ေသဒဏ္ အေၾကာင္း သိေကာင္းစရာ

Posted on

ေသဒဏ္ဆိုသည္မွာ လူတစ္ဦးတစ္ေယာက္အား ႏိုင္ငံတစ္ႏိုင္ငံ၏ အာဏာပိုင္ အဖြဲ႕အစည္းမွ တရားဥပေဒ ေၾကာင္းအရ ရာဇဝတ္မႈ တစ္ခု အတြက္ အျပစ္ဒဏ္ေပးသည့္ အေနျဖင့္ သတ္ေစျခင္းကို ဆိုလိုသည္။ အဂၤလိပ္ဘာသာျဖင့္ Capital punishment ဟု သုံးႏႈန္းေလ့ ရွိၾကၿပီး လက္တင္ဘာသာ capitalis မွ ဆင္းသက္လာသည္။ လက္တင္ဘာသာတြင္ ေခါင္းႏွင့္ဆိုင္ေသာ ဟု အဓိပၸာယ္ရၿပီး ေရွးယခင္ေခတ္မ်ားက ေခါင္းျဖတ္သတ္ျခင္းကို ဆိုလိုျခင္း ျဖစ္သည္။

ေသဒဏ္ေပးျခင္းကို ေရွးယခင္အခါက လူ႕အဖြဲ႕အစည္း အားလုံးလိုလိုတြင္ က်င့္သုံးခဲ့ၾကသည္။ ယခုလက္ရွိတြင္ ႏိုင္ငံေပါင္း ၅၈ ႏိုင္ငံသာ ဆက္လက္ က်င့္သုံးလၽွက္ ရွိၿပီး ႏိုင္ငံေပါင္း ၉၇ ႏိုင္ငံမွ တရားဝင္ ပယ္ဖ်က္ၿပီး ျဖစ္သည္။ က်န္ရွိေသာ ႏိုင္ငံမ်ားမွာ ၁၀ ႏွစ္ေက်ာ္မွ က်င့္သုံးမႈ မရွိျခင္းႏွင့္ ႁခြင္းခ်က္အေနႏွင့္ စစ္ပြဲကာလ အတြင္းတြင္သာ က်င့္သုံးျခင္းမ်ိဳးသာ ရွိသည္။

ေသဒဏ္ေပးျခင္း ကိစၥမွာ ႏိုင္ငံ အေတာ္မ်ားမ်ားတြင္ အျငင္းပြားစရာ ကိစၥတစ္ခု ျဖစ္ၿပီး ႏိုင္ငံေရး သေဘာတရား တူညီသူမ်ား ႏွင့္ ယဥ္ေက်းမႈ တူညီသူမ်ား တြင္ပင္ အယူအဆ အမ်ိဳးမ်ိဳး ကြဲျပားမႈ ရွိသည္။ ဥေရာပ သမဂၢ၏ အဖြဲ႕ဝင္ ႏိုင္ငံမ်ားတြင္ ဥေရာပသမဂၢ၏ အေျခခံ အခြင့္အေရး ျပဌာန္းခ်က္ အပိုဒ္ (၂)မွ ေသဒဏ္ေပးျခင္းကို တားျမစ္ ထားသည္။

ယခုလက္ရွိတြင္ အမ္နက္စတီ အင္တာေနရွင္နယ္ (Amnesty International) အဖြဲ႕အစည္းမွ ႏိုင္ငံ အေတာ္မ်ားမ်ားကို ေသဒဏ္ေပးမႈ ဖ်က္သိမ္းျခင္းကို သေဘာတူညီသူမ်ား အျဖစ္ သတ္မွတ္ထားသည္။ ကုလသမဂၢ အေထြေထြ ညီလာခံမွ ၂၀၀၇၊ ၂၀၀၈ ႏွင့္ ၂၀၁၀ ခုႏွစ္မ်ားတြင္ တကမၻာလုံး အတိုင္းအတာႏွင့္ ေသဒဏ္ေပးမႈကို ဆိုင္းငံၿပီး ေနာက္ဆုံးတြင္ ဖ်က္သိမ္းၾကရန္ တိုက္တြန္းသည့္ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့သည္။ႏိုင္ငံအေတာ္မ်ားမ်ားတြင္ ေသဒဏ္ေပးမႈကို ဖ်က္သိမ္းၿပီး ျဖစ္ေသာ္လည္း ကမၻာ့လူဦးေရ၏ ၆၀ ရာခိုင္ႏႈန္းသည္ ေသဒဏ္ေပးျခင္း မဖ်က္သိမ္းေသးေသာ ႏိုင္ငံမ်ားတြင္ ေနထိုင္ေနၾကေသးသည္။

တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ အေမရိကန္ျပည္ေထာင္စု၊ အိႏၵိယႏိုင္ငံ ႏွင့္ အင္ဒိုနီးရွားႏိုင္ငံ အစရွိေသာ ကမၻာေပၚတြင္ လူဦးေရ အမ်ားဆုံးေသာ ႏိုင္ငံႀကီးမ်ားက ေသဒဏ္ေပးျခင္းကို ဆက္လက္က်င့္သုံး ေနၾကေသာေၾကာင့္ပင္ ျဖစ္သည္။ (အေမရိကန္၊ အိႏၵိယႏွင့္ အင္ဒိုနီးရွားတို႔သာ ရွားရွားပါးပါး တခါတရံမွသာ ေသဒဏ္ေပးေလ့ ရွိသည္။)

ထိုႏိုင္ငံ ၄ ႏိုင္ငံ စလုံးသည္ ကုလသမဂၢ၏ ဆုံးျဖတ္ခ်က္ကို ကန္႔ကြက္မဲ ေပးခဲ့သည္။ ျမန္မာႏိုင္ငံတြင္လည္း ေသဒဏ္ေပးျခင္းကို တရားဝင္ ဖ်က္သိမ္းထားျခင္း မရွိပဲ ကုလသမဂၢ အေထြေထြ ညီလာခံ၏ ေသဒဏ္ေပးျခင္းဆိုင္ရာ ဆုံးျဖတ္ခ်က္ကို ကန္႔ကြက္မဲေပးေသာ ႏိုင္ငံမ်ားတြင္ တစ္ႏိုင္ငံ အပါအဝင္ ျဖစ္သည္။

သမိုင္းေၾကာင္း

ရာဇဝတ္သားမ်ားႏွင့္ ႏိုင္ငံေရးၿပိဳင္ဖက္မ်ားကို သတ္ပစ္ျခင္းကို လူမႈအဖြဲ႕အစည္း အေတာ္မ်ားမ်ားတြင္ က်င့္သုံးခဲ့ၾကၿပီး ရာဇဝတ္မႈ အတြက္ အျပစ္ေပးရန္ႏွင့္ ႏိုင္ငံေရးဆိုင္ရာ ဆန္႔က်င္မႈမ်ားကို ဖိႏွိပ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ျဖစ္သည္။ ေသဒဏ္ေပးျခင္း က်င့္သုံးေသာ ႏိုင္ငံ အေတာ္မ်ားမ်ားတြင္ ေသဒဏ္ေပးျခင္းကို လူသတ္မႈ၊ သူလၽွိဳမႈ၊ ႏိုင္ငံေတာ္ သစၥာေဖာက္မႈ မ်ား ႏွင့္ စစ္ဘက္ဆိုင္ရာ တရားစီရင္မႈမ်ားတြင္သာ အသုံးျပဳေလ့ ရွိသည္။ အခ်ိဳ႕ေသာ ႏိုင္ငံမ်ားတြင္ မုဒိမ္းမႈ၊ မယားခိုးမႈ၊ မိသားစုဝင္ အခ်င္းခ်င္း လိင္ဆက္ဆံမႈ၊ သဘာဝႏွင့္ ဆန္႔က်င္၍ လိင္ဆက္ဆံမႈ အစရွိေသာ လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈမ်ား အတြက္ ေသဒဏ္ေပးျခင္း ျပဳေလ့ ရွိသည္။

အစၥလာမ္ႏိုင္ငံမ်ားတြင္ ႏိုင္ငံေတာ္ဘာသာကို တရားဝင္ေၾကျငာ စြန္႔ပယ္ျခင္း အတြက္ ေသဒဏ္ေပးေလ့ ရွိသည္။ ေသဒဏ္ေပးျခင္းကို က်င့္သုံးေသာ ႏိုင္ငံ အေတာ္မ်ားမ်ားတြင္ မူးယစ္ေဆးဝါး ေမွာင္ခိုကုန္သြယ္ျခင္းသည္လည္း ေသဒဏ္ေပးရေလာက္ေအာင္ ႀကီးက်ယ္ေသာ ျပစ္မႈ ျဖစ္သည္။ တ႐ုတ္ႏိုင္ငံတြင္ လူကုန္ကူးျခင္း ႏွင့္ ႏိုင္ငံေရးဆိုင္ရာ အႀကီးအက်ယ္ ျခစားျခင္းတို႔ကိုလည္း ေသဒဏ္ အျပစ္ေပးေလ့ ရွိသည္။ ႏိုင္ငံတကာရွိ စစ္တပ္မ်ားတြင္ သူရဲေဘာေၾကာင္ျခင္း၊ တပ္ေျပးျခင္း၊ အမိန္႔မနာခံျခင္း ႏွင့္ တပ္တြင္း သူပုန္ထျခင္း ျပစ္မႈမ်ားတြင္ စစ္ဘက္ဆိုင္ရာ တရား႐ုံးမ်ားမွ ေသဒဏ္ခ်မွတ္ေလ့ ရွိခဲ့ၾကဖူးသည္။

တရားဝင္ ေသဒဏ္ေပးျခင္းသည္ သမိုင္းတင္သည့္ ေခတ္ဦး အစကပင္ ရွိခဲ့သည္။ သမိုင္းမွတ္တမ္းမ်ားအရ ေရွ႕ဦး မ်ိဳးႏြယ္စု အဖြဲ႕အစည္းအမ်ိဳးမ်ိဳးသည္ ေသဒဏ္ေပးျခင္းကို ၎တို႔၏ တရားစီရင္ေရး စနစ္၏ တစိတ္တစ္ပိုင္း အျဖစ္ အသုံးျပဳခဲ့ၾကသည္။ ထိုလူမႈ အဖြဲ႕အစည္းမ်ားတြင္ အျပစ္က်ဴးလြန္ျခင္း အတြက္ ေပးတတ္ေသာ အျပစ္ဒဏ္မ်ားမွာ အျပစ္က်ဴးလြန္သူမွ ေလ်ာ္ေၾကးေပးေစျခင္း၊ နာက်င္ေစေအာင္ အျပစ္ေပးျခင္း၊ ဝိုင္းၾကဥ္ထားျခင္း၊ နယ္ႏွင္ဒဏ္ေပးျခင္းႏွင့္ ေသဒဏ္ေပးျခင္းတို႔ ျဖစ္ၾကသည္။

ေလ်ာ္ေၾကးေပးျခင္းႏွင့္ ဝိုင္းၾကဥ္ထားျခင္းတို႔သည္ မ်ားေသာအားျဖင့္ လုံေလာက္ေသာ ျပစ္ဒဏ္ေပးမႈမ်ား ျဖစ္ခဲ့ၾကသည္။ အနီးပတ္ဝန္းက်င္တြင္ ေနထိုင္ေသာ မ်ိဳးႏြယ္စုမ်ားမွ က်ဴးလြန္ေသာ ျပစ္မႈ အတြက္မူ တရားဝင္ ဝန္ခ်ေတာင္းပန္ျခင္း၊ ေလ်ာ္ေၾကးေပးျခင္း ႏွင့္ တိုက္ခိုက္သတ္ျဖတ္ျခင္း တို႔ျဖင့္ ေျဖရွင္းေလ့ ရွိၾကသည္။

ပုံမွန္အားျဖင့္ မိသားစု အခ်င္းခ်င္း သို႔ မ်ိဳးႏြယ္စု အခ်င္းခ်င္း ၫွိႏႈိင္းေျဖရွင္းရာ အဆင္မေျပေသာ အခါတြင္ သို႔မဟုတ္ ၫွိႏႈိင္းေျဖရွင္းႏိုင္မည့္ စနစ္တစ္ခု မရွိသည့္ အခါတြင္ အခ်င္းခ်င္း တိုက္ခိုက္သတ္ျဖတ္ျခင္းမ်ား ျဖစ္ပြားေတာ့သည္။ ထိုသို႔ေသာ ေျဖရွင္းမႈမွာ ႏိုင္ငံ သို႔မဟုတ္ ဘာသာေရး အေပၚတြင္ အေျခခံေသာ တရားစီရင္ေရး စနစ္ မရွိေသးခင္ အခါက အသုံးျပဳၾကေသာ နည္းလမ္းျဖစ္သည္။ ရာဇဝတ္မႈ၊ ေျမပိုင္ဆိုင္မႈ အျငင္းပြားျခင္းမ်ားမွ အစျပဳ၍ တိုက္ခိုက္သတ္ျဖတ္ျခင္းမ်ား ျဖစ္ပြားေလ့ ရွိၾကသည္။ လက္ေတြ႕တြင္ လက္စားေခ် ေျဖရွင္းရန္ တိုက္ခိုက္ေသာ စစ္ပြဲႏွင့္ အျခားသူအား ေအာင္ႏိုင္ရန္ တိုက္ခိုက္ေသာ စစ္ပြဲမ်ားကို ခြဲျခားရန္ ခက္ခဲသည္။

Myanmar Wikipedia


သေဒဏ် အကြောင်း သိကောင်းစရာ (unicode)

သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင် အဖွဲ့အစည်းမှ တရားဥပဒေ ကြောင်းအရ ရာဇဝတ်မှု တစ်ခု အတွက် အပြစ်ဒဏ်ပေးသည့် အနေဖြင့် သတ်စေခြင်းကို ဆိုလိုသည်။ အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ ရှိကြပြီး လက်တင်ဘာသာ capitalis မှ ဆင်းသက်လာသည်။ လက်တင်ဘာသာတွင် ခေါင်းနှင့်ဆိုင်သော ဟု အဓိပ္ပာယ်ရပြီး ရှေးယခင်ခေတ်များက ခေါင်းဖြတ်သတ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

သေဒဏ်ပေးခြင်းကို ရှေးယခင်အခါက လူ့အဖွဲ့အစည်း အားလုံးလိုလိုတွင် ကျင့်သုံးခဲ့ကြသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံသာ ဆက်လက် ကျင့်သုံးလျှက် ရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံမှ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည်။ ကျန်ရှိသော နိုင်ငံများမှာ ၁၀ နှစ်ကျော်မှ ကျင့်သုံးမှု မရှိခြင်းနှင့် ခြွင်းချက်အနေနှင့် စစ်ပွဲကာလ အတွင်းတွင်သာ ကျင့်သုံးခြင်းမျိုးသာ ရှိသည်။ သေဒဏ်ပေးခြင်း ကိစ္စမှာ နိုင်ငံ အတော်များများတွင် အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပြီး နိုင်ငံရေး သဘောတရား တူညီသူများ နှင့် ယဉ်ကျေးမှု တူညီသူများ တွင်ပင် အယူအဆ အမျိုးမျိုး ကွဲပြားမှု ရှိသည်။ ဥရောပ သမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံများတွင် ဥရောပသမဂ္ဂ၏ အခြေခံ အခွင့်အရေး ပြဌာန်းချက် အပိုဒ် (၂)မှ သေဒဏ်ပေးခြင်းကို တားမြစ် ထားသည်။

ယခုလက်ရှိတွင် အမ်နက်စတီ အင်တာနေရှင်နယ် (Amnesty International) အဖွဲ့အစည်းမှ နိုင်ငံ အတော်များများကို သေဒဏ်ပေးမှု ဖျက်သိမ်းခြင်းကို သဘောတူညီသူများ အဖြစ် သတ်မှတ်ထားသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်များတွင် တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဆိုင်းငံပြီး နောက်ဆုံးတွင် ဖျက်သိမ်းကြရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။နိုင်ငံအတော်များများတွင် သေဒဏ်ပေးမှုကို ဖျက်သိမ်းပြီး ဖြစ်သော်လည်း ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် သေဒဏ်ပေးခြင်း မဖျက်သိမ်းသေးသော နိုင်ငံများတွင် နေထိုင်နေကြသေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ အစရှိသော ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော နိုင်ငံကြီးများက သေဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံး နေကြသောကြောင့်ပင် ဖြစ်သည်။ (အမေရိကန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သာ ရှားရှားပါးပါး တခါတရံမှသာ သေဒဏ်ပေးလေ့ ရှိသည်။) ထိုနိုင်ငံ ၄ နိုင်ငံ စလုံးသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း သေဒဏ်ပေးခြင်းကို တရားဝင် ဖျက်သိမ်းထားခြင်း မရှိပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ သေဒဏ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးသော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။

သမိုင်းကြောင်း
ရာဇဝတ်သားများနှင့် နိုင်ငံရေးပြိုင်ဖက်များကို သတ်ပစ်ခြင်းကို လူမှုအဖွဲ့အစည်း အတော်များများတွင် ကျင့်သုံးခဲ့ကြပြီး ရာဇဝတ်မှု အတွက် အပြစ်ပေးရန်နှင့် နိုင်ငံရေးဆိုင်ရာ ဆန့်ကျင်မှုများကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သေဒဏ်ပေးခြင်း ကျင့်သုံးသော နိုင်ငံ အတော်များများတွင် သေဒဏ်ပေးခြင်းကို လူသတ်မှု၊ သူလျှိုမှု၊ နိုင်ငံတော် သစ္စာဖောက်မှု များ နှင့် စစ်ဘက်ဆိုင်ရာ တရားစီရင်မှုများတွင်သာ အသုံးပြုလေ့ ရှိသည်။ အချို့သော နိုင်ငံများတွင် မုဒိမ်းမှု၊ မယားခိုးမှု၊ မိသားစုဝင် အချင်းချင်း လိင်ဆက်ဆံမှု၊ သဘာဝနှင့် ဆန့်ကျင်၍ လိင်ဆက်ဆံမှု အစရှိသော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ အတွက် သေဒဏ်ပေးခြင်း ပြုလေ့ ရှိသည်။ အစ္စလာမ်နိုင်ငံများတွင် နိုင်ငံတော်ဘာသာကို တရားဝင်ကြေငြာ စွန့်ပယ်ခြင်း အတွက် သေဒဏ်ပေးလေ့ ရှိသည်။ သေဒဏ်ပေးခြင်းကို ကျင့်သုံးသော နိုင်ငံ အတော်များများတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်ခြင်းသည်လည်း သေဒဏ်ပေးရလောက်အောင် ကြီးကျယ်သော ပြစ်မှု ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူကုန်ကူးခြင်း နှင့် နိုင်ငံရေးဆိုင်ရာ အကြီးအကျယ် ခြစားခြင်းတို့ကိုလည်း သေဒဏ် အပြစ်ပေးလေ့ ရှိသည်။ နိုင်ငံတကာရှိ စစ်တပ်များတွင် သူရဲဘောကြောင်ခြင်း၊ တပ်ပြေးခြင်း၊ အမိန့်မနာခံခြင်း နှင့် တပ်တွင်း သူပုန်ထခြင်း ပြစ်မှုများတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများမှ သေဒဏ်ချမှတ်လေ့ ရှိခဲ့ကြဖူးသည်။

တရားဝင် သေဒဏ်ပေးခြင်းသည် သမိုင်းတင်သည့် ခေတ်ဦး အစကပင် ရှိခဲ့သည်။ သမိုင်းမှတ်တမ်းများအရ ရှေ့ဦး မျိုးနွယ်စု အဖွဲ့အစည်းအမျိုးမျိုးသည် သေဒဏ်ပေးခြင်းကို ၎င်းတို့၏ တရားစီရင်ရေး စနစ်၏ တစိတ်တစ်ပိုင်း အဖြစ် အသုံးပြုခဲ့ကြသည်။ ထိုလူမှု အဖွဲ့အစည်းများတွင် အပြစ်ကျူးလွန်ခြင်း အတွက် ပေးတတ်သော အပြစ်ဒဏ်များမှာ အပြစ်ကျူးလွန်သူမှ လျော်ကြေးပေးစေခြင်း၊ နာကျင်စေအောင် အပြစ်ပေးခြင်း၊ ဝိုင်းကြဉ်ထားခြင်း၊ နယ်နှင်ဒဏ်ပေးခြင်းနှင့် သေဒဏ်ပေးခြင်းတို့ ဖြစ်ကြသည်။ လျော်ကြေးပေးခြင်းနှင့် ဝိုင်းကြဉ်ထားခြင်းတို့သည် များသောအားဖြင့် လုံလောက်သော ပြစ်ဒဏ်ပေးမှုများ ဖြစ်ခဲ့ကြသည်။ အနီးပတ်ဝန်းကျင်တွင် နေထိုင်သော မျိုးနွယ်စုများမှ ကျူးလွန်သော ပြစ်မှု အတွက်မူ တရားဝင် ဝန်ချတောင်းပန်ခြင်း၊ လျော်ကြေးပေးခြင်း နှင့် တိုက်ခိုက်သတ်ဖြတ်ခြင်း တို့ဖြင့် ဖြေရှင်းလေ့ ရှိကြသည်။

ပုံမှန်အားဖြင့် မိသားစု အချင်းချင်း သို့ မျိုးနွယ်စု အချင်းချင်း ညှိနှိုင်းဖြေရှင်းရာ အဆင်မပြေသော အခါတွင် သို့မဟုတ် ညှိနှိုင်းဖြေရှင်းနိုင်မည့် စနစ်တစ်ခု မရှိသည့် အခါတွင် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပွားတော့သည်။ ထိုသို့သော ဖြေရှင်းမှုမှာ နိုင်ငံ သို့မဟုတ် ဘာသာရေး အပေါ်တွင် အခြေခံသော တရားစီရင်ရေး စနစ် မရှိသေးခင် အခါက အသုံးပြုကြသော နည်းလမ်းဖြစ်သည်။ ရာဇဝတ်မှု၊ မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းများမှ အစပြု၍ တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပွားလေ့ ရှိကြသည်။ လက်တွေ့တွင် လက်စားချေ ဖြေရှင်းရန် တိုက်ခိုက်သော စစ်ပွဲနှင့် အခြားသူအား အောင်နိုင်ရန် တိုက်ခိုက်သော စစ်ပွဲများကို ခွဲခြားရန် ခက်ခဲသည်။

Myanmar Wikipedia

Leave a Reply