လူတုိင္း ကုိယ္ပုိင္ေလယာဥ္ေတြ ပုိင္ဆုိင္တဲ့ေနရာ (သုိ႔) Spruce Creek

Posted on


ကြ်န္ေတာ္တုိ႔ဆီမွာ ကုိယ္ပုိင္အိမ္ ၿခံ ကား နဲ႔ ေနႏုိင္တဲ့သူေတြကုိ ခ်မ္းသာတယ္ လုိ႔ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ အေမရိကန္က ေနရာတစ္ခုက ေတာ့ အဲဒီထက္ပုိတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဖေလာ္ရီဒါျပည္နယ္ အေရွ႕ေျမာက္ဘက္မွာ ရွိတဲ့ Spruce Creek ဆုိတဲ့ နယ္ေျမမွာ ရွိတဲ့လူတုိင္းဟာ အလန္းစားကားေတြသာမက တစ္ေယာက္ကုိ ေလယာဥ္ တစ္စင္းစီ ပုိင္ဆုိင္ႏုိင္တဲ့ အထိခ်မ္းသာ ၾကပါတယ္။

ကမာၻေက်ာ္ ေလယာဥ္ရပ္ကြက္ ဆုိရင္လည္း မမွားပါဘူး။ ဒီေနရာမွာ လူဦးေရ ၅၀၀၀ ၀န္းက်င္ခန္႔ေနထုိင္ၿပီး အိမ္ေပါင္း ၁၃၀၀လုံး နဲ႔ ေလယာဥ္ဂုိေထာင္ ၇၀၀ ေက်ာ္ ရွိပါတယ္။ အဲဒီေနရာကို ျဖတ္သန္းသြားပါက ကားေတြပါကင္ထုိးထားသလုိ အစီအရီပါကင္ထုိးထားတဲ့ ေလယာဥ္ေတြကိုျမင္ရမွာပါ။ အိမ္အမ်ားစုမွာ ကားဂုိေထာင္ မရွိပဲ ေလယာဥ္ဂုိေထာင္ေတြပဲရွိေနပါတယ္။

အိမ္ေတြရဲ႕ အလယ္မွာေတာ့ ေပ၄၀၀၀ ရွည္ၿပီး ၁၅၀ေပ က်ယ္တဲ့ ေလယာဥ္ေျပးလမ္းမႀကီးတစ္ခုကို ထားရွိပါတယ္။ ဒါအျပင္ ၁၈က်င္းပါတဲ့ အဆင့္ျမင့္ ေဂါက္ကြင္းတစ္ခုလည္း အဲဒီေနရာမွာ ရွိေနပါေသးတယ္။ ၂၄နာရီ ကုိယ္ပုိင္လုံၿခဳံေရးထားရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။

ေလယာဥ္ေမာင္းသင္တန္္းေတြ ၊ ေလယာဥ္အငွားဆုိင္ေတြ ၊ ေလယာဥ္ေမာင္းကလပ္ေတြရွိတဲ့ေနရာျဖစ္ပါတယ္။ ေလယာဥ္ပုိင္ဆုိင္မႈနဲ႔ ပတ္သတ္ရင္နာမည္ႀကီးတဲ့ မင္းသားႀကီး John Travolta ႏွစ္ေပါင္းမ်ားစြာ ေနထုိင္ခဲ့တဲ့ ေနရာလည္းျဖစ္ပါတယ္။ ဒီအရပ္ကေန John Travolta ေျပာင္းေရႊ႕သြားခဲ့တဲ့အေၾကာင္းအရင္းကေတာ့ သူပုိင္ဆုိင္တဲ့ ဘုိးရင္း 707 ေလယာဥ္ႀကီးေမာင္းႏွင္တဲ့အခါ အသံအလြန္က်ယ္ေလာင္ၿပီး ဆူညံမႈကို ေဒသခံေတြက ကြန္ပလိန္းတက္လုိ႔ ျဖစ္ပါတယ္။

Spruce Creek မွာေနထုိင္သူေတြဟာ အရမ္းစည္းလုံးၾကပါတယ္။ သူတုိ႔အမ်ားစုဟာ ပေရာ္ဖက္ရွင္နယ္ေလယာဥ္မွဴးေတြျဖစ္ၿပီး စကားေျပာတဲ့အခါ ေလေၾကာင္းနဲ႔ဆုိင္တဲ့ ဗန္းစကားေတြနဲ႔ ေျပာေလ့ရွိပါတယ္။ က်န္တဲ့သူေတြကေတာ့ ဆရာ၀န္ေတြ ၊ ေရွ႕ေန႔ေတြနဲ႔ ေျမစစ္ေဆးေရးအရာရွိေတြျဖစ္ပါတယ္။

တူညီတဲ့အခ်က္ကေတာ့ သူတုိ႔အားလုံး ေလယာဥ္ေတြကို အလြန္အမင္းစိတ္၀င္စားၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီေနရာမွာ တကူးတကလာေနၾကျခင္းျဖစ္ပါတယ္။ သူတုိ႔မွာ ထုံးစံတစ္ခုရွိပါတယ္။ အဲဒါကေတာ့ တနဂၤေႏြေန႔မနက္တုိင္းမွာ သူတုိ႔ေတြဟာ စုရုံးေလ့ရွိၿပီး အဲဒီေနရာကေန ေဒသဆုိင္ရာေလဆိပ္ကုိ ပ်ံသန္းၿပီး မနက္စာ စားေလ့ရွိတာပါပဲ။

အစကေတာ့ ဒီလုိ ေလယာဥ္ခ်စ္သူေတြေနထုိင္တဲ့ေနရာဟာ အနည္းငယ္သာရွိၿပီး ယေန႔မွာေတာ့ အေမရိကန္မွာ ဒီလုိ ေနရာေပါင္း ၆၀၀ခန္႔ရွိေနပါၿပီ။ ဒီအထဲမွာ Spruce Creek က အႀကီးဆုံးေလယာဥ္ခ်စ္သူေတြေနထုိင္ရာ အရပ္ျဖစ္ပါတယ္။ အရီဇုိးနား ၊ ေကာ္လုိရာဒုိ ၊ ဖေလာ္ရီဒါ ၊ တက္ဆက္စ္ နဲ႔ ၀ါရွင္တန္ ျပည္နယ္ေတြမွာ ဒီလုိေနရာေတြရွိပါတယ္။

အေမရိကန္က စတဲ့ေလယာဥ္ခ်စ္သူ ယဥ္ေက်းမႈဟာ ကေနဒါ ၊ ေတာင္အေမရိက နဲ႔ ေကာ္စကာရီတာ တုိ႔ကုိပါ ပ်ံ႕ႏွံ႔သြားၿပီး အဲဒီက ေလယာဥ္ခ်စ္သူေတြဟာလည္း ဒီလုိမ်ဳိးေနရာေတြ ဖန္တီးလ်က္ရွိေနပါေတာ့တယ္။


လူတိုင်း ကိုယ်ပိုင်လေယာဉ်တွေ ပိုင်ဆိုင်တဲ့နေရာ (သို့) Spruce Creek (unicode)

ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင်အိမ် ခြံ ကား နဲ့ နေနိုင်တဲ့သူတွေကို ချမ်းသာတယ် လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်က နေရာတစ်ခုက တော့ အဲဒီထက်ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဖလော်ရီဒါပြည်နယ် အရှေ့မြောက်ဘက်မှာ ရှိတဲ့ Spruce Creek ဆိုတဲ့ နယ်မြေမှာ ရှိတဲ့လူတိုင်းဟာ အလန်းစားကားတွေသာမက တစ်ယောက်ကို လေယာဉ် တစ်စင်းစီ ပိုင်ဆိုင်နိုင်တဲ့ အထိချမ်းသာ ကြပါတယ်။

ကမ္ဘာကျော် လေယာဉ်ရပ်ကွက် ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ လူဦးရေ ၅၀၀၀ ဝန်းကျင်ခန့်နေထိုင်ပြီး အိမ်ပေါင်း ၁၃၀ဝလုံး နဲ့ လေယာဉ်ဂိုထောင် ၇၀၀ ကျော် ရှိပါတယ်။ အဲဒီနေရာကို ဖြတ်သန်းသွားပါက ကားတွေပါကင်ထိုးထားသလို အစီအရီပါကင်ထိုးထားတဲ့ လေယာဉ်တွေကိုမြင်ရမှာပါ။ အိမ်အများစုမှာ ကားဂိုထောင် မရှိပဲ လေယာဉ်ဂိုထောင်တွေပဲရှိနေပါတယ်။

အိမ်တွေရဲ့ အလယ်မှာတော့ ပေ၄၀၀၀ ရှည်ပြီး ၁၅၀ပေ ကျယ်တဲ့ လေယာဉ်ပြေးလမ်းမကြီးတစ်ခုကို ထားရှိပါတယ်။ ဒါအပြင် ၁၈ကျင်းပါတဲ့ အဆင့်မြင့် ဂေါက်ကွင်းတစ်ခုလည်း အဲဒီနေရာမှာ ရှိနေပါသေးတယ်။ ၂၄နာရီ ကိုယ်ပိုင်လုံခြုံရေးထားရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

လေယာဉ်မောင်းသင်တန်းတွေ ၊ လေယာဉ်အငှားဆိုင်တွေ ၊ လေယာဉ်မောင်းကလပ်တွေရှိတဲ့နေရာဖြစ်ပါတယ်။ လေယာဉ်ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ရင်နာမည်ကြီးတဲ့ မင်းသားကြီး John Travolta နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီအရပ်ကနေ John Travolta ပြောင်းရွှေ့သွားခဲ့တဲ့အကြောင်းအရင်းကတော့ သူပိုင်ဆိုင်တဲ့ ဘိုးရင်း 707 လေယာဉ်ကြီးမောင်းနှင်တဲ့အခါ အသံအလွန်ကျယ်လောင်ပြီး ဆူညံမှုကို ဒေသခံတွေက ကွန်ပလိန်းတက်လို့ ဖြစ်ပါတယ်။

Spruce Creek မှာနေထိုင်သူတွေဟာ အရမ်းစည်းလုံးကြပါတယ်။ သူတို့အများစုဟာ ပရော်ဖက်ရှင်နယ်လေယာဉ်မှူးတွေဖြစ်ပြီး စကားပြောတဲ့အခါ လေကြောင်းနဲ့ဆိုင်တဲ့ ဗန်းစကားတွေနဲ့ ပြောလေ့ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ ဆရာဝန်တွေ ၊ ရှေ့နေ့တွေနဲ့ မြေစစ်ဆေးရေးအရာရှိတွေဖြစ်ပါတယ်။ တူညီတဲ့အချက်ကတော့ သူတို့အားလုံး လေယာဉ်တွေကို အလွန်အမင်းစိတ်ဝင်စားကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာမှာ တကူးတကလာနေကြခြင်းဖြစ်ပါတယ်။ သူတို့မှာ ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ တနင်္ဂနွေနေ့မနက်တိုင်းမှာ သူတို့တွေဟာ စုရုံးလေ့ရှိပြီး အဲဒီနေရာကနေ ဒေသဆိုင်ရာလေဆိပ်ကို ပျံသန်းပြီး မနက်စာ စားလေ့ရှိတာပါပဲ။

အစကတော့ ဒီလို လေယာဉ်ချစ်သူတွေနေထိုင်တဲ့နေရာဟာ အနည်းငယ်သာရှိပြီး ယနေ့မှာတော့ အမေရိကန်မှာ ဒီလို နေရာပေါင်း ၆၀ဝခန့်ရှိနေပါပြီ။ ဒီအထဲမှာ Spruce Creek က အကြီးဆုံးလေယာဉ်ချစ်သူတွေနေထိုင်ရာ အရပ်ဖြစ်ပါတယ်။ အရီဇိုးနား ၊ ကော်လိုရာဒို ၊ ဖလော်ရီဒါ ၊ တက်ဆက်စ် နဲ့ ဝါရှင်တန် ပြည်နယ်တွေမှာ ဒီလိုနေရာတွေရှိပါတယ်။ အမေရိကန်က စတဲ့လေယာဉ်ချစ်သူ ယဉ်ကျေးမှုဟာ ကနေဒါ ၊ တောင်အမေရိက နဲ့ ကော်စကာရီတာ တို့ကိုပါ ပျံ့နှံ့သွားပြီး အဲဒီက လေယာဉ်ချစ်သူတွေဟာလည်း ဒီလိုမျိုးနေရာတွေ ဖန်တီးလျက်ရှိနေပါတော့တယ်။

Leave a Reply