တုိက္တန္းနစ္ရဲ႕ အေငြ႔အသက္ကုိ လက္ေတြ႔ခံစားႏုိင္မယ့္ေနရာ

Posted on

တုိက္တန္းနစ္ ဆုိတာနဲ႔ ပင္လယ္သမုဒၵရာေအာက္ ၂မုိင္ေက်ာ္အနက္မွာ လဲေလွ်ာင္းေနတဲ့ ကမာၻေက်ာ္ သေဘၤာႀကီးဆုိတာကို အားလုံးသိၿပီးျဖစ္မွာပါ။ ၁၉၈၇ ခုႏွစ္တုန္းက ဒါရုိက္တာ John Joslyn ဟာ သမုိင္းတြင္မယ့္ ရုုိက္ကူးမႈ အဖြဲ႔တစ္ဖြဲ႔ကို ဦးေဆာင္ခဲ့ရပါတယ္။ ဒါကေတာ့ ေရအာက္မွာ လဲေလွ်ာင္းေနတဲ့ တုိက္တန္းနစ္သေဘၤာႀကီးကုိ ေလ့လာရုိက္ကူးမႈျဖစ္ပါတယ္။ သူ႔အတြက္ေတာ့ ဒါဟာ အလြန္စိတ္လႈပ္ရွားဖုိ႔ေကာင္းတဲ့ ခရီးစဥ္ျဖစ္ခဲ့ၿပီး သူႀကဳံေတြ႔ခဲ့တာေတြကို အျခားသူေတြထံေ၀မွ် ခ်င္ခဲ့ပါတယ္။ တျခားသူေတြအတြက္ ေရေအာက္ ၂.၄မုိင္အနက္က တုိက္တန္းနစ္သေဘၤာႀကီးကုိ ျမင္ရဖုိ႔ဆုိတာ လြယ္မွ မလြယ္ကူပဲကုိ..

John Joslyn ဟာ သူ႔ရဲ႕အႀကံအစည္ကုိ တျခားသူေတြကုိ ေ၀မွ်ဖုိ႔ အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ ဒါကေတာ့ အေမရိကန္ Missouri ျပည္နယ္မွာ Branson ၿမဳိ႕မွာ တုိက္တန္းနစ္ပုံစံတူလုပ္ထားတဲ့ တုိက္တန္းနစ္ ျပတုိက္ကုိ ၂၀၀၆ခုႏွစ္မွာဖြင့္လွစ္လုိက္တာပါပဲ။ သူ႔ရဲ႕တုိက္တန္းနစ္ ျပတုိက္မွာ အထပ္ႏွစ္ထပ္ပါရွိၿပီး တကယ့္တုိက္တန္းနစ္သေဘၤာအတြင္းဘက္ အတုိင္းကုိျပင္ဆင္ထားတာပါ။

တုိက္တန္းနစ္ျပတုိက္ရဲ႕ အရြယ္အစားဟာ တကယ့္တုိက္တန္းနစ္သေဘၤာရဲ႕အရြယ္အစား တစ္၀က္ပဲ ရွိပါတယ္။ တကယ့္သေဘၤာအတုိင္း ေရထဲမွာ ေက်ာက္ဆူးႀကဳိးကို ခ်ထားတာ ျမင္ရမွာပါ။ တုိက္တန္းနစ္ကုိ တုိက္မိခဲ့တဲ့ ဧရာမေရခဲတုံးႀကီးပုံစံကုိလည္း တည္ေဆာက္ျပသထားပါတယ္။ ဒီေရခဲတုံးႀကီးဟာ ျပတုိက္အတြက္ေတာ့ ၀င္ေပါက္ျဖစ္ပါတယ္။ ဒါ့အျပင္ အထဲေရာက္သြားတာနဲ႔ သေဘၤာစီးေနသလုိ ခံစား အသံေတြၾကားႏုိင္ဖုိ႔ ဂ်က္အင္ဂ်င္ႏွစ္လုံးကိုလည္း ေမာင္းႏွင္ၿပီး အသံထုတ္ထားပါေသးတယ္။

တုိက္တန္းနစ္ သေဘၤာရဲ႕ေလွကားေတြ ၊ စားေသာက္ခန္းမ ၊ ပထမတန္း ၊ ဒုတိယတန္း ၊ တတိယတန္းစား အခန္းေတြကုိလည္း တကယ့္တုိက္တန္းနစ္သေဘၤာထဲက အတုိင္းပုံစံတူျပင္ဆင္ထားပါတယ္။ နစ္ျမဳပ္သြားတဲ့ တုိက္တန္းနစ္ကုိ ျပန္လည္ရွာေဖြေတြ႔ရွိစဥ္က ရုိက္ကူးထားတဲ့ ပုံရိပ္ေပါင္း ၄၀၀ေက်ာ္ကုိလည္း ျပခန္း ၂၀ခြဲၿပီး ျပသထားပါေသးတယ္။ ထူးျခားခ်က္ ေနာက္တစ္ခုကတာ့ သေဘၤာကတ္ပတိန္အပါအ၀င္ တုိက္တန္းနစ္ သေဘၤာထဲက အဓိကဇာတ္ေကာင္ေတြနဲ႔ ပုံစံတူ၀တ္စုံနဲ႔ ၀န္ထမ္းေတြကို ထည့္သြင္းထားျခင္းပါ။

ခမ္းနားတဲ့ ႏွစ္ဖက္ေလွကားႀကီးကလည္း တကယ့္တုိက္တန္းနစ္သေဘၤာက ေလွကားနဲ႔ ခြ်တ္စြပ္တည္ေဆာက္ထားၿပီး သူတစ္ခုတည္းရဲ႕ ကုန္က်စရိတ္တင္ ေဒၚလာ ၁သန္းရွိပါတယ္။

ေလွကားကေန တက္လုိက္တာနဲ႔ ပထမဆုံးျမင္ရမွာကေတာ့ ပထမတန္းစား အခန္းပါ။

ေလွကားေအာက္ဘက္ကုိ ဆင္းလုိက္မယ္ဆုိရင္ေတာ့ တတိယတန္းစား အခန္းကိုေတြ႔ရပါလိမ့္မယ္။

ဆက္သြားမယ္ဆုိရင္ေတာ့ သေဘၤာႀကီးကုိေမာင္းႏွင္တဲ့ အင္ဂ်င္ခန္းကိုေရာက္မွာျဖစ္ပါတယ္။ ဒီအင္ဂ်င္ခန္းထဲမွာ ပုံစံတူလုပ္ထားတဲ့ ဘြဳိင္လာထဲသုိ႔ ေက်ာက္မီးေသြးေတြကို ေဂၚျပားနဲ႔ကေလာ္ထည့္ၿပီး သင့္ကုိယ္သင္ အမႈထမ္းတစ္ေယာက္လုိ ခံစားႏုိင္ပါေသးတယ္။

အဲဒီေနာက္ေတာ့ စိတ္၀င္စားဖုိ႔ေကာင္းတဲ့ နစ္ျမဳပ္ခန္းကိုေရာက္ပါမယ္။ သေဘၤာနစ္ျမဳပ္စဥ္က ႀကဳံရသလုိ ၾကမ္းျပင္ဟာေစာင္းေနၿပီး သင္ဟာ အသက္ကယ္ေလွေပၚကုိ တက္ေရာက္ႏုိင္ပါတယ္။ ေလွေပၚကိုထုိင္ခ်ၿပီး ေလွေဘးက ေရကိုစမ္းလုိက္မယ္ဆုိရင္ေတာ့ အလြန္တရာေအးခဲေနတဲ့ ေရျပင္ရဲ႕ အထိအေတြ႔ကို တကယ့္အျပင္မွာတုန္းက အတုိင္းခံစားရမွာပါ။

ေနာက္ဆုံးျမင္ရမယ့္ အခန္းကေတာ ၀မ္းနည္းဖြယ္အထိမ္းအမွတ္အခန္း ျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ သေဘၤာနစ္ျမဳပ္စဥ္က လုိက္ပါခဲ့ၾကတဲ့ ခရီးသည္ ၂၂၀၈ေယာက္စလုံးရဲ႕ ဓာတ္ပုံေတြနဲ႔ အတူ တစ္ေယာက္ခ်င္းစီရဲ႕ ကုိယ္ေရးအက်ဥ္းကို လုိက္လံဖတ္ရႈႏုိင္မွာျဖစ္ပါတယ္။

Joslyn ဟာ ဒီလုိမ်ဳိး တုိက္တန္းနစ္ပုံစံတူ အထိမ္းအမွတ္ျပတုိက္ကုိ ႏွစ္ခုဖန္တီးခဲ့တာျဖစ္ပါတယ္။ ေနာက္ တုိက္တန္းနစ္ျပတုိက္ကေတာ့ Tennessee ျပည္နယ္ Pigeon Forge မွာ တည္ရွိေနပါတယ္။



သုတဇုန္


တိုက်တန်းနစ်ရဲ့ အငွေ့အသက်ကို လက်တွေ့ခံစားနိုင်မယ့်နေရာ (unicode)

တိုက်တန်းနစ် ဆိုတာနဲ့ ပင်လယ်သမုဒ္ဒရာအောက် ၂မိုင်ကျော်အနက်မှာ လဲလျှောင်းနေတဲ့ ကမ္ဘာကျော် သင်္ဘောကြီးဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ၁၉၈၇ ခုနှစ်တုန်းက ဒါရိုက်တာ John Joslyn ဟာ သမိုင်းတွင်မယ့် ရိုက်ကူးမှု အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့ရပါတယ်။ ဒါကတော့ ရေအာက်မှာ လဲလျှောင်းနေတဲ့ တိုက်တန်းနစ်သင်္ဘောကြီးကို လေ့လာရိုက်ကူးမှုဖြစ်ပါတယ်။ သူ့အတွက်တော့ ဒါဟာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး သူကြုံတွေ့ခဲ့တာတွေကို အခြားသူတွေထံဝေမျှ ချင်ခဲ့ပါတယ်။ တခြားသူတွေအတွက် ရေအောက် ၂.၄မိုင်အနက်က တိုက်တန်းနစ်သင်္ဘောကြီးကို မြင်ရဖို့ဆိုတာ လွယ်မှ မလွယ်ကူပဲကို..

John Joslyn ဟာ သူ့ရဲ့အကြံအစည်ကို တခြားသူတွေကို ဝေမျှဖို့ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကတော့ အမေရိကန် Missouri ပြည်နယ်မှာ Branson မြို့မှာ တိုက်တန်းနစ်ပုံစံတူလုပ်ထားတဲ့ တိုက်တန်းနစ် ပြတိုက်ကို ၂၀၀၆ခုနှစ်မှာဖွင့်လှစ်လိုက်တာပါပဲ။ သူ့ရဲ့တိုက်တန်းနစ် ပြတိုက်မှာ အထပ်နှစ်ထပ်ပါရှိပြီး တကယ့်တိုက်တန်းနစ်သင်္ဘောအတွင်းဘက် အတိုင်းကိုပြင်ဆင်ထားတာပါ။

တိုက်တန်းနစ်ပြတိုက်ရဲ့ အရွယ်အစားဟာ တကယ့်တိုက်တန်းနစ်သင်္ဘောရဲ့အရွယ်အစား တစ်ဝက်ပဲ ရှိပါတယ်။ တကယ့်သင်္ဘောအတိုင်း ရေထဲမှာ ကျောက်ဆူးကြိုးကို ချထားတာ မြင်ရမှာပါ။ တိုက်တန်းနစ်ကို တိုက်မိခဲ့တဲ့ ဧရာမရေခဲတုံးကြီးပုံစံကိုလည်း တည်ဆောက်ပြသထားပါတယ်။ ဒီရေခဲတုံးကြီးဟာ ပြတိုက်အတွက်တော့ ဝင်ပေါက်ဖြစ်ပါတယ်။ ဒါ့အပြင် အထဲရောက်သွားတာနဲ့ သင်္ဘောစီးနေသလို ခံစား အသံတွေကြားနိုင်ဖို့ ဂျက်အင်ဂျင်နှစ်လုံးကိုလည်း မောင်းနှင်ပြီး အသံထုတ်ထားပါသေးတယ်။

တိုက်တန်းနစ် သင်္ဘောရဲ့လှေကားတွေ ၊ စားသောက်ခန်းမ ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်းစား အခန်းတွေကိုလည်း တကယ့်တိုက်တန်းနစ်သင်္ဘောထဲက အတိုင်းပုံစံတူပြင်ဆင်ထားပါတယ်။ နစ်မြုပ်သွားတဲ့ တိုက်တန်းနစ်ကို ပြန်လည်ရှာဖွေတွေ့ရှိစဉ်က ရိုက်ကူးထားတဲ့ ပုံရိပ်ပေါင်း ၄၀၀ကျော်ကိုလည်း ပြခန်း ၂ဝခွဲပြီး ပြသထားပါသေးတယ်။ ထူးခြားချက် နောက်တစ်ခုကတာ့ သင်္ဘောကတ်ပတိန်အပါအဝင် တိုက်တန်းနစ် သင်္ဘောထဲက အဓိကဇာတ်ကောင်တွေနဲ့ ပုံစံတူဝတ်စုံနဲ့ ဝန်ထမ်းတွေကို ထည့်သွင်းထားခြင်းပါ။

ခမ်းနားတဲ့ နှစ်ဖက်လှေကားကြီးကလည်း တကယ့်တိုက်တန်းနစ်သင်္ဘောက လှေကားနဲ့ ချွတ်စွပ်တည်ဆောက်ထားပြီး သူတစ်ခုတည်းရဲ့ ကုန်ကျစရိတ်တင် ဒေါ်လာ ၁သန်းရှိပါတယ်။

လှေကားကနေ တက်လိုက်တာနဲ့ ပထမဆုံးမြင်ရမှာကတော့ ပထမတန်းစား အခန်းပါ။

လှေကားအောက်ဘက်ကို ဆင်းလိုက်မယ်ဆိုရင်တော့ တတိယတန်းစား အခန်းကိုတွေ့ရပါလိမ့်မယ်။

ဆက်သွားမယ်ဆိုရင်တော့ သင်္ဘောကြီးကိုမောင်းနှင်တဲ့ အင်ဂျင်ခန်းကိုရောက်မှာဖြစ်ပါတယ်။ ဒီအင်ဂျင်ခန်းထဲမှာ ပုံစံတူလုပ်ထားတဲ့ ဘွိုင်လာထဲသို့ ကျောက်မီးသွေးတွေကို ဂေါ်ပြားနဲ့ကလော်ထည့်ပြီး သင့်ကိုယ်သင် အမှုထမ်းတစ်ယောက်လို ခံစားနိုင်ပါသေးတယ်။

အဲဒီနောက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ နစ်မြုပ်ခန်းကိုရောက်ပါမယ်။ သင်္ဘောနစ်မြုပ်စဉ်က ကြုံရသလို ကြမ်းပြင်ဟာစောင်းနေပြီး သင်ဟာ အသက်ကယ်လှေပေါ်ကို တက်ရောက်နိုင်ပါတယ်။ လှေပေါ်ကိုထိုင်ချပြီး လှေဘေးက ရေကိုစမ်းလိုက်မယ်ဆိုရင်တော့ အလွန်တရာအေးခဲနေတဲ့ ရေပြင်ရဲ့ အထိအတွေ့ကို တကယ့်အပြင်မှာတုန်းက အတိုင်းခံစားရမှာပါ။

နောက်ဆုံးမြင်ရမယ့် အခန်းကတော ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခန်း ဖြစ်ပါတယ်။ ဒီနေရာမှာတော့ သင်္ဘောနစ်မြုပ်စဉ်က လိုက်ပါခဲ့ကြတဲ့ ခရီးသည် ၂၂၀၈ယောက်စလုံးရဲ့ ဓာတ်ပုံတွေနဲ့ အတူ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းကို လိုက်လံဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Joslyn ဟာ ဒီလိုမျိုး တိုက်တန်းနစ်ပုံစံတူ အထိမ်းအမှတ်ပြတိုက်ကို နှစ်ခုဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက် တိုက်တန်းနစ်ပြတိုက်ကတော့ Tennessee ပြည်နယ် Pigeon Forge မှာ တည်ရှိနေပါတယ်။

သုတဇုန်

Leave a Reply