေခါင္းတိုသည္ အသက္ ၅ဝ မွ ၆ဝ အထိ ရွည္သည္။

မိေက်ာင္းေခါင္းတို၏ သားေရကိုလည္း လွပ၍ၾကာရွည္ခံေသာေၾကာင့္ အဖိုးတန္ဖိနပ္မ်ား၊ လက္အိတ္ႏွင့္ အျခားပစၥည္းမ်ား ခ်ဳပ္လုပ္ရာ၌ အသုံးျပဳၾကသည္။ သားေရအတြက္ ယင္းတို႔အား ဖမ္းဆီး သတ္ျဖတ္ၾကေသာေၾကာင့္ တျဖည္းျဖည္း နည္းပါးလာေလသည္။ ယခုအခါ ေျမာက္အေမရိကတိုက္ ဖေလာ္ရီဒါျပည္နယ္၌ မိေက်ာင္းေခါင္းတိုမ်ားကို ၿခံခတ္၍ ေမြးျမဴထားၾကသည္။

မိေက်ာင္းတို႔သည္ အာဖရိက၊ အာရွ၊ အေမရိကႏွင့္ ဩစေၾတးလ် တို႔ရွိ မုတ္သုံေဒသမ်ားတြင္ ေနထိုင္ေသာ ႀကီးမားသည့္ ေရေန တြားသြားသတၱဝါမ်ား ျဖစ္ၾကသည္။ မိေက်ာင္းတို႔သည္ ေရခ်ိဳစားက်က္မ်ားျဖစ္ေသာ ျမစ္မ်ား၊ ကန္မ်ား၊ ႐ႊံ႕ၫႊန္မ်ား ႏွင့္ ေရငံအိုင္မ်ားတြင္ အစုအေဝးျဖင့္ ေနထိုင္ေလ့ရွိၾကသည္။ သူတို႔သည္ ေက်ာ႐ိုးရွိသတၱဝါမ်ားျဖစ္ေသာ ငါးမ်ား၊ တြားသြားသတၱဝါမ်ား၊ႏို႔တိုက္သတၱဝါမ်ား ကို စားသုံးေလ့ရွိၾကၿပီး ေက်ာ႐ိုးမဲ့သတၱဝါမ်ားျဖစ္ေသာ ပုစြန္၊ ဂဏန္း၊ ဘဝဲတို႔ႏွင့္ အလားတူသည့္ အခ်ိဳ႕မ်ိဳးစိတ္မ်ားကိုလည္း ေ႐ြးခ်ယ္ စားသုံးေလ့ရွိသည္။

သူတို႔သည္ ေရွးေဟာင္းသတၱဝါမ်ားျဖစ္ၿပီး ဒိုင္ႏိုေဆာမ်ားရွိသည့္ အခ်ိန္ကတည္းက ယခုတိုင္ အနည္းငယ္မၽွသာ အေျပာင္းအလဲရွိသည္။ မိေက်ာင္းမ်ားသည္ လြန္ခဲ့ေသာ ႏွစ္သန္းေပါင္း ၂၀၀ ကတည္းက ရွိခဲ့သည္ ဟု ယူဆရၿပီး ဒိုင္ႏိုေဆာမ်ားမွာ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၆၅ သန္းက မ်ိဳးတုံးေပ်ာက္ကြယ္သြားခဲ့သည့္အတြက္ သူတို႔သည္ အႀကီးအက်ယ္ မ်ိဳးတုံးေပ်ာက္ကြယ္မႈ အျဖစ္အပ်က္တြင္ အသက္ရွင္က်န္ရစ္ခဲ့ေသာ သတၱဝါမ်ားျဖစ္သည္။

(မိေက်ာင္းမ်ားတြင္ gharial ဟူေခၚေသာ ႏႈတ္သီးေသးေသးရွည္ရွည္ ရွားပါး မိေက်ာင္းတစ္မ်ဳိးလည္း ရွိေသးသည္။ ထုိမိေက်ာင္းမ်ားကုိမူ အိႏၵိယေျမာက္ပိုင္းတြင္သာ ေတြ႔ရမ်ားတတ္သည္။)

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ ၉


မိကျောင်းတို့ အကြောင်း သိကောင်းစရာ (unicode)

မိကျောင်းသည် မျက်မှောက်ခေတ်အထိ သက်ရှိအကြီးဆုံး တွားသွားကောင်များထဲတွင် အပါအဝင်ဖြစ်သည်။ ရက်စက်ကြမ်း ကြုတ်၍ စက်ဆုပ်ရွံရှာဖွယ်ကောင်သော သတ္တဝါလည်းဖြစ်သည်။ ကမ္ဘာအရပ်ရပ် အပူပိုင်းဒေသများရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင် နှင့် ရွှံ့ညွံ့ပေါသော ကမ်းရိုးတစ်လျှောက်တွင် နေထိုင်သည်။ အသားစားသတ္တဝါကြီးများ ဖြစ်သည်အားလျော်စွာ လူနှင့် တိရစ္ဆာန် များကို ရန်မူတတ်သည်။

မိကျောင်းသည် Crocodylidae မျိုးရင်းတွင်ပါသော မျိုးစိတ်များကို ရည်ညွှန်းပြီး တစ်ခါတစ်ရံတွင် Crocodylinae မျိုးရင်းသေးတွင် ပါဝင်သော မျိုးစိတ်များကိုရည်ညွှန်းလေ့ရှိသည်။ ထိုအသုံးအနှုန်းကို Crocodilia မျိုးစစ်တွင် ပါဝင်သော မိကျောင်း၊ နှာခေါင်းတိုမိကျောင်း နှင့် caimans (Alligatoridae မျိုးရင်း) နှင့် gharials (Gavialidae မျိုးရင်း) တို့ အပြင် သမိုင်းမတိုင်မီခေတ်က မိကျောင်းတို့၏ ဘိုးအေနှင့် အမျိုးအဆွေများပါဝင်သော Crocodylomorpha တို့ ကိုလည်း ရည်ညွှန်းခေါ်ဆိုနိုင်သည်။

မိကျောင်းတွင် မိကျောင်းခေါင်းရှည်နှင့် မိချောင်းခေါင်းတို ဟူ၍ နှစ်မျိုးရှိသည်။

မိကျောင်းခေါင်းရှည်သည် ပါဏဗေဒအလိုအားဖြင့် ကရော့ကိုဒီလီယာမျိုးစဉ်တွင် ကရော့ကိုဒီလီဒီမျိုးရင်း၌ ပါဝင်၍ ကရော့ကိုဒီလပ်နိလိုတီကပ်ဟုခေါ်သည်။ ရှည်သောဦးခေါင်းနှင့် ချွန်သောနှာတံရှိသောကြောင့် ယင်းကို မိကျောင်းခေါင်းရှည်ဟု မိကျောင်းခေါင်းတိုမှ ခွဲခြား၍ခေါ်ရသည်။

မိကျောင်းခေါင်းရှည်နှင့် မိကျောင်းခေါင်းတိုသည် အလွန်တူကြသဖြင့် မကြာ ခဏမှားတတ်ကြသည်။ သို့သော် အသေအချာကြည့်လျှင် ကွဲပြား ခြားနားချက်များရှိသည်ကို တွေ့ရသည်။ မိကျောင်းခေါင်းတို၏ ဦးခေါင်းသည် ကျယ်ပြန့်လျက် တို၍ဝိုင်းသော နှာတံရှိသောကြောင့် မိကျောင်းခေါင်းတိုဟု ခေါ်သည်။ မိကျောင်းခေါင်းရှည်၏ စတုတ္ထ အောက်သွားသည် အခြားသွားများထက် ရှည်ထွက်လျက်ရှိရာ ပါးစပ်ပိတ်လိုက်သည့်အခါ အထက်မေးရိုး အပြင်ဖက်သို့ ထွက်လာ ပြီးသော် မြောင်းကလေးအတိုင်း အံကျရှိနေလေသည်။ မိကျောင်း ခေါင်းတို၏ စတုတ္ထအောက်သွားသည်လည်း အခြားသွားများထက် ရှည်၏။ သို့သော် ပါးစပ်ပိတ်လိုက်သည့်အခါ အထက်မေးရိုးရှိ တွင်းကလေးထဲသို့ အံကျဝင်နေလေသည်။

မိကျောင်းခေါင်းရှည်၏ နှာခေါင်းနှင့် မျက်လုံးများသည် မျက်နှာပေါ်တွင် မို့တက်လျက်ရှိသည်။ ယင်းတို့သည် တစ်ခါတစ်ရံရေပေါ်၌ နှာခေါင်းနှင့် မျက်လုံးများကိုသာ ဖော်၍ နေတတ်ရာ ရှည်လျားသော သစ်လုံးများ မျောနေဘိသကဲ့သို့ ထင်ရသည်။ သို့ဖြင့် ကိုယ်ခန္ဓာသည် ရေအောက်၌ရှိနေသော်လည်း အသက်ရှူနိုင် ပြီးလျှင် ပတ်ဝန်းကျင်ရှိ အစာဖြစ်သော သတ္တဝါများကို ကောင်းစွာမြင်နိုင်သည်။ မိကျောင်းခေါင်းရှည်သည် ရေအောက်၌ လုံးလုံးမနေနိုင်ပေ။ တစ်နာရီ၊ တစ်နာရီ ကျော်ကျော်မျှသာနေ၍ အသက်ရှူ ရန်အတွက် ရေမျက်နှာပြင်သို့ မကြာခဏ တက်လာရသည်။

မိကျောင်းခေါင်းရှည်သည် များသောအားဖြင့် ငါး၊ လိပ်နှင့် ရေငှက်များကိုဖမ်း၍ အကောင်လိုက် မျိုချတတ်သည်။ ကမ်းနဖူးသို့ ရေသောက်ရန် ဆင်းလာသော တိရစ္ဆာန်များကိုလည်း ဖမ်းယူ စားသောက်တတ်သည်။ အချို့ကား လူသားစားဖြစ်ကြ၏။ ရေတွင် မဆိုထားဘိ ကုန်းပေါ်တွင်ပင် မိကျောင်းခေါင်းရှည်သည် တိရစ္ဆာန် များကို လျင်မြန်ဖျတ်လတ်စွာလိုက်၍ အမြီးဖြင့်ရိုက်ကာ ဖမ်းယူတတ်သည်။ မိကျောင်းခေါင်းရှည်သည် မိကျောင်းခေါင်းတိုထက် ပို၍ ရန်မူတတ်လေသည်။

အခြား တွားသွားကောင်များကဲ့သို့ မိကျောင်းခေါင်းရှည် အမသည် ကြက်ဥသာသာကြီးသော ဥပေါင်း ၃ဝ မှ ၆ဝ အထိ အုသည်။ အချို့က ဥများကို ချုံများကြား၌ သစ်ရွက်သစ်ကိုင်းများဖြင့် လုပ်သော အသိုက်များတွင် ထားတတ်၍၊ အချို့က ကမ်းစပ်သဲ သောင်များ၌ တွင်းတူး၍ မြုပ်နှံထားတတ်သည်။ အချို့သော မိကျောင်းမျိုးတွင် အမသည် ဥများကို ပေါက်လာသည်အထိ အနား တွင်နေ၍ စောင့်ရှောက်သည်။ ဥများသည် နေရောင်နှင့် အထက်မှဖုံးအုပ်လျက်ရှိသော ဆွေးမြည့်နေသည့် သစ်ရွက်သစ်ကိုင်း များ၏ အပူရှိန်ကြောင့် ၂ လမျှအကြာတွင် မိကျောင်းငယ်များ ပေါက်လာသည်။

ပေါက်ချိန်တန်လာသောအခါ ဥများအတွင်းမှ ချောင်းဆိုးသံကဲ့သို့ မြည်သံကြားရ၏။ ထိုအခါ မိကျောင်းမသည် ဥများကို ဖုံးအုပ်ထားသည့် သဲများနှင့် သစ်ဆွေးများကို ဖယ်ရှားပေးလိုက်ရာတွင် မိကျောင်းငယ်ကလေးများသည် နှာတံထိပ်ရှိ အချွန်ကလေးဖြင့် ဥကိုဖောက်၍ထွက်လာကြသည်။ ထိုအချွန်သည် မကြာမီကျိုးသွား၏။ ဥမှပေါက်စ မိကျောင်းကလေးများသည် ၈ လက်မခန့်သာရှိ၍ မိခင်မိကျောင်းမက ချက်ခြင်းပင် ရေထဲသို့ ခေါ်ဆောင်သွားလေသည်။

ပထမတွင် တစ်လလျှင် တစ်လက်မခန့် ကြီးထွားလာ၍ ၅ နှစ် သားအရွယ်သို့ ရောက်သောအခါ ၆ ပေခန့် ရှည်လာသည်။ ထိုနောက် တဖြည်းဖြည်း ကြီးပြင်းလာရာ အချို့မှာ ပေ ၂ဝကျော် အထိပင် ရှည်တတ်လေသည်။ မိကျောင်းခေါင်းရှည်များသည် နှစ်ပေါင်းတစ်ရာကျော်မျှ အသက်ရှည်ကြလေသည်။

မိကျောင်းခေါင်းရှည်၏ ကျောနှင့်လည်ပင်းတွင် အလွန်မာ၍ ကြမ်းတမ်းသော အရေထူကြီးဖြင့် ဖုံးအုပ်လျက်ရှိသည်။ သို့သော် ဝမ်းပိုက်နှင့် နံဘေးတွင်ရှိသော အရေသည် ထိုမျှလောက် မမာချေ။ ဝမ်းပိုက်နှင့် နံဘေးမှအရေများကို ပထမတန်းစားသားရေများ ပြုလုပ်၍ သားရေအိတ်နှင့်ရှူးဖိနပ်များ ချုပ်လုပ်ရာ၌ အသုံးပြုကြ သည်။ မိကျောင်းသားရေသည် အလွန်လှပ၍ ကြာရှည်လည်းခံ သည်။ ထိုကြောင့် မိကျောင်းများကို သားရေ ရှိရေးအတွက် အမြောက်အမြား ဖမ်းဆီးသတ်ဖြတ်ကြသည်။

မိကျောင်းခေါင်းရှည်သည် ကမ္ဘာအရှေ့လုံးခြမ်း သတ္တဝါဖြစ် ၍ အာဖရိကတိုက်၊ အာရှတိုက်၊ မာလာယု ကျွန်းစုနှင့် ဩစတြေး လီးယားမြောက်ပိုင်းတို့တွင် အများအပြားကျက်စားကြသည်။ အချို့ ကို အမေရိကတိုက် အလယ်ပိုင်းတွင်တွေ့ရသည်။ ရေငန်မိကျောင်း များကို အိန္ဒိယတောင်ပိုင်း၊ မြန်မာနိုင်ငံ၊ မလ္လာယုကျွန်းစု မြစ်ဝများ တွင် တွေ့ရသည်။ အကြီးဆုံးမျိုး ဖြစ်သည့် အိန္ဒိယမိကျောင်းသည် ပေ ၃ဝ ထိ ရှည်သည်။ သို့သော်လည်း ကြောက်တတ်သဖြင့် ငါး များကိုသာစားသည်။ နိုင်းမြစ်တွင် တွေ့ရသော အာဖရိကမိကျောင်း ကား လူသားစားမိကျောင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ကောင်းပေ သည်။ ရှေးအီဂျစ်လူမျိုးတို့သည် နိုင်းမြစ်အတွင်းရှိ မိကျောင်းများကိုကိုးကွယ်ခဲ့ကြ၏။ သို့သော် ယခုအခါ ထိုအလေ့အထ မရှိတော့ပေ။

မိကျောင်း၏ လျှာသည် အခြားတိရစ္ဆာန်များ၏ လျှာများကဲ့သို့ အပြင်သို့ မထုတ်နိုင်၊ လှုပ်ရှားမှုလည်း မပြုနိုင်ဘဲ ပါးစပ်အောက်ခြေတွင် အသေကပ်လျက်ရှိသည်။ မိကျောင်းတွင် ကတိုးရည်စိမ့်ထွက်သော ဂလင်းနှစ်စုံရှိရာ ထိုကတိုး ဂလင်းများကို ရေမွှေး ပြုလုပ်ရာ၌ အသုံးပြုကြသည်။ မိကျောင်းဆီကိုလည်း လူတို့အသုံးပြုကြသည်။

မိကျောင်းခေါင်းတိုကို အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ပိုင်းပြည်နယ်များရှိ မြစ်များနှင့် တရုတ်နိုင်ငံ ယန်ဆီမြစ်၌ သာတွေ့ရ၍ အခြားဒေသ၌ မတွေ့ရပေ။ တရုတ် မိကျောင်းခေါင်းတိုနှင့် အမေရိကန်မိကျောင်းခေါင်းတိုသည် အသွင်အပြင်နှင့် တကွ အလေ့အထပါ များစွာတူသည်။ မိကျောင်းခေါင်းတိုသည် ကိုယ်အလျား ၁၂ ပေ မှ ၁၅ ပေ အထိ ရှည်တတ်သည်။

မိကျောင်းခေါင်းတိုသည် ကရော့ကိုဒီလီယာမျိုးစဉ်တွင် အယ်လီဂေတိုရီဒီမျိုးရင်း၌ ပါဝင်၍ ပါဏဗေဒ အမည်အားဖြင့် အယ်လီဂေတို မစ်စစ်စပီယန်ဆစ် ဟုခေါ်သည်။ မိကျောင်းခေါင်းတို၌ တိုလွန်းသောခြေထောက်များနှင့် ကြီး မားသော ကိုယ်ထည်ရှိသောကြောင့် ကုန်းပေါ်တွင် အသွားအလာ နှေးကွေးသည့်ပြင် ကိုရိုးကားရား နိုင်လှပေသည်။ မိကျောင်း ခေါင်းတိုသည် အများအားဖြင့် ငါး၊ ကဏန်း၊ ပုစွန်ဆိတ်နှင့် တွားသွားကောင်ကလေးများကို ရှာဖွေစားသောက်သည်။ သို့သော် ခွေးများနှင့် အခြား ခြေလေးချောင်း သတ္တဝါများကိုလည်း စားတတ်သည်။

မိကျောင်းခေါင်းတို အမသည် မြက်များ၊ သစ်ရွက် သစ်ကိုင်းများဖြင့် အမြင့် ၃ ပေ၊ ပြက် ၇ ပေ ခန့်ရှိသော အသိုက်ကို ကမ်းနဖူးတွင်ပြုလုပ်၍ အသိုက်အလယ်တွင် ကြက်ဥသာသာရှိသော ဥများကို ဥပေါင်း ၄ဝ မှ ၅ဝ အထိ အုတတ်သည်။ ရက်သတ္တပတ် ၉ ပတ်ခန့် အကြာတွင် သားငယ်များပေါက်လာ၍ ပေါက်စတွင် ၈ လက်မခန့်သာရှိသည်။ သားငယ်များသည် ရေထဲ၌ မိခင်နောက်သို့ တစ်ကောက်ကောက်လိုက်နေပြီးသော် အတော်အတန် ကြီးပြင်းလာမှ ခွဲထွက်သွားကြ သည်။ မိကျောင်း ခေါင်းတိုသည် အသက် ၅ဝ မှ ၆ဝ အထိ ရှည်သည်။

မိကျောင်းခေါင်းတို၏ သားရေကိုလည်း လှပ၍ကြာရှည်ခံသောကြောင့် အဖိုးတန်ဖိနပ်များ၊ လက်အိတ်နှင့် အခြားပစ္စည်းများ ချုပ်လုပ်ရာ၌ အသုံးပြုကြသည်။ သားရေအတွက် ယင်းတို့အား ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် တဖြည်းဖြည်း နည်းပါးလာလေသည်။ ယခုအခါ မြောက်အမေရိကတိုက် ဖလော်ရီဒါပြည်နယ်၌ မိကျောင်းခေါင်းတိုများကို ခြံခတ်၍ မွေးမြူထားကြသည်။

မိကျောင်းတို့သည် အာဖရိက၊ အာရှ၊ အမေရိကနှင့် ဩစတြေးလျ တို့ရှိ မုတ်သုံဒေသများတွင် နေထိုင်သော ကြီးမားသည့် ရေနေ တွားသွားသတ္တဝါများ ဖြစ်ကြသည်။ မိကျောင်းတို့သည် ရေချိုစားကျက်များဖြစ်သော မြစ်များ၊ ကန်များ၊ ရွှံ့ညွှန်များ နှင့် ရေငံအိုင်များတွင် အစုအဝေးဖြင့် နေထိုင်လေ့ရှိကြသည်။ သူတို့သည် ကျောရိုးရှိသတ္တဝါများဖြစ်သော ငါးများ၊ တွားသွားသတ္တဝါများ၊နို့တိုက်သတ္တဝါများ ကို စားသုံးလေ့ရှိကြပြီး ကျောရိုးမဲ့သတ္တဝါများဖြစ်သော ပုစွန်၊ ဂဏန်း၊ ဘဝဲတို့နှင့် အလားတူသည့် အချို့မျိုးစိတ်များကိုလည်း ရွေးချယ် စားသုံးလေ့ရှိသည်။

သူတို့သည် ရှေးဟောင်းသတ္တဝါများဖြစ်ပြီး ဒိုင်နိုဆောများရှိသည့် အချိန်ကတည်းက ယခုတိုင် အနည်းငယ်မျှသာ အပြောင်းအလဲရှိသည်။ မိကျောင်းများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ကတည်းက ရှိခဲ့သည် ဟု ယူဆရပြီး ဒိုင်နိုဆောများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၅ သန်းက မျိုးတုံးပျောက်ကွယ်သွားခဲ့သည့်အတွက် သူတို့သည် အကြီးအကျယ် မျိုးတုံးပျောက်ကွယ်မှု အဖြစ်အပျက်တွင် အသက်ရှင်ကျန်ရစ်ခဲ့သော သတ္တဝါများဖြစ်သည်။

(မိကျောင်းများတွင် gharial ဟူခေါ်သော နှုတ်သီးသေးသေးရှည်ရှည် ရှားပါး မိကျောင်းတစ်မျိုးလည်း ရှိသေးသည်။ ထိုမိကျောင်းများကိုမူ အိန္ဒိယမြောက်ပိုင်းတွင်သာ တွေ့ရများတတ်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၉

Leave a Reply