ဗုဒၶဘာသာ က်မ္းဂန္ေတြထဲမွာ ေဖာ္ျပထားေသာ ‘ငရဲ’အေၾကာင္း

Posted on

ငရဲကိုပါဠိေ၀ါဟာရအားျဖင္႔ နိရယ ဟုေခၚသည္။ နိ+အယ၊ နိ-မရွိေသာကင္းေသာ+အယ-ခ်မ္းသာ။ ထိုနိရာယဟူသည့္ ပါဠိကို ျမန္မာအသံ သို႔ေျပာင္းသည့္အခါ နိရာယ္=နိရဲဟုျဖစ္လာသည္။ နိရဲမွ နရဲျဖစ္လာျပီးေနာက္တြင္ နငယ္ကိုအကၡရာျဖင္႔ အသံဖလွယ္လိုက္သည့္အခါ နရဲမွငရဲျဖစ္လာေတာ့သည္။ထို႔ေၾကာင္႔နိရယမွအဆင့္ဆင့္ေျပာင္းလဲလာေသာ ငရဲဆိုသည့္အဓိပၸာယ္ကား ခ်မ္းသာကင္းေသာ ဘုံဘ၀ဟု ဆိုလိုရင္းျဖစ္သည္။

ထိုငရဲဘုံတြင္ ငရဲထိန္းႏွင္႔ငရဲေခြးတို႔၏ႏွိပ္စက္မႈကို ထာ၀ရ ခံေနႀကရသည္။ ငရဲမီးေလာင္မႈကိုလည္း အျမဲမျပတ္ခံစားေနႀကရျပန္သည္။ ဤကဲ႔သို႔ျပင္းထန္သည္႔ ဆင္းရဲ ဒုကၡေ၀ဒနာတို႔ကို အျမဲထာ၀ရ ခံစားေနရေသာ္လည္း ကံမကုန္ေသးသမွ်အသက္ ရွင္လ်က္ထပ္ထပ္ခါျဖစ္ျပီးခံစားေနၾကရသည္။ အကုသိုလ္ကံကုန္မွသာလွ်င္ င႐ဲသားဘ၀မွေသဆုံး၍အျခားဘ၀သို႔ ကူးေျပာင္းရန္ ျဖစ္ႏုိင္သည္။

ထိုငရဲႀကီးတို႔သည္ ရွစ္ထပ္ရွိႀက၍ ကမာၻေျမႀကီး အတြင္း၀ယ္အထက္ေအာက္အဆင့္ဆင့္တည္ရွိႀကသည္။ ၎ငရဲႀကီးတို႔သည္…..

၁။ သိ၃ိၨဳင္းငရဲ= သံ+ဇီ၀+=သံ-အဖန္ဖန္+ဇီ၀=အသက္ရွင္ျခင္း။

ဤငရဲဘုံ၌ ငရဲသူ၊ ငရဲသားတို႔ သည္ အဖန္ဖန္ အထပ္ထပ္ အသတ္ခံရ၍အသက္ ျပန္ရွင္ၾကရေသာေႀကာင္႔သိ၃ိၨဳင္းငရဲဟုေခၚရျခင္းျဖစ္ သည္။ အကုလိုလ္ကံ မကုန္ေသးသမၽွတစ္ခါတည္း ေသေၾကေပ်ာက္ပ်က္မသြားဘဲ ထပ္ခါထပ္ခါ အသက္ရွင္လၽွက္ ငရဲထိန္းတို႔၏ ခုတ္ျဖတ္မႈကိုသာ ျပင္းစြာခံၾကရရွာေသာ ငရဲ

လူ႕ဘုံ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၂။ ကာလသုတ္။ ကာလသုတၱ ငရဲ= ကာလ+သုတၱ=ကာလ-မည္းနက္ေသာ+သုတၱ=မ်ဥ္းေႀကာင္း

ဤ ငရဲဘုံ၌ျဖစ္ႀကရေသာ သတၱ၀ါတို႔ကိုမ်ဥ္းနက္ေၾကာင္း ႀကီးခ်၍ ပဲခြပ္ ဓါးမ လႊ စသည္တို႔ျဖင့္ ေရႊခုတ္တိုက္ လြဲအပ္ေသာေၾကာင့္ ကာလသုတ္ငရဲဟု ေခၚရျခင္း ျဖစ္သည္။ ငရဲသားတို႔ကို ငရဲထိန္းတို႔က သားေကာင္ကို ေခြးေတြ လိုက္သလို အတင္းလိုက္ၾကၿပီး ေမာဟိုက္သြားသည့္အခါ သစ္တုံးႀကီးကို သစ္ေ႐ြသမားတို႔က ခုတ္ေ႐ြၾကသကဲ့သို႔ က်က်နန မ်ဥ္းႀကိဳးခ်၍ ပက္လက္တစ္မ်ိဳး၊ ေမွာက္လ်က္တစ္မ်ိဳး၊ ဝဲယာတစ္မ်ိဳး၊ ေရွ႕ေနာက္တစ္မ်ိဳးအားျဖင့္ အကုလိုလ္ကံ မကုန္ေသးသ၍ လြတ္ခြင့္မရႏိုင္ၾကဘဲ အမ်ိဳးမ်ိဳးခုတ္ေ႐ြခံၾကရေသာ ငရဲ

သၪၥိဳဝ္း ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၃။ သဃၤတငရဲ။ သံ+ဃာတ = သံ- ျပင္းထန္စြာ+ ဃာတ – ႀကိတ္ေျချခင္း။

ဤငရဲ၌ျဖစ္လာၾကသည့္ ငရဲသူ ငရဲသားသတၱ၀ါတို႔ကို အလြန္တရာ ျမင့္မား၍ အလွ်ံတေျပာင္ေျပာင္ ေတာက္ေလာင္ေနေသာ သံေတာင္ႀကီးတို႔သည္ တလိမ့္တံုးႀကီး မ်ားသဖြယ္ လွိမ့္ဆင္းလာၾကၿပီး မုန္႔မုန္႔ညက္ညက္ျဖစ္ေအာင္ ႀကိတ္ေျခၾကေသာေၾကာင့္ သဃၤာတ ငရဲဟု ေခၚျခင္းျဖစ္သည္။ ေအာက္ေျမအျပင္တြင္ မီးလၽွံမ်ားထလၽွက္ အထု (၉) ယူဇနာရွိေသာ သံေျမျပင္ႀကီးျဖစ္၌ ငရဲသားတို႔သည္ ထန္းပင္ငုတ္ေလးေတြစိုက္ထားသကဲ့သို႔ ခါးထိေအာင္စိုက္ထားျခင္းခံရၿပီး အေရွ႕အရပ္မွလာေသာ သံေတာင္ႀကီးက စားမည္ဝါးမည္ဆိုေနသလို တဒိန္းဒိန္း တၿခိမ္းၿခိမ္းျမည္ဟီးလ်က္ ႀကိတ္ကာႀကိတ္ကာ အေနာက္အရပ္သို႔သြားၿပီး ေနာက္ေတာင္အရပ္မွ သံေတာင္ႀကီးက ထိုနည္းအတိုင္းပင္ ႀကိတ္ကာႀကိတ္ကာေျမာက္အရပ္သို႔ သြားၿပီးလၽွင္ အေနာက္အရပ္သို႔ ေရာက္ၿပီးေသာ သံေတာင္ႀကီးကလည္း အေရွ႕အရပ္သို႔ ႀကိတ္ကာႀကိတ္ကာ ျပန္၍လာျခင္းျဖင့္ အရပ္ေလးမ်က္ႏွာမွသံေတာင္ေတြ သန္းဥတုတ္သလို ဖိႏွိပ္ႀကိတ္ေခ်ေသာ္လည္း အကုသိုလ္ကံ မကုန္သမၽွငုတ္စုစု ေပၚထြက္လ်က္ ဆက္ကာဆက္ကာ အႀကိတ္ခံရရွာေသာ ငရဲ

ကာလသုတ္ ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၄။ ေရာ႐ု၀ငရဲ။ ေရာ႐ု၀ – အၿမဲငိုေၾကြးရျခင္း။

ဤငရဲ၌ျဖစ္လာသည့္ သတၱ၀ါတို႔သည္ ႀကီးက်ယ္ ျပင္းထန္လွေသာ အသံတို႔ျဖင့္ အၿမဲမျပတ္ငိုေၾကြး မည္တမ္းေနၾကရေသာေၾကာင့့္ ေရာ႐ု၀ငရဲဟုေခၚ ရျခင္းျဖစ္သည္။ ေရာ႐ုဝ ငရဲ (Raurava) – မီးေတာက္တို႔သည္ တဝုန္းဝုန္းထလ်က္ ငရဲသို႔က်ေရာက္သူတို႔၏ ဒြါရ (၉) ေပါက္မွ အတင္းဝင္ေရာက္ေလာင္ကၽြမ္းသျဖင့္ အလြန္အားငယ္စြာ တစာစာေအာ္ၾကရရွာၿပီး ျပင္းစြာငိုေႂကြးျခင္းျဖင့္ မီးေတာက္မီးလၽွံ အေလာင္ခံေနၾကရေသာ ငရဲ

သဃၤာတ ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၅။ မဟာေရာ႐ု၀ငရဲ။ မဟာ+ေရာ႐ု၀= မဟာ-ႀကီးေလးျပင္းထန္ေသာ၊ ဇာလ။ မီးေတာက္မီးလွ်ံမ်ားရွိေသာ+ ေရာ႐ု၀ = ေရာ႐ု၀ငရဲ။

ေရာ႐ု၀ငရဲထက္ ခံစားရသည့္ ဒုကၡသည္ ႀကီးမား ျပင္းထန္လြန္းေသာေၾကာင့္ မဟာေရာ႐ု၀ငရဲဟု ေခၚရျခင္းျဖစ္သည္။ မီးခိုးမ်ား ငရဲတစ္လုံးခုံး ဖုံးလြမ္းေနၿပီး ငရဲသို႔က်ေရာက္သူတို႔ကို မီးခိုးမ်ားက အတြင္းအျပင္အတင္းဝင္၍ ႏႉးႏွပ္ၾကေသာေၾကာင့္ ငရဲသူ ငရဲသားတို႔မွာ ဘာမွမတတ္ႏိုင္ၾကေတာ့ပဲ သနားစဖြယ္ အားငယ္စြာ ေအာ္ေနၾကရရွာေသာ ငရဲ

ေရာ႐ုဝ ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၆။ တာပနငရဲ။ တပ= တာပန = ပူေလာင္ေစျခင္း။

ဤငရဲသို႔ က်ေရာက္ခံစားရေသာ သတၱ၀ါတို႔ကို အလွ်ံတေျပာင္ေျပာင္ ထြက္ေနသည့္ သံတံက်င္ႀကီးထဲ၌ မလႈပ္မယွက္ ထိုင္ေနေစၿပီး တစ္ကိုယ္လံုးကို ျပင္းထန္စြာ ပူေလာင္ေစေသာေၾကာင့္ တာပနငရဲဟု ေခၚရျခင္းျဖစ္သည္။ ငရဲသို႔က်ေရာက္ေသာ သတၱဝါမ်ားကို ထန္းလုံးေလာက္ႀကီးမား၍ မီးလွျံထေသာ သံတံက်င္၌ မလႈပ္ႏိုင္ေအာင္ စိုက္ထားၿပီးလၽွင္ ထိုသံတံမွ ထြက္ေသာ မီးလၽွံတို႔က အၿမဲပူေလာင္ေစတတ္ေသာ ငရဲ

မဟာေရာ႐ုဝ ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၇။ မဟာတာပနငရဲ။ မဟာ+ တာပန = မဟာ၊ႀကီးမားျပင္းထန္ေသာ။ တာပန = တာပနငရဲ။

တာပနငရဲထက္ ပို၍ ႀကီးမား ျပင္းထန္ေသာ ေၾကာင့္ မဟာတာပနငရဲဟု ေခၚရျခင္းျဖစ္သည္။ မီးလွ်ံထေနေသာ သံေတာင္ႀကီးႏွင့္ ထိုသံေတာင္၏ေအာက္ေျခ၌ သံတံက်င္မ်ား စိုက္ထူထားၿပီး ငရဲသူ ငရဲသားမ်ားကို ငရဲထိန္းမ်ားက သံေတာင္ေပၚသို႔ မတက္တက္ေအာင္ ႐ိုက္ႏွက္၍ တင္ၾကၿပီး သံေတာင္ေပၚသို႔ ေရာက္ေသာအခါ ကံၾကမၼာအေလ်ာက္ ေလမုန္တိုင္းေပၚေပါက္၍ ထိုေလမုန္တိုင္းက ေတာင္ေျခ၌ရွိေသာ တံက်င္ေပၚေရာက္ေအာင္ တိုက္လႊင့္ခ်လိုက္သျဖင့္ တံက်င္အဖ်ား၌ ကားခနဲ စူးဝင္ျခင္းခံၾကရရွာေသာ ငရဲ

တာပန ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

၈။ အ၀ီစိငရဲ = န + ၀ီစိ = န၊ မရွိျခင္း။ ၀ီစိ၊အၾကားအလပ္၊ လစ္လပ္ေသာေနရာ။

ထိုငရဲႀကီး၌ ငရဲသတၱ၀ါတုိ႔ကို ငရဲမီးလွ်ံအဆင္းဒုကၡအားျဖင့္ အၾကားအလပ္မရွိေသာေၾကာင့္ အ၀ီစိငရဲဟုေခၚ ရျခင္းျဖစ္သည္။

ထိုအ၀ီစိငရဲႀကီး၏ အလယ္တည့္တည့္တြင္ ငရဲမႀကီးေခၚ ငရဲတိုင္းျပည္ (သို႔) ငရဲေနျပည္ေတာ္ ႀကီးတည္ရွိ၍ ထုထည္ကိုးယူဇနာရွိ၍ သံတံတိုင္းျဖင့္၀ိုင္းရံထားသည္။ အထက္ႏွင့္ေအာက္၊ ေတာင္ ႏွင့္ေျမာက္၊ အေရွ႕ႏွင့္ အေနာက္၊ အထက္မ်က္ႏွာျပင္၊ ေအာက္မ်က္ႏွာျပင္ ယူဇနာတစ္ရာစီရွိသည္။ ၎ကို ထုကုိးယူဇနာရွိေသာ သံျပားႀကီးမ်ားျဖင့္ ပိတ္ထားသည္။ ထိုအ၀ီစိငရဲႀကီးသည္ေလးေထာင့္ပံုသ႑ာန္ရွိသည့္ သံေသတၱာႀကီးႏွင့္တူသည္။

ထိုအ၀ီစိငရဲႀကီးသို႔ ကံႀကီး ထုိက္ထားၾကေသာ ႏွစ္ေပါင္းမ်ားစြာ ခံစားၾကရမည့္ ႏွစ္ႀကီးသမား ငရဲသားတုိ႔ က်ေရာက္ၾကရသည္။ ႀကီးမားသည့္ အျပစ္က်ဴးလြန္သူတို႔ က်ခံရေသာေၾကာင့္ မဟာ အ၀ီစိငရဲဟု ေခၚရျပန္သည္။ ငရဲသူ ငရဲသားတို႔ သည္ သံေသတၱာအတြင္းမုန္႔ညွင္းေစ့မ်ားထည့္၍ သိပ္ထားသကဲ့သို႔ တစ္ခဲနက္ျပည့္က်က္ၿပီးေနသည့္အတြက္ ေနရာမလပ္ ၾကားမလပ္ေခ်။

အ၀ီစိငရဲႀကီး၌ အရပ္ ေလးမ်က္ႏွာတို႔တြင္ သံ တံခါးႀကီးေလးခုရွိၿပီး အကုသုိလ္ကံကုန္၍ကၽြတ္ လြတ္ခြင့္ရသည့္သတၱ၀ါရွိခဲ့လွ်င္ ထိုတံခါးႀကီးမွာ အလိုလိုပြင့္သြားၿပီး ထိုသတၱ၀ါထြက္ခြင့္ရသည္။ ထိုသို႔ပြင့္သြားေသာ္လည္း အကုသိုလ္ကံမကုန္ေသးသည့္ သတၱ၀ါတို႔ကား ထြက္၍မရေခ်။

မီးေတာက္မီးလၽွံမ်ား အၾကားမရွိပဲ ငရဲတစ္ခုလုံး မီးလၽွံမ်ား ဆက္ေနၿပီး ငရဲသားခ်င္းလည္း ဝါးက်ည္ေတာက္အတြင္း မုန္ၫွင္းေစ့ကေလးေတြ ျပည့္က်ပ္ေနသကဲ့သို႔ အၾကားမရွိ ျပည့္က်ပ္ေနေအာင္ ဆင္းရဲဒုကၡ အၾကားအရွိ၊ ဒုကၡမွ လြတ္ကင္း၍ ခ်မ္းသာခြင့္ လုံးဝမရႏိုင္ဘဲ မီးလၽွံ၊ သတၱဝါ၊ ဆင္းရဲျခင္း ဒုကၡဤသုံးမ်ိဳးတို႔ဆက္စပ္ေနေသာ အဝီစိငရဲ ျဖစ္သည္။ ငရဲက်ရာတြင္ အဝီစိကိုတန္းက်သူ နည္း၏။ ကံႀကီးထိုက္သူေတြေလာက္သာ တန္းက်သည္။

မဟာတာပန ငရဲ၏ ေအာက္ ယူဇနာ ၁၅,၀၀ဝ ေဝးေသာအရပ္၌ တည္ရွိသည္။

ငရဲငယ္မ်ား
ငရဲႀကီးရွစ္ထပ္၌ တစ္ထပ္လွ်င္ တစ္မ်က္ႏွာစီ ၌ ဥႆဒ ငရဲငယ္ ေလးထပ္စီ ၿခံရံထားသည့္ အတြက္ ငရဲႀကီး တစ္ထပ္တြင္ ငရဲငယ္ ၁၆ ထပ္ရွိ၍ ငရဲႀကီးရွစ္ထပ္တြင္ ငရဲငယ္ ၁၂ထပ္ ရွိေလသည္။ ထိုငရဲငယ္ေလးထပ္သည္ကား
၁။ ဘင္ပုပ္ငရဲ။
၂။ ျပာပူငရဲ။
၃။ လက္ပံေတာငရဲ။
၄။ သန္လ်က္ေတာငရဲ တို႔ျဖစ္ၾကသည္။
ထိုငရဲငယ္ေလးမ်ဳိးတို႔အျပင္ ေ၀တၱရဏီ = ႀကိမ္ပိုက္ေခ်ာင္းငရဲ။ ေဘာဟကုမၻီ = ေၾကးအိုးငရဲစသည့္ ငရဲငယ္တို႔လည္း ရွိၾကေသးသည္။ ဤမွ်ေလာက္ ဆင္းရဲဒုကၡႀကီးမားလြန္းလွသည့္ ငရဲဒုကၡတို႔ကို အဖန္ဖန္အထပ္ထပ္ သံုးေဆာင္ဆင္ျခင္၍ အကုသိုလ္မေကာင္းမႈမ်ား မျပဳမိေအာင္ သံုးသပ္ဆင္ျခင္၍ အကုသိုလ္မေကာင္းမႈမ်ား မျပဳမိေအာင္ သတိႏွင့္ ေရွာင္ၾကဥ္သင့္လွသည္။

ငရဲသက္တမ္း
ငရဲသားတို႔၏ သက္တမ္းကို လူတုိ႔၏ ႏွစ္လ ရက္တို႔ျဖင့္ ေရတြက္ပံုေရတြက္နည္းကို ဇိနလကၤာရဋီကာ၌ ေအာက္ေဖာ္ျပပါအတိုင္းျပဆိုထားသည္။

၁။ လူတို႔၏အႏွစ္ကိုးသန္းသည္ သိဥၨဳိင္းငရဲ၌ တစ္ရက္ျဖစ္သည္။ သိဥၨဳိင္းငရဲ၏သက္တမ္းသည္ ငရဲသက္တမ္းျဖင့္ အႏွစ္ ၅၀၀ ရွိသည္။

၂။ လူတို႔၏ အႏွစ္ ၃ ကုေဋ ၆သန္းသည္ ကာလသုတ္ငရဲ၌ တစ္ရက္ျဖစ္သည္။ ကာလသုတ္ငရဲသည္ ငရဲသက္တမ္းအားျဖင့္ အႏွစ္
၁၀၀၀ ရွိသည္။

၃။ လူတုိ႔၏အႏွစ္ ၁၄ကုေဋသံုးသန္းသည္ သဃၤာတငရဲ၌ တစ္ရက္ျဖစ္သည္။ သဃၤာတငရဲသည္ ငရဲသက္တမ္းအားျဖင့္ အႏွစ္၂၀၀၀ ရွိသည္။

၄။ လူတို႔၏ ၅၇ ကုေဋ ၆သန္းသည္ ေရာ႐ု၀ ငရဲ၌ တစ္ရက္ျဖစ္သည္။ ေရာ႐ု၀ငရဲ သည္ငရဲ သက္တမ္းျဖင့္ အႏွစ္ ၄၀၀၀ ရွိသည္။

၅။ လူတို႔၏ႏွစ္ေပါင္း ၂၃၀ ကုေဋ ၄ သန္း သည္ မဟာေရာ႐ု၀ငရဲ၌တစ္ရက္ျဖစ္သည္။ မဟာေရာ႐ု၀ငရဲသည္ ငရဲသက္တမ္းအားျဖင့္ အႏွစ္ ၈၀၀၀ ရွိသည္။

၆။ လူတို႔၏ႏွစ္ေပါင္း ၉၂၁ကုေဋ ၆သန္းသည္ တာပနငရဲ၌ တစ္ရက္ျဖစ္သည္။ တာပနငရဲ သည္ ငရဲသက္တမ္းအားျဖင့္ အႏွစ္ ၁၆၀၀၀
ရွိသည္။

၇။ လူတို႔၏ႏွစ္ေပါင္း ၃၆၈၆ကုေဋ ၄သန္းသည္ မဟာတာပနငရဲ၌ တစ္ရက္ျဖစ္သည္။ မဟာတာ ပနငရဲသည္ ငရဲသက္တမ္းအားျဖင့္ အႏွစ္ ၃၂၀၀၀ရွိသည္။

၈။ လူတို႔၏ႏွစ္ေပါင္း ၁၃၇၄၅ကုေဋ ၆သန္းသည္ အ၀ီစိငရဲ၌ တစ္ရက္ျဖစ္သည္။ အ၀ီစိငရဲသည္ ငရဲသက္တမ္းျဖင့္ အႏွစ္ ၆၄၀၀၀ရွိသည္။ ထိုႏွစ္ေပါင္းေျခာက္ေသာင္းေလးေထာင္သည္ အႏၱရကပ္တစ္ကပ္ ရွိေလသည္။ ဤသည္မွာ အပါယ္ေလးဘံုမွ ငရဲဘံုအေၾကာင္းကို သိသာ႐ုံမွ်တင္ျပလုိက္ျခင္းျဖစ္သည္။

သက်၀ံသ
ဗုဒၶ၀ါဒအုတ္ျမစ္ ၁၀၀
ေမာင္ဝိဇၹာ “ဗုဒၶ ႏွင့္ ဗုဒၶဘာသာအေၾကာင္း”
ဦးျမတ္ေက်ာ္(ျမန္မာစာေကာ္မရွင္)“၃၁ဘုံခရီးသည္”


ဗုဒ္ဓဘာသာ ကျမ်းဂန်တွေထဲမှာ ဖော်ပြထားသော ‘ငရဲ’အကြောင်း (unicode)

ငရဲကိုပါဠိဝေါဟာရအားဖြင့် နိရယ ဟုခေါ်သည်။ နိ+အယ၊ နိ-မရှိသောကင်းသော+အယ-ချမ်းသာ။ ထိုနိရာယဟူသည့် ပါဠိကို မြန်မာအသံ သို့ပြောင်းသည့်အခါ နိရာယ်=နိရဲဟုဖြစ်လာသည်။ နိရဲမှ နရဲဖြစ်လာပြီးနောက်တွင် နငယ်ကိုအက္ခရာဖြင့် အသံဖလှယ်လိုက်သည့်အခါ နရဲမှငရဲဖြစ်လာတော့သည်။ထို့ကြောင့်နိရယမှအဆင့်ဆင့်ပြောင်းလဲလာသော ငရဲဆိုသည့်အဓိပ္ပာယ်ကား ချမ်းသာကင်းသော ဘုံဘဝဟု ဆိုလိုရင်းဖြစ်သည်။

ထိုငရဲဘုံတွင် ငရဲထိန်းနှင့်ငရဲခွေးတို့၏နှိပ်စက်မှုကို ထာဝရ ခံနေကြရသည်။ ငရဲမီးလောင်မှုကိုလည်း အမြဲမပြတ်ခံစားနေကြရပြန်သည်။ ဤကဲ့သို့ပြင်းထန်သည့် ဆင်းရဲ ဒုက္ခဝေဒနာတို့ကို အမြဲထာဝရ ခံစားနေရသော်လည်း ကံမကုန်သေးသမျှအသက် ရှင်လျက်ထပ်ထပ်ခါဖြစ်ပြီးခံစားနေကြရသည်။ အကုသိုလ်ကံကုန်မှသာလျှင် ငရဲသားဘဝမှသေဆုံး၍အခြားဘဝသို့ ကူးပြောင်းရန် ဖြစ်နိုင်သည်။

ထိုငရဲကြီးတို့သည် ရှစ်ထပ်ရှိကြ၍ ကမ္ဘာမြေကြီး အတွင်းဝယ်အထက်အောက်အဆင့်ဆင့်တည်ရှိကြသည်။ ၎င်းငရဲကြီးတို့သည်…..

၁။ သိ၃္ဇိုင်းငရဲ= သံ+ဇီ၀+=သံ-အဖန်ဖန်+ဇီ၀=အသက်ရှင်ခြင်း။
ဤငရဲဘုံ၌ ငရဲသူ၊ ငရဲသားတို့ သည် အဖန်ဖန် အထပ်ထပ် အသတ်ခံရ၍အသက် ပြန်ရှင်ကြရသောကြောင့်သိ၃္ဇိုင်းငရဲဟုခေါ်ရခြင်းဖြစ် သည်။ အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော ငရဲ

လူ့ဘုံ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၂။ ကာလသုတ်။ ကာလသုတ္တ ငရဲ= ကာလ+သုတ္တ=ကာလ-မည်းနက်သော+သုတ္တ=မျဉ်းကြောင်း
ဤ ငရဲဘုံ၌ဖြစ်ကြရသော သတ္တဝါတို့ကိုမျဉ်းနက်ကြောင်း ကြီးချ၍ ပဲခွပ် ဓါးမ လွှ စသည်တို့ဖြင့် ရွှေခုတ်တိုက် လွဲအပ်သောကြောင့် ကာလသုတ်ငရဲဟု ခေါ်ရခြင်း ဖြစ်သည်။ ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ဝဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသော ငရဲ

သဉ္စိုဝ်း ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၃။ သင်္ဃတငရဲ။ သံ+ဃာတ = သံ- ပြင်းထန်စွာ+ ဃာတ – ကြိတ်ခြေခြင်း။
ဤငရဲ၌ဖြစ်လာကြသည့် ငရဲသူ ငရဲသားသတ္တဝါတို့ကို အလွန်တရာ မြင့်မား၍ အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင်ကြီးတို့သည် တလိမ့်တုံးကြီး များသဖွယ် လှိမ့်ဆင်းလာကြပြီး မုန့်မုန့်ညက်ညက်ဖြစ်အောင် ကြိတ်ခြေကြသောကြောင့် သင်္ဃာတ ငရဲဟု ခေါ်ခြင်းဖြစ်သည်။ အောက်မြေအပြင်တွင် မီးလျှံများထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့သည် ထန်းပင်ငုတ်လေးတွေစိုက်ထားသကဲ့သို့ ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီး နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော ငရဲ

ကာလသုတ် ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၄။ ရောရုဝငရဲ။ ရောရု၀ – အမြဲငိုကြွေးရခြင်း။
ဤငရဲ၌ဖြစ်လာသည့် သတ္တဝါတို့သည် ကြီးကျယ် ပြင်းထန်လှသော အသံတို့ဖြင့် အမြဲမပြတ်ငိုကြွေး မည်တမ်းနေကြရသောကြောင့် ရောရုဝငရဲဟုခေါ် ရခြင်းဖြစ်သည်။ ရောရုဝ ငရဲ (Raurava) – မီးတောက်တို့သည် တဝုန်းဝုန်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ အလောင်ခံနေကြရသော ငရဲ

သင်္ဃာတ ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၅။ မဟာရောရုဝငရဲ။ မဟာ+ရောရု၀= မဟာ-ကြီးလေးပြင်းထန်သော၊ ဇာလ။ မီးတောက်မီးလျှံများရှိသော+ ရောရု၀ = ရောရုဝငရဲ။
ရောရုဝငရဲထက် ခံစားရသည့် ဒုက္ခသည် ကြီးမား ပြင်းထန်လွန်းသောကြောင့် မဟာရောရုဝငရဲဟု ခေါ်ရခြင်းဖြစ်သည်။ မီးခိုးများ ငရဲတစ်လုံးခုံး ဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးများက အတွင်းအပြင်အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော ငရဲ

ရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၆။ တာပနငရဲ။ တပ= တာပန = ပူလောင်စေခြင်း။
ဤငရဲသို့ ကျရောက်ခံစားရသော သတ္တဝါတို့ကို အလျှံတပြောင်ပြောင် ထွက်နေသည့် သံတံကျင်ကြီးထဲ၌ မလှုပ်မယှက် ထိုင်နေစေပြီး တစ်ကိုယ်လုံးကို ပြင်းထန်စွာ ပူလောင်စေသောကြောင့် တာပနငရဲဟု ခေါ်ရခြင်းဖြစ်သည်။ ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလှျံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော ငရဲ

မဟာရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၇။ မဟာတာပနငရဲ။ မဟာ+ တာပန = မဟာ၊ကြီးမားပြင်းထန်သော။ တာပန = တာပနငရဲ။
တာပနငရဲထက် ပို၍ ကြီးမား ပြင်းထန်သော ကြောင့် မဟာတာပနငရဲဟု ခေါ်ရခြင်းဖြစ်သည်။ မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်များ စိုက်ထူထားပြီး ငရဲသူ ငရဲသားများကို ငရဲထိန်းများက သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော ငရဲ

တာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

၈။ အဝီစိငရဲ = န + ဝီစိ = န၊ မရှိခြင်း။ ဝီစိ၊အကြားအလပ်၊ လစ်လပ်သောနေရာ။
ထိုငရဲကြီး၌ ငရဲသတ္တဝါတို့ကို ငရဲမီးလျှံအဆင်းဒုက္ခအားဖြင့် အကြားအလပ်မရှိသောကြောင့် အဝီစိငရဲဟုခေါ် ရခြင်းဖြစ်သည်။

ထိုအဝီစိငရဲကြီး၏ အလယ်တည့်တည့်တွင် ငရဲမကြီးခေါ် ငရဲတိုင်းပြည် (သို့) ငရဲနေပြည်တော် ကြီးတည်ရှိ၍ ထုထည်ကိုးယူဇနာရှိ၍ သံတံတိုင်းဖြင့်ဝိုင်းရံထားသည်။ အထက်နှင့်အောက်၊ တောင် နှင့်မြောက်၊ အရှေ့နှင့် အနောက်၊ အထက်မျက်နှာပြင်၊ အောက်မျက်နှာပြင် ယူဇနာတစ်ရာစီရှိသည်။ ၎င်းကို ထုကိုးယူဇနာရှိသော သံပြားကြီးများဖြင့် ပိတ်ထားသည်။ ထိုအဝီစိငရဲကြီးသည်လေးထောင့်ပုံသဏ္ဍာန်ရှိသည့် သံသေတ္တာကြီးနှင့်တူသည်။

ထိုအဝီစိငရဲကြီးသို့ ကံကြီး ထိုက်ထားကြသော နှစ်ပေါင်းများစွာ ခံစားကြရမည့် နှစ်ကြီးသမား ငရဲသားတို့ ကျရောက်ကြရသည်။ ကြီးမားသည့် အပြစ်ကျူးလွန်သူတို့ ကျခံရသောကြောင့် မဟာ အဝီစိငရဲဟု ခေါ်ရပြန်သည်။ ငရဲသူ ငရဲသားတို့ သည် သံသေတ္တာအတွင်းမုန့်ညှင်းစေ့များထည့်၍ သိပ်ထားသကဲ့သို့ တစ်ခဲနက်ပြည့်ကျက်ပြီးနေသည့်အတွက် နေရာမလပ် ကြားမလပ်ချေ။

အဝီစိငရဲကြီး၌ အရပ် လေးမျက်နှာတို့တွင် သံ တံခါးကြီးလေးခုရှိပြီး အကုသိုလ်ကံကုန်၍ကျွတ် လွတ်ခွင့်ရသည့်သတ္တဝါရှိခဲ့လျှင် ထိုတံခါးကြီးမှာ အလိုလိုပွင့်သွားပြီး ထိုသတ္တဝါထွက်ခွင့်ရသည်။ ထိုသို့ပွင့်သွားသော်လည်း အကုသိုလ်ကံမကုန်သေးသည့် သတ္တဝါတို့ကား ထွက်၍မရချေ။

မီးတောက်မီးလျှံများ အကြားမရှိပဲ ငရဲတစ်ခုလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲ ဖြစ်သည်။ ငရဲကျရာတွင် အဝီစိကိုတန်းကျသူ နည်း၏။ ကံကြီးထိုက်သူတွေလောက်သာ တန်းကျသည်။

မဟာတာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀ဝဝ ဝေးသောအရပ်၌ တည်ရှိသည်။

ငရဲငယ်များ
ငရဲကြီးရှစ်ထပ်၌ တစ်ထပ်လျှင် တစ်မျက်နှာစီ ၌ ဥဿဒ ငရဲငယ် လေးထပ်စီ ခြံရံထားသည့် အတွက် ငရဲကြီး တစ်ထပ်တွင် ငရဲငယ် ၁၆ ထပ်ရှိ၍ ငရဲကြီးရှစ်ထပ်တွင် ငရဲငယ် ၁၂ထပ် ရှိလေသည်။ ထိုငရဲငယ်လေးထပ်သည်ကား
၁။ ဘင်ပုပ်ငရဲ။ ၂။ ပြာပူငရဲ။ ၃။ လက်ပံတောငရဲ။ ၄။ သန်လျက်တောငရဲတို့ဖြစ်ကြသည်။
ထိုငရဲငယ်လေးမျိုးတို့အပြင် ဝေတ္တရဏီ = ကြိမ်ပိုက်ချောင်းငရဲ။ ဘောဟကုမ္ဘီ = ကြေးအိုးငရဲစသည့် ငရဲငယ်တို့လည်း ရှိကြသေးသည်။ ဤမျှလောက် ဆင်းရဲဒုက္ခကြီးမားလွန်းလှသည့် ငရဲဒုက္ခတို့ကို အဖန်ဖန်အထပ်ထပ် သုံးဆောင်ဆင်ခြင်၍ အကုသိုလ်မကောင်းမှုများ မပြုမိအောင် သုံးသပ်ဆင်ခြင်၍ အကုသိုလ်မကောင်းမှုများ မပြုမိအောင် သတိနှင့် ရှောင်ကြဉ်သင့်လှသည်။

ငရဲသက်တမ်း
ငရဲသားတို့၏ သက်တမ်းကို လူတို့၏ နှစ်လ ရက်တို့ဖြင့် ရေတွက်ပုံရေတွက်နည်းကို ဇိနလင်္ကာရဋီကာ၌ အောက်ဖော်ပြပါအတိုင်းပြဆိုထားသည်။

၁။ လူတို့၏အနှစ်ကိုးသန်းသည် သိဥ္ဇိုင်းငရဲ၌ တစ်ရက်ဖြစ်သည်။ သိဥ္ဇိုင်းငရဲ၏သက်တမ်းသည် ငရဲသက်တမ်းဖြင့် အနှစ် ၅၀၀ ရှိသည်။

၂။ လူတို့၏ အနှစ် ၃ ကုဋေ ၆သန်းသည် ကာလသုတ်ငရဲ၌ တစ်ရက်ဖြစ်သည်။ ကာလသုတ်ငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ်
၁၀၀၀ ရှိသည်။

၃။ လူတို့၏အနှစ် ၁၄ကုဋေသုံးသန်းသည် သင်္ဃာတငရဲ၌ တစ်ရက်ဖြစ်သည်။ သင်္ဃာတငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ်၂၀၀၀ ရှိသည်။

၄။ လူတို့၏ ၅၇ ကုဋေ ၆သန်းသည် ရောရု၀ ငရဲ၌ တစ်ရက်ဖြစ်သည်။ ရောရုဝငရဲ သည်ငရဲ သက်တမ်းဖြင့် အနှစ် ၄၀၀၀ ရှိသည်။

၅။ လူတို့၏နှစ်ပေါင်း ၂၃၀ ကုဋေ ၄ သန်း သည် မဟာရောရုဝငရဲ၌တစ်ရက်ဖြစ်သည်။ မဟာရောရုဝငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၈၀၀၀ ရှိသည်။

၆။ လူတို့၏နှစ်ပေါင်း ၉၂၁ကုဋေ ၆သန်းသည် တာပနငရဲ၌ တစ်ရက်ဖြစ်သည်။ တာပနငရဲ သည် ငရဲသက်တမ်းအားဖြင့် အနှစ် ၁၆၀၀၀
ရှိသည်။

၇။ လူတို့၏နှစ်ပေါင်း ၃၆၈၆ကုဋေ ၄သန်းသည် မဟာတာပနငရဲ၌ တစ်ရက်ဖြစ်သည်။ မဟာတာ ပနငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၃၂၀၀ဝရှိသည်။

၈။ လူတို့၏နှစ်ပေါင်း ၁၃၇၄၅ကုဋေ ၆သန်းသည် အဝီစိငရဲ၌ တစ်ရက်ဖြစ်သည်။ အဝီစိငရဲသည် ငရဲသက်တမ်းဖြင့် အနှစ် ၆၄၀၀ဝရှိသည်။ ထိုနှစ်ပေါင်းခြောက်သောင်းလေးထောင်သည် အန္တရကပ်တစ်ကပ် ရှိလေသည်။ ဤသည်မှာ အပါယ်လေးဘုံမှ ငရဲဘုံအကြောင်းကို သိသာရုံမျှတင်ပြလိုက်ခြင်းဖြစ်သည်။

သကျဝံသ
ဗုဒ္ဓဝါဒအုတ်မြစ် ၁၀၀
မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”

Leave a Reply