ျပည္သူခ်စ္ ေရႊမန္းသဘင္ရဲ႕ဖခင္ႀကီး ေရႊမန္းတင္ေမာင္ အေၾကာင္း

Posted on

ေ႐ႊမန္းတင္ေမာင္သည္ တခ်ိန္က ျမန္မာ့ဇာတ္သဘင္ေလာကႀကီးအား ထူးသည္ထက္ ဆန္းလာေအာင္ လုပ္ႏိုင္သူ တစ္ဦး ျဖစ္သည္။ လြတ္လပ္ေရးရၿပီးစ ျမန္မာ့ဇာတ္သဘင္ေလာကတြင္ နာမည္ေက်ာ္ လူႀကိဳက္မ်ားခဲ့ေသာ မင္းသားျဖစ္သည္။ အေျပာ၊ အေဟာ ေကာင္းသျဖင့္ ယခုေခတ္အခါ အေျပာေကာင္းသူေတြ႕လၽွင္ အေျပာကေတာ့ ေ႐ႊမန္းပဲ ဟု ဆိုစမတ္ ျပဳၾကေလသည္။

ငယ္ဘဝ

ေ႐ႊမန္းတင္ေမာင္သည္ မႏၲေလးဇာတိျဖစ္ၿပီး အဖမွာ သစ္ဝါးကုန္သည္ႀကီး ဦးျပားႏွင့္ အမိေဒၚေမတို႔မွ ေမြးဖြားေသာ သားသမီး ကိုးေယာက္အနက္ အေထြးဆုံးသားျဖစ္သည္။ ငယ္အမည္ တင္ေမာင္ ျဖစ္သည္။ သူကား သဘင္သည္ မ်ိဳး႐ိုးမဟုတ္ေပ။ ကုန္သည္မ်ိဳး႐ိုး ျဖစ္သည္။ ကုန္သည္မ်ိဳး႐ိုးမွ ျမန္မာ့ဇာတ္သဘင္ကို ဦးေဆာင္လာႏိုင္သည္မွာ အံ့မဆုံးေအာင္ပင္ ရွိေလသည္။ ေ႐ႊမန္းတင္ေမာင္ ရွစ္ႏွစ္သားကပင္ ဖခင္ေသဆုံးေလသည္။

မႏၲေလးၿမိဳ႕၊ မိုးေကာင္းတိုက္၊ တိုက္ၾကပ္ေက်ာင္းဆရာေတာ္ ဦးနႏၵဝံသႏွင့္ ဦးဣေႏၵာတို႔ ထံတြင္ ပညာရင္ႏို႔ကို ေသာက္စို႔ခဲ့ရသည္။ သူသည္ ဆယ္ႏွစ္သား အ႐ြယ္တြင္ သာမေဏျပဳ၍ ေလာကုတၱရာ စာေပတို႔ကို ေလ့လာခဲ့ေလသည္။ သဒၵါသၿဂႋဳဟ္ တို႔ကို သင္ၾကားခဲ့ေလသည္။ သဒၵါသၿဂႋဳဟ္မ်ားကို သံေန၊ သံထားျဖင့္ စည္းဝါးမိ ႐ြတ္ဆိုႏိုင္သျဖင့္ ဓမၼကထိက ဆရာေတာ္ ျဖစ္ေစရန္ ႀကိဳးစားခဲ့ၾကဘူးေသးသည္ဟု သိရသည္။ (၁၁)ႏွစ္သား အ႐ြယ္တြင္ သာမေဏဘဝမွ ထြက္၍ အရပ္တီးဝိုင္းကေလးမ်ားတြင္ အေပ်ာ္တမ္း အဆိုေတာ္ဘဝ၌ က်င္လည္ခဲ့ေလသည္။

သဘင္သည္ဘဝ

ေနာင္တြင္ ဦးႀကီးေတာ္၏ ႐ုပ္ေသးစင္၌ ဇီးသီးေကာက္ မင္းသားကေလး အျဖစ္ သူငယ္ေတာ္႐ုပ္ကေလးႏွင့္ တြဲဖက္ကာ သီခ်င္းဆိုခဲ့ရ၏။ သူ႕အသံကို ပရိတ္သတ္မ်ားက ႏွစ္သက္လွေသာေၾကာင့္ ႐ုပ္လကၡဏာကို ျမင္လိုၾကသည္။ သူ႕အား ထြက္ကျပရန္ ေတာင္းပန္လာသျဖင့္ ဇီးသီးေကာက္ မင္းသားငယ္သည္ ဇာတ္ခုံကို အခိုင္အမာျပဳကာ လူကိုယ္တိုင္ ထြက္ျပရေလသည္။

ဘႀကီးေတာ္သူ ဆရာေတာ္ဦးေကသရ၏ ၫႊန္ၾကားခ်က္အရ စိန္ပါတူ ဆိုင္းအဖြဲ႕တြင္ ဆိုင္းသားကေလး လုပ္လာရသည္။ ထို႔ေနာက္ ျမေျခခ်င္း မေငြၿမိဳင္ထံတြင္ သုံးႏွစ္ခန္႔ သဘင္ပညာကို သင္ၾကားခဲ့ေလသည္။ သူ႕အစ္မႀကီး၏ ခင္ပြန္း ဦးခင္သက္က ဇာတ္ေထာင္ေပးသျဖင့္ ဇာတ္မင္းသားဘဝသို႔ ေရာက္ခဲ့ေလသည္။ ထိုအခ်ိန္မွ စ၍ တရွိန္ထိုးနာမည္တက္လာကာ အလကၤာေက်ာ္စြာ ဘြဲ႕ကိုပင္ ရရွိခဲ့ၿပီး အထူးေက်ာ္ၾကားေသာ မင္းသားျဖစ္လာေလသည္။

ထူးသမၽွ ထိပ္ေခါင္

ေ႐ႊမန္းတင္ေမာင္သည္ လြတ္လပ္ေရးရၿပီးစ ျမန္မာ့ဇာတ္သဘင္ေလာကႀကီးအား ထူးသည္ထက္ ဆန္းလာေအာင္ လုပ္ႏိုင္ခဲ့သူ ျဖစ္သည္။ ထိုေခတ္တြင္ စီးပြားေရး၊ ႀကီးပြားေရး စေသာ ေလာကီေရးရာ အျဖာျဖာတြင္ အျမင္သစ္တို႔ကလည္း ဖြံ႕ၿဖိဳးေနေသာ အခါလည္း ျဖစ္သည္။ ျမန္မာ့ဇာတ္သဘင္ သာမက ျမန္မာ့ ႐ုပ္ရွင္လည္း တိုးတက္ေနၿပီျဖစ္သည္။ ႐ုပ္ရွင္တစ္ပြဲလၽွင္ သုံးနာရီေက်ာ္ေက်ာ္မၽွသာ ၾကာ၏။

ထို႔ေၾကာင့္ လူတို႔သည္ ႐ုပ္ရွင္ကို ပို၍ အားေပးလာၾကသည္။ ဤသည္ကို သိေသာ ေ႐ႊမန္းတင္ေမာင္သည္ ဇာတ္သဘင္ကို ေခတ္ႏွင့္ အမွီလိုက္ႏိုင္ေအာင္ အမ်ိဳးမ်ိဳး တီထြင္ခဲ့ေလသည္။ သူ၏လုပ္သမၽွ ေအာင္ျမင္ခဲ့ေလသည္။ ႐ုပ္ရွင္ေနာက္သို႔ လိုက္ေနေသာ လူထုသည္ ေ႐ႊမန္းတင္ေမာင္၏ ျမန္မာ့ဇာတ္သဘင္ကို ဦးတည္လာခဲ့ေလသည္။ ေ႐ႊမန္းမွ ေ႐ႊမန္းကိုသာ ျဖစ္လာၾကေလသည္။

ဗုိလ္ခ်ဳပ္ေပးတဲ့ဆု

ထုိအခ်ိန္က ၿဗိတိသွ်တို႔ အုပ္ခ်ဳပ္လ်က္ရွိၿပီး ျမန္မာနိုင္ငံကိုလြတ္လပ္ေရးေပးဖို႔ မစဥ္းစားၾကေသးေပ။ ဤတြင္ ေရႊမန္းတင္ေမာင္သည္ သူ၏ေရႊမန္းသဘင္ စင္ျမင့္ေပၚ၌ ‘လြတ္လပ္ေရးဗိမာန္’ ေအာ္ပရာကို တင္ဆက္ျပသခဲ့သည္။ ထိုေအာ္ပရာ၌ ရဲေဘာ္ရဲေမ ႏွင့္ ျပည္သူမ်ား တက္ညီလက္ညီ လြတ္လပ္ေရးဗိမာန္ႀကီးကို တည္ေဆာက္ေအာင္ျမင္ပုံကို တင္ဆက္ခဲ့သည္။ အဆိုပါေအာ္ပရာကား လြတ္လပ္ေရးႀကိဳးပမ္းမႈ၌ မ်ားစြာအက်ိဳးျပဳခဲ့သည္။

ထို႔ေၾကာင့္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ သေဘာက်ႏွစ္သက္လွသျဖင့္ ဇာတ္ခုံေပၚသို႔တက္ကာ ဇာတ္ဆရာေရႊမန္းတင္ေမာင္အား ေရႊတံဆိပ္ဆုခ်ီးျမႇင့္ခဲ့သည္။ ထိုေရႊတံဆိပ္၌ တစ္ဖက္တြင္ ေရႊတိဂုံဘုရားပုံျဖစ္ၿပီး တစ္ဖက္တြင္ ‘ေမာ္ကြန္းဝင္လြတ္လပ္ေရး အကူအညီျပဳတယ္’ ဟူေသာ စာတန္းပါေၾကာင္း သိရသည္။ေရႊမန္းတင္ေမာင္ကလည္း ဗိုလ္ခ်ဳပ္ခ်ီးျမႇင့္ေသာတံဆိပ္ျဖစ္တာေၾကာင့္ အျမတ္တနိုးသိမ္းဆည္းထားခဲ့ေသာ္လည္း မေမွ်ာ္လင့္ပဲ တိုက္ကိုသူခိုးေဖာက္ကာ ခိုးယူသြားရာတြင္ အဆိုပါေရႊတံဆိပ္လည္း ပါသြားခဲ့သည့္အတြက္ ႏွေျမာတသမဆုံး ျဖစ္ခဲ့ရသည္ဟု ဆို၏။

မီးေရာင္ျခည္အစ ေ႐ႊမန္းက

အႏုျမဴေရာင္ျခည္ ေခၚ စလိုက္မီးမ်ားကို စတင္သုံးစြဲ တီထြင္သူမွာ အလကၤာေက်ာ္စြာ ေ႐ႊမန္းတင္ေမာင္ ပင္ျဖစ္သည္။ ေ႐ႊမန္းတင္ေမာင္ အဖြဲ႕ႀကီးသည္ လူေပါင္း ၈ဝ ေက်ာ္မၽွႏွင့္ ၿမိဳ႕႐ြာအသီးသီးသို႔ လွည့္လည္ ျပသႏိုင္ေပသည္။ ေ႐ႊမန္းတင္ေမာင္သည္ ျမန္မာ့ဇာတ္သဘင္ အဆင့္က်မသြားေလေအာင္ သိပၸံနည္းျဖင့္ တနည္းတဖုံ စီမံထားေသာ အဝတ္အစားမ်ားကို ဝတ္ဆင္၍ ဇာတ္ခုံကို ေမွာင္ခ်ကာ ကျပေလသည္။ အေမွာင္ထဲတြင္ တဝင္းဝင္းေတာက္လ်က္ အံ့မဆုံးေအာင္ ျဖစ္ၾကရေလသည္။

ထို႔ေနာက္ ဇာတ္ခုံထက္မွ ပိတ္ကားေပၚတြင္ အေမွာင္ခ်၍ လၽွပ္စီးလက္ဟန္၊ မိုး႐ြာဟန္ စသည္တို႔ကိုလည္း ဆလိုက္မီးမ်ားျဖင့္ ျပဳလုပ္ျပေလသည္။ လၽွပ္စီးလက္လိုက္ေသာ ေရာင္ျခည္တန္းႀကီးမ်ားႏွင့္ မိုးႀကိဳးထစ္သံႀကီးတို႔မွာ တကယ္အလား ထင္မွားၾကရေလသည္။ ဤသို႔လၽွင္ ေ႐ႊမန္းတင္ေမာင္က မီးေရာင္ျခည္မ်ားကို စထြင္လိုက္ေသာအခါ “မီးေရာင္ျခည္အစ ေ႐ႊမန္းက´´ ဟူ၍၎၊ ေ႐ႊမန္းတင္ေမာင္ဟာ မီးနဲ႔ ျပဳစားႏိုင္တယ္၊ ေ႐ႊမန္းတင္ေမာင္ရဲ႕ မီးေရာင္ျခည္ကို ႐ုပ္ရွင္ ကင္မရာေတာင္ လိုက္မမွီဘူး ဟူ၍၎ ေျပာစမတ္ျပဳၾကေလသည္။

ညဥ့္ဝက္ စနစ္သစ္သဘင္

ေ႐ႊမန္းတင္ေမာင္သည္ ႐ြက္ထည္႐ုံႀကီးတြင္ ေရွ႕ဆုံးမွ ေနာက္သို႔ ၅က်ပ္၊ ၃က်ပ္၊ ၂က်ပ္၊ ၁က်ပ္တန္ ထိုင္ခုံမ်ား စီခင္း၍ ႐ုံသြင္းကျပ ျပန္ေလသည္။ ထိုသို႔ ႐ုံသြင္းလာေသာအခါ ညဥ့္လုံးေပါက္ မကေတာ့ဘဲ ညဥ့္ဝက္အေတာအတြင္းမွာ ေရွ႕ပိုင္းတြင္ ႏွစ္ပါးသြား၍ ေနာက္ပိုင္းတြင္ ဂီတ႐ူးတို႔ ကဲ့သို႔ေသာ ျပဇာတ္မ်ိဳး၊ ၾကည့္တိုင္းပင္ မ႐ိုးႏိုင္႐ုံမၽွမက စာေပေရး၊ ႏိုင္ငံေရး စသည့္ စိတ္ဓာတ္မ်ားကို ပြင့္ဖူးလာေစေသာ လက္ဝဲသုႏၵရ စသည့္ ဇာတ္တို႔ကို ကျပေလသည္။

႐ြက္ထည္႐ုံႀကီးျဖင့္ ကုလားထိုင္ခင္းကာ ကျပေသာ “ညဥ့္ဝက္ စနစ္သစ္သဘင္´´ ေ႐ႊမန္းတင္ေမာင္က တီထြင္လိုက္ေသာအခါ အိပ္ေရးပ်က္ မခံလိုၾကေသာ ပြဲၾကည့္ပရိတ္သတ္သည္ ဇာတ္ဘက္သို႔ ဦးလွည့္လာၾကသည္။ ျမန္မာ့႐ုပ္ရွင္ေလာက၏ အရွိန္အဝါေအာက္ဝယ္ နစ္မြန္းလုနီးပါးရွိခဲ့ရေသာ ျမန္မာ့ဇာတ္သဘင္သည္ ေ႐ႊမန္းတင္ေမာင္၏ ညဥ့္ဝက္ စနစ္ေၾကာင့္ ပို၍ ဆန္းသစ္လာခဲ့သည္။

၁၉၅၆တြင္ ႐ုရွား၊ ယူဂိုစလား ဗီးယားႏုိင္ငံ၊ ၁၉၅၉ တြင္ အေမရိကန္၊ ျပင္သစ္၊ အဂၤလန္၊ ဟာေဝယံကြၽန္း၊ ၁၉၆၀ ျပည့္ႏွစ္တြင္ တ႐ုတ္ႏွင့္ ဗီယက္နမ္တို႔သို႔ ယဥ္ေက်းမႈ ဖလွယ္ေရး အစီအစဥ္ျဖင့္ ကျပရန္ႏွင့္ ေလ့လာရန္ သြားေရာက္ခဲ့ဖူးသည္။

ကြယ္လြန္ – သရက္ခရုိင္ ဆင္ေပါင္၀ဲၿမိဳ ့နယ္ လက္ပံရြာအနီးက မဟာပိႏၷဲဘုရား ပြဲေတာ္တြင္ (၁၉၆၉ ခုႏွစ္ ႏုိဝင္ဘာလ ၂၉ ရက္) စေနေန႔ည (တစ္ခ်ိဳ႕စာေစာင္မ်ားတြင္ ၃၀ ရက္ တနဂၤေႏြေန႔အကူး) ဇာတ္ခုံေပၚတြင္ ကရင္းခုန္ရင္း အသက္ (၅၁) ႏွစ္တြင္ ႐ုတ္တရက္ ကြယ္လြန္ခဲ့သည္။ ေရာဂါလကၡဏာျပေနတာေတာင္ ဇာတ္ခုံေရွ႕ကုိဇြတ္ထြက္ကာ ကခုန္ေနတာေၾကာင့္ ေဘးလူေတြက ဇြတ္ဆြဲသြင္းရင္း ၀ုိင္း၀န္းျပဳစုရင္း ဆုံးပါးခဲ့ရျခင္းျဖစ္ေလသည္။

ေရႊမန္းတင္ေမာင္ရဲ႕ စ်ာပန

ေမာင္သိန္းႏိုင္၏ ျမန္မာ့ဇာတ္သဘင္ သမိုင္း (၁၉၆၈-ခု၊ စာေပဗိမာန္ထုတ္)
ေရႊမန္းတင္ေမာင္ – ဦးေသာ္ဇင္
သုတဇုန္
(ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားတဲ့ မိတ္ေဆြမ်ားကုိ ေက်းဇူးတင္ရွိပါသည္)


ပြည်သူချစ် ရွှေမန်းသဘင်ရဲ့ဖခင်ကြီး ရွှေမန်းတင်မောင် အကြောင်း (unicode)

ရွှေမန်းတင်မောင်သည် တချိန်က မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်သူ တစ်ဦး ဖြစ်သည်။ လွတ်လပ်ရေးရပြီးစ မြန်မာ့ဇာတ်သဘင်လောကတွင် နာမည်ကျော် လူကြိုက်များခဲ့သော မင်းသားဖြစ်သည်။ အပြော၊ အဟော ကောင်းသဖြင့် ယခုခေတ်အခါ အပြောကောင်းသူတွေ့လျှင် အပြောကတော့ ရွှေမန်းပဲ ဟု ဆိုစမတ် ပြုကြလေသည်။

ငယ်ဘဝ

ရွှေမန်းတင်မောင်သည် မန္တလေးဇာတိဖြစ်ပြီး အဖမှာ သစ်ဝါးကုန်သည်ကြီး ဦးပြားနှင့် အမိဒေါ်မေတို့မှ မွေးဖွားသော သားသမီး ကိုးယောက်အနက် အထွေးဆုံးသားဖြစ်သည်။ ငယ်အမည် တင်မောင် ဖြစ်သည်။ သူကား သဘင်သည် မျိုးရိုးမဟုတ်ပေ။ ကုန်သည်မျိုးရိုး ဖြစ်သည်။ ကုန်သည်မျိုးရိုးမှ မြန်မာ့ဇာတ်သဘင်ကို ဦးဆောင်လာနိုင်သည်မှာ အံ့မဆုံးအောင်ပင် ရှိလေသည်။ ရွှေမန်းတင်မောင် ရှစ်နှစ်သားကပင် ဖခင်သေဆုံးလေသည်။

မန္တလေးမြို့၊ မိုးကောင်းတိုက်၊ တိုက်ကြပ်ကျောင်းဆရာတော် ဦးနန္ဒဝံသနှင့် ဦးဣန္ဒောတို့ ထံတွင် ပညာရင်နို့ကို သောက်စို့ခဲ့ရသည်။ သူသည် ဆယ်နှစ်သား အရွယ်တွင် သာမဏေပြု၍ လောကုတ္တရာ စာပေတို့ကို လေ့လာခဲ့လေသည်။ သဒ္ဒါသင်္ဂြိုဟ် တို့ကို သင်ကြားခဲ့လေသည်။ သဒ္ဒါသင်္ဂြိုဟ်များကို သံနေ၊ သံထားဖြင့် စည်းဝါးမိ ရွတ်ဆိုနိုင်သဖြင့် ဓမ္မကထိက ဆရာတော် ဖြစ်စေရန် ကြိုးစားခဲ့ကြဘူးသေးသည်ဟု သိရသည်။ (၁၁)နှစ်သား အရွယ်တွင် သာမဏေဘဝမှ ထွက်၍ အရပ်တီးဝိုင်းကလေးများတွင် အပျော်တမ်း အဆိုတော်ဘဝ၌ ကျင်လည်ခဲ့လေသည်။

သဘင်သည်ဘဝ

နောင်တွင် ဦးကြီးတော်၏ ရုပ်သေးစင်၌ ဇီးသီးကောက် မင်းသားကလေး အဖြစ် သူငယ်တော်ရုပ်ကလေးနှင့် တွဲဖက်ကာ သီချင်းဆိုခဲ့ရ၏။ သူ့အသံကို ပရိတ်သတ်များက နှစ်သက်လှသောကြောင့် ရုပ်လက္ခဏာကို မြင်လိုကြသည်။ သူ့အား ထွက်ကပြရန် တောင်းပန်လာသဖြင့် ဇီးသီးကောက် မင်းသားငယ်သည် ဇာတ်ခုံကို အခိုင်အမာပြုကာ လူကိုယ်တိုင် ထွက်ပြရလေသည်။

ဘကြီးတော်သူ ဆရာတော်ဦးကေသရ၏ ညွှန်ကြားချက်အရ စိန်ပါတူ ဆိုင်းအဖွဲ့တွင် ဆိုင်းသားကလေး လုပ်လာရသည်။ ထို့နောက် မြခြေချင်း မငွေမြိုင်ထံတွင် သုံးနှစ်ခန့် သဘင်ပညာကို သင်ကြားခဲ့လေသည်။ သူ့အစ်မကြီး၏ ခင်ပွန်း ဦးခင်သက်က ဇာတ်ထောင်ပေးသဖြင့် ဇာတ်မင်းသားဘဝသို့ ရောက်ခဲ့လေသည်။ ထိုအချိန်မှ စ၍ တရှိန်ထိုးနာမည်တက်လာကာ အလင်္ကာကျော်စွာ ဘွဲ့ကိုပင် ရရှိခဲ့ပြီး အထူးကျော်ကြားသော မင်းသားဖြစ်လာလေသည်။

ထူးသမျှ ထိပ်ခေါင်

ရွှေမန်းတင်မောင်သည် လွတ်လပ်ရေးရပြီးစ မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ ထိုခေတ်တွင် စီးပွားရေး၊ ကြီးပွားရေး စသော လောကီရေးရာ အဖြာဖြာတွင် အမြင်သစ်တို့ကလည်း ဖွံ့ဖြိုးနေသော အခါလည်း ဖြစ်သည်။ မြန်မာ့ဇာတ်သဘင် သာမက မြန်မာ့ ရုပ်ရှင်လည်း တိုးတက်နေပြီဖြစ်သည်။ ရုပ်ရှင်တစ်ပွဲလျှင် သုံးနာရီကျော်ကျော်မျှသာ ကြာ၏။

ထို့ကြောင့် လူတို့သည် ရုပ်ရှင်ကို ပို၍ အားပေးလာကြသည်။ ဤသည်ကို သိသော ရွှေမန်းတင်မောင်သည် ဇာတ်သဘင်ကို ခေတ်နှင့် အမှီလိုက်နိုင်အောင် အမျိုးမျိုး တီထွင်ခဲ့လေသည်။ သူ၏လုပ်သမျှ အောင်မြင်ခဲ့လေသည်။ ရုပ်ရှင်နောက်သို့ လိုက်နေသော လူထုသည် ရွှေမန်းတင်မောင်၏ မြန်မာ့ဇာတ်သဘင်ကို ဦးတည်လာခဲ့လေသည်။ ရွှေမန်းမှ ရွှေမန်းကိုသာ ဖြစ်လာကြလေသည်။

ဗိုလ်ချုပ်ပေးတဲ့ဆု

ထိုအချိန်က ဗြိတိသျှတို့ အုပ်ချုပ်လျက်ရှိပြီး မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးဖို့ မစဉ်းစားကြသေးပေ။ ဤတွင် ရွှေမန်းတင်မောင်သည် သူ၏ရွှေမန်းသဘင် စင်မြင့်ပေါ်၌ ‘လွတ်လပ်ရေးဗိမာန်’ အော်ပရာကို တင်ဆက်ပြသခဲ့သည်။ ထိုအော်ပရာ၌ ရဲဘော်ရဲမေ နှင့် ပြည်သူများ တက်ညီလက်ညီ လွတ်လပ်ရေးဗိမာန်ကြီးကို တည်ဆောက်အောင်မြင်ပုံကို တင်ဆက်ခဲ့သည်။ အဆိုပါအော်ပရာကား လွတ်လပ်ရေးကြိုးပမ်းမှု၌ များစွာအကျိုးပြုခဲ့သည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သဘောကျနှစ်သက်လှသဖြင့် ဇာတ်ခုံပေါ်သို့တက်ကာ ဇာတ်ဆရာရွှေမန်းတင်မောင်အား ရွှေတံဆိပ်ဆုချီးမြှင့်ခဲ့သည်။ ထိုရွှေတံဆိပ်၌ တစ်ဖက်တွင် ရွှေတိဂုံဘုရားပုံဖြစ်ပြီး တစ်ဖက်တွင် ‘မော်ကွန်းဝင်လွတ်လပ်ရေး အကူအညီပြုတယ်’ ဟူသော စာတန်းပါကြောင်း သိရသည်။ရွှေမန်းတင်မောင်ကလည်း ဗိုလ်ချုပ်ချီးမြှင့်သောတံဆိပ်ဖြစ်တာကြောင့် အမြတ်တနိုးသိမ်းဆည်းထားခဲ့သော်လည်း မမျှော်လင့်ပဲ တိုက်ကိုသူခိုးဖောက်ကာ ခိုးယူသွားရာတွင် အဆိုပါရွှေတံဆိပ်လည်း ပါသွားခဲ့သည့်အတွက် နှမြောတသမဆုံး ဖြစ်ခဲ့ရသည်ဟု ဆို၏။

မီးရောင်ခြည်အစ ရွှေမန်းက

အနုမြူရောင်ခြည် ခေါ် စလိုက်မီးများကို စတင်သုံးစွဲ တီထွင်သူမှာ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ပင်ဖြစ်သည်။ ရွှေမန်းတင်မောင် အဖွဲ့ကြီးသည် လူပေါင်း ၈ဝ ကျော်မျှနှင့် မြို့ရွာအသီးသီးသို့ လှည့်လည် ပြသနိုင်ပေသည်။ ရွှေမန်းတင်မောင်သည် မြန်မာ့ဇာတ်သဘင် အဆင့်ကျမသွားလေအောင် သိပ္ပံနည်းဖြင့် တနည်းတဖုံ စီမံထားသော အဝတ်အစားများကို ဝတ်ဆင်၍ ဇာတ်ခုံကို မှောင်ချကာ ကပြလေသည်။ အမှောင်ထဲတွင် တဝင်းဝင်းတောက်လျက် အံ့မဆုံးအောင် ဖြစ်ကြရလေသည်။

ထို့နောက် ဇာတ်ခုံထက်မှ ပိတ်ကားပေါ်တွင် အမှောင်ချ၍ လျှပ်စီးလက်ဟန်၊ မိုးရွာဟန် စသည်တို့ကိုလည်း ဆလိုက်မီးများဖြင့် ပြုလုပ်ပြလေသည်။ လျှပ်စီးလက်လိုက်သော ရောင်ခြည်တန်းကြီးများနှင့် မိုးကြိုးထစ်သံကြီးတို့မှာ တကယ်အလား ထင်မှားကြရလေသည်။ ဤသို့လျှင် ရွှေမန်းတင်မောင်က မီးရောင်ခြည်များကို စထွင်လိုက်သောအခါ “မီးရောင်ခြည်အစ ရွှေမန်းက´´ ဟူ၍၎င်း၊ ရွှေမန်းတင်မောင်ဟာ မီးနဲ့ ပြုစားနိုင်တယ်၊ ရွှေမန်းတင်မောင်ရဲ့ မီးရောင်ခြည်ကို ရုပ်ရှင် ကင်မရာတောင် လိုက်မမှီဘူး ဟူ၍၎င်း ပြောစမတ်ပြုကြလေသည်။

ညဉ့်ဝက် စနစ်သစ်သဘင်

ရွှေမန်းတင်မောင်သည် ရွက်ထည်ရုံကြီးတွင် ရှေ့ဆုံးမှ နောက်သို့ ၅ကျပ်၊ ၃ကျပ်၊ ၂ကျပ်၊ ၁ကျပ်တန် ထိုင်ခုံများ စီခင်း၍ ရုံသွင်းကပြ ပြန်လေသည်။ ထိုသို့ ရုံသွင်းလာသောအခါ ညဉ့်လုံးပေါက် မကတော့ဘဲ ညဉ့်ဝက်အတောအတွင်းမှာ ရှေ့ပိုင်းတွင် နှစ်ပါးသွား၍ နောက်ပိုင်းတွင် ဂီတရူးတို့ ကဲ့သို့သော ပြဇာတ်မျိုး၊ ကြည့်တိုင်းပင် မရိုးနိုင်ရုံမျှမက စာပေရေး၊ နိုင်ငံရေး စသည့် စိတ်ဓာတ်များကို ပွင့်ဖူးလာစေသော လက်ဝဲသုန္ဒရ စသည့် ဇာတ်တို့ကို ကပြလေသည်။

ရွက်ထည်ရုံကြီးဖြင့် ကုလားထိုင်ခင်းကာ ကပြသော “ညဉ့်ဝက် စနစ်သစ်သဘင်´´ ရွှေမန်းတင်မောင်က တီထွင်လိုက်သောအခါ အိပ်ရေးပျက် မခံလိုကြသော ပွဲကြည့်ပရိတ်သတ်သည် ဇာတ်ဘက်သို့ ဦးလှည့်လာကြသည်။ မြန်မာ့ရုပ်ရှင်လောက၏ အရှိန်အဝါအောက်ဝယ် နစ်မွန်းလုနီးပါးရှိခဲ့ရသော မြန်မာ့ဇာတ်သဘင်သည် ရွှေမန်းတင်မောင်၏ ညဉ့်ဝက် စနစ်ကြောင့် ပို၍ ဆန်းသစ်လာခဲ့သည်။

၁၉၅၆တွင် ရုရှား၊ ယူဂိုစလား ဗီးယားနိုင်ငံ၊ ၁၉၅၉ တွင် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဟာဝေယံကျွန်း၊ ၁၉၆၀ ပြည့်နှစ်တွင် တရုတ်နှင့် ဗီယက်နမ်တို့သို့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ဖြင့် ကပြရန်နှင့် လေ့လာရန် သွားရောက်ခဲ့ဖူးသည်။

ကွယ်လွန် – သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လက်ပံရွာအနီးက မဟာပိန္နဲဘုရား ပွဲတော်တွင် (၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်) စနေနေ့ည (တစ်ချို့စာစောင်များတွင် ၃၀ ရက် တနင်္ဂနွေနေ့အကူး) ဇာတ်ခုံပေါ်တွင် ကရင်းခုန်ရင်း အသက် (၅၁) နှစ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ရောဂါလက္ခဏာပြနေတာတောင် ဇာတ်ခုံရှေ့ကိုဇွတ်ထွက်ကာ ကခုန်နေတာကြောင့် ဘေးလူတွေက ဇွတ်ဆွဲသွင်းရင်း ဝိုင်းဝန်းပြုစုရင်း ဆုံးပါးခဲ့ရခြင်းဖြစ်လေသည်။

မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)
သုတဇုန်

Leave a Reply